Part 8

1.2K 111 52
                                    

[Unicode]"ညည့်အရမ်းနက်နေပြီမို့ ခနလောက်ပဲဖြစ်ဖြစ်အနားယူသင့်ပါတယ်အရှင်"

အနောက်တိုင်းရဲ့စစ်လက်နက်ထုတ်လုပ်မှုအကြောင်းရေးထားသည့် မျက်နှာဖြူစာအုပ်အားအသည်းအသန်ဘာသာပြန်နေသည့်အရှင့်ကို လီထိုက်အနည်းငယ်စိုးရိမ်သည်။ မျက်ရိုးအားခနခနလက်ချောင့်ဖြင့်ဖိနှိပ်နေသည်ကို လီထိုက်တွေ့နေရတော့ပို၍စိုးရိမ်လာခဲ့ခြင်း။ ဖယောင်းမီးရောင်နဲ့စာကြည့်ခြင်းက မျက်လုံးကိုထိခိုက်တတ်တာအရှင်လဲသိတာမို့ သူဘာမှမပြောနိုင်။

"လီထိုက်နားချင်ရင်သွားနားပါ...သွားလက်စနဲ့စစ်ဦးစီးမှုးတို့ဘက် အဆင်ပြေမပြေသွားကြည့်လိုက်ဦး သူတို့ကအသက်ကြီးပြီ...ကြမ်းပြင်မှာအိပ်ခိုင်းရတာ အရှင်ကအားနာရတယ်"

"အရှင်အိပ်ရင်တောင်ကျွန်တော်မျိုးကနိုးထနေရမယ့်သူတစ်ယောက်ပါ...ဦးစီးမှုးတို့ဘက်သွားကြည့်ပြီးပြန်လာခဲ့ပါမယ်"

ချက်ချင်းပင် ယာယီတဲထိုးထားသည့်အဆောင်ထဲမှထွက်သွားသည်။

ကျေးဇူးတရားကိုသိတတ်ပြီးသစ္စာစောင့်ထိန်းလွန်းသည့် လီထိုက်ကြောင့် အရာရာမှာဂျောင်ဂုစိတ်တစ်ဝက်အေးရ၏။ ဘာလို့တစ်ဝက်ပဲအေးရသည်လဲဟုဆိုလာရင် လီထိုက်ဟာ သူ့အရှင်အတွက်ဆို မိုက်ရူးရဲဆန်စွာနဲ့ အန္တရာယ်တောထဲခုန်ဆင်းပြီးအသက်တောင်စွန့်ဝံ့တဲ့သူမဟုတ်လား။ ပူနေရတဲ့စိတ်တစ်ဝက်က ထိုသို့သောအကြောင်းကြောင့်။

သူအသက် 12နှစ်။
သူ့ရဲ့ပထမဆုံးတိုက်ပွဲအတွေ့အကြုံဖြစ်တဲ့ ဂယန်းဟိုတောင်ကြားလမ်းတိုက်ပွဲမှာ အသက်မဲ့တဲ့မိခင်နားငိုနေတဲ့လီထိုက်ကို ခမည်းတော်ကတွေ့ပြီးချီသို့ခေါ်လာခဲ့ခြင်း။ထိုအချိန်က လီထိုက်ဟာ 6နှစ်အရွယ်ကလေးတစ်ယောက်။ ခမည်းတော်ကသူ့အနားအမြဲတစေထားထားပြီး အတူရှိစေတာမို့ လီထိုက်ကသူ့ကို ထိုအချိန်ကတည်းကငယ်ကြောက်ဖြစ်နေခဲ့သည်။

ထုံထိုင်းပြီး ပေတေတေလီထိုက်အား ဓားကောင်းတစ်လက်ဖြစ်လာစေဖို့ ဂျောင်ဂုနာနာရိုက်ခဲ့ရသည်။ သူ့စိတ်ထဲ ဂျောင်ဂုအပေါ်နာကျည်းမုန်းတီးစိတ်တစ်ခုမျှမရှိပါပဲ သူ့ကျေးဇူးကိုသိကာသစ္စာသိတတ်လာတော့ ပင်ပန်းခဲ့ရတာတန်သည်ဟုတွေးမိတာအကြိမ်ကြိမ်။

The Love Sleeping Under The Moonlight Unde poveștirile trăiesc. Descoperă acum