9

782 108 17
                                    

စဥ်းစားဖို့အချိန်ရောက်ပြီ
.
.
.

အပြင်ကနေပြန်လာကာကားမောင်းရင်း ဆိုင်တဆိုင်ရှေ့မိုးခိုနေတဲ့ Taehyung ကိုလှမ်းတွေ့လိုက်တော့ ဘာရယ်မဟုတ် မသိစိတ်ကြောင့်ကားကိုလမ်းဘေးရပ်ကာ ထီးယူလို့ဆင်းသွားပြီး Taehyung ရှိရာသို့လျှောက်သွားတုန်း Taehyung ကမိုးခိုနေရာကနေ လက်ထဲကအိတ်လေးကိုခေါင်းပေါ်တင်လို့ကားမှတ် တိုင်ရှိရာကိုပြေးလာချိန် Taehyung ရှေ့မှာပိတ်ရပ်လိုက်သည်..Taehyung သူပြေးနေတုန်းရှေ့ကလူတယောက်ပိတ်ရပ်လိုက်တာကြောင့်အရိုန်ကိုမနည်းသက်ကာ မော့ကြည့်လိုက်တော့

" ဟင် CEO "

" ဒီနေ့နားရက်လား "

" ဟုတ်ကဲ့ ဒီနေ့ကျွန်တော့နားရက်ပါ "

" ဒါကြောင့်ကို မနက်ကငါ့အခန်းသန့်ရှင်းရေးမလုပ်ထားတာ "

" အာ ဟုတ်ကဲ့ "

" ဘယ်ကပြန်လာတာလည်း "

"ဗျာ စာအုပ်ဆိုင်က "

" နေမကောင်းဖြစ်နေတာသိသိကြီးနဲ့အလုပ်မလာတဲ့အပြင် မင်းကစာအုပ်တောင်ဖတ်နိုင်သေးတယ်နော် "

" ဗျာ ကျွန်တော်က "

" ဘာလည်းငါ့အတွင်း​ရေးမှူးမဟုတ်ဘူးပြောမ​လို့လား မပြောနဲ့ငါသိတယ် ဒါပေမယ့် မင်းစဥ်းစားကြည့်လေ မနေ့ကငါဖျားနေတာသိတာဆိုလို့မင်းပဲရှိတာလေ "

" ဟုတ်အဲ့တာကတော့ ဟိုလေ"

ဟိုတွေဒီတွေဖြစ်နေတဲ့ Taehyung လက်ထဲက အိတ်ကလေးကိုကြည့်လိုက်တော့ အိတ်အကြည်ထဲက သရဲအကြောင်းဝတ္တုစာအုပ်လေးကိုမြင်လိုက်ရသည်.

" မင်းဖတ်ပြီးရင် ငါ့ကိုဌားမလား "

" ဗျာ "

" ငါလည်းအဲ့လိုစာအုပ်မျိုးတွေသဘောကျလို့လေ ဌားမလားမေးတာ မင်းဖတ်ပြီးရင် ပိုနေမှာပဲလေ ငါထက်ဝယ်တော့ပိုက်ဆံကုန်တာပေါ့ "

CEO ကြီးဖြစ်ပြီးစာအုပ်တအုပ်လေးထက်ဝယ်ရင်ပိုက်ဆံကိုကုန်မယ်ပြောနေတာကြောင့် Taehyung အကြံရသွားသည်..

" ဒါဆို CEO အရင်ဖတ်လိုက် ပြီးမှ ကျွန်တော်ကိုပြန်ဌားလေ "

" ဒါဆို မင်းကငါကိုဝယ်လိုက်လို့ပြောချင်တာလား "

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now