ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

20.2K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

chapter 62

178 27 0
By phyolay1991

🍬Chapter 62

------------

ရွှီလော့ယန်က ချီချန်အန်း၏ အင်္ကျီစကိုဆွဲကာ "ငါ့စိတ်ထဲက အရာတွေအကုန်ကို ပြောပြပြီးသွားပြီလေ ဘာလို့ တိတ်တိတ်လေးနေနေသေးတာလဲ လျှို့ဝှက်ချက်ချင်း ဖလှယ်ကြရအောင်"

"ကိုယ် သိုက်ရွှယ်ချင်းရဲ့ ဘဏ်အကောင့်တွေကို တစ်ယောက်‌ယောက်ကို စုံစမ်းခိုင်းထားတယ်။ အဲ့ဒီမှာ လျှို့ဝှက်ချက်တွေနဲ့ အသေးစိတ်အချက်အလက်တွေ အများကြီးရှိနေတယ်။"

သေချာပေါက် လုပ်ဆောင်ချက် ကြီးကြီးမားမားကြီးပဲ။

ရွှီလော့ယန်က ခေါင်းတဆတ်ဆတ်ညိတ်ကာ "အဲ့ဒါပြီးတော့ရော"

"ကိုယ်တို့ ကျန်းမိသားစုရေးရာကိစ္စတွေကိုလည်း စုံစမ်းခဲ့သေးတယ်။"

ချီချန်အန်းက လုပ်ဆောင်မှု အဆင့်ဆင့်နှင့် အသေးစိတ်အချက်အလက်များကို ချန်လှပ်ကာ တွေ့ရှိချက်များကိုသာ တိုက်ရိုက်ပြောပြလာသည်။

"ကျန်းမိသားစုရဲ့ လူအိုကြီး၊ ကျန်းဖုက သူ့ဘဝတစ်လျှောက်လုံး အပျော်အပါးလိုက်စားခဲ့ပြီးတော့၊ နာမည်ကြီး မိသားစုကလာတဲ့ သူ့မိန်းမနဲ့ သားနှစ်ယောက်၊သမီးတစ်ယောက်ရခဲ့တယ်။ ထပ်ပြီး သူပြန်ခေါ်လာခဲ့တဲ့ တရားမဝင် သားနှစ်ယောက်နဲ့ဆိုရင် သိုက်ရွှယ်ချင်းက နံပါတ်လေးနေရာမှာရှိတယ်

ကျန်းဖု မသေခင်တုန်းက၊ သိုက်ရွှယ်ချင်းက သည်းခံနေခဲ့ပြီးတော့ သူ့အကို ကျန်းရှုယွင်ရဲ့ လက်အောက်ခံအဖြစ်ဝင်ပြီး ကျန်းရှုယွင်ရဲ့ လက်ကိုသုံးပြီး သူ့ညီမကို အဝေးကို လက်ထပ်ပြီးပို့လိုက်တယ်။ ပြီးတော့ သူ့ရဲ့ ဒုတိယအကိုကို မသန်မစွမ်းဖြစ်အောင် လုပ်ခဲ့တာ"

ရွှီလော့ယန်က အံ့အားသင့်သွားရသည်။

"သေချာပေါက်၊ အနုပညာဇာတ်ကားတွေအကုန် လက်တွေ့ဘဝက ဆင်းသက်လာတာချည်းပဲ။ ဒါက ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုရဲ့ မိသားစုအတွင်းတိုက်ပွဲဒရာမာလိုပဲ။"

"အင်း ကျန်းဖုဆုံးသွားတာနဲ့၊ သိုက်ရွှယ်ချင်းက ကျန်းရှုယွင်နဲ့ လက်တွဲဖြုတ်လိုက်ပြီး အာဏာသိမ်းပြီး ဟွားလီအုပ်စုကို ထိန်းချုပ်လိုက်တာ။ သူက လှည့်စားမှုတွေ အများကြီးလုပ်ပြီး၊   အချိန်တော်တော်ကြာတဲ့အထိ ကြိုးကြိုးစားစား သည်းခံနေခဲ့တာ။ ပြီးတော့ ကျန်းမိသားစုကိုပြန်သွားဖို့ ရွေးချယ်တာက သူ့အမှားမဟုတ်ဘူးဆိုတာ မင်းမိဘတွေကိုလည်း သက်သေပြဖို့ စိတ်အားထက်သန်နေလိမ့်မယ်"

သို့သော်လည်း ရွှီချွင်ချင်းနှင့် လင်းကျစ်ရီတို့က ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့လေ၏။

ရွှီလော့ယန်က သူ့ရဲ့အမြင်ကို ပြောပြလာသည်။

"ချမ်းသာလာပြီးတဲ့နောက်မှာ မင်းရဲ့ကြွယ်ဝမှုကိုကြွားဝါချင်ပေမယ့် ကြွားဖို့အခွင့်မရှိတော့တာလိုမျိုးပေါ့။ နောင်တတောင် နည်းနည်းရချင်ရနေဦးမယ်။ ဒါပေမယ့် သူက သေချာပေါက် သူ့အပြစ်ဆိုတာ ဝန်ခံမှာမဟုတ်ဘူး။ ပြီးတော့ ငါ့မိဘတွေမသေခင်တုန်းက သူတို့က ငါ့အတွက် စိုးရိမ်နေပေမယ့် သူ့ကိုတော့ နှစ်ပေါင်းများစွာကြာတဲ့အထိ လျစ်လျူရှုထားတယ်၊ သူ့ကို တစ်ယောက်တည်း ကျန်းမိသားစုမှာ ဒုက္ခခံရအောင် ပစ်ထားတယ်လို့ ခံစားရတဲ့အတွက်၊ သူက ပိုပြီး စိတ်မည်းညစ်လာတယ်ပေါ့"

ရွှီလော့ယန်က သိုက်ရွှယ်ချင်းရဲ့ ဦးနှောက်လည်ပတ်ပုံကို နားလည်ဖို့ ခက်ခဲကြောင်းသိလိုက်ရသည်။

"ဖြစ်နိုင်တယ်" ချီးချန်အန်းက ခေါင်းညိတ်ကာ ဆက်ပြောသည်။

"ဒါပေမယ့် သိုက်ရွှယ်ချင်းရဲ့နေရာက မတည်မြဲသေးဘူး။ သူရာထူးယူပြီး နှစ်နှစ်အတွင်းမှာပဲ၊ ကျန်းရှုယွင်ရဲ့သား၊ ကျန်းလင်းရှီ ၊ ကျန်းမိသားစုရဲ့ မြေးအကြီးဆုံးက ရာထူးကို ပြန်လုယူခဲ့ပြီးတော့၊ သိုက်ရွှယ်ချင်းကို ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့ တောင်အမေရိကက လုပ်ငန်းခွဲတစ်ခုကို စီမံခန့်ခွဲဖို့ အဝေးပို့လိုက်တယ်"

ရွှီလော့ယန်က နားလည်သွားသည်။

"ဒါဆို မင်းက သိုက်ရွှယ်ချင်းရဲ့ဘဏ်အကောင့်တွေကို ကျန်းလင်းရှီကို ပို့ပေးပြီး ကျန်းလင်းရှီရဲ့လက်ကိုသုံးပြီး သိုက်ရွှယ်ချင်းကို ကိုင်တွယ်မလို့ပေါ့"

သို့သော် သူက သူ၏စကားကို ချက်ချင်းပြန်လည်ငြင်းဆန်လိုက်ပြန်သည်။

"မဟုတ်သေးဘူး။ အဲ့ဒါက နှေး‌လွန်းတယ်။ သိုက်ရွှယ်ချင်းကို မင်းမှာ သူ့ရဲ့ဘဏ်အကောင့်တွေရှိပြီး ကျန်းလင်းရှီဆီကို အချိန်မရွေး ပို့လိုက်လို့ရတယ်ဆိုတာကို ဖော်ပြလိုက်သလိုပဲဖြစ်သွားမှာ။ သိုက်ရွှယ်ချင်းက အခုမှ ပြန်ရောက်ခါစဆိုတော့ သူ့ရာထူးက မတည်ငြိမ်သေးဘူး။ ဒါကြောင့် သူက နည်းနည်းလောက်ရဖို့ ပမာဏများများကို စွန့်လွှတ်မှာမဟုတ်ဘူး အဲ့ဒါဆို သူကလတ်တလောကိုတော့ အပေးအယူလုပ်ပြီးနေမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူသာ သတိမထားရင်၊ တောင်အမေရိကကို ‌နောက်တစ်ခါ နှင်လွှတ်ခံရနိုင်တယ်လေ"

"နျောင်နျောင်က သိပ်တော်တာပဲ" ချီချန်‌အန်းက ငုံ့၍ သူ့ရဲ့မျက်လုံးထောင့်‌နေရာကို နမ်းလာသည်။

"ဒါပဲလေ သူအမေရိက‌ ကနေ ဘယ်လိုလုပ်ပြီး ပြန်လာနိုင်တာလဲဆိုတာကို သူ့ရဲ့ဘဏ်အကောင့်တွေကနေတဆင့် သေချာပေါက်သိနိုင်တာပဲလေ။ ဒါတွေကို သူက ကျန်းလင်းရှီဆီအရောက်ခံမှာမဟုတ်ဘူး။"

"ဒါဆို .... နောက်ဆက်ပြီး ဘာဆက်လုပ်မှာလဲ။"

ချီချန်အန်းက သူဆိုလိုသည်ကို နားလည်လေ၏။

"ကိုယ် ကျန်းလင်းရှီနဲ့ ညစာစားဖို့ ချိန်းထားတယ်။"

ရွှီလော့ယန်က ဘဝင်ခိုက်သွားပြန်သည်။

"သိနေတယ်လေ။ လူတွေကို အဆုံးထိတွန်းပို့တာ၊ ဗုဒ္ဓကို အနောက်အရပ်ထိရောက်အောင် ပို့တာ။  ရှေးလူကြီးတွေရဲ့စကားက သိပ်မှန်တာပဲ။"

"အင်း" ချီချန်အန်းက အင်မတန်မှလေးနက်သည့်လေသံဖြင့် ပြောသော်လည်း သူ့မျက်ဝန်းထဲတွင် နူးညံ့ညင်သာမှုများဖြင့်သာ။

"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ သိုက်ရွှယ်ချင်းက မင်းကို အဆုံးစွန်ထိ တွန်းပို့ခဲ့တာပဲလေ အဲ့ဒါတွေအကုန်လုံးအတွက်၊ ကိုယ်မင်းကို တစ်ခုချင်းစီ ပြန်ရအောင်ယူပေးမယ်။"

ရွှီလော့ယန်မှာ နှလုံးသားတစ်ခုလုံး အရည်ပျော်သွားသလို ခံစားလိုက်ရကာ၊ ငိုချင်နေသည့်မျက်လုံးများကို လျစ်လျူရှု၍၊ သူက ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။

"မစ္စတာချီ၊ ကျွန်တော် ခုန်ပေါက်ပြီး ခင်ဗျားကို နမ်းလို့ရမလား"

ချီချန်အန်းက ခေါင်းညိတ်ကာ "ဒါပေါ့" ဟုဆို၍ သူ့လက်မောင်းများကို ‌ဖွင့်ထားပေးလေသည်။

ရွှီလော့ယန်က ဝမ်းသာစွာဖြင့် အော်လိုက်ပြီး ထိုလက်မောင်းများကြားထဲ ခုန်ဝင်ကာ သူ့အား အကြိမ်မြောက်မြားစွာ ထပ်ခါထပ်ခါနမ်းလိုက်သည်။ ထို့နောက် ချီချန်အန်း၏ပခုံးထက်တွင် ခေါင်းလေးတင်ကာ တိုးတိုးလေးဆိုလိုက်၏။

"ချန်အန်း၊ ကျေးဇူးပါ"

လွန်ခဲ့သည့်နှစ်နှစ်က၊ ရွှီလော့ယန်က နာမည်ကြီးလာပြီး လူများစွာ၏လမ်းထဲသို့၀င်ကာ သဘာဝကျကျ ပိတ်ထားမိသလို ဖြစ်သွားခဲ့သည်။ ထပ်ပေါင်း၍၊ ကျန်းသုန့်ထံတွင် အဆက်အသွယ်များကျယ်ကျယ်ပြန့်ပြန့်နှင့် သန်မာသည့် အရည်အချင်းများလည်းရှိပြီး သူ့လက်အောက်မှ အနုပညာရှင်များကလည်း ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ကြသည်။ ထို့ကြောင့် အရင်းအမြစ်များ ရယူနိုင်စွမ်းမှာလည်း အင်မတန်မြင့်မားလေသည်။ ထို့ကြောင့် ရွှီလော့ယန်ကျရှုံးခါနီးဖြစ်နေသည်ကို မြင်သောအခါ၊ အစပိုင်းက ဝမ်ယွီရှင်းဝယ်ယူထားသည့် ရေတပ်များအပြင်၊ များစွာသော ကုမ္ပဏီများကလည်း ရေတပ်များဝယ်ယူကာ တိုက်ပွဲထဲဝင်လာကြပြီး ရေကိုပို၍နောက်အောင် လုပ်ဆောင်လိုကြသည်။

ပိုကောင်းသည့်အချက်က၊ နောက်ဆုံးတွင် သက်သေများစွာ ကျန်နေခဲ့လျှင်တောင်၊ရွှီလော့ယန်က သူ့နာမည်ဆိုးကိုရှင်းလင်းရန် နည်းလမ်းရှိမည်မဟုတ်ပေ။

မည်သို့ပင်ဆိုဆို၊ ထိုလောကက၊ အင်မတန်ကြီးမားကာ၊ အရင်းအမြစ်များလည်းများစွာရှိသဖြင့်၊ သန်မာသည့်ပြိုင်ဖက်တစ်ဦးလျှော့ကျသွားခြင်းက မည်သူ့အတွက်မှ မနစ်နာစေပေ။

ထို့ကြောင့်  ၂၂ ရက်နေ့က ထိုအဖြစ်အပျက်များဖြစ်သွားပြီး နှစ်ရက်၊ သုံးရက်မျှကြာသည့်တိုင်အောင်၊ 'ရွှီလော့ယန်ကျောင်းထုတ်ခံရခြင်း' ဟူသည့် ခေါင်းစဉ်က hot search ၏ တတိယနေရာတွင် ရှိနေဆဲဖြစ်ပြီး ဝေဖန်မှုများက မလျော့ကျသွားသေးပေ။ ထိုခေါင်းစဉ်နှငိ့ပတ်သက်၍ ဖိုရမ်များတွင်လည်း အလံနီများဖြင့်သာပြည့်နေကာ၊ ပြင်းပြင်းထန်ထန် ရှုံ့ချနေကြသည်။

"-အခုခေတ်မှာ ဦးနှောက်သေနေတဲ့ဖန်တွေက ဆိုးရွားတဲ့အနုပညာရှင်တစ်ယောက်အတွက်နဲ့ မှန်ကန်တဲ့ကိစ္စတွေလုပ်ဖို့ ငြင်းဆိုနေကြပြီလား။"

"-သက်သေမရှိဘူးလို့သာပြောနေကြတာ။ အဲ့ဒီအချိန်တုန်းက ရုပ်ရှင်ကျောင်းက ရွှီလော့ယန်ကို တိုက်ရိုက်ထုတ်ပစ်လိုက်တာပဲကို။ အဲ့ဒါက သေချာပေါက်ကို သက်သေပဲမဟုတ်လား။ တကယ်ကို ရွံစရာပဲ။ မင်းတို့ရဲ့အသိစိတ်တွေက နင်းခြေခံထားရပြီ။"

"-စိတ်ဓာတ်ကျနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့နေရာကို လူမိုက်တစ်ယောက်ကို သွားဖို့လွှတ်လိုက်ပြီး မုဒိမ်းကျင့်ခိုင်းတာ။ ဒီလိုလုပ်ဆောင်ချက်က တကယ်ကို လျောလျောလျူလျူပဲ‌။ ငါအနှစ်နှစ်ဆယ်ကျော်အသက်ရှင်လာပြီး ဒီလိုလူယုတ်မာတစ်ယောက်ကိုမြင်ဖူးတာ ဒါကပထမဆုံးအကြိမ်ပဲ။ ဒီလိုလူစားမျိုးက တကယ်ကို ရှုံ့ချသင့်တာ။ အမှိုက်ကောင်။"

"-ငါက ဖန်တစ်ယောက်ဖြစ်ပြီးတော့ antifan အဖြစ်ပြောင်းသွားမှာ မဟုတ်ဘူး။  အင်တာနက်ပေါ်မှာ ဘာတွေပဲပြောပြော၊ ဒါက တမင်သက်သက်နာမည်ဖျက်တယ်လို့ပဲ ငါထင်တယ်။ ရွှီလော့ယန်အကြောင်း နည်းနည်းလေးပဲ သိတဲ့လူဆိုရင် သူဒီလိုမျိုးလုပ်တယ်ဆိုတာ ယုံမှာမဟုတ်ဘူး။ ပြီးတော့ တစ်စုံတစ်ယောက်ရဲ့ဖန်တွေအနေနဲ့ ဒီကို ပြေးလာနေတာကို တော်သင့်ပြီထင်တယ်။ မင်းတို့ရဲ့ဆရာသခင်က ရွှီလော့ယန်ရဲ့ ကြော်ငြာကို လုသွားပြီးတော့၊ နောက်ကျ သူက သူ့အရည်အချင်းနဲ့သူ ပြန်ယူနိုင်ခဲ့တာ။ အဲ့ဒါမို့ မီး‌မွှေးနေတာကို ရပ်ပြီး မင်းတို့ရဲ့တည်ရှိမှုကိုပြဖို့ ဈေးရောင်းနေတာကို ရပ်လိုက်ကြတော့။"

"-ဖန်လည်းမဟုတ်၊ antifan လည်း မဟုတ်ဘူး။ ဒီအတိုင်း ဖြတ်သွားဖြတ်လာစစ်စစ်ပါ။ ရင်းနှီးစွာနဲ့ link ချပေးလိုက်ပြီ။"

မိနစ်အနည်းငယ်အကြာမှာ ထို page အောက်မှ ကောမန့်များစွာ တစ်မျိုးတစ်မည် ပြောင်းလဲသွားကြသည်။

"-ငါ ဖတ်ခဲ့တဲ့ဟာက မှန်ပါတယ်နော်...။ ဟွားလီဂရုရဲ့ အမှုဆောင်ကိုယ်တိုင်ထွက်လာပြီးတော့ ... တောင်းပန်သွားတာ ဒီလူရဲ့ Wiki [link] .. နှစ်ရက်လုံးလုံး ဖရဲသီးစားပြီးသွားတော့၊ ငါဖြည်းဖြည်းချင်း စားရတော့မယ်"

"-စာကရှည်လွန်းတယ် ဘယ်အတန်းခေါင်းဆောင်တစ်ယောက်ယောက်ကများ အကျဉ်းချုပ်ပေးနိုင်မလဲ"

"-အတန်းခေါင်းဆောင်ဒီမှာပါ။ ဟွားလီဂရုရဲ့ ဥက္ကဌဟောင်းက ရှေ့ထွက်လာပြီး ရွှီလော့ယန် ရုပ်ရှင်ကျောင်းကနေထုတ်ခံလိုက်ရတာက သူ့ဘက်ကနေ နည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေတဲ့အတွက်ကြောင့်တဲ့။ ပြီးတော့ အဲ့ဒီသက်သေဆိုတဲ့ဟာကလည်း သူ့ဘာသာသူ လုပ်ထားတာ။ အရင်ကပြောကြတဲ့ စိတ်ကျရောဂါအကြောင်းရောဂါမှတ်တမ်းရော၊ နစ်နာသူရဲ့အထောက်အထားနဲ့ သူမရဲ့ အခြေအနေတွေရော အကုန် အတုတွေ။ အကြောင်းအရင်းကတော့ ရွှီလော့ယန်ရဲ့ မိဘတွေနဲ့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်ကြောင့်တဲ့။ တစ်နည်းအားဖြင့်ဆိုရရင်၊ အစကနေအဆုံးထိ၊ ရွှီလော့ယန်က မှားယွင်းစွပ်စွဲခံရတာပဲ။"

"-ဒေါသထွက်လွန်းလို့ ငိုနေမိပြီ။ ပေါ့ပေါ့ပါးပါးလေးတောင်းပန်‌လိုက်ရုံနဲ့ ဒါကပြီးသွားရောလား။ ငါတို့ရဲ့ လော့ယန်လေးက တစ်ဆယ့်ခုနစ်နှစ်ပဲရှိသေးတာ။ သူ့မိဘတွေကလည်း ဆုံးသွားခါစ သူဘယ်လိုများ ဒါကိုဖြတ်ကျော်လာသလဲဆိုတာ ငါစဉ်းတောင်မစဉ်းစားရဲဘူး။ သူ့ရဲ့အမာရွတ်ကို ပြန်ဖွင့်ပြီး ထပ်ခါထပ်ခါအထိုးခံရတာ သူ့အတွက် ငါရင်နာရတယ်။"

"သူဘာလုပ်နိုင်မှာတဲ့လဲ ရွှီက ကြယ်ပွင့်လေးသာသာပဲ။ တစ်ဖက်လူက ဟွားလီဂရုရဲ့ ဥက္ကဌလေ မင်းမကျေနပ်ရင် အဲ့ဒီလူကို သွားသာဖက်ကိုက်လိုက် "

[ယနေ့သတင်းများ] ၏ ရှင်းလင်းချက် သတင်းတင်လိုက်ပြီး တစ်နာရီအတွင်းမှာပင်၊ 'ရွှီလော့ယန်အတွက် ငါရင်နာတယ်' ဟူသည့် ခေါင်းစီးက hot search နံပါတ်တစ်တွင် ရှိနေကာ၊ 'ရွှီလော့ယန်က အပြစ်ကင်းတယ်' ဟူသည့်ခေါင်းစီးက ဒုတိယလိုက်ပြီး အနောက်မှ 'ရွှီလော့ယန်ကျောင်းထုတ်ခံရခြင်း'ဟူသည့် ခေါင်းစီးနှငိ့ ဆန့်ကျင်ဘက်ဖြစ်နေရာ၊ အင်မတန်မှ မျက်စိဖမ်းစားဖွယ်ရာဖြစ်နေလေ၏။

ထိုအခါမှသာ အသုံးမပြုသည်မှာကြာပြီဖြစ်သည့် ရွှီလော့ယန်၏ ဝေးပေါ်အကောင့်က မည်သည့်ပုံမှမပါဘဲ ရိုးရှင်းသည့်စကားလုံးများဖြင့်သာ ပို့စ်အသစ်တစ်ခု တင်လာလေသည်။ သို့သော် စက္ကန့်နှစ်ဆယ်အတွင်းတွင် ထိုပို့စ်အောက်၌ ကောမန့်များ ထောင်ချီရှိနေပြီဖြစ်သည်။

‌မိနစ်ပိုင်းအတွင်း၊ ချီချန်အန်းက ထိုပို့စ်ကို ပြန်တင်လိုက်သည်။ "ချီချန်အန်း : ငါပြောခဲ့သလိုပဲ၊ လူတိုင်းက သူတို့ရဲ့လိမ်ညာမှုအတွက် ပြန်ပေးဆပ်ရလိမ့်မယ်။// @ရွှီလော့ယန်: အပြစ်မဲ့တဲ့သူက အမြဲတမ်းအပြစ်ကင်းနေမှာပဲ ငါ့ကိုအမြဲယုံကြည်နေပြီးအားပေးခဲ့ကြတဲ့သူတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်"

--------

ရွှီနျောင်နျောင်၏ခံစားချက်သေးသေးလေး:

ငါ့အပေါ်သံသယမဝင်တဲ့အတွက် ကျေးဇူးပါ QAQ

__

Translated By IQ-Team.

Continue Reading

You'll Also Like

241K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
627K 60.1K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
33.3K 3.9K 147
BL Novel ပါနော်။ စစချင်းအပိုင်းမှာ မိန်းကလေး pov ဆိုတာက ဒီအတိုင်း တခြားသူအမြင်ပါရှင်။ မှားမှာစိုးလို့ပါရှင်
28.7K 2.7K 34
Status in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆ...