ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

20K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

chapter 56

166 30 0
By phyolay1991

🍬Chapter 56

------------

နမ်းရတာက ခံစားလို့ကောင်းတဲ့အရာတစ်ခုဆိုတာကို ရွှီလော့ယန်အခုအချိန်မတိုင်ခင်အထိ သတိမထားမိခဲ့ချေ။

နမ်းနေတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်ထဲက အာရုံကြောတွေ အကုန်လုံး နိုးထလာသလိုခံစားနေရသည်။ ချီချန်အန်းရဲ့လက်အစုံက သူ့ခါးကို ဖက်တွယ်ထားပြီး၊ သူ့ရဲ့အနွေးဓာတ်နှင့်အသက်ရှူသံက သူ့ခန္ဓာကိုယ်တစ်ဝိုက် ဖုံးလွှမ်းနေလေသည်။ သူ့အရေပြားနဲ့ စိုစွတ်နူးညံ့တဲ့ နှုတ်ခမ်းပါးများဆီသို့ ရိုက်ခက်နေတဲ့ ပူနွေးသည့် ဝင်သက်ထွက်သက်ကိုပင် သူခံစားနိုင်နေပေသည်။ ယခုသူခံစားနေရတဲ့ ဆက်တိုက်ဆိုသလိုတုန်လှုပ်နေတဲ့ ခံစားချက်က လျှပ်စစ်ဖြင့်ထိတွေ့လိုက်မိသလိုဖြစ်နေပြီး တစ်စက္ကန့်အတွင်းမှာပဲ သူ့ရဲ့ ခန္တာကိုယ်မှာရှိတဲ့ အာရုံကြောတိုင်း တုန်လှုပ်သွားသလိုခံစားလိုက်ရသည်။

အနမ်းက တိုတိုလေးနှင့်မနက်ရှိုင်းပေမယ့်လည်း နှစ်ယောက်စလုံးကို ရင်သပ်ရှုမောဖြစ်သွားစေသည်။ ချီချန်အန်းက သူ့နှုတ်ခမ်းတွေကို လွှတ်လိုက်ပြီဖြစ်ကြောင်း ရွှီလော့ယန်က သိလိုက်ရတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က သူတုံ့ပြန်မတုံ့ပြန်နိုင်သေးခင်မှာပဲ သူ့အလိုလိုလှုပ်ရှားလာပြီး ချန်အန်းရဲ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ရစ်ပတ်ထားလိုက်မိသည်။

ထိုလုပ်ရပ်ရဲ့စိတ်အားထက်သန်မှုနှင့် သူအသုံးပြုခဲ့တဲ့ ခွန်အားများသွားတာကြောင့် သူတို့ရဲ့သွားတွေ တစ်ခုနှင့်တစ်ခု တိုက်ရိုက်ထိတွေ့သွားကာ နာကျင်မှုကိုပင်ခံစားလိုက်ရသော်လည်း စိုးရိမ်ရလောက်တဲ့အထိတော့ မဟုတ်ပေ။ ရွှီလော့ယန် မျက်လုံးကိုတစ်ဝက်လောက်ဖွင့်လိုက်ပြီး သူ့အပေါ်နှုတ်ခမ်းကို ဂရုတစိုက်ပွတ်တိုက်နေရင်း မျက်ဝန်းအစုံက မင်ရောင်လိုမဲနက်နေတဲ့ ချီချန်အန်းကိုကြည့်လိုက်မိသည်...။

မသွားပါနဲ့။

ချီချန်အန်းထံက တုန့်ပြန်မှုတစ်စုံတစ်ရာမှ မပြလာပေ။

ရွှီလော့ယန် စိတ်တိုနေသော်လည်း စာတွေ့ဗဟုသုတသာ လုံလုံလောက်လောက်ရှိပြီး လက်တွေ့အတွေ့အကြုံနည်းပါးသော အပြစ်ကင်းတဲ့ လူငယ်တစ်ယောက်အနေဖြင့် သူ့လျှာကို အနည်းငယ်ရှေ့သို့ဆန့်ထုတ်လိုက်ပြီး ချီချန်အန်းရဲ့နှုတ်ခမ်းကို လျက်လိုက်ကာ အကြည်ရောင်အမျှင်တန်းလေး ဖြစ်ပေါ်စေရုံကလွဲပြီး ပိုကောင်းအောင်လုပ်နိုင်တာမရှိတော့ချေ။

သို့ပေမယ့် အဲ့ဒါလေးကပဲ လုံလောက်တာထက်ကို ပိုနေချေပြီ။ ထိုအမူအရာလေးကြောင့်ပဲ သူ့ကို ချီချန်အန်းက အိပ်ယာပေါ်မှာ ဖိထားပြီးဆယ်မိနစ်ပြည့်အောင် နမ်းရှိုက်ပစ်တော့သည်။

ဘာတွေဖြစ်နေလဲဆိုတာကို အသိမဝင်နိုင်သေးခင်မှာဘဲ အနမ်းရဲ့ဆွဲဆောင်မှုက ရုတ်တရက် တောက်လောင်လာတဲ့ မီးတောက်နှင့်တူပြီး အဆုတ်ထဲသို့ တည့်တည့်ဝင်သွားသော လည်ချောင်းထဲရှိ ဝိုင်ပြင်းပြင်းနှင့်လဲ တူပေသည်။

ပြတင်းပေါက် အပြင်ဘက်တွင် ငှက်အော်သံ တကျီကျီကို တိုးတိုးသဲ့သဲ့ ကြားနေရသော်လည်း အခန်းက တိတ်ဆိတ်နေကာအသက်ရှုသံများတစ်ခုနှင့်တစ်ခု ရောယှက်နေပြီး ဘယ်သူ့အသက်ရှုသံလဲဆိုတာပင် မခွဲခြားနိုင်တော့ပေ။ ရွီလော့ယန်က ချီချန်အန်းရဲ့အပေါ်မှ အုပ်မိုးထားပြီး၊ သူ့ရဲ့ မျက်ဝန်းများကလည်း မျက်ရည်များဝေ့ဝဲနေကာ အနည်းငယ်နီရဲလာချေပြီ၊ သူက ချီချန်အန်းရဲ့ နှုတ်ခမ်းပါးများထက် တစ်လက်မချင်း ဖြေးညင်းစွာ ပြတ်ပြတ်သားသား ပွတ်သပ်နမ်းရှိုက်နေကာ ရံဖန်ရံခါ သကြားလုံးစားနေသလိုမျိုး လျက်လိုက်ရင်း ညင်သာစွာအရသာခံနေချေသည်။

ချီချန်အန်းက ရွှီလော့ယန်ကို မထိခိုက်မိစေဖို့ လက်တစ်ဖက်ကို အကာအကွယ် အနေအထားမှာ ထားကာ သူရဲ့ အပြုအမူတိုင်းက အလွန်အမင်း လိုက်လျောညီထွေ ရှိနေပေသည်။

သူကချီချန်အန်းရဲ့ အပေါ်နှုတ်ခမ်းကို တစ်ခါထပ်မံ စုပ်လိုက်ပြီးနောက် ရွှီလော့ယန်က အနည်းငယ် တုံ့ဆိုင်းသွားကာ "ကျွန်တော် မင်းကို အရမ်းကြိုက်တယ်" လို့ တိုးတိုးလေး ပြောလိုက်သည်။

ယခုလိုမျိုးပြောလိုက်ပြီးနောက်မှာ သူ့မျက်လုံးထဲက အပြုံးတစ်ခုက သဘာဝအတိုင်း ထွက်ပေါ်လာပြီး နွေဦးစမ်းချောင်းကဲ့သို့ ကြည်လင်နေပေသည်။

ချီချန်အန်းကသူ့ရဲ့ မျက်ခုံးမွှေးအဆုံးအထိ ကူးစက်နေတဲ့အပြုံးဖျော့ဖျော့ကို စွဲမက်စွာကြည့်လိုက်ရင်း အားအနည်းငယ်စိုက်ကာ အနမ်းကို နက်ရှိုင်းစေလိုက်သည်။ ရွှီလော့ယန်က အနမ်းအတွက် ပြင်ဆင်ချိန်မရှိလိုက်တဲ့အတွက် အသံတိုးတိုးလေးထုတ်လိုက်မိကာ သူ့ပါးစပ်ကို သဘာဝကျကျပုံစံဖြင့် ဖွင့်ဟလိုက်ပြီး ချီချန်အန်းရဲ့လျှာဖျားကို ဝင်ခွင့်ပြုလိုက်သည်။

နက်နက်ရှိုင်းရှိုင်း နမ်းရှုံ့နေရင်း ရွှီလော့ယန်က သူ့ကိုယ်သူ တွေးတောလိုက်ကာ သူနဲ့ ချီးချန်အန်းက တကယ့်ကို ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုတစ်ခုပဲဆိုပြီးတွေးမိလိုက်သည်။ သူတို့ဟာ ဆယ်မိနစ်လောက်ကြာအောင် လေ့ကျင့်ပြီး ပေါင်းစည်းခဲ့ကြပြီနောက် တိကျတဲ့ နားလည်မှုရရှိသွားချေပြီ။

သူတို့နှစ်ယောက်စလုံးက ဒီနေရာမှာ အရမ်း ထူးချွန်တဲ့ ကစားသမားတွေပဲ။

အနမ်းကို နက်ရှိုင်းလာပြီး ထိန်းမရဖြစ်နေပြီလို့ ခံစားမိလိုက်တဲ့ ချီချန်အန်းက သူ့လှုပ်ရှား​မှုတွေကို ရပ်တန့်လိုက်ပြီး လှိမ့်ကာ၊ ရွှီလော့ယန်ကို သူ့အောက်သို့ဆွဲသွင်းလိုက်ပြီး သူ့မျက်နှာကို လည်ပင်းအချိုင့်နား နစ်မြှုပ်ထားလိုက်သည်။

ထို့နောက် အသက်ကိုပြင်းပြင်းရှူလိုက်ရင်း “လော့ယန်……ခုနကပြောတာကို တစ်ခေါက်လောက်ထပ်ပြောလို့ရမလား”

ရွှီလော့ယန်ရဲ့ ဦးနှောက်က အခုအချိန်မှာ အောက်ဆီဂျင် ပြတ်တောက်သွားပြီး သူ့ရဲ့ တုံ့ပြန်မှုက နှေးကွေးနေသဖြင့် ချီချန်အန်းကသူ့ကို တစ်ဖန်ပြန်ပြောဖို့ပြောနေတာကို နားလည်​ဖို့ စက္ကန့်အနည်းငယ်အချိန်ယူလိုက်ရ၏။

''ကျွန်တော် မင်းကို ကြိုက်တယ်"

ထိုသို့ပြောပြီးနောက် သူရယ်နေတာကို မရပ်နိုင်တော့ချေ။

“ကျွန်တော် မင်းကို အရမ်းအရမ်းကြိုက်တယ်” လို့ တိုးတိုးလေး ထပ်ပြောလိုက်သည်။

ချီချန်အန်း စိတ်မသက်မသာဖြစ်နေတာကို လျင်မြန်စွာပဲ ခံစားမိလိုက်သဖြင့် ရွှီလော့ယန်က မျက်ခုံးပင့်လိုက်ကာ "လော့ယန် က ကျွန်တော်၊ ချန်အန်းက မင်းပဲ မဟုတ်လား" ဟု မေးလိုက်သည်။

ချီချန်အန်းက လေးနက်စွာ ပြန်ဖြေသည်။

"အင်း၊ ဟုတ်တယ်"

"ဒါဆို လော့ယန်က ချန်အန်း ကို အရမ်းကြိုက်တယ်"

ငါ မင်းကို အရမ်းကြိုက်တယ်။

သို့ပေမယ့် ယင်းကို အသံကျယ်ကျယ်ဖြင့် ပြောပြီးနောက် သူ့လက်လွန်သွားသလို ခံစားလိုက်ရတော့ ရွှီလော့ယန်က အနည်းငယ် ရှက်သွားရသည့်အပြင် ချီချန်အန်းထံမှ တုံ့ပြန်မှုကို မရရှိသေးတဲ့အတွက်၊ ရွှီလော့ယန်ရဲ့ နှလုံးခုန်သံတွေအလွန်ပင်မြန်ဆန်နေချေသည် - ချီချန်အန်းက သူ့ရဲ့ဝန်ခံမှုကြောင့် ကြောက်သွားတာများလား။

သို့ပေမယ့် မကြာခင်မှာပဲ သူ့လည်ပင်းအရေပြားပေါ်မှာ ရေတစ်စက်ကို ခံစားလိုက်ရပြီး ယင်းက ယားယံမှုအနည်းငယ်ကိုပင် ဖြစ်သွားစေသည်။

ရွှီလော့ယန်က အံ့အားသင့်သွားရပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် မေးလိုက်မိ၏။

"ချန်အန်း မင်း-"

ဘာလို့ ငိုနေရတာလဲ။

သူလှုပ်ပင်မလှုပ်ဝံ့တော့သဖြင့် သူ့ကို ဆုပ်ကိုင်ထားခွင့်ပေးထားကာ ရုတ်တရက် သူ့စိတ်နှလုံးတစ်ခုလုံး ဝမ်းနည်းမှုတို့လွှမ်းခြုံသွားရသည်။

တစ်စုံတစ်ခုဆုံးရှုံးသွားသလိုခံစားလိုက်ရသဖြင့် သူက ပါးစပ်ကိုဖွင့်လိုက်ပြီး"အခု ကျွန်တော်ကို သိပ်မကြိုက်သေးရင်လည်းရပါတယ် ၊ ကျွန်တော် နည်းနည်းလောက် ပိုကြိုးစားပြီး ..."

စကားကိုအဆုံးထိမပြောနိုင်လိုက်ခင်မှာတင် ရွှီလော့ယန် ဖြစ်နိုင်ချေရှိတဲ့အကြောင်းကို တွေးပြီးနောက် သူ့နှလုံးသားတစ်ခုလုံး နာကျင်မှုတွေ ပျံ့နှံ့သွားတာကြောင့် သူ့ရဲ့ယူဆချက်ကို အမြန်ပြောင်းလိုက်ပြီး "ကျွန်တော်အိပ်နေတဲ့အချိန်မှာ မင်း ကျွန်တော်ဆီကနေ အနမ်းခိုးလိုက်တာကို ဖမ်းမိလို့ စိတ်ဆိုးနေတာလား မင်းကို ဖော်ထုတ်ဖို့ မရည်ရွယ်ပါဘူး ဘီလီယံချီတဲ့ ဆဲလ်ငယ်လေးတွေစီကနေ မင်းကို ဖော်ထုတ်ဖို့​ ပေးတဲ့ တွန်းအားကို မထိန်းနိုင်တော့တဲ့အထိ ကျွန်တောါအရမ်းစိတ်လှုပ်ရှားနေခဲ့မိတာ"

ကြည့်ရတာ ...... သူပိုဆိုးအောင်... ပိုဆိုးအောင်လုပ်နေမိတာလား...

သို့ပေမယ့် သူပြောပြီးသွားချိန်မှာပဲ ချီချန်အန်းက မျက်ရည်အစအနတွေမကျန်တော့ဘဲ ခေါင်းမော့လာတာကို သတိထားမိလိုက်ပြီး သူ့ရဲ့မျက်လုံးတွေကမူ သူ့ထံကို အာရုံစူးစိုက်မှုအပြည့်ဖြင့် စိုက်ကြည့်နေပေသည်။

ရွှီလော့ယန် မျက်တောင်မခတ်ဘဲ စက္ကန့်အနည်းငယ်ကြာအောင် စောင့်ကြည့်လိုက်ပြီးနောက် "အဲဒီတော့လေ....မင်း....ကျွန်တော်ကိုကြိုက်တာလား"

ထို့နောက် သူက ဆက်ပြောလိုက်သည်။

"မင်း ကျွန်တော်ကို ရိုးရိုးသားသားပြောလို့ရပါတယ် မင်း ကျွန်တော်ကို မကြိုက်ရင် ဒါမှမဟုတ် မင်း ကျွန်တော်ကို သိပ်မကြိုက်သေးဘူးဆိုရင်လည်း အဆင်ပြေပါတယ် ကျွန်တော်စိတ်ပျက်သွားမှာ လက်မခံနိုင်မှာကိုလည်း စိတ်ပူဖို့မလိုပါဘူး"

ယင်းကိုပြောပြီးနောက် သူ့မျက်ဝန်းထဲက အရှုံးတွေကို ကွယ်ဝှက်ထား​လိုက်ပြီး ပြုံးပြလိုက်သည်။

ချီချန်အန်းက သူ့ရဲ့လက်ချောင်းတွေကို အနည်းငယ်ညင်သာစွာ ဆန့်ထုတ်လိုက်ပြီး ရွှီလော့ယန်ရဲ့ နှုတ်ခမ်းထောင့်က စိုစွတ်နေတာလေးကို သုတ်ပေးလိုက်သည်။ သူအခု ရွှီလော့ယန်နှင့်အလွန်နီးကပ်နေတာကြောင့် ရွှီလော့ယန်ရဲ့ မျက်လုံးတွေထဲမှာ စိုးရိမ်စိတ်နှင့် ကြောက်ရွံ့မှုတို့ ပြည့်လျှံနေတာကို မြင်နိုင်ပေသည်။

အစောပိုင်းအဖြစ်အပျက်တွေတိုင်မီက သူကိုယ်တိုင်တောင် ရွှီလော့ယန်ထံမှ တုံ့ပြန်မှုကို ရရှိမည်ဟု မထင်ထားခဲ့ချေ။ သူ့အနေဖြင့် ချစ်နေယုံပဲချစ်ပေးပြီး တန်ပြန်မရတဲ့ နာကျင်မှုကို ကျေကျေနပ်နပ်ခံစားနေခဲ့ပြီး လွန်ခဲ့သည့်တစ်စက္ကန့်ကအထိ ငြင်းခုံမှု တွေဝေမှုတွေဖြင့်ရုန်းကန်နေခဲ့ရသည်။

သူရွှီလော့ယန်ကို လိုချင်သော်လည်း သူ့ကိုနာကျင်စေမှာ ကြောက်နေမိ၏။ သို့ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့တုံ့ဆိုင်းနေမှုနှင့် ရှုပ်ထွေးမှုတွေကြောင့် ရွှီလော့ယန် နာကျင်မှုကို ခံစားနေရတာကို မမြင်နိုင်တော့ပေ။

ချီချန်အန်း ထံက"ကိုယ်လဲနျောင်နျောင် ကို အရမ်းကြိုက်တယ်  ကိုယ် နေိာင်နျောင်ကို ကြိုက်နေတာ တော်တော်တောင်​ကြာပြီ"ဆိုတဲ့စကားကို ရွှီလော့ယန်ကြားလိုက်ရသည်။

ယင်းက ရွှီလော့ယန်အတွက် တောင်တပြင်လုံးအနှံ့ ပန်းပွင့်များပွင့်နေသံကိုကြားလိုက်ရသလိုပင်။

"ဒါက တကယ်ကို အိပ်မက်တစ်ခုလိုပဲ..."

သူ့ခန္တာကိုယ်အတွင်းကနေ ပေါက်ကွဲထွက်နေတဲ့ ခံစားချက်တွေကို မျိုသိပ်ထားကာ ချီချန်အန်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး "အင်း၊ ဒါက အိပ်မက်တစ်ခုလိုပဲ"

ဒီအိပ်မက်ကနေ နိုးလာတဲ့အခါ မင်းငါ့ကိုထားခဲ့မှာလား။

ထိုအတွေးကို တွေးလိုက်မိတယ်ဆိုရင်ပဲ ချီချန်အန်းတစ်ယောက် ရွှီလော့ယန်ရဲ့ လက်နှစ်ဖက်ကို အလိုလို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိလိုက်တာကို သတိထားလိုက်မိပြီး၊ နောက်မှာတော့ ချီချန်အန်း သူ့ရဲ့ ပိုင်ဆိုင်လိုစိတ်တွေနဲ့ စိတ်မသက်မသာဖြစ်မှုတွေကို ပြန်ရုတ်သိမ်းပြီး စိတ်ကိုလျှော့ချထားလိုက်၏။

------------

ယခုအပြင်ဘက်မှာ လင်းနေပြီဖြစ်ပြီး၊ နေရောင်က ကန့်လန့်ကာကြားက အကွဲလေးတွေကြားကနေ အနည်းငယ် ဖြာကျနေလေသည်။ ချီချန်အန်းက အိပ်ပျော်နေကာ ရွှီလော့ယန်က သူ့ဘေးမှာ လဲလျောင်းနေသည်။ နာရီဝက်ကြာအောင် အိပ်ဖို့ကြိုးစားခဲ့ပေမဲ့လည့် အိပ်လို့မရတဲ့အတွက် နောက်ဆုံးမှာတော့ သူလက်လျှော့လိုက်၏။

ယင်းကို တွေးပြီးတဲ့နောက်မှာတော့ သူက ချီချန်အန်းဘက်သို့လှည့်လိုက်ပြီး သူ့ကို စိုက်ကြည့်ရင်း စိတ်ထဲမှာ အော်ပြောလိုက်မိသည်- သူကြိုက်တဲ့လူက အရမ်းချောတာပဲ

ထိုသူ့ကိုကြည့်ရင်း ပြုံးနေမိကာ သူသဘောကျတဲ့လူက သူ့ကိုလည်း သဘောကျနေတယ်ဆိုတာက သူတကယ် ကံကောင်းတယ်လို့ ခံစားနေရသည်။

တစ်နာရီနီးပါးကြာအောင် သူ့ကိုကြည့်နေပြီးနောက်၊ ရွှီလော့ယန်ရဲ့ နှလုံးသားထဲက ပျော်ရွှင်မှုက စပျစ်ရည်ကနေ ဝိုင်အဖြစ်သို့တစ်ဖြည်းဖြည်းပြောင်းသွားသလိုမျိုး မူးဝေလာလေသည်။ချီချန်အန်း မထသေးခင်မှာပင် သူ့လက်ချောင်းတွေကို ဆန့်ထုတ်လိုက်ပြီး သူ့ရဲ့လက်ချောင်းတစ်ဝိုက်မှာ ညင်သာစွာဆုပ်ကိုင်ထားရင်း ပေါက်ကွဲထွက်လာတဲ့ ပျော်ရွှင်မှုတွေကို အောင်အောင်မြင်မြင်ခံစားနေမိသည်။

ခုချိန်မှာ ရွှီလော့ယန် ၂၅ နှစ်ကြာ ခေါင်းမာမာနဲ့ တစ်ကိုယ်တည်းနေခဲ့ပြီးနောက် သူ့ကိုယ်သူဂုဏ်ပြုဖို့ ပိုစ့်တစ်ခုတင်ချင်နေမိသည်။ ယခုကစပြီး သူက အသက်ကြီးကြီးအသိုက်အမြုံထဲက လူလွတ်အမျိုးသားတစ်​ယောက်မဟုတ်တော့ပေ။ချီချန်အန်းကလည်း အသက်ကြီးပြီး အသိုက်အမြုံမရှိတဲ့ နတ်ဆိုးတစ်ကောင်မဟုတ်တော့ချေ။

ဒါပေမယ့် Weibo.... သူနိုးလာတဲ့အချိန်ကတည်းက အဲ့ဒါက ရုတ်တရက်ဖြစ်သွားတာကြောင့် ရွှီလော့ယန် သူ့ဖုန်းကိုပင် မမြင်ရသေးပေ။

ခဏလောက်စူးစမ်းပြီးနောက်၊ရွှီလော့ယန် သူ့ဖုန်းက ချီချန်အန်းရဲ့ ဘောင်းဘီအိတ်ကပ်ထဲတွင် ရှိနေတယ်ဆိုတာ သေချာသွားသည်။ချီချန်အန်းကိုမနိုးစေဘဲ ဖုန်းကို တိတ်တဆိတ် ခိုးထုတ်ဖို့အတွက် သူ့ညာလက်က ချီချန်အန်းရဲ့ အိတ်ကပ်ထဲကို မရောက်ခင် စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်နေခဲ့ရသည်။

ရွှီလော့ယန်က သူလုပ်နေသမျှကို အလွန်အာရုံစူးစိုက်နေပြီး ဖုန်းကို လက်နှစ်ချောင်းသုံးပြီး ဆွဲထုတ်လိုက်သော်လည်း မထင်မှတ်ဘဲ ချော်သွားသဖြင့် လက်သုံးချောင်းသို့ ပြောင်းလိုက်ပြီး သူယူနေရာကနေ 'ရှရှရှ' အသံများထွက်လာတော့သည်။

သူ ဖုန်းကို အာရုံစိုက်နေချိန်မှာပဲ ချီချန်အန်းက သူ့လက်ချောင်းတွေကို ရုတ်တရက် ဆုပ်ကိုင်လာပြီး အကူအညီမဲ့နေတဲ့ လေသံဖြင့်ဆိုလာ၏။

"နျောင်နျောင်"

"ဟမ်"

မသိစိတ်ဖြင့် ရွှီလော့ယန်က တုံ့ပြန်လိုက်မိသည်။

"ကျွန်တော် မင်းကိုနိုးအောင်လုပ်မိသွားလား"

မေးနေချိန်တွင် သူ့လေသံက အပြစ်ရှိပုံပေါ်နေပေသည်။

"မဟုတ်ပါဘူး"

မင်းအနားမှာရှိနေလို့....

"ကိုယ်အဲ့လောက်ကြီး အိပ်ပျော်နေတာမဟုတ်ဘူး"

ချီချန်အန်းက သူ့လက်ချောင်းတွေကို ဆုပ်ကိုင်ထားရင်း "မင်းဘာလုပ်နေတာလဲ" လို့မေးချိန်မှာ သူ့အသံကအက်ရှနေလေသည်။

ရွှီလော့ယန်ရဲ့ ပထမဆုံး တုံ့ပြန်အဖြေက "ကျွန်တော် မင်းကို မထိဘူနော်း"

ထိုသို့ပြောပြီးပြီးချင်းမှာပဲ စိတ်ထဲတစ်မျိုး ခံစားလိုက်ရသဖြင့်ထူးဆန်းတဲ့အခြေအနေကနေ သူ့ကိုယ်သူ ကယ်တင်ဖို့ ကြိုးစားလိုက်သည်။

"ကျွန်တော် ဘာမှလုပ်ဖို့မရည်ရွယ်ပါဘူး"

ငါဘာလုပ်ရမလဲ...အခု အခြေအနေကပိုပြီးထူးဆန်းလာသလိုပဲ..........

ချီချန်အန်းက ကျယ်လောင်စွာရယ်မောလိုက်ရင်း "မင်း တခြားတစ်ခုခုကို ရည်ရွယ်ချင်နေရင်တောင် အဆင်ပြေပါတယ်"

ရွှီလော့ယန်ရဲ့ နားရွက်ထိပ်လေးတွေ နီရဲနေတာကို သတိထားမိလိုက်တော့ သူ့နှုတ်ခမ်းပေါ်က အပြုံးက အနည်းငယ် ပိုနက်ရှိုင်းလာပြီး "မင်း ဖုန်းကိုယူချင်လို့လား"

"အင်း''၊ ရွှီလော့ယန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ချီချန်အန်းကိုကြည့်လိုက်ရင်း "တစ်ခုခုဖြစ်နေပြီမလား" ဟုမေးလိုက်သည်။

"ဟုတ်တယ်"

"အဲ့လိုဖြစ်မှာသိနေတယ်"

ရွှီလော့ယန်က စပြီးခန့်မှန်းလိုက်သည်။

"ကျွန်တော်ရဲ့ Fan Meeting လုပ်နေတုန်းမှာ အပျက်သဘောဆောင်တဲ့ သတင်းတွေ ထွက်နေတယ်"

ချီချန်အန်းခေါင်းညိတ်ပြတာကိုမြင်ပြီးနောက် ဆက်၍ဆိုလိုက်၏။

"အဲ့ဒါမနေ့ညက ဖြစ်သွားတာမလား၊ မနေ့ညကဆိုရင် 'Star Show' က အဲဒီအချိန်လောက်ပဲ ထုတ်လွှင့်နေမှာဆိုတော့ အဲဒါက ရသစုံရှိုးနဲ့ ဒါမှမဟုတ် ပရိသတ်တွေ့ဆုံပွဲနဲ့ ပတ်သတ်နေတယ်မလား"

"မင်းနဲ့ ကျန်းကော နှစ်ယောက်စလုံးက ကျွန်တော်သိမှာကြောက်ပြီး ကျွန်တော်ဆီကနေ ဝှက်ထားချင်ကြတယ်ပေါ့လေ ထူးဆန်းတာက ကျန်းကောက ကျွန်တော်စီက ဖြေရှင်းချက်တောင်းဖို့ အလျင်စလိုမလာသေးဘူး၊ ဒါက သိပ္ပံနည်းသိပ်မကျချင်သလိုဘဲ ဒါကြောင့် သတင်းက ရိုက်ခက်မှုတော်တော်ပြင်းတာဖြစ်ရမယ် ကျန်းကောနဲ့ တခြားသူတွေ အလုပ်ရှုပ်နေလို့ ကျွန်တော်ကိုဆေးရုံမှာ ခဏထားဖို့က ပိုကောင်းတဲ့ ရွေးချယ်မှုတစ်ခုပဲ"

ခေတ္တနားပြီးနောက် ရွှီလော့ယန်က သူ့ထင်မြင်ယူဆချက်ကို နိဂုံးချုပ်လိုက်သည်။

"ဒါက ကျွန်တော်ရဲ့တောက်ပပြီးငယ်ရွယ်တဲ့အချိန်တုန်းက ကျောင်းအထုတ်ခံလိုက်ရတဲ့အကြောင်းဟုတ်တယ်မလား"

ရွှီလော့ယန်ရဲ့ အေးဆေးတည်ငြိမ်သော လေသံကို အစမှအဆုံးကြားရသည်မှာ ပင်အပ်ချောင်းတစ်ချောင်းချင်းစီ ချီချန်အန်းရဲ့ နှလုံးသားကို ထိုးစိုက်နေသလို ခံစားလိုက်ရသည်။

အဲဒီတုန်းက မင်းကအသက်ဆယ့်ခုနစ်နှစ်ပဲရှိသေးတာ...။

"အဲ့ဒါကအဆင်ပြေပါတယ်"

ရွှီလော့ယန်က ပြုံးပြီး သူ့ရဲ့လက်ချောင်းတွေဖြင့် ချီချန်အန်းရဲ့ လက်ဖမိုးပေါ်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး "အဲ့ဒါကို ခံနိုင်ရည်ရှိဖို့အတွက် ကျွန်တော်ရဲ့ ခံနိုင်ရည်စွမ်းအားက ဒီလောက်မနည်းပါဘူး၊ပြီးတော့ ဒါရဲ့နောက်ကွယ်မှာ ဝမ်ယွိရှင်းရှိနေတယ်ဆိုတာ မင်းရှာတွေ့သွားပြီပေါ့"

သူက ဖျော့တော့နေတဲ့ ရွှီလော့ယန်ရဲ့ မျက်ဝန်များကိုကြည့်လိုက်ရင်း"အမ်း...အဲဒါ သူပဲ၊ ကိုယ် လျန်ချိုးကို နောက်ကွယ်က ဘယ်သူလဲဆိုတာကို စုံစမ်းခိုင်းလိုက်ပြီးတဲ့နောက် လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက ဝမ်ယွိရှင်း လှုပ်ရှားနေတာကို တွေ့လိုက်ရတယ် သူက မင်းအထုတ်ခံရမှုအကြောင်း သိပြီးတော့ အဲ့ဒါကို လူထုကိုချပြဖို့ ပို့စ်တစ်ခုတင်ပြီး အဆင့်မြင့် ရေတပ်ကို စျေးနှုန်းကြီးကြီးနဲ့ ငှားရမ်းပြီး အတုအယောင် အထောက်အထားတွေဖန်တီးခဲ့တယ်လေ"

“အဲ့ဒါက မနေ့ညက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံအစီအစဉ်မှာ 'host' က 'ဘယ်မှာ တက္ကသိုလ်တက်ခဲ့တာလဲ' ဆိုတဲ့ မေးခွန်းမေးလိုက်ချိန်မှာ ကျွန်တော်ကအဲ့မေးခွန်းကိုမသိမသာဘဲကျော်သွားလိုက်တယ်လေ သူကအခွင့်အရေးကိုမိမိရရဆုပ်ကိုင်လိုက်တာပဲ“

"အဲ့ဒီလိုလား"

စောင်ကိုဆွဲကိုင်ရင်း ရွှီလော့ယန်တစ်ယောက် ချီချန်အန်းရဲ့ အေးစက်နေတဲ့ ခြေဖဝါးကိုသူ့ ခြေဖဝါးဖြင့်သဘာဝအတိုင်း ပူးကပ်ထားလိုက်ပြီး သံသယအချို့ကို ထုတ်မပြမီ ခေါင်းထဲမှာ ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံးစဥ်းစားလိုက်ပြီးနောက် “အရင်တုန်းက သူဆေးသုံးတုန်းက ကျန်းသုန့်နဲ့ ကျွန်တော်သူ့ကို တိုင်ခဲ့တာ၊ အခုအချိန်မှာ သူလှုပ်လှုပ် လှုပ်လှုပ်တောင် လုပ်နေနိုင်နေပြီဆိုတော့ ကြားထဲမှာ အပြောင်းအလဲ တစ်ခုခုဖြစ်သွားတာဖြစ်မယ်  သူ့မှာ အရှုပ်တွေလုပ်ဖို့အတွက် ခွန်အားတွေ ရှိနေတာက အံ့သြစရာပဲ”

"လျန်ချိုး သိခဲ့ရတာတွေအရတော့၊ သူ့အေးဂျင့်ရဲ့ ဆက်သွယ်မှုတွေကတစ်ဆင့် ချမ်းသာတဲ့ စီးပွားရေးသမားတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ပြောတယ်"

သူ့မျက်ဝန်းထဲက အာရုံစိုက်မှုများက အနည်းငယ် လျော့ပါးသွားပြီး သူ့နှုတ်ခမ်းများမှာမူ မသိစိတ်က မထီမဲ့မြင်ဖြစ်စွာကွေးညွှတ်သွားကာ "အဲ့ဒီလူက......သိုက်ရွှယ်ချင်းများလား"

သူက နောက်ဆုံးစကားသုံးလုံးကို အလွန်ဖြည်းညှင်းစွာ ဖိပြောလိုက်သည်။

သူထိုနာမည်ကို အရမ်းရင်းနှီးပေသည်။

ထိုအချိန် သူကျောင်းမှ ထုတ်ပယ်ခံရချိန်မှာ သူ့အဖေ၏ အချစ်ဆုံးသူငယ်ချင်းက သူ့ကို နိုင်ငံခြားသို့ အစောတလျင် လာပြေးခေါ်ကာဆို၏။

"လော့ယန် ဦးလေးရဲ့စကားကို နားထောင်၊ သိုက်ရွှယ်ချင်းက သစ္စာမဲ့ပြီး ဖောက်ပြန်တတ်သူမျိုးပဲ၊ အခုချိန်မှာသူက သြဇာကြီးမားနေပြီ သူနဲ့ မင်းမိဘတွေကြားမှာ နာကြည်းစရာတွေ အများကြီးရှိနေတော့ မင်းခဏထွက်သွားရမှဖြစ်မယ် မင်းက အမြဲတမ်း ဉာဏ်ကောင်းတဲ့သူမို့ ဦးလေးပြောတဲ့ အဓိပ္ပါယ်ကို မင်းနားလည်တယ်မဟုတ်လား"

ထိုအချိန်မှစ၍ 'သိုက်ရွှယ်ချင်း' ဆိုတဲ့ အမည်ကို သူ့နှလုံးသားထဲမှာ တေးမှတ်သားထားခဲ့သည်။

"ဟုတ်တယ် သူပဲ"

ချီချန်အန်းက ရွှီလော့ယန်ရဲ့လက်ကို ကိုင်လိုက်ပြီး "ကိုယ် ဆက်စုံစမ်းပြီး ရလဒ်တွေရလာတဲ့အခါ မင်းကိုပြောပြမယ်"

"ကောင်းပြီ"

ရွှီလော့ယန်ရဲ့ မျက်လုံးများကို ကြည့်လိုက်တဲ့အချိန်မှာ ချီချန်အန်းရဲ့ နှလုံးသားတစ်ခုလုံးစူးနစ်ဝင်သွားသလိုခံစားလိုက်ရသည်။ထိုမတော်တဆမှုအပြီးမှာ သူနှင့် ကျန်းသုန့်တို့ နှစ်ယောက်စလုံးက ရွှီလော့ယန်ရဲ့ အမာရွတ်များအသွင်ဖြင့် အနာကျက်နေပြီဖြစ်သော ဒဏ်ရာများကို ဆွလိုက်မိမှာကို စိုးရိမ်ပြီး ထိုကိစ္စကို ဖုံးကွယ်ထားချင်ခဲ့တာဖြစ်သည်။

သို့ပေမယ့် သူက သူတို့ထင်ထားတာထက် ပိုသန်မာလေသည်။ ယင်းကပဲ ချီချန်အန်းကို ပိုနာကျင်စေ၏။

…………………………………………………

ရွှီနျောင်နျောင်ရဲ့စိတ်ခံစားချက်လေး: ငါချစ်မိနေပြီ

…………………………………………………

Translated By IQ-Team.

Continue Reading

You'll Also Like

28.8K 3.5K 83
Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်...
5.3K 516 32
IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.face...
1.5M 62.3K 73
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
35.2K 4.1K 48
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...