10

786 99 24
                                    

တညလုံးမှူးပြီးဟိုတယ်မှာပဲအိပ်လိုက်တာကြောင့်အမေဖြစ်သူရဲ့ဖုန်းကောတွေကတပုံတပင်ကြီးကိုဝင်လို့နေသည်..မနက်နိုးနိုးခြင်းထိုဖုန်းကောတွေကြောင့် စိတ်မကြည်တဲ့ကြားကပဲ ပြန်ခေါ်လိုက်သည်..

# ဟုတ်အမေ

# ဘယ်တွေသွားပြီးအိပ်နေတာလည်း အိမ်တောင်ပြန်မလာရအောင်

# ဟိုတယ်မှာ

# Jeon Jungkook မင်း

# တယောက်ထဲပါဗျာ ဟိုတယ်ကရုံးခန်းမှာလို့ပြောတာပါအမေရယ် ပြီးတော့လေ အမေလို့ထင်သလို သူမက ဟင့်အင်း သူက အဲ့လိုလူမျိုးဖြစ်နေရင်တောင်ကျွန်တော်ချစ်တဲ့အတွက် လူသိရှင်ကြား မယူသေးသရွေ့ ဘာစည်းမှမကျော်ဘူး စိတ်မပူနဲ့အမေ သားကသူ့ကိုချစ်တာထက်ပိုတယ်မြတ်နိုးတာ သူဖြစ်နေလို့ကိုမြတ်နိုးမိတာအမေ

# Jeon Jungkook မင်းဟာလေ အငယ်ဆူံးဖြစ်သလောက်တော်တော်စကားရှည်တယ်

# ကိုလတ်ကိုတော့မမှီသေးပါဘူးအမေရယ် ညပြန်လာခဲ့မယ်အမေ ဒါပဲနော် ချစ်တယ်အမေ

# အေး အဲ့တာနဲ့ပဲအမေကိုချွဲနေ

ဖုန်းပြောနေရင်းအခန်းထဲသို့ဝင်လာတဲ့ အတွင်းရေး မှူးကို လက်ကလေးခဏကာပြပြီးစောင်ဘခိုင်းထားလိုက်သည်..

" အတွင်းရေးမှူးလီ Kim Taehyung ကိုမနက်စာဒီမှာစားမယ်ပြောလိုက်ပါ"

" CEO ဒီမှာပါ Kim Taehyung ရဲ့အလုပ်ထွက်စာပါ "

" ဘာ! "

" ဒီနေ့မနက်အစောကြီး ဟိုတယ်ကိုရောက်လာပြီး မန်နေဂျာကိုပေးသွားတာပါတဲ့ "

" လာသွားသေးတာပေါ့ "

" ဟုတ်ကဲ့ "

" ကျွန်တော်ကိုမနက်စာပြင်ပေးပါ ကျွန်တော်မနက်စာစားတော့မယ် "

မနေ့ကအခြေအနေကြောင့် ညနေအလုပ်ပြန်ထဲက အိမ်တောင်မပြန်နိုင်ပဲ သူငယ်ချင်းတွေနဲ့ Bar မှာမှူးပြဲနေအောင်သောက်ပြီး ညရောက်တော့လည်း ဟိုတယ်ကိုသာပြန်လာတာကြောင့်မနက်စာကိုဟိုတယ်မှာစားဖို့ဖြစ်လာခဲ့သည်..

အတွင်းရေးမှူးထွက်သွားတော့ အလုပ်လုပ်နေရင်း ညကသောက်ထားတဲ့အရိုန်ကြောင့်ခေါင်းကလည်းကိုက်နေသေးနာနဲ့ ဆိုဖာပေါ်နောက်မှီချကာမျက်လုံးလေးမှိတ်လို့ငြိမ်နေလိုက်သည်..ထိုအချိန် အတွေးထဲပေါ်လာပြန်တာက

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now