Unicode
ရွှီကျယ် ရေချိုးပြီး ထွက်လာသော် ဆိုဖာတွင် ထိုင်နေသည့် လုဟယ့်ရန်က ရုပ်ရှင်တစ်ခုကို မေးထောက်ကြည့်နေသည်။၎င်းဘေး၌ တစ်ယောက်ထိုင်စာနေရာအလွတ်လေးရှိပါသေးသည့်တိုင် ရွှီကျယ်က သူ့ခုတင်ဆီ လျှောက်သွားကာ ထိုင်လိုက်သည်။ထို့နောက် ခေါင်းငုံ၍ ဆံပင်ရေသုတ်နေ၏။
" ညစာစားပြီးပြီလား "
လုဟယ့်ရန်က ရွှီကျယ်ထံ လှည့်မေးသည်။
ရွှီကျယ်ဟာ ရေသုတ်ပဝါကြားထဲကနေ ခေါင်းလေးဖော်ဖြေသည်။
" ဟင့်အင်း "
" ငါ ဟိုတယ်စားသောက်ဆိုင်ကို ဆက်သွယ်ပေးရဦးမလား "
ရွှီကျယ် : " မဆက်သွယ်ပါနဲ့ ၊ ငါ မုန့်၀ယ်ခဲ့တာရှိတယ် "
လုဟယ့်ရန် စားပွဲပေါ်က အလွှာအထပ်ထပ် ထုပ်ပိုးထားသောအိတ်ကို ကြည့်လိုက်သည်။
" ဒါလား ? "
" ဟုတ်တယ် "
လုဟယ့်ရန် အရှေ့တည့်တည့် မျက်နှာမူလိုက်ပြီး တီဗွီဆက်ကြည့်နေသည်။ရွှီကျယ်က သူ့ဘာသာသူ ပဝါတစ်ထည်နှင့် ဆံပင်သုတ်နေရာမှ အသက်ပြင်းပြင်းရှိုက်ရှူလို့ လှမ်းမေးသည်။
" မင်းရော အတူတူစားမလားဟင် "
" ရပါတယ် ၊ ငါ ညစာနဲ့ ဗိုက်ပြည့်နေပြီ "
လုဟယ့်ရန်က ယဉ်ယဉ်ကျေးကျေး ငြင်းသည်။
" အင်းပါ "
ခေါင်းသုတ်ပဝါအောက်က ပျံ့လွင့်လာသည့် ရွှီကျယ့်အသံဟာ ဗလုံးဗထွေး။
တစ်၀က်မျှ ခေါင်းခြောက်အောင်သုတ်ပြီးသော် ရွှီကျယ် စားပွဲဆီသို့ ထသွားလိုက်သည်။အိတ်ကို ဖြည်လိုက်၏။ခေါင်းငုံ့ဖြည်နေစဉ် ဆံပင်တချို့က မျက်နှာပေါ် ၀ဲကျလာသည်။ယင်းက ယားကျိကျိ။ရွှီကျယ် လက်တစ်ဖက် မြှောက်ကာ မျက်လုံးကို ပွတ်လိုက်သည်။
အနှီအပြုအမူက မျက်ရည်သုတ်နေသယောင်မို့ လုဟယ့်ရန်က လှည့်ကြည့်လာသည်။
ရွှီကျယ်က မျက်လွှာချထား၏။ထိုအနက်ရောင်တီရှပ်အင်္ကျီအား အကြင်သူ ၀တ်ဆင်သည်ကို လုဟယ့်ရန် မြင်တာ သုံးကြိမ်မြောက်တည်း။ဖြူဖျော့ဖျော့ နှုတ်ခမ်းတစ်စုံက တင်းတင်းစေ့ပိတ်ထားသည်။အနည်းငယ် စိတ်ဓါတ်ကျ ၀မ်းနည်းအားငယ်နေဟန်။လုဟယ့်ရန် ထူးဆန်းရသည်ပင်။ရွှီကျယ်က သူ့ရဲ့စိတ်ခံစားချက်အပြောင်းအလဲ အတက်ကျကို ထုတ်ပြတတ်သူ မဟုတ်ပါချေ။အကြင်သူဟာ ရယ်မောရသည်ကို နှစ်သက်ပုံမပေါ်သလို စကားကိုလည်း များများစားစား ပြောလေ့မရှိပါသည့်တိုင် လုဟယ့်ရန်ကမူ ရွှီကျယ့်ထံမှ နူးညံ့သိမ်မွေ့လှသော ခံစားချက်အနုတ်အသိမ်းများကို အာရုံခံနိုင်ခဲ့သည်။သူ အတွေးလွန်နေခြင်း ဖြစ်နိုင်ပါသည်လေ။
" ဘာမုန့်တွေ ၀ယ်ခဲ့တာလဲ "
လုဟယ့်ရန်က ရုတ်တရက် မေးသည်။သူ့ကိုယ်သူတောင် နားမလည်ခဲ့ပေ။ရွှီကျယ် တကယ်ပဲ စိတ်မကောင်းဖြစ်သွားတာလား ၊ အခြားတစ်ခုလား အတည်ပြုဖို့ရာ ရွှီကျယ့်ရဲ့လက်ရှိမျက်နှာကို လုဟယ့်ရန် ကြည့်ချင်ခဲ့သည်။
ရွှီကျယ်ဟာ ချက်ချင်း ခေါင်းမော့မလာလင့်ကစား လှုပ်ရှားမှုတွေ တုံ့ခနဲ ရပ်တန့်သွား၏။လက်ထဲမှာ ကိုင်ထားသည့် ကြွပ်ကြွပ်အိတ်ကြိုးကို တင်းကြပ်စွာ ဖျစ်ညှစ်လိုက်မိသည်။မေးခွန်းဖြေရန် အလွန်ခက်ခဲနေပါသည့်နှယ်။
သို့ပေတည့် ရွှီကျယ် ဖြေခဲ့ပါသည်။
" နို့ကြက်ဥပေါင်းပေါက်စီ "
လုဟယ့်ရန် ခပ်ယောင်ယောင်လေး မှင်တက်လျက် ထပ်မံ မေးမြန်းလိုက်သည်။
" နို့ကြက်ဥပေါင်းပေါက်စီ ? "
" အင်း "
အခန်းက ရုတ်ခြည်း တိတ်ဆိတ်ကျသွားသည်။လုဟယ့်ရန်က တီဗွီဖန်သားပြင်သို့ တစ်ဖန် အကြည့်ပြန်ပို့လိုက်၏။ခဏအကြာ မတ်တပ်ထရပ်ပြီး စားပွဲဆီ လျှောက်လာသည်။ယင်းနောက် လက်ကို ဆန့်လို့ ကြွပ်ကြွပ်အိတ်ကို ယူဖွင့်လိုက်သည်။အိတ်ထဲကမုန့်များက ပူနွေးနွေးလေးဖြစ်နေဆဲ။အနွေးဓါတ်က လက်ချောင်းထိပ်များကို လွှမ်းခြုံရစ်ထွေးလာလေသည်။အထဲတွင် နို့ကြက်ဥပေါင်းပေါက်စီတွေသာမက တခြားအသားပေါင်းတွေပါ ပါသည်။၎င်းတို့ကို အလွှာအထပ်ထပ်နှင့် သေချာ ထုပ်ပိုးထားသည့်အပြင် အပြင်ဘက်ကနေလည်း ကြွပ်ကြွပ်အိတ်သုံးလေးထပ်နှင့် ထုပ်ထားခြင်းကြောင့် ရေတစ်ပေါက်မျှ စိုခြင်းမရှိ။
လုဟယ့်ရန် ရွှီကျယ်ဆီ အကြည့်ပို့လိုက်သောအခါ ရွှီကျယ်က သူ့ကို ကြည့်နေနှင့်ခဲ့သည်။လျှပ်တစ်ပြက် အခိုက်အတန့်လေးဆိုသော်ငြား ရွှီကျယ့်မျက်၀န်းတွေက ဂရုတစိုက် အာရုံပြုနေခဲ့သည်။သူတို့နှစ်ဦး မျက်လုံးချင်းဆုံမိသွားချိန် ရွှီကျယ်ကအရင် အကြည့်လွှဲဖယ်လိုက်သည်။အာရုံပြောင်းဖုံးကွယ်သည့်သဘောဖြင့် သူ မေးလိုက်မိ၏။
" မင်း စားဦးမလား "
ဤမေးခွန်းဟာ တစ်ကြိမ် ငြင်းပယ်ခံခဲ့ရပြီးပြီဖြစ်သည့်အလျောက် ရွှီကျယ် နောက်တစ်ကြိမ် မေးရန် မသင့်ပေမင့် သူ့တွင် အခြားပြောစရာစကားလုံးက ရှာမတွေ့။ဒီမေးခွန်းကိုသာ ထပ်မေးလိုက်ရသည်။
လုဟယ့်ရန်က လက်တစ်ဖက်ကို စားပွဲအစွန်၌ ထောက်၍ အရှေ့သို့ ကိုယ်ကို အနည်းငယ် ကိုင်းလိုက်သည်။ရွှီကျယ့်အမေးကို မဖြေပါဘဲ ပြန်မေးလိုက်၏။
" မြို့ထဲကို သွားခဲ့တာလား "
" အင်း "
" အဲဒီကို ဘယ်လိုရောက်သွားတာလဲ "
" တောင်ခြေမှာ ဘတ်(စ်)ကားမှတ်တိုင်ရှိတယ် "
ရွှီကျယ်က ရိုးသားစွာ ဖြေသည်။
" ဝေးလား ? "
" မြို့ထဲရောက်ဖို့ဆို ၂ ကီလိုမီတာလောက် ခြေကျင်လျှောက်ပြီး မိနစ် ၄၀ ကျော်ကျော် ဘတ်(စ်)ကားစီးရတယ် "
ရွှီကျယ် စကားပြောတာက မနှေးလွန်း ၊ မမြန်လွန်းလေးဖြစ်သည်။ပြောသမျှ စကားလုံး တစ်လုံးစီက ကြည်လင်ပီသနေသည်။အသုံးပြုသူထံ ခရီးစဉ်အကြောင်း ကြိုတင်အသိပေးနေသော လမ်းညွှန်စနစ်တစ်ခုပမာ။ရေချိုးထားခြင်းကြောင့် ရွှီကျယ်ခန္ဓာကိုယ်က ရေချိုးဆပ်ပြာရည်အနံ့ကို ထုတ်လွှတ်နေသည်။လက်ပတ် ၀တ်မထားရာ Pheromone များကို ကြိုးစားထိန်းချုပ်နေသော်လည်း လုံးလုံးလျားလျား ဖုံးဝှက်မထားနိုင်ချေ။
" အသွားအပြန်နဲ့ဆို သုံးနာရီကျော်ကြာမှာပဲ "
လုဟယ့်ရန်က ကြာချိန်ကို သုံးသပ်လိုက်သည်။
" ဟုတ်တယ် "
အမှန်က ရွှီကျယ် အချိန်ကို သေချာ မကြည့်ခဲ့မိ။သို့တိုင် အကြမ်းဖျင်း တွက်ကြည့်လိုက်လျှင် ထိုမျှ ကြာခဲ့သည်ပင်။
" အဲဒီဆိုင် ရှိသေးလား "
လုဟယ့်ရန်က ရွှီကျယ့်မျက်နှာကို တည့်တည့်ကြည့်လို့ မေးလာသည်။
" မတွေ့ခဲ့ဘူးရယ်။ ဒါတွေက တခြားဆိုင်က ၀ယ်ခဲ့တာ "
စကားဆုံးမှ ရွှီကျယ် ထပ်ဖြည့်ပြောလိုက်သည်။
" ဒီဆိုင်ကမုန့်တွေကလည်း တော်တော်စားကောင်းတယ်တဲ့ "
ရွှီကျယ်ကို စကားပြောစေချင်ပါက တွန်အားဖွဖွလေးပေးရန် လိုအပ်ကြောင်း လုဟယ့်ရန် သတိပြုလိုက်သည်။ရွှီကျယ်ဟာ သူ့ဘက်ကနေ စကားစပြောလိမ့်မည် မဟုတ်။သူ့အား တစ်ခုခုမေးလျှင်တော့ အမှန်အတိုင်း ရိုးရိုးသားသား ဖြေပေးလိမ့်မည် --- ယင်းက အဓိကအချက် မမည်ပါချေ။
အဓိကအချက်မှာ အသွားအပြန် သုံးနာရီကျော်ကြာသည့်ခရီး ၊ လုံး၀ ရင်းနှီးကျွမ်း၀င်မှုမရှိသည့် မြို့နေရာ ၊ ပျောက်ကွယ်သွားပြီဖြစ်သည့် 'ခွိုက်' နာမည်စာလုံးပါသော စားသောက်ဆိုင်ငယ်လေးကို ရှာရန် ဖြတ်သန်းခဲ့ရမည့် လမ်းကြိုလမ်းကြားများစွာ။လမ်းဘယ်နှသွယ်ကို ရွှီကျယ် ကွေ့ပတ်ဖြတ်ခဲ့ရသည် ၊ လူဘယ်နှယောက်ကို လမ်းတွေမေးခဲ့ရသည်ဆိုတာ သူကိုယ်၌သာ သိလိမ့်မည်။
လုဟယ့်ရန်က ချောမွတ်နေသော စားပွဲမျက်နှာပြင်တွင် လက်ညိိုးထိပ်နှင့် စက်၀ိုင်းပုံလေး ရေးဆွဲလိုက်သည်။
" ဘာလို့လဲ ? "
ထိုမေးခွန်းသုံးလုံးက လေးလံသည်လည်း မဟုတ် ၊ ပေါ့ပါးနေသည်လည်း မဟုတ်ပေမင့် ရွှီကျယ့်ကို လှုပ်နှိုးလိုက်နိုင်သည်။
သူ တောင်အောက်ဆင်းကာ မြို့ထဲသို့ ဘတ်(စ်)ကားစီးသွားခဲ့တုန်းက ရွှီကျယ် များများစားစား မတွေးခဲ့။သူ့ရဲ့ဒီလုပ်ရပ်အတွက် ကျိုးကြောင်းဆီလျော်သည့် ဖြေရှင်းချက်တစ်ခုကို မည်သို့ပေးရမည်မှန်း ရွှီကျယ် စဉ်းစားမထား။ မင်း ကောင်းကောင်းတောင် မသိတဲ့လူတစ်ယောက်ကို မုန့်၀ယ်ပေးဖို့ ဘာလို့ သုံးနာရီကျော်ကျော် ခရီးလွန်နေတာလဲ ? - အနှီအဖြေကို ရှင်းပြလို့ရမည့်ပုံ မပေါ်ပါချေ။
" ဘာလို့ဆို ......... "
ရွှီကျယ် အနောက်ကို ခြေတစ်လှမ်းဆုတ်ပြီး စားပွဲပေါ် လက်ထောက်လိုက်သည်။ပိုမိုသဘာ၀ကျသည့် ဟန်ပန်မျိုးဖြစ်အောင် အကောင်းဆုံး ကြိုးစားနေခြင်း။သူ့ထံ အားကုန်ဖိထားသော လုဟယ့်ရန်၏အကြည့်တွေကို ရွှီကျယ် ခံစားမိသည်။အာခေါင်တွေပါ ခြောက်လာ၍ နှုတ်ခမ်းသပ်လိုက်၏။ရွှီကျယ် ကြမ်းပြင်က ကော်ဇော်ကို ငုံ့ကြည့်ဖြေသည်။
" မင်းက မုန့်တွေ စားကောင်းတယ်ပြောခဲ့တော့ ငါ စားချင်လာလို့ "
အဖြေဟာ ရိုးသားမှုနတ္ထိ။လုဟယ့်ရန် ရွှီကျယ့်ကို ပြောပြလိုလှသည် --- မင်းက မုန့်စားချင်တယ်ဆိုတာနဲ့ပဲ မုန့်ထွက်၀ယ်ဖို့ ပိုက်ဆံအကုန်ခံမည့်သူနှင့် တူမနေပါဟု။
ရွှီကျယ့်ကို လုဟယ့်ရန် ဆက်တိုက် စိုက်ကြည့်နေသောအခါ သူ့ရဲ့အကြည့်စူးစူးများအောက်၌ ရွှီကျယ့်မျက်နှာက ဖြူဖျော့လာသည်။လုဟယ့်ရန် ခပ်ဖြည်းဖြည်းချင်း ရေရွတ်လိုက်၏။
" ဪ ၊ အဲဒီလိုကိုး "
ရွှီကျယ်မှာ ခေါင်းညိတ်ပြရန်ပင် မေ့နေလျက် တုပ်တုပ်မလှုပ် ရပ်နေခဲ့သည်။
" မုန့်စားလိုက်ပါဦး "
လုဟယ့်ရန်က ဆိုသည်။
" စားပြီး အေးဆေးအနားယူပေါ့ "
လုဟယ့်ရန် ဆိုဖာဆီ ပြန်သွားထိုင်ကာ ဖုန်းဖွင့်ကြည့်နေသည်။ရွှီကျယ် တစ်ဖက်လူ၏ပြောစကားကို 'အင်း' တစ်လုံးဖြင့် နှေးကွေးစွာ အသံပြု၍ အထပ်ထပ် ထုပ်ပိုးထားသော အလွှာများကို ဖယ်လို့ စားပွဲနားကထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။
တီဗွီထဲကနေ စူးစူးရှရှ အော်သံတစ်ခုက ရုတ်တရက် ထွက်လာသည်။ယင်းအသံကို သူတို့နှစ်ယောက် ပြိုင်တူ အာရုံစိုက်လိုက်မိကြသည်။ရွှီကျယ်က တီဗွီကို တစ်ချက်လှမ်းကြည့်ရင်း လုဟယ့်ရန်ကိုပါ ခေါင်းလေး အနည်းငယ် ယိမ်းကြည့်လိုက်သည်။မမျှော်လင့်ထားသည်က လုဟယ့်ရန်ကလည်း သူ့ကို ကြည့်နေခဲ့သည်။
" မင်း ဒီဆိုဖာမှာ လာထိုင်ကြည့်လေ "
ရွှီကျယ် ထိုင်နေသည့်နေရာကဆိုလျှင် တီဗွီကို ကောင်းကောင်းမြင်ရရန် ခက်လိမ့်မည်။
" ရပါတယ် "
ရွှီကျယ်က ခေါင်းယမ်းပြသည်။
သူ မုန့်ဆက်စားနေစဉ် လုဟယ့်ရန်က ပြောသည်။
" ဘေးအခန်းကရေပိုက် ပြင်ပြီးပြီတဲ့ "
လုဟယ့်ရန်ရဲ့စကားအဓိပ္ပါယ်ကို ရွှီကျယ် တန်းနားလည်လိုက်သည်။အိတ်ထဲက အသားပေါင်းများကို ငေးကြည့်နေသော ရွှီကျယ့်ခန္ဓာကိုယ်ဟာ တောင့်ခဲနေသယောင်။ခဏအကြာ ရွှီကျယ် ခေါင်းမော့လာခဲ့သည်။
" ငါ ဘေးအခန်းမှာ အိပ်ဖို့ အခု ဆရာမကို သွားပြောလိုက်ပါ့မယ် "
သူ့ပစ္စည်းပစ္စယာအားလုံးနဲ့အတူ ဤအခန်းကနေ ထွက်သွားရန် ကြာမည့်အချိန်ကို ရွှီကျယ် ခေါင်းထဲ၌ တွက်ချက်ကြည့်လိုက်သည်။ ၁ မိနစ်ထက် မပိုပေ --- သို့ပေတည့် ရွှီကျယ်အဖို့ အက်မတန် ရှည်လျားလွန်းသော အချိန်တည်း။သူ ဘယ်လောက်ပဲ တုံးအထုံထိုင်းနေပါစေ ၊ လုဟယ့်ရန်ရဲ့စကားအရိပ်အမြွက်ကို သဘောပေါက်သောအခါ အနည်းနှင့်အများ ကိုးရိုးကားရားနိုင်စွာ ရှက်ရွံ့ရပါ၏။တစ်ဖက်လူက လုဟယ့်ရန်ဖြစ်နေသည်မို့။
ရွှီကျယ် ပစ္စည်းတွေ သိမ်းဖို့ရာ မတ်ထပ်ထရပ်အံ့ဆဲဆဲ လုဟယ့်ရန်က မေးသည်။
" မင်းက ဘေးအခန်းမှာ အိပ်ချင်လို့လား ? "
မေးခွန်းကို တုံ့ပြန်ရမည့်နည်းအား ရွှီကျယ် မတွေးတတ်။လုဟယ့်ရန် ထိုသို့မေးရခြင်း၏ ရည်ရွယ်ချက်ကို သူ လမ်းပျောက်လာသည်။
လုဟယ့်ရန်က အေးအေးလူလူဖြင့် ရေတစ်ငုံသောက်လျက် ရွှီကျယ့်ကို လှည့်ကြည့်သည်။
" မင်း သွားအိပ်ချင်တောင် ဘာမှလုပ်မရတော့ဘူးပဲ။ အဲဒီဘေးအခန်းက တခြားလူတစ်ယောက် ယူသွားပြီ "
ရွှီကျယ် မဟုတ်သည့် မည်သူမဆို ယခု ၎င်းတို့ ကျီစယ်ခံလိုက်ရကြောင်း သိမည်ဖြစ်ပါသော်ငြား ရွှီကျယ်ကမူ မျက်တောင်လေးတွေ လှုပ်ခတ်ရုံသာ လှုပ်ခတ်သွားခဲ့သည်။သူ အခန်းကနေ ထွက်သွားပေးစရာ မလိုမှန်း သေချာခါမှ တိုးတိုးလေး ဖြေသည်။
" အင်းပါ "
" နို့ကြက်ဥပေါင်းပေါက်စီ ကျန်သေးလား "
လုဟယ့်ရန်ရဲ့နှုတ်ခမ်းစွန်းတွေက အပေါ်ကို မဆိုစလောက်လေး ကော့ညွှတ်နေသည်။စိတ်အခြေအနေ ကောင်းမွန်နေပါသည့်အသွင်။
" ဒါတွေကို အဝေးကြီး တကူးတက သွား၀ယ်ခဲ့ရတာ တန်ရဲ့လား သိချင်လာလို့ "
" ဒီမှာရှိတယ် "
ရွှီကျယ့်လှုပ်ရှားမှုများက မြန်ဆန်သွက်လက်စွာ။မဖြည်ရသေးသော နို့ကြက်ဥပေါင်းပေါက်စီတစ်ထုပ်ကို ဆိုဖာပေါ်က လုဟယ့်ရန်ထံ ယူသွားပေးသည်။
" နွေးနေတုန်းပဲ "
လုဟယ့်ရန်က မုန့်ကို လက်ခံကာ ပြုံးပြသည်။
" ကျေးဇူးပါ "
*********
မီးတွေ ပိတ်ပြီး မျက်လုံးအုပ်မ၀တ်မီ လုဟယ့်ရန် ရွှီကျယ့်ကို မေးလိုက်သည်။
" လေအေးပေးစက်ရဲ့အပူချိန်ကို ညှိပေးရဦးမလား "
အခန်းက အလွန်တိတ်ဆိတ်နေသည်။လုဟယ့်ရန်အသံက တိုးတိုးညင်းညင်း။ရွှီကျယ့် သူ့နားရွက်သူ ထိကိုင်လိုက်မိ၏။
" ဟင့်အင်း ၊ အဆင်ပြေပါတယ် "
အမြင်အာရုံက အမှောင်ထုနှင့် တစ်စတစ်စ ကျင့်သားရစပြုလာသည်။ရွှီကျယ် ပက်လက်လှဲနေရင်း လုဟယ့်ရန်ဘက်သို့ ခေါင်းငဲ့ကြည့်လိုက်သည်။အယ်လ်ဖာ၏ မေ့းစေ့ ၊ နှုတ်ခမ်း ၊ နှာခေါင်း ၊ နဖူးကောက်ကြောင်းတို့ကို မှုန်ဝါးဝါး မြင်နေရသည်။သူ အိပ်ပျော်နိုင်မှာမဟုတ်ဘဲ ညလုံးပေါက် ဒီအတိုင်း နေသွားရလောက်သည်ဟု ရွှီကျယ် ထင်ခဲ့ပေမင့် အခုလိုမျိုး လုဟယ့်ရန်ကို ကြည့်လျက် အနှီသူ၏အသက်ရှူသံကို နားစိုက်ထောင်နေလိုက်ချိန် အံ့ဖွယ်ကောင်းစွာပင် အိမ်မက်မက်နေသည့်ပမာ ငြိမ်းချမ်းလာခဲ့သည်။
မျက်ခွံများကို မှေးမှိတ်၍ ရွှီကျယ် အိပ်မောကျသွားသည်နှင့်တစ်ပြိုင်နက် အိမ်မက်တွေဟာ ရှုပ်ထွေးသထက် ရှုပ်ထွေးလာသည်။
ည ၁ နာရီခွဲဝန်းကျင်၌ လုဟယ့်ရန် တစ်ရေးနိုးလာပြီး မျက်လုံးအုပ်ကို ဆွဲချွတ်လိုက်သည်။ဘေးခုတင်ရှိ ရွှီကျယ်က ပြတ်တောင်းပြတ်တောင်း ချောင်းဆိုးနေကာ လေရှူသံ ကမောက်ကမ။အသံက သိပ်မကျယ်ပါသည့်တိုင် နားအစို့၀တ်မထားသော လုဟယ့်ရန်အဖို့ လှုပ်ရှားမှုသေးသေးလေးတစ်ခုကတောင် သူ့အား သက်ရောက်စေသည်။
လုဟယ့်ရန် ငုတ်တုတ်ထထိုင်လိုက်ပြီး နံရံကပ်မီးကို လက်လှမ်းဖွင့်လို့ ညာဘက်ကို ကြည့်လိုက်သည်။ရွှီကျယ့်မျက်နှာတစ်ခြမ်းခန့်က စောင်ထဲတွင် နစ်မြုပ်နေသည်။မျက်လုံးများက တင်းတင်းကြပ်ကြပ် ပိတ်ထား၏။မျက်ခုံးတန်းများကပါ တွန့်ချိုးနေသည်။သတိလက်လွတ် ချောင်းဆိုးနေရင်းဖြင့် Pheromone နံ့များကို အထိန်းအကွပ်မဲ့ ထုတ်လွှတ်လာသည်။
မိုးမိသည့်အရှိန်နှင့် မကြာသေးခင်က ဖြစ်ပွားခဲ့သော Susceptible period တို့ ပေါင်းစပ်ခြင်းကြောင့် ရွှီကျယ် လွယ်လင့်တကူ အဖျား၀င်သွားခဲ့သည်။
လုဟယ့်ရန် အိပ်ရာထဲကဆင်းကာ ရွှီကျယ့်ခုတင်ဘေးသို့ သွားရပ်လိုက်သည်။မျက်နှာတစ်ခုလုံး ပေါ်လာစေရန် စောင်ကို အနည်းငယ် ဆွဲချလိုက်၏။ရွှီကျယ့်နှုတ်ခမ်းနှင့် ပါးပြင်တွေက မူမမှန်စွာ နီစွေးနေသည်။ဆံပင်တွေက ဖရိုဖရဲ ပွယောင်းလျက်။အိပ်ရာထက်တွင် လှဲနေသူဟာ တို့ထိလိုက်လျှင် ကျိုးပဲ့များသွားမလားဟု ထင်မှတ်ရလောက်အောင် အင်မတန် နုနယ်ဟန်ပေါ်နေပါသော်ငြား ပုံမှန်အချိန်များထက် အသက်၀င် ရွှန်းလဲ့နေခဲ့သည်။
" ရွှီကျယ် "
လုဟယ့်ရန် ခေါ်ကြည့်လိုက်သည်။
ရွှီကျယ်က ပိုမိုမျက်မှောင်ကြုတ်သွားပြီး ခေါင်းကို ညာဘက်သို့ စောင်းလိုက်သည်။လည်ကုပ်ရှိ gland ကလည်း အဖျားဒဏ်နဲ့အတူ နီရဲနေသည်။အချိန်မီ မကုသပါက နောက်တစ်ကြိမ် Susceptible period ၀င်ရန် အစပျိုးပေးလိုက်သလို ဖြစ်လိမ့်မည်။
လုဟယ့်ရန် တာ၀န်ကျအစောင့်၀န်ထမ်းကို အောက်ထပ်ဆင်းရှာ၍ သာမိုမီတာတစ်ချောင်းနှင့် အဖျားပျောက်ဆေးနှစ်လုံး တောင်းလိုက်သည်။
လျှပ်စစ်သာမိုမီတာက အသုံးပြုခြင်းမရှိတာ အတော်ကြာပြီမို့ အထဲက ဘက်ထရီက ဖြုတ်ထားခံရသည်။၀န်ထမ်းက သူ ဘက်ထရီသွားရှာပေးမည်ဖြစ်လို့ လုဟယ့်ရန်အား ခေတ္တမျှ စောင့်ပေးပါရန် ဆိုသည်။လုဟယ့်ရန် တစ်ပါးသူကို ကရိကထမများစေချင်သဖြင့် ဆေးသေတ္တာထဲက မာကျူရီသာမိုမီတာကိုသာ ယူခဲ့လိုက်သည်။
အခန်းပြန်ရောက်ရောက်ချင်း လုဟယ့်ရန် လက်ပတ်၀တ်ကာ ဂီယာကို အမြင့်ဆုံးတင်လိုက်သည်။ထို့နောက် သတ္ထုဓါတ်ဆားရည်တစ်ဘူးကို အဖုံးဖွင့်ပြီး ယင်းဓါတ်ဆားရည်ဘူးနှင့် ဆေးပြားများကို အိပ်ရာဘေးရှိစားပွဲပုလေးပေါ် တင်ထားလိုက်သည်။သာမိုမီတာကိုလည်း အရက်စွတ်ထားသော ဂွမ်းစနှင့် ပိုးသတ်လိုက်၏။သူ ခါးကိုင်းလျက် သာမိုမီတာကို ရွှီကျယ့်နှုတ်ခမ်းထောင့်ကြား ထည့်ပေးဖို့ ပြင်လိုက်သည်။
" ပါးစပ်ဟပါဦး ၊ အပူချိန် တိုင်းကြမယ် "
ရွှီကျယ်ဟာ အေးစက်စက် အရာ၀တ္ထုကြောင့် တွန့်ဆုတ်သွားသည်။နှုတ်ခမ်းနှစ်လွှာကို စေ့ပိတ်ပစ်ရင်း ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။အကြင်သူ၏အသက်ရှူသံများက လေးလံမြန်ဆန်နေသည်။ဖြူဖွေးနေသော လည်တိုင်သွယ်ကြော့ကြော့က ၀င်သက်ထွက်သက်တို့နဲ့အတူ နိမ့်ချည်မြင့်ချည်။လုဟယ့်ရန် ရွှီကျယ်၏ ၎င်းပုံစံလေးအား ခဏကြာ စိုက်ကြည့်နေခဲ့သည့်နောက်၌ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ရွှီကျယ့်မေးစေ့ကို ထိန်းကိုင်လိုက်သည်။သာမိုမီတာ ထည့်ရစေရန် အောက်နှုတ်ခမ်းကို လက်မနှင့် ဖိဆွဲဖွင့်လိုက်၏။
" အမ်း ....... "
ရွှီကျယ် မိန်းမောနေတဲ့ကြားက ညည်းတွားလိုက်သည်။နှုတ်ခမ်းကို ဖွင့်ပေးလိုက်မိပြီး မရည်ရွယ်ဘဲ ပြူထွက်လာသော လျှာဖျားလေးက လုဟယ့်ရန်ရဲ့လက်မထိပ်ကို လျက်လိုက်လေသည်။
လျှာဖျားက ပူနွေးနူးညံ့နေသည်။လုဟယ့်ရန်၏ လက်ဖျားထိပ်၀ယ် အရည်ကြည်ရောင် အမှတ်စိုတစ်ခုကို ချန်ရစ်ခဲ့၏။ယင်းကို မှိန်ဖျော့ဖျော့ မီးအဝါရောင်လေးအောက်တွင် မသဲမကွဲ ခပ်ရေးရေးမျှ တွေ့နေရသည်။လုဟယ့်ရန် ရွှီကျယ့်မျက်နှာအနား ပိုငုံ့၍ တစ်ဖက်လူ၏ မေးစေ့ကို အပေါ်ပင့်လိုက်သည်။သွားတွေကို ဖွင့်ဖို့ရာ လက်ညှိုးနှင့်လက်မကို နှုတ်ခမ်းထဲသို့ ဖြည်းညင်းတည်ငြိမ်စွာ ထိုးသွင်းလိုက်သည်။
စိမ်းသက်နေသည့် တစ်ခုခုက ရွှီကျယ်ခံတွင်းထဲ ကျူးကျော်၀င်ရောက်လာသည်။ထိုအရာက ဘာလဲဆိုတာ စူးစမ်းချင်သည့်အလျောက် ရွှီကျယ် လုဟယ့်ရန်ရဲ့လက်ချောင်းများကို လျှာဖြင့် ရစ်ပတ်ငုံထွေးလိုက်သည်။လုဟယ့်ရန်ရဲ့လက်နှစ်ချောင်းက ရွှီကျယ့်အာခံတွင်းထဲ တဖြည်းဖြည်း မွှေနှောက်ရင်း တစ်ဖက်လူ၏လျှာဖျားကို ဆော့ကစားနေသည်။စေးကပ်စိုစွတ်သည့် အသံများက ပျံ့လွင့်နေ၏။စုပ်ယူငုံထွေးခံထားရသော လက်ချောင်းများ၏ အထိအတွေ့ကို လုဟယ့်ရန် ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ရွှီကျယ်ဟာ တံတွေးများ အဆက်မပြတ် စိမ့်ထွက်လာပြီး ၎င်းတို့ကို အလျင်မီအောင် မျိုချနေရသည်။သူ မျိုမချနိုင်တော့သော တံတွေးများက နှုတ်ခမ်းထောင့်မှတစ်ဆင့် စီးကျလာခဲ့သည်။ရွှီကျယ် လည်ချောင်းထဲကနေ ဗလုံးဗထွေးအသံတချို့ကို ပြုလုပ်နေကာ ခဲခဲယဉ်းယဉ်း အသက်ရှိုက်ရှူနေရသည်။အသနားခံသည့်အနေနှင့် လုဟယ့်ရန်ရဲ့လက်ကောက်၀တ်ကို ရွှီကျယ် လက်မြှောက်ဖမ်းဆုပ်လိုက်သည်။
သူ မျက်လုံးတွေကို မူးဝေစွာ တစ်၀က်ခန့် ဖွင့်ကြည့်လာသည်။ရေငွေ့ရိပ်သမ်းနေသော အလင်းရောင်ယဲ့ယဲ့က မျက်၀န်းအိမ်ထဲတွင် ထင်ဟပ်နေသည်။လုဟယ့်ရန်မှန်း မြင်လိုက်ရသည့်တိုင် သတိမမူမိ။တဒင်္ဂစာမျှကြာသောအခါ မျက်လုံးများက တစ်ဖန် ပြန်မှိတ်သွားခဲ့သည်။စိတ်ထဲတွင်လည်း ဇဝေဇဝါ ရှုပ်ထွေးနေ၏။
လက်ချောင်းတွေက တံတွေးများဖြင့် ရွှဲရွှဲစိုနေပြီဖြစ်သည်။လုဟယ့်ရန် ရွှီကျယ့်နှုတ်ခမ်းအဟကြားလေးကနေ ပါးစပ်သို့ သာမိုမီတာထည့်ပေးလိုက်သည်။
အရက်အရသာကို ရလိုက်စဉ် ရွှီကျယ် နှုတ်ခမ်းများကို အတင်းပိတ်ပစ်၍ ခေါင်းလှည့်ရှောင်မည်အပြု လုဟယ့်ရန်က ခပ်တိုးတိုး ပြောသည်။
" ပါးစပ်ဟရမယ်လေ ၊ သာမိုမီတာကို ငုံထားလိုက် "
သူ့စကားကို ရွှီကျယ် ကြားရဲ့လား လုဟယ့်ရန် မသိပေမင့် ခေါင်းလှုပ်နေတာ ရပ်သွားသည့်အပြင် လုဟယ့်ရန်ရဲ့လက်ကောက်၀တ်အား ဆုပ်ထားသော လက်ကိုပါ ဖြုတ်သွားခဲ့၏။လုဟယ့်ရန်တစ်ယောက် လက်ချောင်းများကို ပြန်ရုတ်ပြီး သာမိုမီတာကို နည်းနည်း ပိုနက်နက်လေး ထည့်လိုက်သည်။သူ့မှာက တခြားလူကို သာမိုမီတာတိုင်းပေးဖူးသည့် အတွေ့အကြုံမရှိရာ ရွှီကျယ့်အာခေါင်ကို မတော်တဆ ထိုးမိသွားသည်။ရွှီကျယ် မေးစေ့ကို မသက်မသာ မော့လျက် 'အာ့' ဟု မြည်တမ်းလိုက်သည်။လုဟယ့်ရန် သာမိုမီတာအနေအထားကို ပြုပြင်ပေးလိုက်၏။
ရွှီကျယ်က သာမိုမီတာကို မျိုချတာဖြစ်ဖြစ် ၊ ထွေးထုတ်ထာဖြစ်ဖြစ် လုပ်နေမည်စိုးသဖြင့် ရလဒ်ထွက်သည်အထိ လုဟယ့်ရန် အိပ်ရာဘေးတွင် ရပ်စောင့်ကြည့်နေသည်။
အချိန်ပြည့်လျှင် လုဟယ့်ရန် သာမိုမီတာကို ထုတ်လိုက်သည် - အပူချိန်က ၃၉ ဒီဂရီနီးနီး။သေချာပေါက်ကို ဖျားနေခြင်းပင်။သူ လက်သွားဆေးကာ ရွှီကျယ့်ခေါင်းကို လည်ပင်းအနောက်ကနေ ထူမ'လို့ အောက်တွင် ခေါင်းအုံးတစ်လုံး ခုပေးလိုက်သည်။ဆေးကို ရွှီကျယ့်ပါးစပ်ဆီသို့ တိုးပေးရင်း ဆိုသည်။
" မင်း အဖျားတွေတက်နေတာ ဆေးသောက်ရမယ် "
ဤတစ်ကြိမ်၌မူ ရွှီကျယ်က နာနာခံခံလေး ပါးစပ်ဖွင့်၍ ဆေးသောက်သည်။လုဟယ့်ရန်က သူ့ကို ရေတိုက်သောအခါ နှစ်ငုံမျှသောက်ပြီး ရပ်လိုက်၏။
လုဟယ့်ရန်က မေးသည်။
" ဆေးတွေကို ဗိုက်ထဲ မျိုချလိုက်ပြီလား "
ရွှီကျယ် ချည့်နဲ့စွာ ခေါင်းညိတ်ပြသည်။
လုဟယ့်ရန် : " အဲဒါဆို ရေလေး ထပ်သောက်လိုက်ဦး "
ရွှီကျယ်က လိမ်လိမ်မာမာနှင့် ရေနည်းနည်းထပ်သောက်လိုက်သည်။လုဟယ့်ရန် ရေဘူးကို အနောက်ဆုတ် ဖယ်လိုက်စဉ် ငွေရောင် အမျှင်တန်းလေးတစ်ခုက ရေဘူးအ၀နှင့် ရွှီကျယ့်နှုတ်ခမ်းအကြားတွင် သွယ်တန်းနေသည်။ရေတချို့ဟာ ရွှီကျယ့်နှုတ်ခမ်းထောင့်က လျှံကျလာကာ မေးစေ့သို့ စီးလာသည်။လုဟယ့်ရန် တစ်ရှူးတစ်ရွက်ကို ယူလျက် နှုတ်ခမ်းထောင့်ကို သုတ်ပေးလိုက်သည်။၎င်းနောက် ခေါင်းအုံးကို ဖယ်၍ ရွှီကျယ်အား အိပ်ရာပေါ် ပြန်လှဲစေသည်။
၁၀ မိနစ်ကျော်အကြာ ရွှီကျယ် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။လုဟယ့်ရန် ပစ္စည်းများကို အလျိုလျို ရှင်းလင်းလိုက်သည်။သူ ပြန်မအိပ်ခင် ရွှီကျယ့်ကို တစ်ချက် လှမ်းကြည့်ပြီးမှ မီးတွေပိတ်လို့ အိပ်ရာ၀င်ခဲ့သည်။
*
*
*
*
*
*
The original author has something to say ;
လုဟယ့်ရန်က သားရဲကောင်ကြီးဆိုတာ မရိပ်မိသေးတဲ့သူများ ရှိလားနော် ?
[ စီးကရက် ဖွာလျက် ] 🚬✌
This translator has something to say ;
ကိုကြီးဟယ့်ရန်ရဲ့သာမိုမီတာတိုင်းနည်းမှာ ကျယ်မ ဆွံ့အ။ဒါတောင် ရဲဇားတွေမဖြစ်သေးဘူး ၊ ဖြစ်များဖြစ်ရင် ဒေါ့ဖုကို ဆယ့်နှစ်ဘီးကားနဲ့ တိုက်ပြီး စားရလောက်တယ် ... 👻
ဟွန့် ၊ သူနော် ... ရိုးပဲရိုးသလိုလို ၊ စိတ်ပဲမ၀င်စားသလိုလို ၊ ဂရုပဲမစိုက်သလိုလိုနဲ့ ... လူဇိုး ! 🤓
ဒါပေမယ့် ကျမ ကြိုက်တယ် ဟဲဟဲ 😹
《 Xu Ze in the rain 》
Zawgyi
႐ႊီက်ယ္ ေရခ်ိဳးၿပီး ထြက္လာေသာ္ ဆိုဖာတြင္ ထိုင္ေနသည့္ လုဟယ့္ရန္က ႐ုပ္႐ွင္တစ္ခုကို ေမးေထာက္ၾကည့္ေနသည္။၎ေဘး၌ တစ္ေယာက္ထိုင္စာေနရာအလြတ္ေလး႐ွိပါေသးသည့္တိုင္ ႐ႊီက်ယ္က သူ႕ခုတင္ဆီ ေလွ်ာက္သြားကာ ထိုင္လိုက္သည္။ထို႔ေနာက္ ေခါင္းငုံ၍ ဆံပင္ေရသုတ္ေန၏။
" ညစာစားၿပီးၿပီလား "
လုဟယ့္ရန္က ႐ႊီက်ယ္ထံ လွည့္ေမးသည္။
႐ႊီက်ယ္ဟာ ေရသုတ္ပဝါၾကားထဲကေန ေခါင္းေလးေဖာ္ေျဖသည္။
" ဟင့္အင္း "
" ငါ ဟိုတယ္စားေသာက္ဆိုင္ကို ဆက္သြယ္ေပးရဦးမလား "
႐ႊီက်ယ္ : " မဆက္သြယ္ပါနဲ႔ ၊ ငါ မုန္႔၀ယ္ခဲ့တာ႐ွိတယ္ "
လုဟယ့္ရန္ စားပြဲေပၚက အလႊာအထပ္ထပ္ ထုပ္ပိုးထားေသာအိတ္ကို ၾကည့္လိုက္သည္။
" ဒါလား ? "
" ဟုတ္တယ္ "
လုဟယ့္ရန္ အေ႐ွ႕တည့္တည့္ မ်က္ႏွာမူလိုက္ၿပီး တီဗြီဆက္ၾကည့္ေနသည္။႐ႊီက်ယ္က သူ႕ဘာသာသူ ပဝါတစ္ထည္ႏွင့္ ဆံပင္သုတ္ေနရာမွ အသက္ျပင္းျပင္း႐ိႈက္႐ွဴလို႔ လွမ္းေမးသည္။
" မင္းေရာ အတူတူစားမလားဟင္ "
" ရပါတယ္ ၊ ငါ ညစာနဲ႔ ဗိုက္ျပည့္ေနၿပီ "
လုဟယ့္ရန္က ယဥ္ယဥ္ေက်းေက်း ျငင္းသည္။
" အင္းပါ "
ေခါင္းသုတ္ပဝါေအာက္က ပ်ံ႕လြင့္လာသည့္ ႐ႊီက်ယ့္အသံဟာ ဗလုံးဗေထြး။
တစ္၀က္မွ် ေခါင္းေျခာက္ေအာင္သုတ္ၿပီးေသာ္ ႐ႊီက်ယ္ စားပြဲဆီသို႔ ထသြားလိုက္သည္။အိတ္ကို ျဖည္လိုက္၏။ေခါင္းငုံ႔ျဖည္ေနစဥ္ ဆံပင္တခ်ိဳ႕က မ်က္ႏွာေပၚ ၀ဲက်လာသည္။ယင္းက ယားက်ိက်ိ။႐ႊီက်ယ္ လက္တစ္ဖက္ ေျမႇာက္ကာ မ်က္လုံးကို ပြတ္လိုက္သည္။
အႏွီအျပဳအမူက မ်က္ရည္သုတ္ေနသေယာင္မို႔ လုဟယ့္ရန္က လွည့္ၾကည့္လာသည္။
႐ႊီက်ယ္က မ်က္လႊာခ်ထား၏။ထိုအနက္ေရာင္တီ႐ွပ္အက်ႌအား အၾကင္သူ ၀တ္ဆင္သည္ကို လုဟယ့္ရန္ ျမင္တာ သုံးႀကိမ္ေျမာက္တည္း။ျဖဴေဖ်ာ့ေဖ်ာ့ ႏႈတ္ခမ္းတစ္စုံက တင္းတင္းေစ့ပိတ္ထားသည္။အနည္းငယ္ စိတ္ဓါတ္က် ၀မ္းနည္းအားငယ္ေနဟန္။လုဟယ့္ရန္ ထူးဆန္းရသည္ပင္။႐ႊီက်ယ္က သူ႕ရဲ႕စိတ္ခံစားခ်က္အေျပာင္းအလဲ အတက္က်ကို ထုတ္ျပတတ္သူ မဟုတ္ပါေခ်။အၾကင္သူဟာ ရယ္ေမာရသည္ကို ႏွစ္သက္ပုံမေပၚသလို စကားကိုလည္း မ်ားမ်ားစားစား ေျပာေလ့မ႐ွိပါသည့္တိုင္ လုဟယ့္ရန္ကမူ ႐ႊီက်ယ့္ထံမွ ႏူးညံ့သိမ္ေမြ႕လွေသာ ခံစားခ်က္အႏုတ္အသိမ္းမ်ားကို အာ႐ုံခံႏိုင္ခဲ့သည္။သူ အေတြးလြန္ေနျခင္း ျဖစ္ႏိုင္ပါသည္ေလ။
" ဘာမုန္႔ေတြ ၀ယ္ခဲ့တာလဲ "
လုဟယ့္ရန္က ႐ုတ္တရက္ ေမးသည္။သူ႕ကိုယ္သူေတာင္ နားမလည္ခဲ့ေပ။႐ႊီက်ယ္ တကယ္ပဲ စိတ္မေကာင္းျဖစ္သြားတာလား ၊ အျခားတစ္ခုလား အတည္ျပဳဖို႔ရာ ႐ႊီက်ယ့္ရဲ႕လက္႐ွိမ်က္ႏွာကို လုဟယ့္ရန္ ၾကည့္ခ်င္ခဲ့သည္။
႐ႊီက်ယ္ဟာ ခ်က္ခ်င္း ေခါင္းေမာ့မလာလင့္ကစား လႈပ္႐ွားမႈေတြ တုံ႔ခနဲ ရပ္တန္႔သြား၏။လက္ထဲမွာ ကိုင္ထားသည့္ ႂကြပ္ႂကြပ္အိတ္ႀကိဳးကို တင္းၾကပ္စြာ ဖ်စ္ညႇစ္လိုက္မိသည္။ေမးခြန္းေျဖရန္ အလြန္ခက္ခဲေနပါသည့္ႏွယ္။
သို႔ေပတည့္ ႐ႊီက်ယ္ ေျဖခဲ့ပါသည္။
" ႏို႔ၾကက္ဥေပါင္းေပါက္စီ "
လုဟယ့္ရန္ ခပ္ေယာင္ေယာင္ေလး မွင္တက္လ်က္ ထပ္မံ ေမးျမန္းလိုက္သည္။
" ႏို႔ၾကက္ဥေပါင္းေပါက္စီ ? "
" အင္း "
အခန္းက ႐ုတ္ျခည္း တိတ္ဆိတ္က်သြားသည္။လုဟယ့္ရန္က တီဗြီဖန္သားျပင္သို႔ တစ္ဖန္ အၾကည့္ျပန္ပို႔လိုက္၏။ခဏအၾကာ မတ္တပ္ထရပ္ၿပီး စားပြဲဆီ ေလွ်ာက္လာသည္။ယင္းေနာက္ လက္ကို ဆန္႔လို႔ ႂကြပ္ႂကြပ္အိတ္ကို ယူဖြင့္လိုက္သည္။အိတ္ထဲကမုန္႔မ်ားက ပူေႏြးေႏြးေလးျဖစ္ေနဆဲ။အေႏြးဓါတ္က လက္ေခ်ာင္းထိပ္မ်ားကို လႊမ္းျခဳံရစ္ေထြးလာေလသည္။အထဲတြင္ ႏို႔ၾကက္ဥေပါင္းေပါက္စီေတြသာမက တျခားအသားေပါင္းေတြပါ ပါသည္။၎တို႔ကို အလႊာအထပ္ထပ္ႏွင့္ ေသခ်ာ ထုပ္ပိုးထားသည့္အျပင္ အျပင္ဘက္ကေနလည္း ႂကြပ္ႂကြပ္အိတ္သုံးေလးထပ္ႏွင့္ ထုပ္ထားျခင္းေၾကာင့္ ေရတစ္ေပါက္မွ် စိုျခင္းမ႐ွိ။
လုဟယ့္ရန္ ႐ႊီက်ယ္ဆီ အၾကည့္ပို႔လိုက္ေသာအခါ ႐ႊီက်ယ္က သူ႕ကို ၾကည့္ေနႏွင့္ခဲ့သည္။လွ်ပ္တစ္ျပက္ အခိုက္အတန္႔ေလးဆိုေသာ္ျငား ႐ႊီက်ယ့္မ်က္၀န္းေတြက ဂ႐ုတစိုက္ အာ႐ုံျပဳေနခဲ့သည္။သူတို႔ႏွစ္ဦး မ်က္လုံးခ်င္းဆုံမိသြားခ်ိန္ ႐ႊီက်ယ္ကအရင္ အၾကည့္လႊဲဖယ္လိုက္သည္။အာ႐ုံေျပာင္းဖုံးကြယ္သည့္သေဘာျဖင့္ သူ ေမးလိုက္မိ၏။
" မင္း စားဦးမလား "
ဤေမးခြန္းဟာ တစ္ႀကိမ္ ျငင္းပယ္ခံခဲ့ရၿပီးၿပီျဖစ္သည့္အေလ်ာက္ ႐ႊီက်ယ္ ေနာက္တစ္ႀကိမ္ ေမးရန္ မသင့္ေပမင့္ သူ႕တြင္ အျခားေျပာစရာစကားလုံးက ႐ွာမေတြ႕။ဒီေမးခြန္းကိုသာ ထပ္ေမးလိုက္ရသည္။
လုဟယ့္ရန္က လက္တစ္ဖက္ကို စားပြဲအစြန္၌ ေထာက္၍ အေ႐ွ႕သို႔ ကိုယ္ကို အနည္းငယ္ ကိုင္းလိုက္သည္။႐ႊီက်ယ့္အေမးကို မေျဖပါဘဲ ျပန္ေမးလိုက္၏။
" ၿမိဳ႕ထဲကို သြားခဲ့တာလား "
" အင္း "
" အဲဒီကို ဘယ္လိုေရာက္သြားတာလဲ "
" ေတာင္ေျခမွာ ဘတ္(စ္)ကားမွတ္တိုင္႐ွိတယ္ "
႐ႊီက်ယ္က ႐ိုးသားစြာ ေျဖသည္။
" ေဝးလား ? "
" ၿမိဳ႕ထဲေရာက္ဖို႔ဆို ၂ ကီလိုမီတာေလာက္ ေျခက်င္ေလွ်ာက္ၿပီး မိနစ္ ၄၀ ေက်ာ္ေက်ာ္ ဘတ္(စ္)ကားစီးရတယ္ "
႐ႊီက်ယ္ စကားေျပာတာက မေႏွးလြန္း ၊ မျမန္လြန္းေလးျဖစ္သည္။ေျပာသမွ် စကားလုံး တစ္လုံးစီက ၾကည္လင္ပီသေနသည္။အသုံးျပဳသူထံ ခရီးစဥ္အေၾကာင္း ႀကိဳတင္အသိေပးေနေသာ လမ္းၫႊန္စနစ္တစ္ခုပမာ။ေရခ်ိဳးထားျခင္းေၾကာင့္ ႐ႊီက်ယ္ခႏၶာကိုယ္က ေရခ်ိဳးဆပ္ျပာရည္အနံ႔ကို ထုတ္လႊတ္ေနသည္။လက္ပတ္ ၀တ္မထားရာ Pheromone မ်ားကို ႀကိဳးစားထိန္းခ်ဳပ္ေနေသာ္လည္း လုံးလုံးလ်ားလ်ား ဖုံးဝွက္မထားႏိုင္ေခ်။
" အသြားအျပန္နဲ႔ဆို သုံးနာရီေက်ာ္ၾကာမွာပဲ "
လုဟယ့္ရန္က ၾကာခ်ိန္ကို သုံးသပ္လိုက္သည္။
" ဟုတ္တယ္ "
အမွန္က ႐ႊီက်ယ္ အခ်ိန္ကို ေသခ်ာ မၾကည့္ခဲ့မိ။သို႔တိုင္ အၾကမ္းဖ်င္း တြက္ၾကည့္လိုက္လွ်င္ ထိုမွ် ၾကာခဲ့သည္ပင္။
" အဲဒီဆိုင္ ႐ွိေသးလား "
လုဟယ့္ရန္က ႐ႊီက်ယ့္မ်က္ႏွာကို တည့္တည့္ၾကည့္လို႔ ေမးလာသည္။
" မေတြ႕ခဲ့ဘူးရယ္။ ဒါေတြက တျခားဆိုင္က ၀ယ္ခဲ့တာ "
စကားဆုံးမွ ႐ႊီက်ယ္ ထပ္ျဖည့္ေျပာလိုက္သည္။
" ဒီဆိုင္ကမုန္႔ေတြကလည္း ေတာ္ေတာ္စားေကာင္းတယ္တဲ့ "
႐ႊီက်ယ္ကို စကားေျပာေစခ်င္ပါက တြန္အားဖြဖြေလးေပးရန္ လိုအပ္ေၾကာင္း လုဟယ့္ရန္ သတိျပဳလိုက္သည္။႐ႊီက်ယ္ဟာ သူ႕ဘက္ကေန စကားစေျပာလိမ့္မည္ မဟုတ္။သူ႕အား တစ္ခုခုေမးလွ်င္ေတာ့ အမွန္အတိုင္း ႐ိုး႐ိုးသားသား ေျဖေပးလိမ့္မည္ --- ယင္းက အဓိကအခ်က္ မမည္ပါေခ်။
အဓိကအခ်က္မွာ အသြားအျပန္ သုံးနာရီေက်ာ္ၾကာသည့္ခရီး ၊ လုံး၀ ရင္းႏွီးကြၽမ္း၀င္မႈမ႐ွိသည့္ ၿမိဳ႕ေနရာ ၊ ေပ်ာက္ကြယ္သြားၿပီျဖစ္သည့္ 'ခြိဳက္' နာမည္စာလုံးပါေသာ စားေသာက္ဆိုင္ငယ္ေလးကို ႐ွာရန္ ျဖတ္သန္းခဲ့ရမည့္ လမ္းႀကိဳလမ္းၾကားမ်ားစြာ။လမ္းဘယ္ႏွသြယ္ကို ႐ႊီက်ယ္ ေကြ႕ပတ္ျဖတ္ခဲ့ရသည္ ၊ လူဘယ္ႏွေယာက္ကို လမ္းေတြေမးခဲ့ရသည္ဆိုတာ သူကိုယ္၌သာ သိလိမ့္မည္။
လုဟယ့္ရန္က ေခ်ာမြတ္ေနေသာ စားပြဲမ်က္ႏွာျပင္တြင္ လက္ညိိဳးထိပ္ႏွင့္ စက္ဝိုင္းပုံေလး ေရးဆြဲလိုက္သည္။
" ဘာလို႔လဲ ? "
ထိုေမးခြန္းသုံးလုံးက ေလးလံသည္လည္း မဟုတ္ ၊ ေပါ့ပါးေနသည္လည္း မဟုတ္ေပမင့္ ႐ႊီက်ယ့္ကို လႈပ္ႏိႈးလိုက္ႏိုင္သည္။
သူ ေတာင္ေအာက္ဆင္းကာ ၿမိဳ႕ထဲသို႔ ဘတ္(စ္)ကားစီးသြားခဲ့တုန္းက ႐ႊီက်ယ္ မ်ားမ်ားစားစား မေတြးခဲ့။သူ႕ရဲ႕ဒီလုပ္ရပ္အတြက္ က်ိဳးေၾကာင္းဆီေလ်ာ္သည့္ ေျဖ႐ွင္းခ်က္တစ္ခုကို မည္သို႔ေပးရမည္မွန္း ႐ႊီက်ယ္ စဥ္းစားမထား။ မင္း ေကာင္းေကာင္းေတာင္ မသိတဲ့လူတစ္ေယာက္ကို မုန္႔၀ယ္ေပးဖို႔ ဘာလို႔ သုံးနာရီေက်ာ္ေက်ာ္ ခရီးလြန္ေနတာလဲ ? - အႏွီအေျဖကို ႐ွင္းျပလို႔ရမည့္ပုံ မေပၚပါေခ်။
" ဘာလို႔ဆို ......... "
႐ႊီက်ယ္ အေနာက္ကို ေျခတစ္လွမ္းဆုတ္ၿပီး စားပြဲေပၚ လက္ေထာက္လိုက္သည္။ပိုမိုသဘာ၀က်သည့္ ဟန္ပန္မ်ိဳးျဖစ္ေအာင္ အေကာင္းဆုံး ႀကိဳးစားေနျခင္း။သူ႕ထံ အားကုန္ဖိထားေသာ လုဟယ့္ရန္၏အၾကည့္ေတြကို ႐ႊီက်ယ္ ခံစားမိသည္။အာေခါင္ေတြပါ ေျခာက္လာ၍ ႏႈတ္ခမ္းသပ္လိုက္၏။႐ႊီက်ယ္ ၾကမ္းျပင္က ေကာ္ေဇာ္ကို ငုံ႔ၾကည့္ေျဖသည္။
" မင္းက မုန္႔ေတြ စားေကာင္းတယ္ေျပာခဲ့ေတာ့ ငါ စားခ်င္လာလို႔ "
အေျဖဟာ ႐ိုးသားမႈနတၳိ။လုဟယ့္ရန္ ႐ႊီက်ယ့္ကို ေျပာျပလိုလွသည္ --- မင္းက မုန္႔စားခ်င္တယ္ဆိုတာနဲ႔ပဲ မုန္႔ထြက္၀ယ္ဖို႔ ပိုက္ဆံအကုန္ခံမည့္သူႏွင့္ တူမေနပါဟု။
႐ႊီက်ယ့္ကို လုဟယ့္ရန္ ဆက္တိုက္ စိုက္ၾကည့္ေနေသာအခါ သူ႕ရဲ႕အၾကည့္စူးစူးမ်ားေအာက္၌ ႐ႊီက်ယ့္မ်က္ႏွာက ျဖဴေဖ်ာ့လာသည္။လုဟယ့္ရန္ ခပ္ျဖည္းျဖည္းခ်င္း ေရ႐ြတ္လိုက္၏။
" ဪ ၊ အဲဒီလိုကိုး "
႐ႊီက်ယ္မွာ ေခါင္းညိတ္ျပရန္ပင္ ေမ့ေနလ်က္ တုပ္တုပ္မလႈပ္ ရပ္ေနခဲ့သည္။
" မုန္႔စားလိုက္ပါဦး "
လုဟယ့္ရန္က ဆိုသည္။
" စားၿပီး ေအးေဆးအနားယူေပါ့ "
လုဟယ့္ရန္ ဆိုဖာဆီ ျပန္သြားထိုင္ကာ ဖုန္းဖြင့္ၾကည့္ေနသည္။႐ႊီက်ယ္ တစ္ဖက္လူ၏ေျပာစကားကို 'အင္း' တစ္လုံးျဖင့္ ေႏွးေကြးစြာ အသံျပဳ၍ အထပ္ထပ္ ထုပ္ပိုးထားေသာ အလႊာမ်ားကို ဖယ္လို႔ စားပြဲနားကထိုင္ခုံမွာ ၀င္ထိုင္လိုက္သည္။
တီဗြီထဲကေန စူးစူး႐ွ႐ွ ေအာ္သံတစ္ခုက ႐ုတ္တရက္ ထြက္လာသည္။ယင္းအသံကို သူတို႔ႏွစ္ေယာက္ ၿပိဳင္တူ အာ႐ုံစိုက္လိုက္မိၾကသည္။႐ႊီက်ယ္က တီဗြီကို တစ္ခ်က္လွမ္းၾကည့္ရင္း လုဟယ့္ရန္ကိုပါ ေခါင္းေလး အနည္းငယ္ ယိမ္းၾကည့္လိုက္သည္။မေမွ်ာ္လင့္ထားသည္က လုဟယ့္ရန္ကလည္း သူ႕ကို ၾကည့္ေနခဲ့သည္။
" မင္း ဒီဆိုဖာမွာ လာထိုင္ၾကည့္ေလ "
႐ႊီက်ယ္ ထိုင္ေနသည့္ေနရာကဆိုလွ်င္ တီဗြီကို ေကာင္းေကာင္းျမင္ရရန္ ခက္လိမ့္မည္။
" ရပါတယ္ "
႐ႊီက်ယ္က ေခါင္းယမ္းျပသည္။
သူ မုန္႔ဆက္စားေနစဥ္ လုဟယ့္ရန္က ေျပာသည္။
" ေဘးအခန္းကေရပိုက္ ျပင္ၿပီးၿပီတဲ့ "
လုဟယ့္ရန္ရဲ႕စကားအဓိပၸါယ္ကို ႐ႊီက်ယ္ တန္းနားလည္လိုက္သည္။အိတ္ထဲက အသားေပါင္းမ်ားကို ေငးၾကည့္ေနေသာ ႐ႊီက်ယ့္ခႏၶာကိုယ္ဟာ ေတာင့္ခဲေနသေယာင္။ခဏအၾကာ ႐ႊီက်ယ္ ေခါင္းေမာ့လာခဲ့သည္။
" ငါ ေဘးအခန္းမွာ အိပ္ဖို႔ အခု ဆရာမကို သြားေျပာလိုက္ပါ့မယ္ "
သူ႕ပစၥည္းပစၥယာအားလုံးနဲ႔အတူ ဤအခန္းကေန ထြက္သြားရန္ ၾကာမည့္အခ်ိန္ကို ႐ႊီက်ယ္ ေခါင္းထဲ၌ တြက္ခ်က္ၾကည့္လိုက္သည္။ ၁ မိနစ္ထက္ မပိုေပ --- သို႔ေပတည့္ ႐ႊီက်ယ္အဖို႔ အက္မတန္ ႐ွည္လ်ားလြန္းေသာ အခ်ိန္တည္း။သူ ဘယ္ေလာက္ပဲ တုံးအထုံထိုင္းေနပါေစ ၊ လုဟယ့္ရန္ရဲ႕စကားအရိပ္အႁမြက္ကို သေဘာေပါက္ေသာအခါ အနည္းႏွင့္အမ်ား ကိုး႐ိုးကားရားႏိုင္စြာ ႐ွက္႐ြံ႕ရပါ၏။တစ္ဖက္လူက လုဟယ့္ရန္ျဖစ္ေနသည္မို႔။
႐ႊီက်ယ္ ပစၥည္းေတြ သိမ္းဖို႔ရာ မတ္ထပ္ထရပ္အံ့ဆဲဆဲ လုဟယ့္ရန္က ေမးသည္။
" မင္းက ေဘးအခန္းမွာ အိပ္ခ်င္လို႔လား ? "
ေမးခြန္းကို တုံ႔ျပန္ရမည့္နည္းအား ႐ႊီက်ယ္ မေတြးတတ္။လုဟယ့္ရန္ ထိုသို႔ေမးရျခင္း၏ ရည္႐ြယ္ခ်က္ကို သူ လမ္းေပ်ာက္လာသည္။
လုဟယ့္ရန္က ေအးေအးလူလူျဖင့္ ေရတစ္ငုံေသာက္လ်က္ ႐ႊီက်ယ့္ကို လွည့္ၾကည့္သည္။
" မင္း သြားအိပ္ခ်င္ေတာင္ ဘာမွလုပ္မရေတာ့ဘူးပဲ။ အဲဒီေဘးအခန္းက တျခားလူတစ္ေယာက္ ယူသြားၿပီ "
႐ႊီက်ယ္ မဟုတ္သည့္ မည္သူမဆို ယခု ၎တို႔ က်ီစယ္ခံလိုက္ရေၾကာင္း သိမည္ျဖစ္ပါေသာ္ျငား ႐ႊီက်ယ္ကမူ မ်က္ေတာင္ေလးေတြ လႈပ္ခတ္႐ုံသာ လႈပ္ခတ္သြားခဲ့သည္။သူ အခန္းကေန ထြက္သြားေပးစရာ မလိုမွန္း ေသခ်ာခါမွ တိုးတိုးေလး ေျဖသည္။
" အင္းပါ "
" ႏို႔ၾကက္ဥေပါင္းေပါက္စီ က်န္ေသးလား "
လုဟယ့္ရန္ရဲ႕ႏႈတ္ခမ္းစြန္းေတြက အေပၚကို မဆိုစေလာက္ေလး ေကာ့ၫႊတ္ေနသည္။စိတ္အေျခအေန ေကာင္းမြန္ေနပါသည့္အသြင္။
" ဒါေတြကို အေဝးႀကီး တကူးတက သြား၀ယ္ခဲ့ရတာ တန္ရဲ႕လား သိခ်င္လာလို႔ "
" ဒီမွာ႐ွိတယ္ "
႐ႊီက်ယ့္လႈပ္႐ွားမႈမ်ားက ျမန္ဆန္သြက္လက္စြာ။မျဖည္ရေသးေသာ ႏို႔ၾကက္ဥေပါင္းေပါက္စီတစ္ထုပ္ကို ဆိုဖာေပၚက လုဟယ့္ရန္ထံ ယူသြားေပးသည္။
" ေႏြးေနတုန္းပဲ "
လုဟယ့္ရန္က မုန္႔ကို လက္ခံကာ ျပဳံးျပသည္။
" ေက်းဇူးပါ "
*********
မီးေတြ ပိတ္ၿပီး မ်က္လုံးအုပ္မ၀တ္မီ လုဟယ့္ရန္ ႐ႊီက်ယ့္ကို ေမးလိုက္သည္။
" ေလေအးေပးစက္ရဲ႕အပူခ်ိန္ကို ညႇိေပးရဦးမလား "
အခန္းက အလြန္တိတ္ဆိတ္ေနသည္။လုဟယ့္ရန္အသံက တိုးတိုးညင္းညင္း။႐ႊီက်ယ့္ သူ႕နား႐ြက္သူ ထိကိုင္လိုက္မိ၏။
" ဟင့္အင္း ၊ အဆင္ေျပပါတယ္ "
အျမင္အာ႐ုံက အေမွာင္ထုႏွင့္ တစ္စတစ္စ က်င့္သားရစျပဳလာသည္။႐ႊီက်ယ္ ပက္လက္လွဲေနရင္း လုဟယ့္ရန္ဘက္သို႔ ေခါင္းငဲ့ၾကည့္လိုက္သည္။အယ္လ္ဖာ၏ ေမ့းေစ့ ၊ ႏႈတ္ခမ္း ၊ ႏွာေခါင္း ၊ နဖူးေကာက္ေၾကာင္းတို႔ကို မႈန္ဝါးဝါး ျမင္ေနရသည္။သူ အိပ္ေပ်ာ္ႏိုင္မွာမဟုတ္ဘဲ ညလုံးေပါက္ ဒီအတိုင္း ေနသြားရေလာက္သည္ဟု ႐ႊီက်ယ္ ထင္ခဲ့ေပမင့္ အခုလိုမ်ိဳး လုဟယ့္ရန္ကို ၾကည့္လ်က္ အႏွီသူ၏အသက္႐ွဴသံကို နားစိုက္ေထာင္ေနလိုက္ခ်ိန္ အံ့ဖြယ္ေကာင္းစြာပင္ အိမ္မက္မက္ေနသည့္ပမာ ၿငိမ္းခ်မ္းလာခဲ့သည္။
မ်က္ခြံမ်ားကို ေမွးမွိတ္၍ ႐ႊီက်ယ္ အိပ္ေမာက်သြားသည္ႏွင့္တစ္ၿပိဳင္နက္ အိမ္မက္ေတြဟာ ႐ႈပ္ေထြးသထက္ ႐ႈပ္ေထြးလာသည္။
ည ၁ နာရီခြဲဝန္းက်င္၌ လုဟယ့္ရန္ တစ္ေရးႏိုးလာၿပီး မ်က္လုံးအုပ္ကို ဆြဲခြၽတ္လိုက္သည္။ေဘးခုတင္႐ွိ ႐ႊီက်ယ္က ျပတ္ေတာင္းျပတ္ေတာင္း ေခ်ာင္းဆိုးေနကာ ေလ႐ွဴသံ ကေမာက္ကမ။အသံက သိပ္မက်ယ္ပါသည့္တိုင္ နားအစို႔၀တ္မထားေသာ လုဟယ့္ရန္အဖို႔ လႈပ္႐ွားမႈေသးေသးေလးတစ္ခုကေတာင္ သူ႕အား သက္ေရာက္ေစသည္။
လုဟယ့္ရန္ ငုတ္တုတ္ထထိုင္လိုက္ၿပီး နံရံကပ္မီးကို လက္လွမ္းဖြင့္လို႔ ညာဘက္ကို ၾကည့္လိုက္သည္။႐ႊီက်ယ့္မ်က္ႏွာတစ္ျခမ္းခန္႔က ေစာင္ထဲတြင္ နစ္ျမဳပ္ေနသည္။မ်က္လုံးမ်ားက တင္းတင္းၾကပ္ၾကပ္ ပိတ္ထား၏။မ်က္ခုံးတန္းမ်ားကပါ တြန္႔ခ်ိဳးေနသည္။သတိလက္လြတ္ ေခ်ာင္းဆိုးေနရင္းျဖင့္ Pheromone နံ႔မ်ားကို အထိန္းအကြပ္မဲ့ ထုတ္လႊတ္လာသည္။
မိုးမိသည့္အ႐ွိန္ႏွင့္ မၾကာေသးခင္က ျဖစ္ပြားခဲ့ေသာ Susceptible period တို႔ ေပါင္းစပ္ျခင္းေၾကာင့္ ႐ႊီက်ယ္ လြယ္လင့္တကူ အဖ်ား၀င္သြားခဲ့သည္။
လုဟယ့္ရန္ အိပ္ရာထဲကဆင္းကာ ႐ႊီက်ယ့္ခုတင္ေဘးသို႔ သြားရပ္လိုက္သည္။မ်က္ႏွာတစ္ခုလုံး ေပၚလာေစရန္ ေစာင္ကို အနည္းငယ္ ဆြဲခ်လိုက္၏။႐ႊီက်ယ့္ႏႈတ္ခမ္းႏွင့္ ပါးျပင္ေတြက မူမမွန္စြာ နီေစြးေနသည္။ဆံပင္ေတြက ဖ႐ိုဖရဲ ပြေယာင္းလ်က္။အိပ္ရာထက္တြင္ လွဲေနသူဟာ တို႔ထိလိုက္လွ်င္ က်ိဳးပဲ့မ်ားသြားမလားဟု ထင္မွတ္ရေလာက္ေအာင္ အင္မတန္ ႏုနယ္ဟန္ေပၚေနပါေသာ္ျငား ပုံမွန္အခ်ိန္မ်ားထက္ အသက္၀င္ ႐ႊန္းလဲ့ေနခဲ့သည္။
" ႐ႊီက်ယ္ "
လုဟယ့္ရန္ ေခၚၾကည့္လိုက္သည္။
႐ႊီက်ယ္က ပိုမိုမ်က္ေမွာင္ၾကဳတ္သြားၿပီး ေခါင္းကို ညာဘက္သို႔ ေစာင္းလိုက္သည္။လည္ကုပ္႐ွိ gland ကလည္း အဖ်ားဒဏ္နဲ႔အတူ နီရဲေနသည္။အခ်ိန္မီ မကုသပါက ေနာက္တစ္ႀကိမ္ Susceptible period ၀င္ရန္ အစပ်ိဳးေပးလိုက္သလို ျဖစ္လိမ့္မည္။
လုဟယ့္ရန္ တာ၀န္က်အေစာင့္၀န္ထမ္းကို ေအာက္ထပ္ဆင္း႐ွာ၍ သာမိုမီတာတစ္ေခ်ာင္းႏွင့္ အဖ်ားေပ်ာက္ေဆးႏွစ္လုံး ေတာင္းလိုက္သည္။
လွ်ပ္စစ္သာမိုမီတာက အသုံးျပဳျခင္းမ႐ွိတာ အေတာ္ၾကာၿပီမို႔ အထဲက ဘက္ထရီက ျဖဳတ္ထားခံရသည္။၀န္ထမ္းက သူ ဘက္ထရီသြား႐ွာေပးမည္ျဖစ္လို႔ လုဟယ့္ရန္အား ေခတၱမွ် ေစာင့္ေပးပါရန္ ဆိုသည္။လုဟယ့္ရန္ တစ္ပါးသူကို ကရိကထမမ်ားေစခ်င္သျဖင့္ ေဆးေသတၱာထဲက မာက်ဴရီသာမိုမီတာကိုသာ ယူခဲ့လိုက္သည္။
အခန္းျပန္ေရာက္ေရာက္ခ်င္း လုဟယ့္ရန္ လက္ပတ္၀တ္ကာ ဂီယာကို အျမင့္ဆုံးတင္လိုက္သည္။ထို႔ေနာက္ သတၳဳဓါတ္ဆားရည္တစ္ဘူးကို အဖုံးဖြင့္ၿပီး ယင္းဓါတ္ဆားရည္ဘူးႏွင့္ ေဆးျပားမ်ားကို အိပ္ရာေဘး႐ွိစားပြဲပုေလးေပၚ တင္ထားလိုက္သည္။သာမိုမီတာကိုလည္း အရက္စြတ္ထားေသာ ဂြမ္းစႏွင့္ ပိုးသတ္လိုက္၏။သူ ခါးကိုင္းလ်က္ သာမိုမီတာကို ႐ႊီက်ယ့္ႏႈတ္ခမ္းေထာင့္ၾကား ထည့္ေပးဖို႔ ျပင္လိုက္သည္။
" ပါးစပ္ဟပါဦး ၊ အပူခ်ိန္ တိုင္းၾကမယ္ "
႐ႊီက်ယ္ဟာ ေအးစက္စက္ အရာ၀တၳဳေၾကာင့္ တြန္႔ဆုတ္သြားသည္။ႏႈတ္ခမ္းႏွစ္လႊာကို ေစ့ပိတ္ပစ္ရင္း ေခါင္းကို တစ္ဖက္လွည့္လိုက္သည္။အၾကင္သူ၏အသက္႐ွဴသံမ်ားက ေလးလံျမန္ဆန္ေနသည္။ျဖဴေဖြးေနေသာ လည္တိုင္သြယ္ေၾကာ့ေၾကာ့က ၀င္သက္ထြက္သက္တို႔နဲ႔အတူ နိမ့္ခ်ည္ျမင့္ခ်ည္။လုဟယ့္ရန္ ႐ႊီက်ယ္၏ ၎ပုံစံေလးအား ခဏၾကာ စိုက္ၾကည့္ေနခဲ့သည့္ေနာက္၌ လက္တစ္ဖက္ကို ဆန္႔ထုတ္ကာ ႐ႊီက်ယ့္ေမးေစ့ကို ထိန္းကိုင္လိုက္သည္။သာမိုမီတာ ထည့္ရေစရန္ ေအာက္ႏႈတ္ခမ္းကို လက္မႏွင့္ ဖိဆြဲဖြင့္လိုက္၏။
" အမ္း ....... "
႐ႊီက်ယ္ မိန္းေမာေနတဲ့ၾကားက ညည္းတြားလိုက္သည္။ႏႈတ္ခမ္းကို ဖြင့္ေပးလိုက္မိၿပီး မရည္႐ြယ္ဘဲ ျပဴထြက္လာေသာ လွ်ာဖ်ားေလးက လုဟယ့္ရန္ရဲ႕လက္မထိပ္ကို လ်က္လိုက္ေလသည္။
လွ်ာဖ်ားက ပူေႏြးႏူးညံ့ေနသည္။လုဟယ့္ရန္၏ လက္ဖ်ားထိပ္၀ယ္ အရည္ၾကည္ေရာင္ အမွတ္စိုတစ္ခုကို ခ်န္ရစ္ခဲ့၏။ယင္းကို မွိန္ေဖ်ာ့ေဖ်ာ့ မီးအဝါေရာင္ေလးေအာက္တြင္ မသဲမကြဲ ခပ္ေရးေရးမွ် ေတြ႕ေနရသည္။လုဟယ့္ရန္ ႐ႊီက်ယ့္မ်က္ႏွာအနား ပိုငုံ႔၍ တစ္ဖက္လူ၏ ေမးေစ့ကို အေပၚပင့္လိုက္သည္။သြားေတြကို ဖြင့္ဖို႔ရာ လက္ညိႇဳးႏွင့္လက္မကို ႏႈတ္ခမ္းထဲသို႔ ျဖည္းညင္းတည္ၿငိမ္စြာ ထိုးသြင္းလိုက္သည္။
စိမ္းသက္ေနသည့္ တစ္ခုခုက ႐ႊီက်ယ္ခံတြင္းထဲ က်ဴးေက်ာ္၀င္ေရာက္လာသည္။ထိုအရာက ဘာလဲဆိုတာ စူးစမ္းခ်င္သည့္အေလ်ာက္ ႐ႊီက်ယ္ လုဟယ့္ရန္ရဲ႕လက္ေခ်ာင္းမ်ားကို လွ်ာျဖင့္ ရစ္ပတ္ငုံေထြးလိုက္သည္။လုဟယ့္ရန္ရဲ႕လက္ႏွစ္ေခ်ာင္းက ႐ႊီက်ယ့္အာခံတြင္းထဲ တျဖည္းျဖည္း ေမႊေႏွာက္ရင္း တစ္ဖက္လူ၏လွ်ာဖ်ားကို ေဆာ့ကစားေနသည္။ေစးကပ္စိုစြတ္သည့္ အသံမ်ားက ပ်ံ႕လြင့္ေန၏။စုပ္ယူငုံေထြးခံထားရေသာ လက္ေခ်ာင္းမ်ား၏ အထိအေတြ႕ကို လုဟယ့္ရန္ ႐ွင္း႐ွင္းလင္းလင္း ခံစားေနရသည္။႐ႊီက်ယ္ဟာ တံေတြးမ်ား အဆက္မျပတ္ စိမ့္ထြက္လာၿပီး ၎တို႔ကို အလ်င္မီေအာင္ မ်ိဳခ်ေနရသည္။သူ မ်ိဳမခ်ႏိုင္ေတာ့ေသာ တံေတြးမ်ားက ႏႈတ္ခမ္းေထာင့္မွတစ္ဆင့္ စီးက်လာခဲ့သည္။႐ႊီက်ယ္ လည္ေခ်ာင္းထဲကေန ဗလုံးဗေထြးအသံတခ်ိဳ႕ကို ျပဳလုပ္ေနကာ ခဲခဲယဥ္းယဥ္း အသက္႐ိႈက္႐ွဴေနရသည္။အသနားခံသည့္အေနႏွင့္ လုဟယ့္ရန္ရဲ႕လက္ေကာက္၀တ္ကို ႐ႊီက်ယ္ လက္ေျမႇာက္ဖမ္းဆုပ္လိုက္သည္။
သူ မ်က္လုံးေတြကို မူးေဝစြာ တစ္၀က္ခန္႔ ဖြင့္ၾကည့္လာသည္။ေရေငြ႕ရိပ္သမ္းေနေသာ အလင္းေရာင္ယဲ့ယဲ့က မ်က္၀န္းအိမ္ထဲတြင္ ထင္ဟပ္ေနသည္။လုဟယ့္ရန္မွန္း ျမင္လိုက္ရသည့္တိုင္ သတိမမူမိ။တဒဂၤစာမွ်ၾကာေသာအခါ မ်က္လုံးမ်ားက တစ္ဖန္ ျပန္မွိတ္သြားခဲ့သည္။စိတ္ထဲတြင္လည္း ဇေဝဇဝါ ႐ႈပ္ေထြးေန၏။
လက္ေခ်ာင္းေတြက တံေတြးမ်ားျဖင့္ ႐ႊဲ႐ႊဲစိုေနၿပီျဖစ္သည္။လုဟယ့္ရန္ ႐ႊီက်ယ့္ႏႈတ္ခမ္းအဟၾကားေလးကေန ပါးစပ္သို႔ သာမိုမီတာထည့္ေပးလိုက္သည္။
အရက္အရသာကို ရလိုက္စဥ္ ႐ႊီက်ယ္ ႏႈတ္ခမ္းမ်ားကို အတင္းပိတ္ပစ္၍ ေခါင္းလွည့္ေ႐ွာင္မည္အျပဳ လုဟယ့္ရန္က ခပ္တိုးတိုး ေျပာသည္။
" ပါးစပ္ဟရမယ္ေလ ၊ သာမိုမီတာကို ငုံထားလိုက္ "
သူ႕စကားကို ႐ႊီက်ယ္ ၾကားရဲ႕လား လုဟယ့္ရန္ မသိေပမင့္ ေခါင္းလႈပ္ေနတာ ရပ္သြားသည့္အျပင္ လုဟယ့္ရန္ရဲ႕လက္ေကာက္၀တ္အား ဆုပ္ထားေသာ လက္ကိုပါ ျဖဳတ္သြားခဲ့၏။လုဟယ့္ရန္တစ္ေယာက္ လက္ေခ်ာင္းမ်ားကို ျပန္႐ုတ္ၿပီး သာမိုမီတာကို နည္းနည္း ပိုနက္နက္ေလး ထည့္လိုက္သည္။သူ႕မွာက တျခားလူကို သာမိုမီတာတိုင္းေပးဖူးသည့္ အေတြ႕အၾကဳံမ႐ွိရာ ႐ႊီက်ယ့္အာေခါင္ကို မေတာ္တဆ ထိုးမိသြားသည္။႐ႊီက်ယ္ ေမးေစ့ကို မသက္မသာ ေမာ့လ်က္ 'အာ့' ဟု ျမည္တမ္းလိုက္သည္။လုဟယ့္ရန္ သာမိုမီတာအေနအထားကို ျပဳျပင္ေပးလိုက္၏။
႐ႊီက်ယ္က သာမိုမီတာကို မ်ိဳခ်တာျဖစ္ျဖစ္ ၊ ေထြးထုတ္ထာျဖစ္ျဖစ္ လုပ္ေနမည္စိုးသျဖင့္ ရလဒ္ထြက္သည္အထိ လုဟယ့္ရန္ အိပ္ရာေဘးတြင္ ရပ္ေစာင့္ၾကည့္ေနသည္။
အခ်ိန္ျပည့္လွ်င္ လုဟယ့္ရန္ သာမိုမီတာကို ထုတ္လိုက္သည္ - အပူခ်ိန္က ၃၉ ဒီဂရီနီးနီး။ေသခ်ာေပါက္ကို ဖ်ားေနျခင္းပင္။သူ လက္သြားေဆးကာ ႐ႊီက်ယ့္ေခါင္းကို လည္ပင္းအေနာက္ကေန ထူမ'လို႔ ေအာက္တြင္ ေခါင္းအုံးတစ္လုံး ခုေပးလိုက္သည္။ေဆးကို ႐ႊီက်ယ့္ပါးစပ္ဆီသို႔ တိုးေပးရင္း ဆိုသည္။
" မင္း အဖ်ားေတြတက္ေနတာ ေဆးေသာက္ရမယ္ "
ဤတစ္ႀကိမ္၌မူ ႐ႊီက်ယ္က နာနာခံခံေလး ပါးစပ္ဖြင့္၍ ေဆးေသာက္သည္။လုဟယ့္ရန္က သူ႕ကို ေရတိုက္ေသာအခါ ႏွစ္ငုံမွ်ေသာက္ၿပီး ရပ္လိုက္၏။
လုဟယ့္ရန္က ေမးသည္။
" ေဆးေတြကို ဗိုက္ထဲ မ်ိဳခ်လိုက္ၿပီလား "
႐ႊီက်ယ္ ခ်ည့္နဲ႔စြာ ေခါင္းညိတ္ျပသည္။
လုဟယ့္ရန္ : " အဲဒါဆို ေရေလး ထပ္ေသာက္လိုက္ဦး "
႐ႊီက်ယ္က လိမ္လိမ္မာမာႏွင့္ ေရနည္းနည္းထပ္ေသာက္လိုက္သည္။လုဟယ့္ရန္ ေရဘူးကို အေနာက္ဆုတ္ ဖယ္လိုက္စဥ္ ေငြေရာင္ အမွ်င္တန္းေလးတစ္ခုက ေရဘူးအ၀ႏွင့္ ႐ႊီက်ယ့္ႏႈတ္ခမ္းအၾကားတြင္ သြယ္တန္းေနသည္။ေရတခ်ိဳ႕ဟာ ႐ႊီက်ယ့္ႏႈတ္ခမ္းေထာင့္က လွ်ံက်လာကာ ေမးေစ့သို႔ စီးလာသည္။လုဟယ့္ရန္ တစ္႐ွဴးတစ္႐ြက္ကို ယူလ်က္ ႏႈတ္ခမ္းေထာင့္ကို သုတ္ေပးလိုက္သည္။၎ေနာက္ ေခါင္းအုံးကို ဖယ္၍ ႐ႊီက်ယ္အား အိပ္ရာေပၚ ျပန္လွဲေစသည္။
၁၀ မိနစ္ေက်ာ္အၾကာ ႐ႊီက်ယ္ တျဖည္းျဖည္း ၿငိမ္သက္သြားခဲ့သည္။လုဟယ့္ရန္ ပစၥည္းမ်ားကို အလ်ိဳလ်ိဳ ႐ွင္းလင္းလိုက္သည္။သူ ျပန္မအိပ္ခင္ ႐ႊီက်ယ့္ကို တစ္ခ်က္ လွမ္းၾကည့္ၿပီးမွ မီးေတြပိတ္လို႔ အိပ္ရာ၀င္ခဲ့သည္။
*
*
*
*
*
*
The original author has something to say ;
လုဟယ့္ရန္က သားရဲေကာင္ႀကီးဆိုတာ မရိပ္မိေသးတဲ့သူမ်ား ႐ွိလားေနာ္ ?
[ စီးကရက္ ဖြာလ်က္ ] 🚬✌
This translator has something to say ;
ကိုႀကီးဟယ့္ရန္ရဲ႕သာမိုမီတာတိုင္းနည္းမွာ က်ယ္မ ဆြံ႕အ။ဒါေတာင္ ရဲဇားေတြမျဖစ္ေသးဘူး ၊ ျဖစ္မ်ားျဖစ္ရင္ ေဒါ့ဖုကို ဆယ့္ႏွစ္ဘီးကားနဲ႔ တိုက္ၿပီး စားရေလာက္တယ္ ... 👻
ဟြန္႔ ၊ သူေနာ္ ... ႐ိုးပဲ႐ိုးသလိုလို ၊ စိတ္ပဲမ၀င္စားသလိုလို ၊ ဂ႐ုပဲမစိုက္သလိုလိုနဲ႔ ... လူဇိုး ! 🤓
ဒါေပမယ့္ က်မ ႀကိဳက္တယ္ ဟဲဟဲ 😹
《 Xu Ze in the rain 》