ငါ့တပည့်တွေက ဘုရင်တွေ

By Bee9966

73.1K 6K 34

Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start dat... More

အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 20
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25+26
အပိုင်း 27+28
အပိုင်း 29+30
အပိုင်း 31+32
အပိုင်း 33+34
အပိုင်း 35+36
အပိုင်း 37+38
အပိုင်း 39+40
အပိုင်း 41+42
အပိုင်း 43+44+45
46+47+48+49+50
အပိုင်း 61+62+63+64+65
အပိုင်း 66+67+68+69+70
🚨
အပိုင်း 51+52+53+54+55
အပိုင်း 56+57+58+59+60
အပိုင်း 71+72
အပိုင်း 73+74
အပိုင်း 75+76
အပိုင်း 78
အပိုင်း 79+80
အပိုင်း 81
အပိုင်း 82
အပိုင်း 83
အပိုင်း 84
အပိုင်း 85
အပိုင်း 86
အပိုင်း 87
အပိုင်း 88
အပိုင်း 89
အပိုင်း 90
အပိုင်း 91
အပိုင်း 92
အပိုင်း 92
အပိုင်း 93
အပိုင်း 94
အပိုင်း 95
အပိုင်း 96
အပိုင်း 97
အပိုင်း 98
အပိုင်း 99
အပိုင်း 100
🚨
အပိုင်း 101
အပိုင်း 102
အပိုင်း 103
အပိုင်း 104
အပိုင်း 105
အပိုင်း 106
အပိုင်း 107
အပိုင်း 108
အပိုင်း 109
အပိုင်း 110
🌈
အပိုင်း 111
အပိုင်း 112
အပိုင်း 113
အပိုင်း114
အပိုင်း 115
အပိုင်း 116
အပိုင်း 117
အပိုင်း 118
အပိုင်း 119
အပိုင်း 120
အပိုင်း 121
အပိုင်း 122
အပိုင်း 123
အပိုင်း 124
အပိုင်း 125
အပိုင်း 126
အပိုင်း 127
အပိုင်း 128
အပိုင်း 129
အပိုင်း 130
အပိုင်း 131
အပိုင်း 132
🚨
အပိုင်း 133
အပိုင်း 134
အပိုင်း 135
အပိုင်း 136
အပိုင်း 137
အပိုင်း 138
အပိုင်း 139
အပိုင်း 140
အပိုင်း 141
အပိုင်း 142
အပိုင်း 143
အပိုင်း 144
အပိုင်း 145
🚨
အပိုင်း 146
အပိုင်း 147
အပိုင်း 148
အပိုင်း 149
အပိုင်း 150
အပိုင်း 151
အပိုင်း 152
အပိုင်း 153
🚨
အပိုင်း 154
အပိုင်း 155
အပိုင်း 156
အပိုင်း 157
အပိုင်း 158
အပိုင်း 159
အပိုင်း 160
အပိုင်း 161
အပိုင်း 162
အပိုင်း 163
အပိုင်း 164
အပိုင်း 165
အပိုင်း 166
အပိုင်း 167
အပိုင်း 168
အပိုင်း 169

အပိုင်း 77

552 44 0
By Bee9966

အခန်း ၇၇ : ပျံလွှားတိမ်တိုက်စင်မြင့်ထက်က သေရေးရှင်ရေး

ဟွမ်းကျန်းကျန့်တဲ့လား။

နေမဝင်အင်ပါယာနှင့်သူ့ကြားရှိဆက်ဆံရေးက ဘယ်လိုပါလိမ့်ဟု ယဲ့ချိုးပိုင် အရင်တွေးလိုက်မိသည်။

ကျန်းချောင်မြန်သည် ဟွမ်းကျန်းကျန့်ကို သိပုံရသည်။ သူသည်လည်း မြောက်ပိုင်းဒေသကပင်။

"နေမဝင်အင်ပါယာရဲ့နံပါတ်တစ်ပါရမီရှင် မင်းသားဟွမ်းကျန်းကျန့်ပဲ။ ဒါပေမဲ့ သူက နိုင်ငံရေးကိုစိတ်မဝင်စားဘဲ သိုင်းပညာကျင့်ကြံတယ်"

"သူက လျှို့ဝှက်တာအိုကျောင်းတောထရဲ့ပင်မအိမ်တော်ထဲကိုဝင်ဖို့ သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ အရည်အချင်းတွေကိုပဲအားကိုးခဲ့တာ"

ယဲ့ချိုးပိုင် ခပ်ယဲ့ယဲ့ခေါင်းညိတ်ပြလိုက်သည်။

ဟွမ်းကျန်းကျန့်ကလည်း ယဲ့ချိုးပိုင်ကိုကြည့်ပြီး ပြောလိုက်သည်။

"ထျန်းမင်ဆီက မင်းအကြောင်းတွေကြားထားတယ်။ မင်းနဲ့ငါရန်ငြိုး မရှိပေမဲ့ နေမဝင်အင်ပါယာက ငါ့ရဲ့အိမ်ပဲ။ ဒီတော့ တိုက်ခိုက်ကြရအောင်"

ယဲ့ချိုးပိုင်က မငြင်းခဲ့ပေ။

ပြဿနာကို ချက်ချင်းဖြေရှင်းလိုက်သည်မှာ ပိုကောင်းလေသည်။

"ဘယ်မှာလဲ"

ဟွမ်းကျန်းကျန့်က ခေါင်းညိတ်ပြပြီးပြောသည်။

"အကယ်ဒမီကလူတွေရဲ့အမုန်းတရားတွေကိုဖြေရှင်းဖို့ နေရာတစ်ခုရှိတယ်။ ငါနဲ့လိုက်ခဲ့"

ဤသို့ဖြင့် သူ လှည့်ထွက်သွားသည်။

ယဲ့ချိုးပိုင်နှင့် ကျန်းချောင်မြန်တို့က အနောက်ကလိုက်လာကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောလူအပေါင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။

"ဟွမ်းကျန်းကျန့်က ယဲ့ချိုးပိုင်ကိုစိန်ခေါ်ချင်တာလား"

"ကြည့်ရတာ ရန်ငြိုးရန်စရှိထားပုံပဲ"

"ယဲ့ချိုးပိုင်က ဟွမ်းကျန်းကျန့်ကိုယှဉ်နိုင်ပါ့မလားဆိုတာကို ငါသိချင်မိတယ်"

တစ်စုံတစ်ယောက်က ခေါင်းတယမ်းယမ်းလုပ်လျက်ပြောသည်။

"ဟုတ်ပါ့။ ဟွမ်းကျန်းကျန့်က အခုဆိုရင် ချန်းယွမ်အဆင့်ကို ခြေလှမ်းတစ်ဝက်လောက်ရောက်နေပြီ။ သူက အခု ချန်းယွမ်အဆင့်ရဲ့နောက်ဆုံးတစ်ဆင့်ကိုတက်လှမ်းနိုင်ရင်ရပြီ။ ယဲ့ချိုးပိုင်က ပင်လယ်ရေလှိုင်းအဆင့်မှာပဲ ရှိသေးတယ်။ သူ ယှဉ်နိုင်မှာမဟုတ်ဘူး"

"ယဲ့ချိုးပိုင်ရဲ့အဆင့်သတ်မှတ်ချက်က ဟွမ်းကျန်းကျန့်ထက် တစ်ဆင့်ပိုမြင့်နေပေမဲ့ ကျင့်ကြံရေးနည်းဗျူဟာ၊ သိုင်းပညာနဲ့ တိုက်ခိုက်ရေးအတွေ့အကြုံတွေနဲ့ပတ်သက်ရင်ရော ဟွမ်းကျန်းကျန့်က တိုက်ပွဲရူးသွပ်သူလို့ နာမည်ကြီးတယ်ဆိုတာ မင်းသိထားရမယ်"

ဤရှုထောင့်မှကြည့်ပါက လျှို့ဝှက်တာအိုကျောင်းတော်၏ပင်မကျောင်းတော်မှလူများသည် ဂုဏ်ယူပိုင်ခွင့်ရှိလေသည်။

ကျင့်ကြံရေးနည်းဗျူဟာနှင့် သိုင်းပညာများသည် အလယ်ပိုင်းဒေသနှင့် ယှဉ်၍မရနိုင်ပေ။

ထို့ပြင် လေ့ကျင့်ရေးကွင်းပြင်သုံးခုလည်း ရှိသည်။

ပင်မကျောင်းတော်မှလူများသည် အမြဲမပြတ်ကျင့်ကြံနေကြရသောကြောင့် အခြားဒေသလေးခုရှိလူများထက် တိုက်ခိုက်ရေးအတွေ့အကြုံပိုရှိကြသည် ။

ကျောင်းသားများကြားက အမုန်းတရားများကိုဖြေရှင်းဖို့အတွက် ကျောင်းတော်က ပျံလွှားတိမ်တိုက်စင်မြင့်ကို သီးသန့်တည်ဆောက်ပေးထားလေသည်။

ထိုစင်မြင့်ပေါ်မှာ သူတို့ကိုယ်တိုင် စည်းကမ်းများချမှတ်နိုင်လေသည်။

ထိခိုက်ဒဏ်ရာ၊ ဒုက္ခိတဖြစ်ခြင်းနှင့် သတ်ဖြတ်ခြင်း..။

ဤနေရာတွင် သေရေးရှင်ရေးအကြောင်းကို ပြောရန်မလိုအပ်ပေ။

ထို့ကြောင့် ပျံလွှားတိမ်တိုက်စင်မြင့်ဆီသို့ အမှန်တကယ်တက်သွားရောက်သူ အလွန်နည်းပါးလှသည်။

အမှန်တကယ်တမ်းတွင် ကျောင်းတော်မှာ  စိတ်ဝင်စားစရာကောင်းသည့် ပဋိပက္ခရယ်ဟုလည်း များများစားစားမရှိခဲ့ပေ။

ပျံလွှားတိမ်တိုက်စင်မြင့်ကိုမဖွင့်ရသည်မှာ နှစ်အတော်ကြာခဲ့လေပြီ။

ယခုအခါတွင် တစ်စုံတစ်ယောက်က ပျံလွှားတိမ်တိုက်စင်မြင့်ကိုဖွင့်ပေးရန်အတွက်လျှောက်ထားလာခဲ့လေရာ ကျောင်းတော်မှလူများသည် သဘာဝကျကျပင် အလွန်စိတ်ဝင်စားသွားကြပြီး အမြန်ပြေးလာခဲ့ကြသည်။

ရှီရှန်းနဲ့ကျန်းဟယ်တို့လည်း ထိုသတင်းကြားတော့ ယဲ့ချိုးပိုင်နှင့်တွေ့ဖို့ အပြေးရောက်လာခဲ့ကြသည်။

ရှီရှန်းက ပြောသည်။

"အစ်ကိုယဲ့.. ဟွမ်းကျန်းကျန့်က သိပ်မရိုးရှင်းဘူးနော်"

ကျန်းဟယ်ကလည်း ဝင်ပြောလေသည်။

"သူက ရာချီသန့်စင်ရေးနယ်မြေမှာ အဆင့်ရှစ်နေရာမှာရှိပေမဲ့ ခန္ဓာကိုယ်သန့်စင်ရေးနယ်မြေမှာ အဆင့်ငါးနေရာမှာရှိနေတာဗျ"

"သူ့ခန္ဓာကိုယ်က ငါတို့ရှီရှန်းတို့ထက် ပိုသန်မာတယ်"

နှစ်ယောက်စလုံးက သူတို့၏ခန္ဓာကိုယ်ကို ကျင့်ကြံလေ့ကျင့်လာကြခြင်းပင်။

တစ်ယောက်က နတ်ဘုရားစွမ်းအင်များနှင့် မွေးဖွားလာခဲ့ပြီး နောက်တစ်ယောက်ကမူ ဗုဒ္ဓဝိဇ္ဇာခန္ဓာကိုယ်ကို ပြုစုပျိုးထောင်လေသည်။

သူတို့ခန္ဓာကိုယ်က ခွန်အားမပျော့ညံ့ချေ။

သူတို့အားလုံးက ဟွမ်းကျန်းကျန့်ကိုမယှဉ်နိုင်ဟု ပြောနေကြသည်မှာ အကြောင်းပြချက်တစ်ခုရှိလိမ့်မည်။

ကျန်းချောင်မြန်က ဘာမှပြန်မပြောပေ။

ယဲ့ချိုးပိုင်၏ခွန်အားဖြင့်ဆိုလျှင် ဟွမ်းကျန်းကျန့်သည် သူ့ပြိုင်ဘက်မဟုတ်ပေ။

သူသည် ဓားသိုင်းကျင့်ကြံသူတစ်ဦးဖြစ်သည်။

ဓားသိုင်းကျင့်ကြံသူကသာ မဟာဓားသိုင်းပညာရှင်၏သဘောသဘာဝကို နားလည်သည်။

ယဲ့ချိုးပိုင်ကပြုံးပြီး ပြောလိုက်သည်။

"ကောင်းပြီ။ စိတ်မပူပါနဲ့။"

သူနှင့်ဟွမ်းကျန်းကျန့်အကြားမှာ သေချာပေါက်တိုက်ပွဲတစ်ခုဖြစ်လိမ့်မည်။ အနှေးနှင့်အမြန်သာ ကွာပေသည်။

သူနှင့် နေမဝင်အင်ပါယာကြားရှိအမုန်းတရားများ ကျေအေး၍မရနိုင်တော့သည်မှာ ကြာလေပြီ။

တစ်စုံတစ်ယောက်သောလူ​ကတော့ ပျက်စီးခြင်းသို့ရောက်ရပေလိမ့်မည်။

ထိုအချိန်တွင် ဟွမ်းကျန်းကျန့်က ခုန်တက်လာပြီး ပျံလွှားတိမ်တိုက်စင်မြင့်ပေါ်တွင် မတ်တတ်ရပ်လိုက်သည်။ သူက ယဲ့ချိုးပိုင်ကိုငုံ့ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့်ပြောလာသည်။

"တက်လာခဲ့လိုက်"

ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်လည်း ခုန်တက်သွားလိုက်သည်။

"ငါ့အဆင့်က မင်းထက်အများကြီးမြင့်ချင်မြင့်နိုင်တယ်။ ငါ ညှာမှာမဟုတ်ဘူးနော်"

ကောင်းကင်ယံတွင် တိုက်ခိုက်ရေးစျာန်အဘိညာဉ်တစ်ခု ပျံ့လွင့်လာစဉ် ဟွမ်းကျန်းကျန့်၏မျက်နှာပေါ်တွင် လူသတ်လိုသောအမူအရာမျိုးပေါ်ပေါက်လာသည်။

တိုက်ခိုက်လိုသောဆန္ဒသည် တိုက်ခိုက်လိုသောဆန္ဒကို ဖန်တီးပေးခဲ့သည်။

"ဒီတိုက်ပွဲက သေရေးရှင်ရေးကိုဆုံးဖြတ်ပေးလိမ့်မယ်။ မင်းသတ္တိရှိလား"

စင်မြင့်အောက်ရှိလူများမှာ တိုက်ခိုက်ရေးစျာန်အဘိညာဉ်များကို ခံစားမိလိုက်ကြသောအခါ ကူကယ်ရာမဲ့စွာဖြင့် အမူအရာများအေးစက်သွားရချေသည်။

"ဟွမ်းကျန်းကျန့်ရဲ့ တိုက်ခိုက်ရေးစျာန်အဘိညာဉ်က ထပ်တိုးတက်လာပုံရတယ်"

"ဟုတ်တယ်။ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းထဲကို ဝင်သွားပြီးတော့ သူ တိုက်ခိုက်ရေးစျာန်အဘိညာဉ်ကို ရလိုက်တာပဲ။ အခု ရာချီသန့်စင်ရေးနယ်မြေမှာ ကျင့်ကြံနေတာဆိုတော့ သူ ပိုသန်မာလာတာ သဘာဝကျပါတယ်"

"ဒါဆို ယဲ့ချိုးပိုင် ဆုံးခန်းတိုင်ပြီပေါ့"

ထိုလူများ၏နောက်တွင် ဆံပင်အတိုနှင့် ဝတ်ရုံရှည်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး တိတ်တဆိတိပေါ်ပေါက်လာလေသည်။ သူက ထိုမြင်ကွင်းကို စိတ်ဝင်တစားကြည့်ရှုနေလေသည်။

လူအုပ်ကြီး၏တစ်ဖက်တွင်မူ ခပ်ထွားထွားအမျိုးသားတစ်ဦးသည် လက်ပိုက်လျက် အေးတိအေးစက်စိုက်ကြည့်နေသည်။

ထိုအချိန်တွင် အကြီးအကဲတစ်ဦးက ပျံလွှားတိမ်တိုက်စင်မြင့်ပေါ်သို့ ရောက်ရှိလာသည်။

သူတို့သည် ပျံလွှားတိမ်တိုက်စင်မြင့်၏ အာဏာပိုင်အကြီးအကဲများဖြစ်ကြသည်။

ဤသည်မှာ အမိန့်ကိုအတည်ပြုရန်အတွက်ပင်။

ဟွမ်းကျန်းကျန့်နှင့် ဆန့်ကျင်ဘက်စင်မြင့်ပေါ်တွင်မူ..

ယဲ့ချိုးပိုင်သည် မှော်နက်မိစ္ဆာဓားသွားကိုထုတ်ကာ ဟွမ်းကျန်းကျန့်ကိုစိုက်ကြည့်လိုက်သည်။ သူသည် ဤခမ်းနားထည်ဝါလှသောတိုက်ခိုက်ရေးစျာန်အဘိညာဉ်အပေါ်​ ကြောက်ရွံ့ဟန်စိုးစဉ်းမျှမပြချေ။

"အသေတိုက်မဲ့ပွဲ"

ထိုအခြင်းအရာကိုမြင်သောအခါ ဟွမ်းကျန်းကျန့်က သူ့လက်သီးကို မြှောက်လိုက်ပြီး ကျယ်လောင်လှသောအသံတစ်သံကို ထွက်ပေါ်လာစေသည်။

ထို့နောက် ရုတ်တရက် ခြေတစ်လှမ်းနောက်ဆုတ်ကာ အသံခပ်တိုးတိုးဖြင့်အော်လိုက်သည်။ သူ့ခန္ဓာကိုယ်ဟာ အမြောက်ကျည်ဆန်ကဲ့သို့ ယဲ့ချိုးပိုင်ဆီသို့ ပြေးဝင်လာသည်။

၎င်းသည် လေထုထဲတွင် ဆူညံသံများချန်ထားရစ်ခဲ့သည်။

ယဲ့ချိုးပိုင်၏ဆံပင်များသည် လေထဲတွင်တဖျပ်ဖျပ်လူးလွန့်နေပြီး ကြီးမားလှသောဖိအားတစ်ရပ်က သူ့ဆီသို့ကျရောက်လာသည်။

ထိုက်တောင်တန်းက သူ့ကို ဖိနှိပ်ထားသလိုပင်။

သူက ယဲ့ချိုးပိုင်ကို ဒူးထောက်စေချင်လေသည်။

ထိုအရာကိုမြင်တော့ ယဲ့ချိုးပိုင်ကနောက်ပြန်မဆုတ်ပေ။ သူ့ကျောပြင်သည် ဓားသွားကဲ့သို့ ဖြောင့်မတ်နေဆဲဖြစ်၏။

သူ၏လက်ထဲရှိ မှော်နက်မိစ္ဆာဓားသွားဆီမှ  ကြောက်မက်ဖွယ်မိစ္ဆာချီစွမ်းအင်များ ဆန်တက်လာသည်။ သူ့ဓားသိုင်းစျာန်အဘိညာဉ်သည်လည်း ဓားပင်လယ်ကြီးတစ်ခုနှယ် ပြောင်းလဲသွားပြီး ဟွမ်းကျန်းကျန့်ဆီသို့ပြေးဝင်သွားချေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်မှာ လူအားလုံးတုန်လှုပ်သွားကြသည်။

"ကောလာဟလတွေက အမှန်ပဲကိုး။ ဒီလူက ဓားသိုင်းစျာန်အဘိညာဉ်ကို တကယ်နားလည်ထားပြီပဲ။ သူ့အဆင့်ကလည်း မနိမ့်ဘူး"

"သူ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းဆီကို မဝင်ရသေးဘူးမဟုတ်လား။ ဒါတောင် သူ့ရဲ့ဓားသိုင်းစျာန်အဘိညာဉ်က ဒီအဆင့်အထိရောက်နေပြီ။ သူက တကယ်ကို ပါရမီရှင်ပဲ"

အလယ်ပိုင်းဒေသတွင် ထူးချွန်သူများကိုသာ အသိအမှတ်ပြုကြသည်။

သန်မာသူသာလျှင် သူတို့၏အသိအမှတ်ပြုမှုကို ရနိုင်လေသည်။

ပျံလွှားတိမ်တိုက်စင်မြင့်ပေါ်မှ အကြီးအကဲများပင်လျှင် အမူအရာပြောင်းသွားလေသည်။

ဒါကြောင့် ဌာနမှူးက ဒီကလေးကို အာရုံစိုက်ခိုင်းတာအံ့သြစရာတော့မဟုတ်ပါဘူး...

ဝတ်ရုံရှည်ဝတ်ဆင်ထားသူကဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူ့မျက်ဝန်းထဲမှာ အံ့အားသင့်ဟန်အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။

ခပ်ထွားထွားလူက ပြုံးလိုက်သည်။

"စိတ်ဝင်စားစရာပဲ"

ဟွမ်းကျန်းကျန့်က နောက်ပြန်ဆုတ်ဖို့စိတ်ကူးမရှိချေ။

တိုက်ခိုက်ရေးစျာန်အဘိညာဉ်များ ထွက်ပေါ်လာလေသည်။

ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများက သူ့ခန္ဓာကိုယ်ကို ရွှေရောင်ချပ်ဝတ်တန်ဆာနှယ် ဝန်းရံထားပြီး ကြမ်းကြုတ်လှသောဓားပင်လယ်ဆီသို့ တိုးဝင်သွားသည်။

သူသည် ဓားသိုင်းစျာန်အဘိညာဉ်ပင်လယ်ပြင်ကြီး၏ထက်ရှမှုကို လျစ်လျူရှုပြီး တိုက်ရိုက်ဝင်ရောက်ခဲ့သည်။

ဓားသိုင်းစျာန်အဘိညာဉ်ပင်လယ်ထဲတွင်မူ ရေစက်များသည် ဟွမ်းကျန်းကျန့်၏ခန္ဓာကိုယ်ကိုဖြတ်သွားသော ဓားရှည်များကဲ့သို့ပင်။

ထိုအရာများအားလုံးသည် ဟွမ်းကျန်းကျန့်၏ခံစစ်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိပေ။ သူ့အရေပြားပေါ်၌ အဖြူကွက်များသာ ချန်ထားရစ်နိုင်ခဲ့သည်။

ယဲ့ချိုးပိုင်ကလည်း မအံ့သြချေ။

သူ၏ခန္ဓာကိုယ်သည် အလွန်အစွမ်းထက်လှပြီး တိုက်ခိုက်ရေးစျာန်အဘိညာဉ်များကိုလည်း ပိုင်ဆိုင်ထားသေးသည် ။ တစ်ချိန်တည်းမှာပင် သူ့အဆင့်သည် သူ့ထက်များစွာမြင့်မားလေသည်။

သူ့အနေနှင့် ယခုလိုရှုံးနိမ့်သွားဖို့မဖြစ်နိုင်သည်မှာ သိသာလှသည်။

ယဲ့ချိုးပိုင်သည် ကောင်းကင်ကို လက်ညှိုးညွှန်လိုက်ချေသည်။ မိစ္ဆာချီစွမ်းအင်များနှင့်ပြည့်နှက်နေသောဓားသိုင်းစျာန်အဘိညာဉ်မှာ ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကြီးထဲကို ဝင်ရောက်သွားလေ၏။

ခဏအကြာ ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကြီးဟာ မည်းမှောင်သွားချေသည်။

မိစ္ဆာချီစွမ်းအင်များကလည်း ဆက်လက်မြင့်တက်လာသည်။

ဤအရာသည် လူအပေါင်းကို အညံ့ခံလာအောင်ပြုလုပ်နေပေသည်။

ထိုအခိုက်အတန့်လေးတွင် ယဲ့ချိုးပိုင်သည် ဓားသိုင်းတာအိုမိစ္ဆာအရှင်နှင့်ပင် တူနေသေးသည်။

ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကြီးထဲတွင်...

ဟွမ်းကျန်းကျန့်လည်း မျက်မှောင်ကြုတ်မိသွားသည်။ ဤမိစ္ဆာချီစွမ်းအင်များက သူ့နှလုံးသားကို တကယ်တုန်လှုပ်စေခဲ့လေသလား။

သူ့အနေနှင့် တစ်ဖက်လူကို အနိုင်မယူနိုင်ခဲ့လျှင်ပင် ကျောင်းတော်တစ်ခုလုံးမှာ ယခုလိုခံစားချက်မျိုးကို  ပေးစွမ်းနိုင်သူမရှိခဲ့ပေ။

ထိုအကြောင်းကိုတွေးမိတော့ ဟွမ်းကျန်းကျန့် ဒေါသတကြီးအော်ဟစ်လိုက်၏။

သူ၏တိုက်ခိုက်ရေးစျာန်အဘိညာဉ်မှာ ပြင်းထန်လာလေသည်။

၎င်းသည် ရွှေရောင်တောက်ပနေသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထည်ဝါလှသောအရှိန်အဝါတစ်ခုသည် လက္ခဏာအမှတ်အသားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်ကို ဖမ်းချုပ်လိုက်လေသည် ။

ထိုအဖြစ်ကိုမြင်သောအခါ ယဲ့ချိုးပိုင်ကလည်း မှော်နက်ဓားသွားကို ထုတ်ယူလိုက်သည်။

ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ ဆဋ္ဌမ​သိုင်းကွက်...

သူသည် ရှောင်တိမ်းခြင်းလည်းမရှိသလို အလွတ်လည်းမပေးဘဲ ထိုလက္ခဏာအမှတ်အသားကို ဓားဖြင့်လွှဲယမ်းပစ်လိုက်၏။

Continue Reading

You'll Also Like

3.7K 102 58
Soul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။
73.1K 6K 141
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-
28.1K 3.8K 38
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
222K 6.4K 61
𝐁𝐄𝐈𝐍𝐆 𝐓𝐇𝐄 𝐄𝐋𝐃𝐄𝐒𝐓 child of the Kamado family was no easy task. You took on chores with your mother, and soon enough, you had to take car...