အခန်း (၁၃)
"ဘာလဲ။ အားငယ်နေတာလား"
"မငယ်ပေါင်။ ငါ့ရူပါ ငါသိသား"
"အမယ်လေး။ ဟုတ်ပါတယ်ရှင်။ ကျွန်မတို့ သူငယ်ချင်းက စမတ်ကျတဲ့၊ တည်ကြည်တဲ့ မိန်းမချောလေးပါရှင့်။ အဟင်းဟင်း"
သုံးယောက်သား ရယ်မိကြတယ်။
"ငါက ငါ့ရုပ်ရည်နဲ့ရော၊ ဒီမှာ ဒီနေရာက ခုန်နေတဲ့ကြွက်သားနဲ့ရော အန်တီ့ကို ကြွေအောင် ပြုစားမှာ"
မြူတေးက သူ့ဘယ်ဘက်ရင်အုံကို လက်ညိုးနဲ့ထောက်ပြတယ်။
"ဟုတ်ပါပြီ၊ မှတ်သားလောက်ပေတယ်"
"ဒါနဲ့ ဒီတစ်ခေါက် ငါနယ်ပြန်ဖြစ်ရင် နင်တို့နှစ်ယောက်လုံး အလည်လိုက်ခဲ့ကြရမယ်နော်"
"ဘယ်တော့ပြန်ဖြစ်မလဲ"
"အတိအကျတော့ မဆုံးဖြတ်ထားရသေးဘူး ညီ"
"ငါက အားတာများပါတယ်။တေးမောင်နဲ့ပဲ သေချာ အချိန်ညှိရမယ်"
"ဘာဖြစ်ဖြစ် ငါတို့သုံးယောက်လုံး အားမယ့်အချိန်မျိုးကို ရွေးမှာပေါ့။ ပြန်ဖြစ်ဖို့ကလည်း လိုပါသေးတယ်"
တုနှိုင်းက အခါသမယတွေမှာ နယ်ပြန်ပြီး မိဘတွေကို ကန်တော့လေ့ရှိတယ်။ မြူတေးနဲ့ ညီရော သုံးယောက်လုံး အလည်သဘောမျိုး သွားကြမယ်လို့ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးတယ်။
"နင့်အိမ်ကရော ဘယ်လိုလဲ ညီ"
"အင်း ငါက ဟိုတစ်ခါပြောခဲ့သလိုပဲ။အိမ်မှာပြန်ကူရမှာပေါ့။ ငါ့ဖားသားကြီး နားပြီး သူ့ရှယ်ယာအစု ငါ လွှဲယူရမှာ "
"ကောင်းတာပါပဲ"
မြူတေးမောင်မောင်တို့ သုံးယောက်က ပန်းချီပြခန်းတစ်ခုမှာ ဆုံပြီး သိကျွမ်းခဲ့ကြတယ်။ မှတ်မှတ်ရရ ပန်းချီကား တစ်ကားတည်းကို ဝယ်သူနှစ်ယောက်ရှိနေတဲ့ အနေအထားနဲ့ ဆုံခဲ့ကြတာ။အဲ့ဒီ ဝယ်သူနှစ်ယောက်က တုနှိုင်းနဲ့ ညီရိုးရာပေါ့။ညီရိုးရာကို ပွဲစီစဥ်သူတချို့က ပန်းချီပြပွဲမှာ ဓာတ်ပုံ ရိုက်ဖို့ ငှားလို့ ရောက်လာခဲ့တာ။ အဲ့ဒီလိုနဲ့ ဆုံခဲ့ကြပြီး နောက်ပိုင်းမှာ online ဆက်သွယ်မှုတွေ ရှိသွားခဲ့ကြတယ်။ အဲ့ဒီကနေ သုံးယောက်သား တဖြည်းဖြည်း ပိုရင်းနှီးလာခဲ့ကြပြီး အပြင်မှာတွေ့ကြတဲ့အထိ ခင်မင်လာခဲ့ကြတယ်။ရင်ဘတ်ချင်းတူ၊ဉာဏ်ရည်ချင်းမျှကြတဲ့ သူတွေအနေနဲ့ လက်တွေ့ဘဝထဲထိ ချစ်ခင်ခဲ့ကြတဲ့ တကယ့်လူရင်းတွေဖြစ်လာကြတယ်။
တုနှိုင်းရဲ့ မိဘတွေက နယ်မှာနေကြပြီး ဆန်ဆိုင်ပိုင်ရှင်တွေဖြစ်ကြတယ်။ တုနှိုင်းက ဖက်ရှင်ဒီဇိုင်းတွေကို အလွန်စိတ်ဝင်စားခဲ့တယ်။ ရန်ကုန်မှာဘွဲ့ယူပြီးတာနဲ့ နယ်မပြန်ဖြစ်တော့ပဲ ဖက်ရှင်ပိုင်းအတွက် လိုအပ်တဲ့ သင်တန်းတွေထပ်တက်ခဲ့တယ်။ အခုချိန်မှာ ကိုယ်ပိုင် ဆိုင်လေးတစ်ဆိုင်ကို ပိုင်ဆိုင်ခဲ့ပြီး ဖက်ရှင်ဒီဇိုင်းတချို့ကိုလည်း ဖန်တီးတဲ့ နာမည်ရ ဒီဇိုင်နာ တစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပြီ။ ညီရိုးရာကတော့ အနုပညာဆန်တဲ့ ဓာတ်ပုံတွေကို ရိုက်တတ်တဲ့လူငယ် ဓာတ်ပုံဆရာပေါ့။ ဒါပေမယ့် ကိုယ်ပိုင် စတိုဒီယိုမဖွင့်ပဲ သူ့ရဲ့အနုပညာဆန်တဲ့ ရိုက်ချက်တွေကို စိတ်ဝင်စားပြီး လာjoin တဲ့ သူတွေကိုပဲ ရိုက်ပေးလေ့ရှိတယ်။အချိန်တန်ရင် အိမ်ရဲ့စီးပွားရေးကိုလည်း ပုခုံးပြောင်း တာဝန်ယူရမယ့် လူငယ်တစ်ယောက်ပေါ့။
"ငါ အန်တီ့ကို အရမ်းလွမ်းတာပဲဟာ"
"ဟေ"
ဒီစကားကြောင့် မြူတေးမောင်မောင်ကို တုနှိုင်းနဲ့ညီ နှစ်ယောက်စလုံးကြည့်လိုက်ကြတယ်။
"ငါ့အဖြစ်က တစ်အိမ်တည်း နေပြီး ဆွေးနေရတယ်"
"လုံးဝမတွေ့ရဘူးလား အိမ်မှာ"
"သူ့အရိပ်လေးကိုတောင် တစ်ခါတလေ မှ တွေ့မိတာ၊ ငါ့မှာ စကားပြောချင်ရင် တကူးတကကြီးသူ့အခန်းထဲထိသွားတွေ့ရတာ"
"အေးဟာ။ အန်တီက လုံးဝအငြိမ်နော်။ သူက နင့်ကိုတရားဝင်သာမွေးစားထားတာ။ ရင်းနှီးမှု လုံးဝမရှိဘူး"
"အစကတော့ ငါက ဒါမျိုးကိုမှ စိတ်ဝင်စားတာ။ အခုကျတော့ ငါ သူ့ကို ချစ်မိသွားတာ။ သူ့အလိုလိုကို ငါ့စိတ်ထဲကချစ်တာ။ ကိုယ်ချစ်တဲ့သူက ကိုယ်နဲ့တစ်မိုးအောက်တည်းမှာရှိပြီး တွေ့ခွင့်မကြုံဖြစ်နေတာ။ ငါ့အဖြစ်က ငါ့အချစ်ကို ဘယ်လို ကြိုးစားရမလဲ မသိတော့အောင်ပဲ။ တခြားသူစိမ်းတစ်ယောက်ကိုသာဆိုလေ။ ငါချစ်တဲ့သူရဲ့အချစ်ကို ရအောင်ငါယူမှာ"
"အန်တီဖြစ်နေတော့ရော"
"ပိုလို့တောင် ယူဦးမှာ"
တုနှိုင်းတို့နှစ်ယောက် မြူတေးကို ဘာမှ ပြန်မပြောဖြစ်ဘူး။
"နောက်ပြီး ဒီရက်ပိုင်းထဲ ငါ အားတာနဲ့ မေမေ့ကို သွားတွေ့မယ်"
"ငါတို့ အဖော်လိုက်ပေးရမလား"
"ဟင့်အင်း၊ ငါတစ်ယောက်တည်း သွားမယ်"
"တစ်ခုခုဆို ငါတို့ကို ဖုန်းဆက်နော်"
"အေးပါ၊ ဒါနဲ့ နင်တို့ ညစာ စားပြီးမှ ပြန်ကြပါလား၊ ငါ မသူကိုသွားပြောလိုက်မယ်"
သုံးယောက်သား အခန်းထဲကထွက်လာကြပြီး မြူတေးက မသူကို မီးဖိုချောင်ထဲ သွားရှာတယ်။ တုနှိုင်းတို့က ဧည့်ခန်းမှာ ဖုန်းသုံးရင်း ထိုင်နေကြတယ်။
..............
"ကလေးက လိမ္မာတယ်လား ၊ ဟင် ပြောပါဦး အန်တီ့ကို"
"ဟော ကြည့်၊ ဖြေပါဆို။ လူကိုပြူးပြီးကြည့်နေ"
အသံကြားနေတဲ့နေရာနားကို ဝေ့ဝဲရှာကြည့်ရင်း မြူတေးမောင်မောင် ချဥ်းကပ်လာတယ်။ အချိန်ကလည်း ညနေစောင်းမို့ မကြာခင် အမှောင်သဲ့သဲ့ ရောက်လာတော့မယ်။
"မုန့်စားမလား၊ ကြက်ကြော်စားမလား။ အန်တီကျွေးမယ်လေ"
တဖြည်းဖြည်းနီးကပ်လာလေ အန်တီ့အသံကို ပီပီသသကြားရလေ ဖြစ်လာတယ်။ ဘယ်သူနဲ့ စကားပြောနေတာပါလိမ့်။
"လူကို မမြင်ဖူးသလို ကြည့်နေပါလား ရှင်က။ ဘာလဲ အန်တီက လှလို့လား "
နောက်ဆုံးတော့ တွေ့ပါပြီ။ ပုဏ္ဍရိပ်ခြုံ အကွယ်လေးနားက ထိုင်ခုံလေးပေါ်မှာ အတူတူ ထိုင်နေတဲ့ အန်တီနဲ့ ချီဂိုလေး။ သြော် ချီဂိုနဲ့ စကားပြောနေတာကိုး။ ဖြစ်ရလေ။ မြူတေးမောင်မောင် အသည်းယားပြီး ရုတ်ခနဲ ပြုံးမိသွားတယ်။
ဘယ်လို အမျိုးသမီးလဲ။ ဒီလောက် ပေါ့ပါးပြီး ကြည်လင်နေတဲ့ ပုံစံကို ဒီအမျိုးသမီးဆီမှာ ခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ ခွေးကလေးနဲ့ စကားပြောမှလေ။ သာမန်ဆို အတည်ကြည်လွန်နေတဲ့ အမျိုးသမီးကလေ။
"လှတယ်"
"အမေ့"
မြူတေးမောင်မောင်က ချီဂိုလေးကို ပွေ့ယူလိုက်ပြီး ခုံလေးမှာ ဝင်ထိုင်လိုက်တယ်။ ဒေါ်ပန်းရိပ် က ကိုယ်ကို ရို့ပစ်လိုက်တယ်။
"အသံမပေး ဘာမပေး။ ဘယ့်နှယ်"
ပြောပြီး ဒေါ်ပန်းရိပ် ထရပ်တယ်။ မြူတေးက ဒေါ်ပန်းရိပ်ရဲ့ အင်္ကျီစလေးကို ဆွဲထားလိုက်တယ်။
"ပြန်ထိုင်ပါဦး အန်တီရဲ့။ ချီဂိုလေးနဲ့ စကားပြောဦးလေ။ ရော့"
"သူများ အင်္ကျီစကို ဘာလို့ကိုင်ထားတာလဲ။ လွှတ်"
"ဟော။ အန်တီ့ အသားကို ထိတာမကြိုက်လို့ အင်္ကျီစကိုကိုင်ထားတာလေ"
"မြူတေးမောင်မောင်နော်။ ငါ ကလေးမဟုတ်ဘူး"
"ချီဂိုလေးကို ပြောနေတဲ့ လေသံနဲ့မတူဘူးနော်။ ခုနကတော့ ချိုချိုအေးအေးလေး"
"ငါ အိမ်ထဲဝင်တော့မယ်။ အင်္ကျီကိုလွှတ်"
"အန်တီက မောင်နဲ့ ဆုံတာနဲ့ ရှောင်ပြီ။ ဘာလို့လဲ"
"အို မရှောင်ပါဘူး။မင်းနဲ့ငါ အတူတူရှိနေစရာ ဘာအကြောင်းရှိလို့လဲ"
"မိသားစုဝင်တွေလေ"
ဒေါ်ပန်းရိပ် အသံတိတ်သွားတယ်။
"မဟုတ်ဘူးလား ကဲ"
မြူတေးက ခွေးကလေး ချီဂိုကို လက်တစ်ဖက်နဲ့ထိန်းပွေ့ထားပြီး နောက်ထပ်လက်တစ်ဖက်နဲ့ ဒေါ်ပန်းရိပ်ရဲ့ ခါးစပ်က အင်္ကျီစလေးကို မလွှတ်ပေးပဲ ဆက်ကိုင်ထားတယ်။
"ဟုတ်တယ်။ ဒါကြောင့်လည်း မင်းဘဝမှာ လိုလေသေးမရှိ ပြည့်စုံအောင် ငါ ဖြည့်ဆည်းပေးထားတာမဟုတ်ဘူးလား။ သြော် ဒါနဲ့၊ မင်းက အရွယ်ရောက်လာပြီပဲ။ မင်းကို လစဥ် သတ်မှတ်ပေးထားတဲ့ အသုံးစရိတ် တိုးပေးရမလား"
ဒီစကားကြားတော့ မြူတေး အံ့သြသွားပြီး ချက်ချင်း ပြန်ဖြေတယ်။
"ဟာ မလိုပါဘူး"
"အင်း၊ ပြီးရောလေ"
"ဒါနဲ့"
မြူတေးက စကားမဆက်ပဲ ဒေါ်ပန်းရိပ်ကို ရယ်ဟဟလေး ကြည့်နေတယ်။
"ဘာလဲ"
"အန်တီ့ ပိုက်ဆံတွေ မောင် မသုံးတော့တာ ကြာပေါ့"
"ဘယ်လို"
"ဟုတ်တယ်"
"ဘယ်လောက်ကြာပြီလဲ"
"၂ နှစ်"
"ဟင်"
ဒီတစ်ခါ အံ့အားသင့်ရသူက ဒေါ်ပန်းရိပ်ရယ်ပေါ့။
"ငါကတော့ မင်း ဘဏ်ကဒ်ထဲကို ၃ လတစ်ကြိမ် ပုံမှန် ငွေထည့်ပေးနေတာပဲ"
"ဟုတ်မှာပေါ့။ ၂ နှစ်စာ ပိုက်ဆံတွေ အဲ့ဒီ ဘဏ်ကဒ်ထဲမှာ saving ဖြစ်ရင် ဖြစ်နေမှာပေါ့။ မောင်က တခြားဘဏ်ကဒ် ပြောင်းသုံးနေတာ"
"မင်း ငါ့ကို ဘာမှ မပြောပါလား"
"အန်တီ့ကို မောင့်အနေနဲ့ ဆက်သွယ်ခွင့်ရှိလို့လား"
"ငါပေးတဲ့ မုန်ဖိုးတွေ မလိုတော့အောင် မင်း ဘယ်က ပိုက်ဆံတွေနဲ့ သုံးနေတာလဲ"
"မောင် ကိုယ်တိုင် ရှာထားတဲ့ပိုက်ဆံတွေနဲ့"
"ဘယ်လို"
ဒေါ်ပန်းရိပ် ဘာမှဆက်မမေးတော့ပေမယ့် ဟုတ်ရောဟုတ်ရဲ့လားဆိုတဲ့အကြည့်မျိုးကို မြူတေး သဘောပေါက်တယ်။
"မောင် စိတ်ဝင်စားတဲ့ လုပ်ငန်းတစ်ခု လုပ်ပြီး ရှာထားတဲ့ငွေတွေပါ။ ငယ်ငယ်ကတည်းက အန်တီ လွှဲပေးတဲ့ မောင့်ဘဏ်ကဒ်ထဲက အသုံးစရိတ်နဲ့မုန့်ဖိုးတွေကို လိုသလောက်ပဲ သုံးတာ။ လုပ်ငန်းလုပ်တယ်ဆိုတာကလည်း အဲ့ဒီကနေပိုတဲ့ ငွေအမောက်တွေကို စုထားပြီး အရင်းအနှီးတစ်ခုလိုမျိုး စလုပ်ကြည့်လိုက်တာပါ"
"သြော်"
ဒေါ်ပန်းရိပ် မျက်နှာပေါ်က ဖြတ်ပြေးသွားတဲ့အရိပ်တွေကို မြူတေး အကဲဖြတ်ဖို့ မမှီလိုက်ခင်လေးမှာ စကားသံတွေ ဆက် ထွက်ပေါ်လာတယ်။
"မင်းက ဒါကြောင့် ငါ့အပေါ်ရဲတင်းနေတာလား။ တက္ကသိုလ်တက်တဲ့အရွယ်မှာ ငွေရှာနိုင်အောင် ကြိုးစားပြီး ငါ့ကို"
"မဟုတ်ရပါဘူး အန်တီ"
"ဒီ မိန်းမ ထောက်ပံ့တဲ့ငွေတွေ မယူရတော့တဲ့သူဆိုပြီး ငါ့အပေါ် ပြန်ခံပြောတာတွေ"
"မောင်က အခုထိ အန်တီ့အရိပ်အောက်က လူပါ"
**************
Yeik Hsar Yar
ဖတ်ပြီးရင် Vote ပေးကြပါဦးနော်😉🖤
ဒီ GL Fic အသစ်လေးကို မန်ဘာကြေးဖြင့် fb paid group မှာ စ/ဆုံး ဖတ်လို့ ရပါပြီ။ (၃၃) ပိုင်းရှိပါတယ်။
မန်ဘာဝင်ချင်သူများ cb ကနေ hi ပြီး fic ခေါင်းစဥ်နဲ့တကွ မန်ဘာဝင်ချင်လို့ပါလို့ တစ်ခါတည်း ပြောပေးပါ။