-18-

243 22 0
                                    

[Unicode]

ဒီအိမ်ရာက တကယ်ပဲ တစ်နေ့က ရှောက်ချွင်သူ့ကိုခေါ်လာခဲ့သောနေရာဖြစ်သည်။

သူ့စိတ်ထဲ မကောင်းတာဖြစ်တော့မလိုခံစားချက်မျိုး မြင့်တက်လာပြီး ထင်ထားသည့်အတိုင်းပင် မန်နေဂျာကျန်းက အဲ့နေ့ကအဆောက်အဦးထဲဆွဲခေါ်ကာ တူညီသောအထပ်နံပါတ်ကို နှိပ်လိုက်သည်။

လီချိန်ရှို့ဂယောက်ဂယက်ဖြစ်သွားရကာ တံခါးမဖွင့်စေရန်အလို့ငှာ မန်နေဂျာကျန်း၏ အင်္ကျီစကိုဆွဲသည်။

"မန် မန်နေဂျာကျန်း"

"ဘာလို့လဲ?"

"ဒီနေရာက...."

"ဩော ဒီနေရာက ဘာဖြစ်လို့လဲ... ပင်လယ်မြင်ကွင်းအိမ်ရာလေ"

မန်နေဂျာကျန်းက စကားပြောရာတွင် ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း မနာလိုသည့် အရိပ်တို့ပါသည်။ အနည်းငယ်မှောင်သော ကော်ရစ်ဒါတစ်လျှောက်သွားနေရင်းမှ မနေနိုင်ဘဲ လီချိန်ရှို့အား ငဲ့ကြည့်လိုက်မိသည်။ စိတ်ထဲတွင်တော့ သူ့မှာဘာတွေများရှိနေလို့လဲ။ ဒါရိုက်တာရှောက်ရဲ့ကျောင်းနေဘက်ဖြစ်ရုံနဲ့ ဒီလောက်ကောင်းတဲ့အခွင့်အရေးမျိုး ရရသလားဟု တွေးနေသည်။ ဒီအိမ်ငှားခက တစ်လစာပဲတောင် ရှစ်ထောင် တစ်သောင်းရှိတာ သူက ဘာကောင်မို့လဲ။ ဒါရိုက်တာချိန်ရဲ့ မျက်နှာနဲ့ သူ့နားရက်ကိုတောင် စတေးကာ လီချိန်ရှို့ကို လူပါခေါ်ပြီး အိမ်ပြောင်းပေးနေရသေးသည်။

"မန်နေဂျာကျန်း...ဒါ ဒါရိုက်တာချိန်...စီစဉ်တာလား"

"ဟုတ်တယ်လေ။ ဒါရိုက်တာချိန်က မင်းကို အတော်လေးဂရုစိုက်တယ်"

မန်နေဂျာကျန်းက တံခါးကိုတွန်းဖွင့်နေရင်း စိတ်မလုံစွာ သက်ပြင်းချမိသည်။

လီချိန်ရှို့ အတွင်းထဲကြည့်လိုက်သော် အံ့ဩဘနန်းဖြစ်သွားရ၏။

လွန်ခဲ့သောသုံးလေးရက် သူလာစဉ်က ဒီအိမ်ကဘာမှမရှိ။ ယခုတော့ သေချ ပြင်ဆင်ထားသည့် အိမ်တစ်လုံးဖြစ်နေကာ ဒီဇိုင်းဆင်ထားတာက ကြည်သန့်ပြီးနွေးထွေးနေသည်။ ပိုင်ရှင် ဝင်ရောက်နေထိုင်ဖို့ စောင့်ဆိုင်းနေသည့်သဖွယ်။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now