ငါ့တပည့်တွေက ဘုရင်တွေ

By Bee9966

151K 11.4K 66

Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start dat... More

အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 20
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25+26
အပိုင်း 27+28
အပိုင်း 29+30
အပိုင်း 31+32
အပိုင်း 33+34
အပိုင်း 35+36
အပိုင်း 37+38
အပိုင်း 39+40
အပိုင်း 41+42
အပိုင်း 43+44+45
46+47+48+49+50
အပိုင်း 61+62+63+64+65
အပိုင်း 66+67+68+69+70
🚨
အပိုင်း 51+52+53+54+55
အပိုင်း 56+57+58+59+60
အပိုင်း 71+72
အပိုင်း 73+74
အပိုင်း 75+76
အပိုင်း 77
အပိုင်း 78
အပိုင်း 79+80
အပိုင်း 81
အပိုင်း 82
အပိုင်း 83
အပိုင်း 84
အပိုင်း 85
အပိုင်း 86
အပိုင်း 87
အပိုင်း 89
အပိုင်း 90
အပိုင်း 91
အပိုင်း 92
အပိုင်း 92
အပိုင်း 93
အပိုင်း 94
အပိုင်း 95
အပိုင်း 96
အပိုင်း 97
အပိုင်း 98
အပိုင်း 99
အပိုင်း 100
🚨
အပိုင်း 101
အပိုင်း 102
အပိုင်း 103
အပိုင်း 104
အပိုင်း 105
အပိုင်း 106
အပိုင်း 107
အပိုင်း 108
အပိုင်း 109
အပိုင်း 110
🌈
အပိုင်း 111
အပိုင်း 112
အပိုင်း 113
အပိုင်း114
အပိုင်း 115
အပိုင်း 116
အပိုင်း 117
အပိုင်း 118
အပိုင်း 119
အပိုင်း 120
အပိုင်း 121
အပိုင်း 122
အပိုင်း 123
အပိုင်း 124
အပိုင်း 125
အပိုင်း 126
အပိုင်း 127
အပိုင်း 128
အပိုင်း 129
အပိုင်း 130
အပိုင်း 131
အပိုင်း 132
🚨
အပိုင်း 133
အပိုင်း 134
အပိုင်း 135
အပိုင်း 136
အပိုင်း 137
အပိုင်း 138
အပိုင်း 139
အပိုင်း 140
အပိုင်း 141
အပိုင်း 142
အပိုင်း 143
အပိုင်း 144
အပိုင်း 145
🚨
အပိုင်း 146
အပိုင်း 147
အပိုင်း 148
အပိုင်း 149
အပိုင်း 150
အပိုင်း 151
အပိုင်း 152
အပိုင်း 153
🚨
အပိုင်း 154
အပိုင်း 155
အပိုင်း 156
အပိုင်း 157
အပိုင်း 158
အပိုင်း 159
အပိုင်း 160
အပိုင်း 161
အပိုင်း 162
အပိုင်း 163
အပိုင်း 164
အပိုင်း 165
အပိုင်း 166
အပိုင်း 167
အပိုင်း 168
အပိုင်း 169
အပိုင်း 170
အပိုင်း 171
အပိုင်း 172
အပိုင်း 172
အပိုင်း 173
အပိုင်း 174
အပိုင်း 175
အပိုင်း 176
အပိုင်း 177
အပိုင်း 178
အပိုင်း 179
🍯🐝
အပိုင်း 180
အပိုင်း 181
ကြေငြာ
🌫️
အပိုင်း 182
အပိုင်း 183
အပိုင်း 184
အပိုင်း 185
အပိုင်း 186
အပိုင်း 187
အပိုင်း 188
အပိုင်း 189
အပိုင်း 190
အပိုင်း 191
အပိုင်း 192
အပိုင်း 193
🍯🐝
ကျေးဇူးတင်လွှာ🙇‍♀️

အပိုင်း 88

910 73 0
By Bee9966

အခန်း ၈၈ : ဓားသွားပိုင်နက်နယ်မြေထဲမှာ ငါက အရှင်သခင်ပဲ

တောင်ပိုင်းဒေသကလာသော ယဲ့ချိုးပိုင်မှာ ဤမျှအစွမ်းကြီးလိမ့်မည်ဟု မည်သူမှထင်မထားပေ။

ကွမ်ကျုံးယန်၏မျက်ဝန်းထဲမှာ ရှက်ရွံ့ခြင်းအရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။ အစကမူ သူသည် သူ့အဆင့်ကိုဖိနှိပ်ထားရသည့်တိုင် သူ့ခွန်အားဖြင့် ယဲ့ချိုးပိုင်ကိုတိုက်ခိုက်ရာတွင် အသာစီးရလိမ့်မည်ဟုထင်ခဲ့သည်။

သို့သော် တစ်ဖက်လူက သစ်သားဓားကိုကိုင်စွဲ၍ သူ့တိုက်ခိုက်မှုကို လွယ်လင့်တကူတိုက်ထုတ်နိုင်လိမ့်မည်ဟု မည်သူထင်ထားပါအံ့နည်း။

ယဲ့ချိုးပိုင်၏ပုံစံအရ သူသည် သူ့ခွန်အားကို အလုံးစုံထုတ်သုံးထားပုံမပေါ်ပေ။

ထိုအကြောင်းကိုတွေးရင်း ကွမ်ကျုံးယန်မှာအော်ဟစ်လျက် လေထဲသို့ လွှားခုန်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ချိုးပိုင်ရှေ့ကိုရောက်လာလေ၏။

လေအလျင်အလား မြန်လှပေသည်။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိဓားရှည်က ရုတ်ခြည်းဆန်တက်သွားပြီး လေထုထဲတွင် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

၎င်းက ယဲ့ချိုးပိုင်ကို တိုက်ခိုက်လေတော့သည်။

ကောင်းကင်နှင့်အပြည့် ဓားအရိပ်များကို ရင်ဆိုင်နေရင်း ယဲ့ချိုးပိုင်မှာ ထိတ်လန့်ခြင်းမရှိသလို သူ့အမူအရာကလည်း မတည်ငြိမ်မှု စိုးစဉ်းမျှမရှိ။

သူ့လက်ထဲက သစ်သားဓားကိုလည်း လွှဲယမ်းလိုက်ခြင်းမရှိဘဲ ရှေ့ကိုသာ ခြေတစ်လှမ်းတိုးလိုက်လေသည်။

ဓားဆန္ဒများမှာ ကောင်းကင်ထိတိုင် ဆန်တက်သွားလေသည်။

၎င်းတို့က ဓားသွားငိုရှိုက်သံများကို ထုတ်လွှတ်နေချေ၏။

ကောင်းကင်ထက်သို့ အပြင်းနှင်သွားသော ဓားဆန္ဒကမူ ကာကွယ်ရေးတံတိုင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားဟန်တူသည်။

ကောင်းကင်၌ပြည့်လျှံနေသော ဓားအရိပ်များက ထိုတံတိုင်းကိုတိုက်ခိုက်လိုက်သော်လည်း ထိခိုက်ပျက်စီးမှုလုံးဝမရှိပေ။

ဆန့်ကျင်ဘက်အနေနှင့် ကွမ်ကျုံးယန်းခမျာ ဓားဆန္ဒ၏တွန်းကန်ခြင်းကိုခံလိုက်ရပြီး အပြင်းအထန်နောက်ပြန်ဆုတ်သွားလေ၏။

ဓားဆန္ဒကို အထူးပြုတတ်ကျွမ်းထားသူများမှာ မဟာဓားသိုင်းအရှင်များပင်။

"တကယ်ပြည့်စုံလိုက်တဲ့ဓားဆန္ဒပါလား"

"ယဲ့ချိုးပိုင်က တကယ်ကြီး မဟာဓားသိုင်းအရှင်ပဲဟ"

"အရင်က ဒီသတင်းကိုငါကြားခဲ့တုန်းက သတင်းတုလို့ထင်ခဲ့မိတာ"

"ဒါပေမဲ့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဓားသိုင်းပညာရှင်တစ်ယောက်ဖြစ်လာတာဆိုတော့လည်း ဘယ်သူကယုံမှာလဲ"

တချို့ဓားသိုင်းကျင့်ကြံသူများမှာ မဟာဓားသိုင်းအရှင်ကဲ့သို့သောအဆင့်ကို တစ်သက်လုံးမရောက်နိုင်ကြပေ။

သို့သော် ယဲ့ချိုးပိုင်ကတော့...

သူသည် ပင်လယ်ရေလှိုင်းအလယ်အလတ်အဆင့်မျှသာရှိသေးသော်လည်း ထိုအဆင့်ကို ရောက်ပြီးနေလေပြီ။

သူ၏ဓားသွားတာအိုစွမ်းရည်မှာ ကျောင်းတော်ထဲတွင် ပြိုင်ဘက်ကင်းလောက်ပေသည်။

ယခုတော့ ကျောင်းတော်က ကွမ်ကျုံးယန်၏နေရာကိုပယ်ဖျက်ပြီး ယဲ့ချိုးပိုင်ကိုပေးလိုက်ရသည့်အကြောင်းအရင်းကို အားလုံးနားလည်နိုင်ပြီဖြစ်၏။

မည်သို့ပင်ဖြစ်စေ ယဲ့ချိုးပိုင်၏ဓားတာအိုစွမ်းရည်နှင့်ဆိုလျှင် သူကသာ လျှို့ဝှက်ဓားသွားဂိုဏ်းကိုသွားရန် ပိုသင့်တော်လေသည်။

ကွမ်ကျုံးယန်လည်း ထိုသို့တွေးမိသည်မှာ ရှင်းနေချေသည်။ သူ့အမူအရာက ကူကယ်ရာမဲ့စွာ မှုန်မှိုင်းနေရှာသည်။

ယဲ့ချိုးပိုင်က လက်တစ်ဖက်တွင် သစ်သားဓားကိုကိုင်ထားပြီး သူ၏ဓားဆန္ဒများကို ကောင်းကင်ပေါ်မှဖယ်ရှားလိုက်သည်။

ထို့နောက် ကွမ်ကျုံးယန်ကိုကြည့်ကာ သာမန်ကာလျှံကာမျှပြောလိုက်၏။

"ခင်ဗျားရဲ့အဆင့်ကို ထပ်ဖိနှိပ်ထားမယ်ဆိုရင် ခင်ဗျားမှာ အခွင့်အရေးလေးတစ်ခုတောင်မရှိတော့မှာစိုးမိတယ်"

ယဲ့ချိုးပိုင်၏စကားများက မှန်ပေသည်။

ဓားဆန္ဒကို တတ်ကျွမ်းပြီးသွားသည့်နောက်တွင် ယဲ့ချိုးပိုင်၏ခွန်အားသည် ချန်းယွမ်အဆင့်နီးနီးဖြစ်နေပေသည်။

ကွမ်ကျူံးယန်၏မျက်နှာမှာ မှိုင်းညှို့သွားလေတော့သည်။ ထိုအခိုက်တွင် သူ့မျက်နှာပျက်ရသည်ကို ဂရုမစိုက်နိုင်တော့ပေ။

သူသာ ရှုံးခဲ့ပါက ပို၍ပင်မျက်နှာပျက်ရမည်သာ။

သူသည် သူ့အဆင့်ကို ထပ်မဖိနှိပ်ထားတော့ချေ။

ချန်းယွမ် အလယ်အလတ်အဆင့်အရှိန်အဝါများ ပေါက်ကွဲထွက်လာလေသည်။

ကွမ်းကျုံးယန်မှာ ထပ်ပြီး ထိန်းချုပ်မထားတော့ပေ။

"မင်းရဲ့စွမ်းရည်က တကယ်ကို ငါ့ထက်သာတာပဲ"

ကွမ်ကျုံးယန်၏အရှိန်အဝါများမှာ ယဲ့ချိုးပိုင်အပေါ် ဖိနှိပ်ထားသည်။ သူ့မျက်လုံးများက သူ့ပြောစကားများနှင့် မတူလှပေ။

"အနာဂတ်မှာတော့ မင်း ငါ့ကို ကျော်တက်သွားနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ အခုတော့မရဘူး"

အရှိန်အဝါများမှာ လေထုထဲတွင် တအုန်းအုန်းမြည်သံကြီးကို ဖြစ်ပေါ်လာစေသည်။

ထိုအချိန်မှာ လေပွေများက ကွမ်ကျုံးယန်၏ပတ်ပတ်လည်တွင် လှည့်လည်နေချေသည်။

ထိုပြင် ထိုလေပွေများထဲတွင် ထက်ရှလှသောဓားသွားအတိုလေးများ ရှိနေပေသည်။

ထိုဓားသွားအတိုလေးများက ဓားဆန္ဒကြောင့် ဖြစ်ပေါ်လာခြင်းပင်။

ဤသည်မှာ ကွမ်ကျုံးယန်ကျွမ်းကျင်သောသိုင်းကွက်ပင်။

လေပြည်ဆန္ဒနှင့် ဓားဆန္ဒတို့မှာ ပြီးပြည့်စုံစွာပေါင်းစပ်သွားကြလေသည်။

တာအိုအာဒိကပ္ပဉာဏ်အလင်း၏ပေါင်းစပ်မှုမှာ အလွန်ခက်ခဲလှသည်။ ဥပဒေပြဌာန်းရေးခန်းမအကြီးအကဲပင်လျှင် ထိုမြင်ကွင်းကိုမြင်သောအခါ သက်ပြင်း မချဘဲမနေနိုင်ချေ။

ကွမ်ကျုံးယန်သည် လျှို့ဝှက်တာအိုပင်မကျောင်းတော်၏ပါရမီရှင်ဟူသော ဂုဏ်ပုဒ်နှင့် လျော်ညီအောင်မနေခဲ့ပေ။

ကံဆိုးချင်တော့....

ယဲ့ချိုးပိုင်က သူ့ထက် ပိုကြမ်းလေ၏။

ထိုမြင်ကွင်းကိုမြင်သော် ယဲ့ချိုးပိုင်က ထိတ်လန့်ခြင်းအလျဉ်းမရှိ။

ဓားဆန္ဒများမှာ ကောင်းကင်ထိတိုင်ပျံတက်သွားမည့် မြစ်ပြင်ကြီးတစ်စင်းအဖြစ် အသွင်ပြောင်းသွားဟန်ပင်။

ထို့နောက် တချို့က အောက်ကို ပြိုကျလာခဲ့သည်။ ဓားဆန္ဒဟာ ပျံလွှားတိမ်တိုက်စင်မြင့်တစ်ခုလုံးကိုပင် လွှမ်းခြုံပစ်လိုက်၏။

ကွမ်ကျုံးယန်ကလည်း ထိုမြင်ကွင်းကိုစောင့်ကြည့်နေပြီး သာမန်ကာလျှံကာ ပြောလာသည်။

"ဓားဆန္ဒကို ဖြန့်ကြက်ပစ်တာက သူ့အစွမ်းကိုအားနည်းသွားစေတယ်။ မင်းရဲ့သိုင်းကွက်က ဘာအဓိပ္ပါယ်ရှိမှာလဲ"

ယဲ့ချိုးပိုင်က သူ့ကို လျစ်လျူရှုထားလိုက်သည်။

တဖြည်းဖြည်းနှင့် ပျံလွှားတိမ်တိုက်စင်မြင့်ထက်မှာ ဓားဆန္ဒများပြည့်နှက်သွားလေသည်။

အဆုံးမှာတော့ လူအားလုံးလည်း မူမမှန်မှုကိုသတိပြုမိသွားကြသည်။

ထိုအခိုက်တွင် ပျံလွှားတိမ်တိုက်စင်မြင့်၏နေရာတိုင်းမှာ ဓားဆန္ဒများဖြင့် ပြည့်နှက်သွားလေပြီ။

ဥပဒေပြဌာန်းရေးခန်းမအကြီးအကဲ၏အမူအရာက အရင်ဆုံးပြောင်းလဲသွားလေ၏။

ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ထက်ရှသောဓားဆန္ဒများ ပြည့်နှက်သွားသည်ကို ခံစားလိုက်ရသည်။

အရာအားလုံးမှာ ယဲ့ချိုးပိုင်၏ထိန်းချုပ်မှုအောက်၌ ရှိနေသည့်အလားပင်။

ဓားသွားပိုင်နက်နယ်မြေ....

ကျောက်နံရံပေါ်မှ ယဲ့ချိုးပိုင်သိမြင်နားလည်ခဲ့သော အမွေအနှစ်ပေတည်း။

" လေလုံးထွားနေတာပဲ"

ကွမ်ကျုံးယန်အနေနှင့် ချီစွမ်းအင်ပင်လယ်အဆင့်မျှသာရှိသော ယဲ့ချိုးပိုင်က သူ့ကိုဒုက္ခပေးနိုင်လိမ့်မည်ဟု မယုံကြည်ပေ။

ကွမ်ကျုံးယန်က ဓားဆန္ဒလေပွေကြီးကို ယဲ့ချိုးပိုင်ဆီသို့ပစ်လွှတ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်သည့်တိုင် ယဲ့ချိုးပိုင်၏အမူအရာမှာ လုံးဝပြောင်းလဲမသွားပေ။ သူက သူ့လက်ဖဝါးကို လှန်လိုက်သည်။

တစ်ချိန်တည်းမှာပင် အရပ်မျက်နှာအသီးသီးရှိ ဓားဆန္ဒများက ကွမ်ကျုံးယန်ကို တိုက်ခိုက်လေတော့သည်။

ဓားသွားပိုင်နက်နယ်မြေထဲမှာတော့ ယဲ့ချိုးပိုင်ကသာ အရှင်သခင်ဖြစ်လေသည်။

ဓားဆန္ဒများကလည်း နေရာအနှံ့ပင်။

ယဲ့ချိုးပိုင်ဆန္ဒရှိသရွေ့ ဓားသွားပိုင်နက်နယ်မြေထဲတွင် တိုက်ခိုက်မှုပြုရန် ဓားဆန္ဒများကို သူ အမိန့်ပေးလိုက်နိုင်သည်။

ထိုအချိန်မှာပင် ဓားဆန္ဒလေပွေများမှာ ဓားဆန္ဒ၏ဖျက်စီးခြင်းကိုခံလိုက်ရချေသည်။

၎င်းတို့ကို တိုက်ခိုက်သိမ်းပိုက်၍ပင်ရသည်။

ကွမ်ကျုံးယန်က ထိုမြင်ကွင်းကိုမြင်သောအခါ များများစားစားတွေးနေရန် အချိန်မရှိသဖြင့် သူ၏ဓားဆန္ဒများကို လွှတ်ထုတ်လိုက်ရသည်။

သူသည် ယဲ့ချိုးပိုင်၏ ဓားသွားပိုင်နက်နယ်မြေကို ခုခံရန်အတွက် အသုံးပြုလိုခဲ့ခြင်းဖြစ်၏။

သို့သော် ဓားဆန္ဒများကို လွှတ်ထုတ်လိုက်ချိန်မှာ ကွမ်ကျုံးယန်သည် သူ့ဓား ဆန္ဒများ ဖိနှိပ်ခံထားရသလို ခံစားလိုက်ရသည်။

ဘာတွေဖြစ်နေတာလဲ...

ယဲ့ချိုးပိုင်သာလျှင် နားလည်ပေသည်။

ဓားသွားပိုင်နက်နယ်မြေထဲတွင် ဓားသိုင်းကျင့်ကြံသူအားလုံး သို့မဟုတ် တာအို စားသိုင်းကျင့်ကြံသူအားလုံး ဖိနှိပ်ခံရလိမ့်မည်သာ။

သူ့ထက် ခွန်အားပိုသန်မာသူကသာ အင်အားသုံး၍ ဖောက်ထွက်နိုင်မည်ဖြစ်၏။

ဤဓားသွားပိုင်နက်နယ်မြေသည် ဓားသိုင်းကျင့်ကြံသူများကိုပစ်မှတ်ထားသော ပိုင်နက်နယ်မြေတစ်ခုပင်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

ကြောက်မက်ဖွယ်ဓားဆန္ဒကြီးမှာ ဓားဆန္ဒပင်လယ်ပြင်ကြီးအဖြစ် စုစည်းသွားပြီး ကွမ်ကျူံးယန်ဆီသို့ အပြင်းနှင်လေတော့သည်။

အဆုံးမဲ့ဓားဆန္ဒကိုရင်ဆိုင်ရချိန်မှာ ကွမ်ကျုံးယန်တစ်ယောက် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ၏ချန်းယွမ်အလယ်အလတ်အဆင့် ခွန်အားများလည်း မချွင်းမချန်ထွက်ပေါ်လာလေသည်။

လေပြင်းမုန်တိုင်းနှယ် ဟိန်းဟောက်နေသောလက်သီးတစ်ချက်ကို သူပစ်သွင်းလိုက်သည်။

အုန်း...

ပျံလွှားတိမ်တိုက်စင်မြင့်ကြီးမှာ ချက်ချင်းနှစ်ခြမ်းကွဲသွားလေသည်။

တစ်ဖက်ခြမ်းတွင် လေပြင်းမုန်တိုင်းတစ်ခုရှိပြီး ကျန်တစ်ဖက်တွင် ဓားဆန္ဒမြစ်ပြင်ကြီးရှိ၏။

လူအပေါင်းမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူတို့၏မျက်နှာထက်တွင် အကြောက်တရားများနှင့်ပြည့်နှက်သွားသည်။

"ယဲ့ချိုးပိုင်က စီနီယာအစ်ကိုကွမ်ကို ဒီလောက်အတိုင်းအတာအထိ တကယ်ကြီးတိုက်ခိုက်နိုင်တာပဲ"

"မဟုတ်ဘူး။ သေချာခံစားကြည့်လိုက်။ စီနီယာအစ်ကိုကွမ်ရဲ့အရှိန်အဝါက လုံးဝဖိနှိပ်ခံလိုက်ရပြီကွ"

လေကြမ်းလာလေပြီ။

ထိုအရှိန်အဝါများသည် တဖြည်းဖြည်းနှင့် ဓားဆန္ဒ၏ဖိနှိပ်မှုကို ဆက်တိုက်ခံစားနေရချေသည်။

ကွမ်ကျုံးယန်၏မျက်နှာမှာလည်း ဖြူဖျော့လာလေ၏။

ဤတိုက်ခိုက်မှုတွင် သူသည် သူ့ခွန်အားအလုံးစုံကို ထုတ်သုံးခဲ့ပြီးဖြစ်၏။

သို့သော် ယခုမူ သူသည် ယဲ့ချိုးပိုင်ကို မတိုက်ခိုက်နိုင်သေးသည့်အပြင် ဖိနှိပ်ပါခံနေရသည်။

ဤသည်မှာ သူ့အတွက်တော့ ကြီးမားလှသော ထိုးနှက်ချက်ကြီးတစ်ခုဖြစ်သည်။

"ငါ..အရှုံးကို လက်ခံပါပြီ"

သူ့စကားအဆုံးတွင် လေပြင်းမုန်တိုင်း ပျောက်ကွယ်သွားလေတော့သည်။

ယဲ့ချိုးပိုင်က လက်ကို ဝှေ့ယမ်းလိုက်လေရာ ဓားသွားပိုင်နက်နယ်မြေကလည်း ပျောက်ကွယ်သွား၏။

ယဲ့ချိုးပိုင်သည် ပျံလွှားတိမ်တိုက်စင်မြင့်ထက်၌ တိုက်ပွဲနှစ်ပွဲနွှဲခဲ့ပြီးလေပြီ။

ပထမတစ်ပွဲက ဟွမ်းကျန်းကျန့်နှင့် အသေအကြေတိုက်ခိုက်ရသော တိုက်ပွဲတစ်ပွဲဖြစ်သည်။ ဒုတိယပွဲမှာမူ နေရာတစ်ခုကိုလောင်းကြေးထပ်၍ ကွမ်ကျုံးယန်ကို အနိုင်ယူပစ်ခဲ့သည်။

ထိုတိုက်ပွဲနှစ်ခုလုံးက ယဲ့ချိုးပိုင်၏ဂုဏ်သတင်းကို လျှို့ဝှက်တာအိုကျောင်းတော်တစ်ခုလုံးအနှံ့ လုံးဝပျံ့နှံ့သွားစေခဲ့သည်။

တောင်ပိုင်းဒေသမှလာသော ထိုတပည့်ဟာ ပင်လယ်ရေလှိုင်း အဆင့်မျှဖြင့် ချန်းယွမ်အဆင့်ပညာရှင်တစ်ယောက်ကို အနိုင်တိုက်နိုင်ခဲ့သည်။

ယဲ့ချိုးပိုင်က ကွမ်ကျုံးယန်ကို တစ်ချက်မျှစောင်းငဲ့ကြည့်လိုက်ပြီး စင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

သူက ဤနေရာမှထွက်ခွာလာခဲ့ပြီးနောက် ရာချီသန့်စင်ရေးနယ်မြေဆီသို့ ထွက်လာခဲ့လိုက်သည်။

ကွမ်ကျုံးယန်နှင့်တိုက်ခိုက်ခဲ့သောတိုက်ပွဲမှာ ယဲ့ချိုးပိုင်အနေနှင့် ဓားသွားပိုင်နက်နယ်မြေ၏အစွမ်းကို စမ်းသပ်ချင်ရုံသက်သက်သာဖြစ်၏။

ရှိသမျှလူတိုင်းက ယဲ့ချိုးပိုင်၏ကျောပြင်ကိုစိုက်ကြည့်ရင်း သူတို့၏မျက်လုံးထဲတွင် မနာလိုအားကျနေဟန်အရိပ်အယောင်များနှင့် ပြည့်နှက်နေချေသည်။

တစ်ဖက်တွင်လည်း ဤသတင်းကိုရလိုက်သည့်ခေါင်းဆောင်ခမျာ မပြုံးဘဲမနေနိုင်ပေ။

"ယဲ့ချိုးပိုင် လျှို့ဝှက်ဓားသွားဂိုဏ်းကိုသွားတဲ့အခါကျရင် ငါ့ရဲ့လျှို့ဝှက်တာအို ကျောင်းတော်က ဓားသွားတာအိုအရာမှာ ဒီလောက်ထူးချွန်တဲ့ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်တယ်ဆိုတာ သူတို့သိသွားရင် အံ့ဩသွားကြလောက်မှာပဲ"

Continue Reading

You'll Also Like

1.1M 43.9K 89
Author:- Shao tang Status: Complete Status in COO: 79 chapters +9 Extras Qiu Jin transmigrated into a book once again. Last time, he transmigrated in...
1.3M 38.6K 45
(Unicode) မောင် မင်းကိုမြင်မြင်ချင်းထဲကချစ်ခဲ့တယ်ဆိုတာမင်းယုံပါ မောင်ကတစ်ကိုယ်ကောင်း သမားမို့ မင်းကိုမောင့်အနားမှာဘဲခေါ်ထားမှာ.... (ခန့်ညီသော်) ( Mat...
6.3M 190K 45
She isn't short. She is bite sized. Anita Rosaline Nightshade has always been small. 4'11 height but a 6'7ft attitude. She might be small, but she...