Part 4

1.8K 121 34
                                    

[Unicode]'ကြင်ယာတော်ကင်မ်က ညာဏ်များလွန်းတယ်...သူ့ကိုသတိထားပြီးနေပါ'

သတိလစ်ကာအိပ်ပျော်နေသော ကြင်ယာတော်ကင်မ်အားကြည့်နေရင်း မယ်တော်ပြောခဲ့ဖူးတဲ့စကားကိုပြန်ကြားယောင်လိုက်မိသည်။ အနောက်ဘက်ဥယျာဉ်မှာဖြစ်ပျက်သွားတဲ့ကိစ္စကြောင့် ကြင်ယာတော်ကင်မ်ကိုသနားဂရုဏာသက်ကြောင်း နန်းတွင်းထဲ တီးတိုးတီးတိုးသဖန်းပိုးလုပ်နေသံများကို အထိန်းတော်ကြီးအင်မှတဆင့်သူကြားသိပြီးသား။

"ဘယ်အချိန်မှသတိပြန်ရမှာလဲ..."

"ပုံမှန်ဆိုဒီအချိန် သတိရသင့်ပါပြီအရှင်"

အရှင်ဂျွန်ရဲ့အမေးကိုဖြေလိုက်သည့်သမားတော်ရဲ့စကားကြောင့် ကွက်ခနဲပျက်သွားကြသည့်အပျိုတော်နှစ်ယောက်ရဲ့မျက်နှာ။

"မိန်းကလေးဂို ကိုယ်တော့်ကိုမျှော်နေတော့မှာမို့ သတိရတဲ့အထိစောင့်မပေးနိုင်တော့တာစိတ်မကောင်းဖြစ်မိတယ်...မင်းတို့မယ်မယ်နိုးလာရင် ကိုယ်တော့်ဆီကိုသတင်းပို့ပါ"

အရှင်ဂျွန်ရဲ့စကားသံက တည်ငြိမ်နေသလို မျက်နှာထားကလဲ ထပ်တူအေးစက်နေသည်။ ကြင်ယာတော်အလောင်းအလျာအဖြစ် လျာထားသည့်မိန်းမတစ်ယောက်အတွက်နဲ့  မိဖုရားတစ်ပါးကိုလျစ်လျူရှုသည်တဲ့လား။ သူများတကာပြောဆိုနေသလို သူတို့မယ်မယ်ဖုရားဟာ အစွန့်ပစ်ခံ အယောင်ပြမိဖုရားတစ်ပါးဖြစ်နေခဲ့ပြီလား။

အရှင်ကသွားခါနီးမှ မယ်မယ်အားတစ်ချက်ပြန်ကြည့်လျက်။

"နန်းမတော်ရဲ့ပြစ်ဒဏ်ကိစ္စ လောလောဆယ် ကြင်ယာတော်ကင်မ်ကိုပေးမသိနဲ့"

"ဟုတ်ကဲ့ပါအရှင်"

အရှင်ဂျွန်နဲ့အတူသမားတော်တို့ထွက်သွားကြတော့ နန်းဆောင်ဟာတိတ်ဆိတ်သွားရသည်။ ခွင့်ရက်နဲ့အိမ်ပြန်သွားခဲ့တဲ့သူတို့အထိန်းတော်သာရှိရင် ကိစ္စများကိုကောင်းကောင်းဖြေရှင်းနိုင်လိမ့်မည်။

"မယ်မယ်ဖုရား ထလို့ရပါပြီ"

ခုတင်နားအောက်ခြေရင်း၌ ပုဆစ်ဒူးတုပ်ထိုင်လိုက်ကြသည့်အပျိုတော်နှစ်ယောက်။လှဲအိပ်နေသည့် ကြင်ယာတော်ကင်မ်ရဲ့မျက်လုံးနှစ်ဖက်ဟာ ညင်သာစွာပွင့်လာသည်။

The Love Sleeping Under The Moonlight Where stories live. Discover now