[Unicode]
ရှောက်ချွင်က အဘွားအိုထံမှ ထိုဓာတ်ပုံလေးကို တောင်းလိုက်သည်။
ထိုဓာတ်ပုံက အဘွားအို၏ဆွေမျိုးတစ်ယောက်မင်္ဂလာဆောင်တွင် ရိုက်ထားခြင်းဖြစ်သည်။ထိုစဉ်က တစ်ရွာလုံးအား ဖိတ်ကြားခဲ့ပြီး ဓာတ်ပုံထဲ၌ အရေးကြီးသူလည်းပါမနေ၍ အဘွားအိုက သူ့အား ပေးလိုက်သည်။
ရှောက်ချွင်သည် ထိုဓာတ်ပုံအား တယုတယ တန်ဖိုးထားသိမ်းယူလိုက်သည်။
အဘွားအိုက သိချင်သွားသည်။
"မင်းတို့က အဲ့ကလေးရဲ့ အတန်းဖော်တွေလား? သူက တောင်ပိုင်းမှာ အလုပ်လုပ်နေတာမလား? မင်းတို့က သူ့အမျိုးကိုရှာပြီး ဘာလုပ်မလို့လဲ?"
ရှောက်ချွင်သည် ဤဖော်ရွေသော အဖွားအိုအား မည်သို့ပြန်ဖြေသင့်သည်မသိ။ သူ့လူပျောက်သွား၍ သေချာပေါက် ပြန်ရှာလာရသည်ပင်။
အဘွားအိုက သူပြန်မဖြေသည်ကိုတွေ့သော် ထပ်မမေးတော့ဘဲ သက်ပြင်းချသည်။
"ဒီကလေးက လိမ္မာတဲ့ကလေးပါကွယ်။ ဒီနှစ်တွေမှာ သူအဆင်ရောပြေရှာရဲ့လား? မနှစ်ကထိတောင် လတိုင်း ငွေဆပ်တုန်းပဲ။ နောက်တော့ တစ်ခါတည်း အပြတ်ဆပ်သွားတော့ ချမ်းသာနေပြီလား?"
ရှောက်ချွင်က တောင့်တင်းစွာ ခေါင်းညိတ်သည်။
"သူ့အမေဖြစ်တဲ့ညက ငါတောင် သွားကူညီလိုက်သေးတယ်။ သူ့အိမ်ဟောင်းက ငါနဲ့သိပ်မဝေးဘူးလေ။ ညကြီးအိပ်မောကျနေတုန်းရှိသေး သူ့မှာ အော်လိုက် ငိုလိုက်နဲ့ အကူအညီတောင်းရရှာတာ။ တစ်ရွာလုံးနီးပါးကိုနိုးရောပဲ။ ပြောရရင်လဲ ထူးဆန်းတယ်။ အဲ့ကလေးက အဲ့နေ့ကျမှ ဆယ့်နှစ်နာရီလောက်မှ အိမ်ပြန်ရောက်တာ။ ဘာလို့အဲ့လောက်နောက်ကျမှ ပြန်လာလဲမသိပါဘူး။ စောစောပြန်လာပြီး စောစောဆေးရုံပို့ရင်တော့ ကံကောင်းရင် ကယ်နိုင်ဦးမှာ။ သူ့အမေကလဲ နေ့ရှိသရွေ့ အရက်သောက်နေတာလေ။ ဘယ်မှာ ဒီလိုအမေမျိုးရှိလို့လဲ။ ကောင်းရော နောက်ဆုံးတော့ ဒုက္ခိတပါဖြစ်ရော။ သူ့အမေဆေးရုံတင်လိုက်ရတော့ သူလဲကျောင်းထွက်လိုက်ရတော့တာပါပဲ''
လီဝိန်ရွှင့်၏ အမူအရာက ပြောင်းလဲသွားသည်။ သူငယ်စဉ်က စနောက်ခဲ့ခြင်းကို သတိရသွားသည်။ ဖြစ်နိုင်သည်။
"အဲ့ကလေးက ပျော့တော့တော့နဲ့။ ကျောင်းမှာလဲ အမြဲအနိုင်ကျင့်ခံရတယ်လို့ကြားတယ်။ ရိုက်ခံရတာ နားတစ်ဖက်တောင် ကန်းသွားရှာတာ ဟင်း!"
ရှောက်ချွင်၏ ခန္ဓာကိုယ်ကတုန်သွားပြီး ခေါင်းမော့ကာ မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း
"သူ သူ့နား"
"ဩော ဒါလဲမင်းမသိတာ မဆန်းပါဘူး။ ငါလဲ အဲ့နားတစ်ဖက်ကဘယ်ဘက်လဲမေ့နေပြီ။ ဘာဖြစ်ဖြစ် နားတစ်ဖက်ကတော့ မကောင်းတော့ဘူး။အသံသိပ်မကြားနိုင်တော့ဘူး။ ကြားတာတော့ကြားနေရတော့ ပုံမှန်ဆို ဘယ်သူမှ သတိမထားမိဘူးလေ"
ရှောက်ချွင်သည် လီဝိန်ရွှင့်ကို လှည့်ကြည့်သည်။
လီဝိန်ရွှင့်သည်လည်း နေရာမှာတင်ငိုင်နေကာ ရှောက်ချွင်အားကြည့်ရင်း မလုံမလဲပြောလိုက်သည်။
"ဘာကြည့်တာလဲ? ငါရိုက်လိုက်တာမှ မဟုတ်တာ"
ရှောက်ချွင် ဆတ်ခနဲခေါင်းငိုက်စိုက်ကျသွားသည်။
သူသည် လီချိန်ရှို့နှင့်အတော်ကြာကြာရှိခဲ့တာတောင် လီချိန်ရှို့၏ နားတစ်ဖက်ကို သတိမထားမိခဲ့။ ပြောသင့်တာက သူလီချိန်ရှို့နှင့်ပတ်သက်ပြီး ဘာမှအသေးစိတ် လေ့လာခဲ့ခြင်းမရှိဖူးပေ။ သူဘာလိုအပ်သလဲ။ သူ့စိတ်ထဲ ဘာခံစားနေရသလဲ။ ဒါတွေအားလုံးက သူအရင်က စဉ်းစားတွေးတောစရာမလိုခဲ့။
စေ့စေ့စပ်စပ်တွေးကြည့်လျှင် သူဘယ်လိုခေါ်ခေါ် လီချိန်ရှို့ ပြန်မထူးခဲ့သည့် အကြိမ်ရေအနည်းငယ် တကယ်ရှိခဲ့သည်။
ရှောက်ချွင်သည် ထိုစဉ်က လီချိန်ရှို့ခံစားခဲ့ရသော အနိုင်ကျင့်မှုများကို ပြန်တွေးကြည့်မိသည်။ ဘယ်သူလုပ်ခဲ့သလဲ စဉ်းစားမရ။ သူတို့အုပ်စုပင် ဘယ်လောက်တောင် အနိုင်ကျင့်ခဲ့ကြသလဲ။
လီဝိန်ရွှင့်၏ အမူအရာသည် အနည်းငယ်အနေခက်နေပြီး စိတ်ထဲတွင် မတွေးပဲမနေနိုင်ခဲ့။ အဲ့တုန်းက သူရိုက်လိုက်တဲ့ တစ်ချက်က နားကိုပါကန်းသွားစေတာ မဟုတ်လောက်ပါဘူးနော်။
ရှောက်ချွင်၏ စိတ်ထဲတွင် ဝမ်းနည်းလာ၍ အသက်ပင်ဝဝမရှူနိုင်တော့။ နာကျင်ဝမ်းနည်းခြင်း ၊ အပြစ်တင်စိတ်နှင့် နောင်တတရားတို့က သူ့အား အဆုံးစွန်ထိ နစ်မွန်းနေစေပြီ။
ထိုစဉ်က သူငယ်ရွယ်သေးသည်။ သူနှင့်လီချိန်ရှို့ကြားက ကိစ္စကို လူသိခံလိုက်ရပြီးနောက် ဦးနှောက်ထဲ ဗလာဖြစ်ခဲ့ကာ သူများက သူ့ကို ထူးဆန်းရွံရှာဖွယ်ကောင်းသည့် လိင်တူကြိုက်သူဟု သတ်မှတ်လိုက်မှာကို ကြောက်ဖို့ပဲ သိနေခဲ့သည်။ ထို့ကြောင့် ရှောင်ပြေးခဲ့၏။
သူ့ညီအကိုများက လီချိန်ရှို့ကိုနှုတ်ပိတ်ဖို့ ဘယ်လိုလုပ်ရပ်များလုပ်ခဲ့ကြမည်လဲ မတွေးဖြစ်ခဲ့။ ထိုစဉ်က တုန်လှုပ်မှုနှင့်ကြောက်ရွံ့မှုကြောင့် သူ့ကိုယ်သူပင်မနည်း တွေးတောနေခဲ့ရပြီး လီချိန်ရှို့ကို ဂရုမထားနိုင်ခဲ့။
နောက်တော့ သူ နိုင်ငံခြားထွက်ခဲ့သည်။ လူ့ပေါ်ကျော့ဘဝကို လွတ်လပ်စွာ နေထိုင်ခဲ့ပြီး တဖြည်းဖြည်း မေ့လျော့သွား၏။
သူအခုမှ တွေးမိသည်။ သူ၏ရှောင်ပြေးခြင်းက လီချိန်ရှို့ကို ဘယ်လောက်ကြီးမားတဲ့ နာကျင်မှုများကို ဆောင်ယူစေခဲ့သလဲ။ ဒါကြောင့် သူတို့ပြန်တွေ့ချိန်မှာ ရန်သူလို ကြောက်ရွံ့မုန်းတီးမှုတွေ ပြည့်နေခဲ့တာ။
သူသည် အမျိုးမျိုး အကွက်ချ အစီအစဉ်ချကာ သူ၏နှလုံးသားတံခါးကို မိမိအတွက်ဖွင့်စေခဲ့ပြီး နောက်တစ်ကြိမ် နာကျင်စေခဲ့၏။ လီချိန်ရှို့က ဘယ်လိုလုပ် သူ့ကို ထပ်ယုံကြည်နိုင်တော့မလဲ။
ရှောက်ချွင်သည် ခြေဖျား လက်ဖျားများပါ အေးစက်နေပြီး နှလုံးသားမှာ ညက်ညက်ကြေသွားသည့်နှယ်။ သတိလေးဖြင့် အိတ်ကပ်ထဲမှ ဓာတ်ပုံလေးကို ပွတ်သပ်မိသည်။
အဘွားအိုက ပွစိပွစိ စကားတစ်ချို့ပြောနေပြီး မကြာမီပင် သူ့သားဖြစ်သူပြန်လာသည်။
အဘွားအို၏ သားက လီချိန်ရှို့၏ ဆွေမျိုးထံ ဖုန်းဆက်ပြောလိုက်ကာ ဖုန်းချပြီးနောက် သူတို့ကို ခေါ်သွား၏။
နှစ်ယောက်သား ထွက်လာချိန်တွင် မိုးချုပ်လုပြီဖြစ်ပြီး အလင်းရောင်အနည်းငယ်သာ ကျန်တော့၏။ နှစ်ယောက်လုံး၏ မျက်နှာမကောင်းသည်ကို အလွယ်တကူ မြင်နိုင်သည်။
နစ်တစ်ခါ မြုပ်တစ်လှည့် ရွံ့လမ်းပေါ်လျှောက်သွားရပြီးနောက် အဘွားအို၏ သားက သူတို့အား ဘတ်စ်ကားဂိတ်အနီးရှိ တိုက်တန်းများဆီ ပို့ပေးသည်။
ဆယ်မိနစ်သာသွားရသည့် အကွာအဝေးဖြစ်သော်ငြား အိမ်ဟောင်းရှိရာနှင့် မိုးနှင့်မြေပမာ ကွာခြားပါသည်။
သူတို့ကို ခေါ်လာပြီးနောက် အနည်းငယ်ဖြူသန့်သော မိန်းမတစ်ယောက်က တံခါးလာဖွင့်ပေးသည်။ လီချိန်ရှို့က သူ့အား ဒေါ်ဒေါ်လေးဟု ခေါ်ဆိုကြောင်း ရှောက်ချွင်မှတ်မိသည်။
လီဝိန်ရွှင့်က အဘွားအို၏ သားထံ ငွေအနည်းငယ်ပေးလိုက်ကာ ထိုလူက နှစ်ကြိမ် သုံးကြိမ်ငြင်းဆိုပြီးနောက်တွင် လက်ခံထားလိုက်သည်။
ဒေါ်လေးက သူတို့နှစ်ယောက်မှာ သန့်သန့်ပြန့်ပြန့်နှင့် ရုပ်ရည်ကလည်း ချောမောသည်ဖြစ်ရာ အားနာစွာဖြင့် အိမ်ထဲဝင်ထိုင်ခိုင်းလိုက်သည်။
ရှောက်ချွင်သည် ဝင်ဝင်ချင်း လာရခြင်းအကြောင်းအား သေချာပြောပြကာ လီချိန်ရှို့က သူတို့ထံတွင် အလုပ်လုပ်ကြောင်း အကြောင်းပြချက် ဖန်တီးရသည်။ အခုကိစ္စရှိ၍ ဒေါ်လေးအား နည်းလမ်းရှာပြီး သူ့အားရှာကူပေးပါရန် ပြောရသည်။
လီဝိန်ရွှင့်ကလည်း ဘေးမှနေ၍ ရှာတွေ့ပါက လေးလေးနက်နက်ကျေးဇူးဆပ်မည်ဖြစ်ကြောင်း ပြောသည်။
ဒေါ်လေးက ဝမ်းသာအားရပြော၏။
"ဒါဆိုရင်တော့ မင်းတို့ လူမှန်တွေ့တာပဲကွယ်။ အဲ့ကလေးရဲ့ အမေဂူသွင်းတုန်းက အဒေါ်ရဲ့သားပဲ ဆက်သွယ်ပေးခဲ့တာလေ။ အခုနေရာတောင် ရှာတွေ့ရင်တွေ့မှာ။ အဲ့ဘက်မှာ အုတ်ဂူသုံးလေးခုရှိတယ်။ နေရာပကနည်းနည်းရှုပ် ပေမဲ့ စောင့်ရှောက်ပေးတဲ့သူတော့ရှိတယ်။ လီချိန်ရှို့က နှစ်တိုင်း အဲ့လူဆီပိုက်ဆံပို့ပြီး သူ့အမေဂူကို ရှင်းခိုင်းတယ်ထင်တယ်"
ရှောက်ချွင်က အမြန်ဝင်မေးသည်။
"အဲ့လူကို ဆက်သွယ်လို့ရနိုင်လား?"
"ရတာပေါ့။ ရတာပေါ့။ အဒေါ်တို့နေတဲ့နေရာနဲ့တော့ နည်းနည်းလှမ်းတယ်။ ကားနဲ့ကို သုံးလေးနာရီစီးသွားရမှာ ။ ဒီနေ့တော့ မဖြစ်တော့ဘူး။ မနက်ဖြန်သွားမှရမှာ"
ရှောက်ချွင်၏ စိတ်ထဲတွင် မျှော်လင့်ချက်မီးရောင်လေး ထွက်ပြူစပြုသည်။
အကယ်၍ လီချိန်ရှို့သာ ငွေပို့ပါက သူနေသည့်နေရာကို သိနိုင်မည်။ အဲ့အချိန် ဘယ်လောက်ပဲ ပေးဆပ်ရပါစေ လူကို မရရအောင်ပြန်ရှာလာမည်။
ရှောက်ချွင်၏ ရှုပ်ထွေးနေသော ပုံစံကိုကြည့်ရင်း လီဝိန်ရွှင့်က သူကောင်းကောင်းမွန်မွန်ရှေ့ဆက်နိုင်မည် မထင်၍ ဒေါ်လေးအား စကားစဖြတ်ကာ ပါသမျှငွေအားလုံးထားခဲ့ပြီး ဆက်သွယ်ရန်လိပ်စာကဒ်ပေးထားခဲ့သည်။
ဒေါ်လေးမှာ အပြုံးပန်းဝေလျက် မနက်ဖြန်သူ့သားအား ဆက်ဆက်သွားရှာခိုင်းပြီး အခြေအနေကို စုံစမ်းခိုင်းမည်ဟုဆိုသည်။
မပြန်ခင် ဒေါ်လေးက သူတို့အားမေးသည်။
"အဲ့ကလေး မင်းတို့ဆီ အလုပ်လုပ်တုန်းက အခြေအနေရောကောင်းတယ်မလား? သူ ချမ်းသာနေပြီမလား? မဟုတ်ရင် ခဏလေးနဲ့ ပိုက်ဆံတစ်ခါတည်းဆပ်နိုင်မှာမဟုတ်ဘူးလေ"
ရှောက်ချွင်သည် တောင့်တောင့်ကြီးခေါင်းညိတ်လိုက်ကာ စကားမဆိုနိုင်။
ဒေါ်လေးက သက်ပြင်းတချချဖြင့်
"အဲ့ကလေးခမျာ တကယ်တော်တာပါကွယ်။ အရင်က အလယ်တန်းတောင်မပြီးသေးဘူး စာရင်းကိုင်လက်မှတ်တောင် ဖြေလို့ရနိုင်တယ်။ သူအဲ့တုန်းက ဘယ်လောက် ခက်ခဲပင်ပန်းလဲ မင်းမသိပါဘူး။ သူက စာတော်တော့ ကျောင်းကလဲ အတန်းတက်ပေးဖို့ အိမ်ထိတောင်လာရှာတာကို သူက လုံးဝမတက်တော့တာ။ ဒေါ်လေးသူ့ကို နားချပါသေးတယ်။ သူက အမေ့ကိုလဲ ပြုစုရဦးမယ်တဲ့။ နောက်တော့ ဒေါ်လေးကို တိုးတိုးတိတ်တိတ်ပြောပြရှာတယ်။ သူ ကျောင်းမှာ ဆက်နေလို့မရတော့ဘူး။ ကျောင်းသားတွေက သူ့ကို အမြင်မကြည်ကြတော့ဘူးတဲ့လေ။ အဲ့တုန်းက ဒေါ်လေးဖြင့် ဘယ်လောက်တောင် ဝမ်းနည်းခဲ့ရသလဲ။ သူ့ကိုကလဲ မကူညီနိုင်ခဲ့ဘူး။ အခု သူအဆင်ပြေနေပြီဆိုတာ ကြားရတော့ စိတ်အေးရပါပြီကွယ်"
ရှောက်ချွင်နှင့် လီဝိန်ရွှင့်တို့ ဒေါ်လေးအိမ်မှ ထွက်လာပြီး နှစ်ယောက်သား တစ်လမ်းလုံးစကားမဆိုကြ။
ကောင်းကင်မှ လရောင်က လင်းလိုက် ကွယ်သွားလိုက်နှင့် ညကို ပိုမိုအေးစက်အောင် ထပ်လောင်းဖြည့်စွက်သည့်နှယ်။ နှစ်ယောက်သား ရွာအဝင်ရောက်တော့ ယာဉ်မောင်းက သူတို့အား စောင့်နေဆဲပင်။
လီဝိန်ရွှင့်က ရုတ်တရက် အနည်းငယ် မလုံမလဲဖြင့် စကားစသည်။
"သူငယ်တုန်းက ဒီလောက်ခက်ခဲပင်ပန်းမယ်လို့ မထင်ထားဘူး"
ရှောက်ချွင်သည် အသက်ပြင်းပြင်းရှိုက်လိုက်သည်။ ရှူထုတ်လိုက်ချိန်၌ လည်စေ့ပါ တုန်ရီနေ၏။
သူအသက်ဆယ့်နှစ်နှစ်အရွယ်ဆီ အချိန်ကူးပြောင်းသွားကာ မိမိကိုယ်မိမိ ရိုက်နှက်ပစ်ချင်မိသည်။
ရှောက်ချွင်သည် မိမိပြုခဲ့သောကိစ္စတစ်ခုအတွက် နောင်တရသည်မှာ ရှားပါးလွန်းသည်။ လီချိန်ရှို့တစ်ယောက်တည်း အတွက်သာ သူလုပ်ခဲ့ဖူးသည့် ကိစ္စအတွက် သည်းခြေထဲထိ နောင်တရမိတာဖြစ်သည်။
မိမိ၏ ထိုစဉ်က မိုက်ရိုင်းရမ်းကားခဲ့ခြင်းကြောင့် အချိန်ဖြုန်းဖို့သက်သက် သူ့ကို အနိုင်ကျင့်ခဲ့သည်။ အနိုင်ကျင့်ပြီးတော့လည်း တစ်ကိုယ်တည်း ပစ်ထားရစ်ခဲ့၏။
လီချိန်ရှို့သည် ထိုစဉ်က အဲ့သလောက်တောင် ထက်မြက်ထူးချွန်ခဲ့ပြီး မိမိကြောင့်သာ မဟုတ်ပါလျှင် သူက လက်ရှိနှင့် လားလားမှ မတူသော အလင်းတစ်စဖြစ်လိမ့်မည်။ အနည်းဆုံးတော့ အဲ့လောက် ကိုယ့်ကိုကိုယ်မနှိမ့်ချတော့ဘဲ လူတွေနှင့် ဆက်ဆံရမှာ အဲ့သလောက် မကြောက်လောက်ပေ။
မိမိ ဒီနှစ်တွေအတွင်း ဘာတွေများ လုပ်နေခဲ့သလဲ။ ကြီးပြင်းလာသည့်တိုင် တိုးတက်ရင့်ကျက်ခြင်းမရှိသည့် အမှားများအား ထပ်တလဲလဲ ကျူးလွန်သည်။ လီချိန်ရှို့ကို နာကျင်စေခဲ့ရုံမျှမက မိမိ၏ ချစ်ခြင်းမေတ္တာကို မိမိကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့သည်။
တစ်ပတ်ပြန်လည်ပြီးနောက် ဝဋ်က သူ့ဆီပြန်သက်ရောက်လာသည်။
အကယ်၍ လီချိန်ရှို့ကို ရှာတွေ့လျှင်တောင် သူဘယ်လိုလုပ်မှ သူ့အနားကို ပြန်ခေါ်နိုင်မှာလဲ? သူ့မှာ ဒီလိုအခွင့်ရော ရှိပါရဲ့လား? ရှောက်ချွင်၏ စိတ်နှလုံးထဲမှ အကြောက်တရားသည် ပြောလည်းမထွက် မျိုလဲမကျနှင့် ရင်ဘတ်၌သာ ထုံးဖွဲ့နေကာ သူ့အား မွန်းကျပ်နေစေသည်။
သုံးလေးရက်ကြာပြီးနောက် ဒေါ်လေးက သူ့ဆီဖုန်းဆက်လာကာ ထိုလူနှင့် အဆက်အသွယ်ရကြောင်းပြောသည်။
ရှောက်ချွင်က လီချိန်ရှို့ ထိုလူနှင့်အဆက်အသွယ်ရှိမရှိ တရစပ်မေးလိုက်သည်။
ဒေါ်လေးက လီချိန်ရှို့အမေ၏ နှစ်ပတ်လည်က ကိုးလပိုင်းဖြစ်၍ လီချိန်ရှို့ကပုံမှန်ဆို နှစ်လသုံးလလောက် ငွေကြိုလွှဲတတ်သည် ဟုပြောသည်။ နှစ်တိုင်း မပျက်ကွက်တတ်သော်လည်း အချိန်အတိအကျမရှိ၍ စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။
ရှောက်ချွင်၏ စိတ်ထဲ အေးခဲသွားသည်။ သူ အနည်းဆုံးသုံးလလောက်စောင့်ရမှ သတင်းရမည်။ သို့သော် ဘာမှမသိရတာထက်စာရင် ဒီလိုက တော်ပါသေးသည်။
တစ်ရက်ပြီးတစ်ရက် စောင့်ဆိုင်းရုံကလွဲလျှင် သူ့မှာ တစ်ခြားနည်းလမ်းမရှိပေ။ အပြစ်ကို သိ၍ စောင့်ဆိုင်းနေရသည့် အရသာက ကိုယ့်ကိုကိုယ် စစ်ကြောခံနေရသည့်ပမာ ထိုအရိုးစွဲနေသည့် အလွမ်းဓာတ် ၊ အဆုံးမရှိသည့် နောင်တတို့က ရှောက်ချွင်၏ အသိစိတ်တို့ကို နင်းချေတော့မတတ်ဖြစ်နေလေပြီ။
လီချိန်ရှို့ အလုပ်ဝင်ပြီးနောက် နေ့ရက်တွေက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။
သူအလုပ်ဆင်းချိန်တွင် ရှောင်ကျိ၏ ဖုန်းကို ရောင်းပေးလိုက်သည်။
ဖုန်းပေးလိုက်သည့်အချိန် မေးလိုက်ရာ လူကိုပင်လန့်သွားစေသည်အထိပင်။ တစ်ဖက်မှ ရှစ်ရာသာ ဈေးပေးသည်။
လီချိန်ရှို့က သူ့အား ဈေးနှိမ်ပေးသည်ထင်သော်လည်း သူ့အခြေအနေမှာ သူများနှင့်ဈေးညှိရန်မသင့်တော်ပေ။ တစ်ဆိုင်ပြီးတစ်ဆိုင်လိုက်မေးသော်လည်း အခြေခံအားဖြင့် ဒီလောက်ဈေးသာပေးကြသည်။
ဒီဖုန်းက အသစ်ထွက်ထားသော်လည်း ဘယ်လောက်သစ်နေနေ တစ်လက်ကိုင်ဖြစ်သည်။ ပြီးတော့ ဒီဖုန်းက သေချာ ထိန်းသိမ်းခြင်းမရှိ၍ မျက်နှာပြင်တွင် အစင်းများရှိနေသောကြောင့် ဈေးကောင်းမရနိုင်ဟုသာ ပြောသည်။
လီချိန်ရှို့ ကြည့်လိုက်ပြီးနောက် အမှန်တကယ်ပင် အစင်းရာများရှိနေသည်။ ရှောင်ကျိပုံကလည်း စည်းကမ်းတရှိကိုင်မည့်ပုံမရှိပေ။
စိတ်ထိုင်းမှိုင်းစွာ အိမ်ပြန်ရောက်တော့ လီချိန်ရှို့ ရှောင်ကျိထံ ပြောပြလိုက်သည်။
ရှောင်ကျိက စိုက်ကြည့်ရင်း
"ဘာ? ရှစ်ရာတည်း? အဲ့လူက တော်တော်ဈေးဖြတ်တာပဲ"
လီချိန်ရှို့လည်း မတတ်နိုင်ပေ။
"သူတို့က ၊ ဒီလောက်ပဲ ၊ ပေးကြတယ်"
ရှောင်ကျိက အံကိုကြိတ်၍
"ရှစ်ရာဆိုတော့လဲ ရှစ်ရာပေါ့။ ခင်ဗျား ကျွန်တော့်ကို ကူရောင်းပေးလေ။ တစ်ခါတည်း လက်ပ်တော့ပါ ပြန်ဝယ်လားမေးပေးခဲ့"
လီချိန်ရှို့ကြည့်လိုက်သော် ရှောင်ကျိက ပစ္စည်းရောင်းပြီးရှေ့ဆက်ရန်တွေးပုံရသည်။ ဒီလိုသာဆိုဘယ်ဖြစ်မှာလဲ။
အရင်နှစ်ရက်က ကုန်ရွှေ့သည့် တစ်ယောက်က ခြေထောက်ထိသွားသည်ကို သူ သတိရသွားသည်။ ကုမ္ပဏီမှာ လူလိုနေ၏။ ရှောင်ကျိသည်လည်း အကျင့်စရိုက်ကလည်း မဆိုး၊ အလကား အားအားနေတာလည်းဖြစ်၍ ပြောပြလိုက်သည်။
ရှောင်ကျိက တစ်ရက်ဘယ်လောက်ရမလဲမေး၏။
လီချိန်ရှို့က စဉ်းစားလိုက်သည်။
"ငါးဆယ် ခြောက်ဆယ်ပေါ့"
ရှောင်ကျိက သူနားကြားမှားသည်ထင်၏။
"ဘယ်လောက်?"
"ငါးဆယ် ခြောက်ဆယ်"
ရှောင်ကျိက မယုံနိုင်သလို အမူအရာဖြင့် ထူးဆန်းသလို အော်သည်။
"ရူးနေလား။ သွားမလုပ်နိုင်ပါဘူး"
လီချိန်ရှို့က မျက်မှောင်ရေးရေးကျုံ့ပြီးပြောသည်။
"ဒါပေမဲ့ မင်း ပစ္စည်းတွေ ထိုင်ရောင်းပြီး ရှေ့ဆက်လို့မရဘူးလေ"
ရှောင်ကျိမျက်နှာက ညိုကျသွားကာ
"ခင်ဗျား ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့။ ကျွန်တော့်ဘာသာ နည်းလမ်းရှာကြည့်မယ်"
လီချိန်ရှို့သည် သူ့ပုံစံကိုကြည့်လိုက်သည်နှင့် လောကဓံအကြောင်းမသိဘဲ နေ့စဉ်ဘဝလိုအပ်ချက်များအတွက် စိတ်မပူပန်ခဲ့ဖူးသည်မှာ သိသာ၏။ ဒီလိုလူကတော့ သိပ်မကြာခင် အိမ်ပြန်သွားလိမ့်မည်။ ဒီလိုလဲ ကောင်းတာပါပဲဟု စိတ်ထဲ တွေးမိသည်။
ရှောင်ကျိသည် ဆိုဖာပေါ်ထိုင်နေရင်း ဘယ်သူနှင့် စိတ်ကောက်နေသည်မသိ။ ခေါင်းငုံ့ကာ မိမိနာရီကိုကြည့်ရင်း အတန်ကြာပွတ်သပ်နေပြီး စိတ်မပြတ်နိုင်ဘဲ တွေဝေနေပုံရသည်။
အကြာကြီးတွေဝေနေပြီးမှ လီချိန်ရှို့ထံ သနားစဖွယ်မျက်နှာဖြင့်မော့ကြည့်ရင်း
"ကျွန်တော်ဗိုက်ဆာနေပြီ။ ခင်ဗျားကို တစ်နေ့လုံး စောင့်နေတာ"
လီချိန်ရှို့လည်း မတတ်သာတော့။
"ခဏလေးထပ်စောင့်။ ရတော့မယ် "
ရှောင်ကျိက ရှောင်ချာပေးကို ပွေ့ချီလျှောက်လာရင်း ပွစိပွစိပြောသည်။
"နောက် ရုံးစောစောဆင်းလာလို့မရဘူးလား။ ခင်ဗျား နောက် ဒီလောက်နောက်ကျမှ ပြန်လာလို့ ကျွန်တော် စိတ်ပူရင် သူ့ကိုစားပစ်လိုက်မှာနော်"
လီချိန်ရှို့ကရယ်သည်။
"ရေခဲသေတ္တာထဲမှာ ရှိနေတာပဲ။ ကိုယ့်ဘာသာ လုပ်စားပါလား''
"ခင်ဗျားလုပ်တာလောက်မှ မကောင်းတာ"
လီချိန်ရှို့မှာ အရယ်စွက်၍ ခေါင်းယမ်းသည်။ သူချက်ပြုတ်နေချိန်တွင် ရှောင်ကျိက ရှောင်ချာပေးကိုပွေ့၍ ဟိုဒီလှည့်ပတ်နေ၏။
လီချိန်ရှို့သည် တစ်ခါတစ်လေ သူမွေးထားမိတာ ခွေးနှစ်ကောင်လားဟု တွေးမိသည်။
သုံးလေးရက်ကြာပြီးနောက် ရှောင်ကျိသည် လက်ပ်တော့ကိုပါ တကယ်ရောင်းပစ်လိုက်သည်။ လီချိန်ရှို့သည် သူ့အိမ်အလွတ်ကိုကြည့်ရင်း သူ့မှာ ဘာထပ်ရောင်းစရာများကျန်သေးလဲ မသိတော့။
ထင်သည့်အတိုင်းပင် အိမ်လခပေးပြီး သူ့ထံ စားစရိတ်နှစ်ထောင်ကျော် အတင်းထိုးပေးပြီးနောက်တော့ ရှောင်ကျိမှာ ရှိုးတိုးရှန့်တန့်ဖြင့် မေးလာသည်။
"ခင်ဗျား အဲ့က လူလိုသေးလား?"
လီချိန်ရှို့က တာဝန်ရှိသူထံ ဖုန်းဆက်လိုက်ပြီး ရှောင်ကျိက သူ့ညီလေးဖြစ်ပြီး မုန့်ဖိုးပဲဖိုးရှာချင်၍ဟု ပြောလိုက်သည်။
တာဝန်ခံက စကားပြောကောင်းသည်။ သူ့အား လာခဲ့ခိုင်းသည်။ မဟုတ်လဲ အလုပ်က ဘာနည်းနာနိဿယမှမလို။ ပစ္စည်းရွှေ့ရုံသာ။
လီချိန်ရှို့ထင်ခဲ့သော လွယ်ကူသည့်အလုပ်သည် ပထမဆုံး အလုပ်တက်ရက်မှာပင် ရှောင်ကျိတို့ ပြဿနာတက်တော့သည်။
ထိုအချိန်၌ သူသည် ရုံးခန်းထဲတွင် ကိန်းဂဏန်းများဖြင့် အလုပ်ရှုပ်နေတုန်းဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အပြေးဝင်လာကာ သူ့ညီလေးရန်ဖြစ်နေပြီး ဆွဲတား၍ပင်မရ၍ မြန်မြန်လာကြည့်ရန် ပြောသည်။
လီချိန်ရှို့လည်း ချက်ချင်း လန့်သွားကာ ဂိုဒေါင်သို့ အမြန်လိုက်ရသည်။
ဂိုဒေါင်ပင်မရောက်သေး။ ထိုဘက်မှ တဖုန်းဖုန်းအသံနှင့် ဒေါသဖြင့်အော်သံများအားကြားရသည်။
လီချိန်ရှို့ ဝင်ကြည့်ကြည့်ချင်း မြေပြင်ပေါ် အလုပ်သမား သုံးလေးယောက် လဲကျနေပြီး ရှောင်ကျိ၏ မျက်နှာမှာ နီရဲနေကာ သုံးလေးယောက်က ပွေ့ဆွဲတားထားသည့်ကြားကပင် အတင်းရိုက်နှက်ရန်ရုန်းနေ၏။
လီချိန်ရှို့ တစ်ခွန်းအော်လိုက်သည်။
"ရှောင်ကျိ!"
ရှောင်ကျိက လီချိန်ရှို့ကို တစ်ချက်လှည့်ကြည့်သော်လည်း မျက်နှာရောလည်ပင်းပါနီရဲနေပုံမှာ ဒေါသမသေးဟု မြင်ရသည်။
သူ့အားဖက်ထားသူများမှာလည်း လီချိန်ရှို့ရောက်သည်နှင့် လက်ကအလိုလိုပြေလျော့သွားသည်။
ရှောင်ကျိက ထိုလူ၏ ကော်လံမှ ဆွဲတွန်းလိုက်ပြီး မြေပြင်တွင်လဲနေသည့် အလုပ်သမားကို ထပ်ကန်ရန်ပြင်သည်။
လီချိန်ရှို့က အော်ပြောသည်။
"မရိုက်နဲ့တော့!!"
ပြောရင်း သူ့ဆီသွားရသည်။
ရှောင်ကျိက ဒေါသအထွဋ်အထိပ်ရောက်နေရာ သူ့အား မျက်လုံးထဲ မမြင်ပေ။ လီချိန်ရှို့သူ့အနားရောက်နေတာလည်း သတိမမူမိ။
လီချိန်ရှို့ ဆွဲတားရန်ပြင်ချိန်မှာပဲ ရှောင်ကျိက တံတောင်ဖြင့် သူ့အား မေးစေ့ကိုရိုက်မိသည်။
လီချိန်ရှို့၏ သွားက လျှာကိုကိုက်မိသွားပြီး ခံတွင်းထဲ သွေးညှီနံ့ကပျံ့တက်လာကာ သူ့ဦးနှောက်တွင်း တဝုန်းဝုန်းမြည်ဟည်းလာသည်။ မျက်ဝန်းထဲမှ အရာအားလုံး မှောင်မိုက်သွားကာ အနောက်ပြန် လဲကျသွားတော့သည်။
-----------------------------------------------------------------------------------------------------------------------------
[Zawgyi]
ေရွာက္ခြၽင္က အဘြားအိုထံမွ ထိုဓာတ္ပုံေလးကို ေတာင္းလိုက္သည္။
ထိုဓာတ္ပုံက အဘြားအို၏ေဆြမ်ိဳးတစ္ေယာက္မဂၤလာေဆာင္တြင္ ႐ိုက္ထားျခင္းျဖစ္သည္။ထိုစဥ္က တစ္႐ြာလုံးအား ဖိတ္ၾကားခဲ့ၿပီး ဓာတ္ပုံထဲ၌ အေရးႀကီးသူလည္းပါမေန၍ အဘြားအိုက သူ႔အား ေပးလိုက္သည္။
ေရွာက္ခြၽင္သည္ ထိုဓာတ္ပုံအား တယုတယ တန္ဖိုးထားသိမ္းယူလိုက္သည္။
အဘြားအိုက သိခ်င္သြားသည္။
"မင္းတို႔က အဲ့ကေလးရဲ႕ အတန္းေဖာ္ေတြလား? သူက ေတာင္ပိုင္းမွာ အလုပ္လုပ္ေနတာမလား? မင္းတို႔က သူ႔အမ်ိဳးကိုရွာၿပီး ဘာလုပ္မလို႔လဲ?"
ေရွာက္ခြၽင္သည္ ဤေဖာ္ေ႐ြေသာ အဖြားအိုအား မည္သို႔ျပန္ေျဖသင့္သည္မသိ။ သူ႔လူေပ်ာက္သြား၍ ေသခ်ာေပါက္ ျပန္ရွာလာရသည္ပင္။
အဘြားအိုက သူျပန္မေျဖသည္ကိုေတြ႕ေသာ္ ထပ္မေမးေတာ့ဘဲ သက္ျပင္းခ်သည္။
"ဒီကေလးက လိမၼာတဲ့ကေလးပါကြယ္။ ဒီႏွစ္ေတြမွာ သူအဆင္ေရာေျပရွာရဲ႕လား? မႏွစ္ကထိေတာင္ လတိုင္း ေငြဆပ္တုန္းပဲ။ ေနာက္ေတာ့ တစ္ခါတည္း အျပတ္ဆပ္သြားေတာ့ ခ်မ္းသာေနၿပီလား?"
ေရွာက္ခြၽင္က ေတာင့္တင္းစြာ ေခါင္းညိတ္သည္။
"သူ႔အေမျဖစ္တဲ့ညက ငါေတာင္ သြားကူညီလိုက္ေသးတယ္။ သူ႔အိမ္ေဟာင္းက ငါနဲ႔သိပ္မေဝးဘူးေလ။ ညႀကီးအိပ္ေမာက်ေနတုန္းရွိေသး သူ႔မွာ ေအာ္လိုက္ ငိုလိုက္နဲ႔ အကူအညီေတာင္းရရွာတာ။ တစ္႐ြာလုံးနီးပါးကိုႏိုးေရာပဲ။ ေျပာရရင္လဲ ထူးဆန္းတယ္။ အဲ့ကေလးက အဲ့ေန႔က်မွ ဆယ့္ႏွစ္နာရီေလာက္မွ အိမ္ျပန္ေရာက္တာ။ ဘာလို႔အဲ့ေလာက္ေနာက္က်မွ ျပန္လာလဲမသိပါဘူး။ ေစာေစာျပန္လာၿပီး ေစာေစာေဆး႐ုံပို႔ရင္ေတာ့ ကံေကာင္းရင္ ကယ္ႏိုင္ဦးမွာ။ သူ႔အေမကလဲ ေန႔ရွိသေ႐ြ႕ အရက္ေသာက္ေနတာေလ။ ဘယ္မွာ ဒီလိုအေမမ်ိဳးရွိလို႔လဲ။ ေကာင္းေရာ ေနာက္ဆုံးေတာ့ ဒုကၡိတပါျဖစ္ေရာ။ သူ႔အေမေဆး႐ုံတင္လိုက္ရေတာ့ သူလဲေက်ာင္းထြက္လိုက္ရေတာ့တာပါပဲ''
လီဝိန္႐ႊင့္၏ အမူအရာက ေျပာင္းလဲသြားသည္။ သူငယ္စဥ္က စေနာက္ခဲ့ျခင္းကို သတိရသြားသည္။ ျဖစ္ႏိုင္သည္။
"အဲ့ကေလးက ေပ်ာ့ေတာ့ေတာ့နဲ႔။ ေက်ာင္းမွာလဲ အၿမဲအႏိုင္က်င့္ခံရတယ္လို႔ၾကားတယ္။ ႐ိုက္ခံရတာ နားတစ္ဖက္ေတာင္ ကန္းသြားရွာတာ ဟင္း!"
ေရွာက္ခြၽင္၏ ခႏၶာကိုယ္ကတုန္သြားၿပီး ေခါင္းေမာ့ကာ မယုံၾကည္ႏိုင္စြာ ၾကည့္လိုက္ရင္း
"သူ သူ႔နား"
"ေဩာ ဒါလဲမင္းမသိတာ မဆန္းပါဘူး။ ငါလဲ အဲ့နားတစ္ဖက္ကဘယ္ဘက္လဲေမ့ေနၿပီ။ ဘာျဖစ္ျဖစ္ နားတစ္ဖက္ကေတာ့ မေကာင္းေတာ့ဘူး။အသံသိပ္မၾကားႏိုင္ေတာ့ဘူး။ ၾကားတာေတာ့ၾကားေနရေတာ့ ပုံမွန္ဆို ဘယ္သူမွ သတိမထားမိဘူးေလ"
ေရွာက္ခြၽင္သည္ လီဝိန္႐ႊင့္ကို လွည့္ၾကည့္သည္။
လီဝိန္႐ႊင့္သည္လည္း ေနရာမွာတင္ငိုင္ေနကာ ေရွာက္ခြၽင္အားၾကည့္ရင္း မလုံမလဲေျပာလိုက္သည္။
"ဘာၾကည့္တာလဲ? ငါ႐ိုက္လိုက္တာမွ မဟုတ္တာ"
ေရွာက္ခြၽင္ ဆတ္ခနဲေခါင္းငိုက္စိုက္က်သြားသည္။
သူသည္ လီခ်ိန္ရႈိ႕ႏွင့္အေတာ္ၾကာၾကာရွိခဲ့တာေတာင္ လီခ်ိန္ရႈိ႕၏ နားတစ္ဖက္ကို သတိမထားမိခဲ့။ ေျပာသင့္တာက သူလီခ်ိန္ရႈိ႕ႏွင့္ပတ္သက္ၿပီး ဘာမွအေသးစိတ္ ေလ့လာခဲ့ျခင္းမရွိဖူးေပ။ သူဘာလိုအပ္သလဲ။ သူ႔စိတ္ထဲ ဘာခံစားေနရသလဲ။ ဒါေတြအားလုံးက သူအရင္က စဥ္းစားေတြးေတာစရာမလိုခဲ့။
ေစ့ေစ့စပ္စပ္ေတြးၾကည့္လွ်င္ သူဘယ္လိုေခၚေခၚ လီခ်ိန္ရႈိ႕ ျပန္မထူးခဲ့သည့္ အႀကိမ္ေရအနည္းငယ္ တကယ္ရွိခဲ့သည္။
ေရွာက္ခြၽင္သည္ ထိုစဥ္က လီခ်ိန္ရႈိ႕ခံစားခဲ့ရေသာ အႏိုင္က်င့္မႈမ်ားကို ျပန္ေတြးၾကည့္မိသည္။ ဘယ္သူလုပ္ခဲ့သလဲ စဥ္းစားမရ။ သူတို႔အုပ္စုပင္ ဘယ္ေလာက္ေတာင္ အႏိုင္က်င့္ခဲ့ၾကသလဲ။
လီဝိန္႐ႊင့္၏ အမူအရာသည္ အနည္းငယ္အေနခက္ေနၿပီး စိတ္ထဲတြင္ မေတြးပဲမေနႏိုင္ခဲ့။ အဲ့တုန္းက သူ႐ိုက္လိုက္တဲ့ တစ္ခ်က္က နားကိုပါကန္းသြားေစတာ မဟုတ္ေလာက္ပါဘူးေနာ္။
ေရွာက္ခြၽင္၏ စိတ္ထဲတြင္ ဝမ္းနည္းလာ၍ အသက္ပင္ဝဝမရႉႏိုင္ေတာ့။ နာက်င္ဝမ္းနည္းျခင္း ၊ အျပစ္တင္စိတ္ႏွင့္ ေနာင္တတရားတို႔က သူ႔အား အဆုံးစြန္ထိ နစ္မြန္းေနေစၿပီ။
ထိုစဥ္က သူငယ္႐ြယ္ေသးသည္။ သူႏွင့္လီခ်ိန္ရႈိ႕ၾကားက ကိစၥကို လူသိခံလိုက္ရၿပီးေနာက္ ဦးေႏွာက္ထဲ ဗလာျဖစ္ခဲ့ကာ သူမ်ားက သူ႔ကို ထူးဆန္း႐ြံရွာဖြယ္ေကာင္းသည့္ လိင္တူႀကိဳက္သူဟု သတ္မွတ္လိုက္မွာကို ေၾကာက္ဖို႔ပဲ သိေနခဲ့သည္။ ထို႔ေၾကာင့္ ေရွာင္ေျပးခဲ့၏။
သူ႔ညီအကိုမ်ားက လီခ်ိန္ရႈိ႕ကိုႏႈတ္ပိတ္ဖို႔ ဘယ္လိုလုပ္ရပ္မ်ားလုပ္ခဲ့ၾကမည္လဲ မေတြးျဖစ္ခဲ့။ ထိုစဥ္က တုန္လႈပ္မႈႏွင့္ေၾကာက္႐ြံ႕မႈေၾကာင့္ သူ႔ကိုယ္သူပင္မနည္း ေတြးေတာေနခဲ့ရၿပီး လီခ်ိန္ရႈိ႕ကို ဂ႐ုမထားႏိုင္ခဲ့။
ေနာက္ေတာ့ သူ ႏိုင္ငံျခားထြက္ခဲ့သည္။ လူ႔ေပၚေက်ာ့ဘဝကို လြတ္လပ္စြာ ေနထိုင္ခဲ့ၿပီး တျဖည္းျဖည္း ေမ့ေလ်ာ့သြား၏။
သူအခုမွ ေတြးမိသည္။ သူ၏ေရွာင္ေျပးျခင္းက လီခ်ိန္ရႈိ႕ကို ဘယ္ေလာက္ႀကီးမားတဲ့ နာက်င္မႈမ်ားကို ေဆာင္ယူေစခဲ့သလဲ။ ဒါေၾကာင့္ သူတို႔ျပန္ေတြ႕ခ်ိန္မွာ ရန္သူလို ေၾကာက္႐ြံ႕မုန္းတီးမႈေတြ ျပည့္ေနခဲ့တာ။
သူသည္ အမ်ိဳးမ်ိဳး အကြက္ခ် အစီအစဥ္ခ်ကာ သူ၏ႏွလုံးသားတံခါးကို မိမိအတြက္ဖြင့္ေစခဲ့ၿပီး ေနာက္တစ္ႀကိမ္ နာက်င္ေစခဲ့၏။ လီခ်ိန္ရႈိ႕က ဘယ္လိုလုပ္ သူ႔ကို ထပ္ယုံၾကည္ႏိုင္ေတာ့မလဲ။
ေရွာက္ခြၽင္သည္ ေျခဖ်ား လက္ဖ်ားမ်ားပါ ေအးစက္ေနၿပီး ႏွလုံးသားမွာ ညက္ညက္ေၾကသြားသည့္ႏွယ္။ သတိေလးျဖင့္ အိတ္ကပ္ထဲမွ ဓာတ္ပုံေလးကို ပြတ္သပ္မိသည္။
အဘြားအိုက ပြစိပြစိ စကားတစ္ခ်ိဳ႕ေျပာေနၿပီး မၾကာမီပင္ သူ႔သားျဖစ္သူျပန္လာသည္။
အဘြားအို၏ သားက လီခ်ိန္ရႈိ႕၏ ေဆြမ်ိဳးထံ ဖုန္းဆက္ေျပာလိုက္ကာ ဖုန္းခ်ၿပီးေနာက္ သူတို႔ကို ေခၚသြား၏။
ႏွစ္ေယာက္သား ထြက္လာခ်ိန္တြင္ မိုးခ်ဳပ္လုၿပီျဖစ္ၿပီး အလင္းေရာင္အနည္းငယ္သာ က်န္ေတာ့၏။ ႏွစ္ေယာက္လုံး၏ မ်က္ႏွာမေကာင္းသည္ကို အလြယ္တကူ ျမင္ႏိုင္သည္။
နစ္တစ္ခါ ျမဳပ္တစ္လွည့္ ႐ြံ႕လမ္းေပၚေလွ်ာက္သြားရၿပီးေနာက္ အဘြားအို၏ သားက သူတို႔အား ဘတ္စ္ကားဂိတ္အနီးရွိ တိုက္တန္းမ်ားဆီ ပို႔ေပးသည္။
ဆယ္မိနစ္သာသြားရသည့္ အကြာအေဝးျဖစ္ေသာ္ျငား အိမ္ေဟာင္းရွိရာႏွင့္ မိုးႏွင့္ေျမပမာ ကြာျခားပါသည္။
သူတို႔ကို ေခၚလာၿပီးေနာက္ အနည္းငယ္ျဖဴသန႔္ေသာ မိန္းမတစ္ေယာက္က တံခါးလာဖြင့္ေပးသည္။ လီခ်ိန္ရႈိ႕က သူ႔အား ေဒၚေဒၚေလးဟု ေခၚဆိုေၾကာင္း ေရွာက္ခြၽင္မွတ္မိသည္။
လီဝိန္႐ႊင့္က အဘြားအို၏ သားထံ ေငြအနည္းငယ္ေပးလိုက္ကာ ထိုလူက ႏွစ္ႀကိမ္ သုံးႀကိမ္ျငင္းဆိုၿပီးေနာက္တြင္ လက္ခံထားလိုက္သည္။
ေဒၚေလးက သူတို႔ႏွစ္ေယာက္မွာ သန႔္သန႔္ျပန႔္ျပန႔္ႏွင့္ ႐ုပ္ရည္ကလည္း ေခ်ာေမာသည္ျဖစ္ရာ အားနာစြာျဖင့္ အိမ္ထဲဝင္ထိုင္ခိုင္းလိုက္သည္။
ေရွာက္ခြၽင္သည္ ဝင္ဝင္ခ်င္း လာရျခင္းအေၾကာင္းအား ေသခ်ာေျပာျပကာ လီခ်ိန္ရႈိ႕က သူတို႔ထံတြင္ အလုပ္လုပ္ေၾကာင္း အေၾကာင္းျပခ်က္ ဖန္တီးရသည္။ အခုကိစၥရွိ၍ ေဒၚေလးအား နည္းလမ္းရွာၿပီး သူ႔အားရွာကူေပးပါရန္ ေျပာရသည္။
လီဝိန္႐ႊင့္ကလည္း ေဘးမွေန၍ ရွာေတြ႕ပါက ေလးေလးနက္နက္ေက်းဇူးဆပ္မည္ျဖစ္ေၾကာင္း ေျပာသည္။
ေဒၚေလးက ဝမ္းသာအားရေျပာ၏။
"ဒါဆိုရင္ေတာ့ မင္းတို႔ လူမွန္ေတြ႕တာပဲကြယ္။ အဲ့ကေလးရဲ႕ အေမဂူသြင္းတုန္းက အေဒၚရဲ႕သားပဲ ဆက္သြယ္ေပးခဲ့တာေလ။ အခုေနရာေတာင္ ရွာေတြ႕ရင္ေတြ႕မွာ။ အဲ့ဘက္မွာ အုတ္ဂူသုံးေလးခုရွိတယ္။ ေနရာပကနည္းနည္းရႈပ္ ေပမဲ့ ေစာင့္ေရွာက္ေပးတဲ့သူေတာ့ရွိတယ္။ လီခ်ိန္ရႈိ႕က ႏွစ္တိုင္း အဲ့လူဆီပိုက္ဆံပို႔ၿပီး သူ႔အေမဂူကို ရွင္းခိုင္းတယ္ထင္တယ္"
ေရွာက္ခြၽင္က အျမန္ဝင္ေမးသည္။
"အဲ့လူကို ဆက္သြယ္လို႔ရႏိုင္လား?"
"ရတာေပါ့။ ရတာေပါ့။ အေဒၚတို႔ေနတဲ့ေနရာနဲ႔ေတာ့ နည္းနည္းလွမ္းတယ္။ ကားနဲ႔ကို သုံးေလးနာရီစီးသြားရမွာ ။ ဒီေန႔ေတာ့ မျဖစ္ေတာ့ဘူး။ မနက္ျဖန္သြားမွရမွာ"
ေရွာက္ခြၽင္၏ စိတ္ထဲတြင္ ေမွ်ာ္လင့္ခ်က္မီးေရာင္ေလး ထြက္ျပဴစျပဳသည္။
အကယ္၍ လီခ်ိန္ရႈိ႕သာ ေငြပို႔ပါက သူေနသည့္ေနရာကို သိႏိုင္မည္။ အဲ့အခ်ိန္ ဘယ္ေလာက္ပဲ ေပးဆပ္ရပါေစ လူကို မရရေအာင္ျပန္ရွာလာမည္။
ေရွာက္ခြၽင္၏ ရႈပ္ေထြးေနေသာ ပုံစံကိုၾကည့္ရင္း လီဝိန္႐ႊင့္က သူေကာင္းေကာင္းမြန္မြန္ေရွ႕ဆက္ႏိုင္မည္ မထင္၍ ေဒၚေလးအား စကားစျဖတ္ကာ ပါသမွ်ေငြအားလုံးထားခဲ့ၿပီး ဆက္သြယ္ရန္လိပ္စာကဒ္ေပးထားခဲ့သည္။
ေဒၚေလးမွာ အၿပဳံးပန္းေဝလ်က္ မနက္ျဖန္သူ႔သားအား ဆက္ဆက္သြားရွာခိုင္းၿပီး အေျခအေနကို စုံစမ္းခိုင္းမည္ဟုဆိုသည္။
မျပန္ခင္ ေဒၚေလးက သူတို႔အားေမးသည္။
"အဲ့ကေလး မင္းတို႔ဆီ အလုပ္လုပ္တုန္းက အေျခအေနေရာေကာင္းတယ္မလား? သူ ခ်မ္းသာေနၿပီမလား? မဟုတ္ရင္ ခဏေလးနဲ႔ ပိုက္ဆံတစ္ခါတည္းဆပ္ႏိုင္မွာမဟုတ္ဘူးေလ"
ေရွာက္ခြၽင္သည္ ေတာင့္ေတာင့္ႀကီးေခါင္းညိတ္လိုက္ကာ စကားမဆိုႏိုင္။
ေဒၚေလးက သက္ျပင္းတခ်ခ်ျဖင့္
"အဲ့ကေလးခမ်ာ တကယ္ေတာ္တာပါကြယ္။ အရင္က အလယ္တန္းေတာင္မၿပီးေသးဘူး စာရင္းကိုင္လက္မွတ္ေတာင္ ေျဖလို႔ရႏိုင္တယ္။ သူအဲ့တုန္းက ဘယ္ေလာက္ ခက္ခဲပင္ပန္းလဲ မင္းမသိပါဘူး။ သူက စာေတာ္ေတာ့ ေက်ာင္းကလဲ အတန္းတက္ေပးဖို႔ အိမ္ထိေတာင္လာရွာတာကို သူက လုံးဝမတက္ေတာ့တာ။ ေဒၚေလးသူ႔ကို နားခ်ပါေသးတယ္။ သူက အေမ့ကိုလဲ ျပဳစုရဦးမယ္တဲ့။ ေနာက္ေတာ့ ေဒၚေလးကို တိုးတိုးတိတ္တိတ္ေျပာျပရွာတယ္။ သူ ေက်ာင္းမွာ ဆက္ေနလို႔မရေတာ့ဘူး။ ေက်ာင္းသားေတြက သူ႔ကို အျမင္မၾကည္ၾကေတာ့ဘူးတဲ့ေလ။ အဲ့တုန္းက ေဒၚေလးျဖင့္ ဘယ္ေလာက္ေတာင္ ဝမ္းနည္းခဲ့ရသလဲ။ သူ႔ကိုကလဲ မကူညီႏိုင္ခဲ့ဘူး။ အခု သူအဆင္ေျပေနၿပီဆိုတာ ၾကားရေတာ့ စိတ္ေအးရပါၿပီကြယ္"
ေရွာက္ခြၽင္ႏွင့္ လီဝိန္႐ႊင့္တို႔ ေဒၚေလးအိမ္မွ ထြက္လာၿပီး ႏွစ္ေယာက္သား တစ္လမ္းလုံးစကားမဆိုၾက။
ေကာင္းကင္မွ လေရာင္က လင္းလိုက္ ကြယ္သြားလိုက္ႏွင့္ ညကို ပိုမိုေအးစက္ေအာင္ ထပ္ေလာင္းျဖည့္စြက္သည့္ႏွယ္။ ႏွစ္ေယာက္သား ႐ြာအဝင္ေရာက္ေတာ့ ယာဥ္ေမာင္းက သူတို႔အား ေစာင့္ေနဆဲပင္။
လီဝိန္႐ႊင့္က ႐ုတ္တရက္ အနည္းငယ္ မလုံမလဲျဖင့္ စကားစသည္။
"သူငယ္တုန္းက ဒီေလာက္ခက္ခဲပင္ပန္းမယ္လို႔ မထင္ထားဘူး"
ေရွာက္ခြၽင္သည္ အသက္ျပင္းျပင္းရႈိက္လိုက္သည္။ ရႉထုတ္လိုက္ခ်ိန္၌ လည္ေစ့ပါ တုန္ရီေန၏။
သူအသက္ဆယ့္ႏွစ္ႏွစ္အ႐ြယ္ဆီ အခ်ိန္ကူးေျပာင္းသြားကာ မိမိကိုယ္မိမိ ႐ိုက္ႏွက္ပစ္ခ်င္မိသည္။
ေရွာက္ခြၽင္သည္ မိမိျပဳခဲ့ေသာကိစၥတစ္ခုအတြက္ ေနာင္တရသည္မွာ ရွားပါးလြန္းသည္။ လီခ်ိန္ရႈိ႕တစ္ေယာက္တည္း အတြက္သာ သူလုပ္ခဲ့ဖူးသည့္ ကိစၥအတြက္ သည္းေျခထဲထိ ေနာင္တရမိတာျဖစ္သည္။
မိမိ၏ ထိုစဥ္က မိုက္႐ိုင္းရမ္းကားခဲ့ျခင္းေၾကာင့္ အခ်ိန္ျဖဳန္းဖို႔သက္သက္ သူ႔ကို အႏိုင္က်င့္ခဲ့သည္။ အႏိုင္က်င့္ၿပီးေတာ့လည္း တစ္ကိုယ္တည္း ပစ္ထားရစ္ခဲ့၏။
လီခ်ိန္ရႈိ႕သည္ ထိုစဥ္က အဲ့သေလာက္ေတာင္ ထက္ျမက္ထူးခြၽန္ခဲ့ၿပီး မိမိေၾကာင့္သာ မဟုတ္ပါလွ်င္ သူက လက္ရွိႏွင့္ လားလားမွ မတူေသာ အလင္းတစ္စျဖစ္လိမ့္မည္။ အနည္းဆုံးေတာ့ အဲ့ေလာက္ ကိုယ့္ကိုကိုယ္မႏွိမ့္ခ်ေတာ့ဘဲ လူေတြႏွင့္ ဆက္ဆံရမွာ အဲ့သေလာက္ မေၾကာက္ေလာက္ေပ။
မိမိ ဒီႏွစ္ေတြအတြင္း ဘာေတြမ်ား လုပ္ေနခဲ့သလဲ။ ႀကီးျပင္းလာသည့္တိုင္ တိုးတက္ရင့္က်က္ျခင္းမရွိသည့္ အမွားမ်ားအား ထပ္တလဲလဲ က်ဴးလြန္သည္။ လီခ်ိန္ရႈိ႕ကို နာက်င္ေစခဲ့႐ုံမွ်မက မိမိ၏ ခ်စ္ျခင္းေမတၱာကို မိမိကိုယ္တိုင္ ဖ်က္ဆီးပစ္ခဲ့သည္။
တစ္ပတ္ျပန္လည္ၿပီးေနာက္ ဝဋ္က သူ႔ဆီျပန္သက္ေရာက္လာသည္။
အကယ္၍ လီခ်ိန္ရႈိ႕ကို ရွာေတြ႕လွ်င္ေတာင္ သူဘယ္လိုလုပ္မွ သူ႔အနားကို ျပန္ေခၚႏိုင္မွာလဲ? သူ႔မွာ ဒီလိုအခြင့္ေရာ ရွိပါရဲ႕လား? ေရွာက္ခြၽင္၏ စိတ္ႏွလုံးထဲမွ အေၾကာက္တရားသည္ ေျပာလည္းမထြက္ မ်ိဳလဲမက်ႏွင့္ ရင္ဘတ္၌သာ ထုံးဖြဲ႕ေနကာ သူ႔အား မြန္းက်ပ္ေနေစသည္။
သုံးေလးရက္ၾကာၿပီးေနာက္ ေဒၚေလးက သူ႔ဆီဖုန္းဆက္လာကာ ထိုလူႏွင့္ အဆက္အသြယ္ရေၾကာင္းေျပာသည္။
ေရွာက္ခြၽင္က လီခ်ိန္ရႈိ႕ ထိုလူႏွင့္အဆက္အသြယ္ရွိမရွိ တရစပ္ေမးလိုက္သည္။
ေဒၚေလးက လီခ်ိန္ရႈိ႕အေမ၏ ႏွစ္ပတ္လည္က ကိုးလပိုင္းျဖစ္၍ လီခ်ိန္ရႈိ႕ကပုံမွန္ဆို ႏွစ္လသုံးလေလာက္ ေငြႀကိဳလႊဲတတ္သည္ ဟုေျပာသည္။ ႏွစ္တိုင္း မပ်က္ကြက္တတ္ေသာ္လည္း အခ်ိန္အတိအက်မရွိ၍ ေစာင့္ဆိုင္း႐ုံသာ တတ္ႏိုင္သည္။
ေရွာက္ခြၽင္၏ စိတ္ထဲ ေအးခဲသြားသည္။ သူ အနည္းဆုံးသုံးလေလာက္ေစာင့္ရမွ သတင္းရမည္။ သို႔ေသာ္ ဘာမွမသိရတာထက္စာရင္ ဒီလိုက ေတာ္ပါေသးသည္။
တစ္ရက္ၿပီးတစ္ရက္ ေစာင့္ဆိုင္း႐ုံကလြဲလွ်င္ သူ႔မွာ တစ္ျခားနည္းလမ္းမရွိေပ။ အျပစ္ကို သိ၍ ေစာင့္ဆိုင္းေနရသည့္ အရသာက ကိုယ့္ကိုကိုယ္ စစ္ေၾကာခံေနရသည့္ပမာ ထိုအ႐ိုးစြဲေနသည့္ အလြမ္းဓာတ္ ၊ အဆုံးမရွိသည့္ ေနာင္တတို႔က ေရွာက္ခြၽင္၏ အသိစိတ္တို႔ကို နင္းေခ်ေတာ့မတတ္ျဖစ္ေနေလၿပီ။
လီခ်ိန္ရႈိ႕ အလုပ္ဝင္ၿပီးေနာက္ ေန႔ရက္ေတြက တျဖည္းျဖည္း ပုံမွန္ျပန္ျဖစ္လာသည္။
သူအလုပ္ဆင္းခ်ိန္တြင္ ေရွာင္က်ိ၏ ဖုန္းကို ေရာင္းေပးလိုက္သည္။
ဖုန္းေပးလိုက္သည့္အခ်ိန္ ေမးလိုက္ရာ လူကိုပင္လန႔္သြားေစသည္အထိပင္။ တစ္ဖက္မွ ရွစ္ရာသာ ေဈးေပးသည္။
လီခ်ိန္ရႈိ႕က သူ႔အား ေဈးႏွိမ္ေပးသည္ထင္ေသာ္လည္း သူ႔အေျခအေနမွာ သူမ်ားႏွင့္ေဈးညႇိရန္မသင့္ေတာ္ေပ။ တစ္ဆိုင္ၿပီးတစ္ဆိုင္လိုက္ေမးေသာ္လည္း အေျခခံအားျဖင့္ ဒီေလာက္ေဈးသာေပးၾကသည္။
ဒီဖုန္းက အသစ္ထြက္ထားေသာ္လည္း ဘယ္ေလာက္သစ္ေနေန တစ္လက္ကိုင္ျဖစ္သည္။ ၿပီးေတာ့ ဒီဖုန္းက ေသခ်ာ ထိန္းသိမ္းျခင္းမရွိ၍ မ်က္ႏွာျပင္တြင္ အစင္းမ်ားရွိေနေသာေၾကာင့္ ေဈးေကာင္းမရႏိုင္ဟုသာ ေျပာသည္။
လီခ်ိန္ရႈိ႕ ၾကည့္လိုက္ၿပီးေနာက္ အမွန္တကယ္ပင္ အစင္းရာမ်ားရွိေနသည္။ ေရွာင္က်ိပုံကလည္း စည္းကမ္းတရွိကိုင္မည့္ပုံမရွိေပ။
စိတ္ထိုင္းမႈိင္းစြာ အိမ္ျပန္ေရာက္ေတာ့ လီခ်ိန္ရႈိ႕ ေရွာင္က်ိထံ ေျပာျပလိုက္သည္။
ေရွာင္က်ိက စိုက္ၾကည့္ရင္း
"ဘာ? ရွစ္ရာတည္း? အဲ့လူက ေတာ္ေတာ္ေဈးျဖတ္တာပဲ"
လီခ်ိန္ရႈိ႕လည္း မတတ္ႏိုင္ေပ။
"သူတို႔က ၊ ဒီေလာက္ပဲ ၊ ေပးၾကတယ္"
ေရွာင္က်ိက အံကိုႀကိတ္၍
"ရွစ္ရာဆိုေတာ့လဲ ရွစ္ရာေပါ့။ ခင္ဗ်ား ကြၽန္ေတာ့္ကို ကူေရာင္းေပးေလ။ တစ္ခါတည္း လက္ပ္ေတာ့ပါ ျပန္ဝယ္လားေမးေပးခဲ့"
လီခ်ိန္ရႈိ႕ၾကည့္လိုက္ေသာ္ ေရွာင္က်ိက ပစၥည္းေရာင္းၿပီးေရွ႕ဆက္ရန္ေတြးပုံရသည္။ ဒီလိုသာဆိုဘယ္ျဖစ္မွာလဲ။
အရင္ႏွစ္ရက္က ကုန္ေ႐ႊ႕သည့္ တစ္ေယာက္က ေျခေထာက္ထိသြားသည္ကို သူ သတိရသြားသည္။ ကုမၸဏီမွာ လူလိုေန၏။ ေရွာင္က်ိသည္လည္း အက်င့္စ႐ိုက္ကလည္း မဆိုး၊ အလကား အားအားေနတာလည္းျဖစ္၍ ေျပာျပလိုက္သည္။
ေရွာင္က်ိက တစ္ရက္ဘယ္ေလာက္ရမလဲေမး၏။
လီခ်ိန္ရႈိ႕က စဥ္းစားလိုက္သည္။
"ငါးဆယ္ ေျခာက္ဆယ္ေပါ့"
ေရွာင္က်ိက သူနားၾကားမွားသည္ထင္၏။
"ဘယ္ေလာက္?"
"ငါးဆယ္ ေျခာက္ဆယ္"
ေရွာင္က်ိက မယုံႏိုင္သလို အမူအရာျဖင့္ ထူးဆန္းသလို ေအာ္သည္။
"႐ူးေနလား။ သြားမလုပ္ႏိုင္ပါဘူး"
လီခ်ိန္ရႈိ႕က မ်က္ေမွာင္ေရးေရးက်ဳံ႕ၿပီးေျပာသည္။
"ဒါေပမဲ့ မင္း ပစၥည္းေတြ ထိုင္ေရာင္းၿပီး ေရွ႕ဆက္လို႔မရဘူးေလ"
ေရွာင္က်ိမ်က္ႏွာက ညိဳက်သြားကာ
"ခင္ဗ်ား ကြၽန္ေတာ့္ကို ဂ႐ုမစိုက္ပါနဲ႔။ ကြၽန္ေတာ့္ဘာသာ နည္းလမ္းရွာၾကည့္မယ္"
လီခ်ိန္ရႈိ႕သည္ သူ႔ပုံစံကိုၾကည့္လိုက္သည္ႏွင့္ ေလာကဓံအေၾကာင္းမသိဘဲ ေန႔စဥ္ဘဝလိုအပ္ခ်က္မ်ားအတြက္ စိတ္မပူပန္ခဲ့ဖူးသည္မွာ သိသာ၏။ ဒီလိုလူကေတာ့ သိပ္မၾကာခင္ အိမ္ျပန္သြားလိမ့္မည္။ ဒီလိုလဲ ေကာင္းတာပါပဲဟု စိတ္ထဲ ေတြးမိသည္။
ေရွာင္က်ိသည္ ဆိုဖာေပၚထိုင္ေနရင္း ဘယ္သူႏွင့္ စိတ္ေကာက္ေနသည္မသိ။ ေခါင္းငုံ႔ကာ မိမိနာရီကိုၾကည့္ရင္း အတန္ၾကာပြတ္သပ္ေနၿပီး စိတ္မျပတ္ႏိုင္ဘဲ ေတြေဝေနပုံရသည္။
အၾကာႀကီးေတြေဝေနၿပီးမွ လီခ်ိန္ရႈိ႕ထံ သနားစဖြယ္မ်က္ႏွာျဖင့္ေမာ့ၾကည့္ရင္း
"ကြၽန္ေတာ္ဗိုက္ဆာေနၿပီ။ ခင္ဗ်ားကို တစ္ေန႔လုံး ေစာင့္ေနတာ"
လီခ်ိန္ရႈိ႕လည္း မတတ္သာေတာ့။
"ခဏေလးထပ္ေစာင့္။ ရေတာ့မယ္ "
ေရွာင္က်ိက ေရွာင္ခ်ာေပးကို ေပြ႕ခ်ီေလွ်ာက္လာရင္း ပြစိပြစိေျပာသည္။
"ေနာက္ ႐ုံးေစာေစာဆင္းလာလို႔မရဘူးလား။ ခင္ဗ်ား ေနာက္ ဒီေလာက္ေနာက္က်မွ ျပန္လာလို႔ ကြၽန္ေတာ္ စိတ္ပူရင္ သူ႔ကိုစားပစ္လိုက္မွာေနာ္"
လီခ်ိန္ရႈိ႕ကရယ္သည္။
"ေရခဲေသတၱာထဲမွာ ရွိေနတာပဲ။ ကိုယ့္ဘာသာ လုပ္စားပါလား''
"ခင္ဗ်ားလုပ္တာေလာက္မွ မေကာင္းတာ"
လီခ်ိန္ရႈိ႕မွာ အရယ္စြက္၍ ေခါင္းယမ္းသည္။ သူခ်က္ျပဳတ္ေနခ်ိန္တြင္ ေရွာင္က်ိက ေရွာင္ခ်ာေပးကိုေပြ႕၍ ဟိုဒီလွည့္ပတ္ေန၏။
လီခ်ိန္ရႈိ႕သည္ တစ္ခါတစ္ေလ သူေမြးထားမိတာ ေခြးႏွစ္ေကာင္လားဟု ေတြးမိသည္။
သုံးေလးရက္ၾကာၿပီးေနာက္ ေရွာင္က်ိသည္ လက္ပ္ေတာ့ကိုပါ တကယ္ေရာင္းပစ္လိုက္သည္။ လီခ်ိန္ရႈိ႕သည္ သူ႔အိမ္အလြတ္ကိုၾကည့္ရင္း သူ႔မွာ ဘာထပ္ေရာင္းစရာမ်ားက်န္ေသးလဲ မသိေတာ့။
ထင္သည့္အတိုင္းပင္ အိမ္လခေပးၿပီး သူ႔ထံ စားစရိတ္ႏွစ္ေထာင္ေက်ာ္ အတင္းထိုးေပးၿပီးေနာက္ေတာ့ ေရွာင္က်ိမွာ ရႈိးတိုးရွန႔္တန႔္ျဖင့္ ေမးလာသည္။
"ခင္ဗ်ား အဲ့က လူလိုေသးလား?"
လီခ်ိန္ရႈိ႕က တာဝန္ရွိသူထံ ဖုန္းဆက္လိုက္ၿပီး ေရွာင္က်ိက သူ႔ညီေလးျဖစ္ၿပီး မုန႔္ဖိုးပဲဖိုးရွာခ်င္၍ဟု ေျပာလိုက္သည္။
တာဝန္ခံက စကားေျပာေကာင္းသည္။ သူ႔အား လာခဲ့ခိုင္းသည္။ မဟုတ္လဲ အလုပ္က ဘာနည္းနာနိႆယမွမလို။ ပစၥည္းေ႐ႊ႕႐ုံသာ။
လီခ်ိန္ရႈိ႕ထင္ခဲ့ေသာ လြယ္ကူသည့္အလုပ္သည္ ပထမဆုံး အလုပ္တက္ရက္မွာပင္ ေရွာင္က်ိတို႔ ျပႆနာတက္ေတာ့သည္။
ထိုအခ်ိန္၌ သူသည္ ႐ုံးခန္းထဲတြင္ ကိန္းဂဏန္းမ်ားျဖင့္ အလုပ္ရႈပ္ေနတုန္းျဖစ္သည္။ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က အေျပးဝင္လာကာ သူ႔ညီေလးရန္ျဖစ္ေနၿပီး ဆြဲတား၍ပင္မရ၍ ျမန္ျမန္လာၾကည့္ရန္ ေျပာသည္။
လီခ်ိန္ရႈိ႕လည္း ခ်က္ခ်င္း လန႔္သြားကာ ဂိုေဒါင္သို႔ အျမန္လိုက္ရသည္။
ဂိုေဒါင္ပင္မေရာက္ေသး။ ထိုဘက္မွ တဖုန္းဖုန္းအသံႏွင့္ ေဒါသျဖင့္ေအာ္သံမ်ားအားၾကားရသည္။
လီခ်ိန္ရႈိ႕ ဝင္ၾကည့္ၾကည့္ခ်င္း ေျမျပင္ေပၚ အလုပ္သမား သုံးေလးေယာက္ လဲက်ေနၿပီး ေရွာင္က်ိ၏ မ်က္ႏွာမွာ နီရဲေနကာ သုံးေလးေယာက္က ေပြ႕ဆြဲတားထားသည့္ၾကားကပင္ အတင္း႐ိုက္ႏွက္ရန္႐ုန္းေန၏။
လီခ်ိန္ရႈိ႕ တစ္ခြန္းေအာ္လိုက္သည္။
"ေရွာင္က်ိ!"
ေရွာင္က်ိက လီခ်ိန္ရႈိ႕ကို တစ္ခ်က္လွည့္ၾကည့္ေသာ္လည္း မ်က္ႏွာေရာလည္ပင္းပါနီရဲေနပုံမွာ ေဒါသမေသးဟု ျမင္ရသည္။
သူ႔အားဖက္ထားသူမ်ားမွာလည္း လီခ်ိန္ရႈိ႕ေရာက္သည္ႏွင့္ လက္ကအလိုလိုေျပေလ်ာ့သြားသည္။
ေရွာင္က်ိက ထိုလူ၏ ေကာ္လံမွ ဆြဲတြန္းလိုက္ၿပီး ေျမျပင္တြင္လဲေနသည့္ အလုပ္သမားကို ထပ္ကန္ရန္ျပင္သည္။
လီခ်ိန္ရႈိ႕က ေအာ္ေျပာသည္။
"မ႐ိုက္နဲ႔ေတာ့!!"
ေျပာရင္း သူ႔ဆီသြားရသည္။
ေရွာင္က်ိက ေဒါသအထြဋ္အထိပ္ေရာက္ေနရာ သူ႔အား မ်က္လုံးထဲ မျမင္ေပ။ လီခ်ိန္ရႈိ႕သူ႔အနားေရာက္ေနတာလည္း သတိမမူမိ။
လီခ်ိန္ရႈိ႕ ဆြဲတားရန္ျပင္ခ်ိန္မွာပဲ ေရွာင္က်ိက တံေတာင္ျဖင့္ သူ႔အား ေမးေစ့ကို႐ိုက္မိသည္။
လီခ်ိန္ရႈိ႕၏ သြားက လွ်ာကိုကိုက္မိသြားၿပီး ခံတြင္းထဲ ေသြးညႇီနံ႔ကပ်ံ႕တက္လာကာ သူ႔ဦးေႏွာက္တြင္း တဝုန္းဝုန္းျမည္ဟည္းလာသည္။ မ်က္ဝန္းထဲမွ အရာအားလုံး ေမွာင္မိုက္သြားကာ အေနာက္ျပန္ လဲက်သြားေတာ့သည္။
-----------------------------------------------------------------------------------------------------------------------------