⚜️Nay Tin's Love Story⚜️
~~~~~~
Part_52
''ဟင်"
''ကိုယ် ..ကိုယ်ဝန်... ဟုတ်လား"
''ဟုတ်''
ကိုကိုကြီးမျက်နှာက ဝင်းခနဲ
ဖြစ်သွားပြီး အနားကို ချက်ချင်းရောက်လာတာမို့ သော်တာ ရင်ခုန်စွာဖြင့် မော့ကြည့်နေမိသည်....
အိုးး ကိုကိုကြီးက အနော့်ကို မှတ်မိသွားတာများလား ...
"ကိုယ်ဝန်က ဘယ်နှစ်လ ရှိပြီလဲ ဘယ်တုံးကတည်းက ရှိနေတာလဲ အခုကော နေလို့အဆင်ပြေရဲ့လား ဘာစားချင်လဲ''
''ရှင်'''
သူ့ဆီက မေးခွန်းတွေ တရစပ် ထွက်သွားတော့ ဆရာမက အံ့ဩဝမ်းသာနေရှာပြီး ဘာဖြေရမှန်းမသိ ဖြစ်နေတာကို မြင်တော့မှ နေတင် သတိဝင်လာကာ ကိုယ်ရှိန် တန့်သွားရတော့သည်....
"ငါက ဟို အင်း ဟိုလေ ဘာမှ မဟုတ်တော့ဘူး မင်းအမျိုးသားကကော ဘာ ဘာပြောလဲ"
သော်တာ ဝဲတက်လာသော မျက်ရည်တွေကို မျက်တောင်ခတ်ကာ သိမ်းဆည်းလိုက်ရင်း ....
"ဘာ ဘာမှ မပြောပါဘူး ဦးနေ''
အဖျားခတ် တုန်ယင်နေသော အသံလေးကြောင့်
နေတင် သနားသွားရပြီး .....
''သူမပြောလည်း ဘာမှ မဖြစ်ဘူး အခု ငါပြောပြီလေ မင်းရဲ့ကိုယ်ဝန်အတွက် ဂုဏ်ယူပါတယ် အသေးလေး ငါ အရမ်းဝမ်းသာတယ်"
''ဦးနေက အနော်ကိုယ်ဝန်ရှိတာ ဝမ်းသာတယ်ပေါ့နော် ''
''အင်း''
''ဘာဖြစ်လို့ ဝမ်းသာတာလဲဟင်''
''အဲဒါတော့ ငါလည်း မသိဘူး ဟိုလေ ငါက ဒီအတိုင်း......''
ကိုကိုကြီးက ဆက်ပြောဖို့ အခက်တွေ့နေရှာပုံရတာမို့ သော်တာ သက်ပြင်းချလိုက်ရင်း....
"သွားကြစို့ ဦးနေ''
''အင်း ဒါပေမယ့် မင်းအဝတ်အစားလဲမှ ဖြစ်မှာပေါ့ ''
'''အနော့်ရဲ့ အဝတ်အစားတွေကို ဦးနေပဲ အပြင်သွားရင် မဝတ်ရဘူးဆို''
သူပြောတာ နားထောင်လှတဲ့ ဆရာမလေးကြောင့် နေတင် ကျေနပ်စွာ ပြုံးလိုက်မိရင်း ....
"အဟွန်း ခဏစောင့်''
ကိုကိုကြီးက သော်တာ့အခန်းထဲကို ဝင်သွားပြီး ခဏလေးနေတော့ ပြန်ထွက်လာလေသည်.....
သော်တာ့မှာ အများကြီးရှိတဲ့ အပေါ်က ပွပွဖားဖားနဲ့ အောက်က ဘောင်းဘီ ဒူးကျလေးတစ်စုံကို ဆွဲထုတ်လာကာ .....
"ရော့ ဒါလေးနဲ့ ပြန်လဲလိုက်''
''ဟုတ်''
သော်တာ အခန်းထဲကို ပြန်ဝင်ကာ အဝတ်အစား ပြန်လဲနေရင်း မျက်ရည်ကျရတော့သည်....
ကိုကိုကြီးသာ သတိရှိနေရင် ဘယ်လောက်တောင်များ ပျော်နေရှာမလဲ အရင်လို အခြေအနေလေး ပြန်ဖြစ်ချင်လိုက်တာ ကိုကိုကြီးရယ်....
သော်တာ အခန်းထဲကနေ ထွက်လာတော့ .....
"လာ ဒီရဲ စောင့်နေပြီ''
''ဟုတ်''
သော်တာတို့ ကားပေါ်မှာ ဝင်ထိုင်ပြီးတာနဲ့ ကိုဒီရဲက ကားကို ငြင်သာစွာ မောင်းနှင်လာတော့သည်....
မရီးက မျက်နှာလေးနွမ်းနေပြီး အပြင်ကို တိတ်တဆိတ်ငေးကာ လိုက်ပါလာလေသည် .....
ကိုနေတင်က မရီးကို နောက်ကြည့်မှန်ကနေ လှမ်းချောင်းလိုက် ခေါင်းကို မသိမသာလေး စောင်းပြီး အနောက်ကို လှည့်ကြည့်လိုက် လုပ်နေတာမို့ ဒီရဲ ကြိတ်ပြုံးလိုက်ရင်း.....
"အဟမ်း အဟမ်း''
သူ့လုပ်ချောင်းသံကြီးကြောင့် ကိုနေတင် မျက်နှာကြီး ရဲသွားပြီး......
"ခွေးမသား ဘာချောင်းလဲကွ အဲဒီချောင်းက ''
''ဟောဗျာ ကိုယ့်ဟာကိုယ် ချောင်းဆိုးတာများ
ကိုနေတင်ကို တင်ပြရအုံးမှာလား ''
'''မင်းဘာလုပ်တာလဲဆိုတာ ငါသိနေတယ်ကွ
"ဟာ ချောင်း တကယ်ဆိုးတာပါ ဆရာသမားရယ် အချစ်နဲ့ ချောင်းဆိုးခြင်းဟာ အောင့်ထားလို့ မရဘူးတဲ့''
''ဟာ ဒီမိချောင်းသား ကားပေါ်ကနေ ကန်ချမိတော့မယ်ကွာ"
''ဦးနေ ဘာလို့ အလကားနေရင်း ဒေါသတွေ ထွက်နေရတာလဲလို့ စိတ်ကို အေးချမ်းအောင် ထားလေ"
''အင် အေး အေးပါ ငါက ဒေါသထွက်တာ မဟုတ်ပါဘူး မထွက်ဘူးလို့ နော်''
ခုနက ဒေါသထွက်နေတဲ့ ကိုနေတင်ရဲ့ လေသံနဲ့ရုပ်က ချက်ချင်းကြီး ပြောင်းသွားတာမို့ နေတင် ရယ်ချင်သွားရပြီး.....
"အမလေးဟဲ့ ငါနော် ရယ်ချင်လိုက်ပါဘိ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော ""
''ဟေ့ကောင်!!!!'''
''ဗျာ ဗျ"
"ခစ်ခစ်ခစ်''
"ဟားဟားဟား''
ကိုယ့်ဆရာ လင်မယားနှစ်ယောက် ရယ်နေကြတာကို မြင်တော့မှ ဒီရဲ သက်ပြင်းမောကို ကြိတ်ချလိုက်မိတော့သည် ကိုနေတင်နဲ့ မရီးကို သူ သနားလိုက်တာလေ ....
သူတို့ကားက လမ်းမှာ ပွိုင့်မိနေတုန်း လမ်းကူးနေကြတဲ့ လူအုပ်ထဲမှာ ဆံပင်ကောက်ကောက်နဲ့ မိန်းကလေးတစ်ယောက်ကို လှမ်းမြင်လိုက်တာမို့ ....
"ကိုနေတင် ဟိုမှာ ဟိုမှာ မြင်လား''
''ဘာကိုလဲ''
''ဟိုမှာလေ ဆံပင်ကောက်ကောက်လေးနဲ့ တစ်ယောက်က လှတယ်နော်''
''အဲဒါ ငါက ဘာလုပ်ရမှာလဲ''
''ကိုနေတင်က ဆံပင်ကောက်လေးတွေဆို အရမ်းသဘောကျတယ်ဆို ''
''တောက်''
''ခွေးမသား ဒီရဲဇော် မင်းဒီနေ့မှ အထိုးမခံရရင် ဘယ်နေ့မှ အထိုးခံရမှာ မဟုတ်ဘူး လီးကို ဆံပင်ကောက် ကြိုက်တာလား''
''ငါ့မိန်းမရဲ့ ဆံပင်လေးတွေက ကောက်ကောက်လေးတွေမို့ ငါကကြိုက်တယ်လှတယ်လို့ ပြောတာ ''
''သူ့ကိုက ဆံပင်လေးတင်မဟုတ်ဘူး သူ့တစ်ကိုယ်လုံးမှာ ရှိနေတဲ့ ဖြစ်တည်မှု အားလုံးအရာရာအားလုံးကို ငါက ရူးခါနေအောင်ကို ကြိုက်တာကွာ ရှင်းလား'''
''ဟုတ်ကဲ့'''
''သူများနဲ့များ လာနှိုင်းရတယ်လို့ ငါ့မိန်းမနဲ့ ဘယ်သူမှ လာယှဉ်လို့မရဘူးကွ မှတ်ထား
ငါ့မိန်းမရဲ့ ရွှေညိုရောင် ဆံပင်လေးတွေက သူ့မှာပဲရှိတာ ''
''ခုန မင်းပြတဲ့ဟာက ဆိတ်ချီးတုံးတွေ ကြိုးနဲ့သီပြီး ခေါင်းပေါ်ကို တင်ထားသလိုကြီးဟာကိုများ''
''ဪ ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့'''
သူ့မျက်နှာကြီး ရှုံ့မဲ့နေတာကို ကြည့်ပြီး မရီးက ပါးစပ်ကို လက်နဲ့အုပ်ကာ အသံမထွက်အောင် ရယ်နေလေသည်......
အင်း ကိုနေတင်တစ်ယောက် ဒီလိုအခြေအနေဆိုးကနေ မြန်မြန် ကျော်လွှားနိုင်မှ ဖြစ်မှာပါ မဟုတ်ရင် မိန်းမမရခင် သူရူးသွားနိုင်သည်...
_
_
_
_
_
"ကဲ ကိုနေတင် Radiation therapyလေး စလို့ရနေပြီဆိုတော့ ကျွန်တော်တို့စလိုက်ရအောင် ...."
"ဟုတ်ကဲ့ပါဆရာ"
"ဆေးရုံရွေးချင်သေးလား "
"မရွေးတော့ဘူးဆရာ အနော်တို့ ဆရာရဲ့
Cancer Careမှာပဲ လုပ်မယ်...ဆရာဆီက စက်တွေကအသစ်မဟုတ်လား USA madeတွေဆို "
"အာ ဟုတ်တယ် "
"ဒါဆို ကျွန်တော်လက်မှတ်နဲ့စာရေးပေးလိုက်မယ် ရက်တွက်လို့ကောင်းအောင် သဘန်ခါစလိုက်မယ်နော် အကြိမ်ရေ ၃၆ကြိမ်လောက် radiationဖြတ်ရမယ် အလွန်ဆုံး ၂လပေါ့ တစ်ပတ်ကို ၅ရက် Radiation side effect တွေကြောင့် လူနာထိလာပြီဆိုရင်တော့ နားလိုက် rayပြလိုက်တော့လုပ်ရမယ်"
"ဟုတ်ကဲ့ ဆရာ "
"ဒါဆို သဘန်ခါ ၉နာရီလောက်သွားလိုက်ပါ Cancer Careက အကောင်းဆုံး ဝန်ဆောင်မှုပေးပါလိမ့်မယ်"
"ကျေးဇူးပါ ဆရာ"
ဆရာနဲ့ ဆွေးနွေးပြီး အပြန်လမ်းတွင်...
"ဦးနေ Shoppingထွက်ချင်လားဟင် "
"အင်း ပန်းချီဆေးတွေကုန်နေပြီ ဝယ်ရမယ်"
ဒီလိုနဲ့ သော်တာတို့ နီးစပ်ရာ Shopping centerထဲဝင်ကာ လိုအပ်တာများ ဝယ်နေကြစဥ်...
"ဟင် ဖေဖေ"
ဖေဖေရယ်သူ့အမျိုးသမီးနဲ့ နေပိုင်ထွဋ်တို့
Break talkမှာ မိသားစုလိုက်ထိုင်နေကြလေသည်...
နေမင်းထွဋ်ကတော့ အရမ်းပျော်နေတဲ့ပုံပေါက်ကာ ဖေဖေက သူ့သားကို မုန့်ခွံ့ကျွေးနေလေသည်...
အနော်မရှိလည်း ဖေဖေက အဆင်ပြေပြေနေနိုင်နေတာပါလား....
ဆရာမ ငေးကြည့်နေတဲ့ လူတွေကို နေတင်လည်း
ကြည့်လိုက်ရင်း ထိုလူတွေကိုကြည့်ကာ စိတ်ထဲ သူလည်းမနှစ်မြို့သလိုဖြစ်လာလေသည်...
"အသေးလေး"
"ရှင်...ဟင် ...ဦးနေ"
"ဟင် မင်းငိုနေတာလား"
"မငိုပါဘူး မျက်ရည်ပဲဝဲတာပါ"
""လာလေဦးနေ ဦးနေ ဝယ်လို့ပြီးရင် ပြန်ရအောင်"
"နေအုံး မင်းပုံစံကြည့်ရတာ အဆင်မပြေသလိုပဲ"
"ဟင့်အင်း အနော် ဘာမှမဖြစ်ပါဘူး"
" လာ ငါ့နောက်လိုက်ခဲ့"
ကိုကိုကြီးသည် သော်တာလက်ထဲက အထုတ်တွေကိုပါ ကူပြီးဆွဲကာ သော်တာလက်ကို ဆွဲလိုက်လေသည်....
"လာ"
ခေါ်လာသည့်နေရာက အအေးဆိုင်တစ်ဆိုင်သို့ဖြစ်ကာ သူ့အတွက်ကော်ဖီနှင့်သော်တာအတွက် နွားနို့ပူပူလေးတစ်ခွက် မှာပေးလေသည်...
"ကိုယ်ဝန်နဲ့ မဟုတ်လားနွားနို့ ပူပူချိုချိုလေးသောက်လိုက်"
"ဟုတ်"
ကိုကိုကြီးက ဘာမှသတိမရပေမယ့် အခုလိုလေး
အနော် ကိုယ်ဝန်ကို ဂရုစိုက်ပေးဆိုတာနဲ့တင် အနော်ကျေနပ်လှပါသည်...
"အခုနက လူတွေကဘယ်သူလဲ"
"အနော် ဖေဖေနဲ့ မိထွေးပါ"
"ဟင် မင်းနဲ့မခေါ်ဘူးလား"
"အနော်က အမွေဖြတ်ခံထားရတာ အနော်ယောကျာ်းနဲ့ အနော်ကို သဘောမတူဘူးလေ ဖေဖေက ဒါကြောင့်ပါ"
"ဟာ မင်းအကြောင်းတွေကြားရတာလည်း စိတ်မကောင်းလိုက်တာ"
နေတင်ရင်ထဲမှာလည်း ထပ်တူ ဝမ်းနည်းသလိုကြီးဖြစ်နေကာ ရင်ထဲ အတော်မကောင်းသလိုဖြစ်နေလေသည်....
အအေးဆိုင်ထဲ Poodleခွေးညိုလေးတစ်ကောင်ကို ကောင်မလေးတစ်ယောက်က ဆွဲလာကာ မုန့်ထိုင်စားနေလေသည်...
"ဦးနေ ပူဒဲလ်လေး သိလား"
"အင်း ချစ်စရာလေး"
သော်တာ ဘာမှဆက်မပြောတော့ပဲ Poodleလေးကိုသာငေးကြည့်နေလိုက်သည်...
အရင်ကဆို သော်တာကို ဒီအမွှေးလိမ်လိမ်ကောက်ကောက်ခွေးလေးနဲ့ တူတယ်ဆိုပြီး ကိုကိုကြီးက
တအားစတာမဟုတ်လား.....
"အနော် ယောကျာ်းမှာ ခွေးလေး နှစ်ကောင်ရယ် မြင်းတစ်ကောင်ရယ်ရှိတယ် သူက သူ့သားတွေလိုသဘောထားပြီး မွေးတာလေ အဟင်း "
"ဟုတ်လား "
"အင်း Gordonမှာကျန်ခဲ့တယ်လေ သူတို့ကိုလည်း လွမ်းလိုက်တာ "
ဆရာမလေးရဲ့ပုံစံက ဒီနေ့ နွမ်းလျနေတဲ့ပုံလေးဖြစ်နေလေသည်.....
"ပြန်ရအောင် ဦးနေ"
_
_
_
_
_
"ဝုတ်....ဝုတ်.....ဝုတ်"
"ဝုတ်"
သော်တာ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေတုန်း ခွေးဟောင်သံလေးကိုကြားလိုက်ရလေသည်...
"ဟင်"
အသံလာရာကိုပြေးကြည့်တော့...
"ဟယ် ပူဒဲလ်လေး"
အညိုရောင်အမွှေးလိမ်လိမ်ကောက်ကောက်နဲ့ခွေးလေးကို ကိုဒီရဲက ကြိုးဆွဲထားလေသည်....
"ကိုဒီရဲ ဒါက"
"ကိုနေတင်က မရီးအတွက် လက်ဆောင်တဲ့"
"ဟင်"
ကိုကိုကြီးက အခန်းထဲက ထွက်လာကာ ...
"ဘယ်လိုလဲ သဘောကျတယ် မဟုတ်လား"
"တကယ့် အနော်အတွက်ဝယ်ပေးတာလား "
"အင်းလေ "
သော်တာ ပျော်သွားပြီး ခွေးလေးအနား ခါးကိုင်းကာ ပွေ့ချီဖို့လုပ်တော့...
"ဟေ့ကောင်"
သော်တာ လက်မောင်းကို ဆွဲလိုက်တာကြောင့်...
"ဗိုက်ကို သတိထားလေ "
"ရှင်....ဟုတ်"
"ကျေးဇူးပါ ဦးနေ ဒါကခွေးလေးတစ်ကောင်ဆိုပေမယ့်သော်တာအတွက်တော့ စိတ်ပြေရာ အကြီးကြီးရလိုက်သလိုပါပဲ "
poodleလေးတွေရဲ့စျေးက အနည်းဆုံး$600ကနေ $2000ကြားရှိတာကြောင့် ဒါလေးက မျိုးသန့်လေးမို့ ကိုကိုကြီး ပိုက်ဆံတွေအများကြီးသုံးလိုက်ပုံ.....
_
_
_
_
_
_
Cancer Careကိုရောက်တော့ ဆေးဝန်ထမ်းလေးတွေက နောက်ဆက်တွဲဖြစ်လာနိုင်သည့်အရာတွေကိုပြောပြလေသည်...
rayဖြတ်တာကြောင့် အရေပြားကတအားနုသွားတာကြောင့် ဆပ်ပြာကို chemicalလုံးဝမပါတဲ့ အမျိုးအစား baby shampoo baby soapတွေကိုသုံးရမည်ဖြစ်သည်...
ထူထဲသော အဝတ်အစားတွေကိုမဝတ်စေပဲ လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီများသာ ဝတ်ဆင်ရမည်ဖြစ်သည်...
ခေါင်းပိုင်းကို rayဖြတ်တာကြောင့် လည်ချောင်းမှာအပူကန်နိုင်ပြီး အစားအသောက်များပျက်ကာ လည်ချောင်းခဏခဏခြောက်နိုင်လေသည်...
၄ပတ်မြောက်မှာတော့ မောလာပြီး လူနာအင်အားကုန်ခမ်းလာမှဖြစ်တာကြောင့် လူနာရှင်က အတတ်နိုင်ဆုံး မလဲကျသွားအောင်ပြုစုစောင့်ရှောက်ရမည်ဖြစ်သည်...
၂ပတ်ကြာသည် အထိ ကိုကိုကြီးက သာမန် Side effectကသာလွဲရင် ဘာမှတော့ ဖြစ်မလာသေးပဲ လူကောင်းအတိုင်းပင်ဖြစ်လေသည်....
"သော်တာလေး ဗိုက်သွားအပ်မလို့ဆို အစ်မ လိုက်ခဲ့မယ်လေ"
"ရပါတယ် မမအိသဲရဲ့ မမကအိမ်အလုပ်တွေနဲ့ရှုပ်နေတာ အနော် တစ်ယောက်တည်းသွားလည်းရပါတယ် ကိုဒီရဲ ကားမောင်းလိုက်ပို့မှာပဲဟာကို"
"မင်း ယောကျာ်းကကော သူ့မိန်းမ ဗိုက်အပ်တာကို မလိုက်ဘူးလား"
"ဟင်"
အနောက်ကနေ ကိုကိုကြီးက ရောက်လာကာ မေးလာတာကြောင့် ...
"ဟုတ်တယ် သူမလိုက်ပေးဘူး"
သော်တာ မျက်နှာထားခပ်တည်တည်လေးနဲ့ဖြေလိုက်တော့...
"ဟား မဟုတ်သေးပါဘူး ကိုယ့်မိန်းမ ဗိုက်အပ်တာကိုကွာ ...ဟား "
"ကဲကဲ ငါလိုက်ပေးမယ်"
"ဟင် ဦးနေနဲ့ ဘာဆိုင်လို့လဲ"
"အဖော်လိုက်ပေးတာ မင်း ငါဆေးခန်းသွားရင် လိုက်သလို ငါလည်း မင်းကိုလိုက်ပေးတာ ဘယ်လိုလဲ သဘောတူလား"
"ဦးနေ Conditionကောင်းရဲ့လား"
"ငါ့ခေါင်းက ကြည်လင်နေတာပဲ အခုပဲ ပန်းချီဆွဲရင်းထလာတာ"
ဒီလိုနဲ့ သော်တာ ဗိုက်အပ်ဖို့ အတွက် ဆေးရုံကိုရောက်လာလေသည်...
သော်တာအလှည့်ရောက်တော့....
"ဦးနေ အခန်းထဲလိုက်ခဲ့ပါလား"
"ဟင် ဒါကြီးက"
"နော်"
"ငါ ဒီမှာစောင့်နေမယ်လေ ဝင်ဖို့က"
"အနော်ကြောက်လို့ပါ ဝင်ခဲ့ပေးပါနော်"
နေတင်စိတ်ကလည်း တစ်ယောက်တည်းမလွှတ်လိုက်ရက်နိုင်သလိုဖြစ်နေကာ.....
ဘာမှကို ဆက်မတွေးနိုင်တော့ပဲ...
"အင်း "
သော်တာ ပြုံးမိသွားလေသည်...တကယ်က သော်တာမကြောက်ပါဘူး ကလေးလေးကို သူ့အဖေနဲ့ တွေ့စေချင်တာပါ.....
ဆရာမက သန္ဓေသားနေကောင်းကြောင်း သေချာပြောပြပြီး သူမဗိုက်လေးကိုလှန်ကာစမ်းသပ်နေစဥ် နေတင်အကြည့်ကိုရုတ်လိုက်ပေမယ့် စိတ်ကိုတော့ လုံးဝမထိန်းနိုင်ပဲ သူမ ဗိုက်လုံးလုံးလေးကို မသိမသာလေးခိုးကြည့်မိလေသည်...
အဟွန်း ဗိုက်လေးကအစ ချစ်စရာလေး.....
Ultrasound resultလေးရလာတော့ ထည့်ပေးလိုက်တဲ့စာအိတ်လေးထဲကနေဆွဲထုတ်ကာ...
"ဦးနေ သားလေးတဲ့ သိလား သားလေး အဟင်း တကယ် သားလေးဖြစ်နေခဲ့တာပဲ"
အခန်းထဲက ထွက်လာလာခြင်း သူ့လက်ကို ပြေးကိုင်ကာ ...
"ဒီမှာကြည့်ပါအုံး အနော်တို့ သားလေးပုံကို"
ပုံကိုနေတင်သေချာမကြည့်တတ်ပေမယ့် ထိုပုံလေးကိုကြည့်ကာ ရင်ထဲ လှိိုက်တက်သွားသော ခံစားချက်ကြီးက ပြောပြမတတ်လောက်အောင်ပင် ခံစားရလေသည်..
"မင်း အင်္ကျီတွေက ကြပ်နေပြီမဟုတ်လား ဗိုက်ဖုံးအင်္ကျီဝတ်လေ"
"မရှိဘူး အနော်မှာ"
"ကျစ် မင်းယောကျာ်း ဘာလုပ်နေလဲ"
"ဟွန့် သူက ဝယ်မှ မဝယ်ပေးတာ "
"ကွာ"
နှုတ်ခမ်းဆူကာ မကျေမနပ်သလိုလေးပြောလာတဲ့ ကောင်မလေးကို နေတင်မှာသနားလည်းသနားရသလို သူမရုပ်လေးကိုကြည့်ကာ ရင်ဘတ်ထဲက ကောင်ကပါအငြိမ်မနေတာကြောင့် နေတင် ရူးချင်လာရသည်...
မဟုတ်ဘူး ငါနဲ့သက်ကလေးလည်း သားလေးရလာရင် ဒီလိုဆိုပြီးတွေးနေလို့ ရင်ခုန်တာဖြစ်မယ်...
နောက်နေ့မနက်ရောက်တော့ Baby Mama pageကနေ ဗိုက်ဖုံး အင်္ကျီတွေ အဆင်စုံ ရောင်စုံ ဒီဇိုင်းစုံ Deliနဲ့လာပို့လေသည်....
ကိုကိုကြီးက အခန်းထဲက ထွက်လာကာ
" ဒါတွေပဲ ဝတ် " တဲ့လေ
_
_
_
_
_
"ဒါက ဘာပန်းလေးတွေလဲ မားမား''
''ခင်လေးဆတ်ဆတ်တုန်လို့ ခေါ်တယ် ကာကာရဲ့''
''ခင်လေးက ဘယ်သူလုပ်လို့
ဆတ်ဆတ် တုန်သွားရတာလဲ မားမား''
''ဟောတော်'''
''ဟားဟားဟား'''
''ပါးပါး လုပ်လိုက်တာလေ ပါးပါးလုပ်လို့ ခင်လေးက တုန်သွားရရှာတာဗျား ''
'''ဟယ် ကိုကြီး ဘာတွေ လျှောက်ပြောနေတာလဲလို့ ''
''ခင်လေးက သနားပါတယ်နော်
ပါးပါး'''
'''ဪ ဒီသားအဖတွေနဲ့တော့ ဒုက္ခပါပဲ''
''မားမား ''
'''ရှင့်''
'''ဒီနေ့ ညာညာတို့ကိုလေ တီချယ်က သင်ပြီးသားကြီးသားကြီးတွေ ထပ်သင်လိုက်တယ် သိလား''
''ဪ သားရယ် အဲဒါကလေ.....''
'''ဟယ် ညာညာ နင်ကကလည်း အ လိုက်တာ
တီချယ်က ရှေ့ကဟာကို သူမသင်တတ်တော့လို့ နောက်ကဟာကို ပြန်သင်တာ နေမှာပေါ့လို့''
''ဟောဗျာ'''
'''ဟယ် ဒီကလေးတွေကတော့လေ''''
'''ဟားဟားဟား'''
''ဟင်းဟင်းဟင်း'''
တစ်ယောက်တစ်ပေါက် ဆူညံနေကြတဲ့ ချစ်စရာ ကလေးသံလေးတွေနဲ့ ရယ်သံတွေကြောင့် နေတင် ဟိုဖက်ခြံဝင်ပေါက်နားကို တိုးသွားမိကာ ခြံထဲကို လှမ်းကြည့်လိုက်တော့....
''ဟင်'''
''ခရမ်းရောင် ပန်းကလေးတွေ အများကြီးပါလား''
''ဒါ ဒါတွေက''
~~~~~~
ဆက်လက်ကြိုးစား နှလုံးသားဖြင့်ရေးသားသွားပါမည်...(Yue Lynn)
ဆက်ရန်
Part_53
⚜️Nay Tin's Love Story⚜️
~~~~~~
Part_52
''ဟင်"
''ဟုတ်''
''ရှင်'''
နေတင် သနားသွားရပြီး .....
''အင်း''
"သွားကြစို့ ဦးနေ''
"အဟွန်း ခဏစောင့်''
''ဟုတ်''
"လာ ဒီရဲ စောင့်နေပြီ''
''ဟုတ်''
"အဟမ်း အဟမ်း''
''ဟေ့ကောင်!!!!'''
''ဗျာ ဗျ"
"ခစ်ခစ်ခစ်''
"ဟားဟားဟား''
''ဘာကိုလဲ''
''အဲဒါ ငါက ဘာလုပ်ရမှာလဲ''
''တောက်''
''ဟုတ်ကဲ့'''
_
_
_
_
_
"ဟုတ်ကဲ့ပါဆရာ"
"အာ ဟုတ်တယ် "
"ဟုတ်ကဲ့ ဆရာ "
"ကျေးဇူးပါ ဆရာ"
"ဟင် ဖေဖေ"
"အသေးလေး"
"ရှင်...ဟင် ...ဦးနေ"
"ဟင် မင်းငိုနေတာလား"
" လာ ငါ့နောက်လိုက်ခဲ့"
"လာ"
"ဟုတ်"
"အခုနက လူတွေကဘယ်သူလဲ"
"ဦးနေ ပူဒဲလ်လေး သိလား"
"အင်း ချစ်စရာလေး"
တအားစတာမဟုတ်လား.....
"ဟုတ်လား "
"ပြန်ရအောင် ဦးနေ"
_
_
_
_
_
"ဝုတ်....ဝုတ်.....ဝုတ်"
"ဝုတ်"
"ဟင်"
"ဟယ် ပူဒဲလ်လေး"
"ကိုဒီရဲ ဒါက"
"ဟင်"
"အင်းလေ "
"ဟေ့ကောင်"
"ဗိုက်ကို သတိထားလေ "
"ရှင်....ဟုတ်"
poodleလေးတွေရဲ့ဈေးက အနည်းဆုံး$600ကနေ $2000ကြားရှိတာကြောင့် ဒါလေးက မျိုးသန့်လေးမို့ ကိုကိုကြီး ပိုက်ဆံတွေအများကြီးသုံးလိုက်ပုံ.....
_
_
_
_
_
_
၎ပတ်မြောက်မှာတော့ မောလာပြီး လူနာအင်အားကုန်ခမ်းလာမှဖြစ်တာကြောင့် လူနာရှင်က အတတ်နိုင်ဆုံး မလဲကျသွားအောင်ပြုစုစောင့်ရှောက်ရမည်ဖြစ်သည်...
"ဟင်"
"ကဲကဲ ငါလိုက်ပေးမယ်"
"ဟင် ဒါကြီးက"
"နော်"
"အင်း "
ပုံကိုနေတင်သေချာမကြည့်တတ်ပေမယ့် ထိုပုံလေးကိုကြည့်ကာ ရင်ထဲ လှိုက်တက်သွားသော ခံစားချက်ကြီးက ပြောပြမတတ်လောက်အောင်ပင် ခံစားရလေသည်..
"မရှိဘူး အနော်မှာ"
"ကွာ"
" ဒါတွေပဲ ဝတ် " တဲ့လေ
_
_
_
_
_
''ဟောတော်'''
''ဟားဟားဟား'''
ပါးပါး'''
''မားမား ''
'''ရှင့်''
''ဪ သားရယ် အဲဒါကလေ.....''
''ဟောဗျာ'''
'''ဟယ် ဒီကလေးတွေကတော့လေ''''
'''ဟားဟားဟား'''
''ဟင်းဟင်းဟင်း'''
''ဟင်'''
''ဒါ ဒါတွေက''
~~~~~~
ဆက်ရန်
Part_53