ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

19.9K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

chapter 59

153 29 0
By phyolay1991

🍬Chapter 59

------------

နေ့လည်ခင်း သုံးနာရီခွဲကျော်သွားသည့်အခါတွင် ကောင်းကင်တွင် ထူထပ်သောတိမ်များက ဖုံးအုပ်နေခဲ့ပြီဖြစ်သည်။ သူတို့နှစ်ဦးက ဗီဒီယိုအခန်းထဲမှ မီးများကိုပိတ်ကာ ဆိုဖာပေါ်သို့ ပြုံတိုးလာပြီးသည့်နောက်၊ ရွှီလော့ယန်အဆင်သင့်ပြင်ဆင်ထားသည့် ရေနှင့်သရေစာမုန့်များက ရုပ်ရှင်ကြည့်ရန်အပြင်အဆင်ကို စုံလင်စေပြီဖြစ်သည်။

သို့သော် သိပ်မကြာမီပင်၊ ရွှီလော့ယန်က အာရုံလွင့်လာကာ မကြာခဏချီချန်အန်းကို ခိုးခိုးကြည့်နေမိသည်။

"လော့ယန်..."

ခိုးကြည့်နေသည်အား လက်ပူးလက်ကြပ်ဖမ်းမိသွားသည့်အခါ၊ ရွှီလော့ယန်က ပို၍ပင် ရဲတင်းလာပြီး ပို၍ဗြောင်ကျကျပင် ကြည့်လေတော့သည်။

သူက ချီချန်အန်း၏ဒူးခေါင်းကို လက်ညှိုးဖြင့် အခါခါထိုးကြည့်နေပြီး "ငါ ရုပ်ရှင်မကြည့်တာက အကြောင်းအရင်းရှိတယ် ဘာလို့ဆို ချန်အန်းက ရုပ်ရှင်ကြည့်ဖို့ထက်ပိုပြီး ဆွဲဆောင်နိုင်စွမ်းမြင့်နေတာကိုး"

ထိုသို့ပြောကာ၊ သူ့လက်များ၏လှုပ်ရှားမှုက နှေးကွေးသွားပြီး တုံ့ဆိုင်းနေသည့်လေသံဖြင့် "တကယ်တော့လေ... ငါ အခုထက်ထိကို တကယ်ဖြစ်နေတယ်ဆိုတာ မယုံနိုင်သေးဘူး"

ချီချန်အန်းက တစ်စွန်းတစ်စထွက်ပေါ်နေသည့် ရွှီလော့ယန်၏ဂုတ်ပိုးကို သူ့လက်ဖဝါးဖြင့်ပွတ်သပ်ကာ အင်မတန်မှ နူးညံ့ညင်သာသည့်လေယူလေသိမ်းဖြင့် မေးလာသည်။

"တကယ်မဟုတ်ဘူးတဲ့လား။"

သူတကယ်ဘာတွေစဉ်းစားနေတာလဲဆိုတာကို ထုတ်ဖော်ပြောလာအောင် ချော့မော့နေသကဲ့သို့ပင်။

"အင်း အစစ်အမှန်ဖြစ်နေတာနဲ့ မတူသလိုပဲ ဒီနေ့မနက်ကစရင် အခုထက်ထိ တစ်ဆယ့်နှစ်နာရီပဲရှိသေးပေမယ့် ငါခံစားရတာက..."

ရွှီလော့ယန်က ဘယ်လိုပြောရမလဲမသိသဖြင့် အကျပ်ရိုက်သွားသော်လည်း သူအတတ်နိုင်ဆုံး သေချာဖော်ပြရန် ကြိုးစားလိုက်သည်။

"ငါက မင်းနဲ့အတူတူ နှစ်တွေအကြာကြီး၊ အရှည်ကြီး ရှိနေခဲ့သလိုမျိုးပဲ။"

စကားလမ်းစရှာတွေ့သွားသည့်အခါ၊ ရွှီလော့ယန်က ပို၍ အသေးစိတ်ကျကျပြောပြလာသည်။

"ငါ့မျက်လုံးထဲမှာတော့ မင်းလုပ်လိုက်တဲ့ မျက်နှာအမူအရာ၊ ခန္ဓာကိုယ်လှုပ်ရှားမှုတစ်ခုစီတိုင်းက ကွဲပြားနေပြီး ခဏခဏမြင်နိုင်ဖို့အတွက် အချိန်တွေကို အရမ်းကို နှေးနှေးလေးကုန်စေချင်တယ်လို့ ခံစားရတယ်"

ထိုခံစားချက်ကို ကောင်းစွာနားလည်သည့်အတွက်၊ ချီချန်အန်းက ရွှီလော့ယန်၏ လက်ဆယ်‌ချောင်းလုံးကို လှမ်း၍ဆုပ်ကိုင်ကာ "အခုရော အမှန်တကယ်ဖြစ်နေတာလို့ ခံစားရပြီလား" ဟု မေးလိုက်သည်။

ထိတွေ့နေသည့်နေရာမှ ခန္ဓာကိုယ်အပူချိန်က အတားအဆိးမရှိ၊ နောက်တစ်ဦးထံ ပျံ့နှံ့သွားတော့သည်။

"အရမ်းကို စစ်မှန်တယ်"

ရုတ်တရက် ထရယ်လိုက်ကာ ရွှီလော့ယန်က ဆိုဖာပေါ်သို့ ကျောမှီလိုက်ပြီး လက်ချောင်းများကို ဖြန့်ကား၍ တောက်ပစွာပြုံးလိုက်ကာ "မစ္စတာချီရေ၊ ကျွန်တော်တို့ရဲ့ ပထမဦးဆုံး တရားဝင်လက်ကိုင်တဲ့ အထိမ်းအမှတ်က အောင်‌မြင်သွားပါပြီ"

​ထို့နောက်၊ သူတို့နှစ်ဦးသား တွဲ၍ဆုပ်ကိုင်ထားသည့်လက်အား ဝှေ့ယမ်းလိုက်ကာ အံ့အားတကြီး ပြောလာသည်။

"ချန်အန်း၊ မင်းသတိထားမိလား ငါတို့ သေသေချာချာ လက်ကိုင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ"

"အင်း၊ တကယ်ကို ဒါပထမဆုံးအကြိမ်ပဲ။"

"ငါတို့အရင်က သေချာပေါက် နမ်းဖူးပေမယ့် လက်ကိုင်တာက ခုမှပထမဆုံးဆိုတော့၊ အဲ့ဒါ .... နည်းနည်းလေး အစီအစဉ်မကျသလိုပဲနော်။"

သူတို့နှစ်ဦးစလုံးက ပထမဆုံးအကြိမ်ရည်းစားထားဖူးကြသည်ဖြစ်ပြီး ကိုးကားစရာ အတွေ့အကြုံလည်းမရှိကြပေ။ သို့နှင့် သူတို့က ရိုးသားပွင့်လင်းစွာနှင့် စတင်ဆွေးနွေးတော့သည်။

ချီချန်အန်းက ပညာရေးဆိုင်ရာစစ်တမ်းကောက်ယူနေသည့်အလား "ဒါဆို လော့ယန်၊ ငါတို့ ဘယ်အဆင့်တွေကို လွတ်သွားတယ်လို့ ထင်လဲ" ဟု မေးလာသည်။

ရွှီလော့ယန်က ထိုအရာအား ‌စဉ်းစားကြည့်လိုက်ကာ "ငါ့အထင်တော့ .... ငါတို့ တွဲလိုက်တာ အရမ်းမြန်သွားတယ်ဆိုတော့ လူငယ် idol drama တွေထဲက  'မင်းက ငါ့ကိုလိုက်၊ ငါကမင်းကိုလိုက်မယ်' ဆိုတဲ့ ဇာတ်ကွက်ကို လွတ်သွားသလားလို့"

ထိုသို့ပြောပြီးနောက် သူက ခဏလောက်ထပ်စဉ်းစားကာ ပြန်ပြီးငြင်းလိုက်၏။

"မဟုတ်ဘူး။ မဟုတ်သေးဘူး မဟုတ်သေးဘူး။ ငါမင်းကို လိုက်ခဲ့တာ‌ပဲကို 'ငါ့မျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါ၊ ငါ့ရဲ့နံဘေးမှာ အိပ်ပျော်နေမယ့် မင်းလေးကို မြင်တွေ့နိုင်မယ့် နေ့ရက်တွေကို စောင့်မျှော်နေတယ်' ဆိုတဲ့ သီချင်းစာသားကိုတောင် အရင်တစ်ခေါက်က ပရိသတ်တွေနဲ့တွေ့ဆုံပွဲမှာ အကြိမ်နှစ်ဆယ်လောက် ငါဆိုခဲ့သေးတာကို"

စင်မြင့်ထက်က မီးရောင်များအောက် မျက်စိဖမ်းစားနိုင်လောက်အောင် တလက်လက်တောက်ပနေသည့်ပုံရိပ်လေးအား ပြန်လည်အမှတ်ရသွားပြီး၊ ချီချန်အန်းက စာသားများနှင့်သံစဥ်ကို ညည်းလိုက်မိသည်။

"အဲ့ဒါက ဒီလို ဆိုရတာလား"

"တော်တော်တူတယ် ဒါပေမယ့် မင်း နုတ်တစ်ခုမှားသွားတယ် "

ရွှီလော့ယန်က သူကိုယ်တိုင်ဆိုပြကာ ချီချန်အန်းကို ပြင်ပေးလိုက်သည်။

" 'ငါ့ရဲ့မျက်လုံးတွေကို ဖွင့်တယ်' ဆိုတဲ့နေရာက 'ဖွင့်'ဆိုတဲ့ စကားလုံးကို ဒီအသံနဲ့ဆိုရတာမဟုတ်ဘူး"

သူနားထောင်၊မှတ်သားနေသည်ကို ပြသရန် ချီချန်အန်းက ခေါင်းညိတ်ကာ သံစဉ်ကို ထပ်ကာထပ်ကာ ညည်းနေလေသည်။ ရွှီလော့ယန်ကလည်း စိတ်ရှည်ရှည်ဖြင့် မှန်သည်အထိ သင်ပေး၏။

" အဖွင့်သံက မှန်သွားပြီ။ ဒါပေမယ့် မင်း ပထမဆုံး စာလုံးနှစ်လုံးကို မှားဆိုလိုက်တယ် အသံက နည်းနည်းမြင့်သွားတယ်" အမှားကို ထောက်ပြကာ သူက ထပ်မံ၍ သီဆိုပြသည်။

တတိယအကြိမ်မြောက် သီချင်းညည်းရာတွင် ချီချန်အန်းက တခြားနုတ်တစ်ခုကို မှားဆိုပြန်သည့်အခါမှသာ ဖြတ်ခနဲ အာရုံစိုက်လိုက်မိကာ သဘောပေါက်သွားရသည်။

"ငါတွေ့လိုက်တယ် မင်း ငါ့ကို လှည့်စားနေတာပဲ"

ချီချန်အန်းက ထိုစွတ်စွဲချက်ကို ငြင်းဆိုလေသည်။

"ရွှီလောင်ရှီးကျွန်တော် တစ်ကယ်ပဲ သင်လို့မတတ်သေးတာပါ"

"မင်း မတတ်သေးရင်တောင် ရွှီလောင်ရှီးက မင်းကို မသင်ပေးချင်တော့ဘူး"

ရွှီလော့ယန်က ဆ်ိုဖာထက်ဒူးထောက်ထိုင်ကာ သူ့မျက်လုံးများကို ပြူးကျယ်ထားလိုက်သည်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင်၊ ထိုအမူအရာကို ဆက်လက်ထိန်းသိမ်းထားရန် သူ့မျက်လုံးကြွက်သားများက မတတ်နိုင်တော့သည့်အတွက် သူက ချီချန်အန်း၏ပေါင်‌ပေါ်တွင် လှဲအိပ်လိုက်တော့သည်။

"မစ္စတာချီ မစ္စတာရွှီရဲ့စိတ်ထဲဘာတွေတွေးနေလဲဆိုတာ ကြားချင်လား"

"ဘာတွေ တွေးနေတာလဲ"

ရွှီလော့ယန်၏ နဖူးထက်ရှိ ဆံစလေးများကို ချီချန်အန်းက ဆွဲဖွလိုက်ပြီး"ကိုယ် ကြားချင်တယ်လေ"

"အဲ့ဒါဆို ပြောပြမယ်လေ ဒါပေမယ့် မင်းငါ့ကို ရယ်ဖို့ခွင့်မပြုဘူးနော်"

ချီချန်အန်းခေါင်းညိတ်လိုက်သည့်အခါ၊ ရွှီလော့ယန်က ရှက်ရွံ့မနေတော့ဘဲ ပြောပြလိုက်သည်။

"အမှန်အတိုင်းပြောရရင်၊ ငါအခုထိ မင်းကိုကြည့်လိုက်တိုင်း စိတ်လှုပ်ရှားနေတုန်းပဲ။"

ချီချန်အန်း၏ လက်များက ရပ်တန့်သွားရသည်။

"စိတ်လှုပ်ရှားတယ် ဘာလို့လဲ။"

"အကြောင်းအရင်းက ရိုးရိုးလေးပဲလေ ဘာလို့လဲဆို၊ ငါက အမြဲတမ်း 'ဒီလောက်ကောငါးတဲ့သူက ငါနဲ့တွဲဖို့ သဘောလိုက်တူလိုက်တယ်။ သူ ကန်းများကန်းနေသလားလို့' ပြီးတော့ 'သူ့မျက်လုံးတွေ ပြန်ကောင်းသွားတဲ့အခါကျ၊ နောင်တတွေရပြီး ငါနဲ့ မျက်စိတမှိတ်အ‌တွင်း လမ်းခွဲတော့မလား' တွေးနေမိတယ်လေ"

ရွှီလော့ယန်က သက်ပြင်းခိုးချလိုက်ပြီး "ချစ်မိသွားရင် မလွယ်ဘူးပြောကြတာ အမှန်ပဲ။ အဲ့ဒါက လူတွေကို ကိစ္စတွေက တကယ်ဖြစ်နေတာရော ဟုတ်ရဲ့လားဆိုပြီး ထင်မှတ်မှားစေတယ်။ ပြီးတော့ စိတ်ကြဉ်းကြပ်မှုတွေရော၊ ရှုပ်ထွေးနေတဲ့ အတွေးပေါင်းစုံတွေရောပဲ"

ပထမ စာကြောင်း၏ တစ်ဝက်မျှကိုကြားလိုက်ပြီးသည့်အခါ၊ ချီချန်အန်း၏ မျက်ဝန်းများက နက်ရှိုင်းသွားရကာ "လော့ယန်၊ ကိုယ်က မင်းထင်သလောက် မကောင်းပါဘူး" ဟု ဆိုလိုက်မိသည်။

သို့သော် ရွှီလော့ယန်၏ 'ဘယ်လို ငြင်းဆန်စကားကိုမှ ခွင့်မပြုဘူး' ဟူသည့် အကြည့်ကိုမြင်သည့်အခါ ၊ "ဒါပေမယ့် ကိုယ်လည်း အဲ့လိုအတွေးမျိုး တွေးမိတယ်" ဟုသာ ပြောင်းပြောလိုက်ရသည်။

"မင်းလည်း တွေးမိတယ်လား။"

ရွှီလော့ယန်က အံ့အားသင့်သွားရကာ ရုတ်တရက်ပင် ပျော်ရွှင်သွားမိသည်။

" ငါတို့က ကုချန်စုံတွဲဖြစ်နေတာ မဆန်းပါဘူး။ ငါတို့မှာ အချင်းချင်းနားလည်နိုင်စွမ်းက ရာနှုန်းပြည့်ရှိနေတာပဲ။"

ထို့သို့ပြောပြီးနောက်၊ သူ့လက်ကို မြှောက်ကာ ချီချန်အန်း၏မေးရိုးကို လှမ်းကိုင်လိုက်ပြီး "ချန်အန်းက အရမ်း၊အရမ်းကောင်းတာ ငါ့မျက်လုံးထဲမှာ အကောင်းတကာ့အကောင်းဆုံးပဲ"

ချီချန်အန်းက မည်သည့်စကားမှ မ​ဆိုဘဲ၊ သူ့ခေါင်းကို လှည့်ကာ ရွှီလော့ယန်၏လက်ဖဝါးကို သူ့နှုတ်ခမ်းများနှင့်ထိကာ အနမ်းသစ်ပင်လေးတစ်ပင်ကို စိုက်ပျိုးလိုက်သည်။

ရိုးရှင်းလှသည့် အနမ်းတစ်ပွင့်ကြောင့် မိမိကိုယ်၌မီးစလေးတောက်လောင်လာသည်ကို ရိပ်စားမိလိုက်သည့် ရွှီလော့ယန်က ထထိုင်လိုက်ကာ လက်များကို သူ့နောက်သို့ပို့ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။

"ချစ်မိသွားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြည့်စုံစေဖို့ဆိုရင်၊ ငါတို့ လွတ်သွားတဲ့အဆင့်တွေကို လိုက်ဖြည့်သင့်လား။ အဲ့ဒါက 'မင်းငါ့ကို ကြိုက်နေတုန်းကတော့ ငါမင်းကိုမကြိုက်ဘူး၊ မင်းငါ့ကို ဆက်မကြိုက်တော့တဲ့အချိန်မှသာ ငါမင်းကို ဘယ်လောက်ထိချစ်မိနေပြီလဲဆိုတာကို သတိထားမိတယ်' ဆိုတဲ့အပိုင်းကို ပြန်ပြင်ရာရောက်မှာပေါ့။"

ထိုအဆိုပြုချက်ကိုပြုပြီးနောက်၊ ရွှီလော့ယန်က သရုပ်ဆောင်ဖြစ်ရခြင်း၏ ကောင်းကျိုးတစ်ခုကို ရုတ်ချည်းသတိထားမိလိုက်သည်။ ဆက်ဆံရေးတစ်ခုလုံးကို ပြန်လည်ပြင်ဆင်နိုင်ခြင်းပင်။

"ဟုတ်ပါပြီ။ ဇာတ်ညွှန်းရေးဆရာ ရွှီ က ဇာတ်ညွှန်းတွေကို စီစဉ်ပေးမှာလား။"

ရွှီလော့ယန်က ထိုဖိတ်ခေါ်ချက်ကို မငြင်းဆိုပေ။

သူက အမြန်စဉ်းစားလိုက်ကာ၊ "ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါတို့ ပထမဆုံးအနေနဲ့ ၊ မင်းကငါ့ကို ဖွင့်ပြောတဲ့အခန်းကို လုပ်မယ်လေ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ငါကမင်းကို မကြိုက်‌သေးတာမို့ မင်းကို ငြင်းလိုက်မယ်လေ။ "

"ကောင်းပြီလေ"

ချီချန်အန်းက ခေါင်းညိတ်ကာ ကင်မရာကိုဖမ်းစားနိုင်သည့် ဧည့်သည်သရုပ်ဆောင်အဖြစ် စတင်တော့၏။
------------

ရွှီလော့ယန်က ချီချန်အန်းရဲ့အရှေ့တွင် ရွှတ်နောက်နောက်အမူအရာဖြင့်ရပ်နေပြီး သူ၏သိမ်မွေ့သည့်မျက်ခုံးများက စိတ်မရှည်စွာ မျက်မှောင်ကြုတ်နေခဲ့သည်။

"မင်းငါ့ကို ဘာပြောချင်လို့လဲ။ ငါအလျင်လိုနေတာမို့ ပြောစရာရှိတာသာ မြန်မြန်ပြော။"

သူက အင်မတန်မှ cool ဖြစ်သည့်ဟန်ဖြင့် " တစ်မိနစ်တည်းမှာတင်၊ ဒေါ်လာဘီလီယံတစ်ဝက်ကျော်လောက် ငါဆုံးရှုံးသွားရပြီ။ အချိန်က အဖိုးတန်တယ်။"

ချီချန်အန်းက ရယ်မောခြင်းမပြုဘဲ၊ ထိုင်မြဲတိုင်းထိုင်‌ကာ၊ သူ့ခေါင်းကို အနည်းငယ်စောင်း၍၊ တိုးတိုးလေးပြောလာသည်။

"လော့ယန်၊ ကိုယ်မင်းကို အရမ်းချစ်တယ်ဆိုတဲ့အကြောင်း ပြောပြချင်တယ်၊ ပြီးတော့ မင်းရော ဘယ်လိုထင်လဲလို့ ကိုယ်မေးချင်တယ်။"

ရွှီလော့ယန်က သူ့ ဖန်တီးထားသည့် စရိုက်ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း နှလုံးခုန်သံတစ်ချက်မှားသွားရသည်။ သို့သော် သူ၏စကားများက သိသိသာသာပင် အားဖျော့သွားရကာ၊ သူ့အရှိန်အဝါသည်လည်း ထိုင်လျက်ရှိနေသည့် ချီချန်အန်းထံမှ ဖုံးလွှမ်းခြင်းခံလိုက်ရသည်။

"ခဏလေး၊ ငါ့ကို သေသေချာချာလေး စဉ်းစားဖို့ အချိန်ပေးပါဦး။"

သူက ချီချန်အန်းကို ကျောပေးကာ တစ်ဖက်သို့လှည့်သွားလိုက်သည်။

သို့သော် ဆယ်စက္ကန့်အတွက်းပင် ဒီဘက်သို့ ပြန်လှည့်လာကာ " ငါမနေနိုင်တော့ဘူး။ ငါ ရှစ်စက္ကန့်ပဲ ခံနိုင်တယ်။ အဲ့ဒါက နောက်ဆုံး လစ်မစ်ပဲ။" 

ရွှီလော့ယန်က မှီချလိုက်ကာ ချီချန်အန်း၏နှုတ်ခမ်းကို ဖျတ်ခနဲထိတွေ့လိုက်ပြီး "မင်းတွေးတာက လုံးဝကို ငါတွေးနေတာပဲ။ အတူတူရှိကြမလား ဒါမှမဟုတ် တွဲကြမလား။ တတိမြောက် ရွေးချယ်စရာ မရှိဘူး။"

သူ၏ စိတ်အားထက်သန်နေသည့်အမူအရာလေးကို ကြည့်ကာ ချီးချန်အန်းက ရယ်ရယ်မောမောဖြင့် ရွှီလော့ယန်ကို သူ့ပေါင်ပေါ်ဆွဲတင်လိုက်သည်။

"မင်း ကိုယ့်ကို ဒီလောက်တောင် ကြိုက်တယ်ပေါ့"

"သေချာပေါက် ကြိုက်တာပေါ့"

ရွှီလော့ယန်က သူ့နဖူးနှင့် ချီချန်အန်း၏နဖူးကို ထိထားကာ၊ "ကြည့်ရတာတော့ အဲ့ဒီ အရှုပ်အထွေး၊ ဗရုတ်သုတ်ခတွေနဲ့ ခွေးသွေးအချစ်ဇာတ်လမ်းပုံစံမျိုးက ငါတို့နဲ့ မလိုက်ဘူး ထင်တယ်။"

"ဒါဆို ဘယ်လိုအချစ်ဇာတ်လမ်းမျိုးက ကိုယ်တို့နဲ့ လိုက်တာလဲ။"

"ငါတို့က ဒီတစ်ခုနဲ့ ပိုလိုက်တယ်"

ရွှီလော့ယန်က သူ့အသံကို ပြောင်းကာ "ငါမင်းကိုချစ်တယ်" ဟုဆိုလိုက်သည်။

ထို့နောက် နောက်ထပ်အသံတစ်မျိူးပြောင်းကာ "ဘယ်လိုတောင် တိုက်ဆိုင်တာလဲ ငါလည်း မင်းကို တစ်ကယ်ချစ်နေတာ"

သူ့ရဲ့ သရုပ်ဆောင်မှု ပြီးဆုံးသွားသည့်အခါမှာ၊ ရွှီလော့ယန်က သူ၏လက်များကို ဖြန့်လိုက်ပြီး "အိုကေ၊ ငါတို့တွဲလိုက်ကြပြီဟဇာတ်လမ်းပြီးပြီ"

သူ့စိတ်ထဲမှအတွေးများကို ပြောပြီးနောက် ရွှီလော့ယန်က သူ၏နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားသည်ကို ချီချန်အန်းက သတိထားမိလိုက်သည်။ သက်တောင့်သက်သာနှင့် သဘာဝကျကျပင်၊ သို့သော် သတိမမူမိသည့် အခိုက်အတန့်များ၌၊ စကားဖြင့်ရှင်းပြ၍မရနိုင်သည့် ရင်းနှီးကျွမ်းဝင်မှုတစ်မျိုးကလည်း ပါဝင်နေခဲ့၏။

____

နီယွန်အလင်းရောင်တို့ဖြင့် ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ သည်းထန်စွာ မိုးရွာသွန်းနေသော်လည်း မိုးသံများကြားမှ ရွှီလော့ယန်ဖုန်းပြောနေသည့်အသံကို ခပ်ရေးရေးကြားနေရသည်။

ရွှီလော့ယန်၏နောက်ကျောအား အဝေးမှကြည့်နေရင်း ချီချန်အန်းက အနားသို့တိုးကပ်မသွားဘဲ၊ နေရာတွင်ပင် ရပ်နေခဲ့သည်။

ဖုန်းချလိုက်ပြီး ရွှီလော့ယန် ဒီဘက်သို့လှည့်လာသည့်အခါ ခပ်လှမ်းလှမ်း၌ မတ်တပ်ရပ်ကာ၊ သူ့ကို နင့်နင့်နဲနဲကြည့်နေသည့် ချီချန်အန်းကို မြင်လိုက်ရသည်။ အရှေ့သို့ တိုးသွားကာ၊ မသိဘာသာဖြင့် ရွှီလော့ယန်က သူ၏ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်မိသည်။ ထို့နောက် ချီချန်းအန်းက သူ၏နှုတ်ခမ်းထက် ရေတစ်ဖန်ခွက်ကို တေ့ပေးလာတာကို မြင်လိုက်ရသည်။

အားရပါးရာ နှစ်ငုံခန့် ရေသောက်ပြီးနောက်၊ ရွှီလော့ယန်က "ဒီနေ့ လက်ဖက်ရည်မလုပ်ဘူးလား" ဟု မေးလိုက်သည်။

"ဟင့်အင်း ကိုယ် အခုကစပြီး လက်ဖက်ရည် လျှော့သောက်တော့မလို့"

ချီချန်အန်းက အမြဲတမ်း သူ့ကျန်းမာရေးအခြေအနေကို ကောင်းစွာ သတိပြုမိပြီး လက်ဖက်ရည်လျှော့သောက်သည်က သူ့ကျန်းမာရေးအတွက် ကောင်းသည်။ အထူးသဖြင့် ခပ်ပြင်းပြင်လက်ဖက်ရည်မျိုး၊ သို့သော် သူက ယခင်က လုံးဝကို ဂရုမစိုက်ခဲ့ပေ။

သို့သော် ယခုအချိန်မှစ၍၊ သူက ပို၍ ကျန်းကျန်းမမာမာနှင့် အသက်ရှည်ရှည် နေသွားချင်လာသည်။ အနည်းဆုံး ရွှီလော့ယန်အသက်ရှင်သွားနိုင်သလောက် ဖြစ်ပြီး၊ အကယ်၍သူက ရွှီလော့ယန်ထက် တစ်ရက်လောက်သာ အသက်ပိုရှင်နိုင်ခဲ့မည်ဆိုလျှင် အကောင်းဆုံးပင်။

သူ၏ ရေငတ်နေခြင်းကို ဖြည့်ဆည်းပြီးနောက်၊ ရွှီလော့ယန်က ပျော်ရွှင်စွာဖြင့် "အရင်က၊ သိုက်ရွယ်ချင်းကိုရှာဖို့ ကျန်းကောကို ငါပြောထားတယ်မလား အခုလေးတင်ပဲ ကျန်းကောဆီက စာပြန်လာတယ် သိုက်ရွယ်ချင်းက မနက်ဖြန်နေ့လည် ငါနဲ့တွေ့ဖို့ သဘောတူလိုက်ပြီတဲ့"

အဆုံးတွင်တော့ သူက  ဘယ်လိုအကြောင်းပြချက်ကြောင့် သူ့ကို ပစ်မှတ်ထားနေရတာလဲဟု ထိုသူ့ကိုမေးချင်သေးသည်။ထပ်ပြီး သူသာ မကြိုးစားကြည့်ရင် အသာစီးရနိုင်မယ့် အခြေအနေရှိ၊မရှိ ဘယ်လိုနည်းဖြင့် သိနိုင်မှာတဲ့လဲ။

"ကိုယ့်ကို မင်းနဲ့အတူတူလိုက်ခဲ့စေချင်လား"

စည်းမျဉ်းအတိုင်းပင်၊ ချီချန်အန်းက ရွှီလော့ယန်ချမှတ်သည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဝင်ရောက်မစွက်ဖက်ပေ။

ရွှီလော့ယန်က ခေါင်းခါလိုက်သည်။

"ဟင့်အင်း။ ငါတစ်ယောက်တည်း လုပ်နိုင်ပါတယ်။"

ထိုသို့ပြောကာ သူက ချီချန်အန်း၏ လက်ချောင်းများကို ညှစ်လိုက်သည်။

"ဒါပေမယ့်၊ မင်းငါ့ကို အောက်ထပ်မှာ စောင့်နေပေးလို့ရမလား။ ငါ့ရဲ့ ချန်အန်းကောကောက ငါ့အတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကြီးပဲလေ မင်းနဲ့အတူသာဆို၊ ငါလုံးဝ ကြောက်တယ်လို့ မခံစားရတော့ဘူး။"

မည်သည့်အခြေအနေမျိုးတွင်မဆို သူ့အနောက်မှာ မားမားမတ်မတ်ရပ်တည်ပေးနေသည့် လူတစ်ယောက်ရှိနေသည်ဟု သိထားရခြင်းက တစ်ချိန်က သူစိန်ခေါ်ရန်မဖြစ်နိုင်ဟု တွေးထင်ထားခဲ့သည့်လူနှင့် ရင်ဆိုင်နိုင်ရန် ယုံကြည်ချက်ခွန်အားတို့ကို ပေးစွမ်းလေသည်။

နောက်တစ်နေ့နေ့လည်၊ ချိန်းဆိုထားသည့်အချိန်မတိုင်မီ ဆယ်မိနစ်ခန့်တွင်၊ သိုက်ရွှယ်ချင်း၏အတွင်းရေးမှူးက ရွှီလော့ယန်ကို ခန်းမတစ်ခုသို့ ခေါ်သွားလေသည်။ သူ့အား ဘာသောက်မလဲဟု မေးမြန်းပြီးသည့်နောက်၊ ရေတစ်ခွက်ယူလာပေးသည်။ ရွှီလော့ယန်က ထိုရေခွက်ကို အပြုံးတစ်ခုဖြင့် 'ကျေးဇူး' ဆိုကာ လက်ခံလိုက်သော်လည်း မသောက်ပေ။

ဆယ်မိနစ်ကြာသည့်အခါ၊ သိုက်ရွှယ်ချင်းအား ရုံးခန်းထဲတွင် တွေ့လိုက်ရသည်။

ထိုအချိန်တွင် ချီချန်အန်းက သူ့ကားထဲတွင်ထိုင်ကာ ရွှီလော့ယန်အား စောင့်ဆိုင်းနေခဲ့သည်။ မြင့်မားသည့်အဆောက်အဦးကို မော့ကြည့်ရင်း သူစဉ်းစားနေသည့်လူက ယခုထိုအဆောက်အဦးထဲရှိ တစ်နေရာရာတွင် ရှိနေကြောင်း သိနေလေသည်။မိနစ်အနည်းငယ်ကြာသည့်အခါ၊ ချီချန်အန်းက လျန်ချိုး၏နံပါတ်ကို ဖုန်းခေါ်ဆိုလိုက်ပြီး သူ့လေသံကမူ တင်းမားနေ‌ခဲ့သည်။

"သိုက်ရွှယ်ချင်းရဲ့ကိုယ်ပိုင်အကောင့်နဲ့ပတ်သက်ပြီး တစ်ခုခုသိရသေးလား"

"ဟုတ်ကဲ့ ဒါပေမယ့် နည်းနည်းအခက်အခဲရှိနေတာမို့၊ တိုးတက်မှုက နှေးနေပါတယ်"

"အင်း။ ကိစ္စတွေကို အရှိန်မြှင့်ဖို့ကြိုးစားဦး"

ထို့နောက် သူ၏မျက်ဝန်းများကို မှိတ်ကာ ချီချန်အန်းက "နောက်လာမယ့် ချီဂရုရဲ့ ဘုတ်အဖွဲ့အစည်းအဝေးကို ငါတက်မယ် စီစဉ်စရာရှိတာ စီစဉ်ထားလိုက်"

လျန်ချိုးက အလွန်ပင် အံ့ဩသွားရသည်။ သူ ချီချန်အန်းအနောက်သို့ မလိုက်မီအချိန်တည်းက ချီမိသားစု၏ ဒုတိယသခင်လေးက မိသားစုစီးပွားရေးနှင့် မပတ်သက်လိုဟု သူသိရှိခဲ့ရသည်။ထို့ပြင် ယခုအချိန်ထိ၊ ချီချန်အန်းလက်အောက်တွင် အလုပ်‌လုပ်နေသည့် အချိန်အတွင်း ချီမိသားစုဝင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရခြင်းကို ချီချန်အန်းကမနှစ်သက်ကြောင်း ပို၍သိရှိလာရသည်။  သူက ထိုအမည်နာမအား ရွံမုန်းနေသေးသည်ဟုပင် ‌ဆိုနိုင်၏။

သို့သော်လည်း သူ့အလုပ်ရှင်၏အတွေးများကို ခန့်မှန်းရန် ကြိုးစားမနေတော့သဖြင့်၊ လျန်ချိုးက အမြန်ပင် ပြန်လည်တည်ငြိမ်သွားသည်။

"ကောင်းပါပြီ၊ သခင်လေးချီ..."

ဖုန်းချလိုက်ပြီးနောက် ချီချန်အန်းက ဖုန်းကို တစ်နေရာတွင် ထားလိုက်သည်။ သူက  မတူညီသည့်လူအမျိုးမျိုးအဖြစ် သရုပ်ဆောင်ကာ၊ လုံးဝကွဲပြားသည့် ဘဝများကို တွေ့ကြုံခဲ့ပြီး သရုပ်ဆောင်ခြင်းဖြင့် အတိတ်ကိုမေ့ဖျောက်ရန် ကြိုးစားခဲ့သည်။ သို့သော် ယခုတွင်တော့ သူ၏ နျောင်နျောင်အား ကာကွယ်ဖို့ရန်အတွက် သူက ပို၍ ပို၍ အင်အားကြီးလာချင်ကြောင်း သိရှိလိုက်ရသည်။

___

ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး:

ငါ စာအုပ်ကို ဖတ်ကြည့်ပြီးတော့ လက်ကိုင်၊ ပွေ့ဖက်၊ ပေါ့ပေါ့ပါးပါးအနမ်း၊ နက်နက်ရှိုင်းရှိုင်းအနမ်း၊ ဆင်ဆာ ဆိုပြီး မှန်ကန်တဲ့အစီအစဉ်ကို တွေ့ခဲ့ရတယ်။

ဒါပေမယ့် အဲ့ဒါက ချီချီနဲ့ ငါ့ရဲ့   #မတူကွဲပြားတဲ့မျိုးနွယ်ခြားဆက်ဆံရေး# အတွက်တော့ အလုပ်မဖြစ်တာ ပုံမှန်ပါပဲ။

__

Translated By IQ-Team.

Continue Reading

You'll Also Like

28.5K 3.5K 83
Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်...
1.2M 91.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.3M 45.3K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd