-15-

321 20 0
                                    

[Unicode]

လီချိန်ရှို့ ခေါင်းညိတ်ပြလိုက်ပြီး အလျင်အမြန်လှည့်ကာ မီးဖိုချောင်ဘက် သွားရသည်။ သူယခု ရှောက်ချွင်နှင့် အကြည့်ချင်းဆုံနေတာမျိုး မလုပ်ချင်ပါ။

သူကိုယ်တစ်ဝက်ကိုင်းကာ ရေခဲသေတ္တာထဲ မွှေနှောက်နေစဉ်တွင် ရှောက်ချွင်သည် လေအေးတဖြူးဖြူးနှင့် သူ၏ မပေါ်တပေါ် ဖြူဆွတ်ဆွတ် ခါးအလှကို စံစားနေသည်။ တစ်ချက်တည်း ဆွဲမပွေ့ယမ်းပစ်ပြီး ဒူးအထက်သာသာ ဘောင်းဘီအတိုလေးအား ဆွဲဆုတ်ပစ်လိုက်ကာ ‌ထိုကျောရိုးတစ်လျှောက် ကိုက်ရာအတန်းလိုက် ပုံဖော်လိုက်ရရင်ဖြင့်ဟု စိတ်ကူးယဉ်နေ၏။

လီချိန်ရှို့သည် ပစ္စည်းအချို့ကို ခဏနှင့် ထုတ်ယူလိုက်ပြီး ရှောက်ချွင်၏ အတွေးညစ်များကို နှောင့်ယှက်ဖျက်ဆီးလိုက်သည်။ သူက ခပ်သွက်သွက်ပဲ အေပရွန်ကိုဝတ်ကာ အသားအရွက်များကို ဆေးကြောနေစဉ် အိုးကို အပူပေးကာ အရသာများထည့်သည်။ တစ်ခဏလေးမှာပဲ အိမ်အတွင်း မွှေးရနံ့များ ထုံမွမ်းလာသည်။

ရှောက်ချွင်မှာ မိန်းမောနေသလိုပင် သူ၏ အလုပ်ရှုပ်နေသော ကျောပြင်ကို ငေးကြည့်နေသည်။ ပျော့ပျောင်းသော ဆံနွယ်၊ ဖြူဖွေးကျော့ရှင်းသော လည်တိုင်၊ ပိန်သလိုထင်ရသည့် ပခုံး၊ သွယ်လျသော ခါး၊ ဖြောင့်စင်းလှပသော ခြေတံတို့က လူကို ပွေ့ဖက်ထားချင်ပြီး ရင်ခွင်ထဲထားကာ အတားအဆီးမဲ့ ချော့မြှူကစားစေရန် တွန်းအားပေးနေသည်။ အနံ့ကိုရှူရှိုက်ရင်း အစားကောင်းကို ငေးရင်း ရှောက်ချွင်မှာ ဆာလောင်လွန်း၍ ခုန်အုပ်ပစ်ချင်လာသည်။

ခဏလေး အားထုတ်လိုက်ရုံနှင့် လီချိန်ရှို့က ဟင်းလေးမျိုး၊ ဟင်းရည်တစ်ခွက်ကို ပြင်ဆင်လိုက်နိုင်သည်။ မာလာဝက်အသည်း၊ အသားတစ်ခွက်၊ အရွက်ဟင်းနှစ်ခွက်။ ခွဲခြားပြောရလျှင် ဝက်နံရိုးချိုချဉ်၊ မုန်ညင်းဖြူနှင့် ကြက်သွန်ဖြူအနှစ် ကိုက်လန်၊ ထပ်ပြီးတော့ ဟင်းနုနွယ်တိုဖူးဟင်းချိုတို့ပင်။ အရောင်အဆင်းက အိမ်ချက်နှင့်တူသည်။ သို့သော် အရောင်းအဝယ်အရဆိုလျှင် ကျွမ်းကျင်လောက်မည့် အဆင့်မှာရှိသည်။ မစားခင် ကြည့်ရုံနှင့် ကောင်းမည်ဟု ထင်ရစေသည်။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now