The Love Sleeping Under The M...

By AttarSawLwinYar

50.3K 3.3K 1.2K

[๐š„๐š—๐š’+๐š‰๐šŠ๐š ] แ€›แ€”แ€บแ€žแ€ฐแ€ทแ€“แ€ฌแ€ธแ€œแ€€แ€บแ€”แ€€แ€บแ€กแ€ฑแ€ฌแ€€แ€บแ€™แ€พแ€ฌแ€€แ€ปแ€›แ€พแ€ฏแ€ถแ€ธแ€›แ€แ€ผแ€„แ€บแ€ธแ€‘แ€€แ€บ แ€›แ€”แ€บแ€žแ€ฐแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธโ€Œแ€™แ€ฑแ€แ€นแ€แ€ฌแ€กแ€ฑแ€ฌแ€€แ€บแ€™แ€พแ€ฌแ€€แ€ปแ€›แ€พแ€ฏแ€ถแ€ธแ€›แ€แ€ผแ€„แ€บแ€ธแ€Ÿแ€ฌ แ€›แ€พแ€€แ€บแ€–แ€ฝ... More

Prelude
Part 1
Part 4
Part 5
Part 2
Part 6
Part 7
Part 3
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Character Image (unicode)
Character Image (zawgyi)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27 ( Suprise Gift!!)
Part 28
Part 29

Part 27

1K 91 18
By AttarSawLwinYar

[Unicode]Part 27
_______________________

ဒုန်း!...ဒုန်း!...ဒုန်း!...ဒုန်း!...

မင်နန်းတော်ရဲ့ နန်းရင်ပြင်ပေါ်စုဝေးတည်ရှိနေပါသော နန်းစောင့်တပ်။
ညီလာခံနန်းဆောင်ရှိရာမှ ချပ်ဝတ်တန်ဆာအပြည့်အစုံဖြင့် ထွက်လာသည့် မင်ဘုရင်နှင့် စစ်သူကြီးလီဗြောင်ဆူ။ဆောင်မြဲဓားအား ခါး၌ မြဲမြံစွာချပ်လျက်ဖြင့်။

ချွင်!!

နန်းရင်ပြင်လှေကားထိပ်၌ ရပ်လိုက်သည့် မင်ဘုရင်အား လှံချွန်ထောက်ရင်း အားလုံးကဦးညွှတ်ကာ အရိုအသေပြုကြသည်။

ထို့နောက် စစ်သူကြီးလီဗြောင်ဆူက မင်ဘုရင်ထံ စစ်ထွက်အမိန့်စာအား ကမ်းပေး၏။

"ညီလာခံရဲ့အဆုံးအဖြတ်...နန်းစောင့်တပ်မှုးနဲ့ တပ်သားတို့ နာခံစေ"

မင်ဘုရင်ရဲ့အမိန့်သံကြားသည်နှင့် ငွေရောင်ချပ်ဝတ်များဖြင့်နန်းစောင့်တပ်သားတို့က လှံအားချကာ ဒူးတစ်ဖက်ထောက်၍ အမိန့်နာခံသည်။

"နှစ်ပေါင်း ငါးဆယ်ကျော်တဲ့အထိ ချီနိုင်ငံရဲ့လက်အောက်ခံ နိုင်ငံအဖြစ် ပေးဆပ်ခဲ့ခြင်းဟာ ဒီနေ့ကစတင်ပြီးနိဂုံးချုပ်ပြီ။ စုန့်ပြည်ဟာ ချီနိုင်ငံအတွက် တစ်ခုတည်းသော ပင်လယ်ဆိပ်ခံ ဖြစ်ခဲ့ပေမယ့် လက်အောက်ခံနိုင်ငံများကြား မျက်နှာသာပေးခြင်းမရှိဘဲ လွန်ခဲ့သော နှစ်မှစ၍ အခွန်နှုန်းတိုးကောက်ခြင်း၊ စုန့်ပြည်သူများအား ချီအပိုင် ကျောက်တွင်းသို့ အလုပ်ကြမ်းသမားအဖြစ် ဆက်သရခြင်း၊တောင်ဘက်ရှိ နယ်ခြား တပ်သားအင်အားတောင်းခံရာတွင် စုန့်ပြည်အား တစ်ခြားသောလက်အောက်ခံနိုင်ငံများထက်ပို၍ တောင်းခံခြင်း...စသောအကြောင်းအရာများကြောင့် ကျွန်ုပ်တို့စုန့်ပြည်သူများသည် တရားသမှုမရှိသောချီအင်ပါယာလက်အောက်၌ မနေလိုတော့ဘဲ ဆန့်ကျင်ခွဲထွက်ရန်ဆန္ဒရှိကြသည်။ ထို့ကြောင့် ကျွန်ုပ်အရှင်သခင်ကိုယ်တိုင်ဦးစီး၍ ချီ၏ အဓိကနယ်မြေဖြစ်သော ဂယန်းဟိုတောင်ကို ဒယ်ရှီတပ်များနဲ့အတူ စစ်ချီတက်ကာ သိမ်းပိုက်မည်။ ဤ စစ်သည် ချီအား သိမ်းပိုက်လို၍ ချီတက်သောစစ်မဟုတ်ဘဲ...ချီအပိုင်ကို ထိပါးပြီး မတရားသော အင်ပါယာပြည့်ရှင် ဂျွန်အရှင်ထံမှ ခွဲထွက်လိုကြောင်း အဓိက ရည်ရွယ်သည်"

မင်ဘုရင်က အမိန့်စာအား ထိုမျှနှင့်ရပ်ကာ နန်းရင်ပြင်မှ နန်းစောင့်တပ်သားများထံ တစ်ချက်ဝေ့ဝဲကြည့်သည်။အားလုံးနာခံနေသည်ဆိုတာသေချာမှ နောက်ထပ်တစ်ဖန် ပြန်စတင်၏။

"ညီလာခံရဲ့အဆုံးအဖြတ်နဲ့အတူ နန်းစောင့်တပ်မှုးအား နန်းတွင်းကာကွယ်ရေးတပ်သူကြီးအဖြစ်ချီးမြှင့်ပြီး ချန်ထားခဲ့မည်။ ညီလာခံ၏ လုပ်ပိုင်ခွင့်အာဏာသည် နန်းရင်းဝန်ထံ၌ တည်ရှိပြီး နန်းစောင့်တပ်အား ခိုင်းစေအသုံးပြုခွင့်အာဏာသည်  နန်းစောင့်တပ်သူကြီးထံ၌ တည်ရှိသည်...ကျွန်ုအရှင်အသခင်၏ တံဆိပ်တော်ပါရှိသော အမိန့်စာ...."

နန်းစောင့်တပ်မှုးက နန်းရင်ပြင်လှေကားထစ်များမှ ဖြတ်ကျော်တက်လာကာ မင်ဘုရင်လက်ထဲမှ အမိန့်စာအား လှမ်းယူသည်။

"အရှင်သခင်အမိန့်... ကျွန်တော်မျိုး နန်းတွင်းကာကွယ်ရေး တပ်သူကြီး တုံ့ဆိုင်းခြင်းမရှိ ခံယူသည်"

ဘယ်ဘက်ရင်ဘတ်ပေါ် လက်ယှက်ကာ မင်ဘုရင်အားအရိုအသေပြုပြီးနောက် နန်းရင်ပြင်အောက်ဘက်သို့ပြန်ဆင်းသွားသည်။

ပင်လယ်ပြင်ကိုမျက်နှာမူကာတည်ရှိနေတဲ့စုန့်ပြည်။ ဂျီမင်း နန်းပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။

အနောက်ဆောင်ရှိရာတံတိုင်း‌ဝကနေ နန်းရင်ပြင်ပေါ်သို့ဆင်းလာသည့် အမျိုးသမီးတစ်ယောက်။ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး ရွှေရောင်ဓားအား ကိုင်လျက်ဖြင့် သူရှိရာသို့လျှောက်လှမ်းလာနေခဲ့သည်။

ချပ်ဝတ်အောက်မှ အနက်ရောင်ဝတ်ရုံစပါးပါးက လေတစ်ချက်အဝှေ့မှာ လှပ်ကနဲလွှင့်၏။ ထိုအနက်ရောင်ဝတ်ရုံစအနောက်ဘက်၌ အပြာရောင်အရိပ်လေးတစ်ခုက ကပ်ပါလာတော့ အရှင်ဂျီမင်းနှုတ်ခမ်းပါးတို့ ပြုံးရိပ်စွန်းသည်။

ပန်းဖိနတ်မစီးထားတဲ့ ခြေဖမိုးဖွေးဖွေးဟာ အုတ်သားတို့ပေါ် အဆောတလျှင်ပြေးရင်း ရွှေခြေချင်းတို့ထံမှ ချူသံတို့ကလဲ တလွင်လွင်။ ခြေတစ်လှမ်း,လှမ်းလိုက်ချိန်တိုင်း ကိုယ်ပေါ်မှ အပြာရောင်ဝတ်ရုံစတို့နဲ့အတူ ဆံနွယ်နက်နက်တို့က အနောက်ဘက်ဆီ လွှင့်မျှောလျက်။

ဝတ်ရုံအား လက်တစ်ဖက်ဖြင့်မကာ အပြုံးစစတို့ဖြင့် သူ့ထံပြေးလာနေသည့်အငယ်တော်။ လက်တစ်ဖက်က ခရမ်းပြာရောင်ပဲပန်းလေးတစ်ပွင့်ကိုကိုင်လျက်။

သူ့ထံပါးသို့ရောက်တော့ ခြေလှမ်းတို့အားရပ်ကာ မောဟိုက်နေတဲ့ အငယ်တော်က ရင်ခွင်ဆီတိုးဝင်လို့ မျက်နှာမော့လျက်ဖြင့်....

"ပင်လယ်ဆိုတာက သိပ်ကိုမာယာများတတ်ကြတယ်အရှင်"

သူ့ရဲ့နားရွက်ကြားသို့ညှပ်ကာပန်ဆင်ပေးသော ပဲပန်းပွင့်။  ပင်လယ်ဓားပြများအားနှိမ်နှင်းရန် ပင်လယ်ပြင်သို့ စစ်ထွက်ချိန်တိုင်းသူ့ကိုအပြေးလာပန်ပေးတဲ့ ထိုပန်းလေးရဲ့အဓိပ္ပာယ်ကိုတော့ အရှင်ဂျီမင်း မသိခဲ့ပါ။

"အရှင်မ နမ်ရာ"

အထိတ်တလန့်ရေရွတ်ကာ ဒူးတစ်ဖက်ထောက်လိုက်သောစစ်သူကြီးရဲ့ အသံကြောင့် မင်ဘုရင် ရဲ့ အတွေးပုံရိပ်တို့ပျက်ပြယ်ကုန်သည်။စစ်ဝတ်တန်ဆာတို့ဖြင့် သူ့အရှေ့၌ရပ်နေသောသူက သူ့မိဖုရားဖြစ်သော ဂွန်းနမ်ရာ။

"ဂွန်းနမ်ရာ...မယ်မင်း"

"ကျွန်တော်မျိုးမဟာ စုန့်ဘုရင်မင်းမြတ်ဖြစ်တဲ့ အရှင့်ရဲ့တစ်ပါးတည်းသောမိဖုရားပါ...မင်နန်းတော်ရဲ့မိဖုရား‌ခေါင်တစ်ယောက်ဖြစ်သလို စုန့်ပြည်ရဲ့ မိခင်တစ်ယောက်လဲဖြစ်ပါတယ်...စုန့်ပြည်လွတ်မြှောက်ရေးအတွက် အရှင်နဲ့အတူ တိုက်ပွဲဝင်လိုပါတယ်..."

ရဲရဲတင်းတင်းတောင်းဆိုသော ထိုဆန္ဒအား ဂျီမင်းမျက်ကွယ်မပြုပါ။ ဂွန်းနမ်ရာက သူနဲ့လက်မဆက်ခင် ယွန်းပြည်ရဲ့စစ်သူကြီးသမီးတစ်ယောက်ဖြစ်နေခဲ့တာမို့လေ။

"အရှင်နဲ့အတူ စုန့်ပြည်ကို ပြန်လည်တည်ထောင်ကြမယ်ဂွန်းနမ်ရာ"

အရှင်ဂျီမင်းရဲ့ လက်တစ်ဖက်က သူ၏မိဖုရားထံကမ်းပေးသည်။ကျေကျေနပ်နပ်ပင်ပြုံးကာ  ထိုလက်အား ပြန်လည်ဆုပ်ကိုင်လိုက်သောအရှင်မနမ်ရာ။

စစ်ပရိယာယ်ကြွယ်ဝလွန်းသူအရှင်ဂျီမင်းဟာ သူ၏မိဖုရားအား စစ်မြေပြင်သို့အသာတကြည်လိုက်ပါခေါ်ဆောင်ခြင်းမှာ အဘယ်သို့သော အကြောင်းကြောင့် ဖြစ်မည်နည်း။

နန်းရင်ပြင်ပေါ်မှ လက်တွဲကာ ဆင်းလာခဲ့သော ချပ်ဝတ်တန်ဆာဝတ်ထားသည့် မင်းနှင့်မိဖုရား။

ဒုန်း!...ဒုန်း!...ဒုန်း!...ဒုန်း!...

ဗဟိုရ်စည်တီးလိုက်တဲ့ခန အနောက်နန်းဆောင်သို့ လှည့်ကာ ကြည့်မိကြသည်။အထီးကျန်သည်။တိတ်ဆိတ်သည်။

ဘူ.....ဘူ....ဘူ....!

ကျွဲဂျိုမှုတ်ကာ အချက်ပေးသည့်အသံမှာ နန်းတံခါးဟာ တရွေ့ရွှေ့ပွင့်အာလာလျက်။ ဒူးတစ်ဖက်ထောက်ခစားနေကြသော နန်းစောင့်တပ်သားတို့အလည် ဖြတ်ကျော်ပြီး နန်းတံခါးအရှေ့ဘက်ရှိ ထောင်ချီသော စုန့်စစ်တပ်ဆီသို့ဦးတည်သွားကြသူနှစ်ဦး။

ကျောက်ဆည်းလည်းတို့က တချွင်ချွင်။
ရွှေခြေချင်းမှ ခြူမြည်သံက တလွင်လွင်။
မင့် နန်းဆောင်မှ ကြာနီရနံ့တို့က ထုံသင်းသင်း။

အို...အပြာရောင်ဝိဉာဉ်ငယ်နှယ် ထိုအရှင့်အပါးမှ မကျွတ်‌လွတ်နိုင်သေးလေခြင်း။

_____________________________

မနက်ညီလာခံအပြီး၌ နန်းတော်အတွင်း ပြောစရာဖြစ်သွားသည့်စကားအကြောင်းအရာမှာ နန်းစောင့်မိဖုရား၏ အသွင်အပြင်သာဖြစ်တော့သည်။

ဒေါင်းစိမ်းခတ်သော ပျိုနီရောင် ဝတ်ရုံတော်နဲ့ညီလာခံလာတက်သည့် နန်းစောင့်မိဖုရားရဲ့ ချောမောခန့်ညားမှုက လူတကာကိုမှင်သက်စေသော်လည်း မျက်လုံးအပြူးသားဖြစ်စေသည့်အကြောင်းအရာရှိနေသည်။ ထိုအရာမှာ အခြားမဟုတ်။ နန်းစောင့်မိဖုရားရဲ့ ဘယ်ဘက်နဖူးထောင့်မှ ဆံစတို့ဟာ အရင်းမှအဖျား ဆွတ်ဆွတ်ဖြူနေခြင်းကြောင့်ပင်။

ကြင်ယာတော်ဘဝကတည်းက မကြာခနနာမကျန်းဖြစ်လေ့ရှိသောနန်းစောင့်မိဖုရားအကြောင်းသိကြသူပီပီ ယခုလက္ခဏာဟာ လဲ ကျန်းမာရေးအခြေအနေကြောင့်ဟု အများကလက်ခံကြသည်။ သို့သော် တစ်ချို့ တစ်ချို့သောသူများမှာ နန်းစောင့်မိဖုရားဟာကဝေတစ်ကောင်မို့ အနီရောင်ဝတ်ရုံဝတ်ဆင်လိုက်သည်နှင့် မူလပုံသဏ္ဍာန်ကိုမထိန်းချုပ်နိုင်တော့ခြင်းဖြစ်ကြောင်း ကောလဟာလဖြန့်ကြ၏။

ထို့အပြင် အရှင်ရှိနေစဉ်တစ်လျှောက်လုံး ဧကရီဘုရင်မ၏ဝတ်ရုံဖြစ်သော အနီဇာမဏီဝတ်ရုံကိုမဆင်မြန်းဘဲ မြစိမ်းရောင်ဒေါင်းဝတ်ရုံကိုသာ ဝတ်ဆင်ခြင်းမှာ မူလဇာတ်ရုပ်ကို ထိန်းသိမ်းထားခြင်းကြောင့်ဖြစ်သည်ဟု တီးတိုးပြောနေကြသေးသည်။

ပိုဆိုးသည်က နန်းစောင့်မိဖုရားဟာ အရှင်ဂျွန်အား ထိုကဝေအတတ်ဖြင့်ပြုစားပြီး သူ့ကိုမိဖုရားအရာတင်မြှောက်စေခဲ့သည်ဟူသော သတင်းပင်။ ထိုသတင်းက ကြင်ယာတော်ကင်မ်နား ပေါက်ကြားတော့ ကြင်ယာတော်ကင်မ်က ဗိုင်းလိပ်ရင်းဖြင့်  သူ့အပျိုတော်တို့အား ခပ်ပြုံးပြုံးမိန့်သည်မှာ...

"ကိုယ်တော်က ကဝေဆိုတာအမှန်ပဲ...မင်းတို့အရှင်ကတောင် ကိုယ်တော့်ကို ကဝေပြာလို့ခေါ်လေရဲ့...မင်းတို့အရှင်ကို ကဝေအတတ်နဲ့ပြုစားထားတယ်ဆိုတာလဲ မှန်ပြန်တာပါပဲ...ဒါပေမယ့် အဲလိုပြုစားနိုင်ဖို့ တစ်ဖက်လူအပေါ် အစစ်အမှန်ဖြစ်ရမယ့်ခံစားချက်တော့လိုတာပေါ့"

ထိုစကားကိုကြားတော့ အနား၌ခစားနေကြသော အအပျိုတော်တစ်စုတို့မှာ ပြုံးတုံ့တုံ့ဖြစ်ကုန်ကြသည်။

ကြင်ယာတော်ကင်မ်က အရှင်မင်းကြီး သူ့အပေါ်မငြီးမငြူ ချစ်မြတ်နိုးခြင်းဟာ သူ့ဘက်မှ နေ၍  အရှင့်အပေါ်ထားသော ခံစားချက်တို့အစစ်အမှန်ဖြစ်နေခြင်းကြောင့်ဟု မသိမသာရော၊ သိသိသာသာပါ ပြောသွားလေခြင်း။

"နွေဆိုတာကလဲ လေတစ်ပြက်မိုးတစ်ပြက်နဲ့ မူမမှန်ဘူး...ဟိုနေ့က ရက်ကန်းရုံထဲ ဗိုင်းတောင့်တွေနေလှန်းတာ ကျောက်မဖိ မိလို့ လွှင့်ကုန်ရောတဲ့...ကပျက်ကချော်နဲ့"

ငြူစူစူနဲ့ ဆူပူတတ်လာသော ကြင်ယာတော်ကင်မ်ရဲ့ပုံစံအားလဲ သူတို့တစ်တွေအချစ်ပိုကြရပြန်သည်။ ဖတ်(ဖန်)ထားသောဝါများအား ယူလိုက် ချောမွေ့အောင်ပွတ်ထားသည့် ဝါးချောင်းငယ်နှင့် လိပ်လိုက်ဖြင့် ကြင်ယာတော်ကင်မ်က ဗိုင်းလိပ်ခြင်းအမှုအား ခုံမင်နှစ်သက်စွာလုပ်ဆောင်နေသည်။

"နန်းစောင့်အရှင်ကိုဂါရဝပြုပါတယ်...မိန်းမစိုးအီက ပွဲတော်တည်ဖို့အခေါ်တော်လွှတ်ပါတယ်"

ရက်ကန်းရုံထဲရောက်လာကာပြောသည့် မင်းစေကောင်မလေးတစ်ယောက်။

"ကိုယ်တော် တအောင့်ကြာမှလာခဲ့မယ်လို့ပြောလိုက်ပါ"

"ဟုတ်ကဲ့ပါ နန်းစောင့်အရှင်"

မင်းစေကောင်မလေးက ဂါရဝပြုကာထွက်သွားသည်။ကြင်ယာတော်ကင်မ်က လိပ်ထားသည့် ဗိုင်းတောင့်တို့အား တောင်းထဲထည့်ကာ ထိုတောင်းကို အပျိုတော်အယ်ဒင်းထံလှမ်းပေး၏။

"ကြာကြာထိုင်လို့မရချင်ဘူးအယ်ဒင်းရယ်..."

ကြင်ယာတော်ကင်မ်က တစ်ချက်လွှတ်ကနဲညည်းသည်။ ဒယ်ဒင်းတို့တစ်တွေ မျက်ခုံးလေးတွေပင့်သွားရပြန်ပြီ။သူတို့မယ်မယ်ဘုရား ကိုယ်ဝန်စလွယ်ထားသည်ဟု ခန့်မှန်းရကတည်းက ကိုယ်လေးခြေတွဲ့ရှိလှသည်။ သူတို့အားလဲ ဆူလားဟောက်လားနဲ့ စိတ်အတက်ကျပင်မြန်လွန်းလှ၏။

ထို့ကြောင့် ရက်ကန်းစင်ထွက် ဝါကျင်ကျင်ချည်ထည်ဝတ်ရုံနဲ့ ရက်ကန်းရုံထဲဝင်ထွက်သွားလာလှုပ်ရှားနေသော ကြင်ယာတော်ကင်မ်အား သူတို့တစ်တွေမှာ တားလဲမတားနိုင်သလို တားလဲ မတားရက်ပါ။

ဗိုင်းလိပ်ခုံမှထွက်လာတော့ ကြင်ယာတော်ကင်မ်က ဗိုင်းတောင့်လှန်းရာ နေပူကျဲတဲသို့ထွက်ပြန်သည်။ အို့ဟီးမှာ ထီးမိုးကာအမြန်လိုက်ရ၏။လေအေးတစ်ချက်ဝေ့ဝဲတော့ ကြင်ယာတော်ကင်မ်ဆီမှ စန္ဒကူးရနံ့သင်းသင်းတို့က မွေးပျံ့သည်။

အယ်ဒင်းဆီမှတောင်းကိုချစေကာ လပ်သည့်ဖျာချပ်တို့ပေါ် ဗိုင်းတောင့်တို့အားအစီအရီချကာ လှန်း၏။

ထိုင်လိုက်ထလိုက်လုပ်နေသည့် ကြင်ယာတော်ကင်မ်အား အို့ဟီးက မြင်ရတာမသက်သာစွာ...

"မယ်မယ်...နေပူထဲကြာကြာနေလို့မဖြစ်ပါဘူး...နေမကောင်းဖြစ်ပါလိမ့်မယ်"

ကပ်ပြောတော့ အဝေးမှ ဗိုင်းတောင့်တို့အား တုတ်‌လေးသုံးကာလှန်နေရင်းမှ မော့ကြည့်လို့ မျက်စောင်းတစ်ချက်ပေးသည်။သူ့ကိုမပြောစေချင်ပါဘူးပေါ့။

"အရမ်းစကားများတယ် အို့ဟီး...မယ်မင်း အဆောင်ပြန်လိုက်တော့..."

"မယ်မယ်ဘုရား"

ရုတ်တရက်နှင်ထုတ်ခံထိလိုက်သော အို့ဟီး။မကျေမနပ်ဖြင့် ခေါ်တော့ ဘေးမှအယ်ဒင်းက လက်ကုပ်ကာ တားသည်။ ထီးအားလွှဲပြောင်းပေးပြီး အို့ဟီးတစ်ယောက် ထိုနေရာမှထွက်သွားရလေ၏။

တအောင့်ကြာကာမှ အယ်ဒင်းက....

"မယ်မယ်ဘုရားက အရှင့်စကားနားမထောင်ဘဲ ရက်ကန်းရုံထဲရောက်ပြီး ပင်ပန်းနေတာကို အရှင်များသိလို့တော့ ရေတောင်စိတ်ဖြောင့်ဖြောင့်နဲ့သောက်နိုင်ပါ့မလားပဲ"

ကြင်ယာတော်ကင်မ် မကြားကြားအောင် တမင်တကာ တီးတိုးပြောလိုက်သည့်အယ်ဒင်းစကား။ တုတ်ချောင်းလေးကို ကိုင်ထားသည့် ကြင်ယာတော်ကင်မ်ရဲ့လက်တို့ တန့်သွားသည်။ထိုအရာကိုမြင်တော့ အယ်ဒင်း ကျိတ်ကာပြုံးလိုက်၏။

ထိုခနမှာတော့ ကြင်ယာတော်ကင်မ်က အားလုံးကိုလက်စသိမ်းကာဖြင့်...

"ပြန်စို့အယ်ဒင်းရယ်...ဗိုက်ဆာလှပြီ"တဲ့လေ။

နေမိတဲ့ပန်းလေးကို မလန်းမဆန်းဖြစ်နေတဲ့ကြင်ယာတော်ကင်မ်ရဲ့မျက်နှာကို မြင်သော်လည်း အခုလောလောဆယ် လိုအပ်တာက ကြင်ယာတော်ကင်မ် ရက်ကန်းရုံမှပြန်သွားဖို့သာ။ ထို့ကြောင့် အယ်ဒင်း ပုံမှန်အတိုင်းပင် ပြုမူကာ ကြင်ယာတော်ကင်မ်ကို ခေါ်ထုတ်လာခဲ့လိုက်တော့သည်။

မြင်းလှည်းပေါ်တက်ခါနီး တဝူးဝူးတိုက်ခတ်လာတဲ့နွေလေ။
ဗိုင်းတောင့်တွေများ လေလွင့်ကုန်လေမလားဆိုတဲ့ အတွေးနဲ့ မြင်းလှည်းပေါ်ပါလာရရင်း ကြင်ယာတော်ကင်မ်တစ်ယောက် အရှင့်အား လွမ်းရန်ပင်မေ့လျော့နေခဲ့တော့သည်။

________________________


ဂယန်းဟိုတောင်ခြေ၌ အခြေစိုက်စခန်းတည်ပြီးနောက် တပ်သားများအားလုံး တမှေး တမောအိပ်စက်အနားယူကြသည်။

မွန်ဟန်းမှ ညလုံးပေါက်ခရီးဆက်ခဲ့လေတော့ ဂယန်းဟိုတောင်ခြေသို့ နေ့ခင်းပိုင်း၌ရောက်၏။ယာယီတဲထိုးခြင်းတို့လုပ်ဆောင်ပြီးချိန် မိုးပင်မှောင်စပြုနေပြီ။

ဂယန်းဟိုသို့ရောက်လာတော့ အရှင်ဂျွန်ရဲ့စိတ်တွေက ဟိုအရင်ငယ်စဉ်ဘ‌ဝတွေဆီ တစ်ကျော့ပြန်ပြီးရောက်သွားတယ်။ ငယ်ရွယ်လွန်းလှတဲ့မင်းသားငယ် အရွယ်မှာ ဂယန်းဟိုတောင်ကြားတိုက်ပွဲကို အိမ်ရှေ့စံအနေနဲ့ သူကိုယ်တိုင်ဦးဆောင်ပြီးရှေ့တန်းကနေ တိုက်ခဲ့ရတယ်။

နယ်မြေလုတိုက်ပွဲဆိုတာ ကိုယ့်အပိုင်နယ်မြေကို သူတစ်ပါးလာလုလို့ မပါသွားအောင် ခုခံတိုက်ခိုက်တာလို့ မှတ်ယူခဲ့တာ။ သူ့မှာ အဲဒီအချိန်က ဂယန်းဟိုကို ကာကွယ်ဖို့အကြောင်းပြချက်များများစားစားမရှိခဲ့ဘူး။

တစ်ခါတလေ ခမည်းတော်က ဘာကြောင့်များ ချီနိုင်ငံကို ပိတ်ဆို့ထားတဲ့ ဒီသုံးစားမရတဲ့တောင်ကိုအသည်းအသန်ကာကွယ်နေရသလဲလို့တွေးမိတယ်။ ဒီတောင်ကို ကာကွယ်ဖို့အတွက်နဲ့ အသက်စွန့်သွားကြတဲ့ချီစစ်သည်တွေကိုမြင်ယောင်မိရင်း သူလဲ ဒီတောင်ကို မစွန့်လွှတ်နိုင်ပြန်ဘူး။

အသက်အရွယ်တစ်ခုရောက်လာတော့မှ ဂယန်းဟိုဟာ ချီအတွက်အရေးပါတဲ့အရာဖြစ်ကြောင်းသိလာတယ်။ မြို့တစ်ခုရဲ့တံခါးချပ်လိုပဲ။

ဂယန်းဟိုက ချီအတွက် တံခါးတစ်ချပ်နဲ့တူတယ်။ ဂယန်းဟိုကသာ ချီနိုင်ငံကို ဒယ်ရှီတွေဝင်မလာနိုင်အောင်၊ တစ်ပါးသော နိုင်ငံကလာပြီး မကျူးကျော်နိုင်အောင် ကာရံထားတဲ့ တံခါးချပ်။ ဒီတံခါးချပ်သာ ချီရဲ့အပိုင်မဟုတ်တော့ရင် ချီထဲကို ရန်သူတွေက တံခါးမရှိ ဓားမရှိသွားလာဝင်ထွက်နိုင်သွားလိမ့်မယ်။

အဲဒီလိုမဖြစ်ဖို့အတွက် သူတို့ဟာ ဂယန်းဟိုတောင်ကို အသက်စွန့်ပြီး ကာကွယ်နေကြရတာ။

ဖျောက်!

သူ့အနားသို့ လာကျသည့် သစ်ကိုင်းခြောက်တစ်ခုကြောင့် ကျောက်တုံးပေါ်တင်ထားသည့် ဓားအား အမြန်ယူကာ ဆွဲထုတ်မိသွားသည်မှာ ချွင်ကနဲ။

အနောက်ဘက်သို့လှည့်ကြည့်တော့ စစ်သူကြီးကင်မ်က ခပ်ပြုံးပြုံးကြည့်နေသည်။

"မောင်မင်းတော့ ဓားစာမိတော့မယ်"

အရှင်ဂျွန်က ကြိမ်းတော့ စစ်သူကြီးကင်မ်က တစ်ချက်မျှအသံထွက်ကာရယ်လိုက်ရင်း အရှင်ဂျွန်ဘေးရှိ ကျောက်တုံးပေါ် လာထိုင်၏။

"အရှင် တောင်ပေါ်တက်သွားတယ်ကြားလို့ လိုက်လာခဲ့တာ...ကျွန်တော်မျိုးထင်တာ အရှင် စစ်မျက်နှာအခြေအနေလာကြည့်တယ်ပေါ့...နေဝင်တာကို လာထိုင်ကြည့်နေမယ်လို့ မထင်ခဲ့မိဘူး..."

စစ်သူကြီးကင်မ်က အနောက်မှကျောက်တုံးပေါ် လှဲမှီအိပ်ရင်း သူ့အရှင်အားစနောက်သည်။ ဒယ်ရှီတွေရဲ့နယ်မြေရှိရာ တောအုပ်အစွန်သို့ တိုးဝင်ပျောက်လုလုနေက သူတို့ရှိနေရာ တောင်ကပါးမှ ကျောက်ဆောင်တို့ အလင်းတို့ဖြန့်ကျက်နေသည်။ အရှင်ဂျွန်ဟာ ကျနေရိပ်အောက်မှ ရွှေရောင်တို့ဖြန့်ကျက်ထားသကဲ့သို့သော မှုန်ဝါးဝါးတောအုပ်အား လွမ်းလွမ်း ဆွေးဆွေးကြည့်နေ၏။

ဒါသည်ကိုပင် စစ်သူကြီးကင်မ်က သူ့ရှင်ကို နောက်တစ်ကြိမ်သွေးတိုးစမ်းကာ မေးလိုက်သည်မှာ...

"ကြင်ယာတော်ကင်မ်ကို လွမ်းများ လွမ်းနေသလားအရှင်"

အရှင်ဂျွန်က စစ်သူကြီးကင်မ်အား ချက်ချင်းလှည့်ကြည့်သည်။ချက်ချင်းပင် မျက်ခုံးတန်းတို့တွန့်ချိုးသွားလျက် မျက်နှာလွှဲသွားပြန်၏။ထို့နောက် အရှင်ဂျွန်က ခပ်ပြတ်ပြတ်လေသံဖြင့်...

"ကျုပ်က ဒင်းလေးကိုလွမ်းစရာလား...ကျုပ်မရှိလို့များ ရက်ကန်းရုံဆီ ခြေတိုအောင် ပျော်ပျော်ကြီးသွားနေမှာ မြင်ယောင်မိသေး"

အရှင်ဂျွန်ရဲ့စကားကြောင့် စစ်သူကြီးကင်မ်အသံတိတ်ရယ်လိုက်ရသည်။

""ကိုယ့်မိဖုရားကိုယ်လွမ်းတာပဲအရှင်ရယ်...အရှင်လွမ်းတယ်ပြောလဲ ကျွန်တော်မျိုးတို့ကဘာမှ ပြောနိုင်ဖွယ်ရာမရှိပါဘူး..."

စစနောက်နောက်ပြောလေတော့ အရှင်ဂျွန်က မျက်နှာတို့ရဲတက်သွားကာ ချက်ချင်းထရပ်ပြီး...

"အေး...ဟုတ်တယ် ကျုပ်မိဖုရားကျုပ်လွမ်းတယ်...သေတော့မတတ်ဘဲ"

ရှက်ရမ်းရမ်းကာ ပြောထွက်လာပြီး ထပြန်ဖို့ပြင်နေတဲ့ အရှင်ဂျွန်ရယ်။ ကျောခိုင်းသွားပြီးနောက် စစ်သူကြီးကင်မ်ဘက်ပြန်လှည့်ကာ လက်ညှိုးထိုးလို့ပြောသွားသည်မှာ...

"မောင်မင်း ကတော်ရမှ နယ်ခြားစောင့်တပ်ဆီ ဆယ်လလောက်ပို့ပေးမယ်" ဟူ၍။

စစ်သူကြီးကင်မ်ကတော့ တဝါးဝါးရယ်ကာသာကျန်ထားခဲ့ရလေတော့သည်။

ထိုညနေခင်း၌ ချီနန်းတောင်၌ ကျန်ထားလေသူ ထိုအရှင်၏ မိဖုရားသည်လဲ စစ်ထွက်သူအား ရည်ရွယ်လျက် ဘုရားရှင်ထံ၌ သစ်သီး၊ ရေချမ်းနဲ့ ဆီမီး၊ပန်းတို့ ကပ်လှူကာ ဝတ်ပြုနေခဲ့သည်။

သူ၏ ဆုတောင်းသည်ကား တစ်ခုတည်းသာ။

ခင်ပွန်းသည်အား ထိုစစ်ပွဲမှ ဘေးရန်ကင်းစွာဖြင့် သူ့ထံပြန်ရောက်လာနိုင်ဖို့...။

________________________________

To Be Continued
Create By Jin's Jin Isle From BTS World
Novel By SawLwinYar
29,4,2024

A/N : 40K Reads အတွက်အမှတ်တရအနေနဲ့ အပ်ပေးလိုက်ပါတယ်။ အားလုံးပဲ ကျေးဇူးကမ္ဘာဆာအီယော။ ဆောဒါးအိုင်ယော။








[Zawgyi]Part 27
_______________________

ဒုန္း!...ဒုန္း!...ဒုန္း!...ဒုန္း!...

မင္နန္းေတာ္ရဲ႕ နန္းရင္ျပင္ေပၚစုေဝးတည္ရွိေနပါေသာ နန္းေစာင့္တပ္။
ညီလာခံနန္းေဆာင္ရွိရာမွ ခ်ပ္ဝတ္တန္ဆာအျပည့္အစုံျဖင့္ ထြက္လာသည့္ မင္ဘုရင္ႏွင့္ စစ္သူႀကီးလီေျဗာင္ဆူ။ေဆာင္ၿမဲဓားအား ခါး၌ ၿမဲၿမံစြာခ်ပ္လ်က္ျဖင့္။

ခြၽင္!!

နန္းရင္ျပင္ေလွကားထိပ္၌ ရပ္လိုက္သည့္ မင္ဘုရင္အား လွံခြၽန္ေထာက္ရင္း အားလုံးကဦးၫႊတ္ကာ အ႐ိုအေသျပဳၾကသည္။

ထို႔ေနာက္ စစ္သူႀကီးလီေျဗာင္ဆူက မင္ဘုရင္ထံ စစ္ထြက္အမိန႔္စာအား ကမ္းေပး၏။

"ညီလာခံရဲ႕အဆုံးအျဖတ္...နန္းေစာင့္တပ္မႈးနဲ႔ တပ္သားတို႔ နာခံေစ"

မင္ဘုရင္ရဲ႕အမိန႔္သံၾကားသည္ႏွင့္ ေငြေရာင္ခ်ပ္ဝတ္မ်ားျဖင့္နန္းေစာင့္တပ္သားတို႔က လွံအားခ်ကာ ဒူးတစ္ဖက္ေထာက္၍ အမိန႔္နာခံသည္။

"ႏွစ္ေပါင္း ငါးဆယ္ေက်ာ္တဲ့အထိ ခ်ီႏိုင္ငံရဲ႕လက္ေအာက္ခံ ႏိုင္ငံအျဖစ္ ေပးဆပ္ခဲ့ျခင္းဟာ ဒီေန႔ကစတင္ၿပီးနိဂုံးခ်ဳပ္ၿပီ။ စုန႔္ျပည္ဟာ ခ်ီႏိုင္ငံအတြက္ တစ္ခုတည္းေသာ ပင္လယ္ဆိပ္ခံ ျဖစ္ခဲ့ေပမယ့္ လက္ေအာက္ခံႏိုင္ငံမ်ားၾကား မ်က္ႏွာသာေပးျခင္းမရွိဘဲ လြန္ခဲ့ေသာ ႏွစ္မွစ၍ အခြန္ႏႈန္းတိုးေကာက္ျခင္း၊ စုန႔္ျပည္သူမ်ားအား ခ်ီအပိုင္ ေက်ာက္တြင္းသို႔ အလုပ္ၾကမ္းသမားအျဖစ္ ဆက္သရျခင္း၊ေတာင္ဘက္ရွိ နယ္ျခား တပ္သားအင္အားေတာင္းခံရာတြင္ စုန႔္ျပည္အား တစ္ျခားေသာလက္ေအာက္ခံႏိုင္ငံမ်ားထက္ပို၍ ေတာင္းခံျခင္း...စေသာအေၾကာင္းအရာမ်ားေၾကာင့္ ကြၽန္ုပ္တို႔စုန႔္ျပည္သူမ်ားသည္ တရားသမႈမရွိေသာခ်ီအင္ပါယာလက္ေအာက္၌ မေနလိုေတာ့ဘဲ ဆန႔္က်င္ခြဲထြက္ရန္ဆႏၵရွိၾကသည္။ ထို႔ေၾကာင့္ ကြၽန္ုပ္အရွင္သခင္ကိုယ္တိုင္ဦးစီး၍ ခ်ီ၏ အဓိကနယ္ေျမျဖစ္ေသာ ဂယန္းဟိုေတာင္ကို ဒယ္ရွီတပ္မ်ားနဲ႔အတူ စစ္ခ်ီတက္ကာ သိမ္းပိုက္မည္။ ဤ စစ္သည္ ခ်ီအား သိမ္းပိုက္လို၍ ခ်ီတက္ေသာစစ္မဟုတ္ဘဲ...ခ်ီအပိုင္ကို ထိပါးၿပီး မတရားေသာ အင္ပါယာျပည့္ရွင္ ဂြၽန္အရွင္ထံမွ ခြဲထြက္လိုေၾကာင္း အဓိက ရည္႐ြယ္သည္"

မင္ဘုရင္က အမိန႔္စာအား ထိုမွ်ႏွင့္ရပ္ကာ နန္းရင္ျပင္မွ နန္းေစာင့္တပ္သားမ်ားထံ တစ္ခ်က္ေဝ့ဝဲၾကည့္သည္။အားလုံးနာခံေနသည္ဆိုတာေသခ်ာမွ ေနာက္ထပ္တစ္ဖန္ ျပန္စတင္၏။

"ညီလာခံရဲ႕အဆုံးအျဖတ္နဲ႔အတူ နန္းေစာင့္တပ္မႈးအား နန္းတြင္းကာကြယ္ေရးတပ္သူႀကီးအျဖစ္ခ်ီးျမႇင့္ၿပီး ခ်န္ထားခဲ့မည္။ ညီလာခံ၏ လုပ္ပိုင္ခြင့္အာဏာသည္ နန္းရင္းဝန္ထံ၌ တည္ရွိၿပီး နန္းေစာင့္တပ္အား ခိုင္းေစအသုံးျပဳခြင့္အာဏာသည္  နန္းေစာင့္တပ္သူႀကီးထံ၌ တည္ရွိသည္...ကြၽန္ုအရွင္အသခင္၏ တံဆိပ္ေတာ္ပါရွိေသာ အမိန႔္စာ...."

နန္းေစာင့္တပ္မႈးက နန္းရင္ျပင္ေလွကားထစ္မ်ားမွ ျဖတ္ေက်ာ္တက္လာကာ မင္ဘုရင္လက္ထဲမွ အမိန႔္စာအား လွမ္းယူသည္။

"အရွင္သခင္အမိန႔္... ကြၽန္ေတာ္မ်ိဳး နန္းတြင္းကာကြယ္ေရး တပ္သူႀကီး တုံ႔ဆိုင္းျခင္းမရွိ ခံယူသည္"

ဘယ္ဘက္ရင္ဘတ္ေပၚ လက္ယွက္ကာ မင္ဘုရင္အားအ႐ိုအေသျပဳၿပီးေနာက္ နန္းရင္ျပင္ေအာက္ဘက္သို႔ျပန္ဆင္းသြားသည္။

ပင္လယ္ျပင္ကိုမ်က္ႏွာမူကာတည္ရွိေနတဲ့စုန႔္ျပည္။ ဂ်ီမင္း နန္းပတ္ဝန္းက်င္ကို ေဝ့ဝဲၾကည့္လိုက္၏။

အေနာက္ေဆာင္ရွိရာတံတိုင္း‌ဝကေန နန္းရင္ျပင္ေပၚသို႔ဆင္းလာသည့္ အမ်ိဳးသမီးတစ္ေယာက္။ ခ်ပ္ဝတ္တန္ဆာဝတ္ဆင္ထားၿပီး ေ႐ႊေရာင္ဓားအား ကိုင္လ်က္ျဖင့္ သူရွိရာသို႔ေလွ်ာက္လွမ္းလာေနခဲ့သည္။

ခ်ပ္ဝတ္ေအာက္မွ အနက္ေရာင္ဝတ္႐ုံစပါးပါးက ေလတစ္ခ်က္အေဝွ႔မွာ လွပ္ကနဲလႊင့္၏။ ထိုအနက္ေရာင္ဝတ္႐ုံစအေနာက္ဘက္၌ အျပာေရာင္အရိပ္ေလးတစ္ခုက ကပ္ပါလာေတာ့ အရွင္ဂ်ီမင္းႏႈတ္ခမ္းပါးတို႔ ၿပဳံးရိပ္စြန္းသည္။

ပန္းဖိနတ္မစီးထားတဲ့ ေျခဖမိုးေဖြးေဖြးဟာ အုတ္သားတို႔ေပၚ အေဆာတလွ်င္ေျပးရင္း ေ႐ႊေျခခ်င္းတို႔ထံမွ ခ်ဴသံတို႔ကလဲ တလြင္လြင္။ ေျခတစ္လွမ္း,လွမ္းလိုက္ခ်ိန္တိုင္း ကိုယ္ေပၚမွ အျပာေရာင္ဝတ္႐ုံစတို႔နဲ႔အတူ ဆံႏြယ္နက္နက္တို႔က အေနာက္ဘက္ဆီ လႊင့္ေမွ်ာလ်က္။

ဝတ္႐ုံအား လက္တစ္ဖက္ျဖင့္မကာ အၿပဳံးစစတို႔ျဖင့္ သူ႔ထံေျပးလာေနသည့္အငယ္ေတာ္။ လက္တစ္ဖက္က ခရမ္းျပာေရာင္ပဲပန္းေလးတစ္ပြင့္ကိုကိုင္လ်က္။

သူ႔ထံပါးသို႔ေရာက္ေတာ့ ေျခလွမ္းတို႔အားရပ္ကာ ေမာဟိုက္ေနတဲ့ အငယ္ေတာ္က ရင္ခြင္ဆီတိုးဝင္လို႔ မ်က္ႏွာေမာ့လ်က္ျဖင့္....

"ပင္လယ္ဆိုတာက သိပ္ကိုမာယာမ်ားတတ္ၾကတယ္အရွင္"

သူ႔ရဲ႕နား႐ြက္ၾကားသို႔ညႇပ္ကာပန္ဆင္ေပးေသာ ပဲပန္းပြင့္။  ပင္လယ္ဓားျပမ်ားအားႏွိမ္ႏွင္းရန္ ပင္လယ္ျပင္သို႔ စစ္ထြက္ခ်ိန္တိုင္းသူ႔ကိုအေျပးလာပန္ေပးတဲ့ ထိုပန္းေလးရဲ႕အဓိပၸာယ္ကိုေတာ့ အရွင္ဂ်ီမင္း မသိခဲ့ပါ။

"အရွင္မ နမ္ရာ"

အထိတ္တလန႔္ေရ႐ြတ္ကာ ဒူးတစ္ဖက္ေထာက္လိုက္ေသာစစ္သူႀကီးရဲ႕ အသံေၾကာင့္ မင္ဘုရင္ ရဲ႕ အေတြးပုံရိပ္တို႔ပ်က္ျပယ္ကုန္သည္။စစ္ဝတ္တန္ဆာတို႔ျဖင့္ သူ႔အေရွ႕၌ရပ္ေနေသာသူက သူ႔မိဖုရားျဖစ္ေသာ ဂြန္းနမ္ရာ။

"ဂြန္းနမ္ရာ...မယ္မင္း"

"ကြၽန္ေတာ္မ်ိဳးမဟာ စုန႔္ဘုရင္မင္းျမတ္ျဖစ္တဲ့ အရွင့္ရဲ႕တစ္ပါးတည္းေသာမိဖုရားပါ...မင္နန္းေတာ္ရဲ႕မိဖုရား‌ေခါင္တစ္ေယာက္ျဖစ္သလို စုန႔္ျပည္ရဲ႕ မိခင္တစ္ေယာက္လဲျဖစ္ပါတယ္...စုန႔္ျပည္လြတ္ေျမႇာက္ေရးအတြက္ အရွင္နဲ႔အတူ တိုက္ပြဲဝင္လိုပါတယ္..."

ရဲရဲတင္းတင္းေတာင္းဆိုေသာ ထိုဆႏၵအား ဂ်ီမင္းမ်က္ကြယ္မျပဳပါ။ ဂြန္းနမ္ရာက သူနဲ႔လက္မဆက္ခင္ ယြန္းျပည္ရဲ႕စစ္သူႀကီးသမီးတစ္ေယာက္ျဖစ္ေနခဲ့တာမို႔ေလ။

"အရွင္နဲ႔အတူ စုန႔္ျပည္ကို ျပန္လည္တည္ေထာင္ၾကမယ္ဂြန္းနမ္ရာ"

အရွင္ဂ်ီမင္းရဲ႕ လက္တစ္ဖက္က သူ၏မိဖုရားထံကမ္းေပးသည္။ေက်ေက်နပ္နပ္ပင္ၿပဳံးကာ  ထိုလက္အား ျပန္လည္ဆုပ္ကိုင္လိုက္ေသာအရွင္မနမ္ရာ။

စစ္ပရိယာယ္ႂကြယ္ဝလြန္းသူအရွင္ဂ်ီမင္းဟာ သူ၏မိဖုရားအား စစ္ေျမျပင္သို႔အသာတၾကည္လိုက္ပါေခၚေဆာင္ျခင္းမွာ အဘယ္သို႔ေသာ အေၾကာင္းေၾကာင့္ ျဖစ္မည္နည္း။

နန္းရင္ျပင္ေပၚမွ လက္တြဲကာ ဆင္းလာခဲ့ေသာ ခ်ပ္ဝတ္တန္ဆာဝတ္ထားသည့္ မင္းႏွင့္မိဖုရား။

ဒုန္း!...ဒုန္း!...ဒုန္း!...ဒုန္း!...

ဗဟိုရ္စည္တီးလိုက္တဲ့ခန အေနာက္နန္းေဆာင္သို႔ လွည့္ကာ ၾကည့္မိၾကသည္။အထီးက်န္သည္။တိတ္ဆိတ္သည္။

ဘူ.....ဘူ....ဘူ....!

ကြၽဲဂ်ိဳမႈတ္ကာ အခ်က္ေပးသည့္အသံမွာ နန္းတံခါးဟာ တေ႐ြ႕ေ႐ႊ႕ပြင့္အာလာလ်က္။ ဒူးတစ္ဖက္ေထာက္ခစားေနၾကေသာ နန္းေစာင့္တပ္သားတို႔အလည္ ျဖတ္ေက်ာ္ၿပီး နန္းတံခါးအေရွ႕ဘက္ရွိ ေထာင္ခ်ီေသာ စုန႔္စစ္တပ္ဆီသို႔ဦးတည္သြားၾကသူႏွစ္ဦး။

ေက်ာက္ဆည္းလည္းတို႔က တခြၽင္ခြၽင္။
ေ႐ႊေျခခ်င္းမွ ျခဴျမည္သံက တလြင္လြင္။
မင့္ နန္းေဆာင္မွ ၾကာနီရနံ႔တို႔က ထုံသင္းသင္း။

အို...အျပာေရာင္ဝိဉာဥ္ငယ္ႏွယ္ ထိုအရွင့္အပါးမွ မကြၽတ္‌လြတ္ႏိုင္ေသးေလျခင္း။

_____________________________

မနက္ညီလာခံအၿပီး၌ နန္းေတာ္အတြင္း ေျပာစရာျဖစ္သြားသည့္စကားအေၾကာင္းအရာမွာ နန္းေစာင့္မိဖုရား၏ အသြင္အျပင္သာျဖစ္ေတာ့သည္။

ေဒါင္းစိမ္းခတ္ေသာ ပ်ိဳနီေရာင္ ဝတ္႐ုံေတာ္နဲ႔ညီလာခံလာတက္သည့္ နန္းေစာင့္မိဖုရားရဲ႕ ေခ်ာေမာခန႔္ညားမႈက လူတကာကိုမွင္သက္ေစေသာ္လည္း မ်က္လုံးအျပဴးသားျဖစ္ေစသည့္အေၾကာင္းအရာရွိေနသည္။ ထိုအရာမွာ အျခားမဟုတ္။ နန္းေစာင့္မိဖုရားရဲ႕ ဘယ္ဘက္နဖူးေထာင့္မွ ဆံစတို႔ဟာ အရင္းမွအဖ်ား ဆြတ္ဆြတ္ျဖဴေနျခင္းေၾကာင့္ပင္။

ၾကင္ယာေတာ္ဘဝကတည္းက မၾကာခနနာမက်န္းျဖစ္ေလ့ရွိေသာနန္းေစာင့္မိဖုရားအေၾကာင္းသိၾကသူပီပီ ယခုလကၡဏာဟာ လဲ က်န္းမာေရးအေျခအေနေၾကာင့္ဟု အမ်ားကလက္ခံၾကသည္။ သို႔ေသာ္ တစ္ခ်ိဳ႕ တစ္ခ်ိဳ႕ေသာသူမ်ားမွာ နန္းေစာင့္မိဖုရားဟာကေဝတစ္ေကာင္မို႔ အနီေရာင္ဝတ္႐ုံဝတ္ဆင္လိုက္သည္ႏွင့္ မူလပုံသ႑ာန္ကိုမထိန္းခ်ဳပ္ႏိုင္ေတာ့ျခင္းျဖစ္ေၾကာင္း ေကာလဟာလျဖန႔္ၾက၏။

ထို႔အျပင္ အရွင္ရွိေနစဥ္တစ္ေလွ်ာက္လုံး ဧကရီဘုရင္မ၏ဝတ္႐ုံျဖစ္ေသာ အနီဇာမဏီဝတ္႐ုံကိုမဆင္ျမန္းဘဲ ျမစိမ္းေရာင္ေဒါင္းဝတ္႐ုံကိုသာ ဝတ္ဆင္ျခင္းမွာ မူလဇာတ္႐ုပ္ကို ထိန္းသိမ္းထားျခင္းေၾကာင့္ျဖစ္သည္ဟု တီးတိုးေျပာေနၾကေသးသည္။

ပိုဆိုးသည္က နန္းေစာင့္မိဖုရားဟာ အရွင္ဂြၽန္အား ထိုကေဝအတတ္ျဖင့္ျပဳစားၿပီး သူ႔ကိုမိဖုရားအရာတင္ေျမႇာက္ေစခဲ့သည္ဟူေသာ သတင္းပင္။ ထိုသတင္းက ၾကင္ယာေတာ္ကင္မ္နား ေပါက္ၾကားေတာ့ ၾကင္ယာေတာ္ကင္မ္က ဗိုင္းလိပ္ရင္းျဖင့္  သူ႔အပ်ိဳေတာ္တို႔အား ခပ္ၿပဳံးၿပဳံးမိန႔္သည္မွာ...

"ကိုယ္ေတာ္က ကေဝဆိုတာအမွန္ပဲ...မင္းတို႔အရွင္ကေတာင္ ကိုယ္ေတာ့္ကို ကေဝျပာလို႔ေခၚေလရဲ႕...မင္းတို႔အရွင္ကို ကေဝအတတ္နဲ႔ျပဳစားထားတယ္ဆိုတာလဲ မွန္ျပန္တာပါပဲ...ဒါေပမယ့္ အဲလိုျပဳစားႏိုင္ဖို႔ တစ္ဖက္လူအေပၚ အစစ္အမွန္ျဖစ္ရမယ့္ခံစားခ်က္ေတာ့လိုတာေပါ့"

ထိုစကားကိုၾကားေတာ့ အနား၌ခစားေနၾကေသာ အအပ်ိဳေတာ္တစ္စုတို႔မွာ ၿပဳံးတုံ႔တုံ႔ျဖစ္ကုန္ၾကသည္။

ၾကင္ယာေတာ္ကင္မ္က အရွင္မင္းႀကီး သူ႔အေပၚမၿငီးမျငဴ ခ်စ္ျမတ္ႏိုးျခင္းဟာ သူ႔ဘက္မွ ေန၍  အရွင့္အေပၚထားေသာ ခံစားခ်က္တို႔အစစ္အမွန္ျဖစ္ေနျခင္းေၾကာင့္ဟု မသိမသာေရာ၊ သိသိသာသာပါ ေျပာသြားေလျခင္း။

"ေႏြဆိုတာကလဲ ေလတစ္ျပက္မိုးတစ္ျပက္နဲ႔ မူမမွန္ဘူး...ဟိုေန႔က ရက္ကန္း႐ုံထဲ ဗိုင္းေတာင့္ေတြေနလွန္းတာ ေက်ာက္မဖိ မိလို႔ လႊင့္ကုန္ေရာတဲ့...ကပ်က္ကေခ်ာ္နဲ႔"

ျငဴစူစူနဲ႔ ဆူပူတတ္လာေသာ ၾကင္ယာေတာ္ကင္မ္ရဲ႕ပုံစံအားလဲ သူတို႔တစ္ေတြအခ်စ္ပိုၾကရျပန္သည္။ ဖတ္(ဖန္)ထားေသာဝါမ်ားအား ယူလိုက္ ေခ်ာေမြ႕ေအာင္ပြတ္ထားသည့္ ဝါးေခ်ာင္းငယ္ႏွင့္ လိပ္လိုက္ျဖင့္ ၾကင္ယာေတာ္ကင္မ္က ဗိုင္းလိပ္ျခင္းအမႈအား ခုံမင္ႏွစ္သက္စြာလုပ္ေဆာင္ေနသည္။

"နန္းေစာင့္အရွင္ကိုဂါရဝျပဳပါတယ္...မိန္းမစိုးအီက ပြဲေတာ္တည္ဖို႔အေခၚေတာ္လႊတ္ပါတယ္"

ရက္ကန္း႐ုံထဲေရာက္လာကာေျပာသည့္ မင္းေစေကာင္မေလးတစ္ေယာက္။

"ကိုယ္ေတာ္ တေအာင့္ၾကာမွလာခဲ့မယ္လို႔ေျပာလိုက္ပါ"

"ဟုတ္ကဲ့ပါ နန္းေစာင့္အရွင္"

မင္းေစေကာင္မေလးက ဂါရဝျပဳကာထြက္သြားသည္။ၾကင္ယာေတာ္ကင္မ္က လိပ္ထားသည့္ ဗိုင္းေတာင့္တို႔အား ေတာင္းထဲထည့္ကာ ထိုေတာင္းကို အပ်ိဳေတာ္အယ္ဒင္းထံလွမ္းေပး၏။

"ၾကာၾကာထိုင္လို႔မရခ်င္ဘူးအယ္ဒင္းရယ္..."

ၾကင္ယာေတာ္ကင္မ္က တစ္ခ်က္လႊတ္ကနဲညည္းသည္။ ဒယ္ဒင္းတို႔တစ္ေတြ မ်က္ခုံးေလးေတြပင့္သြားရျပန္ၿပီ။သူတို႔မယ္မယ္ဘုရား ကိုယ္ဝန္စလြယ္ထားသည္ဟု ခန႔္မွန္းရကတည္းက ကိုယ္ေလးေျခတြဲ႕ရွိလွသည္။ သူတို႔အားလဲ ဆူလားေဟာက္လားနဲ႔ စိတ္အတက္က်ပင္ျမန္လြန္းလွ၏။

ထို႔ေၾကာင့္ ရက္ကန္းစင္ထြက္ ဝါက်င္က်င္ခ်ည္ထည္ဝတ္႐ုံနဲ႔ ရက္ကန္း႐ုံထဲဝင္ထြက္သြားလာလႈပ္ရွားေနေသာ ၾကင္ယာေတာ္ကင္မ္အား သူတို႔တစ္ေတြမွာ တားလဲမတားႏိုင္သလို တားလဲ မတားရက္ပါ။

ဗိုင္းလိပ္ခုံမွထြက္လာေတာ့ ၾကင္ယာေတာ္ကင္မ္က ဗိုင္းေတာင့္လွန္းရာ ေနပူက်ဲတဲသို႔ထြက္ျပန္သည္။ အို႔ဟီးမွာ ထီးမိုးကာအျမန္လိုက္ရ၏။ေလေအးတစ္ခ်က္ေဝ့ဝဲေတာ့ ၾကင္ယာေတာ္ကင္မ္ဆီမွ စႏၵကူးရနံ႔သင္းသင္းတို႔က ေမြးပ်ံ႕သည္။

အယ္ဒင္းဆီမွေတာင္းကိုခ်ေစကာ လပ္သည့္ဖ်ာခ်ပ္တို႔ေပၚ ဗိုင္းေတာင့္တို႔အားအစီအရီခ်ကာ လွန္း၏။

ထိုင္လိုက္ထလိုက္လုပ္ေနသည့္ ၾကင္ယာေတာ္ကင္မ္အား အို႔ဟီးက ျမင္ရတာမသက္သာစြာ...

"မယ္မယ္...ေနပူထဲၾကာၾကာေနလို႔မျဖစ္ပါဘူး...ေနမေကာင္းျဖစ္ပါလိမ့္မယ္"

ကပ္ေျပာေတာ့ အေဝးမွ ဗိုင္းေတာင့္တို႔အား တုတ္‌ေလးသုံးကာလွန္ေနရင္းမွ ေမာ့ၾကည့္လို႔ မ်က္ေစာင္းတစ္ခ်က္ေပးသည္။သူ႔ကိုမေျပာေစခ်င္ပါဘူးေပါ့။

"အရမ္းစကားမ်ားတယ္ အို႔ဟီး...မယ္မင္း အေဆာင္ျပန္လိုက္ေတာ့..."

"မယ္မယ္ဘုရား"

႐ုတ္တရက္ႏွင္ထုတ္ခံထိလိုက္ေသာ အို႔ဟီး။မေက်မနပ္ျဖင့္ ေခၚေတာ့ ေဘးမွအယ္ဒင္းက လက္ကုပ္ကာ တားသည္။ ထီးအားလႊဲေျပာင္းေပးၿပီး အို႔ဟီးတစ္ေယာက္ ထိုေနရာမွထြက္သြားရေလ၏။

တေအာင့္ၾကာကာမွ အယ္ဒင္းက....

"မယ္မယ္ဘုရားက အရွင့္စကားနားမေထာင္ဘဲ ရက္ကန္း႐ုံထဲေရာက္ၿပီး ပင္ပန္းေနတာကို အရွင္မ်ားသိလို႔ေတာ့ ေရေတာင္စိတ္ေျဖာင့္ေျဖာင့္နဲ႔ေသာက္ႏိုင္ပါ့မလားပဲ"

ၾကင္ယာေတာ္ကင္မ္ မၾကားၾကားေအာင္ တမင္တကာ တီးတိုးေျပာလိုက္သည့္အယ္ဒင္းစကား။ တုတ္ေခ်ာင္းေလးကို ကိုင္ထားသည့္ ၾကင္ယာေတာ္ကင္မ္ရဲ႕လက္တို႔ တန႔္သြားသည္။ထိုအရာကိုျမင္ေတာ့ အယ္ဒင္း က်ိတ္ကာၿပဳံးလိုက္၏။

ထိုခနမွာေတာ့ ၾကင္ယာေတာ္ကင္မ္က အားလုံးကိုလက္စသိမ္းကာျဖင့္...

"ျပန္စို႔အယ္ဒင္းရယ္...ဗိုက္ဆာလွၿပီ"တဲ့ေလ။

ေနမိတဲ့ပန္းေလးကို မလန္းမဆန္းျဖစ္ေနတဲ့ၾကင္ယာေတာ္ကင္မ္ရဲ႕မ်က္ႏွာကို ျမင္ေသာ္လည္း အခုေလာေလာဆယ္ လိုအပ္တာက ၾကင္ယာေတာ္ကင္မ္ ရက္ကန္း႐ုံမွျပန္သြားဖို႔သာ။ ထို႔ေၾကာင့္ အယ္ဒင္း ပုံမွန္အတိုင္းပင္ ျပဳမူကာ ၾကင္ယာေတာ္ကင္မ္ကို ေခၚထုတ္လာခဲ့လိုက္ေတာ့သည္။

ျမင္းလွည္းေပၚတက္ခါနီး တဝူးဝူးတိုက္ခတ္လာတဲ့ေႏြေလ။
ဗိုင္းေတာင့္ေတြမ်ား ေလလြင့္ကုန္ေလမလားဆိုတဲ့ အေတြးနဲ႔ ျမင္းလွည္းေပၚပါလာရရင္း ၾကင္ယာေတာ္ကင္မ္တစ္ေယာက္ အရွင့္အား လြမ္းရန္ပင္ေမ့ေလ်ာ့ေနခဲ့ေတာ့သည္။

________________________


ဂယန္းဟိုေတာင္ေျခ၌ အေျခစိုက္စခန္းတည္ၿပီးေနာက္ တပ္သားမ်ားအားလုံး တေမွး တေမာအိပ္စက္အနားယူၾကသည္။

မြန္ဟန္းမွ ညလုံးေပါက္ခရီးဆက္ခဲ့ေလေတာ့ ဂယန္းဟိုေတာင္ေျခသို႔ ေန႔ခင္းပိုင္း၌ေရာက္၏။ယာယီတဲထိုးျခင္းတို႔လုပ္ေဆာင္ၿပီးခ်ိန္ မိုးပင္ေမွာင္စျပဳေနၿပီ။

ဂယန္းဟိုသို႔ေရာက္လာေတာ့ အရွင္ဂြၽန္ရဲ႕စိတ္ေတြက ဟိုအရင္ငယ္စဥ္ဘ‌ဝေတြဆီ တစ္ေက်ာ့ျပန္ၿပီးေရာက္သြားတယ္။ ငယ္႐ြယ္လြန္းလွတဲ့မင္းသားငယ္ အ႐ြယ္မွာ ဂယန္းဟိုေတာင္ၾကားတိုက္ပြဲကို အိမ္ေရွ႕စံအေနနဲ႔ သူကိုယ္တိုင္ဦးေဆာင္ၿပီးေရွ႕တန္းကေန တိုက္ခဲ့ရတယ္။

နယ္ေျမလုတိုက္ပြဲဆိုတာ ကိုယ့္အပိုင္နယ္ေျမကို သူတစ္ပါးလာလုလို႔ မပါသြားေအာင္ ခုခံတိုက္ခိုက္တာလို႔ မွတ္ယူခဲ့တာ။ သူ႔မွာ အဲဒီအခ်ိန္က ဂယန္းဟိုကို ကာကြယ္ဖို႔အေၾကာင္းျပခ်က္မ်ားမ်ားစားစားမရွိခဲ့ဘူး။

တစ္ခါတေလ ခမည္းေတာ္က ဘာေၾကာင့္မ်ား ခ်ီႏိုင္ငံကို ပိတ္ဆို႔ထားတဲ့ ဒီသုံးစားမရတဲ့ေတာင္ကိုအသည္းအသန္ကာကြယ္ေနရသလဲလို႔ေတြးမိတယ္။ ဒီေတာင္ကို ကာကြယ္ဖို႔အတြက္နဲ႔ အသက္စြန႔္သြားၾကတဲ့ခ်ီစစ္သည္ေတြကိုျမင္ေယာင္မိရင္း သူလဲ ဒီေတာင္ကို မစြန႔္လႊတ္ႏိုင္ျပန္ဘူး။

အသက္အ႐ြယ္တစ္ခုေရာက္လာေတာ့မွ ဂယန္းဟိုဟာ ခ်ီအတြက္အေရးပါတဲ့အရာျဖစ္ေၾကာင္းသိလာတယ္။ ၿမိဳ႕တစ္ခုရဲ႕တံခါးခ်ပ္လိုပဲ။

ဂယန္းဟိုက ခ်ီအတြက္ တံခါးတစ္ခ်ပ္နဲ႔တူတယ္။ ဂယန္းဟိုကသာ ခ်ီႏိုင္ငံကို ဒယ္ရွီေတြဝင္မလာႏိုင္ေအာင္၊ တစ္ပါးေသာ ႏိုင္ငံကလာၿပီး မက်ဴးေက်ာ္ႏိုင္ေအာင္ ကာရံထားတဲ့ တံခါးခ်ပ္။ ဒီတံခါးခ်ပ္သာ ခ်ီရဲ႕အပိုင္မဟုတ္ေတာ့ရင္ ခ်ီထဲကို ရန္သူေတြက တံခါးမရွိ ဓားမရွိသြားလာဝင္ထြက္ႏိုင္သြားလိမ့္မယ္။

အဲဒီလိုမျဖစ္ဖို႔အတြက္ သူတို႔ဟာ ဂယန္းဟိုေတာင္ကို အသက္စြန႔္ၿပီး ကာကြယ္ေနၾကရတာ။

ေဖ်ာက္!

သူ႔အနားသို႔ လာက်သည့္ သစ္ကိုင္းေျခာက္တစ္ခုေၾကာင့္ ေက်ာက္တုံးေပၚတင္ထားသည့္ ဓားအား အျမန္ယူကာ ဆြဲထုတ္မိသြားသည္မွာ ခြၽင္ကနဲ။

အေနာက္ဘက္သို႔လွည့္ၾကည့္ေတာ့ စစ္သူႀကီးကင္မ္က ခပ္ၿပဳံးၿပဳံးၾကည့္ေနသည္။

"ေမာင္မင္းေတာ့ ဓားစာမိေတာ့မယ္"

အရွင္ဂြၽန္က ႀကိမ္းေတာ့ စစ္သူႀကီးကင္မ္က တစ္ခ်က္မွ်အသံထြက္ကာရယ္လိုက္ရင္း အရွင္ဂြၽန္ေဘးရွိ ေက်ာက္တုံးေပၚ လာထိုင္၏။

"အရွင္ ေတာင္ေပၚတက္သြားတယ္ၾကားလို႔ လိုက္လာခဲ့တာ...ကြၽန္ေတာ္မ်ိဳးထင္တာ အရွင္ စစ္မ်က္ႏွာအေျခအေနလာၾကည့္တယ္ေပါ့...ေနဝင္တာကို လာထိုင္ၾကည့္ေနမယ္လို႔ မထင္ခဲ့မိဘူး..."

စစ္သူႀကီးကင္မ္က အေနာက္မွေက်ာက္တုံးေပၚ လွဲမွီအိပ္ရင္း သူ႔အရွင္အားစေနာက္သည္။ ဒယ္ရွီေတြရဲ႕နယ္ေျမရွိရာ ေတာအုပ္အစြန္သို႔ တိုးဝင္ေပ်ာက္လုလုေနက သူတို႔ရွိေနရာ ေတာင္ကပါးမွ ေက်ာက္ေဆာင္တို႔ အလင္းတို႔ျဖန႔္က်က္ေနသည္။ အရွင္ဂြၽန္ဟာ က်ေနရိပ္ေအာက္မွ ေ႐ႊေရာင္တို႔ျဖန႔္က်က္ထားသကဲ့သို႔ေသာ မႈန္ဝါးဝါးေတာအုပ္အား လြမ္းလြမ္း ေဆြးေဆြးၾကည့္ေန၏။

ဒါသည္ကိုပင္ စစ္သူႀကီးကင္မ္က သူ႔ရွင္ကို ေနာက္တစ္ႀကိမ္ေသြးတိုးစမ္းကာ ေမးလိုက္သည္မွာ...

"ၾကင္ယာေတာ္ကင္မ္ကို လြမ္းမ်ား လြမ္းေနသလားအရွင္"

အရွင္ဂြၽန္က စစ္သူႀကီးကင္မ္အား ခ်က္ခ်င္းလွည့္ၾကည့္သည္။ခ်က္ခ်င္းပင္ မ်က္ခုံးတန္းတို႔တြန႔္ခ်ိဳးသြားလ်က္ မ်က္ႏွာလႊဲသြားျပန္၏။ထို႔ေနာက္ အရွင္ဂြၽန္က ခပ္ျပတ္ျပတ္ေလသံျဖင့္...

"က်ဳပ္က ဒင္းေလးကိုလြမ္းစရာလား...က်ဳပ္မရွိလို႔မ်ား ရက္ကန္း႐ုံဆီ ေျခတိုေအာင္ ေပ်ာ္ေပ်ာ္ႀကီးသြားေနမွာ ျမင္ေယာင္မိေသး"

အရွင္ဂြၽန္ရဲ႕စကားေၾကာင့္ စစ္သူႀကီးကင္မ္အသံတိတ္ရယ္လိုက္ရသည္။

""ကိုယ့္မိဖုရားကိုယ္လြမ္းတာပဲအရွင္ရယ္...အရွင္လြမ္းတယ္ေျပာလဲ ကြၽန္ေတာ္မ်ိဳးတို႔ကဘာမွ ေျပာႏိုင္ဖြယ္ရာမရွိပါဘူး..."

စစေနာက္ေနာက္ေျပာေလေတာ့ အရွင္ဂြၽန္က မ်က္ႏွာတို႔ရဲတက္သြားကာ ခ်က္ခ်င္းထရပ္ၿပီး...

"ေအး...ဟုတ္တယ္ က်ဳပ္မိဖုရားက်ဳပ္လြမ္းတယ္...ေသေတာ့မတတ္ဘဲ"

ရွက္ရမ္းရမ္းကာ ေျပာထြက္လာၿပီး ထျပန္ဖို႔ျပင္ေနတဲ့ အရွင္ဂြၽန္ရယ္။ ေက်ာခိုင္းသြားၿပီးေနာက္ စစ္သူႀကီးကင္မ္ဘက္ျပန္လွည့္ကာ လက္ညႇိဳးထိုးလို႔ေျပာသြားသည္မွာ...

"ေမာင္မင္း ကေတာ္ရမွ နယ္ျခားေစာင့္တပ္ဆီ ဆယ္လေလာက္ပို႔ေပးမယ္" ဟူ၍။

စစ္သူႀကီးကင္မ္ကေတာ့ တဝါးဝါးရယ္ကာသာက်န္ထားခဲ့ရေလေတာ့သည္။

ထိုညေနခင္း၌ ခ်ီနန္းေတာင္၌ က်န္ထားေလသူ ထိုအရွင္၏ မိဖုရားသည္လဲ စစ္ထြက္သူအား ရည္႐ြယ္လ်က္ ဘုရားရွင္ထံ၌ သစ္သီး၊ ေရခ်မ္းနဲ႔ ဆီမီး၊ပန္းတို႔ ကပ္လႉကာ ဝတ္ျပဳေနခဲ့သည္။

သူ၏ ဆုေတာင္းသည္ကား တစ္ခုတည္းသာ။

ခင္ပြန္းသည္အား ထိုစစ္ပြဲမွ ေဘးရန္ကင္းစြာျဖင့္ သူ႔ထံျပန္ေရာက္လာႏိုင္ဖို႔...။

________________________________

To Be Continued
Create By Jin's Jin Isle From BTS World
Novel By SawLwinYar
29,4,2024

A/N : 40K Reads အတြက္အမွတ္တရအေနနဲ႔ အပ္ေပးလိုက္ပါတယ္။ အားလုံးပဲ ေက်းဇူးကမာၻဆာအီေယာ။ ေဆာဒါးအိုင္ေယာ။






Continue Reading

You'll Also Like

1.1M 38.2K 63
๐’๐“๐€๐‘๐†๐ˆ๐‘๐‹ โ”€โ”€โ”€โ”€ โi just wanna see you shine, 'cause i know you are a stargirl!โž ๐ˆ๐ ๐–๐‡๐ˆ๐‚๐‡ jude bellingham finally manages to shoot...
16.1K 828 19
"I'll not hesitate to kill him. Because if he can't be mine I won't let him be yours. Be careful." Her words made my breath hitched. But I have to st...
7.5K 1.1K 11
Eng Name: I Rely on Poverty to Sweep Through Survival Games แ€›แ€พแ€ฑแ€ฌแ€„แ€บแ€œแ€”แ€บแ€Ÿแ€ฌ แ€•แ€ญแ€ฏแ€€แ€บแ€†แ€ถแ€•แ€ฑแ€ธแ€›แ€แ€ฒแ€ท แ€˜แ€šแ€บแ€กแ€›แ€ฌแ€€แ€ญแ€ฏแ€™แ€พ แ€™แ€œแ€ฏแ€•แ€บแ€”แ€ญแ€ฏแ€„แ€บแ€แ€ฒแ€ท แ€†แ€„แ€บแ€ธแ€›แ€ฒแ€žแ€ฌแ€ธแ€แ€…แ€บแ€ฆแ€ธ.... แ€กแ€œแ€ฏแ€•แ€บแ€€แ€กแ€•แ€ผแ€”แ€บแ€œแ€™แ€บแ€ธแ€™แ€พ...