အခန်း (၃)

1.5K 149 4
                                    

- ပန်းမြူရိပ် - အခန်း (၃)

ဒီကလေးမကို ကြည့်နေတဲ့ ကျွန်မ မျက်လုံးတွေ မီးရဲရဲတောက်နေမှာ ကျွန်မသိတယ်။ ဒါပေမယ့် သူ့ရဲ့ ပမာမခန့် ပုံစံကလည်း အညံ့ခံ အလျော့ပေးမယ့်ပုံမပေါ်ဘူး။ ဘယ်လိုလူနဲ့ ကျွန်မ တွေ့နေရတာလဲ။ ကျွန်မ စိတ်ရှုပ်ထွေး လာတယ်။ ကျွန်မ ဖြတ်သန်းခဲ့တဲ့ ဘဝ တစ်လျှောက်လုံးမှာ ကျွန်မရဲ့ တစ်သွေး၊တစ်သံ၊တစ်မိန့်နဲ့ပဲ အကုန်ဖြစ်ခဲ့ရတယ်။ ကျွန်မ အိမ်က လူတွေ၊ ကျွန်မ ရဲ့ ရှားရှားပါးပါး မိတ်ဆွေက အစ ကျွန်မ သဘောအတိုင်း ရှိခဲ့တာချည်းပဲ။ ကျွန်မ ခံစားမှု၊ရှင်သန်မှုဟာ ကျွန်မရဲ့ ဆုံးဖြတ်ချက် အတိုင်း ဖြစ်လာကြရတာချည်းပါပဲ။

"မင်းကိုမင်း ဘာထင်နေလဲ"

ဒီတစ်ခါ ဘာမှပြန်မပြောပဲ ငြိမ်နေတယ်။ဘယ်လို ကောင်မလေးလဲ။ မာကျောနေတဲ့ မျက်လုံး၊ အေးဆေးပုံဖမ်းနေတဲ့ ကိုယ်ဟန် နဲ့ ဖျော့လိုက်တင်းလိုက် အသံ တွေကို တစ်ပြိုင်တည်း တတ်နိုင်နေလိုက်တာ။ ကျွန်မ မှာ အဲ့ဒီ ပမာမခန့် စကားတွေ၊ အမူအယာတွေကြောင့် ပူလောင်နေတဲ့ခံစားမှုသာ ကြီးစိုးနေတော့တယ်။

"မင်းမသွားရင် ငါသွားရတာပေါ့"

"မသွားပါနဲ့ မမ၊ ဆောရီး အန်တီ"

"မင်း ငါ့ကို မခန့်လေးစား လုပ်နေတာလား"

"ဟင့်အင်း"

"ဒါဆို"

"မောင်လို့ ခေါ်တာ ကြားချင်ရုံပါ"

"ဟားဟား"

ကျွန်မ မတိုးမကျယ် ရယ်မိသွားတယ်။ ရယ်သံဟာ ပေါ့ပါးလွတ်လပ်ပြီး အဆုံးသတ်သွားတာ မဟုတ်ပဲ မဆုံးခင် ပြန်ရုတ်လိုက်တာမို့ ကြိတ်ရယ်လိုက်သလိုပါပဲ။

"နာမည်က အစ တူအောင် မှည့်ထားပေးတယ်။ ဘယ်လောက် မနှစ်မြို့စရာ ကောင်းလိုက်လဲလို့"

သူ့ မျက်လုံးတွေ ဝင့်ခနဲ တောက် သွားပြီးမှ သူပြောချင်ရာကို ရယ်ဟန်ပြုပြီး ပြောလိုက်တယ်။

"လှောင်ရယ်သံလေးက အစ လှလွန်း"

"မြူတေးမောင်မောင်"

ဒီတစ်ခါ ကျွန်မ အော်သံဟာ အတော်ကျယ်သွားတယ်။ ကျွန်မရဲ့ မာနနဲ့ နေရာကို မခန့်လေးစား အဆက်ဆံခံနေရတာမို့ စက်ဆုပ် စိတ်တွေ ဖြစ်နေပေမယ့် သူ့ဆီမှာလည်း ချွန်းအုပ်ထားတဲ့ ရန်လို မှုတွေ အတိအကျကြီး တွေ့နေရတယ်။ ဒင်းကလေးကများ။

ပန်း မြူ ရိပ် Where stories live. Discover now