ငါ့တပည့်တွေက ဘုရင်တွေ

By Bee9966

73.1K 6K 34

Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start dat... More

အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 20
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25+26
အပိုင်း 27+28
အပိုင်း 29+30
အပိုင်း 31+32
အပိုင်း 33+34
အပိုင်း 35+36
အပိုင်း 37+38
အပိုင်း 39+40
အပိုင်း 41+42
အပိုင်း 43+44+45
46+47+48+49+50
အပိုင်း 61+62+63+64+65
အပိုင်း 66+67+68+69+70
🚨
အပိုင်း 51+52+53+54+55
အပိုင်း 56+57+58+59+60
အပိုင်း 71+72
အပိုင်း 73+74
အပိုင်း 75+76
အပိုင်း 77
အပိုင်း 78
အပိုင်း 79+80
အပိုင်း 81
အပိုင်း 82
အပိုင်း 83
အပိုင်း 84
အပိုင်း 85
အပိုင်း 86
အပိုင်း 87
အပိုင်း 88
အပိုင်း 89
အပိုင်း 90
အပိုင်း 91
အပိုင်း 92
အပိုင်း 92
အပိုင်း 93
အပိုင်း 94
အပိုင်း 95
အပိုင်း 96
အပိုင်း 97
အပိုင်း 98
အပိုင်း 99
🚨
အပိုင်း 101
အပိုင်း 102
အပိုင်း 103
အပိုင်း 104
အပိုင်း 105
အပိုင်း 106
အပိုင်း 107
အပိုင်း 108
အပိုင်း 109
အပိုင်း 110
🌈
အပိုင်း 111
အပိုင်း 112
အပိုင်း 113
အပိုင်း114
အပိုင်း 115
အပိုင်း 116
အပိုင်း 117
အပိုင်း 118
အပိုင်း 119
အပိုင်း 120
အပိုင်း 121
အပိုင်း 122
အပိုင်း 123
အပိုင်း 124
အပိုင်း 125
အပိုင်း 126
အပိုင်း 127
အပိုင်း 128
အပိုင်း 129
အပိုင်း 130
အပိုင်း 131
အပိုင်း 132
🚨
အပိုင်း 133
အပိုင်း 134
အပိုင်း 135
အပိုင်း 136
အပိုင်း 137
အပိုင်း 138
အပိုင်း 139
အပိုင်း 140
အပိုင်း 141
အပိုင်း 142
အပိုင်း 143
အပိုင်း 144
အပိုင်း 145
🚨
အပိုင်း 146
အပိုင်း 147
အပိုင်း 148
အပိုင်း 149
အပိုင်း 150
အပိုင်း 151
အပိုင်း 152
အပိုင်း 153
🚨
အပိုင်း 154
အပိုင်း 155
အပိုင်း 156
အပိုင်း 157
အပိုင်း 158
အပိုင်း 159
အပိုင်း 160
အပိုင်း 161
အပိုင်း 162
အပိုင်း 163
အပိုင်း 164
အပိုင်း 165
အပိုင်း 166
အပိုင်း 167
အပိုင်း 168
အပိုင်း 169

အပိုင်း 100

545 39 0
By Bee9966

အခန်း ၁၀၀ : ဒုတိယအသက်ဓာတ်နယ်မြေ

"မင်းက ဒီကိုရောက်လာတဲ့သူမလား"

ထိုဝိညာဉ်က ယဲ့ချိုးပိုင်ကိုကြည့်ကာ ပြောလေသည်။

"မင်းက ငါ့ရဲ့လျှို့ဝှက်ဓားသွားဂိုဏ်းကတပည့်လား"

ယဲ့ချိုးပိုင် ခေါင်းခါပြလိုက်သည်။

ထိုအခြင်းအရာကိုမြင်သော် ဝိညာဉ်က တစ်စုံတစ်ရာအံ့သြဟန်မပြလာချေ။

"မဟုတ်လည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မင်းဆီကနေ ရင်းနှီးနေတဲ့တစ်စုံတစ်ယောက်ရဲ့အရှိန်အဝါတွေ အာရုံခံမိတယ်"

"အဲ့ဒါ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားနဲ့ ဓားသွားပိုင်နက်နယ်မြေလား"

"မင်း သူတို့ရဲ့အမွေအနှစ်တွေကိုရခဲ့တယ်ပေါ့"

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်လေသည်။

"ဒါဆိုရင် မင်း ငါ့အရှေ့မှာမတ်တတ်ရပ်နေနိုင်တာ မဆန်းပါဘူး"

ဝိညာဉ်က ပြုံးလျက်ပြောလာလေသည်။

"မင်း သူတို့နှစ်ယောက်ဆီက အသိအမှတ်ပြုခံထားရပြီဆိုကတည်းက မင်းရဲ့ပင်ကိုစရိုက်နဲ့စွမ်းရည်က သံသယဖြစ်စရာမလိုတော့ဘူး။ ငါ့ရဲ့အမွေအနှစ်အတွက်လည်း ငါ မင်းကိုယုံတယ်"

ဤသို့ဖြင့် ထိုဝိညာဉ်က သူ့လက်ချောင်းကိုမြှောက်ကာ ယဲ့ချိုးပိုင်၏မျက်ခုံးနှစ်ဖက်ကြားနေရာကို ထိလိုက်လေသည်။

သတင်းအချက်အလက်များက ယဲ့ချိုးပိုင်၏အာရုံထဲကို စီးဝင်လာသည်။

"ငါ့ရဲ့သိုင်းပညာကျင့်စဉ်က နည်းနည်းတော့ထူးခြားကောင်းထူးခြားနိုင်တယ်။ အဲ့ဒါက ဓားတွေကိုစုဆောင်းဖို့ ငါ့ရဲ့အသက်ဓာတ်နယ်မြေကိုသုံးထားတာ"

"မင်း ဓားသင်္ချိုင်းထဲက တိုးတက်မှုဖြစ်စဉ်ကို ခံစားကြည့်ပြီးပြီမဟုတ်လား"

ယဲ့ချိုးပိုင် သူ့အသက်ဓာတ်နယ်မြေကိုကြည့်လိုက်သဘ်။ ထိုအခိုက်အတန့်တွင် သူ့အသက်ဓာတ်နယ်မြေထဲ၌ ဓားအသေးတစ်လက် စင်စစ်ရှိနေချေ၏။

ထိုဝိညာဉ်က ရှင်းပြသည်။

"ငါ့တစ်ဘဝလုံးရဲ့ဓားသိုင်းဥပဒေသတွေက ဒီဓားထဲမှာရှိတယ်"

"ဓားတစ်လက်ကိုစုဆောင်းဖို့ မင်းရဲ့အသက်ဓာတ်နယ်မြေကိုအသုံးပြုရင်းနဲ့ မင်း ပိုသန်မာလာလေလေ မင်းရဲ့အဆင့်ကမြင့်လေလေပဲ။ မင်းရဲ့အသက်ဓာတ်နယ်​မြေထဲကဓားကလည်း ပိုသန်မာလာလိမ့်မယ်။ အသက်ဓာတ်နယ်​မြေထိခိုက်ခဲ့မယ်ဆိုရင် ဒီဓားက ဒုတိယအသက်ဓာတ်နယ်မြေကို အသွင်ပြောင်းပေးနိုင်တယ်"

ယဲ့ချိုးပိုင် ထိတ်လန့်သွားရသည်။

ဒုတိယအသက်ဓာတ်နယ်မြေတဲ့လား။

"အဲ့လိုဆိုရင် ခင်ဗျားက နောက်ထပ်ကျင့်ကြံရေးလမ်းကြောင်းကို ဖွင့်နိုင်ခဲ့တဲ့သဘောလား"

ထိုစကားကိုကြားသော် ဝိညာဉ်က ခေါင်းညိတ်ပြ၏။

"မင်း အဲ့လိုနားလည်ထားနိုင်ပါတယ်။ ဒါပေမဲ့ ငါ အဲ့ဒီလမ်းကြောင်းကို မဖော်ထုတ်နိုင်သေးဘူး။ မင်းဘာသာဖော်ထုတ်မှရမယ်"

"ဒီကျင့်စဉ်ကို မင်း အဆင့်အမြင့်ပိုင်းအထိရောက်အောင်လုပ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

ယဲ့ချိုးပိုင် သူ့စိတ်အာရုံထဲရှိ သိုင်းကျင့်စဉ်၏သတင်းအချက်အလက်များကို အာရုံခံစားရင်း ခေါင်းညိတ်ပြလိုက်သည်။

ထိုကျင့်စဉ်မှာ ကျင့်ကြံအားထုတ်ချိန်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းနေမည်သာ။

အကယ်၍ အသက်ဓာတ်နယ်မြေနှစ်ခုစလုံး ချန်းယွမ်အဆင့်ရောက်ပြီးသွားပါက ချန်းယွမ်အဆင့်မှာ သူ့အတွက် ပြိုင်ဘက်မရှိနိုင်တော့ပေ။

သို့သော် ထိုကျင့်စဉ်မှာ ကျင့်ကြံရန်ခက်ခဲလှသည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့ကို တစ်ချိန်တည်းကျင်ကြံ၍လည်းမရနိုင်ပေ။ ဓားသိုင်းဗဟိုချက်က ပုံမှန်ကျင့်ကြံရေးနည်းလမ်းအတိုင်း မလိုက်နာချေ။

သူ အသက်ဓာတ်နယ်မြေထဲတွင် ဓားသိုင်းဗဟိုချက်ကို ပြုစုပျိုးထောင်ပြီး ဓားဆန္ဒနှင့်အတူ ကျင့်ကြံရမည်။

အခြားလူများအတွက်မူ ဓားဆန္ဒအဆင့်ကိုကျော်ဖြတ်ရန်မှာ အလွန်ခက်ခဲလှသည်။

အချို့လူများဆိုလျှင် သူတို့ဘဝတစ်လျှောက်လုံး လုံးဝဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုသို့ဆိုပါက ဤဒုတိယအသက်ဓာတ်နယ်မြေကို ကျင့်ကြံခြင်းမှာ အချည်းနှီးပင်။

ယဲ့ချိုးပိုင်အတွက်ကတော့ သေချာပေါက်ပြဿနာမရှိ။

လက်ရှိတွင် သူဟာ သူ့ဓားဆန္ဒကိုအထူးကျွမ်းကျင်ထားပြီး မဟာဓားသိုင်းပညာရှင်အဆင့်ကိုရောက်ရှိနေပြီးဖြစ်၏။

ဓားဆန္ဒကလည်း ဓားသင်္ချိုင်းထဲရှိဓားဆန္ဒများ၏မွမ်းမံမှုကြောင့် ပိုမိုသိပ်သည်းလာလေပြီ။

ဓားသိုင်းဘိုးဘေးအဆင့်ကိုဖြတ်ကျော်နိုင်ရန်မှာ လက်တစ်ကမ်းသာလိုပေတော့သည်။

ထိုအချိန်တွင် ပုံရိပ်ယောင်ဆန်သောအသွင်အပြင်မှာ သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်ပြန်လေသည်။

တံဆိပ်ပြားတစ်ခုက ယဲ့ချိုးပိုင်၏လက်ထဲတွင်ပေါ်လာသည်။

"တိမ်တိုက်"ဟူသောစကားလုံးကို ထိုတံဆိပ်ပြားပေါ်၌ ရေးထွင်းထား၏။

"ဒါက လျှို့ဝှက်နယ်မြေ တိမ်တိုက်ဖီးနစ်တံဆိပ်ပြားပဲ"

"မင်း ဒီတံဆိပ်ပြားနဲ့မှဝင်ရောက်လို့ရမှာ"

"အချိန်ကိုကြည့်ပါဦး။ လျှို့ဝှက်နယ်မြေ  ဆင်းသက်ဖို့အချိန်တန်ပြီပဲ။ မင်း သေချာဆုပ်ကိုင်နိုင်မယ်လို့ငါမျှော်လင့်ပါတယ်"

ထိုသို့ပြောပြီးနောက် ဝိညာဉ်က တဖြည်းဖြည်းစတင်ပျောက်ကွယ်သွားပေသည်။

ယဲ့ချိုးပိုင်လည်း တံဆိပ်ပြားကိုကိုင်ရင်း ရှေးဟောင်းဓားကို တရိုတသေဦးညွှတ်လိုက်သည်။

ခဏအကြာ သူ မတ်တတ်ထရပ်လိုက်ပြီး ဓားသင်္ချိုင်းထဲမှထွက်လာခဲ့လိုက်သည်။

ဓားသင်္ချိုင်း၏အပြင်ဘက်တွင်...

အဘိုးအိုနှစ်ယောက်က ယဲ့ချိုးပိုင် အပြင်ထွက်လာသည်ကိုကြည့်ရင်း ပြောလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်ရဲ့ခန်းမကိုသွားကြရအောင်။ ဂိုဏ်းခေါင်းဆောင်က မင်းကိုပြောစရာတစ်ခုရှိတယ်တဲ့"

ယဲ့ချိုးပိုင် ခေါင်းညိတ်သဘောတူလိုက်သည်။

ဂိုဏ်းခေါင်းဆောင်၏ခန်းမထဲ၌..

လျန်ဖန်းလည်း စောင့်ဆိုင်းနေချေသည်။ ယဲ့ချိုးပိုင်ရောက်လာသည်ကို သူမြင်လိုက်ရသောအခါ သူ ရှေ့ကို အလောတကြီးသွားပြီး မေးလိုက်၏။

"မင်း ဘယ်လိုများလုပ်လိုက်တာလဲ"

ယဲ့ချိုးပိုင်က ပြုံး၏။

"ငါလုပ်ချင်ရင် လုပ်ချလိုက်တာပဲ"

ထိုစကားကိုကြားသော် လျန်ဖန်းမှာ ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။

"ငါ မင်းကိုတကယ်လေးစားတယ်။ အရင်တစ်ခေါက်ကလည်း တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းမှာ မင်း အမွေအနှစ်ကိုရခဲ့သေးတယ်။ အခု ငါတို့လျှို့ဝှက်ဓားသွားဂိုဏ်းကနေလည်း အမွေအနှစ်တွေယူခဲ့ပြန်ပြီ"

"မင်းက သူများတွေအတွက် လမ်းနည်းနည်းတောင်ချန်မပေးထားဘူးပဲ"

ယဲ့ချိုးပိုင်ကမူ ရိုးသားလှစွာဖြင့် လက်ကိုဖြန့်ကားပြသည်။

သူလုပ်နိုင်တာ ဘာမှမရှိပေ။

ခွန်အားက ထိုသို့လုပ်ရန်ခွင့်မပြုချေ။

"ကောင်းပြီ။ ငါ့ဆရာကို အရင်သွားတွေ့ကြရအောင်။ အချိန်ကျလာရင် ငါတို့လက်ရည်ယှဉ်ကြတာပေါ့။ မင်း ဓားသင်္ချိုင်းထဲက ဘယ်လိုအမွေအနှစ်မျိုးရလာခဲ့သလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ယဲ့ချိုးပိုင် ခေါင်းညိတ်သဘောတူလိုက်ပြီး ခန်းမထဲကို လျှောက်ဝင်သွားလိုက်သည်။

လင်းရူဖန်မှာ လက်ကိုနောက်ပစ်ထားလေသည်။ ယဲ့ချိုးပိုင်ဝင်လာသည်ကို မြင်သောအခါ ပြုံးလျက်ပြောလေ၏။

"မဆိုးဘူး။ မင်းက လျန်ဖန်းထက်တောင် ပိုသန်မာတာပဲ"

ယဲ့ချိုးပိုင်အနောက်ကလိုက်လာသော လျန်ဖန်းခမျာ ထိုစကားကိုကြားပြီး စိတ်ဓာတ်မကျဘဲမနေနိုင်ချေ။

"ဆရာ..သူများကို အဲ့လိုမစော်ကားသင့်ဘူးလေ"

လင်းရူဖန်က တောက်တောက်ပပပြုံးပြီးပြောလာလေ၏။

"ငါက အမှန်တရားတွေပြောနေရုံလေးပါ"

မူလက လင်းရူဖန်က ယဲ့ချိုးပိုင်ကို လျှို့ဝှက်ဓားသွားဂိုဏ်းထဲသို့ ဆွဲသွင်းချင်ခဲ့သည်။

သို့သော် လျန်ဖန်းက ယဲ့ချိုးပိုင်မှာ သူ့ထက်အဆင့်မနိမ့်သောဆရာတစ်ယောက်ရှိနေပြီးသားဟု ပြောထားသည့်အတွက် ထိုအတွေးကိုစွန့်လွှတ်လိုက်သည်။

လင်းရူဖန်က ယဲ့ချိုးပိုင်ကိုကြည့်ကာ ကြင်ကြင်နာနာပြုံးပြလိုက်၏။

"မင်းက ဘိုးဘေသခင်ရဲ့အမွေအနှစ်ကိုရသွားပြီဆိုတော့ လျှို့ဝှက်ဓားသွားဂိုဏ်းက မင်းရဲ့ကျောထောက်နောက်ခံဖြစ်သွားပြီ။ နောင်မှာ မင်း ပြဿနာတစ်ခုခုကြုံခဲ့ရင် ငါ့ကိုတိုက်ရိုက်လာရှာနိုင်တယ်"

ဤသို့ဖြင့် သူ ယဲ့ချိုးပိုင်ကို ချောဆွဲထားနိုင်လိုက်သည်။

ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်ပြသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းခေါင်းဆောင်"

ယဲ့ချိုးပိုင်က သူ့ရည်ရွယ်ချက်ကောင်းများကို လက်ခံလိုက်သဖြင့် လင်းရူဖန်လည်း မပြုံးဘဲမနေနိုင်တော့ချေ။ သူ ပြောလိုက်၏။

"ဘိုးဘေးသခင်ဆီကရခဲ့တဲ့အမွေအနှစ်က ဘာလဲဆိုတာတော့ ငါမေးမှာမဟုတ်ပါဘူး။ အစွမ်းအစရှိတဲ့လူကသာ အမွေအနှစ်ကိုရနိုင်တာ။ နောက်တစ်မျိုးပြောရရင် သိထားလည်းအသုံးမဝင်ဘူးလေ"

လျန်ဖန်း : သူက ငါ့ကို ထပ်စော်ကားနေပြန်တာလား

"ဒါပြီးရင် မင်းဘာလုပ်မယ်လို့စီစဉ်ထားလဲ"

ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်ပြန်ပြောလိုက်သည်။

"ကျွန်တော် ဂိုဏ်းကိုအရင်ပြန်ရမယ်ထင်တယ်"

လင်းရူဖန် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းလိုက်လေရာ တံဆိပ်ပြားတစ်ခုက ယဲ့ချိုးပိုင်ရှေ့မှောက်တွင် ပေါ်ပေါက်လာလေသည်။

လျန်ဖန်းမှာ ထိုအရာကိုမြင်သည့်အခါ အံ့သြမှင်တက်သွားလေသည်။

သူ့မှာတောင် ဤတံဆိပ်ပြားမရှိပေ။

"ဒါက လျှို့ဝှက်ဓားသွားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်တံဆိပ်ပြားပဲ။ ကိစ္စတစ်ခုခုရှိရင် ဒီတံဆိပ်ပြားနဲ့ ငါ့ကိုလာရှာလို့ရတယ်"

ယဲ့ချိုးပိုင်ကလည်း မငြင်းပေ။ သူ သူ(မ)ကိုကျေးဇူးတင်စကားဆိုရင်း တံဆိပ်ပြားကိုယူလိုက်သည်။

ထို့နောက် သူတို့ ခဏမျှစကားစမြည်ပြောဆိုနေကြသည်။

ယဲ့ချိုးပိုင် ဂိုဏ်းခေါင်းဆောင်ခန်းမထဲမှ ထွက်လာခဲ့လိုက်သည်။

လျန်ဖန်းက သူ့နောက်ကလိုက်သွားပြီး အပြုံးလေးဖြင့်ပြော၏။

"ဘယ်လိုလဲ။ မင်း အခု လက်ရည်ယှဉ်တော့မလား။ ဒါမှမဟုတ် အရင်အနားယူဦးမလား"

"မလိုပါဘူး"

ယဲ့ချိုးပိုင် ပြောလိုက်၏။

"အခုသွားကြတာပေါ့"

သူတို့နှစ်ယောက်သား နေရာလွတ်တစ်ခုသို့ရောက်လာခဲ့သည်။

ဤနေရာ၌ မည်သူမှမရှိ။

ဤနေရာမှာ လျန်ဖန်း ဓားသိုင်းအတတ် ပုံမှန်လေ့ကျင့်လေ့ရှိသောနေရာပင်။

လျန်ဖန်း သူ့ဓားကိုထုတ်ယူလိုက်ပြီးပြောလိုက်သည်။

"စကြရအောင်"

ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်ပြပြီး သူ့သစ်သားဓားကိုထုတ်လိုက်၏။ ထိုအချိန်တွင် သူ့ဓားဆန္ဒမှာ အသိပေးခြင်းမရှိဘဲ ထွက်ပေါ်လာသည်။

မဟာဓားသိုင်းပညာရှင်အဆင့်ကိုလည်း ယုံမှားသံသယကင်းစင်ဖွယ်ထုတ်ဖော်လိုက်လေသည်။

လျန်ဖန်းမှာ တည်ငြိမ်နေသောအမူအရာဖြင့် ထက်ရှရှဓားဆန္ဒများကို အာရုံခံလိုက်သည်။

သူလည်း မဟာဓားသိုင်းပညာရှင်အဆင့်ကို တက်လှမ်းပြီးသော်ငြား ယဲ့ချိုးပိုင်ကိုတော့ မယှဉ်နိုင်သေးပေ။

ထိုသို့တွေးမိပြီးနောက် လျန်ဖန်း စတင်လှုပ်ရှားလိုက်၏။

ခပ်တိုးတိုးအော်ဟစ်ရင်း သူ့ခန္ဓာကိုယ်က ရှေ့ကိုချီတက်လာလေသည်။

သူ့လက်ထဲရှိဓားရှည်မှာ လှုပ်ယမ်းနေ၏။

ဓားသွားချီစွမ်းအင်သည် ဓားသွားကွန်ယက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်ကို တိုက်ခိုက်လိုက်လေတော့သည်။

ယဲ့ချိုးပိုင်ကမူ မလှုပ်မယှက်သာ။ သူ့အမူအရာကလည်း တည်ငြိမ်နေချေသည်။

သူ့လက်ဝါးကိုလှန်လိုက်သည့်အခါ ဓားဆန္ဒများမှာ မြစ်တစ်စင်းအဖြစ် အသွင်ပြောင်းသွားချေသည်။

၎င်းမှာ ဓားသွားကွန်ယက်ဆီသို့ အတားအဆီးမရှိချီတက်သွားသည်။

ဓားသွားကွန်ယက်မှာ ဓားဆန္ဒမြစ်ပြင်ကျယ်ကြီးကြောင့် ကွဲထွက်သွား၏။

လျန်ဖန်း၏အမူအရာလည်း ပြောင်းလဲသွားပြီး ဓားဆန္ဒများ လွတ်ထွက်လာသည်။

၎င်းတို့က ဓားရှည်များအဖြစ် ပြောင်းလဲသွားပြီး ဓားဆန္ဒမြစ်ပြင်ကြီးကို တားဆီးထားလိုက်ပေသည်။

တစ်ချိန်တည်းမှာပင် သူက လက်ဟန်သိုင်းကွက်ဖြင့် ပစ်လွှတ်လိုက်သည်။

ဓားသိုင်းအစီအရင်တစ်ခုက ယဲ့ချိုးပိုင်၏ပတ်ပတ်လည်တွင် ပေါ်ပေါက်လာလေ၏။

သူက ယဲ့ချိုးပိုင်ကိုညှပ်ပိတ်၍သတ်ဖြတ်ချင်ခြင်းပင်။

ယဲ့ချိုးပိုင်ကလည်း ခပ်ဖွဖွပြုံးလျက် မြေပြင်ပေါ်သို့သက်ဆင်းလိုက်သည်။

ဓားသွားပိုင်နယ်မြေကို ဖြန့်ကြက်ပစ်လိုက်ခြင်းပင်။ ယဲ့ချိုးပိုင်မှာ ဓားသွားပိုင်နက်နယ်မြေထဲတွင်မူ ပကတိအုပ်စိုးသူတစ်ဦးဖြစ်၏။

ဓားသိုင်းအစီအရင်မှာ ဓားဆန္ဒ၏ထိုးနှက်လေးတစ်ခုကိုပင် ခံနိုင်ရည်မရှိရှာပေ။

လျန်းဖန်မှာ ထိုအခြင်းအရာကိုမြင်သောအခါ ခါးသက်စွာပြုံးလိုက်မိပြီး လှုပ်ရှားမှုရပ်တန့်သွားလေသည်။

"မင်းဘယ်လိုကျင့်ကြံလဲတော့ ငါ တကယ်မသိတော့ဘူး"

Continue Reading

You'll Also Like

222K 6.4K 61
𝐁𝐄𝐈𝐍𝐆 𝐓𝐇𝐄 𝐄𝐋𝐃𝐄𝐒𝐓 child of the Kamado family was no easy task. You took on chores with your mother, and soon enough, you had to take car...
199K 4.6K 31
Orphaned at a very early age, a young man goes through self-discovery as he uncovers his demonic past and faces a heavenly challenge. After discoveri...
73.1K 6K 141
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-
2.4K 54 14
Gyul- the father Romsae- the mother Hanyang- the mother Jissen- the mother kids: Chaeng, Nako, Heony Doyeonie- the bestfriend Megan- the girlfriend