ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

20K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

chapter 60

166 32 0
By phyolay1991

🍬Chapter 60
------------

ရုံးခန်းက အလွန်မှကျယ်ပြန့်ကာ၊ လေအေးပေးစက်မှလေများကလည်း အေးစိမ့်လှသည်။ မျက်နှာကြက်ထိမြင့်သည့် ပြတင်းပေါက်မှခန်းစီးလိုက်ကာများက တင်းတင်းပိတ်ထားကာ နေရောင်ခြည်တစ်ပြောက်သော်မျှ ရုံးခန်းထဲသို့ ဝင်မလာနိုင်ပေ။ နံရံထောင့်ရှိ မီးအိမ်အနည်းငယ်မှ ထွက်ပေါ်လာသောအလင်းကသာ ရုံးခန်းထဲမှ တစ်ခုတည်းသော အလင်းရောင်ရသည့် အရင်းအမြစ်ပင်။

ရွှီလော့ယန်က အနားသို့တိုးမသွားဘဲ အဝေးမှလုံခြုံသည့်နေရာတွင်သာရပ်နေကာ နှုတ်ဆက်လိုက်သည်။

"မစ္စတာ သိုက်"

"အသေးလေး သူ့ကို ခုံယူလာပေးလိုက်"

သိုက်ရွယ်ချင်း၏ အသံအိုးများက ဒဏ်ရာရထားသကဲ့သို့ ခက်ထန်ကြမ်းရှနေလေ၏။

"ဟုတ်ကဲ့"

ထို တုံ့ပြန်လာသည့်အသံကိုကြားသည့်အခါမှသာ ရွှီလော့ယန်က ရုံးခန်းထဲတွင် အခြားလူတစ်ဦးရှိနေမှန်း သတိထားမိသည်။ သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ - ဝမ်ယွီရှင်း..။

ဝမ်ယွီရှင်းက ခေတ်ဟောင်းစတိုင်အစင်းကြားရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူက မျက်လွှာကိုသာချထားကာ အလျင်အမြန် ခုံတစ်ခုံကိုယူ၍ ရွှီလော့ယန်ရှေ့တွင် ချထားပေးလိုက်၏။

ထို့နောက် သိုက်ယွီရှင်း၏အသံက ထပ်မံထွက်ပေါ်လာသည်။ "မင်းအဝတ်တွေကို ချွတ်လိုက်"

"ဟုတ်ကဲ့"

ဝမ်ယွီရှင်းက စက္ကန့်ဝက်မျှပင် တုံ့ဆိုင်းမသွားဘဲ လက်လှမ်း၍ ကြယ်သီးများကို စတင်ဖြုတ်နေလေသည်။

ဤကဲ့သို့မြင်ကွင်းအား တွေ့ရသောအခါ၊ ရွှီလော့ယန်က စကားလည်းမပြောသလို၊ လှုပ်လည်းမလှုပ်ပေ။သူ့အိတ်ကပ်ထဲမှ ဖုန်းက ခေါ်ဆိုမှုရှိနေဆဲဖြစ်သဖြင့် သူက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။သိုက်ရွယ်ချင်းက သူ့ကိုယ်ရေးအကျဉ်းတွင်‌ ဖော်ပြထားသည်နှင့် မတူညီပေ။ သို့နှင့် သူယခင်က တွေးထားသော အစီအစဉ်များက အလုပ်မဖြစ်နိုင်။

ထိုအကြောင်းအရာအား ရွှီလော့ယန်တွေးတောနေစဉ်ခဏတွင်၊ ဝမ်ယွီရှင်းက သူ၏ရှပ်အင်္ကျီအား ချွတ်ချလိုက်ပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ သေချာအနာဖေးမတက်သေးသည့် အနာရွတ်များအား မြင်တွေ့နိုင်လေသည်။ တစ်ချက်မျှကြည့်ရုံဖြင့် ကြာပွတ်ရာတစ်ခုစီတိုင်းက နက်ရှိုင်းလှပြီး သွေးထွက်သံယိုဖြစ်မည်မှာ မလွဲပေ။ အနာရွတ်မှာ အခုနှစ်ဆယ်ထက် မနည်းလှဟု ရွှီလော့ယန် ခန့်မှန်းမိသည်။

"ဒူးထောက်လိုက်"

သူက ဒူးထောက်ဟု ပြောသောအခါ၊ ဝမ်ယွီရှင်းက နည်းနည်းလေးမှမတုံ့ဆိုင်းဘဲ ရွှီလော့ယန်၏အရှေ့တွင် ဒူးထောက်ချလိုက်လေသည်။သူကိုယ်ခန္ဓာမှ ထိတ်လန့်စရာကောင်းလောက်အောင် ပိန်ပါးနေခဲ့ပြီး လှုပ်ရှားလိုက်သည့်အခါ ကြာပွတ်ရာများမှ အနာဖေးအနည်းငယ်က ‌ပြန်ပွင့်လာသည်။ သွေးများ ထွက်လာကာ သူ့နောက်ကျောအရေပြားပေါ်တွင် ဖြည်းဖြည်းချင်း စီးကျသွားသည်။

ရွှီလော့ယန်က သူ့မျက်နှာပေါ်တွင် မတုန်မလှုပ်အမူအရာကို ဖမ်းထားဆဲဖြစ်ပြီး  သူ့အကြည့်များကို မလွဲခင် ဝမ်ယွီရှင်းအား အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။

"လော့ယန်၊ မင်းကျေနပ်ရဲ့လား"

သိုက်ရွယ်ချင်းက သူ့မျက်မှန်ကို ချွတ်ကာ ဝမ်ယွီရှင်း၏ကျောပြင်ထက်မှ ကြာပွတ်ရာများကို ကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာက ရူးသွပ်မှုအနည်းငယ်နှင့် စွဲလန်းစိတ်တို့ဖြင့် ရောယှက်နေလေ၏။

"အဲ့ဒါက လှလိုက်တာ ဟုတ်တယ်မို့လား"

ရွှီလော့ယန်က မတုန်မလှုပ်အမူအရာဆက်ဖမ်းထားကာ "မစ္စတာသိုက် ဘာကိုဆိုလိုချင်တာဆိုတာကို ကျွန်တော်နားမလည်ဘူး"

သူ့စကားကို ကြားသည့်အခါ သိုက်ရွှယ်ချင်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး " မင်းဒီနေ့ ဒီကိုရောက်လာတာက အထူးသဖြင့် အခုလတ်တလောတက်လာတဲ့သတင်းတွေကြောင့် မဟုတ်လား ငါ့ကို အကြောင်းပြချက်ပေးစေချင်တာလေ ဟုတ်တယ်မလား"

ထိုသို့ပြောကာ သူကလက်မြှောက်၍ ဝမ်ယွီရှင်းရှိရာနေရာအား လက်ညှိုးညွှန်ပြကာ "ဒီအသေးလေးကို သေသေချာချာမထိန်းချုပ်ထားနိုင်ဘဲ မင်းကို အနိုင်ကျင့်သလိုဖြစ်သွားတာက ငါ့အပြစ်ပါ"

အတွေးပေါင်းစုံ စိတ်ထဲတွင် ရုတ်တရက်ပေါ်လာကာ ရွှီလော့ယန်၏အတွေးများက ဆက်တိုက်ပြောင်းလဲနေတော့သည်။ သူဝင်လာသည့်အချိန်မှစကာ ယခုအချိန်အထိ၊ သိုက်ရွှယ်ချင်း၏ အမူအရာနှင့်စကားအသုံးအနှုန်းများက သိပ်ပုံမှန်မဟုတ်ပေ။ ထို့အပြင်ယခု သူ့အပေါ်ထားသည့် ထိုလူ၏သဘောထားက ထူးဆန်းလေသည်။ သူ့စကားများအရ၊ ထိုလူက သူ့အား ဂျူနီယာတစ်ဦးကဲ့သို့ ဆက်ဆံနေသည့်ဟန်။

သို့သော်လည်း ရွှီလော့ယန်က စိတ်မအေးသွားပါဘဲ ဆက်လက်၍ သတိရှိရှိဖြင့် တိတ်ဆိတ်နေလေ၏။

သိုက်ရွှယ်ချင်းက ဖန်ခွက်ထဲမှဝိုင်ကို တစ်ကြိုက်တည်းမော့သောက်ကာ ရုတ်တရက်ဆိုသလို မေးခွန်းထုတ်လာသည်။

"သူက ချွင်ချင်းနဲ့ ဆင်လား"

ထိုမေးခွန်းကိုမေးပြီးနောက် သူ့ထံမှ အဖြေတစ်ခုခုအား မျှော်လင့်နေသည့်ဟန်ဖြင့် သူက ရွှီလော့ယန်အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့သည်။

"မတူဘူး သူက ငါ့အဖေနဲ့ တစ်စက်လေးတောင်မှ မဆင်ဘူး"

ရွှီလော့ယန်က သိုက်ရွှယ်ချင်းအား တည့်တည့်စိုက်ကြည့်ကာ ရှင်းလင်းပြတ်သားစွာ ဖြေလိုက်သည်။

သို့သော်၊ သူ့စကားဆုံးသည်နှင့် သိုက်ရွှယ်ချင်းက သူ့ကိုယ်သူပြောနေသကဲ့သို့ တီးတိုးပြောနေတာကို ကြားလိုက်ရသည်။

"ငါထင်ခဲ့တာက၊ သူပြုံးလိုက်တဲ့အခါ သူ့ရဲ့ဘေးတစောင်းမျက်နှာက ချွင်ချင်းနဲ့ နည်းနည်းလေးဆင်တယ်လို့လေ။ ဒါပေမယ့် သူက သူ(ချွင်ချင်း)နဲ့  လုံးဝမဆင်ဘူးတဲ့လား"

ထိုသို့ပြောပြီးနောက် သူက အသက်ရှူရပ်သွားကာ မိနစ်ဝက်ခန့်အကြာတွင် အင်အားများကုန်ခမ်းကာ ပြိုလဲသွားသကဲ့သို့ သူ၏ကိုယ်ခန္ဓာက ပျော့ကျသွားကာ၊ ဝမ်ယွီရှင်းအား "မင်းပစ္စည်းတွေယူပြီး ထွက်သွားစမ်း ဘယ်တော့မှ ငါ့အရှေ့မှာ ထပ်ပေါ်မလာနဲ့တော့"

ဝမ်ယွီရှင်းမှာ ကြောက်လန့်တကြားဖြစ်သွားသော်လည်း သူက ဘာကိုမျှပြန်မပြောရဲပေ။ သူ၏အဝတ်များကို ယူကာ ရုံးခန်းတံခါးမှ အလွန်လျင်မြန်စွာဖြင့် ထွက်သွားလေ၏။

ရုံးခန်းထဲတွင် လူနှစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး လေအေးပေးစက်မှ ‌အေးစက်‌စက်လေများက ရွှီလော့ယန်၏ကျောပြင်တစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားစေသည်အထိ အေးစက်လာ၏။

အချိန်တော်တော်ကြာပြီးနောက်၊ ထိုအမျိုးသား၏ အက်ကွဲနေသည့်အသံက ပြန်လည်ထွက်ပေါ်လာသည်။

"ငါ ချွင်ချင်းနဲ့ ကျစ်ရီကို မတွေ့ရတာ တော်တော်ကြာပြီ"

သိုက်ရွှယ်ချင်းက ရွီလော့ယန်ကိုကြည့်ကာ "မင်းနဲ့ ကျစ်ရီက ပိုပြီးဆင်တယ်"

လင်ကျစ်ရီမှာ ရွှီလော့ယန်မိခင်၏ နာမည်ဖြစ်သည်။

ထိုစကားကိုကြားသည့်အခါ၊ ရွှီလော့ယန်၏ အတွင်းစိတ်မှသံသယများက ပြန်လည်ထွက်ပေါ်လာသည်။ သူယခင်က တွေးခဲ့သည်က သိုက်ရွှယ်ချင်းမှာ သူ၏ဖခင်ကိုသဘောကျနေခဲ့၍ သူနှင့်သူ့မိခင်ကို မုန်းတီးနေခြင်းဟုသာ ထင်ထားခဲ့သည်။ သို့သော်၊ ယခု 'ကျစ်ရီ' ဟူသော အမည်ကိုပြောတာကိုကြားလိုက်ရသည့်အခါ ရွှီလော့ယန်မှာ တုန်လှုပ်သွားရသည်။ သူသာဆိုလျှင် သူ့ပြိုင်ဖက်၏နာမည်နာမအား ဤကဲ့သို့ ရင်းနှီးလွမ်းဆွတ်နေသည့်လေသံနှင့် ခေါ်နိုင်မည်မဟုတ်ပေ။

သိုက်ရွှယ်ချင်းမှာ သူ့ဘာသာသူသောက်ရန် ဝိုင်အားငှဲ့နေစဉ် သူ့လက်များက တုန်ရီနေသဖြင့် စားပွဲပေါ်တွင် ဝိုင်အတော်များများကို ဖိတ်ကျသွားသည်။

ဖန်ခွက်ထဲရှိ ပယင်းရောင်အရည်များကိုကြည့်ကာ သူက ဖန်ခွက်ကိုမြှောက်လိုက်ပြီး "အဲ့ဒီတော့ မင်းက လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းကိုကျောင်းထွက်ရတဲ့အထိ ဖိအားပေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ငါ့ကို လာတွေ့တာလား"

"ဟုတ်တယ်" ရွှီလော့ယန်၏ လေသံမှာ တည်ငြိမ်နေလေသည်။

"ငါ အကြောင်းအရင်းကို သိချင်တယ်။"

နောက်ထပ်ဝိုင်တစ်ခွက်ကိုသောက်ပြီးသွားသည့်အခါ၊ သိုက်ရွှယ်ချင်းက သူ့နှုတ်ကို ဖွင့်လိုက်သော်လည်း သူက တိုက်ရိုက်အဖြေပေးမလာပေ။

"သူတို့က ငါ့အကြောင်း မင်းကိုမပြောပြခဲ့ဘူးနဲ့တူတယ် အဲ့ဒါကြောင့် ငါ့နာမည်ကို သူတို့ပေးထားတယ်ဆိုတာ မင်းမသိတာပေါ့ ပြီးတော့ ငါ့ရဲ့ နာမည်ကို မှည့်ပေးခဲ့တဲ့သူက မင်းရဲ့အမေပဲ"

ထိုသို့ပြောကာ သူက ထိုင်ခုံနောက်မှီကို မှီချလိုက်ရင်း ပြန်လည်‌တွေးတောနေဟန်ဖြင့်ဆိုလာ၏။

"ဆောင်းရာသီတစ်ခုတုန်းကပေါ့ မင်းမိဘတွေက ငါ့ကို မိဘမဲ့ဂေဟာတစ်ခုရဲ့တံခါးဝကနေ ကောက်လာခဲ့တာ မင်းရဲ့အဖေက အဘိဓာန်ကိုရှာရင်း ငါ့အတွက် မျိုးရိုးနာမည် 'သိုက်'ကို ရှာတွေ့ခဲ့တာ ပြီးတော့ မင်းအမေက ငါ့ကို 'ရွှယ်ချင်း' ဆိုတဲ့ နာမည်မှည့်ပေးခဲ့တာ"

ရွှီလော့ယန်ထံမှ တုံ့ပြန်မှုပေါ်လာလေသည်။ ချွင်ချင်းနှင့် ရွှယ်ချင်း၊ နှစ်ခုလုံးမှာ အရောင်များ၏အမည်များပင်။

"ဒါပေမယ့် နောက်တော့၊ သူတို့က ငါ့ကိုတစ်ယောက်တည်း ချန်ထားရစ်ခဲ့တယ် သူတို့နှစ်ယောက်လုံး ငါ့ကို စွန့်ပစ်ခဲ့တာ.... သူတို့က သေချာပေါက် ငါ့ကို မိသားစုဝင်တစ်ယောက်လိုမျိုး ဂရုစိုက်ပေးပြီး အမြဲတူတူရှိနေကြမယ်လို့ ပြောခဲ့တာ ဒါပေမယ့် သူတို့လိမ်တာ"

တစ်ဝက်သာသောက်ရသေးသည့် ဖန်ခွက်အား ကြမ်း‌ပြင်ပေါ်သို့ အားဖြင့် ပစ်ပေါက်လိုက်ရာ၊ ဝိုင်များက လျင်မြန်စွာ စိုရွဲသွားလေသည်။

သိုက်ရွှယ်ချင်း၏ မျက်ဝန်းများက အမုန်းတို့ဖြင့် ပြည့်နေကာ၊ "သူတို့ ညာတာ သူတို့ ငါ့ကို ညာခဲ့တာ"

သူက ရွှီလော့ယန်အား စိုက်ကြည့်ကာပြောနေသော်လည်း ရွှီလော့ယန်မှတဆင့် အခြားလူတစ်ဦးအား ပြောနေသကဲ့သို့ပင်။

ရုတ်တရက် သူ့ခေါင်းထဲ၌ မှတ်ဉာဏ်အပိုင်းအစတစ်ခုက ပေါ်လာခဲ့ပြီး ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက်၊ ရွှီလော့ယန်က မေးလိုက်သည်။

"ခင်ဗျား အရင်တုန်းက ရောင်စုံခဲတံတွေနဲ့ လူသုံးယောက်ပုံကို ဆွဲခဲ့ပြီး 'အကိုကြီး'၊ 'အမကြီး' နဲ့ 'ငါ' ဆိုပြီး ခေါင်းစဉ်တပ်ခဲ့သေးတယ်မို့လား"

သိုက်ရွှယ်ချင်း၏အမူအရာက တဖြည်းဖြည်းတည်ငြိမ်လာတာကို တွေ့ရသည့်အခါ၊ ရွှီလော့ယန်၏မျက်ဝန်းထဲ တောက်ပလှသည့်အလင်းတန်းတစ်ချက်ဖြတ်သွားကာ ရှင်းပြလိုက်သည်။

"ကျွန်တော် အရင်တုန်းက အမေ့ရဲ့ စာကြည့်ခန်းထဲမှာ အဲ့ဒါကိုတွေ့ဖူးတယ် အခုချိန်ထိ အဲ့ဒီနေရာမှာ အားလုံးရှိနေသေးမယ်ထင်တယ် အဲ့ဒါကို ဆွဲခဲ့တဲ့လူက ခင်ဗျားဖြစ်မယ်လို့ ကျွန်တော်တွေးလိုက်မိလို့"

"အဲ့ဒါကို ဆွဲခဲ့တဲ့လူက သေချာပေါက် ..... ငါပဲဖြစ်မှာ"

သိုက်ရွှယ်ချင်းက ‌ထရပ်ကာ နေရာ၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။

"ကျစ်ရီက ငါ့ထက် ဆယ်နှစ်ကျော်ကြီးပြီးတော့ သူက အမြဲတမ်း သူ့ကို အမကြီးနဲ့ ချွင်ချင်းကို အကိုကြီးလို့ခေါ်ဖို့ ငါ့ကို ပြောခဲ့တာ"
------------

သိုက်ရွှယ်ချင်း၏အမူအရာမှာ တစ်ပြိုင်တည်း ငိုလျက်နှင့်ရယ်နေသကဲ့သို့ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူက ရှုပ်ထွေးနေဟန်ဖြင့် ပြောလာသည်။

"ငါ့အဖေရင်းက ငါ့ကိုပြန်ရှာတွေ့ပြီး ကျန်းမိသားစုဆီပြန်ခေါ်သွားတဲ့အချိန်တုန်းက ငါ့အသက်က တစ်ဆယ့်လေးနှစ်။ နောက် အချိန်တွေတော်တော်ကြာပြီး၊ ငါသူတို့နဲ့ ပြန်တွေ့တဲ့အခါကျ၊ ငါကပြောင်းလဲသွားပြီးတော့ ရက်စက်ကြမ်းကြုတ်လာတယ်လို့ သူတို့ကပြောတယ် ငါလည်း သူတို့ကို သဘောမကျပါဘူး ငါက လမ်းတစ်ဝက်လောက်မှာမှ ကောက်ရခဲ့တဲ့ ကျန်းမိသားစုရဲ့ မျိုးရိုးကိုတောင် ယူလို့မရတဲ့ တရားမဝင်သားသာသာပဲလေ ခွေး‌တစ်ကောင်လိုမျိုး ငါအဆူအဆဲခံပြီး အေးစက်စက်အကြည့်တွေနဲ့ပဲကြည့်ခံနေရတုန်းကတော့ သူတို့က ဘယ်ရောက်နေခဲ့လဲ"

"ဒီကမ္ဘာကြီးမှာ သေခြင်းတရားရဲ့တံခါးဝမှာပဲ ရုန်းကန်နေရတဲ့အဖြစ်ကို ငါမလိုချင်ဘူး ငါ့အကိုတွေနဲ့ တိုက်ပြီး၊ ငါ့‌အဖေကို သတ်ပြီး၊ ငါ့ကို နှိပ်စက်ခဲ့တဲ့ မိန်းမကို စိတ်ကျန်းမာရေးဆေးရုံကိုပို့ပြီး ဟွားလီဂရုတစ်ခုလုံးကို ထိန်းချုပ်ခဲ့တာ အဲ့ဒီအချိန်တုန်းက ငါ့ကို သူတို့ခေါ်သွားခဲ့တာက အမှားတစ်ခုမဟုတ်ဘူးဆိုတာကို ငါပြချင်ခဲ့တာ"

"ဒါပေမယ့် သူတို့ကဘာလို့ ဒီအတိုင်းသေသွားရတာလဲ"

သိုက်ရွှယ်ချင်း၏ စကားသံမှာ မြန်ဆန်နေပြီး ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သူ၏မျက်၀န်းများမှာ သွေးရဲရဲတောက်နေကာ ရွှီလော့ယန်အား စိုက်ကြည့်နေခဲ့ရင်း ရုတ်တရက် "ငါ မင်းကို ဘယ်လောက်တောင် မနာလိုဖြစ်ရလဲ မင်းသိလား သူတို့က မင်းကို အရမ်းကိုချစ်မြတ်နိုးပြီး မင်းကိုဆို အလိုလိုက်ကြတယ် သူတို့သေသွားတဲ့အချိန်တုန်းကတောင် သူတို့အစိုးရိမ်ရဆုံးလူက မင်းဖြစ်နေခဲ့တာ"

ထိုအချိန်၌ သိုက်ရွှယ်ချင်းက အဘယ်ကြောင့် ဤမျှလောက်အထိပြဿနာများအတက်ခံကာ သူ့အား ပစ်မှတ်ထားခဲ့ရသနည်းဟူသည့် အဖြေကို ရုတ်ချည်းနားလည်လိုက်ရသည်။

ရူးသွပ်နေဟန်ဖြင့် ဝိုင်တစ်ပုလင်းကိုကိုင်ထားသော သိုက်ရွှယ်ချင်းကိုကြည့်ကာ ရွှီလော့ယန်၏ခံစားချက်များက ရှုပ်ထွေးနေခဲ့သည်။

သူဘယ်တုန်းကမှ ဒီဟာက အကြောင်းအရင်းဖြစ်နေမယ်လို့ တွေးခဲ့တာမဟုတ်ပေ။

ခဏလောက် တုံ့ဆိုင်းနေပြီးနောက်၊ ရွှီလော့ယန်က ပြောလိုက်သည်။

"ကျွန်တော့်မိဘတွေရဲ့ အမွေတွေအကုန် အဲ့ဒီမှာပဲ ရှိနေတုန်းပဲ အကယ်၍ အဲ့ဒီပုံကိုဆွဲခဲ့တဲ့သူက ခင်ဗျားဆိုရင်  စတိုခန်းထဲမှာ ခင်ဗျားရဲ့ပစ္စည်းတွေ အများကြီး ထပ်ရှိနေလောက်တယ် ကျွန်တော်ကလေးတုန်းက ခပ်ဆိုးဆိုးဖြစ်ခဲ့တာမို့ အဲ့ဒီအခန်းထဲ ဝင်ပြီးမွေနှောက်ခဲ့ဖူးတယ်"

သိုက်ရွှယ်ချင်း၏တစ်ကိုယ်လုံး အေးခဲသွားကာ သူ့အား ငေးကြောင်ကြောင်ဖြင့် ကြည့်လာလေသည်။

"အဲ့ဒီမှာ ခပ်ဆင်ဆင်ဆွဲထားတဲ့ပုံတွေ အများကြီးရှိသေးတယ် အဖုံး‌တွေစုတ်ပြဲနေတဲ့ စာစီစာကုံးစာအုပ်တွေ၊ ပုံပြင်စာအုပ်တွေ၊ စုတ်ပြတ်နေတဲ့ ဆုလက်မှတ်တွေနဲ့ "ကျောင်းသားကောင်းသုံးယောက်" လို့ ရေးထားတဲ့ ပန်းချီတွေတောင် ပျက်နေတဲ့ ရေနွေးခရားတစ်လုံးလည်း ရှိသေးတယ် အဲ့ဒါတွေအကုန် ခင်ဗျားရဲ့ပစ္စည်းတွေဖြစ်နိုင်တယ်"

ရွှီလော့ယန်က ဆက်ပြောလိုက်သည်။

"ကျွန်တော့်မိဘတွေ မဆုံးခင်တုန်းက သူတို့နဲ့ခင်ဗျားကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ ကျွန်တော်မသိဘူး ဒါပေမယ့်သူတို့ကတော့ သူတို့ဂရုတစိုက်နဲ့ပျိုးထောင်ပေးခဲ့တဲ့ သိုက်ရွှယ်ချင်းကို ဘယ်တုန်းကမှ မမေ့ခဲ့ဘူး"

ထို့နောက်ဘာမှဆက်မပြောတော့ဘဲ ရွှီလော့ယန်က ရုံးခန်းထဲမှ လှည့်ထွက်လာခဲ့လိုက်သည်။ သူတံခါးပိတ်လိုက်သည့်အခါ ရုံးခန်းထဲမှ ငိုကြွေးသံသဲ့သဲ့ကိုကြားလိုက်ရသည်။ ခဏလောက်တန့်သွားပြီးနောက် ရွှီလော့ယန်က သူ့‌အနောက်မှ တံခါးကို ပိတ်လိုက်လေသည်။

ကားထဲတွင်ထိုင်ရင်း၊ ရွှီလော့ယန်က သူ၏နေကာမျက်မှန်နှင့် ဦးထုပ်တို့အား ဆွဲချွတ်ကာ အေးစက်နေသည့်သူ့ခန္ဓာကိုယ်ပြန်နွေးထွေးလာသည့်အခါမှသာ သက်ပြင်းရှည်ကြီးတစ်ခုအား ချလိုက်မိသည်။

ချီချန်အန်းက သူ့အားခြေဆုံးခေါင်းဆုံးအပြန်ပြန်အလှန်လှန်ကြည့်ကာ စိုးရိမ်နေသည့်လေသံဖြင့် "မင်းအဆင်ပြေရဲ့လား ဒဏ်ရာရော ရခဲ့သေးလား" ဟု မေးလာသည်။

ဖုန်းမှတစ်ဆင့် ဖန်စများကျကွဲသံကို ကြားလိုက်ရတုန်းက သူက ‌ရွှီလော့ယန်ထံ အပြေးသွားချင်မိခဲ့သည်။ သို့သော်လည်း ကြိုတင်ဆွေးနွေးထားသည့် စကားဝှက်အား မကြားရသေးသဖြင့် ချီချန်အန်းက ‌သူ့အားယုံကြည်ရန်ဆုံးဖြတ်ကာ ဆက်လက်၍စောင့်ဆိုင်းနေခဲ့ခြင်းပင်။

"ငါအဆင်ပြေပါတယ် သိုက်ရွှယ်ချင်း...သူ့အခြေအနေက သိပ်မကောင်းဘူး ပြီးတော့ ငါထွက်လာတုန်းက သူငိုနေတာ ကြားလိုက်တယ် သူက အသက်ငါးဆယ်လောက်ရှိနေတာအသိသာကို မတရားခံရတဲ့ကလေးလေးတစ်ယောက်လို ငိုနေတာ"

ထိုကိစ္စနှင့်ပတ်သက်၍ ချီချန်အန်းက မခံစားရပေ။

"သူ့ကြောင့် မင်းကျောင်းကနေအထုတ်ခံရပြီး နိုင်ငံခြားကို အမြန်ပို့ခံရတုန်းက၊ မင်းလည်းပဲ အရမ်းစိတ်ထိခိုက်ပြီးနစ်နာခဲ့ရတာပဲလေ"

ထိုစကားကိုကြားသည့်အခါ ရွှီလော့ယန်က ချီချန်အန်းပေါ်ပစ်လှဲချလိုက်ကာ "ငါက ဒီတိုင်းညည်းညူရုံလေးပါ ငါက အမြင်ကျယ်တယ်ဆိုပေယ့်လည်း ရန်ငြိုးတော့ ထားတတ်ပါသေးတယ်"

ထိုသို့ပြောပြီးနောက် သူ့မျက်လုံးများက ကွေးညွတ်သွားကာ သူကအသံကိုတိုး၍ "ငါက အရမ်းကို စိတ်ထိခိုက်ခဲ့ရပြီး သနားစရာကောင်းခဲ့တာ ချန်အန်းကောကောက ငါ့ကိုနှစ်သိမ့်ပေးဖို့ အနမ်းကိုတကယ် မပေးတော့ဘူးလား"

ချီချန်အန်းက အံ့ဩသွားမိပြီးမှ အားရပါးရရယ်မောလိုက်မိသည်။

ခေါင်းကိုငုံ့ကာ သူ့နှာခေါင်းထိပ်လေးအား နမ်းလိုက်ပြီး "ဒီလောက်ဆို လုံလောက်ပြီလား"

ရွှီလော့ယန်က သူ့အား ကြည့်နေဆဲဖြစ်တာကိုမြင်သောအခါ၊ ချီချန်အန်းက အနည်းငယ် ကူကယ်ရာမဲ့သလိုခံစားလိုက်ရပြီး သူက ရွှီလော့ယန်ရဲ့နှုတ်ခမ်းသားလေးများကို ညင်သာစွာနမ်းလိုက်၏။

ရွှီလော့ယန်ထွက်သွားပြီး တစ်နာရီခန့်အကြာတွင်၊ ရုံးခန်းတံခါးကို အပြင်မှဆွဲဖွင့်ခံလိုက်ရပြီး သိုက်ရွှယ်ချင်း၏အတွင်းရေးမှူးက ကော်ဇောပေါ်မှ ဖန်ကွဲစများကို ဂရုတစိုက်ရှောင်ကွင်းကာ ‌ပြောလာသည်။

"ကျွန်တော်တို့ ချီဂရုဆီကနေ ဝမ်နင်အပေးခံလိုက်ရတယ်"

"ချီဂရု.." သိုက်ရွှယ်ချင်းက မျက်ဝန်းများမှိတ်လျက်နှင့် ပြန်မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

"ဘော့စ်ရဲ့ ကိုယ်ပိုင်‌အကောင့်ဆီကနေ ဟာကွက်ကိုတွေ့သွားပြီး ဘော့စ်ရဲ့တူလေးဆီ သူတို့တွေ့ထားသမျှအကုန် လက်လွှဲပေးလိုက်မယ်လို့ တစ်ဖက်ကပြောလာပါတယ်"

အတွင်းရေးမှူးမှာ သူ၏စကားလုံးများကို ဂရုတစိုက်ရွေးချယ်ကာပြောနေရသည်။ ဟွားလီဂရုထဲတွင် အင်မတန်ပြင်းထန်သည့် အတွင်းတိုက်ပွဲများနှင့် စည်းရုံးရေးပွဲများ ရှိနေကာ၊ သိုက်ရွှယ်ချင်းက တောင်အမေရိကတိုက်မှ ပြန်လာသည့်တိုင်အောင် သူ၏နေရာမှာ မတည်ငြိမ်ဖြစ်နေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် အာဏာရှိသည့်သူမှာ အလွန်လုပ်ကိုင်နိုင်စွမ်းရှိသည့် သူ့ရဲ့အကြီးဆုံးတူပင်။ ခြေလှမ်းတစ်ချက်မှားသည်နှင့် သိုက်ရွှယ်ချင်းမှာ အရာအားလူံကို ဆုံးရှုံးသွားနိုင်၏။

သိုက်ရွှယ်ချင်းကပြုံးလျက်ဖြင့် "မင်းသာ ငါ့နေရာမှာဆို ဘာလုပ်မှာလဲ"

အတွင်းရေးမှူးက ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလိုက်သည်။

"ဒီသက်သေတွေကို သခင်လေးရဲ့လက်ထဲအရောက်ခံမှာ မဟုတ်ပါဘူး"

"ကောင်းပြီလေ ချီမိသားစုရဲ့ သတ်မှတ်ချက်တွေကရော ဘာတဲ့လဲ"

"အခြေအနေက နည်းနည်းတော့ ထူးဆန်းနေတယ်"

အတွင်းရေးမှူးမှာ ခေါင်းကို ငုံ့လျက်သာနေနေကာ သိုက်ရွှယ်ချင်း၏ အမူအရာကို မကြည့်ရဲပေ။

"တစ်ဖက်က ဘော့စ်အနေနဲ့ ရွှီလော့ယန်ကို တောင်းပန်ပြီး အဲ့ဒီအချိန်တုန်းက အမှန်တကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ဖွင့်ပြောဖို့တောင်းဆိုထားပါတယ်"

"ဘယ်လိုတောင် မောက်မာတာလဲ"

သိုက်ရွှယ်ချင်းက အနည်းငယ်သုန်မှုန်သွားသည်။

"အဲ့ဒီစကားကိုပြောတာ ဘယ်သူလဲ။"

"ချီချန်အန်းပါ"

တစ်ဖက်တွင်တော့ အိမ်ပြန်ရောက်သည့်အခါ၊ ရွှီလော့ယန်က ချီချန်အန်းအား သူ၏အနမ်းစွမ်းရည်ကို လေ့ကျင့်ပေးရန် နားပူနားဆာတိုက်နေလေသည်။ ထို့နောက် ခဏကြာသည့်အခါ သူက ဝံပုလွေအူသံကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုအသံအား ရင်းနှီးနေသလို ခံစားရကာ 'ဘာလို့ အဲ့ဒါက ငါ့အသံနဲ့‌တူနေတာလဲ' ဟု တွေးနေမိသည်။

ထို့နောက် သူ၏ခါးအား လက်တစ်ဖက်ဖြင့်ပွေ့ဖက်ထားသည့် ချီချန်အန်းက အခြားလက်တစ်ဖက်ဖြင့် သူ့ဖုန်းကိုကိုင်ကာ မဖတ်ရသေးသည့်မက်ဆေ့ခ်ျအား ဖွင့်ဖတ်နေတာကို မြင်လိုက်ရသည်။

ရွှီလော့ယန်က အလျင်အမြန်ပင် "ချန်အန်း မင်းတကယ်ကြီး ငါ ဝံပုလွေလို အူနေတဲ့အသံကို ဖြတ်ပြီး ringtone ထားထားတယ်ပေါ့"

တကယ်ကြီး အဲ့ဒီလို လုပ်ထားတယ်တဲ့လား။

"အင်း... ချစ်ဖို့ကောင်းတယ်လေ"

ရွှီလော့ယန်၏ နားရွက်များ ပူလောင်လာရကာ သူကအနည်းငယ် ရှိုးတိုးရှက်တန့်ဖြင့် "ဒါဆိုလည်း ..... ငါကပဲ အင်တင်တင်နဲ့ လက်ခံလိုက်ပါမယ်လေ"

"ကျေးဇူးပါ နျောင်‌နျောင်"

ချီချန်အန်းက ဖုန်းကိုပြန်သိမ်းလိုက်ကာ သူ့လက်ထဲတွင် ရွှီလော့ယန်ကို ပွေ့ဖက်လျက်သားနှင့် ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။

သူက "မင်း ဆက်ပြီး လေ့ကျင့်ချင်သေးလား" ဟု မေးလိုက်‌သည်။

ရွှီလော့ယန်က ခေါင်းကိုငြိမ့်ကာ၊ ‌အလေးအနက်ထားဟန်မျက်နှာလေးဖြင့် "ငါတို့မှာ တိုးတက်နိုင်မယ့်အလားအလာတွေ အများကြီးရှိတယ်။ အဲ့ဒါကြောင့် အတူတူသင်ကြားပြီး အတူတူတိုးတက်ကြတာပေါ့။"

"အင်း...ကောင်းပြီလေ။"

ထို့နောက် စားပွဲပေါ်တွင်တင်ထားသောဖုန်းမှာ လျန်ချိုးဆီက မက်ဆေ့ခ်ျကြောင့် ဖုန်းမျက်နှာပြင်မှမီးလင်းလာပြန်၏။

"သခင်လေးချီ၊ သိုက်ရွှယ်ချင်းက သဘောတူလိုက်ပါပြီ"

----------

ရွှီနျောင်နျောင်၏ ခံစားချက်သေးသေးလေး:

နမ်းရတာကို စွဲလမ်းနေပြီ...ချန်အန်းကောကောရဲ့ နတ်ဆိုးစွမ်းအားတွေက ပိုပိုပြီး အားကောင်းလာတာပဲ!

_____

Translated By IQ-Team.

Continue Reading

You'll Also Like

61.3K 7.3K 63
အရင် တင်နေတဲ့ post အဟောင်းလေးက တင်လို့မရတော့လို့ အခုအသစ်လေးမှာ ဖတ်ပေးကြပါနော်????❤️
28.7K 3.5K 83
Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်...
112K 21.8K 82
Title -Cub Raising Association Type -Web Novel(CN) Genre -Fanstry,Romance,Sci-fi,Shounen Ai,Slice of Life Author-jiuyi 酒矣 Status in...
1.3M 45.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd