Beautiful goodbye

By Hsuinnie

28.2K 2.8K 127

Kyungsoo was afraid of strangers and then Jongin came. The last thing he wants from Jongin is a goodbye.. More

Chapter 1:Stranger in leather boots
Chapter 2:His lips are so soft
Chapter 4 :Love....and Heartbreak
Chapter 5: Be yours?
Chapter 6 : Do I matter to you?
Chapter 7:Mine
Chapter 8 : Let's have a date
Chapter 9 : First Goodbye
Chapter 10:His Reason
Chapter 11:Meeting Mrs.Kim
Chapter 12:I am already yours.
Unicode !!!

3.My muse

2.4K 284 9
By Hsuinnie

[unicode ]

Kyungsoo ဘဝမှာ တစ်ယောက်တည်းနေလေ့ရှိပြီးဘာမှ သိတ်မဝင်စားသလို ခပ်အေးအေးနေလေ့ရှိပေမယ့် သူစိတ်ဝင်စားတာ တစ်ခုတော့ ရှိသည်..အဲ့ဒါကတော့ ဂီတပဲ ဖြစ်သည်..

Kyungsoo ငယ်ငယ်ကတည်းက သီချင်းဆိုရတာကို သဘောကျခဲ့သည်.. သူငယ်ငယ်တုန်းကဆို သူ့မိသားစုကို သီချင်းအမြဲတမ်း ဆိုပြလေ့ရှိသည်...ဒါပေမယ့် Kyungsoo အသက် ၁၂ နှစ်နောက်ပိုင်း သူ့မိဘတွေ ဆုံးသွားချိန်မှစပြီး သီချင်းမဆိုတော့..တစ်ခါတလေ တစ်ယောက်တည်း သီချင်း ညည်းဖြစ်ရုံကလွဲလို့ ..သူ့အသံတောင် သူပြန်မကြားဖြစ်ခဲ့တာ ကြာပြီ..

College တက်ကြတော့ Chanyeol ပထမဆုံး join သော club မှာ music club.. ထုံးစံအတိုင်း Kyungsoo ကို အတူတူ join ဖို့ခေါ်ပေမယ့် သူ အမြဲတမ်း ငြင်းခဲ့သည်..

အဲ့လို အမြဲတမ်း ငြင်းခဲ့ပေမယ့် အခုတော့ သူ့ရဲ့ Music club member application form ကို ဖြည့်နေတဲ့ Jongin ကို ထိုင်ကြည့်နေရသည်.. ကိစ္စအားလုံးရဲ့အစက Jongin ဖုန်းခေါ်တာက စသည်..

စတွေ့တဲ့နေ့မှ စ၍ ညတိုင်း Jongin ဖုန်းခေါ်သည်....သူတို့ မနက်လဲ တူတူသွား နေ့လည်စာလဲ တူတူစားပြီး ညနေလဲ တူတူပြန်လာပေမယ့် ညဆိုရင်တော့ မပျက်မကွက် ဖုန်းပြောကြသည်..အခုဆို Jongin နဲ့ Chanyeol နဲ့လဲ တော်တော် ရင်းနှီးနေပြီ..Chanyeol အသစ်ရလာသော အချိန်ပိုင်းအလုပ်ကြောင့် မနက်နဲ့ ညနေတွေမှာ Kyungsoo နဲ့ တူတူမသွားနိုင်တော့..ဒါပေမယ့်လဲ Jongin ရှိနေတော့ပိုတောင် အဆင်ပြေတာပေါ့ လို့ Chanyeol က ခပ်နောက်နောက်ပြောသည်...

Minseok hyung ကိုလဲ သူ Jongin အကြောင်း အကုန် ပြောပြထားသည်.. တစ်ခုပဲ ညနေတိုင်း Jongin ပေးတတ်တဲ့ နှုတ်ဆက်အနမ်းတွေကလွဲလို့...အဲ့အနမ်းတွေအကြောင်းကို Kyungsoo ဘယ်သူ့ကိုမှ မပြောဖူး..သူကိုယ်တိုင်တောင် အဲ့အနမ်းတွေရဲ့ အဓိပ္ပါယ်ကို မသိတာ

ညဘက် ဖုန်းဆက်ရင်တော့ Jongin ရဲ့ ခပ်ရှရှ အသံကို ဖုန်းထဲက ကြားရတာကို Kyungsoo သဘောကျသည်..ဟိုဟိုသည်သည် လျှောက်ပြောရင်း သန်းခေါင်ကျော်သွားတဲ့ ညတွေလဲ အများကြီး.. တစ်ညတော့ Jongin က သူ test မှာ A+ ရတဲ့ အတွက် ဂုဏ်ပြုသည့်အနေဖြင့် သီချင်းဆိုပြဖို့ တောင်းဆိုသည်..Kyungsoo ဘယ်လိုပဲ ငြင်းပေမယ့် သူ ဘယ်တော့မှ Jongin ကို မလွန်ဆန်နိုင်..သူအဲ့ညက Nothing better ကို ဆိုပြခဲ့သည်..သီချင်းမဆိုတာ ကြာလို့ သူ့အသံကို ကြားရတာ နည်းနည်း ထူးဆန်းသလို ဖြစ်နေပေမယ့် နားထောင်နေတာ Jongin ဆိုတဲ့ အသိကြောင့် သူ ကောင်းအောင် ပိုကြိုးစားပြီး ဆိုမိသည်..

သီချင်းပြီးပြီး တော်တော်ကြာတဲ့အထိ Jongin ဆီက ဘာသံမှ မကြားရတော့ Kyungsoo နည်းနည်း စိတ်ဓာတ်ကျသွားမိသည်.

~Jongin အိပ်ပျော်သွားပြီထင်တယ် ~

"Good night Jongin."

Kyungsoo ခပ်တိုးတိုး နှုတ်ဆက်ကာ ဖုန်းချလိုက်မလို့ လုပ်လိုက်ချိန်မှာပဲ Jongin ဘက်က အသံထွက်လာသည်..

"Woah.Hyung..You need to join Music club. "

..

အဲ့လိုနဲ့ပဲ Kyungsoo music club ကို ရောက်လာသည်.. Chanyeol ကတော့ ပြောသည်..

"မင်းကွာ ငါ အခါခါ ခေါ်တုန်းကတော့ မလာဘူး ခုတော့ Jongin ဆီက တစ်ခွန်းပဲ.."

Chanyeol ပြောရင်လဲ ပြောချင်စရာ..Kyungsoo အနေနဲ့ ဘယ်တော့မှ Jongin ကို မငြင်းနိုင်..Jongin ကသာ သူ့ကို music club ကို ဝင်ခိုင်းပေမယ့် သူကိုယ်တိုင်ကတော့ dance club memeber တစ်ယောက်..ပထမနှစ်ကျောင်းသားတစ်ယောက်အနေနှင့် club 2 ခု 3 ခု လောက် ဝင်လို့ရပေမယ့် Jongin က advanced class တွေကိုပါ တက်နေတာဆိုတော့ အချိန်သိပ်မရ..Dance clubကိုတော့ သူ ဝါသနာ ပါလွန်းလို့ မအားတဲ့ကြားက မရရအောင် သွားတာ ဖြစ်သည်..ပြီးတော့ Jongin ရဲ့ တစ်ခြား ပထမနှစ်ကျောင်းသားတွေနဲ့ မတူတဲ့ အချက် Kyungsoo သဘောကျတဲ့တစ်ခု က Jongin က စာဖတ်ဝါသနာပါသည်..

တစ်ခါ Kyungsoo အတန်းစောပြီးလို့ Jongin ကို စောင့်ရင်း စာဖတ်ရအောင် စာကြည့်တိုက်ကို သွားသည်..Classical literature စာအုပ်တစ်အုပ်ကို ဖတ်ရင်း နောက်ကျောမှာ ရေးထားတဲ့ ဖတ်ခဲ့တဲ့ လူစာရင်းမှာ Jongin နာမည်ကို အမှတ်မထင်တွေ့လိုက်ရသည်..ရက်စွဲကလဲ အဲ့နေ့ရက်စွဲဆိုတော့ Jongin စာကြည့်တိုက်မှာလား ဆိုပြီး မသိစိတ်က ရှာမိသည်..စားပွဲတွေမှာလဲ အတန်းကြီးကျောင်းသား တစ်ယောက်နှစ်ယောက်ကလွဲလို့ လုမရှိသလောက်..နောက်ဆုံးမှာမှ World literature စာအုပ်တန်းတွေကြား ထောင့်လေးမှာ မျက်မှန်လေးတပ်ပြီး ထိုင်နေတဲ့ Jongin ကိုတွေ့သည်..

Kyungsoo လဲ Jongin အနားရောက်တော့မှ သူ့မျက်လုံးတွေမှိတ်နေတာမှန်း သတိထားမိသည်..သူ့ဘေးမှာ ဖတ်လက်စ စာအုပ်က ကျလို့..မျက်လုံးလေးမှိတ်ပြီး အိပ်ပျော်နေတဲ့ Jongin ကို ကြည့်ပြီး Kyungsoo ပြုံးမိသွားသည်..

~library ထဲမှာ လာအိပ်နေလို့ ဘယ်ဖြစ်မလဲ Jongin ရဲ့~

"Jongin ah."

Kyungsoo အသံခပ်တိုးတိုးနဲ့ ခေါ်လိုက်သည်..Jongin က လှုပ်တောင်မလှုပ်..Jongin ဒူးခေါင်းပေါ်တင်ထားသောလက်ကို လှုပ်ရင်း နောက်တစ်ခါ ထပ်ခေါ်လိုက်သည်..Jongin လက်တွေက အေးစက်နေသည်..ပြီးတော့ အထိန်းအချုပ် မရှိတော့သလို Jongin လက်က အောက်ကို ပျော့ကျသွားသည်..Kyungsoo နည်းနည်း လန့်လာသည်..

~Jongin ဘာဖြစ်နေတာလဲ~

သူ Jongin ကို ပခုံးကနေ ကိုင်လှုပ်ပြီး နှိုးပေမယ့် Jongin က လုံးဝနိုးမလာ..Kyungsoo ဘာလုပ်ရမှန်း မသိတော့..Jongin တစ်ခုခု ဖြစ်နေတာလား ဆိုတဲ့ အသိနဲ့ သူလန့်လာသည်..emergency ကို ဖုန်းခေါ်ဖို့ သူ့ဖုန်းကို ထုတ်နေစဉ်မှာပဲ Jongin ဆီက အသံထွက်လာသည်...

"Hyung?"

Jongin အသံက တိုးတိုးလေး..လုံးဝ အားမရှိတော့သလို အသံလေး.. Kyungsoo မော့ကြည့်လိုက်တော့ အိပ်ချင်မူးတူး ဖြစ်နေသေးတဲ့ Jongin က သူ့ကို ကြောင်တောင်တောင် ကြည့်နေသည်...Kyungsoo ရင်ထဲက အလုံးကြီးကျသွားသလို ပါးပေါ်ကိုလဲ မျက်ရည်ပူတွေ ကျလာသည်..ဒီတစ်ခေါက် လန့်သွားတာက Jongin..ရုတ်တရက် ထငိုတဲ့ Kyungsoo ကြောင့် သူ ဘာလုပ်ရမှန်းမသိ..

"Hyung..ဘာ..ဘာဖြစ်လို့လဲ?"

Kyungsoo ဘာမှမပြောဘဲ သူရဲ့ ခေါင်းကို Jongin ပခုံးပေါ် မှီလိုက်သည်..သူ ခုနကတင် Jongin တစ်ခုခု ဖြစ်သွားပြီ ထင်ပြီး ကြောက်လန့်သွားတာကို Jongin မသိစေချင်..

ဒါပေမယ့် သူ့ပါးစပ်က အသံတိုးတိုးတစ်ခုကိုတော့ Jongin ကြားလိုက်ပြီး.. ဝမ်းနည်းစွာ ပြုံးလိုက်မိသည်

" ကျေးဇူးပြု ပြီး.. ဘယ်မှ မသွားပါနဲ့ Jongin.."..

××××××

[A.N]

Sorry for being so shortㅠㅠ
Update ချင်လွန်းလို့ တင်လိုက်တာ အရမ်း တိုပြီး အဓိပ္ပါယ်မရှိ ဖြစ်နေတာ သည်းခံ ဖတ်ပေးကြပါနော်..

Kyungsoo's lullaby to Jongin is Nothing better xDD. Kyungsoo 2014 တုန်းက Sukira မှာ Nothing better ဆိုတာလေးကို ပြန်သတိရပေးကြပါ ^^

Thank you my precious readers.Welcome for the feedback ^^

[Zawgyi]










"Good night Jongin."



..







"Jongin ah."


~Jongin ဘာဖြစ်နေတာလဲ~


"Hyung?"


"Hyung..ဘာ..ဘာဖြစ်လို့လဲ?"




××××××

[A.N]

Update ချင်လွန်းလို တင်လိုက်တာ အရမ်း တိုပီး အဓိပါယ်မရှိ ဖြစ်နေတာ သည်းခံ ဖတ်ပေးကပါနော်..

Kyungsoo's lullaby to Jongin is Nothing better xDD. Kyungsoo 2014 တုန်းက Sukira မှာ Nothing better ဆိုတာလေးကို ပြန်သတိရပေးကပါ ^^


Continue Reading

You'll Also Like

35.5K 2.6K 72
ဖတ်ကြည့်နော်😉😉
75.7K 4.2K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
283K 49.1K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
19.3K 1.9K 21
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...