နှိပ်စက်ခံဇာတ်လိုက်မလေးနှင့်...

Da Lilac_1272_

9.7K 868 58

#I don't own this novel ! #I'm just translating #Credit to original author and eng translator. * Book cover... Altro

Intro
Description
Arc 1- ချစ်မိနေပြီလား ? ချစ်မိနေပြီလား ?( chapter - 1) ( U+Z )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 2 ) ( U+ Z )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 3 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 4 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 5 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 6 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 7 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 8 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 9 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 10 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 11 )
Hello
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 12 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 13 ) ( U+Z )
Arc 1- ချစ်မိနေပြီလား ?( chapter - 14 )
Arc 2 - လက်ထပ်ပြီးပြီလား? ( chapter - 1 )
Arc 2 - လက်ထပ်ပြီးပြီလား? ( chapter - 2 )

Arc 1- ချစ်မိနေပြီလား ?( chapter - 15 )

148 18 4
Da Lilac_1272_

" ဒီထဲက အချက်အလက်တွေက အရမ်းအရေးကြီးတယ် "
ရင်မေချောင် မောက်စ်ကိုနှိပ်လိုက်သည့်အခါ ဖိုင်ပွင့်သွားပြီး စခရင်တွင် စာရွက်စာတမ်းမျိုးစုံဖြင့် ပြည့်သွားလေသည်။
" ဒါတွေသာ ပြိုင်ဘက်တွေလက်ထဲရောက်သွားရင် ကုမ္ပဏီကိုကြီးကြီးမားမား ဆုံးရှုံးစေလိမ့်မယ် "
ရှန်းဝမ်၏အမူအရာမှာလေးနက်သွားပြီး
" ဒါတွေကို သေချာဖယ်ထားရမယ်။ လျို့ဝှက်နံပါတ်ထည့်ပြီး ဝှက်ထားရင်ပိုကောင်းလိမ့်မယ် "
" ဝမ်ဝမ်လေးက အရမ်းဥာဏ်ကောင်းတာပဲ "
ရင်မေချောင် ရှန်းဝမ်၏ပါးလေးကိုညှစ်လိုက်ပြီး သူမမျက်လုံး‌တွေဟာကျဥ်းမြောင်းသွားသည်။
သူမ အချက်အလက်တွေကို USB ထဲကူးယူကာ လျှို့ဝှက်နံပါတ်ထည့်လိုက်ပြီး အဆုံးမှာတော့ USBကို ရှန်းဝမ်၏လက်ထဲ ထည့်ပေးလိုက်သည်။
" ဒါဆို ကိုယ်ဒီမှာ ထားလိုက်မယ်၊ ဟုတ်ပြီလား "
" ကျွန်မ ရှင့်ကို သစ္စာဖောက်မှာမကြောက်ဘူးလား ရှောင်မေ "
ရှန်းဝမ် နှစ်ချိုက်စွာပြုံးရင်း USBကိုဆုပ်ကိုင်ထားလိုက်သည်။
ဒီဟာက သူမအားထုတ်ကြိုးပမ်းစရာမလိုပဲ ဟော်ဟန်ကို အချက်အလက်အမှားတွေတိုက်ရိုက်ပေးနိုင်‌စေသည်။
ရင်မေချောင် ရှန်းဝမ်ပါးလေးကိုနမ်းကာ တီးတိုးပြောလိုက်သည်။
" အချက်အလက်တွေက အရမ်းအရေးကြီးတယ်၊ ဒါပေမယ့် ဘယ်သူကမှ အသုံးပြုနိုင်မှာမဟုတ်ဘူး "
သူမတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး‌နောက် ရင်မေချောင်အလုပ်ဆက်လုပ်လေသည်။
ရှန်းဝမ် USBကို သူမပိုက်ဆံအိတ်ထဲ ထည့်လိုက်ပြီး သူမဖုန်းကိုကိုင်ကာ ပျော်ရွှင်စွာဆော့ကစားတော့သည်။
( 188 : ပျော်နေတာလား )
( ပျော်တာပေါ့ )
ရှန်းဝမ်ပြုံးလိုက်ပြီး
( 188 ငါ ရှောင်မေရဲ့စွဲလမ်းမှုကို အခွင့်ကောင်းယူပြီး ကုမ္ပဏီ၏အရေးကြီးတဲ့ ဖိုင်တွေကို ငါ့ကိုပေးလာအောင် ငါ သက်တောင့်သက်သာလုပ်နိုင်ခဲ့တယ်လေ။ ငါ ဟော်ဟန်ကို အချက်အလက်တွေလာယူဖို့ messageပို့လိုက်မယ်။ ကြည့်လေ ငါချစ်တဲ့သူက ဟော်ဟန်ပဲ။ ရှောင်မေ နည်းလမ်းမျိုးစုံနဲ့အချိုသက်ပြီး သူမအလှတရားနဲ့ ငါ့ကိုဆွဲဆောင်ခဲ့တာတောင်မှ ငါမယိမ်းယိုင်ခဲ့ဘဲ အမျိုးသားဇာတ်လိုက်ကိုချစ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ )
( 188 : ကောင်းပြီ၊ ဒီလိုပြောပြီးငါ့ကိုလှည့်စားဖို့မကြံနဲ့။ မင်းဟော်ဟန်ကို သတ်ပစ်ချင်နေရင်လည်း ပွင့်ပွင့်လင်းလင်းသာပြော၊ ဆင်ခြေတွေပေးမနေနဲ့။ မင်းတို့လင်မယားနှစ်ယောက်လုံးက အကျင့်တူကြတယ်။
တစ်ယောက်က ဝမ်းတွင်းမဲနေသူပြီး တစ်ယောက်ကကျ အကြံအစည်တွေနဲ့ ပြည့်နှက်နေတယ်။ ပြီးပြည့်စုံတဲ့အတွဲပဲ ! )
( 188 ရေ စနစ်တစ်ခုက မှန်ကန်တဲ့ သုံးဖက်မြင်ရှိရမယ်၊ ပြီးတော့ သူတို့hostကို လမ်းမှားဆီ ဦးဆောင်သွားလို့မဖြစ်ဘူးလေ။ )
( 188 : သွားလိုက်တော့ )
ဝေးဝေးသာသွားစမ်း ! သည်းမခံနိုင်တော့ဘူး။

နေ့လည်ခင်းတွင် ဟော်ဟန်နှင့် ရှန်းဝမ်တို့ ရင်အဆောက်အအုံအနီးတွင် တွေ့ဆုံကြပြီး သူမ သူ့ကို USB ပေးခဲ့သည်။
ရင်က ဟော်ကို ရှုံးနိမ့်ရန် အချိန်သိပ်ကြာမည်မဟုတ်ပေ။
ဟော်သည် ရင်ထံမှ အရောင်းအဝယ် သဘောတူညီချက်နှစ်ခုကို လုယူနိုင်ခဲ့သည်။
ဟော်ဘက်မှ ရေးဆွဲခဲ့သောအစီအစဥ်သည် တိုက်ဆိုင်စွာ ရင်နှင့်ဆင်တူနေခဲ့သည်။
ရင်ကုမ္ပဏီမှာ သူလျှိုရှိတယ်လို့ လူတိုင်းယူဆခဲ့ကြသည်။
နောက်ပရောဂျက်က အရမ်းအရေးကြီးသည်။
အကယ်၍ သူလျှိုတစ်ဦး အမှန်တကယ်ရှိပြီး တစ်ခြားကုမ္ပဏီသို့ အချက်အလက်များပေါက်ကြားစေခဲ့ပါက ရင်မိသားစုသည် ဆုံးရှုံးမှုကြီးကြီးမားမားခံစားရမည်ဖြစ်သည်။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အတွင်းသူလျှိုကို ဖော်ထုတ်ရမည်။

ထိုအချိန်တွင် ရင်မေချောင်၏အတွင်းရေးမှူးက မတ်တပ်ထရပ်ကာ လူတိုင်းရှေ့တွင် ရှန်းဝမ်ကိုလက်ညှိုးထိုးပြီး
" ဟော်ဟန်ကို အချက်အလက်တွေပေါက်ကြားစေတာ ရှန်းဝမ်ပဲ "
ရှန်းဝမ်အံ့သြသွားသည်။ ဟော်ဟန်က တကယ့်ကိုမလွယ်ပေ။
ရှောင်မေ၏ အတွင်းရေးမှူးကိုပင် သူလာဘ်ထိုးနိုင်ခဲ့သည်။
ရှောင်မေ သူမကိုဘယ်လောက်ချစ်ချစ်၊ အချက်လက်တွေကိုသူမ တကယ်ခိုးယူခဲ့ပါက ရှောင်မေကို အမှန်တကယ် ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သည်။

အချက်အလက်တွေရပြီးသည့်နောက် ဟော်ဟန်စိုးရိမ်နေဆဲဖြစ်ကာ သူ ရှောင်မေကို စိတ်ပိုင်းဆိုင်ရာအရလည်းအနိုင်ယူချင်ခဲ့သည်။

ဒီမြေခွေးကောင်က အရမ်းမုန်းဖို့ကောင်းတယ်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ရှောင်မေလေးက အလွန်ဥာဏ်ကောင်းပြီး ဒါတွေကို ကြိုတွက်ထားခဲ့သည်။

" ကျ…ကျွန်မလား "
ရှန်းဝမ် သူမကိုယ်သူမ လက်ညှိုးထိုးပြကာမေးလိုက်သည်။
" ရှင့်မှာ သက်သေရှိလို့လား "
" ကျွန်မမှာ သက်သေရှိတယ်၊ ကျွန်မဖုန်းထဲက ဓာတ်ပုံ‌တွေက သက်သေပဲ။ "
အတွင်းရေးမှူးက ရှန်းဝမ်နှင့် ဟော်ဟန် နှစ်ကြိမ်တွေ့ဆုံခဲ့ကြောင်း ပြောခဲ့သည်။
ရှန်းဝမ်၏ဓာတ်ပုံတွေဟာ လူအများကြားချပြခြင်းခံခဲ့ရသည်။
ဓာတ်ပုံထဲမှာ သူမတို့နှစ်ယောက်ဟာတီးတိုးပြောနေကြပြီးအလွန်ရင်းနှီးကြပုံရသည်။
ပြီးတော့ သူမ USB ပေးနေသည့်ပုံကို သူတို့ ရှင်းရှင်းလင်းလင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။
ရင်မိသားစု၏ အဖွဲ့ဝင်များသည် ရင်မေချောင်ကို တယောက်ပြီးတယောက် ကြည့်နေကြသည်။
သူတို့ ရှန်းဝမ်ကို စိတ်ပျက်သွားခဲ့ကြသည်။
ဥက္ကဌရင်က သူမအပေါ် အရမ်းကောင်းတာတောင်မှ သူမ တကယ်ပဲ ဥက္ကဌရင်ကိုသစ္စာဖောက်ခဲ့တယ်။

" ဓာတ်ပုံလေးနည်းနည်းလောက်နဲ့ ဘာကို သက်သေပြချင်တာလဲ။ ဒါမျိုးကသာသက်သေဆိုရင် ကျွန်မမှာလည်းရှိတယ် "
ရှန်းဝမ် ဖုန်းထုတ်ကာ ဘာမှမပြောဘဲ အသံဖိုင်ကိုဖွင့်ပြလိုက်သည်။
အတွင်းရေးမှူးအပါအဝင် ရှိနေသည့်သူများ၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။
" ကျွန်မက ဥက္ကဌရင်ရဲ့ အတွင်းရေးမှူးဖြစ်ပေမယ့် အဲ့ဒီလို လျှို့ဝှက်စာရွက်စာတမ်းတွေက ကျွန်မလက်ထဲ  မရောက်ဘူး။ "
ထိုအသံသည် အတွင်းရေးမှူး၏အသံဖြစ်သည်။
" အချက်အလက်တွေအတွက် စိတ်ပူစရာမလိုဘူး ၊ မင်း တစ်ခုပဲလုပ်ပေးဖို့လိုအပ်တယ်"
ဟော်ဟန်ပြောလိုက်သည်။
" နောက်ပရောဂျက်မစခင်မှာ ဒီဓာတ်ပုံတွေကို လူသိရှင်ကြားဖော်ထုတ်ဖို့ အခွင့်အရေးတစ်ခုရှာပြီး ဝမ်ဝမ်က အချက်အလက်တွေကိုခိုးယူတဲ့သူဖြစ်ကြောင်း ပြောပြလိုက် "
" ဘာကြောင့်လဲ။ ဥက္ကဌဟော်က Miss.ရှန်းကိုနှစ်သက်တာမဟုတ်ဘူးလား "
" ဝမ်ဝမ်ကို နှစ်သက်လို့သာ ငါဒီလိုလုပ်ရတာ။ ငါ ဒါတွေကိုလုပ်ရတာက ရင်မိသားစုကိုရိုက်ချရုံတင်မဟုတ်ဘဲ ရင်မေချောင်ကို ချေမှုန်းဖို့အတွက်လည်းပါတယ်။ သူမ အချစ်ရဆုံးသူက သူမနှလုံးသားကို ဓားနဲ့ထိုးမယ်ဆို ဘယ်လိုဖြစ်သွားမလဲ။ "
" ကောင်းပြီ၊ ဒါဆို ကျွန်မအတွက်ကရော ဥက္ကဌ‌ဟော် "
" မင်းအတွက် အကျိုးအမြတ်ကမရှိမဖြစ်ပဲပေါ့။ မင်း စေ့စပ်ထားတဲ့သူရဲ့ကိစ္စတွေကို ဂရုစိုက်စရာမလိုဘူး။ သူ ကုမ္ပဏီမှာ ဆက်နေနိုင်တယ်။ "

အခန်းထဲရှိ ရင်ကုမ္ပဏီ အဖွဲ့ဝင်များအားလုံးတွင် ဖော်ပြ၍မရသော အမူအရာများရှိနေကြပြီး အတွင်းရေးမှူး၏ မျက်နှာမှာ ဖြူဖျော့နေသည်။
သူမ ရှန်းဝမ် ကို မယုံကြည်နိုင်စွာကြည့်နေမိသည်။
ရှန်းဝမ်မှာ ဘယ်လိုလုပ်ပြီး အသံဖိုင်ရှိနေရတာလဲ။

( 188ရေ အသံဖိုင်အတွက် ကျေးဇူးပဲ )
( ဇာတ်ကြောင်းက ဘက်လိုက်တယ်။ စနစ်တစ်ခုအနေနဲ့ ငါ မင်းကိုပဲ ထောက်ပံ့ပေးနိုင်တယ်။ ငါလေးက reset လုပ်မခံချင်ရုံပါ ။ )
( ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သူငယ်ချင်းကောင်းတွေပဲလေ၊ ဟုတ်တယ်မလား )
( 188 : ဟမ် ! လုံးဝမဟုတ်ဘူး။ ငါ လုပ်ရမှာမို့လို့သာ လုပ်ပေးခဲ့ရုံပဲ။ )
တကယ်လို့ ငါသာပြန်စတင်ခွင့်ရမယ်ဆိုရင် ခြင်ဆေးခွေလိုကွေးနေတဲ့ hostကို ရွေးချယ်ခဲ့မှာမဟုတ်ဘူး။

" ကျွန်မ ကုမ္ပဏီကို သစ္စာဖောက်ခဲ့တယ်၊ အဲ့တော့ဘာဖြစ်လဲ။ ရှန်းဝမ်လည်း ကုမ္ပဏီရဲ့ အချက်အလက်တွေကို ခိုးယူခဲ့တာပဲလေ။ "
သူမ စားပွဲပေါ် လက်တင်လိုက်ပြီး သူမလက်ချောင်းတွေက ဖြူဖျော့နေသည်။
သူမ ပြုံးကာ
" ဥက္ကဌရင် ရှင် အချစ်ဆုံးသူက ရှင့်ကိုသစ္စာဖောက်လိုက်ပြီ "
ရင်မေချောင် ပြုံးကာ မတ်တပ်ထရပ်လိုက်ပြီး ရှန်းဝမ်ဘေးနားသွားလိုက်သည်။
သူမ ရှန်းဝမ်လက်ကိုဆုပ်ကိုင်လိုက်ပြီး လူအများရှေ့မှာပဲ ရှန်းဝမ်ပါးလေးကိုဆွဲညှစ်ကာ ပြောလိုက်သည်။
" အဲ့ဒီ USBက ကျွန်မ ဝမ်ဝမ်ကိုပေးထားတာ၊ အဲ့ထဲမှာ အရေးကြီးတဲ့အချက်အလက်တွေဘာတစ်ခုမှမရှိဘူး။
အဲ့ထဲမှာ စစ်ဆေးပြီးသား အမှိုက်ကလွဲလို့ ဘာမှမရှိဘူး။ အဲ့ဒါတွေက ကုမ္ပဏီကိုထိခိုက်စေမှာမဟုတ်ဘူး။
ပြီးတော့ ဒါတွေက တခြားသူတွေလက်ထဲရောက်သွားဖို့ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာလည်း ကျွန်မပြောပြခဲ့သေးတယ်။
ဝမ်ဝမ်က အရမ်းဥာဏ်ကောင်းတယ်။ ကျွန်မကို ကူညီပေးဖို့အတွက်နဲ့ သူမ ဟော်ဟန်ကိုထိခိုက်စေနိုင်တဲ့ဟာ တကယ်ကြီးပေးခဲ့တယ်လေ။ သူမ ကျွန်မကိုတကယ်ချစ်တယ်ဆိုတာ မြင်နိုင်တယ်။ "
ရင်မေချောင် ရှန်းဝမ်နားထဲ တီးတိုးပြောလိုက်ပေမယ့် လူတိုင်းကြားနိုင်လေသည်။
ရှန်းဝမ် ပြုံးကာ ရင်မေချောင်၏လည်ပင်းကို သိုင်းဖက်လိုက်ပြီး တီးတိုးပြောလိုက်သည်။
" ရှောင်မေ ယုတ်မာတဲ့မိန်းမ၊ ဘယ်လိုလုပ်ပြီး ရှင် ဟော်ဟန်ကို အပြစ်ပေးဖို့ ကျွန်မကိုအသုံးချရဲရတာလဲ။ ကျွန်မ ရှင့်ကို ကောင်းကောင်းသိတယ်။ "
" ကိုယ်က အမြဲ ယုတ်မာတာပဲလေ ဝမ်ဝမ်။ အိမ်ပြန်ပြီး ဖြည်းဖြည်းချင်း စာရင်းရှင်းကြရအောင်လေ၊ ဟုတ်ပြီလား။ မင်း စိတ်ကြိုက်လုပ်နိုင်တယ်။ "
ရှန်းဝမ် : ဘုရားရေ ! ရှောင်မေက အရမ်းပွင့်လင်းတာပဲ၊ အခု ငါ ဘာလုပ်လို့ရမှာလဲ။

အမျိုးသမီးနှစ်ယောက်၏ ဟိုလိုလိုသည်လိုလို စကားများက ကုမ္ပဏီအဖွဲ့ဝင်တွေကို ဆွံ့အသွားစေသည်။
ဥက္ကဌရင် ဒီလိုလေးနက်တဲ့အခြေအနေမျိုးမှာ လူရှေ့သူရှေ့ ခွေးစာတွေကျဲရတာပျော်ရဲ့လား ။

အတွင်းရေးမှူးသည် ရင်ကုမ္ပဏီကို ထိခိုက်စေတဲ့အရာတွေ အများကြီးလုပ်ခဲ့သည်။
နောက်ဆုံးတော့ ရင်မေချောင် သူမကိုရဲလက်အပ်လိုက်လေသည်။

နောက်တစ်နေ့တွင် ဟော်ဟန်သည် အနိုင်လက်မှတ်က သူ့လက်ထဲတွင်ရှိနေခဲ့တယ်လို့ အစကထင်ခဲ့မိသည်။
သူ့ရှေ့မှာ ရှန်းဝမ်ကိုလက်တွဲထားကာ ပြုံးနေသည့်ရင်မေချောင်ကို မြင်လိုက်ရသည့်အချိန်မှာတော့ တစ်ခုခုမှားနေတာကို သူခံစားလိုက်ရသည်။
သေချာတာပေါ့ ! နောက်တစ်ကြိမ် လေလံပွဲမှာ သူရှုံးသွားခဲ့ပြီး လုံးဝကို ရှုံးနိမ့်သွားခဲ့သည်။

" ဝမ်ဝမ် မင်းကိုယ့်ကိုလိမ်တယ် "
ချက်ချင်းပင် ဟော်ဟန် တစ်စုံတစ်ခုကိုနားလည်သွားသည်။
ရှန်းဝမ် အချက်အလက်တွေကိုရတာ အရမ်းလွယ်ကူခဲ့သည်။
" ကိုယ့်ကို အပြစ်ပေးဖို့အတွက် ဒီမိန်းမနဲ့ ပူပေါင်းရလောက်တဲ့အထိ ကိုယ့်ကိုမုန်းနေတာလား "
" ဟော်ဟန် "
ရှန်းဝမ် မျက်တောင်ခတ်လိုက်သည်။
ဘေးမှာ ဘယ်သူမှမရှိတာတွေ့တော့မှ ချိုမြိန်ပြီးချွဲပစ်တဲ့ အသံပြောင်းလိုက်ကာ
" ရှင် အထင်လွဲနေတာ။ ကျွန်မ ရှင့်ကိုချစ်တယ်။ ကျွန်မ ဘယ်လိုရှင်းပြရမလဲ။ အဲ့ဒါ ယုတ်မာတဲ့မိန်းမ ရှောင်မေကြောင့်ပဲ။ သူမက ဥာဏ်ကောင်းလွန်းတယ် ဟော်ဟန်။ကြည့်ရတာ ဒါ ကျွန်မတို့ကံကြမ္မာပဲထင်ပါရဲ့။ "
ထိုအချိန်တွင် ဟော်ဟန် ယုံလုနီးပါးပင်။
ဒါပေမယ့် ရင်မေချောင်၏လက်ကို ပြုံးကာဆုပ်ကိုင်ထားသည့် ရှန်းဝမ်ကိုကြည့်ရင်း သူတို့၏အချစ်တွေက သူ့ခေါင်းပေါ်ကိုရေအေးနှင့်လောင်းချလိုက်သလိုပဲ။
ရှန်းဝမ် သူ့ကိုမချစ်ပေ။
" ဝမ်ဝမ် "
" ရှောင်မေက အင်အားကြီးပြီး ထက်မြက်တယ် ဟော်ဟန်။ အနာဂတ်မှာ သူမကိုမဆန့်ကျင်နဲ့တော့။ ရှင့်အတွက် ကျွန်မ အများကြီးအနစ်နာခံခဲ့တယ်။ ရှင်နဲ့ အတူရှိမနေနိုင်တာက ကျွန်မဘဝရဲ့ အကြီးမားဆုံးနောင်တပါ။ "
ဖူး ! ငါလေးကံကောင်းသွားတာ။

မဟုတ်ဘူး၊ ရှန်းဝမ် လိမ်နေတယ်ဆိုတာ နောက်ဆုံးတော့ ဟော်ဟန်သဘောပေါက်သွားသည်။
သူ ရူးသွားတော့မလိုပဲ။
ဘယ်လိုအမျိုးသမီးကများ တခြားအမျိုးသမီးကို ချစ်မြတ်နိုးစွာကြည့်ပြီး သူ့ကိုချစ်တယ်လို့ပြောနိုင်ရတာလဲ။
သူမ အသိစိတ်ကို မထိခိုက်ဘူးလား။

ရှန်းဝမ် အလွန်ကျေနပ်နေမိသည်။ ဒေါသထွက်နေတဲ့ ဟော်ဟန်ကိုနောက်တွင်ချန်ထားခဲ့ပြီး ရင်မေချောင် ရှန်းဝမ်ကို ကားပေါ်သို့ အမြန်ဆွဲတင်လိုက်သည်။
နှစ်ယောက်သား နောက်ခုံတွင်ထိုင်လိုက်ကြပြီးနောက် ရင်မေချောင် ခုနက အဖြစ်အပျက်ကိုပြန်မြင်ယောင်မိကာ မနေနိုင်ဘဲ ရယ်လိုက်မိသည်။
" ဝမ်ဝမ် မင်း ဟော်ဟန်ကို မချစ်ဖူးမလား "
သူမကို ရှန်းဝမ် ချစ်လား မချစ်ဘူးလားဆိုတာ အခုချက်ချင်းပဲ မေးလိုက်ချင်မိသည်။
ရုတ်တရက် တစ်ခုခုမှားနေတာကို သူမ ခံစားလိုက်ရပြီး အမြန်ဘေးကိုလှည့်ကြည့်လိုက်တော့ အသက်မရှုတော့သည့်အတိုင်း ဖြူဖျော့နေသည့် မျက်နှာဖြင့် မျက်လုံးများမှိတ်ထားသည့် ရှန်းဝမ်ကိုတွေ့လိုက်ရသည်။

" ဝမ်ဝမ် "
ရင်မေချောင် ခဏလောက်ကြောင်သွားမိသည်။
ရှန်းဝမ်၏ မျက်နှာလေးကို သူမလက်ချောင်းများဖြင့် မယုံနိုင်စွာထိလိုက်မိသည်။
သူမ တစ်ချိန်ထဲမှာပဲ ပြုံးကာ ငိုနေပုံရပြီး နူးညံ့စွာပြောလိုက်သည်။
" ဘယ်လိုလုပ်ပြီး အိပ်ပျော်သွားရတာလဲကွာ "
ခဏ‌နေပြီးနောက် ရင်မေချောင် စိုးရိမ်နေသည့်အသံဖြင့်
" ဆေးရုံ၊ ဆေးရုံကိုသွား၊ မြန်မြန် ! "
အနိုင်ရခဲ့တဲ့ ပျော်ရွှင်မှုတွေအားလုံပျောက်ကွယ်ကုန်ပြီး တိုင်းတာလို့မရနိုင်သည့် ထိတ်လန့်မှုတွေ ဝမ်းနည်းမှုတွေ အစားထိုး ဝင်ရောက်လာခဲ့သည်။
ရင်မေချောင် ရှန်းဝမ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး မျက်ရည်တွေဟာအထိန်းအကွပ်မဲ့ စီးကျလာသည်။
" အရမ်းပင်ပန်းလို့ ခဏလောက် အိပ်ပျော်သွားတာမလားဟင် ဝမ်ဝမ်။ မင်းက ပုံမှန်ဆို အရမ်းကျီစယ်တတ်တာ။ မင်းနောက်နေတာပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား။
မင်းသာ အသက်ရှင်ပြီး ကိုယ့်ဘေးနားရှိနေနိုင်မယ်ဆို ဘာမဆို မင်းလုပ်ချင်တာလုပ်လို့ရတယ်လေ။
မင်း ချစ်တာကို ဖော်ပြချင်တာပဲဖြစ်ဖြစ် မပြချင်တာပဲဖြစ်ဖြစ် ကိုယ်စိတ်မဝင်စားဘူး။
မင်းကိုပဲ အသက်ရှင်နေစေချင်တယ်။ "
" ဝမ်ဝမ် ကိုယ်.. ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်ဘူး "
" အိပ်ပြီးရင် နိုးလာဖို့သတိရနော် ၊ ကိုယ် စောင့်နေမယ် "

နှစ်ပေါင်းလေးဆယ်ကြာပြီးနောက်
" တမေ၊ အဘွားကြီး ၊ ရှင်က အရင်လို ယုတ်မာနေတုန်းပဲ "
( T/N : တမေ - အလှကြီး ဆိုတဲ့အဓိပ္ပါယ်ပါ။ ရှောင်မေ အသက်ကြီးလာလို့ပြောင်းခေါ်တာထင်တယ် )

ထိုအချိန်တွင် ရှန်းမေနှင့် ရင်မေချောင်တို့ နှစ်ယောက်လုံး ဆံပင်တွေဖြူနေကြသည်။
ရင်မေချောင်သည် ဆေးရုံကုတင်ပေါ်တွင်လဲလျောင်းနေပြီး ရှန်းဝမ်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ သူမရဲ့မျက်လုံးတွေက တွန့်ဆုတ်မှုတွေ ပြည့်နှက်နေသည်။
" မကြောက်ပါနဲ့ ဝမ်ဝမ်။ ကိုယ်တို့မှာ ပိုက်ဆံတွေအများကြီးရှိတယ်။ အနာဂတ်မှာ ကိုယ်မရှိတော့ရင် မင်းဒီပိုက်ဆံတွေကိုသုံးပြီး မင်းကိုအဖော်ပြုဖို့ လူတွေခန့်လို့ရတယ်။ သူတို့ မင်းကိုအနိုင်ကျင့်ရင် မင်းရဲကိုတိုင်ရမယ်နော်"

{ Lilac : သူ့ဝမ်ဝမ်လေး အနိုင်ကျင့်ခံရမှာ စိုးရိမ်နေရှာတာ 😭 }
" အဲ့ဒါဆို မြေကြီးပေါ်လူးလှိမ့်ပြီး နာနာကျင်ကျင်ငိုကြွေးအောင်လုပ်ပစ်မယ်။ ကျွန်မကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ။ "
" ဝမ်ဝမ် "
“ ပြော ယုတ်မာတဲ့အဘွားကြီး၊ နောက်ဆုံးအနေနဲ့ဘာတွေများပြောချင်သေးလဲ “
ရင်မေချောင် ပြုံးကာ ညှင်သာစွာခေါ်လိုက်သည်။
" ဝမ်ဝမ် ဒီနားလာခဲ့၊ ကိုယ်မင်းကိုတိုးတိုးလေးပြောပြမယ် "
ရှန်းဝမ် အောက်ငုံ့ကာ သူမ၏နားကို ရင်မေချောင်နှုတ်ခမ်းနား ကပ်ထားလိုက်သည်။
ရင်မေချောင် ရှန်းဝမ်ပါးလေးကို အရင်နမ်းလိုက်ပြီး
" ချစ်တယ် ဝမ်ဝမ် "
" တမေ ကျွန်မ ရှင့်ကိုသေလောက်အောင်မုန်းတယ်။ ရှင်သေသွားရင်တောင်မှ ရှင့်ကိုကျွန်မ မချစ်ဘူး "
ရှန်းဝမ်မျက်လုံးထဲက မျက်ရည်တွေကို ရင်မေချောင်ကြည့်လိုက်ပြီး
" ကိုယ် သိတယ် "
သူမ ပြုံးကာ မျက်လုံးတွေကိုမှိတ်လိုက်တော့သည်။
သူမရဲ့ဝမ်ဝမ်လေး ရှေ့မှာသေဆုံးရတာကလွဲလို့ ဒီဘဝက ပြီးပြည့်စုံခဲ့သည်။
အရာအားလုံးကို သူမ စီစဥ်ပေးခဲ့သည်။
ဟော်ဟန်ကခြေထောက်ကျိုးနေသည့် မကောင်းတဲ့လူအိုတစ်ယောက်ဖြစ်လာပြီး ရက်စက်တဲ့အဘွားကြီး ဟော်တင်က သူ့ကိုစောင့်ကြည့်နေတာကြောင့် သူမရဲ့၀မ်၀မါလေးကို အနိုင်ကျင့်ရဲမှာ မဟုတ်ပေ။

အသက်မရှိတော့သည့် ရင်မေချောင်ကို ရှန်းဝမ်စိုက်ကြည့်ရင်းနဲ့ မျက်ရည်များကျလာပြီး ခေါင်းငုံ့ကာ လေသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။
" ရှင်ဘာမှမသိဘူး၊ ယုတ်မာတဲ့အဘွားကြီး "

( ဒီကမ္ဘာက ထွက်သွားကြရအောင် 188 )

______________________________________

နောက်ဆုံးတော့ Acr 1 ပြီးသွားပါပြီ 🎉
ဒီ Arcက Lalic အကြိုက်ဆုံး Arc ပါ
တခြားArc တွေကိုလည်းကြိုက်ပေမယ့်
ဒီ Arc ကြောင့်ပဲ ဒီ novel ကိုဖတ်ဖြစ်ခဲ့သလို ဘာသာပြန်ဖြစ်ခဲ့တာမို့လို့ ဒီ Arc ကို သဘောအကျဆုံးပါ😁

နောက် Arc မှာပြန်တွေ့ကြမယ်နော် 💙

Continua a leggere

Ti piacerà anche

336K 8.3K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.6M 249K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...
40.5K 2.4K 19
One Short Collection of NamJin!! Thie collection has been created for my most beloved three VIP! 💜🙇‍🙇‍🙇‍💛 For Vi_Bunny🐰 ReddayBombx🐨 ...
429K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...