ကနွဲ့ကလျ (ဘာသာပြန်)

By HuliHong

30.3K 2.2K 129

မူရင်းစာရေးသူ - ရွှေချန်းချိန် More

Description
-1-
-2-
-3-
-4-
-5-
-6-
-7-
-8-
-9-
-10-
-11-
-12-
-13-
-14-
-15-
-16-
-17-
-18-
-19-
-20-
-21-
-22-
-23-
-24-
-25-
-26-
-27-
-28-
-29-
-30-
-31-
-32-
-33-
-34-
-35-
-36-
-37-
-38-
-39-
-40-
-41-
-42-
-43-
-44-
-45-
-46-
-47-
-48-
-49-
-50-
-51-
-52-
-53-
-54-
-55-
-57-
-58-
-59-
-60-
-61-
-62-
-63-
-64-
-65-
-66-
-67-
-68-
-69-
-70-

-56-

351 24 0
By HuliHong

[Unicode]

လီချိန်ရှို့ တကယ်တမ်းတော့ ခပ်ဝေးဝေးမသွားပါ။

သူ့မှာ ပြန်ပြေးစရာ ဘာဆွေမျိုးမှမရှိသလို ဘယ်သွားရမလဲ ဦးတည်ရာလည်း ရှိမနေချေ။

ရင်ခွင်ထဲခွေနေရသည့် ရှောင်ချာပေး နေရခက်မည်စိုး၍ ကွမ်ကျိုးသို့သာ အရင်ထွက်ခွာခဲ့သည်။

သူ မိုတယ်လေးတစ်ခုတွင် အရင်နေလိုက်ပြီး မနက်ဖြန်မှ အိမ်သွားရှာရန်စိတ်ကူးသည်။ နေစရာရှာတွေ့ပြီးလျှင် အလုပ်ရှာရမည်။

စာရင်းစစ်အလုပ်ကိုပဲ လုပ်ရမလား အရင်အလုပ်ကိုပဲ ပြန်လုပ်ရမလားတော့ သူရွေးရခက်နေသေးသည်။

သူအခု စာရင်းစစ်အနေနှင့် အတွေ့အကြုံအနည်းငယ်ရှိနေပြီဖြစ်သော်လည်း စားဖိုမှူးအလုပ်လောက်တော့ ကျွမ်းကျင်အဆင့်မဟုတ်ပေ။ အမြန်ဆုံးဝမ်းစာဖြည့်ရမည့်အရေးကြောင့် သူ စားဖိုမှူးအလုပ်ကိုသာ ရွေးချယ်တာက ပိုအဆင်ပြေမည်။

လီချိန်ရှို့ နေ့ဝက်လောက် ကြံဆပြီးနောက် ကိုယ်ရေးအကျဉ်းနှစ်ခုပြင်ဆင်၍ အရင်ရသည့်အလုပ်ကို လုပ်ရန် တွေးလိုက်သည်။

ရှောင်ချာပေးမှာ ကားပေါ်၌ နှစ်နာရီကျော်ကြာ ခွေနေခဲ့ရ၍ အခြေအနေသိပ်မကောင်း။ ကုတင်ပေါ် လှဲနေလျက် အားအင်မရှိသည့်ပုံစံဖြင့် ကြည့်နေသည်။ လီချိန်ရှို့က ခွေးစာကို သူ့နှုတ်ခမ်းထိ တေ့ပေးလျှင် အနံ့ခံပြီးနောက် တစ်ဖက်သို့ ခေါင်းလှည့်သွားတော့သည်။

လီချိန်ရှို့က သူပင်ပန်းနေ၍ဟု ထင်ပြီး သူ့ဗိုက်လေးအား ပွတ်သပ်နှိပ်နယ်ကာ အခင်းခင်းပေးပြီးသိပ်လိုက်သည်။

ဤမိုတယ်က မသန့်ရှင်းပေ။ ပြတင်းပေါက်တစ်ဖက်က ပျက်နေသည်။ ဘယ်လိုပိတ်ပိတ် စေ့၍မရ။ လက်လေးလုံးလောက်ဟနေလျက် အတွင်းသို့ လေတဟူးဟူးဝင်၏။ ရာသီဥတုနွေးလာပြီဆိုသော်ငြား ညပိုင်းတွင်တော့ အေးသေးသည်ပင်။

လီချိန်ရှို့ ပြတင်းပေါက်လိုက်ကာကို တင်းတင်းဆွဲလိုက်ပြီး ပင်ပန်းနွမ်းလျစွာ ခုတင်ပေါ်လှဲလိုက်ရင်း ဝါကျင်ကျင်မျက်နှာကျက်ကို ငေးနေမိသည်။

သူ အစက ပြန်စရတော့မည်။

နေစရာ၊ အလုပ် အားလုံးကို အစကပြန်ရှာပြီး နေသားကျအောင် ကြိုးစားရဦးမည်။ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်လို ဘာမှမတိုးတက်မှုမှမရရှိပဲ သူအသက်ရှင်ရုံသာ။

သူ့ဘဝနေ့ရက်တွေက ဘာကြောင့်များ ဒီလောက်ခက်ခဲနေရသလဲ သူစဉ်းစားမရ။

ဒီလို မျှော်လင့်ချက်မဲ့ခြင်းက သူ့အား အသက်ရှူရပ်တန့်ပစ်လိုက်ချင်သည်အထိ နာကျင်စေသည်။ လီချိန်ရှို့ သူဘာလို့များ ဆက်ရှင်သန်နေရဦးမှာလဲဟုပင် ယောင်မှားစွာ တွေးမိသည်။ ဒီလောက်ပင်ပင်ပန်းပန်းရှင်သန်နေရပြီး ဘာကောင်းတဲ့အရာမှမှဖြစ်မလာတာ။ ဘာကြောင့်များ အသက်ရှင်နေရဦးမှာလဲ။

လီချိန်ရှို့ ကွမ်ကျိုးသို့ရောက်လာပြီး အိမ်ရှာနေချိန် ရှောက်ချွင်ဘက်တွင်တော့ ရူးသွားတော့မတတ်ဖြစ်နေသည်။

သူ နေ့စဉ် ဖုန်းကိုသာ စိုက်ကြည့်ပြီး လီချိန်ရှို့ဆီမှ ဖုန်းကိုစောင့်နေခဲ့သည်။ ဖုန်းပင် သူ့အကြည့်ကြောင့် ချိုင့်ဝင်သွားနိုင်သော်လည်း ဖုန်းကဝင်မလာခဲ့။

သူ တဖြည်းဖြည်း မူမမှန်တော့သလို ခံစားလာရသည်။ သူနဂိုတည်းက လီချိန်ရှို့ထံမှ ဖုန်းခေါ်လာဖို့ မျှော်လင့်ချက်အများကြီး မထားပါ။ သို့သော် သူလီရှော့ဆီမှထွက်လာမည်ဟု သဘောတူသည့်အတွက် အနည်းဆုံးတော့ ယုံကြည်ပေးသင့်သည်။

သူထပ်အရဲ့စွန့်ပြီးလည်း သွားမရှာရဲပေ။ လီချိန်ရှို့က အခုထိသူ့ကို ရွံ့မုန်းနေသေးပုံရသည်။

သို့သော် သုံးလေးရက်ထပ်စောင့်ပြီးနောက် သူထပ်ပြီး မစောင့်နိုင်တော့။ ကားမောင်း၍ သွားခဲ့မိသည်။

သူ့နေရာရောက်တော့ ‌အ‌တန်ကြာ ဘဲလ်နှိပ်သော်လည်း အတွင်းမှ ဘာတုံ့ပြန်မှုမှပြန်မရ။

ရှောက်ချွင် သူ့ခေါင်းသူ ပြင်းပြင်းရိုက်လိုက်သည်။ သူစိတ်လောနေ၍ ဝေဝါးနေသည်ဟု နှစ်သိမ့်လိုက်သည်။ လီချိန်ရှို့က အခုအချိန် ကုမ္ပဏီမှာ အလုပ်ဆင်းနေမဲ့ဟာကို။

သူတွေးတောပြီးနောက် သူနှင့်လီရှော့အတူနေသည့်အိမ်တွင်တော့ မစောင့်နေချင်၍ ကုမ္ပဏီကိုပဲ သွားလိုက်သည်။

ရလဒ်ကား ရောက်သွားသည်နှင့် လီချိန်ရှို့ လွန်ခဲ့တဲ့သုံးလေးရက်လောက်ကမှ အလုပ်ထွက်သွားကြောင်းသိလိုက်ရသည်။

ရှောက်ချွင်၏ ဦးနှောက်ထဲ ဝုန်းခနဲ ပြိုလဲသွားရသည်။ အေးစိမ့်သောဓာတ်က နှလုံးသားမှသည် တစ်ကိုယ်လုံး၊ ဦးနှောက်တွင်းထိပင် စိမ့်တက်လာသည်။ မကောင်းသော ခံစားမှုက နှလုံးသားထဲ တဝဲလည်လည်နှင့် ထိန်းချုပ်မရဖြစ်နေ၏။

သူ အသက်ဘေးမှပြေးရသလို ကားဆီပြေးခဲ့ပြီး လီချိန်ရှို့နေထိုင်ရာဆီ ‌ကားမောင်း ပြေးလာခဲ့သည်။

တံခါးဘဲလ်နှိပ်နေသည့် သူ့လက်များကို မရပ်တန့်ရဲ။ ငါးမိနစ်တိတိ အဆက်မပြတ်နှိပ်ပြီးနောက်တွင် အတွင်းမှ ဘာသံမှပြန်မလာ။ နောက်ဆုံးလက်သီးဖြင့် တံခါးကို ထုရင်း အဆက်မပြတ်အော်တော့သည်။

"လီချိန်ရှို့! လီချိန်ရှို့!"

ဒီပတ်ဝန်းကျင်မှ လုံခြုံရေးများက ဆက်သွယ်မှုအားကောင်းသည်။ ရှောက်ချွင်၏ လှုပ်ရှားမှုက စီစီတီဗွီကြည့်နေသော လုံခြုံရေးအား အာရုံယူလိုက်ကာ သံသယဝင်စေပြီး ခဏပင်မကြာလိုက်ရ လုံခြုံရေးနှစ်ယောက်တက်လာကြသည်။

ထိုလုံခြုံရေးနှစ်ယောက်က တောင်ပိုင်းသားများလို ခန္ဓာကိုယ်နှင့်ဖြစ်ကာ ရှောက်ချွင်၏ မြင့်မားသော ကိုယ်ထည်ကို မြင်လျှင် အမူအရာက သိပ်မလုံမလဲဖြစ်သွားတော့သည်။ သို့နှင့် သူ့အား ဘာလုပ်နေသလဲ ဒီလိုလုပ်ခြင်းက ပတ်ဝန်းကျင်အား အနှောင့်အယှက်ပေးကြောင်းပြောရတော့သည်။

ရှောက်ချွင်သည် အသက်ရှူသံပြင်းထန်နေလျက် မျက်နှာတစ်ခုလုံးမှာ အနေခက်နေပုံပေါ်ကာ

"သူငယ်ချင်းကို ရှာနေတာ"

တစ်ယောက်က နံပါတ်ပြားကိုကြည့်၍ ပြန်တွေးတောလိုက်ကာ စကားပြောစက်နှင့် လုံခြုံရေးများထံ လှမ်းမေးလိုက်သည်။

"နံပါတ်၁၈က အိမ်ငှားက အရင်ရက်တုန်းက ပြောင်းသွားပြီမလား? အဲ့နေ့က ဘယ်သူ့ဂျူတီလဲ?"

တစ်ဖက်မှ စကားသံ ထွက်လာသည်။

"ပြောင်းသွားပြီလေ။ နှစ်ဆယ့်တစ်ရက်နေ့ မနက်အစောကြီး မိုးတောင်မလင်းသေးဘူး ပြောင်းသွားတာ။ရှောင်ဝူ ဂျူတီကျတာလေ။ သူ့အထုပ်အပိုးတွေတောင် သယ်ပေးလိုက်သေးတယ်"

ရှောက်ချွင်၏ မျက်နှာသည် ဖြူဖျော့သွားကာ စိတ်မပြတ်စွာမေး၏။

"သူဘယ်သွားခဲ့တာလဲ?"

လုံခြုံရေးလေးက 'အားယိုး' ဟု မြည်တမ်းပြီးနောက်

"သူဌေးရယ် ဒါတော့ ကျွန်တော်တို့က ဘယ်သိမှာတုန်းဗျ"

ရှောက်ချွင်သည် ယိုင်တိယိုင်တိုင်နှင့် တိုက်ပေါ်မှဆင်းလာရင်း သူ့ခြေထောက်များပင် တုန်ရီနေသည်။

သူကားပေါ်ထိုင်သည်နှင့် ရှောင်ကျိုးဆီဖုန်းဆက်လိုက်ပြီး လီချိန်ရှို့အား ရှာခိုင်းတော့သည်။

သူ့ဦးနှောက်တစ်ခုလုံး ရစ်ထွေးနေ၏။ စကားပြောရာ၌ပင် မဖြောင့်ဖြူးတော့။ လီချိန်ရှို့ကို မတွေ့နိုင်လောက်ဘူးဆိုသည့်အသိက သူ့ဦးခေါင်းထိပ်တွင် တိမ်မည်းတစ်စုနှယ် ဖိနှိပ်လို့ထားသည်။ သူ့တစ်ကိုယ်လုံး အေးစက်နေကာ ရင်ဘတ်ထဲ တင်းကျပ်လွန်း၍ အသက်ပင်ရှူ၍မရတော့။

သူအတန်ကြာအောင် သဲလွန်စရနိုင်မည့်သူကို စဉ်းစားလိုက်ရပြီး ဘယ်လိုတွေးတွေး နောက်ဆုံးတော့ Adrian ၏ ဖုန်းကိုရှာတွေ့သည်။

Adrianက အစောကြီးကတည်းက ရှောက်ချွင်၏ ဖုန်းကိုဖျက်ပစ်ထား၍ ဘာမှမတွေးပဲ ကိုင်လိုက်သည်။

ရှောက်ချွင်ကလည်း အပိုမဆိုပဲ ချက်ချင်းအသံတိုးတိုးဖြင့်မေးလိုက်သည်။

"လီချိန်ရှို့ ဘယ်သွားခဲ့တာလဲ?"

Adrian ဘက်က ခဏငြိမ်သွား၏။

"ရှောက်ချွင်?"

ရှောက်ချွင်က စိတ်မရှည်စွာပြောသည်။

"သူဘယ်သွားခဲ့လဲ?"

Adrian ဘက်မှ ထိုမှ သတိဝင်လာပြီး ရယ်သံစွက်လျက်

"ချိန်ရှို့က လီရှော့နဲ့အတူ အမေရိက ထွက်သွားပြီလေ"

ရှောက်ချွင် အတွေးထဲ အရာရာ ဗလာဖြစ်သွားရသည်။ နှလုံးသားတစ်ခုလုံး စူးနစ်နာကျင်နေလျက် အတန်ကြာမှ မနည်းအားတင်း၍ တုန်ရီစွာဖြင့်

" မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ သူပြောတော့ သူ"

ရှောက်ချွင်သည် ထိုနေ့က ဖြစ်စဉ်ကို ပြန်တွေးမိသည်။ လီချိန်ရှို့က သူဒီက ပြောင်းသွားမည်ဟု ဆိုသော်ငြား လီရှော့က ဒီဘက်ကစီးပွားရေးလုပ်ငန်းကိုပစ်၍ လီချိန်ရှို့အား နိုင်ငံခြားသို့ ညာခေါ်လိမ့်မည်ဟု သူဘယ်လိုတွေးမိပါ့မလဲ။

Adrianက အေးစက်စက်ရယ်သည်။

"ရှောက်ချွင်။ ကိုယ့်ကိုယ်ကို သိစမ်းပါ။ သူများကဖြင့် အမေရိကရောက်လို့ လက်ထပ်နေလောက်ပြီ။ မင်းသာ လီချိန်ရှို့အပေါ် ချစ်သေးတယ်ဆိုရင် သူပျော်ရွှင်ဖို့ ဆုတောင်းပေးလိုက်"

"ပေါက်တတ်ကရတွေ!"

ရှောက်ချွင်၏ ရုတ်တရက် အော်ဟစ်သံက Adrianကိုပင် လန့်ဖျပ်သွားစေ၏။

ရှောက်ချွင် ဖုန်းချပြီးနောက် တုန်တုန်ရီရီဖြင့် ဖုန်းကိုဖွင့်ရှာကာ ချက်ချင်း မိတ်ဆွေတစ်ဦးထံ ဖုန်းဆက်လိုက်သည်။

"ငါ့ကို ဒီရက်ပိုင်း အမေရိကသွားတဲ့ ခရီးသည်စာရင်းမှာ လီချိန်ရှို့ဆိုတာ ပါမပါ စစ်ပေးပါဦး"

တစ်ညနေလုံး ဒုက္ခရောက်ပြီးနောက် ရှောက်ချွင်သည် လီချိန်ရှို့၏ ထွက်ခွာမှုသတင်းကိုရသည်။ ဘယ်လေကြောင်းကုမ္ပဏီမှ သူ့သတင်းမရခဲ့ပေ။

ရှောက်ချွင်သည် ခံစားချက်များရှုပ်ထွေးနေခဲ့သည်။ တစ်ဖက်မှာ လီရှော့နှင့် အမေရိကတွင်တွေ့ဆုံမနေ၍ စိတ်အေးရသလို တစ်ဖက်တွင်လည်း လီချိန်ရှို့က ဒီလိုပဲ အစအနမရအောင် ပျောက်ဆုံးနေသည်။ တရုတ်ပြည်က ဒီလောက်ကျယ်တာ။ ဘာခြေရာမှမချန်ရစ်ဘဲ ဆွေမျိုးမရှိသည့် လူတစ်ယောက်ကို ရှာရန်က ပင်လယ်ထဲ အပ်ပျောက်ရှာရသည့်နှယ် ဖြစ်နေ၏။

ရှောက်ချွင်သည် ယခု နောင်တတို့နှင့် နစ်မွန်းနေသည်။ သူ အဲ့နေ့က လီချိန်ရှို့ကို တွန်းအားမပေးလိုက်သင့်။ ဒီလို လူကို ထွက်ပြေးသွားသည်ထိ ဖိအားပေးမိ၍ ဘယ်ရှာရမှန်းမသိ ဖြစ်ရမည်မှန်း သူဘယ်လိုလုပ်သိမှာလဲလေ။

ရှောက်ချွင်သည် နေ့ခင်းမှ ‌ညမှောင်သည့်အထိ ကားထဲ၌သာ။ ဤကျဉ်းမြောင်းမှောင်မိုက်သည့် နေရာလေးထဲတွင် တစ်ကိုယ်တည်း အထီးကျန်ခြင်းနှင့် နောင်တတရားတို့ကို ခံစားနေရသည်။

သူ ဘယ်တုန်းကမှ ဒီလို တုန်လှုပ်ချောက်ချားဖူးတာမရှိ။ သန်းဆယ်ချီ ရင်းနှီးမိပြီး တစ်ပြားမှပြန်မထွက်လာစဉ်ကတောင် ဒီလို ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိခဲ့။ လီချိန်ရှို့ကို ဆုံရှုံးရသည့် အကြောက်တရားသည် သူ့ကို တမြေ့မြေ့တိုက်စားသွားသည်။

ရုတ်တရက် သူ၏ဖုန်းကမြည်လာသည်။ ဖုန်းလက်ခံချိန်၌ သူ့စိတ်ထဲ မျှော်လင့်ချက်ရေးရေး ရှိနေသည်။

ဖုန်းပေါ်က နံပါတ်စိမ်းတစ်ချို့ဖြစ်ပြီး နိုင်ငံခြားမှဖုန်းဖြစ်သည်။

အကယ်၍ သူအမှတ်မမှားလျှင် အမေရိကမှ နံပါတ်ဖြစ်သည်။

ရှောက်ချွင် ဖုန်းလက်ခံချိန်တွင် တစ်ဖက်က ခဏတိတ်နေပြီးမှ ဖွင့်ပြောလာသည်။

"ငါ လီရှော့"

ရှောက်ချွင်သည် အသက်တစ်ချက်ရှိုက်လိုက်ပြီး တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ လီရှော့က သူ့ကိုမရှာလျှင်တောင် သူက လီရှော့ကို သွားရှာဖြစ်လိမ့်မည်။ အခုတော့ ဖုန်းလာတာက အတော်ပဲဖြစ်သွားပြီး လေးနက်စွာ ပြောလိုက်သည်။

"လီချိန်ရှို့ ဘယ်မှာလဲ?"

လီရှော့ဘက်မှ ခဏတိတ်သွားပြီး ရုတ်တရက် အသံကျယ်လာကာ သူ၏ဒေါသကို သိသာနေစေသည်။

"မင်းကများ ငါ့ကိုမေးရဲသေးတယ်။ ငါမင်းကို မေးရမှာကွ!"

ရှောက်ချွင်၏ နောက်ဆုံးသော မျှော်လင့်ချက်ကလေးသည်လည်း နင်းချေခံလိုက်ရကာ လေလျော့သွားသော ဘောလုံးတစ်လုံးနှယ် ထိုင်ခုံပေါ် မှီကျသွားသည်။

"သူ့ကို မတွေ့တော့ဘူး"

လီရှော့က ဒေါသဖြင့်

"ရှောက်ချွင် မျိုးမစစ်ကောင်! မင်း ချိန်ရှို့ကို ဟိုပြေးဒီပြေးနဲ့ စိတ်အေးလက်အေးနေစရာလေးတောင်မရှိအောင် ဖိအားပေးနေတာ။ အခု မင်းပျော်နေပြီမလား။ သူ့ကို မတွေ့တော့ဘူး။ သူ လုံးဝပျောက်သွားပြီကွ"

ရှောက်ချွင်သည် နာကျင်လွန်း၍ စကားပင်ပြောမထွက်တော့။ မျက်ဝန်းများ ပူနွေးလာကာ မျက်စိရှေ့မှ အရာအားလုံး ဝေဝါးလာသည်။

သူလက်ဖြင့် မျက်လုံးကို ကာလိုက်ရင်း အက်ကွဲစွာ

"သူဘယ်တွေ သွားနိုင်လဲ?"

"ငါက ဘယ်လိုလုပ်သိမှာလဲ။ သူပြောတာတော့ သူ့ဆွေမျိုးတစ်‌ယောက်ဆီ သွားမယ်တဲ့။ ဒါပေမဲ့ သူဘယ်တုန်းကမှ ပြောသံမကြားဖူးဘူး"

ရှောက်ချွင်သည် ရှိုက်သံနှော၍ ပြောသည်။

"သူ့မှာဆွေမျိုးမရှိဘူး"

သူအကြွေးဆပ်ပေးစဉ်က ရှောင်ကျိုးက သူ့ကို လီချိန်ရှို့၏ အခြေအနေအားလုံးကို တစ်ခါပြောဖူးသည်။ လီချိန်ရှို့မှာ ဘာဆွေမျိုးရှိမှာလဲ။ အကြွေးဆပ်ပြီးသည့်နောက် သူတို့အဆက်အသွယ်‌ပင် မရှိကြတော့ပေ။ လီချိန်ရှို့ ဘယ်သွားလိမ့်မလဲ သူတွေးမရ။ တရုတ်ပြည်က ဒီလောက်ကျယ်တာ ဘယ်မဆို သူသွားနိုင်သည်။ ပြီးတော့ ရှိန်းကျန့်လိုနေရာမှာတောင် နေစရာမရှိ အလုပ်မရှိ ‌မိတ်ဆွေမရှိသည့်သူဆို ဘယ်လွယ်ပါ့မလဲ။

‌လီရှော့က စူးရှစွာပြောသည်။

"ရှောက်ချွင် ချိန်ရှို့လက်ထဲပိုက်ဆံလဲ များများမရှိဘူး။ အခြေအနေလဲ သိပ်မကောင်းဘူး။ ပြီးတော့ အားကိုးစရာလဲ ရှိတာမဟုတ်ဘူး။ အကယ်၍ သူတစ်ခုခုဖြစ်လို့ကတော့ ငါမင်းကို အလွတ်မပေးဘူး"

ရှောက်ချွင် စကားမဆိုပေ။ အကယ်၍ လီချိန်ရှို့ တစ်ခုခုဖြစ်လျှင် သူ့ကိုယ်သူလည်း ခွင့်လွှတ်မည်မဟုတ်။

လီရှော့ကတော့ သူနှင့်စကားတစ်ခွန်းပိုပြောလျှင်တောင် ဖြုန်းတီးရာရောက်သည်ဟု ခံယူပုံပေါ်သည်။ မုန်းတီးရွံရှာစွာဖြင့်

"မင်းရဲ့ အရှုပ်ထုပ်တွေ ပြန်သိမ်းပေး။ ငါအခုချက်ချင်း ပြန်လာမယ်။ ငါလဲ သဲလွန်စရှာရင်ရှာနိုင်မှာ"

ရှောက်ချွင် စကားမဆိုဘဲ ဖုန်းချပစ်လိုက်သည်။

သူ စတီယာရင်ပေါ် မျက်နှာအပ်လျက် လက်နှစ်လုံး လက်သီးဆုပ်ကာ ပခုံးများက တုန်ရီနေသည်။

လီချိန်ရှို့ အိမ်ရှာနှုန်းက အလွန်မြန်၏။ ဒီလိုအတွေ့အကြုံကို သူအခါနှစ်ဆယ်ထက်မနည်း ကြုံဖူးနေပြီ။

အမြန်ဆုံး သူတိုက်ခန်းငယ်လေးတစ်ခန်းရှာတွေ့ခဲ့သည်။ ဒီတစ်ခါ ကံကောင်းသည်က အရင်အိမ်ငှားက ကျောင်းသားဖြစ်ပြီး စာချုပ်ချုပ်ပြီးသည်နှင့် ရုတ်တရက်နိုင်ငံခြားထွက်သွားသည်။ အိမ်က စာချုပ်မပြည့်သေးသော်လည်း စရံငွေကို မဖြစ်မနေပြန်ထုတ်သွားရမည်ဖြစ်၍ သူကလည်း ငှားခနည်းနည်းဖြင့် လီချိန်ရှို့ကို ငှားပေးခြင်းဖြစ်သည်။ ပြီးတော့ နှစ်လသာ ငှားမည်ဖြစ်ပြီး စာချုပ်ပြည့်သည်နှင့် စာချုပ် ထပ်ချုပ်ရမည်ဖြစ်သည်။

ဒါကလည်း လီချိန်ရှို့၏ ဆန္ဒနှင့်ကိုက်ညီသည်။ နောက်အလုပ်ရ၍ ဝေးနေလျှင် အိမ်ပြောင်းရဦးမည်ဖြစ်၍ နှစ်လဆိုသော ကာလက အခြေကျဖို့ သင့်တော်သည်။

ဒီအိမ်က အနည်းငယ်ဟောင်းပေမဲ့ အတော်လေးသန့်သည်။ အဓိကက သွားလာရေး အဆင်ပြေ၏။ လီချိန်ရှို့သည် တစ်ညနေတည်းနှင့် ယူနေကျ အထုပ်အပိုးတို့ သယ်သွားလိုက်သည်။

သူ အတန်ကြာ‌အောင် သန့်ရှင်းရေးလုပ်လိုက်ပြီး အိမ်ကို ပြင်ဆင်သည်။

အလုပ်များလွန်း၍ ရှောင်ချာပေးကိုလည်း သိပ်အာရုံမထားဖြစ်ပေ။ ညစာကျွေးတော့မှ သူအရင်အတိုင်း အားအင်မရှိသလို ပုံစံမျိုးဖြစ်နေပြီး အစားလဲ သိပ်မဝင်ကြောင်း သိရသည်။

လီချိန်ရှို့မှာ ယခင်ကလည်း အိမ်မွေးတိရစ္ဆာန်မမွေးဖူး၍ သူပင်ပန်းကာ ပတ်ဝန်းကျင်အသစ်ကို နေသားကျဖို့ လိုအပ်နေသည်ဟုသာ ယူဆလိုက်သည်။

တစ်ညနားပြီးနောက် နောက်နေ့မှစ၍ ကိုယ်ရေးအကျဉ်းကိုင်ကာ အလုပ်လိုက်ရှာရသည်။

သုံးလေးရက်ဆက်တိုက်ရှာပြီးနောက် အခွင့်အရေးက သုံးလေးခုသာရသည်။ မျှော်လင့်ချက်ကြီးမကြီး လီချိန်ရှို့လည်း မသိ၍ စောင့်‌ဆိုင်းနေရုံသာတတ်နိုင်သည်။

သူနေ့တိုင်း စောစောထွက်၍ ညဥ့်နက်မှ ပြန်လာသည်။ အိမ်‌ပြန်ရောက်သည်နှင့် ပင်ပန်းလွန်း၍ ခုတင်ပေါ်ပစ်လှဲမိသည်။

ဒီနှစ်ရက်မှာမှ သူခေါင်းကိုက်စရာကိစ္စတစ်ခုနှင့် ကြုံနေရသည်။

ဤသည်မှာ သူ့ဘေးခန်းမှဖြစ်သည်။ မကြာခဏဆိုသလို တဖုန်းဖုန်းအသံထွက်နေပြီး အိမ်မှာပဲ နံရံကို တဖုန်းဖုန်းရိုက်နေသလို။ ဒီက အသံစနစ်မကောင်းသဖြင့် သူ့ဘက်ကို ပျံ့လွင့်လာသံက ရှင်းလင်းနေသည်။ တစ်ခါမြည်လိုက်သည်နှင့် သူ့မှာ အနားယူ၍မရတော့။

လီချိန်ရှို့က ပြောင်းလာလာချင်း အိမ်နီးချင်းနှင့် ကတောက်ကဆမဖြစ်ချင်ပေ။ သို့နှင့် သည်းခံဖို့ရာသာ တွေးလိုက်သည်။

သို့သော် သုံးလေးရက် သည်းခံပြီးနောက်တော့ သူသည်းမခံနိုင်တော့ပေ။

ဒီရက်ပိုင်းအတွင်းက ပင်ပန်းနွမ်းနယ်မှုများ ၊ ဘဝအပြောင်းအလဲနှင့် လီရှော့အပေါ်အားနာစိတ် ၊ ရှောက်ချွင်အပေါ်ထားရှိသော မုန်းတီးဒေါသ အားလုံးက သူ့စိတ်တွင်းဝယ် အစိုင်အခဲအဖြစ် ထုံးဖွဲ့လို့နေသည်။ ဒီတဖုန်းဖုန်း အဆက်မပြတ်ထွက်ပေါ်သံက သူ့စိတ်တွင်းမှ အထုံးကို တစ်ဆပြီးတစ်ဆ ကြီးထွားစေသည်။ အသံတစ်ချက်ချင်းစီက သူ့ဦးခေါင်းထက် ထုရိုက်နေသည့်နှယ် ဘာရယ်ကြောင့်မသိ သူအော်ချင်လာသည်။ ငိုချင်လာသည်။ လည်ချောင်းထဲ တစ်ဆို့နေသော ခံစားချက်များကို ဖွင့်အံချင်လာသည်။ အကယ်၍ မဖွင့်အံရလျှင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲတော့မယောင်။

သူခေါင်းပူသည်နှင့် ပြေးထွက်လာကာ ဘေးခန်းတံခါးကို ခေါက်မိသည်။

အတွင်းမှ အသံက ငြိမ်သွားသည်။ ခဏနေလျှင် ခြေသံက တဖြည်းဖြည်း တစ်လှမ်းချင်း တံခါးဆီကပ်လာ၏။

လီချိန်ရှို့ ရုတ်တရက် စိတ်လှုပ်ရှားမိသည်။ အကယ်၍ ထိုသူက ပြောရခက်သည့်သူဆိုလျှင် ဘယ်လိုလုပ်ရပါ့။

တံခါးပွင့်လာလျှင် အတွင်းမှလူက နှစ်ဆယ်ကျော် လူရွယ်တစ်ယောက်ဖြစ်သည်။ ခန္ဓာကိုယ်က မြင့်မားပြီးထွားကြိုင်းသည်။ အဝတ်မဲ့နေသော ကိုယ်အပေါ်ပိုင်းက ရင်ဘတ်ကြွက်သားများနှင့် ရှစ်ခုသော ကြွက်သားစိုင်ကို လှစ်ဟပြနေ၏။ အသားအရေက လူယစ်မူးဖွယ်ရာ ဂျုံရောင်ဖြစ်၏။ ရုပ်ရည်က သန့်ပြန့်ချောမောသည်ဟု ယူဆရသည်။ တစ်ကိုယ်လုံးက လူငယ်လေး၏ တက်ကြွမှုများ လွှမ်းခြုံနေသည်။

သူမျက်မှောင်ကျုံ့၍ လီချိန်ရှို့ကိုကြည့်သည်။ အနည်းငယ် စိတ်မရှည်သော လေသံဖြင့်

"ဘာလဲ?"

လီချိန်ရှို့သည် သူ့ခြေထောက်နား ခုန်နေသော ဘတ်စကတ်ဘောကို သတိပြုမိသွားကာ အသံက ထိုပစ္စည်းကလာသည်ဖြစ်မည်ဟု ကောက်ချက်ချမိသည်။

သူတံတွေးမျိုချလိုက်ပြီး သတိအနေအထားဖြင့်

"ဒါ ၊ မင်း ၊ အိမ်မှာ။ ဘတ်စကတ်ဘော ကစားနေတာလား?"

ဤလူငယ်လေးသည် အမြင်မှာ ရန်စလို့မကောင်းသည့်ပုံ။ ထို့အပြင် ခန္ဓာကိုယ်က ကြံခိုင်သေး၏။ သူ့ထက်လည်း ခေါင်းတစ်ဝက်လောက် မြင့်သေးသည်။ လီချိန်ရှို့ စိတ်မလှုပ်ရှားဖို့က ခက်လွန်းသည်လေ။

ထိုလူငယ်က ခြေထောက်နားမှ ဘောလုံးကိုကြည့်ရင်း

"ဘာဖြစ်လဲ? ဒါ ပထမထပ်လေ"

လီချိန်ရှို့က ပြောသည်။

"ဒါ အရမ်းဆူတာပဲ။ ငါ ၊ ဘေးခန်းကနေ ၊ ရှင်းရှင်းကြီးကြားနေရတယ်"

ထိုလူငယ်က 'ဩော' ဟု အသံပြုပြီးနောက်

"ငါက ညလုပ်နေတာမှမဟုတ်တာ။ ဒီက အသံစနစ် မကောင်းဘူးဆိုရင် မင်းကသည်းခံလို့မရဘူးလား?"

သူက လီချိန်ရှို့လို ပိန်ပါးသေးငယ်သော ယောင်္ကျားကို မျက်လုံးထဲပင်မထည့်မှန်း သိသာသည်။

လီချိန်ရှို့ ခဏတောင့်သွားသည်။ တစ်ခုခုပြောရန် နှုတ်ဟလိုက်သော်လည်း ထိုလူငယ်လေး မျက်မှောင်ကျုံ့သည်နှင့် အကျင့်မကောင်းသည့်ပုံကို မြင်သော် လျှာဖျားကစကားများကိုပြန်မျိုချလိုက်ရသည်။

ထိုလူက သူအား တစ်ချက်ဝေ့ကြည့်ပြီးနောက် စကားထပ်မပြောဘဲ တံခါးကို ဘန်းခနဲပိတ်သွားတော့သည်။

လီချိန်ရှို့၏အမူအရာမှာ အံ့ဩသွားလေတော့၏။

-------------------------------------------------------------------------------------------------------------------------

[Zawgyi]

လီခ်ိန္ရႈိ႕ တကယ္တမ္းေတာ့ ခပ္ေဝးေဝးမသြားပါ။

သူ႔မွာ ျပန္ေျပးစရာ ဘာေဆြမ်ိဳးမွမရွိသလို ဘယ္သြားရမလဲ ဦးတည္ရာလည္း ရွိမေနေခ်။

ရင္ခြင္ထဲေခြေနရသည့္ ေရွာင္ခ်ာေပး ေနရခက္မည္စိုး၍ ကြမ္က်ိဳးသို႔သာ အရင္ထြက္ခြာခဲ့သည္။

သူ မိုတယ္ေလးတစ္ခုတြင္ အရင္ေနလိုက္ၿပီး မနက္ျဖန္မွ အိမ္သြားရွာရန္စိတ္ကူးသည္။ ေနစရာရွာေတြ႕ၿပီးလွ်င္ အလုပ္ရွာရမည္။

စာရင္းစစ္အလုပ္ကိုပဲ လုပ္ရမလား အရင္အလုပ္ကိုပဲ ျပန္လုပ္ရမလားေတာ့ သူေ႐ြးရခက္ေနေသးသည္။

သူအခု စာရင္းစစ္အေနႏွင့္ အေတြ႕အႀကဳံအနည္းငယ္ရွိေနၿပီျဖစ္ေသာ္လည္း စားဖိုမႉးအလုပ္ေလာက္ေတာ့ ကြၽမ္းက်င္အဆင့္မဟုတ္ေပ။ အျမန္ဆုံးဝမ္းစာျဖည့္ရမည့္အေရးေၾကာင့္ သူ စားဖိုမႉးအလုပ္ကိုသာ ေ႐ြးခ်ယ္တာက ပိုအဆင္ေျပမည္။

လီခ်ိန္ရႈိ႕ ေန႔ဝက္ေလာက္ ႀကံဆၿပီးေနာက္ ကိုယ္ေရးအက်ဥ္းႏွစ္ခုျပင္ဆင္၍ အရင္ရသည့္အလုပ္ကို လုပ္ရန္ ေတြးလိုက္သည္။

ေရွာင္ခ်ာေပးမွာ ကားေပၚ၌ ႏွစ္နာရီေက်ာ္ၾကာ ေခြေနခဲ့ရ၍ အေျခအေနသိပ္မေကာင္း။ ကုတင္ေပၚ လွဲေနလ်က္ အားအင္မရွိသည့္ပုံစံျဖင့္ ၾကည့္ေနသည္။ လီခ်ိန္ရႈိ႕က ေခြးစာကို သူ႔ႏႈတ္ခမ္းထိ ေတ့ေပးလွ်င္ အနံ႔ခံၿပီးေနာက္ တစ္ဖက္သို႔ ေခါင္းလွည့္သြားေတာ့သည္။

လီခ်ိန္ရႈိ႕က သူပင္ပန္းေန၍ဟု ထင္ၿပီး သူ႔ဗိုက္ေလးအား ပြတ္သပ္ႏွိပ္နယ္ကာ အခင္းခင္းေပးၿပီးသိပ္လိုက္သည္။

ဤမိုတယ္က မသန႔္ရွင္းေပ။ ျပတင္းေပါက္တစ္ဖက္က ပ်က္ေနသည္။ ဘယ္လိုပိတ္ပိတ္ ေစ့၍မရ။ လက္ေလးလုံးေလာက္ဟေနလ်က္ အတြင္းသို႔ ေလတဟူးဟူးဝင္၏။ ရာသီဥတုေႏြးလာၿပီဆိုေသာ္ျငား ညပိုင္းတြင္ေတာ့ ေအးေသးသည္ပင္။

လီခ်ိန္ရႈိ႕ ျပတင္းေပါက္လိုက္ကာကို တင္းတင္းဆြဲလိုက္ၿပီး ပင္ပန္းႏြမ္းလ်စြာ ခုတင္ေပၚလွဲလိုက္ရင္း ဝါက်င္က်င္မ်က္ႏွာက်က္ကို ေငးေနမိသည္။

သူ အစက ျပန္စရေတာ့မည္။

ေနစရာ၊ အလုပ္ အားလုံးကို အစကျပန္ရွာၿပီး ေနသားက်ေအာင္ ႀကိဳးစားရဦးမည္။ ၿပီးခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္လို ဘာမွမတိုးတက္မႈမွမရရွိပဲ သူအသက္ရွင္႐ုံသာ။

သူ႔ဘဝေန႔ရက္ေတြက ဘာေၾကာင့္မ်ား ဒီေလာက္ခက္ခဲေနရသလဲ သူစဥ္းစားမရ။

ဒီလို ေမွ်ာ္လင့္ခ်က္မဲ့ျခင္းက သူ႔အား အသက္ရႉရပ္တန္႔ပစ္လိုက္ခ်င္သည္အထိ နာက်င္ေစသည္။ လီခ်ိန္ရႈိ႕ သူဘာလို႔မ်ား ဆက္ရွင္သန္ေနရဦးမွာလဲဟုပင္ ေယာင္မွားစြာ ေတြးမိသည္။ ဒီေလာက္ပင္ပင္ပန္းပန္းရွင္သန္ေနရၿပီး ဘာေကာင္းတဲ့အရာမွမွျဖစ္မလာတာ။ ဘာေၾကာင့္မ်ား အသက္ရွင္ေနရဦးမွာလဲ။

လီခ်ိန္ရႈိ႕ ကြမ္က်ိဳးသို႔ေရာက္လာၿပီး အိမ္ရွာေနခ်ိန္ ေရွာက္ခြၽင္ဘက္တြင္ေတာ့ ႐ူးသြားေတာ့မတတ္ျဖစ္ေနသည္။

သူ ေန႔စဥ္ ဖုန္းကိုသာ စိုက္ၾကည့္ၿပီး လီခ်ိန္ရႈိ႕ဆီမွ ဖုန္းကိုေစာင့္ေနခဲ့သည္။ ဖုန္းပင္ သူ႔အၾကည့္ေၾကာင့္ ခ်ိဳင့္ဝင္သြားႏိုင္ေသာ္လည္း ဖုန္းကဝင္မလာခဲ့။

သူ တျဖည္းျဖည္း မူမမွန္ေတာ့သလို ခံစားလာရသည္။ သူနဂိုတည္းက လီခ်ိန္ရႈိ႕ထံမွ ဖုန္းေခၚလာဖို႔ ေမွ်ာ္လင့္ခ်က္အမ်ားႀကီး မထားပါ။ သို႔ေသာ္ သူလီေရွာ့ဆီမွထြက္လာမည္ဟု သေဘာတူသည့္အတြက္ အနည္းဆုံးေတာ့ ယုံၾကည္ေပးသင့္သည္။

သူထပ္အရဲ႕စြန္႔ၿပီးလည္း သြားမရွာရဲေပ။ လီခ်ိန္ရႈိ႕က အခုထိသူ႔ကို ႐ြံ႕မုန္းေနေသးပုံရသည္။

သို႔ေသာ္ သုံးေလးရက္ထပ္ေစာင့္ၿပီးေနာက္ သူထပ္ၿပီး မေစာင့္ႏိုင္ေတာ့။ ကားေမာင္း၍ သြားခဲ့မိသည္။

သူ႔ေနရာေရာက္ေတာ့ ‌အ‌တန္ၾကာ ဘဲလ္ႏွိပ္ေသာ္လည္း အတြင္းမွ ဘာတုံ႔ျပန္မႈမွျပန္မရ။

ေရွာက္ခြၽင္ သူ႔ေခါင္းသူ ျပင္းျပင္း႐ိုက္လိုက္သည္။ သူစိတ္ေလာေန၍ ေဝဝါးေနသည္ဟု ႏွစ္သိမ့္လိုက္သည္။ လီခ်ိန္ရႈိ႕က အခုအခ်ိန္ ကုမၸဏီမွာ အလုပ္ဆင္းေနမဲ့ဟာကို။

သူေတြးေတာၿပီးေနာက္ သူႏွင့္လီေရွာ့အတူေနသည့္အိမ္တြင္ေတာ့ မေစာင့္ေနခ်င္၍ ကုမၸဏီကိုပဲ သြားလိုက္သည္။

ရလဒ္ကား ေရာက္သြားသည္ႏွင့္ လီခ်ိန္ရႈိ႕ လြန္ခဲ့တဲ့သုံးေလးရက္ေလာက္ကမွ အလုပ္ထြက္သြားေၾကာင္းသိလိုက္ရသည္။

ေရွာက္ခြၽင္၏ ဦးေႏွာက္ထဲ ဝုန္းခနဲ ၿပိဳလဲသြားရသည္။ ေအးစိမ့္ေသာဓာတ္က ႏွလုံးသားမွသည္ တစ္ကိုယ္လုံး၊ ဦးေႏွာက္တြင္းထိပင္ စိမ့္တက္လာသည္။ မေကာင္းေသာ ခံစားမႈက ႏွလုံးသားထဲ တဝဲလည္လည္ႏွင့္ ထိန္းခ်ဳပ္မရျဖစ္ေန၏။

သူ အသက္ေဘးမွေျပးရသလို ကားဆီေျပးခဲ့ၿပီး လီခ်ိန္ရႈိ႕ေနထိုင္ရာဆီ ‌ကားေမာင္း ေျပးလာခဲ့သည္။

တံခါးဘဲလ္ႏွိပ္ေနသည့္ သူ႔လက္မ်ားကို မရပ္တန႔္ရဲ။ ငါးမိနစ္တိတိ အဆက္မျပတ္ႏွိပ္ၿပီးေနာက္တြင္ အတြင္းမွ ဘာသံမွျပန္မလာ။ ေနာက္ဆုံးလက္သီးျဖင့္ တံခါးကို ထုရင္း အဆက္မျပတ္ေအာ္ေတာ့သည္။

"လီခ်ိန္ရႈိ႕! လီခ်ိန္ရႈိ႕!"

ဒီပတ္ဝန္းက်င္မွ လုံၿခဳံေရးမ်ားက ဆက္သြယ္မႈအားေကာင္းသည္။ ေရွာက္ခြၽင္၏ လႈပ္ရွားမႈက စီစီတီဗြီၾကည့္ေနေသာ လုံၿခဳံေရးအား အာ႐ုံယူလိုက္ကာ သံသယဝင္ေစၿပီး ခဏပင္မၾကာလိုက္ရ လုံၿခဳံေရးႏွစ္ေယာက္တက္လာၾကသည္။

ထိုလုံၿခဳံေရးႏွစ္ေယာက္က ေတာင္ပိုင္းသားမ်ားလို ခႏၶာကိုယ္ႏွင့္ျဖစ္ကာ ေရွာက္ခြၽင္၏ ျမင့္မားေသာ ကိုယ္ထည္ကို ျမင္လွ်င္ အမူအရာက သိပ္မလုံမလဲျဖစ္သြားေတာ့သည္။ သို႔ႏွင့္ သူ႔အား ဘာလုပ္ေနသလဲ ဒီလိုလုပ္ျခင္းက ပတ္ဝန္းက်င္အား အေႏွာင့္အယွက္ေပးေၾကာင္းေျပာရေတာ့သည္။

ေရွာက္ခြၽင္သည္ အသက္ရႉသံျပင္းထန္ေနလ်က္ မ်က္ႏွာတစ္ခုလုံးမွာ အေနခက္ေနပုံေပၚကာ

"သူငယ္ခ်င္းကို ရွာေနတာ"

တစ္ေယာက္က နံပါတ္ျပားကိုၾကည့္၍ ျပန္ေတြးေတာလိုက္ကာ စကားေျပာစက္ႏွင့္ လုံၿခဳံေရးမ်ားထံ လွမ္းေမးလိုက္သည္။

"နံပါတ္၁၈က အိမ္ငွားက အရင္ရက္တုန္းက ေျပာင္းသြားၿပီမလား? အဲ့ေန႔က ဘယ္သူ႔ဂ်ဴတီလဲ?"

တစ္ဖက္မွ စကားသံ ထြက္လာသည္။

"ေျပာင္းသြားၿပီေလ။ ႏွစ္ဆယ့္တစ္ရက္ေန႔ မနက္အေစာႀကီး မိုးေတာင္မလင္းေသးဘူး ေျပာင္းသြားတာ။ေရွာင္ဝူ ဂ်ဴတီက်တာေလ။ သူ႔အထုပ္အပိုးေတြေတာင္ သယ္ေပးလိုက္ေသးတယ္"

ေရွာက္ခြၽင္၏ မ်က္ႏွာသည္ ျဖဴေဖ်ာ့သြားကာ စိတ္မျပတ္စြာေမး၏။

"သူဘယ္သြားခဲ့တာလဲ?"

လုံၿခဳံေရးေလးက 'အားယိုး' ဟု ျမည္တမ္းၿပီးေနာက္

"သူေဌးရယ္ ဒါေတာ့ ကြၽန္ေတာ္တို႔က ဘယ္သိမွာတုန္းဗ်"

ေရွာက္ခြၽင္သည္ ယိုင္တိယိုင္တိုင္ႏွင့္ တိုက္ေပၚမွဆင္းလာရင္း သူ႔ေျခေထာက္မ်ားပင္ တုန္ရီေနသည္။

သူကားေပၚထိုင္သည္ႏွင့္ ေရွာင္က်ိဳးဆီဖုန္းဆက္လိုက္ၿပီး လီခ်ိန္ရႈိ႕အား ရွာခိုင္းေတာ့သည္။

သူ႔ဦးေႏွာက္တစ္ခုလုံး ရစ္ေထြးေန၏။ စကားေျပာရာ၌ပင္ မေျဖာင့္ျဖဴးေတာ့။ လီခ်ိန္ရႈိ႕ကို မေတြ႕ႏိုင္ေလာက္ဘူးဆိုသည့္အသိက သူ႔ဦးေခါင္းထိပ္တြင္ တိမ္မည္းတစ္စုႏွယ္ ဖိႏွိပ္လို႔ထားသည္။ သူ႔တစ္ကိုယ္လုံး ေအးစက္ေနကာ ရင္ဘတ္ထဲ တင္းက်ပ္လြန္း၍ အသက္ပင္ရႉ၍မရေတာ့။

သူအတန္ၾကာေအာင္ သဲလြန္စရႏိုင္မည့္သူကို စဥ္းစားလိုက္ရၿပီး ဘယ္လိုေတြးေတြး ေနာက္ဆုံးေတာ့ Adrian ၏ ဖုန္းကိုရွာေတြ႕သည္။

Adrianက အေစာႀကီးကတည္းက ေရွာက္ခြၽင္၏ ဖုန္းကိုဖ်က္ပစ္ထား၍ ဘာမွမေတြးပဲ ကိုင္လိုက္သည္။

ေရွာက္ခြၽင္ကလည္း အပိုမဆိုပဲ ခ်က္ခ်င္းအသံတိုးတိုးျဖင့္ေမးလိုက္သည္။

"လီခ်ိန္ရႈိ႕ ဘယ္သြားခဲ့တာလဲ?"

Adrian ဘက္က ခဏၿငိမ္သြား၏။

"ေရွာက္ခြၽင္?"

ေရွာက္ခြၽင္က စိတ္မရွည္စြာေျပာသည္။

"သူဘယ္သြားခဲ့လဲ?"

Adrian ဘက္မွ ထိုမွ သတိဝင္လာၿပီး ရယ္သံစြက္လ်က္

"ခ်ိန္ရႈိ႕က လီေရွာ့နဲ႔အတူ အေမရိက ထြက္သြားၿပီေလ"

ေရွာက္ခြၽင္ အေတြးထဲ အရာရာ ဗလာျဖစ္သြားရသည္။ ႏွလုံးသားတစ္ခုလုံး စူးနစ္နာက်င္ေနလ်က္ အတန္ၾကာမွ မနည္းအားတင္း၍ တုန္ရီစြာျဖင့္

" မဟုတ္ဘူး။ မျဖစ္ႏိုင္ဘူး။ သူေျပာေတာ့ သူ"

ေရွာက္ခြၽင္သည္ ထိုေန႔က ျဖစ္စဥ္ကို ျပန္ေတြးမိသည္။ လီခ်ိန္ရႈိ႕က သူဒီက ေျပာင္းသြားမည္ဟု ဆိုေသာ္ျငား လီေရွာ့က ဒီဘက္ကစီးပြားေရးလုပ္ငန္းကိုပစ္၍ လီခ်ိန္ရႈိ႕အား ႏိုင္ငံျခားသို႔ ညာေခၚလိမ့္မည္ဟု သူဘယ္လိုေတြးမိပါ့မလဲ။

Adrianက ေအးစက္စက္ရယ္သည္။

"ေရွာက္ခြၽင္။ ကိုယ့္ကိုယ္ကို သိစမ္းပါ။ သူမ်ားကျဖင့္ အေမရိကေရာက္လို႔ လက္ထပ္ေနေလာက္ၿပီ။ မင္းသာ လီခ်ိန္ရႈိ႕အေပၚ ခ်စ္ေသးတယ္ဆိုရင္ သူေပ်ာ္႐ႊင္ဖို႔ ဆုေတာင္းေပးလိုက္"

"ေပါက္တတ္ကရေတြ!"

ေရွာက္ခြၽင္၏ ႐ုတ္တရက္ ေအာ္ဟစ္သံက Adrianကိုပင္ လန႔္ဖ်ပ္သြားေစ၏။

ေရွာက္ခြၽင္ ဖုန္းခ်ၿပီးေနာက္ တုန္တုန္ရီရီျဖင့္ ဖုန္းကိုဖြင့္ရွာကာ ခ်က္ခ်င္း မိတ္ေဆြတစ္ဦးထံ ဖုန္းဆက္လိုက္သည္။

"ငါ့ကို ဒီရက္ပိုင္း အေမရိကသြားတဲ့ ခရီးသည္စာရင္းမွာ လီခ်ိန္ရႈိ႕ဆိုတာ ပါမပါ စစ္ေပးပါဦး"

တစ္ညေနလုံး ဒုကၡေရာက္ၿပီးေနာက္ ေရွာက္ခြၽင္သည္ လီခ်ိန္ရႈိ႕၏ ထြက္ခြာမႈသတင္းကိုရသည္။ ဘယ္ေလေၾကာင္းကုမၸဏီမွ သူ႔သတင္းမရခဲ့ေပ။

ေရွာက္ခြၽင္သည္ ခံစားခ်က္မ်ားရႈပ္ေထြးေနခဲ့သည္။ တစ္ဖက္မွာ လီေရွာ့ႏွင့္ အေမရိကတြင္ေတြ႕ဆုံမေန၍ စိတ္ေအးရသလို တစ္ဖက္တြင္လည္း လီခ်ိန္ရႈိ႕က ဒီလိုပဲ အစအနမရေအာင္ ေပ်ာက္ဆုံးေနသည္။ တ႐ုတ္ျပည္က ဒီေလာက္က်ယ္တာ။ ဘာေျခရာမွမခ်န္ရစ္ဘဲ ေဆြမ်ိဳးမရွိသည့္ လူတစ္ေယာက္ကို ရွာရန္က ပင္လယ္ထဲ အပ္ေပ်ာက္ရွာရသည့္ႏွယ္ ျဖစ္ေန၏။

ေရွာက္ခြၽင္သည္ ယခု ေနာင္တတို႔ႏွင့္ နစ္မြန္းေနသည္။ သူ အဲ့ေန႔က လီခ်ိန္ရႈိ႕ကို တြန္းအားမေပးလိုက္သင့္။ ဒီလို လူကို ထြက္ေျပးသြားသည္ထိ ဖိအားေပးမိ၍ ဘယ္ရွာရမွန္းမသိ ျဖစ္ရမည္မွန္း သူဘယ္လိုလုပ္သိမွာလဲေလ။

ေရွာက္ခြၽင္သည္ ေန႔ခင္းမွ ‌ညေမွာင္သည့္အထိ ကားထဲ၌သာ။ ဤက်ဥ္းေျမာင္းေမွာင္မိုက္သည့္ ေနရာေလးထဲတြင္ တစ္ကိုယ္တည္း အထီးက်န္ျခင္းႏွင့္ ေနာင္တတရားတို႔ကို ခံစားေနရသည္။

သူ ဘယ္တုန္းကမွ ဒီလို တုန္လႈပ္ေခ်ာက္ခ်ားဖူးတာမရွိ။ သန္းဆယ္ခ်ီ ရင္းႏွီးမိၿပီး တစ္ျပားမွျပန္မထြက္လာစဥ္ကေတာင္ ဒီလို ေၾကာက္႐ြံ႕တုန္လႈပ္ျခင္းမရွိခဲ့။ လီခ်ိန္ရႈိ႕ကို ဆုံရႈံးရသည့္ အေၾကာက္တရားသည္ သူ႔ကို တေျမ့ေျမ့တိုက္စားသြားသည္။

႐ုတ္တရက္ သူ၏ဖုန္းကျမည္လာသည္။ ဖုန္းလက္ခံခ်ိန္၌ သူ႔စိတ္ထဲ ေမွ်ာ္လင့္ခ်က္ေရးေရး ရွိေနသည္။

ဖုန္းေပၚက နံပါတ္စိမ္းတစ္ခ်ိဳ႕ျဖစ္ၿပီး ႏိုင္ငံျခားမွဖုန္းျဖစ္သည္။

အကယ္၍ သူအမွတ္မမွားလွ်င္ အေမရိကမွ နံပါတ္ျဖစ္သည္။

ေရွာက္ခြၽင္ ဖုန္းလက္ခံခ်ိန္တြင္ တစ္ဖက္က ခဏတိတ္ေနၿပီးမွ ဖြင့္ေျပာလာသည္။

"ငါ လီေရွာ့"

ေရွာက္ခြၽင္သည္ အသက္တစ္ခ်က္ရႈိက္လိုက္ၿပီး တည္ၿငိမ္ေအာင္ႀကိဳးစားလိုက္သည္။ လီေရွာ့က သူ႔ကိုမရွာလွ်င္ေတာင္ သူက လီေရွာ့ကို သြားရွာျဖစ္လိမ့္မည္။ အခုေတာ့ ဖုန္းလာတာက အေတာ္ပဲျဖစ္သြားၿပီး ေလးနက္စြာ ေျပာလိုက္သည္။

"လီခ်ိန္ရႈိ႕ ဘယ္မွာလဲ?"

လီေရွာ့ဘက္မွ ခဏတိတ္သြားၿပီး ႐ုတ္တရက္ အသံက်ယ္လာကာ သူ၏ေဒါသကို သိသာေနေစသည္။

"မင္းကမ်ား ငါ့ကိုေမးရဲေသးတယ္။ ငါမင္းကို ေမးရမွာကြ!"

ေရွာက္ခြၽင္၏ ေနာက္ဆုံးေသာ ေမွ်ာ္လင့္ခ်က္ကေလးသည္လည္း နင္းေခ်ခံလိုက္ရကာ ေလေလ်ာ့သြားေသာ ေဘာလုံးတစ္လုံးႏွယ္ ထိုင္ခုံေပၚ မွီက်သြားသည္။

"သူ႔ကို မေတြ႕ေတာ့ဘူး"

လီေရွာ့က ေဒါသျဖင့္

"ေရွာက္ခြၽင္ မ်ိဳးမစစ္ေကာင္! မင္း ခ်ိန္ရႈိ႕ကို ဟိုေျပးဒီေျပးနဲ႔ စိတ္ေအးလက္ေအးေနစရာေလးေတာင္မရွိေအာင္ ဖိအားေပးေနတာ။ အခု မင္းေပ်ာ္ေနၿပီမလား။ သူ႔ကို မေတြ႕ေတာ့ဘူး။ သူ လုံးဝေပ်ာက္သြားၿပီကြ"

ေရွာက္ခြၽင္သည္ နာက်င္လြန္း၍ စကားပင္ေျပာမထြက္ေတာ့။ မ်က္ဝန္းမ်ား ပူေႏြးလာကာ မ်က္စိေရွ႕မွ အရာအားလုံး ေဝဝါးလာသည္။

သူလက္ျဖင့္ မ်က္လုံးကို ကာလိုက္ရင္း အက္ကြဲစြာ

"သူဘယ္ေတြ သြားႏိုင္လဲ?"

"ငါက ဘယ္လိုလုပ္သိမွာလဲ။ သူေျပာတာေတာ့ သူ႔ေဆြမ်ိဳးတစ္‌ေယာက္ဆီ သြားမယ္တဲ့။ ဒါေပမဲ့ သူဘယ္တုန္းကမွ ေျပာသံမၾကားဖူးဘူး"

ေရွာက္ခြၽင္သည္ ရႈိက္သံေႏွာ၍ ေျပာသည္။

"သူ႔မွာေဆြမ်ိဳးမရွိဘူး"

သူအေႂကြးဆပ္ေပးစဥ္က ေရွာင္က်ိဳးက သူ႔ကို လီခ်ိန္ရႈိ႕၏ အေျခအေနအားလုံးကို တစ္ခါေျပာဖူးသည္။ လီခ်ိန္ရႈိ႕မွာ ဘာေဆြမ်ိဳးရွိမွာလဲ။ အေႂကြးဆပ္ၿပီးသည့္ေနာက္ သူတို႔အဆက္အသြယ္‌ပင္ မရွိၾကေတာ့ေပ။ လီခ်ိန္ရႈိ႕ ဘယ္သြားလိမ့္မလဲ သူေတြးမရ။ တ႐ုတ္ျပည္က ဒီေလာက္က်ယ္တာ ဘယ္မဆို သူသြားႏိုင္သည္။ ၿပီးေတာ့ ရွိန္းက်န႔္လိုေနရာမွာေတာင္ ေနစရာမရွိ အလုပ္မရွိ ‌မိတ္ေဆြမရွိသည့္သူဆို ဘယ္လြယ္ပါ့မလဲ။

‌လီေရွာ့က စူးရွစြာေျပာသည္။

"ေရွာက္ခြၽင္ ခ်ိန္ရႈိ႕လက္ထဲပိုက္ဆံလဲ မ်ားမ်ားမရွိဘူး။ အေျခအေနလဲ သိပ္မေကာင္းဘူး။ ၿပီးေတာ့ အားကိုးစရာလဲ ရွိတာမဟုတ္ဘူး။ အကယ္၍ သူတစ္ခုခုျဖစ္လို႔ကေတာ့ ငါမင္းကို အလြတ္မေပးဘူး"

ေရွာက္ခြၽင္ စကားမဆိုေပ။ အကယ္၍ လီခ်ိန္ရႈိ႕ တစ္ခုခုျဖစ္လွ်င္ သူ႔ကိုယ္သူလည္း ခြင့္လႊတ္မည္မဟုတ္။

လီေရွာ့ကေတာ့ သူႏွင့္စကားတစ္ခြန္းပိုေျပာလွ်င္ေတာင္ ျဖဳန္းတီးရာေရာက္သည္ဟု ခံယူပုံေပၚသည္။ မုန္းတီး႐ြံရွာစြာျဖင့္

"မင္းရဲ႕ အရႈပ္ထုပ္ေတြ ျပန္သိမ္းေပး။ ငါအခုခ်က္ခ်င္း ျပန္လာမယ္။ ငါလဲ သဲလြန္စရွာရင္ရွာႏိုင္မွာ"

ေရွာက္ခြၽင္ စကားမဆိုဘဲ ဖုန္းခ်ပစ္လိုက္သည္။

သူ စတီယာရင္ေပၚ မ်က္ႏွာအပ္လ်က္ လက္ႏွစ္လုံး လက္သီးဆုပ္ကာ ပခုံးမ်ားက တုန္ရီေနသည္။

လီခ်ိန္ရႈိ႕ အိမ္ရွာႏႈန္းက အလြန္ျမန္၏။ ဒီလိုအေတြ႕အႀကဳံကို သူအခါႏွစ္ဆယ္ထက္မနည္း ႀကဳံဖူးေနၿပီ။

အျမန္ဆုံး သူတိုက္ခန္းငယ္ေလးတစ္ခန္းရွာေတြ႕ခဲ့သည္။ ဒီတစ္ခါ ကံေကာင္းသည္က အရင္အိမ္ငွားက ေက်ာင္းသားျဖစ္ၿပီး စာခ်ဳပ္ခ်ဳပ္ၿပီးသည္ႏွင့္ ႐ုတ္တရက္ႏိုင္ငံျခားထြက္သြားသည္။ အိမ္က စာခ်ဳပ္မျပည့္ေသးေသာ္လည္း စရံေငြကို မျဖစ္မေနျပန္ထုတ္သြားရမည္ျဖစ္၍ သူကလည္း ငွားခနည္းနည္းျဖင့္ လီခ်ိန္ရႈိ႕ကို ငွားေပးျခင္းျဖစ္သည္။ ၿပီးေတာ့ ႏွစ္လသာ ငွားမည္ျဖစ္ၿပီး စာခ်ဳပ္ျပည့္သည္ႏွင့္ စာခ်ဳပ္ ထပ္ခ်ဳပ္ရမည္ျဖစ္သည္။

ဒါကလည္း လီခ်ိန္ရႈိ႕၏ ဆႏၵႏွင့္ကိုက္ညီသည္။ ေနာက္အလုပ္ရ၍ ေဝးေနလွ်င္ အိမ္ေျပာင္းရဦးမည္ျဖစ္၍ ႏွစ္လဆိုေသာ ကာလက အေျခက်ဖို႔ သင့္ေတာ္သည္။

ဒီအိမ္က အနည္းငယ္ေဟာင္းေပမဲ့ အေတာ္ေလးသန႔္သည္။ အဓိကက သြားလာေရး အဆင္ေျပ၏။ လီခ်ိန္ရႈိ႕သည္ တစ္ညေနတည္းႏွင့္ ယူေနက် အထုပ္အပိုးတို႔ သယ္သြားလိုက္သည္။

သူ အတန္ၾကာ‌ေအာင္ သန႔္ရွင္းေရးလုပ္လိုက္ၿပီး အိမ္ကို ျပင္ဆင္သည္။

အလုပ္မ်ားလြန္း၍ ေရွာင္ခ်ာေပးကိုလည္း သိပ္အာ႐ုံမထားျဖစ္ေပ။ ညစာေကြၽးေတာ့မွ သူအရင္အတိုင္း အားအင္မရွိသလို ပုံစံမ်ိဳးျဖစ္ေနၿပီး အစားလဲ သိပ္မဝင္ေၾကာင္း သိရသည္။

လီခ်ိန္ရႈိ႕မွာ ယခင္ကလည္း အိမ္ေမြးတိရစာၦန္မေမြးဖူး၍ သူပင္ပန္းကာ ပတ္ဝန္းက်င္အသစ္ကို ေနသားက်ဖို႔ လိုအပ္ေနသည္ဟုသာ ယူဆလိုက္သည္။

တစ္ညနားၿပီးေနာက္ ေနာက္ေန႔မွစ၍ ကိုယ္ေရးအက်ဥ္းကိုင္ကာ အလုပ္လိုက္ရွာရသည္။

သုံးေလးရက္ဆက္တိုက္ရွာၿပီးေနာက္ အခြင့္အေရးက သုံးေလးခုသာရသည္။ ေမွ်ာ္လင့္ခ်က္ႀကီးမႀကီး လီခ်ိန္ရႈိ႕လည္း မသိ၍ ေစာင့္‌ဆိုင္းေန႐ုံသာတတ္ႏိုင္သည္။

သူေန႔တိုင္း ေစာေစာထြက္၍ ညဥ့္နက္မွ ျပန္လာသည္။ အိမ္‌ျပန္ေရာက္သည္ႏွင့္ ပင္ပန္းလြန္း၍ ခုတင္ေပၚပစ္လွဲမိသည္။

ဒီႏွစ္ရက္မွာမွ သူေခါင္းကိုက္စရာကိစၥတစ္ခုႏွင့္ ႀကဳံေနရသည္။

ဤသည္မွာ သူ႔ေဘးခန္းမွျဖစ္သည္။ မၾကာခဏဆိုသလို တဖုန္းဖုန္းအသံထြက္ေနၿပီး အိမ္မွာပဲ နံရံကို တဖုန္းဖုန္း႐ိုက္ေနသလို။ ဒီက အသံစနစ္မေကာင္းသျဖင့္ သူ႔ဘက္ကို ပ်ံ႕လြင့္လာသံက ရွင္းလင္းေနသည္။ တစ္ခါျမည္လိုက္သည္ႏွင့္ သူ႔မွာ အနားယူ၍မရေတာ့။

လီခ်ိန္ရႈိ႕က ေျပာင္းလာလာခ်င္း အိမ္နီးခ်င္းႏွင့္ ကေတာက္ကဆမျဖစ္ခ်င္ေပ။ သို႔ႏွင့္ သည္းခံဖို႔ရာသာ ေတြးလိုက္သည္။

သို႔ေသာ္ သုံးေလးရက္ သည္းခံၿပီးေနာက္ေတာ့ သူသည္းမခံႏိုင္ေတာ့ေပ။

ဒီရက္ပိုင္းအတြင္းက ပင္ပန္းႏြမ္းနယ္မႈမ်ား ၊ ဘဝအေျပာင္းအလဲႏွင့္ လီေရွာ့အေပၚအားနာစိတ္ ၊ ေရွာက္ခြၽင္အေပၚထားရွိေသာ မုန္းတီးေဒါသ အားလုံးက သူ႔စိတ္တြင္းဝယ္ အစိုင္အခဲအျဖစ္ ထုံးဖြဲ႕လို႔ေနသည္။ ဒီတဖုန္းဖုန္း အဆက္မျပတ္ထြက္ေပၚသံက သူ႔စိတ္တြင္းမွ အထုံးကို တစ္ဆၿပီးတစ္ဆ ႀကီးထြားေစသည္။ အသံတစ္ခ်က္ခ်င္းစီက သူ႔ဦးေခါင္းထက္ ထု႐ိုက္ေနသည့္ႏွယ္ ဘာရယ္ေၾကာင့္မသိ သူေအာ္ခ်င္လာသည္။ ငိုခ်င္လာသည္။ လည္ေခ်ာင္းထဲ တစ္ဆို႔ေနေသာ ခံစားခ်က္မ်ားကို ဖြင့္အံခ်င္လာသည္။ အကယ္၍ မဖြင့္အံရလွ်င္ သူ႔ခႏၶာကိုယ္တစ္ခုလုံး ေပါက္ကြဲေတာ့မေယာင္။

သူေခါင္းပူသည္ႏွင့္ ေျပးထြက္လာကာ ေဘးခန္းတံခါးကို ေခါက္မိသည္။

အတြင္းမွ အသံက ၿငိမ္သြားသည္။ ခဏေနလွ်င္ ေျခသံက တျဖည္းျဖည္း တစ္လွမ္းခ်င္း တံခါးဆီကပ္လာ၏။

လီခ်ိန္ရႈိ႕ ႐ုတ္တရက္ စိတ္လႈပ္ရွားမိသည္။ အကယ္၍ ထိုသူက ေျပာရခက္သည့္သူဆိုလွ်င္ ဘယ္လိုလုပ္ရပါ့။

တံခါးပြင့္လာလွ်င္ အတြင္းမွလူက ႏွစ္ဆယ္ေက်ာ္ လူ႐ြယ္တစ္ေယာက္ျဖစ္သည္။ ခႏၶာကိုယ္က ျမင့္မားၿပီးထြားႀကိဳင္းသည္။ အဝတ္မဲ့ေနေသာ ကိုယ္အေပၚပိုင္းက ရင္ဘတ္ႂကြက္သားမ်ားႏွင့္ ရွစ္ခုေသာ ႂကြက္သားစိုင္ကို လွစ္ဟျပေန၏။ အသားအေရက လူယစ္မူးဖြယ္ရာ ဂ်ဳံေရာင္ျဖစ္၏။ ႐ုပ္ရည္က သန႔္ျပန႔္ေခ်ာေမာသည္ဟု ယူဆရသည္။ တစ္ကိုယ္လုံးက လူငယ္ေလး၏ တက္ႂကြမႈမ်ား လႊမ္းၿခဳံေနသည္။

သူမ်က္ေမွာင္က်ဳံ႕၍ လီခ်ိန္ရႈိ႕ကိုၾကည့္သည္။ အနည္းငယ္ စိတ္မရွည္ေသာ ေလသံျဖင့္

"ဘာလဲ?"

လီခ်ိန္ရႈိ႕သည္ သူ႔ေျခေထာက္နား ခုန္ေနေသာ ဘတ္စကတ္ေဘာကို သတိျပဳမိသြားကာ အသံက ထိုပစၥည္းကလာသည္ျဖစ္မည္ဟု ေကာက္ခ်က္ခ်မိသည္။

သူတံေတြးမ်ိဳခ်လိုက္ၿပီး သတိအေနအထားျဖင့္

"ဒါ ၊ မင္း ၊ အိမ္မွာ။ ဘတ္စကတ္ေဘာ ကစားေနတာလား?"

ဤလူငယ္ေလးသည္ အျမင္မွာ ရန္စလို႔မေကာင္းသည့္ပုံ။ ထို႔အျပင္ ခႏၶာကိုယ္က ႀကံခိုင္ေသး၏။ သူ႔ထက္လည္း ေခါင္းတစ္ဝက္ေလာက္ ျမင့္ေသးသည္။ လီခ်ိန္ရႈိ႕ စိတ္မလႈပ္ရွားဖို႔က ခက္လြန္းသည္ေလ။

ထိုလူငယ္က ေျခေထာက္နားမွ ေဘာလုံးကိုၾကည့္ရင္း

"ဘာျဖစ္လဲ? ဒါ ပထမထပ္ေလ"

လီခ်ိန္ရႈိ႕က ေျပာသည္။

"ဒါ အရမ္းဆူတာပဲ။ ငါ ၊ ေဘးခန္းကေန ၊ ရွင္းရွင္းႀကီးၾကားေနရတယ္"

ထိုလူငယ္က 'ေဩာ' ဟု အသံျပဳၿပီးေနာက္

"ငါက ညလုပ္ေနတာမွမဟုတ္တာ။ ဒီက အသံစနစ္ မေကာင္းဘူးဆိုရင္ မင္းကသည္းခံလို႔မရဘူးလား?"

သူက လီခ်ိန္ရႈိ႕လို ပိန္ပါးေသးငယ္ေသာ ေယာက်ၤားကို မ်က္လုံးထဲပင္မထည့္မွန္း သိသာသည္။

လီခ်ိန္ရႈိ႕ ခဏေတာင့္သြားသည္။ တစ္ခုခုေျပာရန္ ႏႈတ္ဟလိုက္ေသာ္လည္း ထိုလူငယ္ေလး မ်က္ေမွာင္က်ဳံ႕သည္ႏွင့္ အက်င့္မေကာင္းသည့္ပုံကို ျမင္ေသာ္ လွ်ာဖ်ားကစကားမ်ားကိုျပန္မ်ိဳခ်လိုက္ရသည္။

ထိုလူက သူအား တစ္ခ်က္ေဝ့ၾကည့္ၿပီးေနာက္ စကားထပ္မေျပာဘဲ တံခါးကို ဘန္းခနဲပိတ္သြားေတာ့သည္။

လီခ်ိန္ရႈိ႕၏အမူအရာမွာ အံ့ဩသြားေလေတာ့၏။

-------------------------------------------------------------------------------------------------------------------------

Continue Reading

You'll Also Like

100K 4.9K 118
Author(s):Solanine , Maki Genre(s):Shounen Ai / Supernatural / Webtoons / Yaoi
80.7K 2.5K 29
Taylor Harley was the outcast of the school. Tyler Chownston was the new, instant popular guy. What happens when these two become best friends? What...
326K 10.1K 135
MAINLY JOKER IMAGINES🙃💜 {REQUESTS OPEN} 🖤 These imagines are all written by me! This is all my creative writing 💕
5.3K 123 10
blurbs from my yan!batfam stories obsession and storge because i have too many ideas and i don't want to forget them