နွယ်​..sulay Fic

By ayemyathu291187

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... More

နွယ်​(ဒုတိယပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၆)
နွယ်​ (တတိယပိုင်း)(၇)
နွယ်​ (တတိယပိုင်း)(၈)
နွယ်​(တတိယပိုင်း)(၉)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၇)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၃)
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၇)
နွယ်(တတိယပိုင်း)(၂၈)
My reader
နွယ်(တတိယပိုင်း)(၂၉)
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်​(ပထမပိုင်း)

3.5K 173 3
By ayemyathu291187

နွယ်...တစ်လုံးတည်းပေမယ့် အဓိပ္ပါယ်တွေ
အများကြီးရှိတယ်...သိပ်ကိုလှပတဲ့စကား
လုံးလေး

(၁)

နွယ် ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပါယ်ကိုသိကြလား
အရင်တုန်းကတော့...အမှတ်မထင်နေခဲ့မိပေမယ့်
ခုချိန်မှာတော့..နွယ် ဆိုတဲ့စကားလုံးလေးဟာ
အဓိပ္ပါယ်တွေ အများကြီးနဲ့တည်ဆောက်ထားတဲ့
လှပတဲ့စကားလုံးလေးတစ်ခုပါလားလို့..သူသတိပြုမိတက်လာပြီ

ရင်းနှီးမှု သံယောဇဉ် ချစ်ခြင်း ဆိုတဲ့...အရာသုံးခုကိုကိုယ်စားပြုတဲ့..စကားလုံးလေး နွယ် ...တဲ့
သိပ်ကိုလှပ ပါတယ်....
ဒါမယ့်
အလှပ တိုင်းကိုတော့လူသားတိုင်းမခံစားတက်ကြဘူး

လူတစ်ယောက်ဟာ...ရင်းနှီးမှု ဒါမှမဟုတ်သံယောဇဉ်
ဒါမှမဟုတ်အချစ်ဆိုတဲ့အရာတစ်ခုခုကိုရင်ထဲမှာနက်နက်ရှိုင်းရှိုင်းခံစားတက်မှ
နွယ် ဆိုတဲ့လှပတဲ့စကားလုံးလေးရဲ့အဓိပ္ပါယ်ကို မြင်နိုင်မယ်မဟုတ်လား....

kim suho ဆိုတဲ့ကျွန်တော်ကတော့ ပြောင်းပြန်ပါ

ကျွန်တော်...မခံစားချင်လို့လွှတ်ထားလိုက်တုန်းကတော့...ကျွန်တော့ရင်ဘတ်ကြီးကို နွယ် ဆိုတဲ့အရာကြီးကကုတ်တွယ်ထားလိုက်တာသူ့လက်သည်းချွန်ချွန်တွေနဲ့ပေါ့..မနှစ်မြို့ပေမယ့်လည်းမတက်သာတဲ့အဆုံး..ဝေဒနာကိုအောင့်အီးသည်းခံနေရတဲ့လူမမာလိုပဲနာကျင်မှုကိုအံကြိတ်ပြီးသည်းခံခဲ့တယ်...ကုတ်တွယ်ထားဖန်များလာတော့
ပုံမှန်မဟုတ်တော့တဲ့ကျွန်တော့ရဲ့နှလုံးသားက...သွေးစိမ်းရှင်ရှင်တွေပန်းထွက်ပြီးမောဟိုက်နေခဲ့ပြီလေ

ဒါမယ့်လေ..ဒါမယ့်..အဲ့ဒီသွေးစိမ်းရှင်ရှင်တွေတစ်ကိုယ်လုံးပျံ့နှံ့သွားပြီးနေသားကျချိန်မှာတော့..နွယ်..ဆိုတဲ့အရာကို ကျွန်တော်ဖမ်းဆုပ်ခဲ့တယ်
ကျွန်တော်အမိအရဖမ်းဆုပ်လိုက်တဲ့အချိန်မှာတော့
နွယ်...ဆိုတဲ့အရာလေးက...ပြတ်လုပြတ်ခင် နီးပါးဖြစ်နေပြီ...

နွယ်...နွယ်...ရင်ထဲမှာ...ပြတ်လုပြတ်ခင်...တည်းတည်းလေးကျန်တော့မှကျွန်တော်ပြန်စပ်ချင်မိတဲ့အခါ
နွယ်ဆိုသောအရာလေးကမီးခိုးငွေ့တွေလိုလေမှာလွင့်ပြီး ကြယ်တာရာတွေလိုလောင်ကျွမ်းတက်ပါလား..ဆိုတာကို ကျွန်တော်သဘောပေါက်ခဲ့တယ်

သူမ နဲ့ကျွန်တော် လေလှိုင်း ထဲကသိခဲ့တယ်
အမှတ်မထင်ပေါ့နော်...အဲ့ဒီနေ့...အလုပ်တွေအရမ်းရှုပ်နေတဲ့ကျွန်တော်...ဘယ်အရာကိုမှအာရုံမစိုက်နိုင်လောက်အောင်..ခေါင်းတွေထူပူလွန်းပြီး..ဗျာများနေခဲ့တဲ့နေ့တစ်နေ့ပေါ့

အဲ့ဒီနေ့ညက ကျွန်တော့ရဲ့duty လေ ဆိုးလ်မြို့ရဲ့ရှင်းဝှါဆိုတဲ့ဆေးရုံမှာ night dutyပေါ့...child work မှာတာဝန်ကျတော့...သိတဲ့အတိုင်းပဲလေ..အလုပ်များတာပေါ့..

ကလေးဆိုတဲ့အရာမျိုးက စဉ်းစားကြည့်ပါ..အရမ်းဖြူစင်တယ်လေ..သူတို့လေးတွေရောဂါဝေဒနာခံစားနေရတာတွေ့တော့လည်းရင်နာရပြန်ရော လူကြီးတွေလိုတော့ဘယ်နေရာဘာဖြစ်နေတယ်ဘယ်လိုခံစားနေတယ်ဆိုတာတော့ဘယ်လိပ်ပတ်လည်အောင်ပြောတက်မတုန်း..ဆရာဝန်ုဖြစ်တဲ့ကျွန်တော်ကပဲမေးခွန်းတွေမေး..ဆေးတွေပေးပေါ့...

တစ်ချို့ကလေးတွေကတော့ဆရာဝန်လာတာမြင်ရင်အသံဗြဲကြီးနဲ့အော်ငိုတော့တာပဲ
ဆရာဝန်စမ်းသပ်တာလည်းမခံဘူး..မေးတာလည်းပြန်မဖြေဘူး..တစ်ချိန်လုံးကိုအော်ငိုနေတော့တာလေ..အဲ့အခါဆိုရင်..ကျွန်တော့မှာ...ကလေးတွေကိုအလွတ်မှတ်ထားရတယ်.ငိုတက်တဲ့ကလေးကဘယ်ကလေးဆိုတာမျိုးကိုပေါ့..အဲ့ကလေးအော်ငိုပြီဆိုရင်...ကျွန်တော်အဆင်သင့်ဝယ်ထားတဲ့အရုပ်ကလေးတွေထုတ်ပြ...ဆော့ပြ..ကစားပြပေါ့လေ..တစ်ခါတစ်ခါလည်း...သီးချင်းဆိုပြီးကပြရသေးတယ်..လူကအဲ့ချိန်ကျဆရာဝန်နဲ့မတူပဲ..ကလေးထိန်းတဲ့မူကြိုကမူကြိုဆရာနဲ့သွားတူနေတာပေါ့
အဲ့အခါမျိုးကြငါဆရာဝန်မလုပ်ပဲမူကြိုဆရာလုပ်ရမှာလို့
ကိုယ့်ဟာကိုယ်စိတ်ထဲကနေပြန်ပြောမိတယ်

In Come Your Message

ဖုန်းထဲကို message တစ်စောင်ဝင်လာတယ်
သူဖွင့်ကြည့်လိုက်တော့...

"ဒေါက်တာ kim ...ကလေးတစ်ယောက် အရေးပေါ်အခြေနေနဲ့ကြုံနေရပြီ...မြန်မြန်လာခဲ့ပေးပါ..
အသက်လုနေရတယ်...အရေးကြီးတယ်မြန်မြန်လာပါ"

ဒေါက်တာလီ ရဲ့..message ကိုမြင်ပြီး..အရေးပေါ်ခန်းကို...အပြေးတစ်ပိုင်းပြေးသွားမိတယ်
အရေးပေါ်အခန်းထဲရောက်တော့...ကလေးကိုသူကြည့်လိုက်တယ်..ဘုရားဘုရား...မွေးကင်းစကလေးလေး

"ဘာဖြစ်တာတဲ့လည်းဒေါက်တာလီ.."

"ကလေးက..မွေးရာပါနှလုံးရောဂါရှိနေတယ်..ခုတော့အသက်ရူခက်နေတဲ့ပုံတဲ့..တစ်ချက်တစ်ချက်လည်းတက်တက်သွားတယ်..နှလုံးခုန်နှုန်းလည်းမြန်နေတယ်...အသက်ရူတဲ့အခါလုံလောက်တဲ့လေကိုသူမရူနိုင်ဘူးဖြစ်နေတယ်..."

"ခွဲစိတ်ဖို့တော့မဖြစ်နိုင်ဘူး..ဒေါက်တာလီ အရမ်းငယ်သေးတယ်..အရင်ဆုံးနှလုံးငြိမ်သွားအောင်လုပ်ရမယ်
လုံလောက်တဲ့လေပမာဏရဖို့အတွက် အောက်ဆီဂျင်ပေးမှရမယ်....အောက်ဆီဂျင်အသင့်ပြင်ထားပါ..
ဆလိုင်းချိတ်ဖို့ပါပြင်ထား..."

လူ့လောကထဲရောက်လာတာမကြာသေးဘူး
ခုပဲ..ဒုက္ခဆိုတဲ့အရာကိုစတင်ခံစားနေရပြီ
အလွန်သေးငယ်လွန်းတဲ့ကလေးနီတာရဲလေးက
နာကျင်လို့လည်းသူ့မှာမအော်နိုင်..ဝေဒနာခံစားနေရလို့လည်းမညည်းညူနိုင်နဲ့...ဘယ်ဘဝကဝဋ်ကြွေးများလည်းကလေးရယ်..

အရေးပေါ်ခန်းထဲမှာမနည်းကြီးကိုအသက်လုပြီးသေမင်းနဲ့အပြိုင်ကလေးရဲ့အသက်ကိုကယ်တင်နိုင်ဖို့..ဆရာဝန်တွေကြိုးစားနေကြတယ်..သူကိုယ်တိုင်လည်းချွေးပြိုက်ပြိုက်ကျနေပြီ..အပြင်ကရာသီဥတုအပူနဲ့ရင်ထဲကစိုးရမ်မှုအပူတို့ကနှစ်ခုပေါင်းပြီးသူ့ကိုလောင်ကျွမ်းနေသလိုပင်

မွေးကင်းစခလေးတစ်ယောက်အတွက်အသက်ရူနေရတာ ဘယ်လောက်တောင်ပင်ပန်းလိမ့်မလည်း
လိုအပ်တဲ့လေအလုံလောက်ရရှိဖို့အတွက်ဒီသေးငယ်လွန်းလှတဲ့နီတာရဲကလေးလေးက သူကိုယ်တိုင်ဘယ်လိုမှစွမ်းဆောင်နိုင်မှာမဟုတ်ဘူး...အဲ့တော့သူကူညီပေးရတော့မယ်

တပ်ဆင်ထားတဲ့အောက်ဆီဂျင်ဘူးအထဲ မှလေတွေ..ကလေးငယ်ဆီချောချောမွေ့မွေ့ရောက်သွားအောင်သူ့လက်နဲ့အသာလေးညှစ်ပေးနေမိတယ်
အချိန်တော်တော်ကြာသည်အထိသူလုပ်ဆောင်လို့အပြီးမှာတော့စိတ်ချရတဲ့အနေအထားတစ်ခုကိုရယူလိုက်နိုင်ခဲ့ပြီ

"အမယ်လေး.....ဟူး...တော်သေးတာပေါ့..
စိတ်ချသွားပြီ"

စိတ်ချသွားရပြီဆိုပြီး...လက်ကနာရီကိုကြည့်လိုက်မိတော့ အချိန်က မနက် ၃ နာရီ မဆိုစလောက်လေးတော့အနည်းငယ်ကျော်သွားပြီ...လူလည်းအတော်လေးခြေကုန်လက်ပန်းကျနေပြီမို့..သူ့အတွေးထဲမှာခနလေးဖြစ်ဖြစ်အနားယူချင်တဲ့စိတ်တွေကစိုးမိုးနေပြီ သိတယ်မလားဆရာဝန်ဘဝဆိုတာ ကိုယ်ပိုင်အချိန်တွေရယ်လို့သိပ်မရှိဘူး..ပျော်ရွှင်ချိန်တွေ ကိုယ်ပိုင်ချိန်တွေ ကိုလူနာတွေတွက်ပေးစပ်ထားရတာလေ
kim suhoရဲ့
လေးလံလွန်းလှတဲ့ခြေလှမ်းတွေကတော့အတွေးများနဲ့ထပ်တူကျစွာအနားယူခန်းကိုဦးတည်လျက်.....................

(၂)

xing..သူပေးခဲ့တဲ့ဖုန်နံပါတ်လေးကိုသေချာစိုက်ကြည့်မိရင်း..တွေဝေနေမိတာအမှန်ပါ..ခေါ်လိုက်တိုင်းစက်ပိတ်ထားတက်တဲ့ သူ့ရဲ့ဖုန်း..လူတစ်ဦးနဲ့တစ်ဦးကြားမှာဆက်သွယ်မှုကြားခံအဖြစ်တည်ရှိပေးနေတဲ့ဒီ စမတ်ဖုန်းလေးကခုတော့လည်းxingတွက်ဘာမှအသုံးမဝင်တော့သလိုပဲ..သူ့ဖုန်းလေးများဖွင့်ထားခဲ့ရင်လေဆိုတဲ့..စိတ်နဲ့တစ်ရက်မှမပျက်မကွက်ခေါ်ခဲ့ပေမယ့်..နေ့တိုင်းxingရဲ့မျှော်လင့်ချက်တွေရိုက်ချိုးခံခဲ့ရတယ်

ထုံးစံအတိုင်းပေါ့လေ.".လူကြီးမင်း.......စက်ပိတ်ထားပါသည်ပေါ့"

..နိုင်ငံခြားမှာပညာတော်သင်ဖို့ဆိုပြီးထွက်သွားခဲ့တဲ့သူ .စစရောက်ရောက်ချင်းတုန်းကတော့..xingနဲ့တစ်လလောက်နေ့တိုင်းဖုန်းထဲကနေအလွမ်းသယ်နေကြပေမယ့်..တစ်ရက်မှာတော့သူ..xingကို....

"xing..ရေ ဒီဖုန်းနံပါတ်လေး မှတ်ထားလိုက်နော်
မောင်.ဖုန်းလဲလိုက်လို့..အရင်နံပါတ်ကိုမခေါ်နဲ့တော့
ဒီနံပါတ်အသစ်ကိုပဲခေါ်တော့"...ဆိုပြီးပေးခဲ့တယ်
ဒါဟာxingနဲ့သူနဲ့နောက်ဆုံးစကားပြောခြင်းပဲဆိုတာကိုxingမသိခဲ့ဘူး
သူပေးခဲ့တဲ့..ဖုန်းနံပါတ်အသစ်ရောအဟောင်းရောxingဆက်တဲ့အချိန်မှာတော့..စက်ပိတ်ထားပါသည်ဆိုသည့်စကားကလွဲလို့.........

"xingကိုသိပ်ချစ်တာပေါ့
ကိုယ့်ဘဝရဲ့နတ်သမီးလေးမို့ဘယ်တော့မှမေ့မှာမဟုတ်ဘူး"ဆိုတဲ့..သူ့စကားတွေကြောင့်လည်း
ရင်နာမိပါရဲ့.."

နောက်ဆုံးတော့xingသဘောပေါက်ခဲ့တယ်xingရဲ့အချစ်စစ်နဲ့မေတ္တာတရားတွေကိုသူညာယူသွားခဲ့တယ်ဆိုတာကို..
အရင်နေ့ရက်တွေတုန်းကတော့သူ့ကိုလွမ်းတဲ့စိတ်ချစ်နေသေးတဲ့စိတ်တွေနဲ့ဖုန်းခေါ်ခဲ့ပေမယ့်..ဒီဘက်နောက်ပိုင်းမှာတော့..xingသူ့ကိုနာကျည်းမှုတွေနဲ့အတူသူ့ကို xingအားရပါးရပြောပစ်ကာပေါက်ကွဲချင်မိနေတယ်

ဒါကြောင့်xingရဲ့ညာဘက်လက်ညိုးလေးကိုစတင်လှုပ်ရှားလိုက်တယ်
xingရဲ့လက်ညိုးလေးက သူ့ပေးခဲ့တဲ့ဖုန်းနံပါတ်လေးကိုစတင်ပြီးထောက်လိုက်တဲ့အချိန်မှာပဲ
စမတ်ဖုန်းလေးက..စတင်ပြီးအသက်ဝင်လာခဲ့တယ်
အရင်နေ့တွေကလို..စက်ပိတ်ထားပါသည် လို့ပြန်
မဖြေပဲနဲ့ ရုတ်တရက်ကြီးဖုန်းကဝင်သွားခဲ့တဲ့အခါမှာတော့xingမှာရုတ်တရက်ဘာလုပ်လို့လုပ်ရမှန်းမသိအောင်ပင်
ခြေမကိုင်မိလက်မကိုင်မိနဲ့ဇဝေဇဝါဖြစ်သွားလိုက်သေးတယ်..နောက်တော့ဒင်းကိုကောင်းကောင်းလေးပြောပလိုက်မယ်ဆိုပြီး xing အားတင်းလိုက်တယ်

(၃)

ပင်ပန်းလွန်းလို့အိပ်ပျော်သွားခဲ့တဲ့ဒေါက်တာkim suho ...မနိုးမချင်းသူ့အိပ်ရာပေါ်မှာအရှိန်ပြင်းစွာတုန်ခါနေတဲ့ vibrateသံနဲ့ဆူညံလွန်းလှတဲ့ ph
raintoneသံကြောင့်....ဖုန်းကိုသူကောက်ကိုင်လိုက်တယ်..

"ဟဲလို"..

လို့ဖြေလိုက်ပြီးတစ်ဖက်မှပြန်ပြောလာမယ့်အသံကိုနားစွင့်ထားပေမယ့်တစ်ဖက်လူမှအသံကတော်တော်နဲ့ထွက်မလာဒါနဲ့..သူလည်းဘယ်သူလည်းလို့..မေးမြန်းဖို့ပါးစပ်ပြင်နေတုန်းမှာပဲ....

"ဟဲလို....ရှင်ကျွန်မဖုန်းကိုတော့ကိုင်သေးတယ်နော်..လူလိမ်လူညာ..လူုယုတ်မာ..ရှင်ဟာကျွန်မမေတ္တာနဲ့မတန်တဲ့သူ..အောက်တန်းစား
ရှင့်ကိုခုကျွန်မဖုန်းဆက်လိုက်တာလေ အရင်ကလိုရှင့်ကိုကျွန်မသိပ်ချစ်လွန်းလို့မထင်နဲ့..မိန်းမတစ်ယောက်ရဲ့အချစ်ကိုယောက်ကျားတန်မဲ့အရှက်မရှိမျက်နှာပြောင်တိုက်ပြီးညာသွားတာ..ရှင့်အတွက်နဲ့ရင်နင့်အောင်ခံစားခဲ့ရတဲ့ကျွန်မ...မတန်လို့..ဒီနေ့တော့ရှင်နဲ့ကျွန်မနဲ့စာရင်းရှင်းရအောင်"

ပင်ပန်းလွန်းလို့ဖွင့်မရအောင်လေးလံနေတဲ့သူ့မျက်ဝန်းတွေကအထဲမှတရပ်စက်ပြောချလိုက်တဲ့စကားတွေကြောင့်အလိုလိုပြူးကျယ်သွားရတယ်

ဖုန်းထဲကနေထွက်လာခဲ့တဲ့အသံလှိုင်းပိုင်ရှင်လေး
အသံကတော့ခပ်ပါးပါးလျလျနဲ့ချိုသာတဲ့အသံအနေအထားမျိုး..ဒါမယ့်ပါးလျတဲ့အသံလေးနဲ့မှမလိုက်သူမရဲ့အသံတွေထဲမှာဒေါသရိပ်တွေတွဲခိုပါနေတယ်
ဒေါသစိတ်ရောနာကျည်းစိတ်ရော ရော နှောနေတဲ့သူမရဲ့အသံ...အနည်းငယ်တော့တုန်ခါနေတယ်
ဒါမယ့်လည်းkim suhoတစ်ယောက်ဘုမသိဘမသိနဲ့အကောခံလိုက်ရတာကြောင့်ဒေါသထွက်သွားတာတော့အမှန်..ပင်ပန်းလို့နားရမယ်မကြံသေးဘူး
မှားပြီးဝင်လာတဲ့ဖုန်းကြောင့်စိတ်ထဲမှာတော်တော်လေးတော့စိတ်အနှောင့်ယှက်ဖြစ်သွားတယ်။အဲဒါကြောင့်သူလည့်းတစ်ဖက်မှအသံပိုင်ရှင်ကိုဘုဆက်ဆက်အသံအနေအထားမျိုးနဲ့....

"ဒီမှာ...မိန်းခလေး..ခင်ဗျား ခုပြောနေတာတွေကဘယ်သူ့ကိုပြောနေတာလည်းဖုန်းမှားနေတယ်နဲ့တူတယ်
ကိုယ်ခေါ်တဲ့ဖုန်းနံပါတ်ကိုလည်းသေချာပြန်ကြည့်ပါအုံး"

ဟူး...နားရမယ်မကြံသေးဘူးကွာ...

"ပြန်ကြည့်စရာမလိုပါဘူး..ဒီဖုန်းနံပါတ်ကရှင်ကိုယ်တိုင်ပေးခဲ့တာပဲလေ..ကျွန်မကတော့ဒီနံပါတ်ကိုအလွတ်နီးပါးရနေပြီ...ပြောစမ်းပါအုံး ရှင်ကျွန်မကိုသစ်စိမ်းချိုးချိုးသွားတဲ့အကြောင်းရင်းလေး...ရှင်တို့ယောက်ကျားတွေကအိုင်တွေ့တိုင်းခြေဆေးတက်ကြတာပဲလား
အဲဒီမှာရော..ရှင်ဘယ်နှစ်အိုင်လောက်ခြေဆေးပြီးနေပြီလည်း"

ူဖုန်းမှားနေတယ်လို့ပြောနေတဲ့ကြားထဲကနေသူမရဲ့စကားတွေကပိုပိုပြီးပြင်းထန်လာခဲ့တာကြောင့်
suhoရဲ့ဒေါသတွေလည်း...ဘယ်လိုမှထိန်းမတော့

"တောက်...မင်းတော်တော့...မင်းငါ့ကိုဘလိုင်းကြီးစော်ကားနေတာပဲ..မင်းကိုဖုန်းမှားနေတယ်လို့ပြောနေတယ်လေကွာ..မင်းလူလိုနားမလည်ဘူးလား
ခုမင်းဆက်နေတဲ့ဖုန်းက
မင်းကောင်လေးရဲ့ဖုန်းမဟုတ်ဘူးကွ..ရှင်းဝှါ ဆေးရုံက ဒေါက်တာ Kim suhoရဲ့ဖုန်းကွ မင်းဖုန်းမှားနေတယ်"

သူလည်းဒေါသထွက်ထွက်နဲ့ဖုန်းထဲကကောင်မလေးကိုပိတ်ဟောက်လိုက်တယ်

"ရှင်."

ဒါဆိုရင်..ဒါဆိုရင်သူ..သူငါ့ကိုဒုတိယအကြိမ်ညာသွားပြန်ပြီပေါ့..စဉ်းစားရင်နဲ့အတူxingမျက်ဝန်းထဲမှမျက်ရည်တွေဟာလည်း ပါးပြင်ပေါ်သို့.ပူနွေးစွတ်စိုစွာစီးကြလာခဲ့တယ်

တစ်ဖက်မှအသံကအတန်ကြာတိတ်ဆိတ်နေပြီးနောက်မှာတော့..

"ကျွန်မတောင်းပန်ပါတယ်..ဒီဖုန်းနံပါတ်ကိုကျွန်မကောင်လေးပေးသွားတာပါ..သူဖုန်းလဲလိုက်ပြီ..နောက်သူ့ဆီခေါ်ရင်ဒီဖုန်းနံပါတ်ကိုခေါ်ပါလို့သူပေးသွားလို့ပါ"

အကြောင်းအရင်းကိုရှင်းပြနေတဲ့သူ့မရဲ့အသံလေးတွေက ငိုသံတွေ နဲ့အတူ ရှိုက်သံတွေပါရောထွေးလာခဲ့တယ်..ဟူး...စိတ်ညစ်လိုက်တာကွာ အဲ့ဒီလိုမျိုးကြပြန်တော့လည်းsuhoတစ်ယောက်စိတ်မကောင်းဖြစ်ရပြန်သည်

"ရပါတယ်..ဖုန်းမှားတာပဲကိစ္စမရှိပါဘူး..မင်းကောင်လေးကမင်းကိုဒီဖုန်းနံပါတ်ပေးသွားတာဆိုရင်တော့သူမင်းကိုညာသွားတာပဲ..ဒီဖုန်းကငါ့ဖုန်းပါ.ငါကိုင်နေတာကြာပြီ..ဒါ..မင်းကောင်လေးဖုန်းမဟုတ်ပါဘူး"

"ဟုတ်ကဲ့ကျွန်မတောင်းပန်ပါတယ်...kim..kim..."

"kim suhoပါ...ကျွန်တော့နာမည်kim suhoပါ"

"ဟုတ်ကဲ့...တောင်းပန်ပါတယ်kim suho shi
ကျွန်မကြောင့်စိတ်အနှောင့်ယှက်ဖြစ်သွားတဲ့အတွက်"

"ရပါတယ်...ခင်ဗျားအပြစ်မဟုတ်ပါဘူး..ခင်ဗျားကောင်လေးက ကျွန်တော့်ဖုန်းနံပါတ်ပေးသွားတာကို
ဘယ်တက်နိုင်ပါ့မလည်း..ရပါတယ်..ဒါဆိုကျွန်တော်ဖုန်းချလိုက်တော့မယ်နော်..ခင်ဗျားလည်းအေးအေးဆေးဆေးအနားယူပါတော့"

ထိုနေ့ည မှာတော့ kim suho နှင့် xing ဆိုသူနှစ်ယောက်..မိုးလင်းရန်ကျန်ရှိနေသေးသည့်လက်ကျန်အချိန်များကို...အတွေးကိုယ်စီဖြင့်ဖြတ်ကျော်ခဲ့ကြ
တယ်........

Kim suho ဆိုသူအတွက် လောကမှာမိန်းခလေးမရှားပေမယ့်..အချစ်စစ်အချစ်မှန်နဲ့ချစ်တက်တဲ့ မိန်းခလေးကတော့ သူ့ဘဝမှာတော့ အတော်ရှားပါတယ်...
ခုနကဖုန်းမှားပြီးဝင်လာခဲ့တဲ့ ပါးလျတဲ့အသံပိုင်ရှင်
မိန်းကလေး....သူ့ရဲ့အဖြစ်ပျက်ကတော့လွန်ခဲ့တဲ့နှစ်နှစ်က..kim suho ကိုပြန်မြင်ရနေသလိုပါပဲ
ဟုတ်ပါတယ်......
လွန်ခဲ့တဲ့နှစ်နှစ်လောက်က..ကျွန်တော့်နှလုံးသားဟာအချစ်နာ
ကျခဲ့တဲ့ ပက်ကြားအက် နှလုံးသားတစ်စုံပါ ..အဲ့ဒီအချိန်ကတည်းကရင်းခုချိန်ထိ ဘယ်မိန်းခလေးကိုမှကျွန်တော်မချစ်တက်အောင်ကြိုးစားပြီးနေခဲ့တယ်.ဘယ်မိန်းခလေးကိုမှလည်းကျွန်တော်အထင်မကြီးတော့ဘူးလေ...လောကမှာယောက်ကျားတစ်ယောက်ရဲ့စစ်မှန်တဲ့မေတ္တာတရားဟာဘယ်မိန်းမနဲ့မှမထိုက်တန်ဘူးလို့
ကျွန်တော်ယူဆလို့ပဲ
...
...
...
...
...
...
...

ဘယ်သူသိမှာလည်း..ထိုမိန်းခလေးက..ကျွန်တော့်ရင်ထဲမှာ..နွယ်ပင် လေးတစ်ပင် ဖန်တီးပေးခဲ့လိမ့်မယ်လို့..............

xingဆိုတဲ့မိန်းကလေးတစ်ယောက် သူ့ကိုသိပ်ချစ်ပါ
တယ်ဆိုတဲ့ယောက်ကျားတစ်ယောက်ဆီမှာ
နှစ်ခါတိတိ...အရူးတစ်ယောက်လိုအညာခံလိုက်ရတယ်
သူ့ရဲ့ဖြူစင်သန့်ရှင်းတဲ့အချစ်စစ်....
နုနယ်လွန်းလှတဲ့နှလုံးသားတစ်စုံ.....
ခုချိန်မှာတော့...အဖြူရောင်အတိုင်းတည်ရှိတော့မည်မဟုတ်...
မိန်းမတစ်ယောက်ရဲ့နူးညံ့သိမ်မွေ့လှတဲ့နှလုံးသားတစ်စုံဟာ..ဘယ်ယောကျာ်းနဲ့မှမထိုက်တန်ဘူးလို့xing
ယူဆလိုက်ပြီ
...
...
...
...
...
...
...
ဘယ်သူထင်မှာလည်း...kim suhoဆိုတဲ့ ယောက်ကျားတစ်ယောက်က.သူ့ရင်ထဲကပြတ်တောက်သွားခဲ့ပြီ
ဖြစ်တဲ့နွယ် ပင်ကို အသစ်ပြန်လည်ရှင်သန်စေခဲ့သူလို့..........
...
...

...next ep..မျှော်

One short fic ပုံစံ​လေးမို့
နောက်တစ်ပိုင်းလောက်ဆိုရင်
တော့ပြီးပါပြီ..ဟီး..တိုတိုလေးပဲနော်

နွယ်....လေးပြီးမှပဲသံယောဇဉ်ပန်းချီးကားကိုတင်တော့မယ်နော်

ဖတ်ပေးတဲ့readerလေးတွေရော နာ့ရဲ့ချစ်ယေးတွေရော...အားလုံးကိုအရမ်းချစ်ပါတယ်လို့

Continue Reading

You'll Also Like

69K 3.8K 81
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
228K 5.1K 73
imagines as taylor swift as your mom and travis kelce as your dad
95.6K 2.5K 35
A little AU where Lucifer and Alastor secretly loves eachother and doesn't tell anyone about it, and also Alastor has a secret identity no one else k...
81.4K 3.5K 80
❤️