အခန်း (၁၁)
အဲ့ဒီနေ့က ဘွဲ့မယူခင် ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ထိုင်စောင့်နေရတဲ့ အချိန်တစ်လျှောက်လုံး မြူတေးမောင်မောင်ရဲ့ စိတ်မငြိမ်မသက် ဖြစ်ရတယ်။ အာရုံက သူ့အပေါ်တစ်စက်မှ ပျော့ပြောင်းမှုမရှိတဲ့ မာနခဲ ကြွေရုပ်လေးဆီပဲ စိတ်ရောက်နေခဲ့တယ်။မြန်မာ့ဆိုင်းသံအတိုင်း ပါမေက္ခကြီးတွေရဲ့ အချီအကြွ ခြေလှမ်းတွေကိုလည်း စိတ်မရှည်ဖြစ်မိတယ်။ဘွဲ့ကြိုမောင်မယ်တွေအတွက် ပါချုပ်ကြီးရဲ့ အမှာစကားတွေလည်း နားထဲသိပ်မဝင်။
ဘွဲ့နှင်းသဘင်အခမ်းအနား ပြီးဆုံးသွားတာနဲ့ မြူတေးမောင်မောင် ဘယ်မှ မသွားပဲ ဒေါ်တေးမြိုင်တို့ကို နှုတ်ဆက်ရုံ နှုတ်ဆက်ပြီး ညီရိုးရာကို အိမ်ပဲ တန်းပို့ခိုင်းလိုက်တယ်။ အိမ်ရောက်တော့ ဘွဲ့လက်မှတ်ကို သိမ်းဆည်းပြီး အဝတ်အစားအမြန် လဲဝတ်တယ်။ ပြီးတာနဲ့ အိမ်ပေါ်ထပ်ကို အပြေးကလေးတက်လာမိတယ်။ ဒေါ်ပန်းရိပ်ရဲ့ အခန်းရှေ့ရောက်တော့ ခြေလှမ်းတွေ တုံ့ခနဲရပ်ပြီး စိတ်စောစွာနဲ့ တံခါးခေါက်တယ်။
" ဒေါက်၊ ဒေါက် "
"ဒေါက် ဒေါက်၊ ဒေါက်"
တုံ့ပြန်ထူးသံမကြားရလို့ တံခါး လက်ကိုင်ကို လှည့်ကြည့်တဲ့အခါ လော့ခ်ကျနေသလို ဖွင့်မရ။ ရင်ထဲမှာ လစ်ဟာ သွားတယ်။အန်တီတစ်ယောက် တံခါးလော့ခ်ချပြီးအခန်းထဲမှာ နေတာလား၊အပြင်သွားတာလား မပြောတတ်ဘူး။တွေ့ချင်တဲ့ မျက်နှာလေးတစ်ခုကို မြင်ချင်လှပြီလေ။ အဲ့ဒီအချိန်မှာ မသူ အပေါ်ထပ်တက်လာတာနဲ့ အန်တီ့အခန်းရှေ့မှာ ရပ်နေတဲ့ မြူတေးမောင်မောင်ကိုတွေ့သွားတယ်။
"ကလေး"
"မသူ၊ အန်တီ အခန်းထဲမှာလား"
"မဟုတ်ဘူး ကလေးရဲ့။ မမကြီး trip သွားတယ်"
"ဟင်၊ ဘယ်လို"
"အင်း။ မမကြီး သူ့မိတ်ဆွေတစ်ယောက်နဲ့ short trip သွားမယ်လို့တော့ မသူကို ပြောခဲ့တာပဲ"
"ဘယ်နှစ်ရက် ကြာမလဲတဲ့"
"ဒါတော့ မသူလည်းမသိဘူး ကလေး။ မမကြီးက ဘယ်တော့ပြန်လာမလဲဆိုတာ ဘာမှမပြောခဲ့ဘူး"
YOU ARE READING
ပန်း မြူ ရိပ်
Romance"မင်း မျက်နှာ မတွေ့ချင်တော့ဘူး မြူတေးမောင်မောင်။ ငါစောင့်ရှောက်ခဲ့တာ ငါနဲ့ စ တွေ့တွေ့ချင်း ဒီလိုတွေ တစ်ခွန်းမခံ ပြန်ပြောဖို့မဟုတ်ဘူး။ ငါက မင်းအုပ်ထိန်းသူနေရာကနော်။ မင်း ရိုင်းတာ ဒီတစ်ခါပဲ ခံမယ်။ မင်း ဘဝကို မင်းတစ်ယောက်တည်း လျှောက်တော့လို့ ငါ လက်လွှတ...