๐™พ๐š—๐š•๐šข ๐š„

By BlackRoseTK93

26.4K 2.7K 896

Jeon Kim More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
25
26
27

14

1K 98 8
By BlackRoseTK93

တောကပြန်လာထဲက ဘယ်ကိုသွားတာလဘ်းလို့ ဘယ်သူမေးမေး ဘာမှမပြောတဲ့ သူ့ကိုတမင်များလုပ်နေကြသလား ဟိုတယ်အသစ်ဖွင့်ရန် အဖေနဲ့ အကို နှစ်ယောက်ရဲ့အစီအစဥ်တွေကြောင့် နေရင်းထိုင်ရင်းပဲလှော်ကြားစားညှပ်ကာခေါင်းရှုပ်နေတဲ့ Jungkook..

သူပါအခုဆိုအလုပ်တွေဝိုင်းလုပ်ပေးနေရတာကြောင့် Taehyung စီလုံးဝမလှည့်အားနိုင် တယောက်ကလည်းနေနိုင်လိုက်တာ တောကပြန်လာထဲက ဖုန်းလေးဆက်ပေးလို့ရမလားလို့ပြောခဲ့တာတောင်တစက်ကလေးဆက်ဖော်မရ ဆက်ပြန်ရက်လည်းမကိုင် Jungkook မှာ အခက်တွေ့ရပြန်သည်..

" CEO အလုပ်လျှောက်စာတစောင်ရောက်နေပါတယ်"

" အတွင်းရေးမှူးကြီး ဘယ်သူက အလုပ်ခေါ်လို့ အလုပ်​​လျှောက်တဲ့သူကလာရတာလည်း ခေါင်းရှုပ်ရတဲ့အထဲ "

" မသိဘူး မနက်က Kim Taehyung လာပေးသွားတာပါ CEO "

" ဘယ်လို Kim Taehyung က ဒီကိုလာသွားတယ် "

ခုဏကရှေ့ကဖိုင်တွဲကို အခြားတနေရာကိုတင်လိုက်ပြီး အလုပ်ရှုပ်တယ်ပြောနေတဲ့ CEO.. Kim Taehyung လာပေးသွားတာလည်းဆိုရော ထိုဖိုင်တွဲကိုချက်ချင်းပြန်ယူကာ ဖွင့်ကြည့်လိုက်တော့ သူဖြစ်ချင်တဲ့ အတိုင်း ဓာတ်ပုံလေးက Kim Taehyung ပုံလေးဖြစ်နေတာနဲ့တင် အပြုံးကြီးက နေမင်းကြီးအလားတောက်ပလို့

" CEO ဒါဆို cancel လိုက်ရမလား "

" အတွင်းရေးမှူးကြီးလည်း အသက်ကြီးလို့ထင်တယ် ကျွန်တော်ပြောတာမမှတ်မိဘူးမဟုတ်လား အတွင်းရေးမှူးအသစ်ခေါ်မယ်ဆိုတာ "

" CEO မကြားမိပါဘူး "

" ခုကြားပြီမဟုတ်လား ခန့်တယ်လို့အကြောင်းပြန်လိုက် ကျွန်တော့အလုပ်တွေအရမ်းရှုပ်နေလို့ မနက်ဖြန်အလုပ်ချက်ချင်းဆင်းဖို့ပါမှာလိုက်ပါ အတွင်းရေးမှူးကြီး "

" ဟုတ်ကဲ့ CEO "

အတွင်းရေးမှူးကြီးမှာ ပြုံးစိပြုံးစိနဲ့ထွက်သွားတော့ သည်..အတွင်းရေးမှူးကြီးရှိနေတုန်းကတော့ သူအလုပ်ရှုပ်နေပါတယ်ပေါ့ ဟိုကထွက်သွားတာနဲ့ ထိုင်နေရာကနေထကာ လက်သီးဆုတ်လို့ အောင်နိုင်သူလိုအောင်ပွဲခံနေတဲ့ Jungkook..

" Yes Yes ပထမဆုံးခြေလှမ်းတော့အောင်မြင်ပြီ မင်းကို ငါ့အနားမှာထားရပြီပေါ့ Taehyung "

...
နောက်နေ့မနက် အတွင်းရေးမှုးထက် အရင်ရောက်နေတဲ့ CEO ကိုမမြင်ဘူးရင်ကြည့်ကြပါလေ ရုံးခန်းထဲ ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့တယောက်ထဲ ဂဏာမငြိမ်တဲ့ CEO..လက်ကနာရီကိုလည်း တကြည့်ကြည့်ဖြင့်သာ အချိန်အားဖြင့် 8:30 မှာတော့ တံခါးခေါက်သံ​တချက်ကြားလိုက်ရချိန်မှာ လမ်းလျှောက်နေရာကနေ အပြေးသွားကာ ဆိုဖာမှာ ကျကျဏဏထိုင်လိုက်ပြီး သူစောငိ့နေတာမဟုတ်ဘူးဆိုတဲ့အထာပေါ့ စာအုပ်လေးကောက်ကိုင်လိုက်ပြီး

" ဝင်ခဲ့ "

Kim Taehyung ကို CEO Jeon တို့ ဘယ် လောက်တောင်ချစ်လည်းဆို ဝင်လာတဲ့ ခြေသံနှစ်ခုမှာ ဘယ်ခြေသံက Taehyung ရဲ့ခြေသံဆိုတာကအစသိသည်. အတွင်းရေးမှူးကြီးအနောက်ကပါလာတဲ့ Taehyung ရှေ့လေးတိုးကာ ခါးလေးကုန်းလို့ နှုတ်ဆက်လာသည်..

" မဂ်လာပါ CEO ကျွန်တော် Kim Taehyung ပါ CEO ရဲ့ အတွင်းရေးမှူးအသစ်ဖြစ်ပါတယ် ကူညီပေးပါအုံး ခင်ဗျ"

" အခုတော့ မင်းအရင်ကူညီရတော့မယ် ငါမနက်စာစားမယ် ပြင်ပေးတော့ အတွင်းရေးမှူး Kim "

" ဟုတ်ကဲ့ CEO "

ချက်ချင်းပဲ အခန်းထဲက ထွက်သွားတဲ့ Taehyung..ကျန်ခဲ့တဲ့ CEO မှာ CEO အိန္ဒြေတောင်မဆည်နိုင် ဆိုဖာပေါ် လက်ထောက်ကာ မျက်နှာကိုလက်ဖြင့်ကွယ်လို့ အပျော်လွန်ကာပြုံးနေမိတော့သည်..ဘေးမှရှိနေသေးတဲ့ အတွင်းရေးမှူးကြီးကိုမေ့လို့ပေါ့

" CEO ကျွန်တော်ကို..."

" အာ လန့်လိုက်တာ အတွင်းရေးမှူးကြီးဘာလုပ်နေတာလည်း "

" သိဘူးလေ Kim Taehyung ကိုခိုင်းပြီးတော့ ကျွန်တော်ကိုခိုင်းအုံးမယ်ထင်လို့ပါ "

" မခိုင်းတော့ဘူး နောက်နေ့ကစပြီး အဖေစီမှာအလုပ်ပြန်ဆင်းချင် ဆင်းလို့ရပြီနော် ကျွန်တော်အတွင်းရေးမှုးအသစ်ရပြီ "

" ဥက္ကဌကြီးက CEO နားမှာပဲနေခိုင်းပါတယ် "

Jungkook မျက်မှောင်ကျုတ်ကာမော့ကြည့်လိုက်ပြီး

" ဒါဆို အောက်ကဝန်ထမ်းတွေကိုသာ သေချာလေးစောင့်ကြည့်ပေး မန်နေဂျာဝူနဲ့အတူတူ "

" ဟုတ်ကဲ့ CEO သွားခွင့်ပြုပါအုံး "

အတွင်းရေးမှူကြီးထွက်သွားပြီးမကြာဘူး အသစ်ဆက်ဆက် အတွင်းရေးမှုးလေးရောက်လာတော့မျက်နှာက ချက်ချ​င်းကိုပြောင်းသွားတာ

" ရပါပြီ CEO "

" တူတူစားမယ်ထိုင် "

" ကျွန်တော်က အတွင်းရေးမှုးပါ ခုလိုတူတူစားဖို့မသင့်တော်ပါဘူး "

" ဘယ်သူမှ ဝင်မလာအောင် တံခါး​လော့ချလိုက်ရမလား "

" CEO! "

" ထိုင်ပါ အတူတူစားချင်လို့ "

Taehyung လည်း Jungkook ဘေးကဆိုဖာမှာဝင်တိုက်လိုက်တော့ ကော်ဖီပန်းကန်ဖယ်ကာ sandwich ပန်းကန်လေးကို Taehyung ရှေ့တိုးပေးကာ

" နောက်ရက်တွေလည်းတူတူစားမှာမို့လို့ မနက်စာပိုယူခဲ့ မင်းကော်ဖီမသောက်ဘူးမဟုတ်လား အခြားသောက်ချင်တာ ယူခဲ့လိုက် "

" မဖြစ်ပါဘူး CEO "

ကော်ဖီသောက်ရင်း Taehyung က မဖြစ်ပါဘူးပြောသောအခါ မျက်လုံးလေးစောင်းကာကြည့်လိုက်ပြီး ကော်ဖီခွက်ချကာ

" ငါယူခိုင်းတယ်လို့ပြောလိုက် "

" ဟုတ်ကဲ့ "

" ဒါပြီးရင် လုပ်စရာတွေရှိတယ် မင်းကအတွေ့အကြုံမရှိတော့ အများကြီးရှင်းပြရအုံးမယ် လုပ်ငန်းအကြောင်းကို "

" ဟုတ်ကဲ့ကြိုးစားပါ့မယ် "

" ပြီးရင် နေ့လည်စာအပြင်မှာစားမယ် "

" ဟိုတယ်မှာမစားတော့ဘူးလား"

" မင်းမရှိတော့အပြင်မှာစားတာအကျင့်ပါနေပြီ ပြီးတော့ မင်းနဲ့တူတူစားချင်လို့ "

" CEO ကျွန်တော်က အတွင်းရေးမှုးပါ "

" သိတယ်လေ အတွင်းရေးမှူးနဲ့ CEO က လင်မယားလိုပဲ "

ထပ်မှန်ပြောလာတဲ့ ထူးထူးဆန်းဆန်းစကားတွေကြောင့် Taehyung မှာ ဗျာ လို့သာပြောနိုင်တော့သည်..

" ဗျာ!"

" ဗျာ မနေနဲ့ တူတူမနေတာကလွဲလို့ အကုန်အတူတူလုပ်ရတာ​ အချိန်အပြည့်အနားမှာရှိနေပေးနိုင်တာ CEO မှာအတွင်းရေးမှုးပဲရှိတယ် "

စကားလည်းတက်သလို အသစ်အဆန်းစကားတွေလည်းပြောတက်တဲ့ CEO ကို Taehyung ဘာမှပြန်မပြောနိုင်တော့ ပြောသမျှကိုသာ ခေါင်းလေးငုံ့လို့နားထောင်နေလိုက်တော့သည်.

အလုပ်တွေ တချို့တဝက်ရှင်းပြပြီးလို့ Jungkook လည်းတော်တော်လေးညောင်းသွားသလို Taehyung လည်းတော်တော်လေး ပူနေပြီ.. နားမှဖြစ်တော့မှာနဲ့ နှစ်ယောက်သားတူတူ နေ့လည်စာစားရန်ထွက်လာခဲ့ကြသည်.

"အာ့ ပူတယ် ဟူး ဟူး ဟူး"

Jungkook သူမစားဘူးတဲ့သာမာန်စားသောက်ဆိုင်လေးမှာ နှစ်ယောက်သားတူတူ ဝက်သားကင်စားဖြစ်ကြသည်ပေါ့..

" ထွေးထုတ်လိုက် "

အသားပြားပူပူကိုပါးစပ်ထဲမပူတော့ဘူးအထင်နဲ့ထည့်လိုက်မိတဲ့ Taehyung ပြန်ထုတ်ကလည်းနဲ့ ပါးစပ်လေးဟလို့တဟူးဟူးလုပ်နေတာချိန် သူ့ရဲ့ရှေ့လက်ကလေးခံကာ ထွေးထုတ်ဖို့ပြောနေတဲ့ Jungkook.

ဒါကို မျက်လုံးအဝိုင်းသားနဲ့ ပါးစပ်လေးဟကာမော့ကြည့်နေသေးတာကြောင့် ထွေးထုတ်ဖို့မျက်နှာအမှု အရာနဲ့ပါလုပ်ပြတော့ Taehyung ပါးစပ်ထဲကနေ ပလွတ်ဆိုပြီးအသားဖက်လေးကပြန်ထွက်လာတဲ့ သူလက်ပေါ်ကအသားဖက်လေးကို နှုတ်ခမ်းလေးဆူက တဟူးဟူးနဲ့မှုတ်လိုက်ပြီး သူ့ပါးစပ်ထဲထည့်ကာစားလိုက်တဲ့ Jungkook ကြောင့် Taehyung မှာမျက်လုံးပြူးသထက်ပိုပြူးလို့သွားသည်..

"CEO!"

" ဘာလဲ "

" သူများပါးစပ်ထဲက"

" ဘာဖြစ်လို့လည်း အဘွားကပြောတယ် အစားအ သောက်ကိုအလေအလွှင့်မဖြစ်စေရဘူးတဲ့ "

" ဒါပေမယ့် ကျွန်တော်ပါးစပ်ထဲကလေ "

" အပူသက်သာတာပေါ့ "

Jungkook ကိုဘယ်လိုမှ သူမပြောနိုင်သလို ခုထိလည်း ရှေ့မှာထိုင်ရင်း ပလုပ်ပလောင်းစားနေတဲ့သူ့ကို အံသြမဆုံးဖြစ်လို့နေသေးသည်..

" စားလေ ငါပဲစားနေရသလိုပဲ ဘာစားချင်သေးလည်း ငါမှာပေးမယ် "

" သူဌေးရဲ့ မွေးစားသားလား "

Taehyung ရဲ့အမေးမှာ Jungkook တယောက်စားနေတာတွေပါသီးလို့သွားတော့သည်..

" အဟွတ်ဟွတ် "

အနားကရေခွက်ကိုယူကာမြန်မြန်သောက်ချလိုက်ပြီး

" ဘာပြောတယ် "

" CEO က သူဌေးသားတယောက်နဲ့မတူဘူး ဘာဟိတ်ဟန်မှလည်းမရှိဘူး ပြီးတော့...."

" မင်းနဲ့မို့လို့လေ Taehyung မင်းနဲ့မို့လို့ငါအကုန်ပြောင်းလဲထားတာ မင်းနဲ့တထပ်ထဲကျချင်လို့ တခုပဲ မင်းစိတ်နဲ့လည်းငါတထပ်ထဲကျချင်တယ် "

" CEO"

" စား အစားအသောက်စားနေချိန်မှာ မင်းအနှောက်အယှက်ဖြစ်တာမျိုးမဖြစ်စေချင်ဘူး ဝအောင်စား မင်းကအရမ်းပိန်တယ် "

" မပိန်ပါဘူး အနေတော်ပါပဲ "

" မပိန်လဲစား စကားကိုရှည်တယ် CEO ကိုပြန်မပြောနဲ့ "

" ဟုတ်ကဲ့ "

နေ့လည်စာစားပြီး အနီးအနားကရေခဲမုန့်ဆိုင်မှာရေခဲမုန့်ဝယ်စားကြပြီး ကုမ္မဏီ သို့လေးလံသောဗိုက်ကြီးကိုသယ်လို့ပြန်လာတဲ့ CEO Jungkook..

ကုမ္မဏီရောက်တော့ လုပ်ရမယ့်အလုပ်တွေကိုကြည့်နေသလို Taehyung ကလည်း ဘေးကနေထိုင်ကာ Jungkook ရှင်းပြထားသမျှဖိုင်တွဲတွေကို တခုခြင်းပြန်နားလည်အောင်ကြည့်နေချိန် ဘေးသို့အကြည့်ရောက်မိတော့ ဖိုင်တွဲကိုကိုင်ရင်း အိပ်ပျော်နေတာ ဘေးသို့တဖြေးဖြေးလဲကျလာတော့ Taehyung ကထိုင်နေရာကနေထကာ Jungkook ရဲ့ ဆိုဖာနားဒူးထောက်ထိုင်ကာ လဲကျလာတဲ့ ခေါင်းလေးကိုလက်ဖြင့်အချိန်မှီ လှမ်းခံလိုက်တော့ Taehyung ရဲ့လက်ဝါးလေးပေါ်ပါးလေးကပ်လို့ ကျလာသည်..

လဲကျသွားတာနဲ့ချက်ချင်းနိုးလို့သွားတဲ့ Jungkook. Taehyung ရဲ့လက်ဝါးပေါ်ခေါင်းလေးစောင်းလျက်လဲကာမျက်လုံးပွင့်လာတော့ သူ့ရဲ့ရှေ့ဒူးထောက်ထိုင်ထားတဲ့ Taehyungနဲ့မျက်နှာခြင်းဆိုင်ဖြစ်လို့နေကာထိုအခြေအနေအတိုင်း တယောက်နဲ့တယောက် အကြည့်တို့စုံံနေမိသည်..

ထိုအချိန် တံခါးတချက်ခေါက်သံကြားလိုက်ရသည်နှင့် Taehyung ဟာ သူထိန်းခံထားတဲ့လက်ကိုဖယ်ချလိုက်တာ ပါးလေးတက်ထားတဲ့ Jungkook ခေါင်းဟာ ချက်ချင်းဆိုတော့မထိန်းလိုက်နိုင်ပဲ အောက်သို့စောင်းသွားတာကိုပြန်ထိန်းလိုက်ရသည်.Taehyung မှာ Jungkook နား ကမန်းကတန်းထကာ ဝင်လာတဲ့ သူကိုလှမ်းကြည့်လိုက်တော့ Jungkook ရဲ့ အကို ကိုလတ် ..

" မဂ်လာပါ CEO "

" မင်းက တခါမှမတွေ့ဘူးပါလား "

" အဲ့တာ ကျွန်တော့အတွင်းရေးမှူးအသစ် ကိုလတ် "

Hoseok က ထူးဆန်းနေတယ်ဆိုသောအကြည့်ဖြင့် Taehyung ကိုကြည့်ပြီး

" မြင်ဖူးနေသလိုပဲ မင်းကို "

" မြင်ဖူးမှာပေါ့ အရင်က Housekeeping ခေါင်းဆောင်လေ ကျွန်တော်ဝေယျာဝစ္စတွေခိုင်းရင်းခိုင်းကောင်းလို့ အတွင်းရေးမှုး ခန့်လိုက်တာ သိတဲ့တိုင်း ဦးလေးလီက အသက်ကြီး​​တော့ခိုင်းရတာအားနာလာလို့လေ "

" ထားပါ ပြောစရာရှိတယ် ဒီတခါမင်းအစွမ်းအစကို အဖေကစမ်းသက်ခိုင်းလိုက်တယ် "

" ဘာကိုလည်း ဘာစမ်းမှာလည်းစမ်းလိုက်စမ်းပါ Jeon Jungkook ပါ မရတာမရှိဘူး "

" ခုဟိုတယ်အသစ်ဆောက်ဖို့ အဖေအကြိုက်တွေ့နေတဲ့ မြေနေရာက ဘိုးတော်ကြီးတယောက်ပိုင်တာ အဘိုးကြီးက နည်းနည်းပြောရလက်ပေါက်ကပ်နေလို့ ဖုန်းနဲ့ပြောရတာ မရို​​သေသလို ဖြစ်နေလို့ထင်တယ် အဲ့တာ ဘိုးတော်အိမ်ကိုသွားပြီး ညှိနှိုင်းလာခဲ့တဲ့ မြေကွက်ရောင်းပေးအောင် "

" ဒါများလွယ်ပါတယ် အဘိုးကြီးက ဘယ်မှာနေတာလည်း ခုသွားလိုက်မယ် "

" ....... မှာနေတာ"

" ဗျာ ကိုလတ် အဲ့တာအဝေးကြီးလေ ပြီးတော့အဲ့ဘက်တွေကရာသီဥတုကလည်းခန်းမှန်းရခက်တယ်လေ ပြီးတော့ အဘိုးကြီးက တောထဲမှာဘာလို့နေနေတာလည်း "

" သဘာဝကိုခံစားနေတာလေ ဘဝမှာသုံးမကုန်အောင်ပိုက်ဆံရှိနေတော့ အေးချမ်းရာမှာနေနေတာပေါ့ကွာ "

" ဟူးးး ကောင်းပြီလေ မနက်ဖြန်မနက်သွားလိုက်မယ် "

" ကောင်းပြီ ငါပြန်တော့မယ် "

တချိန်လုံးဘေးမှာရပ်နေတဲ့ Taehyung ကိုလတ်ပြန်သွားတော့ ခါးလေးကုန်းကာ အရိုအသေပေးလို့ တံခါးဖွင့်ပေးလိုက်သည်..

" ကြားတယ်နော် Taehyung မနက်ဖြန်သွားမယ် "

" ကျွန်တော်ပါလိုက်ရမှာလား "

" ငါတယောက်ထဲသွားရမှာလား CEO တယောက်ထဲလေ "

" ဟုတ်ကဲ့ လိုက်ခဲ့ပါ့မယ် "

သူတို့နှစ်ယောက်ရဲ့ကားလေးက ဆိုးလ်မြို့ကြီးကနေ တရွေ့ရွေ့နဲ့သူတို့သွားမယ့်နေရာသို့ဦးတည်ကာမောင်းနှင်လာခဲ့တော့သည်..အချိန်အားဖြင့်နေ့လည်လောက်မှာတော့ ရာသီဥတုလေးကလည်းသာယာနေတာကြောင့် အစောကြီးသူတို့သွားမယ့် အဘိုးကြီးအိမ်သို့ရောက်လာခဲ့တော့သည်..

တောထဲမှာမှ သဘာဝဆန်ဆန်ဆောက်လုပ်ထားတဲ့ အိမ်ကြီး ခြံထဲမှာလည်းအပင်တွေနဲ့ပြည့်နေကာခြံတံခါးကိုတောက်အပင်တွေနဲ့ခြုံငုံထားတာကြောင့်အထဲဝင်သွားရင်ဖြင့်တောထဲရောက်သွားသလိုခံစားရမှာအမှန်ပေမယ့် သူတို့နှစ်ယောက်ကခုထိဝင်ခွင့်မရသေးကာ ခြံဝမှာသာမက်တက်..

" CEO ဒီတိုင်းရပ်စောင့်နေရမှာလား "

" ညောင်းလို့လား Taehyung ကားကလည်းလမ်းထဲထိဝင်မရလို့ ဒီမှာခဏထိုင်ပါလား "

အုတ်ခုံလေးကိုခါပေးနေတဲ့ Jungkook ကြောင့် Taehyung မှာလက်ကိုအပြေးလေးသွားဆွဲကာ

" ရတယ် ကျွန်တော်ဘာသာခါလိုက်ပါ့မယ် "

" Taehyung "

အုတ်ခုံလေးကို ကုန်းပြီးခါနေတဲ့ Taehyung Jungkook ခေါ်တော့ ခါနေရင်းလှည့်ကာမော့ကြည့်ပြီး

" ဟုတ်ကဲ့ CEO "

" ငါတို့အပြင်မှာတော့ ရင်းရင်းနီးနီးနေလို့ရတယ်မဟုတ်လား "

" ကျွန်တော်တို့ CEO နဲ့ အလုပ်သမားလိုပဲနေရအောင် "

" ဘာလို့..."

ချလောက်

Jungkook Taehyung ကိုပြန်ပြောမလို့ရှိသေး တံခါးဖွင့်သံကြောင့်ပြောမယ့်စကားပါရပ်သွားကာ အိမ်ထဲသိူ့မြန်မြန်ဝင်လာခဲ့လိုက်သည်..ထင်တဲ့အတိုင်းကိုပင် အေးချမ်းပြီးတိတ်ဆိတ်နေတာက မြို့ပြနဲ့တခြားစီ ဝင်လိုက်တာနဲ့ကိုခံစားချက်ကအလိုလိုပြောင်းလို့သွားသည်..အိမ်တံခါးမကြီးပွင့်ကာ စီးကြိုနေသူက အိမ်တော်ထိန်းလိုရ့ထင်သူ..

"ကြွပါ ဥက္ကဌကြီး ဧည့်ခန်းမှာစောင့်နေပါတယ် "

ဘယ်လိုညှိနှိုင်းညှိနှိုင်းမရတဲ့အဘိုးကြီး.. ငွေကြေးကချမ်းသာပြီးပြည့်စုံပြီးသားဖြစ်တာကြောင့် ဘယ် လိုနည်းနဲ့မှမြူဆွယ်မရ.. ဘယ်လိုမှမက်လုံးပေးမရ 3 နာရီကြာ အခြေအတင်စကားပြောပြီးချိန်မှာ Jungkook လည်းလက်လျော့ကာ ထပြန်လာခဲ့ရတော့သည်..

" CEO လက်လျော့လိုက်ပြီလား "

နှစ်ယောက်သား အဘိုးကြီးအိမ်ကနေကားရှိရာစီလမ်းလျှောက်သွားရင်း စကားပြောဖြစ်ကြသည်.

" မင်းလည်းကြားတဲ့အတိုင်းပဲ 3 နာရီလောက်အမြုပ်ထွက်အောင်ပြောတာတောင်အဘိုးကြီးကမရောင်းဘူးပဲပြောတက်သလားမှတိရတယ်လေ "

အိမ်အပြန်ခရီးက အသွားကလောက်မတက်ကြွတော့ လေးလံခြင်းတွေနဲ့တိတ်ဆိတ်ကာပြန်လာရင်း ရာသီဥတုကပါဖောက်လာကာ မိုးတွေအသကုန်ရွာချလာတာကြောင့် ကားကိုထိန်းမောင်းနေရင်းတံတားတခုမှာ ကားကမောင်းမရလောက်အောင်ရေတွေအရမ်းတက်လာကြောင့် ကားကိုရပ်ကာစောင့်ကြည့်နေရင်း တဖြေးဖြေးမှောင်မှောင်လာကာ ရာသီဥုတုကဆိုးသထက်သာဆိုးလာတော့ တယောက်နဲ့တယောက်ကြည့်ကာ

" Taehyung ဒီရာသီဥတုနဲ့ဆို ငါတို့ကားပေါ်မှာနေတာအန္တရယ်များတယ် မတော်တောင်ပြိုတာတွေဖြစ်ရင်လေ "

" ဒါဆို CEO အရမ်းကြီးလည်းမဝေးသေးတော့ အဘိုးကြီးအိမ်ပဲ တညလောက်တဲခွင့်တောင်းကြမလား "

နှစ်ယောက်သားအဖိုးကြီးစီပြန်ရောက်လာခဲ့ပြန်သည်..ကားကိုလမ်းထိပ်မှာရပ်ခဲ့ရတာကြောင့် ထီးမပါဘာမပါနဲ့နှစ်ယောက်သားမိုးရေတွေရွဲလို့ တဖန်ခြံတံခါးဖွင့်ပေးဖို့စောင့်ရပြန်သည်..မိုးထဲလေထဲ နာရီဝက်လောက်စောင့်လိုက်ရပြီးမှဖွင့်ပေးလာတဲ့ တံခါး Taehyung မှာ ဖြူဖွေးလို့နေသည်.

" ဒီဘက်ကိုကြွပါ ဒီအခန်းပါ အဝတ်အစားတွေက ရှိတာပဲပေးတိုင်တာမို့လို့ ဒီမှာပါ "

" ဟုတ်ကဲ့ကျေးဇူးပါ "

နှစ်ယောက်သားပေးတဲ့အခန်းလေးထဲဝင်လာကာ တယောက်နဲ့တယောက်ကြည့်လို့ ရှေးလူကြီးပီပီ ကြမ်းပြင်မှာအခင်းခင်းပေးထားကာ ခေါင်းအုံးကလည်း အလုံးလေးတွေနဲ့စောင်တထည်...

အဲ့မှာအခက်တွေ့ပြီ ရာသီဥတုကမတရားအေးနေသလို မိုးမိထားတာကြောင့်သူများထက်ပိုအေးနေပါတယ်ဆိုကာမှ အနွေးစောင်က တထည်ထဲသာ..

ပေးတဲ့အဝတ်အစားတွေကိုအခန်းထဲဝင်ကာ လဲလိုက်ပြီး တယောက်နဲ့တယောက်ကြည့်ကာရယ်မိကြပြန်သည်..

အဘိုးကြီးအဘွားကြီးတွေလို ဘောင်းဘီပွပွကြီးတွေကိုမှအပွင့်တွေနဲ့ အဲ့အပြင်အကျီက Hanbok လိုမျိုး...

ညစာစားရန် ဥက္ကဌကြီးကခေါ်ခိုင်းတယ်ဆိုသောကြောင့် နှစ်ယောက်သား အခန်းပြင်သို့ထွက်လာကြပြီး ထမင်းစားရှိရာသို့..သူတို့နှစ်ယောက်ကိမြင်တော့ ဥက္ကဌကြီးက ပြုံးကာ

" နှစ်ယောက်စလုံးက ချောမောတဲ့ရုပ်ခံ​ရှိတော့ ခုလိုအဘိုးကြီးအဝတ်အစားနဲ့တောင်ကြည့်ကောင်းနေတာပဲ "

" ကျေးဇူးတင်ပါတယ် ဥက္ကဌကြီး "

" ကဲထိုင်ကြ ဒါတဲ့ နှစ်ယောက်ကတခန်းထဲအိပ်ရတာအဆင်ပြေတယ်မဟုတ်လား ယောကျားလေးတွေပဲလေ "

" ဟုတ်ကဲ့ပြေပါတယ် ဥက္ကဌကြီး အနှော​က်အယှက်ပေးမိသလိုဖြစ်သွားပါတယ် "

" ငါမင်းတို့ပြန်လာမယ်ဆိုတာသိနေတယ် မင်းတို့ထွက်သွားပြီးထဲကရွာလိုက်တဲ့မိုးကြောင့် အခန်းတောင်ကြိုပြင်ခိုင်းထားတာ ကောင်းကောင်းအနားယူကြလေ မိုးရေတွေလည်းစိုထားတာဆိုတော့"

" ဟုတ်ကဲ့ ဥက္ကဌကြီး "

ထမင်းဝိုင်းက အရင်ထသွားတဲ့ ဥက္ကဌကြီးကို နှစ်ယောက်သား ဂါဝရပြုနှုတ်ဆက်ရင်း နာရီစီမျက်စိရောက်ဖြစ်တဲ့ Taehyung..

စားလက်စထမင်းကိုမြန်မြန်စားနေတာကြောင့် Jungkook ပါအတူတူစားပြီး နှစ်ယောက်သားအခန်းထဲမြန်မြန်ဝင်လာခဲ့တော့ သည်..

အခန်းထဲရောက်သွားသည်နှင့်ပြောင်းလဲသွားတဲ့ Taehyung ကြောင့် အနည်းငယ်ခွာခွာလေးနေလိုက်တဲ့ Jungkook..

အိပ်ရာထပ်တယောပ်နဲ့တယောက်ကျောပေးကာအလည်မှာခွခေါင်းအုံးကာလို့ စောင်တထည်ထဲအတူတူခြုံကာ အစောကြီးအိပ်ယာဝင်လိုက်ကြသည်..

မနက်ခင်းမှာတော့ တယောက်နဲ့တယောက် မျက်နှာခြင်းဆိုင်နီးကပ်စွာ စောင်လေးခြုံလို့ကွေးနေကြသည်..

လှုပ်လှုပ် လှုပ်လှုပ်နဲ့ နှစ်ယောက်သားတပြိုင်ထားနိုးချိန် တယောက်မျက်နှာတယောက်အနီးကပ်မြင်လိုက်ရတော့ လန့်သွားကာ ဝရုန်းသုံးကာအိပ်ယာကထွက်လိုက်ကြပြီး တယောက်နဲ့တယောက်အကြည့်မစုံနိုင် ရှက်ကိုရှက်ကန်းဖြစ်နေကြသည်..

တယောက်ကလည်းခေါင်းကုတ်လိုက်ဖင်ကုတ်လိုက်ဖြစ်နေသလို တယောက်ကလည်းဇာတ်ပိုးလေးကိုပွတ်လို့..

ထိုအချိန်အခန်းတံခါးခေါက်သံကြောင့် နှစ်ယောက်သားအကြည့်စုံကာ Jungkook ကပဲအခန်းတံခါးသွားဖွင့်ပေးလိုက်သည်..

" ဥက္ကဌကြီးက မနက်စာစားဖို့ခေါ်ခိုင်းလိုက်လို့ပါ "

" ဟုတ်ကဲ့လာခဲ့ပါမယ် "

Taehyung ကလည်းအရင်မျက်နှာသစ်ကာ အရင်အပြင်သို့ထွက်သွားတော့ ဥက္ကဌကြီးက သူစိတ်ထားတဲ့အပြင်တွေကြည့်ရန်ခြံထဲဆင်းသွားသည်ကြောင့် Taehyung အနောက်ကနေလိုက်သွားမိသည်..

" မဂ်လာနံနက်ခင်းလေးပါ ဥက္ကဌကြီး "

" အင်း "

သူစိုက်ပိုးထားတဲ့ ဆေးဖက်ဝင်တဲ့အပြင်တွေရှိရာနေရာရောက်တော့ တော်တော်များများမသိတဲ့ အပြင်တခုကို Taehyung ကသိနေသလို ထိုအပြင်အကြောင်းကိုပါအားရပါးရပြောပြနေတာကြောင့် ဥက္ကဌကြီးမှာ Taehyung ရဲ့​လေကျောမာမိနေသလို Taehyung ပြောသမျှကိုလည်းသဘောတကျနားထောင်နေမိသည်..

အဝေးကနေလှမ်းကြည့်နေတဲ့ Jungkook ကလည်းအားရပါးရလက်ဟန်ခြေဟန်ဖြစ်ပြောနေတဲ့ Taehyung နဲ့ Taehyung ပြောသမျှပြုံးပြီးနားထောင်နေတဲ့ ဥက္ကဌကြီးကိုကြည့်ရင်း စိတ်ထဲတွေးမိတာက မြေးဖိုးနှစ်ယောက်စကားလက်စုံကြနေကျသလို...

" မင်းကတော်သားပဲ ငါအိမ်လာတိုင်းငါစိတ်ထားတဲ့ ဒီအပင်ကိုဘယ်သူမှမသိကြဘူး "

" ကျွန်တော်က တောမှာကြီးလာသလို အဘွားနဲ့ကြီးပြင်းလာမို့လို့ တော်တော်များများဆေးဖက်ဝင်တဲ့အပင်တွေနဲ့ရင်းနှီးနေခဲ့တာပါ ဥက္ကဌကြီး "

" ကဲ မနက်စာသွားစားရအောင် "

မနက်စာဝိုင်းက မရင်းနှီးသူသုံးယောက်စားသောက်နေကြတာကြောင့်တိတ်ဆိတ်မှုကအတိ.. ဇွန်းခရင်းသံမှအပအခြားမကြားရ..စားနေရင်း ဇွန်းခရင်းကိုဘေးမှာချကာ လက်ကိုင်ပုဝါလေးနဲ့ပါးစပ်ကိုအသာအယာသုတ်လိုက်ပြီး

" CEO Jeon စာချုပ်ယူပြီး ငါ့အခန်းကိုလာခဲ့ "

ဥက္ကဌကြီးပြောသွားတဲ့စကားကိုနှစ်ယောက်သားနားမလည်စွာတယောက်မျက်နှာတယောက်ကြည့်နေရင်း ပြီးမှသဘောပေါက်သွားသည် တယောက်လက်ကိုတယောက်ဆုတ်ကိုင်ကာ ဝမ်းသာလွန်းလို့ထခုန်လုမတက်..

" Taehyung အောင်မြင်ပြီ "

" ဟုတ်တယ် CEO "

Jungkook မှာ စားနေတာကိုရပ်လိုက်ပြီး စာချုပ်သွားယူကာ အခန်းဝမှ ရပ်လို့အားမွေးနေတော့ ညကဝတ်ထားတဲ့အဘိုးကြီးအကျီကိုသေချာပြင်ပေးနေတဲ့ Taehyung..

" CEO Fighting "

အခန်းတံခါးလေးခေါက်ကာ ဖြေးဖြေးခြင်းတွန်းဖွင့်လို့ဝင်သွားတဲ့ Jungkook.. Taehyung ကတော့ 99% လောက်သေချာနေပြီဆိုပေမယ့် 1% ကဆိုးရိမ်နေသေးသည်..

" ထိုင် "

" ဟုတ်ကဲ့ CEO "

" ကောင်လေးက လူတော်လေးတယောက်ပဲ "

" ဗျာ "

" အပြင်က ကလေးကိုပြောတာ မင်းလူရွေးမှန်သားပဲ တော်တယ် သွက်တယ် သေချာလေးသွေးရင် အရည်အသွေးမြင့်လာလိမ့်မယ် ဘာပြောချင်လည်းသိလား "

" ဟုတ်ကဲ့ သိပါတယ် ဥက္ကဌကြီး "

" CEO နဲ့ အတွင်းရေးမှူး ပဲလား "

" ဗျာ "

" ဒီအဘိုးကြီးအားလုံးသိတယ် "

" ဟုတ် ဟုတ်ကဲ့ "

" ရော့ အဲ့ကောင်လေးကြောင့် ငါဒီမြေကိုရောင်းပေးလိုက်တာ ပြီးရင်ပြန်တော့ ရာသီဥတုသာယာတုန်း "

စာချုပ်ပေါ် တံဆိတ်တုန်းနှိပ်ပေးကာ စာချုပ်ကို Jungkook ကိုလှမ်းပေးရင်း

" ရင်ဆိုင်ရမယ့် အခက်အခဲတွေ အတိုက်အခိုက်တွေရှိသေးတယ် မင်းအများကြီးကြိုးစားရမယ် ကာကွယ်ရမယ် လက်လွှတ်ဖို့မစဥ်းစားနဲ့ မင်းအများကြီးဆုံးရှုံးရလိမ့်မယ် "

စာချုပ်ကိုသာလှမ်းယူနေတာ ဥက္ကဌကြီးပြောသမျှသူနားမလည်ပေမယ့် ခေါင်းလေးညိတ်လို့သာနားထောင်နေလိုက်သည်..ဘာကိုဆိုလိုချင်လည်းဆိုတာသူလုံးလုံးမျှနားမလည်....

BlackroseTK 93
Taekookforever 🐰🐯🐯

ဒီရက်ထဲမအားတာနဲ့ အပြေးအလွှားလေးရေးထားတာလေး ပေါ့သွားရင်ခွင့်လွှတ် နောက်တခါဆားခက်ပြီးလာခဲ့မယ်

zawgyi










" CEO မကြားမိပါဘူး "


" ဟုတ်ကဲ့ CEO "



...

" ဝင်ခဲ့ "




" ဟုတ်ကဲ့ CEO "

ချက်ချင်းပဲ အခန်းထဲက ထွက်သွားတဲ့ Taehyung..ကျန်ခဲ့တဲ့ CEO မှာ CEO အိန္ဒတြောင်မဆည်နိုင် ဆိုဖာပေါ် လက်ထောက်ကာ မျက်နှာကိုလက်ဖြင့်ကွယ်လို့ အပျော်လွန်ကာပြုံးနေမိတော့သည်..ဘေးမှရှိနေသေးတဲ့ အတွင်းရေးမှူးကြီးကိုမေ့လို့ပေါ့

" CEO ကျွန်တော်ကို..."









" ရပါပြီ CEO "

" တူတူစားမယ်ထိုင် "



" CEO! "




" မဖြစ်ပါဘူး CEO "



" ဟုတ်ကဲ့ "









" ဗျာ!"




"အာ့ ပူတယ် ဟူး ဟူး ဟူး"


" ထွေးထုတ်လိုက် "



"CEO!"

" ဘာလဲ "

" သူများပါးစပ်ထဲက"



" အပူသက်သာတာပေါ့ "





" အဟွတ်ဟွတ် "


" ဘာပြောတယ် "



" CEO"




" ဟုတ်ကဲ့ "



လဲကျသွားတာနဲ့ချက်ချင်းနိုးလို့သွားတဲ့ Jungkook. Taehyung ရဲ့လက်ဝါးပေါ်ခေါင်းလေးစောင်းလျက်လဲကာမျက်လုံးပွင့်လာတော့ သူ့ရဲ့ရှေ့ဒူးထောက်ထိုင်ထားတဲ့ Taehyungနဲ့မျက်နှာခြင်းဆိုင်ဖြစ်လို့နေကာထိုအခြေအနေအတိုင်း တယောက်နဲ့တယောက် အကြည့်တို့စုံနေမိသည်..


" မဂ်လာပါ CEO "










" ....... မှာနေတာ"
















" Taehyung "


" ဟုတ်ကဲ့ CEO "



" ဘာလို့..."

ချလောက်

Jungkook Taehyung ကိုပြန်ပြောမလို့ရှိသေး တံခါးဖွင့်သံကြောင့်ပြောမယ့်စကားပါရပ်သွားကာ အိမ်ထဲသို့မြန်မြန်ဝင်လာခဲ့လိုက်သည်..ထင်တဲ့အတိုင်းကိုပင် အေးချမ်းပြီးတိတ်ဆိတ်နေတာက မြို့ပြနဲ့တခြားစီ ဝင်လိုက်တာနဲ့ကိုခံစားချက်ကအလိုလိုပြောင်းလို့သွားသည်..အိမ်တံခါးမကြီးပွင့်ကာ စီးကြိုနေသူက အိမ်တော်ထိန်းလိုရ့ထင်သူ..






အိမ်အပြန်ခရီးက အသွားကလောက်မတက်ကြွတော့ လေးလံခြင်းတွေနဲ့တိတ်ဆိတ်ကာပြန်လာရင်း ရာသီဥတုကပါဖောက်လာကာ မိုးတွေအသကုန်ရွာချလာတာကြောင့် ကားကိုထိန်းမောင်းနေရင်းတံတားတခုမှာ ကားကမောင်းမရလောက်အောင်ရေတွေအရမ်းတက်လာကြောင့် ကားကိုရပ်ကာစောင့်ကြည့်နေရင်း တဖြေးဖြေးမှောင်မှောင်လာကာ ရာသီဉုတုကဆိုးသထက်သာဆိုးလာတော့ တယောက်နဲ့တယောက်ကြည့်ကာ





" ဟုတ်ကဲ့ကျေးဇူးပါ "











" ဟုတ်ကဲ့ ဥက္ကဌကြီး "










" ဟုတ်ကဲ့လာခဲ့ပါမယ် "



" အင်း "










" ဟုတ်တယ် CEO "


" CEO Fighting "


" ထိုင် "

" ဟုတ်ကဲ့ CEO "


" ဗျာ "




" ဗျာ "


" ဟုတ် ဟုတ်ကဲ့ "





BlackroseTK 93
Taekookforever 🐰🐯🐯


Continue Reading

You'll Also Like

395K 14.3K 78
Just random dreamnoblade stuff I feel like writing No smut. I can get pretty heavy on the lime, but nothing below the belt
22.3K 503 24
For all of you Aether (male traveler) fans out there, here's a book of oneshots for one of Genshin's best bois. Unfortunately, there are no requests...
435 111 17
This is only fan fiction...
12.2K 603 11
UNICODE...... ๐Ÿ”žแ€กแ€•แ€ญแ€ฏแ€„แ€บแ€ธแ€แ€ญแ€ฏแ€„แ€บแ€ธแ€œแ€ญแ€ฏแ€œแ€ญแ€ฏแ€™แ€พแ€ฌ Sexแ€กแ€แ€”แ€บแ€ธแ€™แ€ปแ€ฌแ€ธแ€•แ€ซแ€แ€„แ€บแ€žแ€Šแ€ทแ€บแ€กแ€แ€ฝแ€€แ€บ แ€€แ€œแ€ฑแ€ธแ€žแ€ฐแ€„แ€šแ€บแ€™แ€ปแ€ฌแ€ธแ€แ€ปแ€„แ€ทแ€บแ€แ€ปแ€ญแ€”แ€บแ€•แ€ผแ€ฎแ€ธแ€™แ€พแ€–แ€แ€บแ€›แ€”แ€บ๐Ÿ”ž ZAWGYI...... ๐Ÿ”žแ€กแ€•แ€ญแ€ฏแ€„แ€นแ€ธแ€แ€ญแ€ฏแ€„แ€นแ€ธแ€œแ€ญแ€ฏแ€œแ€ญแ€ฏแ€™แ€ฝแ€ฌ Sexแ€กแ€แ€”แ€น...