ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

20.1K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

chapter 52

153 24 0
By phyolay1991

🍬Chapter 52

------------

ရွှီလော့ရန်က သူ့ရဲ့ကျောဘက်ကို စင်ပေါ်မှာလှဲချလိုက်ပြီး သူ့ကိုယ်သူ အလွန်အကျွံအားထုတ်လိုက်မှုကြောင့် ခန္တာကိုယ်တစ်ခုလုံးနာကျင်ပြီးလေးလံနေသည်။

လှဲနေရင်းဖြင့် ခြေထောက်တစ်ဖက်ကို အသာအယာကွေးလိုက်ကာ မိုက်ခရိုဖုန်းကို နှုတ်ခမ်းနားကပ်ပြီး မောဟိုက်နေပေမဲ့ ကြည်လင်နေစဲအသံဖြင့်မေးလိုက်၏။

"မင်းတို့ဒါကိုကြိုက်ရဲ့လား"

ချန်အန်း...မင်း ကြိုက်ရဲ့လား။

ကျွန်တော်ရဲ့သီချင်းကိုကြိုက်လား။ပြီးတော့ ကျွန်တော်ကိုရောကြိုက်လား။

ပရိတ်သတ်တွေစီကနေ တုန်ခါလုမတက်အော်ဟစ်အားပေးသံတွေကြားလိုက်ရသည်။ရွှီလော့ယန်ကပြုံးလိုက်မိပြီး သူ့ရဲ့ရှေ့ဆံပင်တွေကမူ ချွေးတွေစိုကာ ကပ်နေပြီဖြစ်သည်။သူ့ပေါ့ပေါ့ပါးပါးဖြင့်ခေါင်းကိုလှုပ်ယမ်းလိုက်ပြီး ထဖို့နှစ်ကြိမ်လောက်ကြိုးစား​လိုက်ပေမဲ့ သူမထနိုင်တော့ချေ။

"သွားပြီ ကျွန်တော့ရဲ့ခွန်အားတွေအကုန် ဆုံးရှုံးသွားပုံပဲ"သူကစကားပြောလက်စကို ခတ္တရပ်လိုက်ပြီး "မက်တပ်ရပ်နိုင်ဖို့ အတွက် အနမ်းတစ်ပွင့်ရယ်၊ပွေ့ဖက်မှုနဲ့အတူ ခွန်အားတွေလိုအပ်နေပြီထင်တယ်"

စင်အောက်ကနေ ထွက်ပေါ်လာတဲ့အော်သံက စင်တစ်ခုလုံးကိုဖြိုချတော့မတတ်ဟိန်းထွက်လာသည်။

မိနစ်အနည်းငယ်လောက်ကြာသည်အထိ တုန့်ပြန်မှုကိုစောင့်ပြီးနောက် ရွှီလော့ရန်က လက်တစ်ဖက်နှင့်ခန္တာကိုယ်ကို ထိန်းပြီးထရပ်လိုက်သည်။

ခြေထောက်နှစ်ဖက်ကိုအနည်းငယ်ကွေးပြီး သက်သောင့်သက်သာရှိတဲ့အနေအထားမျိုးဖြင့် ထိုင်ချလိုက်ကာ သက်ပြင်းချရင်း"ကျွန်တော်တစ်ကယ်သီချင်းထပ်မဆိုနိုင်တော့ဘူး ၊ခဏလောက်အနားယူဖို့လိုနေပြီ"

ထိုသို့ပြောပြီးတဲ့နောက် ပိုက်ကနေတစ်ဆင့် ရေဘူးထဲကရေတစ်ဝက်လောက်ကို စုပ်သောက်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေကမူ ချီချန်အန်းရှိရာဘက်သိူ့ ဦးတည်မကြည့်ရဲပေ။

သူအခုအရမ်းကြောက်ရွှံ့နေမိတယ်။အရင်ကသူ ဘယ်လောက်တောင်သတ္တိရှိခဲ့လဲ၊ခု​ကျတော့ ဘယ်လောက်တောင် သူရဲဘောကြောင်နေမိတာလဲ။

သူ့စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး ကိုယ့်ကိုကိုယ် ရဲဆေးတင်ဖို့ဆုံးဖြတ်လိုက်သည်။သို့ပေမဲ့ ထိုအချိန်မှာပဲ ပြန်မ​လာဖြစ်တော့ဘူးလို့ပြောထားတဲ့ ချီချန်အန်းက ပေါ်လာပြီး ဘယ်သူမှမရှိတဲ့ခုံမှာထိုင်နေတာကိုမြင်လိုက်ချိန်မှာတော့ ရွှီလော့ယန်ရဲ့ နှလုံးသားတစ်ခုလုံး ပျော်ရွင်တဲ့အငွေ့အသက်တွေနှင့် ပြည့်နှပ်သွားပြီး ခံစားချက်တွေယောက်ယက်ခက်သွားမိသည်။

ထို့နောက် ရိုးရှင်းစွာပင် ထိုခံစားချက်တွေကိုမဖိနှိပ်နိုင်တော့ချေ။

သူ သီချင်းဆိုတာကို ထပ်ခါထပ်ခါပိုပိုကောင်းအောင်လုပ်ပြပြီး စင်ပေါ်မှာ အရမ်းကောင်းမွန်တဲ့ပုံရိပ်ကိုချိန်ထားခဲ့ချင်သည်။

ချီချန်အန်းကသူ့ရဲ့ရင်ခုန်သံတွေကို ကြားသွားမလားဆိုတာတော့ သူမသိတော့ချေ။အခု ချီချန်အန်းကသူ့ရဲ့အတွေးတွေကို သိသွားစေချင်တဲ့စိတ်ရယ် မသိစေချင်တဲ့စိတ်ရယ်ကြားထဲမှာ လွန်ဆွဲနေမိသည်။

ဘာတွေပဲဖြစ်ဖြစ် သူ့မှာဖြေရှင်းနိုင်တဲ့အကြောင်းပြချက်ကောင်းကောင်းရှိသည်။

အဲ့ဒီစကားတွေကို သူ့ရဲ့အမာခံပရိသတ်တွေနဲ့ သီချင်းရဲ့ပရိတ်သတ်တွေအတွက်ပြောတာ လို့ပြောရင် အဓိပ္ပါယ်ရှိတယ်မဟုတ်လား။

ဟုတ်တယ် အဓိပ္ပာယ်ရှိတယ်...

"အားလုံးလဲ ခုချိန်မှာ ပင်ပန်းနေကြမယ်လို့ထင်တယ်၊အားလုံးအတူတူ မိနစ်နည်းနည်းလောက်နားကြမလား"

ထို့နောက် ရွှီးလော့ယန်က ရှက်ရွံ့စွာပြုံးလိုက်ပြီး "အခုလေးတင်ကျွန်တော်ဆိုနေတုန်းမှာ လှုံ့ဆော်မှုတစ်ခုဖြစ်သွားပြီး သံစဥ်တစ်ခု ခေါင်းထဲမှာပေါ်လာတယ် အဲ့ဒါကို မင်းတို့အတွက်ဆိုပြပေးရမလား"

သူပြောလိုက််ဆိုရင်ပဲ စင်မြင့်တစ်ခုလုံးကို ခပ်ဖွဖွအလင်းရောင်က ဖြန့်ကျက်သွားပြီး ရွှီလော့ယန်ရဲ့ ဦးခေါင်းထိပ်ကနေ အလင်းတစ်​​ဖျောက်လင်းလာပြီး သူရပ်နေသည့်စင်အလယ်တည့်တည့်တွင်သာအလင်းရောင်ကောင်းစွာရလေ၏။

ရွှီလော့ယန်က စောနကတစ်ချက်ခိုးကြည့်လိုက်တဲ့အချိန်က မြင်ခဲ့ရတဲ့ ချီချန်အန်းရဲ့ အသွင်အပြင်ကို အမှတ်ရမိရင်း သံစဥ်တစ်ခုကိုဖြေးညင်းစွာ ငြီးလိုက်သည်။မတ်က ၁ရက်နေ့ကနေ မတ်က၂၂ရက်နေ့ အတွင်း ချီချန်အန်းရဲ့က ကိုယ်လေးချိန်အနည်းငယ်လျှော့သွားပုံရပြီး အသားရည်ကလည်းပိုပြိးဖျော့တော့ပုံံပေါ်လေသည်။ယင်းက သူ့ရဲ့ ရှုပ်ယှက်ခပ်နေပြီး အပြည့်ဖြစ်နေတဲ့ အချိန်ဇယားတွေကြောင့်လားလို့ သံသယဝင်လာမိသည်။

ဒီ fan meeting ပြီးသွားရင် သူ့ရဲ့အသားအရည်ကို ပြန်လည်ဖြည့်တင်းဖို့ အရသာရှိတာတွေ ခေါ်သွားပြီးကျွေးရမယ်။

ထိုသူ့ကို ယခုလိုမြင်ရတာက သူ့နှလုံးသားကိုနာကျင်စေ၏။

အရင်ကသူလုံးဝသတိမထားမိပေမဲ့ ရွှီလော့ယန် သူ့ကိုမြင်လိုက်ရတဲ့ခဏမှာပဲ သူဘယ်လောက်သတိရနေတယ်ဆိုတာ သိလိုက်ရသည်။

ယင်းကိုတွေးလိုက်မိပြီးနောက် ရွှီလော့ယန်တစ်ယောက် မပြုံးမိဘဲမနေတော့ချေ။

"ဒီသီချင်းကို လောလောဆယ်တော့ 'longing for you-မင်းကိုလွမ်းဆွတ်ခြင်း'လို့ပေးဖို့တွေးထားတယ် အိမ်ပြန်ရောက်မှ အသံညှိလို့ရမရကြည့်ကြည့်လိုက်မယ်၊အဲ့ဒါ အဆင်ပြေသွားရင်တော့ စာသားအချို့ထပ်ပေါင်းပြီး နောက်အယ်ဘမ်အတွက် ပေါက်မဲ့သီချင်းတစ်ပုဒ်ဖန်တီးနိိုင်လောက်တယ်"

ထိုသိုပြောပြီးနောက် မတ်တက်ထရပ်လိုက်ပေမဲ့ မထင်မှတ်ထားစွာ သူ့ခေါင်းမူးဝေသွားသည်။သူက သူ့ရဲ့အနေအထားကိုချိန်ညှိလိုက်ပြီး ဖြစ်ပျက်သွားသမျှကိုဖုံးကွယ်လိုက်သည်။နှဖူးရှိချွေးတွေကို ပုဝါနှင့်သုတ်လိုက်ရင်း အခွင်းအရေးယူကာနှဖူးကိုထိလိုက်ချိန်မှာတော့ သိပ်မသေချာပေမယ့် သူအဖျားရှိနေပုံရသည်။

ထို့ကြောင့် နောက်ကျန်တဲ့နာရီတွေမှာ ရွှီလော့ယန် ဟိုဟိုဒီဒီပြေးမနေတော့ဘဲ ကတ္တီပါဆိုဖာပေါ်မှာထိုင်နေရင်းဖြင့် ငြိမ်သက်စွာနှင့်ကျက်သရေရှိတဲ့ အမျိုးသားဆိုတဲ့ ပုံရိပ်ကို ထိန်းသိမ်းထားလိုက်သညါ။

ထို့နောက် နောက်ပိုင်းဆိုဖို့သီချင်းနှစ်ပုဒ်ရဲ့စာသားတွေကိုစဥ်းစားနေလိုက်သည်။ မဟုတ်ရင် ဖျော်ဖြေရင်းလဲကျသွားပါက အလွန်ရှက်စရာကောင်းတာကြောင့် ငြိမ်ငြိမ်လေးနေဖို့ပဲဆုံးဖြစ်လိုက်သည်။

နောက်တစ်ပိုင်းကတော့ "မင်းမေးတာကို ငါဖြေမယ်" ဆိုတဲ့အစီအစဥ်ဖြစ်သည်။ဖန်ကရားအကြီးကြီးထဲမှာ ပွဲကိုလာတဲ့ ဖန်တွေရဲ့စာတွေဖြင့် ပြည့်နေပြီး ထိုအထဲကမှ ရွှီလော့ယန်က မေးခွန်းအခုနှစ်ဆယ်ကိုရွေးပြီး​ဖြေပေးမှာဖြစ်သည်။

"ငါးခုမြောက် မေးခွန်းကိုကြည့်လိုက်ကြရအောင်"

ရွှီလော့ရန်က ဖွင့်ပြီး အသံထွက်၍ဖတ်လိုက်သည်။

"လော့ယန် ငါမင်းကိုကြိုက်တယ်..ငါမင်းကိုတစ်ကယ်ကြီးကို ကြိုက်တယ်၊မင်းသီချင်းဆိုတာကိုရော သရုပ်ဆောင်တာကိုရောကြိုက်တယ်"

ယင်းကိုဖတ်ပြီးတဲ့နောက် ရွှီလော့ယန်ပြုံးလိုက်ပြီး "နောက်ထပ်စကားလုံးလေးရာလုံးကလဲ ကျွန်တော့ကို 360°ရှု့ထောင့်မျိုးစုံကနေ ချီးမွမ်းထားတာတွေချဥ်းပဲ။နောက်ဆုံးစာပိုဒ်မှာတော့မေးခွန်းပါတယ် အဲ့ဒါက 'အခုရက်ပိုင်းမှာ ဝံပုလွေခွေးပေါက်လေးတွေနဲ့ အဖြူခွေးပေါက်လေးတွေအရမ်းခေတ်စားနေတယ်၊ အဲ့နှစ်မျိုးထဲက ဘယ်လိုမျိုးခွေးလေးကိုပိုင်ချင်လဲ၊ အချစ်ဆုံးသူငယ်ချင်းနဲ့ ဒီရက်ပိုင်းမှာဒီကိစ္စကို မကြာခဏ ငြင်းခုံနေရတယ်' တဲ့"

စာရွက်ကိုပြန်ခေါ​က်လိုက်ရင်း ရွှီလော့ယန်ပြုံးလိုက်ချိန်မှာ သူ့မျက်ခုံးတွေပါကွေးညွတ်သွားပြီး "ဒီလိုအမျိုးအစားနှစ်ခုထဲကတစ်ခုကိုဘယ်လိုရွေးရပါ့မလဲ၊ တကယ်လို့ မယဥ်ပါးတဲ့ ၀ံပုလွေကြီးတွေနဲ့ ဒီလိုမျိုး ယှဥ်ရွေးခိုင်းရင်တော့ကောင်းကောင်းရွေးနိုင်မယ်ထင်တယ်"

ထိုသို့ပြောပြီးတဲ့နောက် ဝံပုလွေလိုအော်ရယ်မိမတတ်ဖြစ်သွားရ၏ပဲ။

ခဏအကြာ သူနောင်တရသွားသည်။

ချန်အန်းက စင်အောက်မှာရှိနေတာကို ငါမေ့သွားတယ် ငါ့ကိုအရူးလို့ထင်သွားတော့မှာလားမသိ။

ရွှီလော့ယန်ကစကားစလိုက်ရင်း ဖန်ကယားကိုဖွင့်ကာ စာလိပ်တစ်လိပ်ကိုယူလိုက်ပြီး "ဒီလိုအချိန်ရောက်တိုင်း အထဲမှာကြောက်ဖို့ကောင်းတဲ့ မေးခွန်းတွေရှိနေမှာ ကျွန်တော်အရမ်းစိုးရိမ်တာပဲ။ဥပမာပြောရရင် ကျွန်တော့ကိုယ်ကျွန်တော်ချောတယ်လို့မြင်လား၊ ဘယ်လောက်ချောတယ်လို့ထင်လဲ၊ ကမ္ဘာပေါ်မှာအချောဆုံးသူဖြစ်ရင်.....အမ်း...အဲ့လိုမျိုးတွေပေါ့"

ရွှီလော့ယန်က စာလိပ်ကို ဖွင့်ပြီးတဲ့နောက်မှာအနည်းငယ်ရှုပ်ထွေးသွားမိသည်။

"ကျေးဇူးပြုပြီးအောက်မှာပါတဲ့ စကားလုံးတွေအားလုံးကို ဖတ်ပေးပါ"

သူဖတ်နေတာကိုခဏရပ်လိုက်ပြီးနောက် လေးနက်စွာဖြင့် ဆက်ဖတ်လိုက်သည်။

"ကျားပေါက်လေး၊ခြ​​င်္သေ့၊ ဆိုးသွမ်းပြီးကြီးမားတဲ့ဝံပုလွေ၊ မြေခွေးပေါက်လေး၊......."

ဖတ်နေရင်းနှင့်ရွှီလော့ယန် သူဘာကိုဖတ်နေရတာလဲဆိုတာသတိထားမိသွားပြီး ဆိုဖာပေါ်မှာ အူလှိုက်သဲလှိုက်ရယ်မိသွားသည်။

နောက်ဆုံးသီချင်းကိုဆိုပြီး 10နာရီထိုးသွားတဲ့အချိန်မှာတော့ ရွှီလော့ယန်ကပရိတ်သတ်တွေထံကို လေးလေးနက်နက်ဥိးညွှတ်လိုက်ပြီး "ကျွန်တော်ကိုအမြဲတမ်းအားပေးနေမှုအတွက်ကျေးဇူးတင်ပါတယ် ၊ကျွန်တော့အနေနဲ့လည်း သေချာပေါက်ပိုကောင်းအောင်ကြိုးစားပါ့မယ်၊ အခုနည်းနည်းလေး နောက်ကျနေပြီဆိုတော့ အပြန်လမ်းမှာ သေချာပေါက် ဘေးကင်းဖို့ဂရုစိုက်ကြရမယ်နော်"

စင်ပေါ်ကနေလှမ်းကြည့်လိုက်တဲ့အချိန်မှာ မီးရောင်မှိန်ဖျော့ဖျော့ပဲ ကျန်တော့ချိန်၊ ကင်မရာတွေသူ့ကိုမရိုက်နိုင်တော့တာသေချာမှ ရွှီလော့ယန်ရဲ့ ခန္တာကိုယ်မှာရှိတဲ့ ကြိုးတွေအကုန်ပြေလျှော့သွားပုံပေါ်ပြီး သူ့ကိုယ်က လဲကျသွားသည်။သို့ပေမဲ့ သူမျှော်လင့်ထားတဲ့ နာကျင်မှုက်ိုမခံစားလိုက်ရပေ။ သူမှင်တက်နေတုန်းမှာ သူ့ကိုယ်က တစ်စုံတစ်ယောက်ရဲ့ လက်မောင်းတွေထဲမှာ လုံးဝမြုပ်နေတာကိုသိလိုက်ရသည်။

သူ့ရဲ့အမြင်ကမှောင်မိုက်နေပြီး အနီးဝန်းကျင်ကအလင်းရောင်ကမှိန်နေပေမယ့်၊ သူ့ကိုဖမ်းလိုက်တာဘယ်သူလဲဆိုတာ ကြည့်စရာပင်မလိုချေ။

"ချန်အန်း..."

"အင်းဟကိုယ်ပါ"

ချီချန်အန်းက သူ့ကို သူ့ရဲ့လက်မောင်းတွေထဲမှာပွေ့ထားပြီး နဖူးကိုထိဖို့ လက်ဆန့်တန်းလိုက်ရင်းမေးလာသည်။

"မင်း မတ်တပ်ရပ်နိုင်သေးလား"

သူ့ရဲ့အသံထဲမှာ စိုးရိမ်စိတ်အပြင် နူးညံ့မှု​တစ်စွန်းတစကိုပါသူခံစားနေရသည်။

ရုတ်တစ်ရက်သူ့တွင် စကားပြောရန်ပင် ခွန်အားလက်ကျန်သိပ်မရှိတော့သလိုခံစားလိုက်ရ၏။

"မထနိုင်ဘူး... ချန်အန်း၊ ကျွန်တော်ကို ကိုင်ထားပေးပါဦး"

ထို့နောက် သူ့ရဲ့ခေါင်းက ချီချန်အန်းရဲ့ ပခုံးထက်မှာ မှီလိုက်ပြီး လုံးဝသတိလစ်သွားတော့သည်။

ချီချန်အန်းက သူ့ကို ခါးကနေထိန်းကိုင်ထားပြီး သူ့အမူအရာကမူ အေးစက်နေကာ သူ့စီကဖြာထွက်နေတဲ့ အငွေ့အသက်ကလည်း သူ့ပတ်ဝန်းကျင်ကိုပင် အေးခဲလုမတက်ဖြစ်နေသည်။

ကျန်းသုန့်က တစ်စုံတစ်ခု မမှန်တာကို သတိပြုမိပေမဲ့ ခြေလှမ်းသုံးလှမ်းအကွာမှာပင် မသိစိတ်က အလိုလိုရပ်တန့်သွားမိပြီး "မစ္စတာချီ၊ လော့ယန်၊ သူ......" ဟု စိုးရိမ်စွာ ​မေးလိုက်သည်။

ချီချန်အန်း "သူ့အဖျားက ပြင်းထန်နေတယ်၊ ​​ဆေးရုံကို ခေါ်သွားမှဖြစ်မယ်၊ ကျေးဇူးပြုပြီး အရှေ့ကလမ်းပြပေးပါ"

ပြောပြီးတဲ့နောက်မှာ သူက ရွှီလော့ယန်ကို စိုးရိမ်စွာတင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ကိုင်ထားမိသည်။

အနက်ရောင်Aston Martin တစ်စီးကဆေးရုံဝန်းထဲဝင်လာပြီးနာရီဝက်အကြာမှာပဲ ရွှီလော့ယန်က ဆေးရုံကတင်ပေါ်မှာ လှဲနေရင်း IV dripချိတ်ထားတဲ့ အပ်တစ်ချောင်းက သူ့လက်အနောက်ဘက်အသားထဲကို စိုက်ဝင်နေလေသည်။

ဆရာဝန်ကတော့ အဖျားကမပြင်းထန်ဘူးလို့ ပြောပေသည်။မကြာသေးတဲ့အချိန်အတွင်း လွန်ကဲစွာ အားထုတ်မှုတွေကြောင့် ဖျားတာဖြစ်မယ်လို့ ယူဆလေသည်။သူက သူ့ကိုယ်အလေးချိန် ကိုထိန်းတာကြောင့် အစားကို များများစားစား မစားတဲ့အပြင် ညနေဘက်တွေမှာ သီချင်းဆိုတာတွေ အကတွေကတာတွေနဲ့ပဲ အချိန်ကုန်နေရတာကြောင့် အားအင်တွေအများကြီး ကုန်ဆုံး သွားတာဖြစ်သည်။

ကျန်းသုန့်တစ်​ယောက်က ဖြူဖျော့နေပြီး ခုချိန်ထိမနိုးလာသေးတဲ့ ရွှီလော့ယန်ကိုကြည့်ပြီး သူ့ရင်ထဲတွင် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ လွန်ခဲ့သည့်တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းတွင်းမှာတောင် ပင်ပန်းလို့ဆိုပြီး ရွှီလော့ယန် တစ်ခါလေးပင် ဆေးရုံမတက်ခဲ့ရပေ။

သူမှတ်မိတဲ့တစ်ခေါက်ဆိုရင် ရွှီလော့ယန်ရဲ့ ပထမဆုံးရုပ်ရှင်ပြီးတဲ့အချိန်လောက်သာ။ ထိုရုပ်ရှင်က ချက်ချင်းအောင်မြင်လာတယ်လို့ တောင်ပြောလို့ရသည်။ ထိုအချိန်မှာအမျိုးမျိုးသော ဇာတ်ညွှန်းတွေ အင်တာဗျူးတွေစုပြုံနေပြီး ရွှီလော့ယန်မှာ တစ်ရက်ကို လေးနာရီမျှသာ အိပ်စက်နိုင်ပြီး တစ်ခါတစ်ရံမှာ အကြောဆေးသွင်းနေရင်းတောင်မှ စာကြောင်းတွေကိုအလွတ်ကျက်ခဲ့ရတာပင်။

_____

Translated By IQ-Team.

Continue Reading

You'll Also Like

28.7K 2.7K 34
Status in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆ...
1.2M 91.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
240K 23.4K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
256K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်