THE ILLEGAL BABY
Chann91
34.2K 3K 215
The Illegal Baby ပထမတင်ထားတဲ့ဟာလေး removed လုပ်ခံရလို့ ပြန်တင်ပေးတာပါ Еще
အပိုင်း ၁ (TIB)
အပိုင်း (၂)
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
final
Extra 1
အပိုင်း ၁၀
1.1K 97 5
Chann91
မနက်တိုင်းနိုးထရသည့် နေ့တဒူဝဖြစ်စဉ်အရ ဂျီမင်လည်း နိုးထလာ ခဲ့ပါသည်။ နိုးနိုးချင်း ဂျီမင် ကိုယ့်ဗိုက်ကိုယ်စမ်းမိလိုက်သည်။ တော် သေးတယ် ကလေးရှိသေးလို့။
Jeon Jungkook၏ ကြမ်းရမ်းပုံမှာ ဂျီမင် ကလေးတောင် ထွက်ကျမလားစိုးရတဲ့အထိ။ လန့်စရာလည်းကောင်းသလို သဘောကျစရာလည်း ကောင်းပါသည်။ ဂျီမင့်အတွက် ဒုတိယ မြောက် အတွေအကြုံဟုဆိုရမည်။ နှစ်ကြိမ်လုံးမှာ Jeon Jungkook ၏ကြမ်းရမ်းမှု့ကို မျက်မြင်ထင်ရှားသိခဲ့ရသလို True Alpha တစ်ယောက်ရဲ့ အစွမ်းအစကိုလည်း လက်ဖျားခါ မိပါသည်။
သို့ပေမယ့်လည်း Jeon Jungkook က ကိုယ့်ပါတနာအပေါ် လေးစားမှု့ရှိတယ်ဟု ဆိုရမည်။ ဂျီမင်အဆင်မပြေတဲ့အရာဆို မလုပ်ဘဲ ရလား၊ နာလားဟု မေးပြီး ဂျီမင့်ဘက်ကို ကြည့်ပေးသည်။ လူ မဆန်လောက်အောင် လုပ်တာမျိုးလည်းမဟုတ်။ အပေါက်သာဆိုး တာ ဒါမျိုးကြ လေးစားမှု့ရှိလို့ တော်သေးတယ် ပြောရမည်။
ထိုအခါမှ ထပ်သတိရလိုက်သည်က ဂျီမင်အိပ်နေတာက သူ့အိပ်ရာ ဖြစ်ပြီး ဂျီမင်ရှိနေတာက သူ့အခန်းဖြစ်သည်။ သူ့အခန်းထဲ အခြား သူဝင်ရင် မကြိုက်ဘူးဆိုတဲ့ Jeon Jungkook က မနေ့ညတုန်း က ဂျီမင့်ကို သူ့အခန်းခေါ်လာတာ။ အခုလည်း ဂျီပင့်ကို ပြဿနာရှာ အုံးမလားမသီ။
ထို့ကြောင့် ကိုယ့်အခန်းကိုယ်ပြန်ရန် ကြံကာ ထလိုက်ခါမှ ခါးပေါ် ရှိ လက်ကြီးကို သတိထားမိသည်။ နောက်လှည့်ကြည့်လိုက်တော့ Jeon Jungkook ဖြစ်နေသည်။ ခါးပေါ်က လက်လေးလေး ကြီးကို ဖယ်ရန် မလိုက်ပေမယ့်လည်း မအောင်မြင်။ လက်တစ်ဖက်ကတောင် ဘာလို့အဲ့လောက်လေးနေတာလဲ မသိ။
"အမလေး!"
ရုတ်ချည်း ထို လက်တစ်ဖက် ဂျီမင့်ခါးကိုဖက်ကာ မာတောင့်သော ရင်ခွင်ကြီးထံ ဆွဲထည့်ပစ်သည်။
"အိပ်နေတာ အလိုက်တသိနေမယ်မရှိဘူး။ လှုပ်ရွနေတယ်"
ဂျီမင် ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်မိသည်။ ဂျီမင့်ကို ဘယ်တော့မှ အကောင်းမပြောတဲ့ ဦးလေးကြီး။ အခုလည်း သူ့လက်မောင်း အကြီးကြီးတွေကြား သိမ်းကြုံးဖက်ထားကာ ဂျီမင် gland နား ကို နှာခေါင်းကပ်ပြီး pheromone တွေ စုပ်ယူနေပြန်သည်။ သူ့ pheromone တွေကလည်း ဂျီမင့်နား အပြည့်...။
"အဟမ်း...ဟို...မနက်ရောက်ပြီလေ ထရမယ်လေ"
"မထနဲ့အုံး...ဒီဘက်လှည့်"
သူ့စကားအတိုင်း ဂျီမင့် သူ့လက်လှည့်လိုက်တော့ နှုတ်ခမ်းကို အတင်းဖိနမ်းပြန်သည်။ ညတုန်းက ပြတ်ထွက်မတတ်နမ်းခံထားရလို့ ဖူးယောင်နေပါတယ်ဆို မနက်ကြ ထပ်နမ်းပြန်တော့ ဂျီမင့်နှုတ်ခမ်း လေး သနားစရာပင်။ ဂျီမင် သူ့မေးဖျားကို အသာတွန်းကာ ရုန်း လိုက်မိသည်။ နှုတ်ခမ်းတွေနာနေပြီလေ။
"ဘာလဲ နံလို့လား"
"ဟုတ်တယ်"
"ဘာနံ့လဲ"
"စီးကရက်အနံ့"
သူလိုချင်တဲ့အဖြေ ရသွားတာမလို့ Jeon က ဟွန်းခနဲရယ်သည်။ ထို့နောက် ထပ်နမ်းရန် ရှေ့တိုးလေတော့ ဂျီမင် နောက်တွန့်လိုက်ကာ ရှောင်လိုက်သည်။
"တော်ပြီ နှုတ်ခမ်းတွေ နာနေပြီ..
"နာနာပေါ့..."
"ခင်ဗျား! ကိုယ်ချင်းစာစိတ်ကို မရှိဘူး"
"ဘာလဲ ကိုယ်ချင်းစာစိတ်က"
"တော်ပြီ။ ဘာမှမဟုတ်ဘူး။ ပြောပြလည်း ရှိလာမှာမှ မဟုတ်တာ"
ဂျီမင် စိတ်ဆိုးကာ ထထိုင်လိုက်သော်လည်း သူက ပြန်ဆွဲချပြီး ဂျီမင့် လည်တိုင်ကို သူ့မျက်နှာတစ်ခုလုံးနဲ့ ပွတ်သပ်ပြီး ရှူရှိုက် နေသည်။ သူ့မေးဖျားက ပေါက်စ နှုတ်ခမ်းမွေးများက ဂျီမင့်လည် ပင်သားနှင့် ပုခုံးတို့ကိုထိတော့ စူးကာ ယားလာ၏။
"ခီ....တော်ပြီ! ယားတယ်...ဟား..ဖယ်.."
"မင်းကိုယ်က ဆပ်ပြာခဲနဲ့တူတယ်။ ပွတ်လိုက်တိုင်းမွှေးနေတာပဲ"
ရုတ်တရက် ဆပ်ပြာတုန်းအပေါ် ဂျီမင်မျက်နှာတပ်ကာ မြင်ယောင် ကြည့်မိရာက အသဲယားစွာ ခေါင်းခါဖြစ်လိုက်သည်။
"ခင်ဗျားက ဘရက်ကြနေတာပဲ ထိလိုက်တိုင်း ကြမ်းနေရော...ပြီး တော့ တစ်ကိုယ်လုံး အမွေးတွေကြည့်ပဲ"
"မင်း ငါ့ခန္ဓာကိုယ်ကို သေချာကြည့်ထားပုံပဲ ဘယ်နေရာက အမွေး အများဆုံးလဲ..."
"ခင်ဗျား! အရှက်မရှိလိုက်တာ...အံ့ကြောင့် အမေက ပြောတာ အရှက်ရှိမှ အကြောက်ရှိတာ အကြောက်ရှိမှ ရိုသေမှု့ရှိတာတဲ့။ ခင်ဗျားက အရှက်မရှိတော့ အကြောက်လည်းမရှိ.."
"အဲ့တော့.."
"အမေပြောတာ မှန်ကြောင်း ပြောပြတာပါ"
"ဒီတစ်ခါ မင်းအမေကိုတွေ့ရင်ပြောလိုက်... အမေပြောတဲ့စကားမှန်ကြောင်း ကျွန်တော့် Alpha ကြောင့်သိသွားပြီလို့"
ဘယ်သူက ဂျီမင့် Alpha လဲ။ သူလား.... ဝေးသေးတယ်။ ဂျီ မင့်ကို လိုသုံးလုပ်ပြီး ပြီးရင် Amelia နဲ့လက်ထပ်မှာများ ငါ့ omega ၊ ငါက မင်းalpha လုပ်နေသေးတယ်။ ထုတ်လည်း မ ပြောရဲ...မနေ့ကလို ဆွဲလုပ်နေမှ ဂျီမင်ပဲ မျက်ရည်နဲ့မျက်ခွက် ဖြစ်ရ အုံးမယ်။
"ခင်ဗျား အမွေးရိတ် စူးတယ်"
"Alpha ပဲ အမွေးရှိတာ ဆန်းလား"
"ဒီမှာကြည့် ခင်ဗျားမေးစိမွေးတွေက ကျွန်တော့်အသားကိုပွတ်သွား တာ နီကုန်ပြီ"
"မုတ်ဆိတ်မွေးလို့ခေါ်တယ်"
"ဟုတ်တယ် အဲ့မုတ်ဆိတ်မွေးကိုပြောတာ..."
"မင်းအသားကိုက နုလွန်းတာပါကွာ...ထိလိုက်တာနဲ့ နီတာပဲ"
"မရိတ်ဘူးလား"
"မရိတ်ဘူး"
"သဘောပဲ...ပြီးရင် လာမထိနဲ့"
"ထိတော့ ဘာဖြစ်လဲ"
ထပ်ပြီး သူ့မေးဖျားနဲ့ ဂျီမင့် လည်တိုင်တွေကို ပွတ်ပြန်တယ်။
"အာ့ ယားတယ်...ဖယ်"
ဂျီပင် သူ့မေးဖျားကို လက်ဖဝါးဖြင့် တွန်းလိုက်တော့ လက်ဖဝါးကို ငုံကိုက်သည်။
"အား....နာတယ်"
"ကြည့်ပါအုံး လက်တိုတိုလေးတွေ.. မွေးကင်းစကလေးရဲ့ လက်လိုပဲ"
"ခင်ဗျားကျွန်တော့်လက်ကို မဝေဖန်ပါနဲ့!! "
ဂျီမင် လက်ကိုဖွက်ပစ်လိုက်တော့ သူက တဟားဟားရယ်သည်။
"တော်ပြီ ထတော့မယ်"
ဂျီမင်အိပ်ရာပေါ်က ထတော့လည်း သူက အိပ်ရာပေါ်ကနေ ဂျီမင်ကို မျက်စိအရသာခံပြီး ကြည့်နေသည်။ ထိုအခါမှ ဂျီမင့်မှာ အဝတ်မပါ မှန်း သတိရတော့သည်။
"ခင်ဗျား! နှာဘူးပဲ!"
"နှာဘူးမဟုတ်တဲ့ Alpha တွေ့ဖူးလို့လား"
ဂျီမင် နီးစပ်ရာ အင်္ကျီကို ကောက်ဆွဲဝတ်လိုက်တော့ သူက ဂျီမင့် အနားလျှောက်လာပြီး...
"အဲ့ဒါ ကိုယ့်အင်္ကျီနော် ကလေး.."
သူ့ရဲ့ မချိုမချဉ်မျက်နှာကြီးက ဂျီပင့်နားအနီးဆုံးမှာရှိနေတော့ ကတုန်ကယင်ဖြစ်သွားရသည်။ သူ့ထွက်သက်ကလည်း ဂျီမင့် နှာခေါင်းကို ရိုက်ခတ်နေပြီး ဂျီမင့်မျက်ဝန်းတွေကို အလွတ်မပေး ဘဲ စိုက်ကြည့်နေ၏။ ထိုအကြည့်တွေဟာ ဂျီမင့်ကို ရှက်သွေးဖြာစေ ပါသည်။ ဂျီမင် သူ့အကြည့်တွေဆီက ရှောင်လွှဲလိုက်ကာ အင်္ကျီကို ပြန်ချွတ်ဖို့ပြင်တော့ သူက တားသည်။
"ဝတ်ထားလိုက်...ကိုယ်တုံးလုံးနဲ့ အပြင်မထွက်ချင်ရင်ပေါ့”
ဂျီမင်သူ့အခန်းထဲက ထွက်ခါနီးမှာလည်း...
"အော်....နေအုံး....သံပုရာရည်တစ်ခွက်လောက် ဖျော်ပြီး လာပို့ပေး.မင်းကိုယ်တိုင်ဖျော်နော်”
"အိမ်မှာ စာဖိုမှူးတွေရှိတယ်လေ...သူတို့ကို ဖျော်ခိုင်းပါလား"
"စကားများတယ်။ သွားတော့...ခိုင်းတဲ့အတိုင်းလုပ်!"
တွေ့လား...ဂျီမင့်ကို သူ့အလုပ်သမားလိုပဲ ဟိုခိုင်း ဒီခိုင်းနဲ့။ မလုပ် ပေးရင်လည်း သူမဲတာခံရအုံးမယ်။ အား၊၊ တစ်ချက်လောက် ပိတ် ရိုက်ပစ်လိုက်ရမှာ...။ ကလေးမွေးပြီးတဲ့ တစ်နေ့ တစ်ခါလောက် သူသေကိုယ်သေ ချပစ်အုံးမယ်။ ကလေးရှိနေလို့ ငြိမ်နေတာ။ မဟုတ်ရင် အဲ့ဦးလေးကြီးလောက်ကတော့ မားမားခေါက်ဆွဲပြုတ်ချိန်လောက်နဲ့ အလဲထိုးနိုင်တယ်။
ဂျီမင် ဆောင့်ကြီးအောင့်ကြီးဖြင့် ကိုယ့်အခန်းထဲ ကိုယ်ပြန်လာပြီး ရေချိုးသန့်စင်ပြီးနောက် ကိုယ်တော်ကြီးသောက်ဖို့ သံပုရာရည် ဖျော်ပေးရ၏။ ထို့နောက် ကိုယ်တိုင်သွားပို့ရ၏။
"ဒေါက် ဒေါက်"
"ဘယ်သူလဲ"
"ကိုယ်တော်ကြီးရဲ့လက်ပါးစေပါ"
ထိုအခါ တံခါးက ကျွီခနဲ ပွင့်လာသည်။ ရယ်ချင်ရဲ့ လက်တို့ မျက်နှာဖြင့် ဂျီမင့်ကို ကြည့်ရာမှ အခန်းထဲကိုဆွဲသွင်းသည်။
"ရော့...သောက်..ဖြေးဖြေးသောက် နင်မယ်"
ဂျီမင် ရွဲ့ပြောတော့ သူက ဂျီမင့်လက်တစ်ဖက်ထဲက ဖရဲသီးကို ကြည့်လာသည်။
"အဲ့ဒါ မင်းစားဖို့လား"
"ဟုတ်တယ်"
"သေချာခွဲစားမှပေါ့..ပစ်စလက်ခတ်စားစရာလား"
ဂျီမင် အနက်ရောင်အိပ်ရာကြီးပေါ် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး ဖရဲသီး တစ်ခြမ်းကို ပေါင်ပေါ်တင်လိုက်သည်။
"ပစ်စလက်ခတ်တဲ့လား...ဖရဲသီးက ဒီလို ဇွန်းနဲ့ကော်စားမှ အရသာ ရှိတာပါနော်"
ဂျီမင် ဇွန်းနဲ့ပါ အားရပါးရ ကော်စားပြလိုက်သည်။
"စိပ်ရမှာ ပျင်းလို့မလား"
"အော့် ဘယ်လိုသိတာလဲ"
Jeon Jungkook က ဂျီမင့်ကို ကြည့်ရင်း ခေါင်းတခါခါဖြင့် သူ့အလုပ်စားပွဲတွင် ထိုင်နေ၏။ ဂျီမင်ကလည်း ဇွန်းကို လက်ငါး ချောင်းနဲ့ အားရပါးရကိုင်ကာ အကြီးကြီးကော်ရင်း ပါးစပ်ထဲ မဆန့် မပြဲထည့်စားနေတာ။ Jeon Jungkook က ဂျီမင် ဖရဲသီးကို တစ်ဇွန်းပြီး တစ်ဇွန်းကော်စားနေတာကို မျက်မှောင်ကျုံ့ကာကြည့် နေတာမလို့ တစ်ဇွန်းကော်ကာ သူ့အနားကို သွားခွံ့မိသည်။
"စားမလား"
"မင်းစားထားတဲ့ ဇွန်းကြီးနဲ့”
"ဘာ..ဘာ...ဘာ....အခု ဒီဇွန်းကို ရွံတဲ့သဘောလား"
"ဟုတ်တယ်"
အခု သူက ဂျီမင်စားထားတဲ့ဇွန်းကို ရွံတယ်တဲ့လား။ ဝါးးး အံ့ဩ စရာပဲ။ မနေ့က ပါးစပ်ဝင်မတတ် နမ်းနေတာ သူမဟုတ်တဲ့ အတိုင်း... Jeon Jungkook က တကယ်အံ့ဩစရာပဲ။ ဝါး!!! ဂျီမင့်ကို ရွံသတဲ့...။
"မစားနဲ့!! သူကပဲကြီးကြီးကျယ်ကျယ်နဲ့.."
"လာ...လာခွံ့"
"ရွံတယ်ဆို မစားနဲ့လေ...”
"အားနာလို့ စားပေးမယ်"
"မလိုဘူး!...."
"ခေါ်နေရင်...လာလိုက်"
"မလာဘူး"
သူက စိတ်မရှည်တဲ့အလား ဂျီမင့်လက်ကို လှမ်းဆွဲပြီး သူ့အနား ကိုလာစေသည်။ ထို့နောက် သူ့ပေါင်ပေါ်အတင်းဆွဲချပြီး လက်ထဲက ဖရဲသီးဇွန်းကို ယူစားသည်။ ဖြတ်ခနဲ ဂျီမင် သူ့ computer ကို ကြည့်လိုက်မိသည်။ မြင်လိုက်ရသည်က ဂျီမင့်အကောင့်...!
"ဒါ ကျွန်တော့်အကောင့်မလား"
"ဟုတ်တယ်..."
"Profile က ဘာလို့ ခင်ဗျားပုံလဲ"
"...."
သူက ဘာမှပြန်မဖြေဘဲ ပုခုံးတွန့်ပြပြီး ဖရဲသီးကို ဝါးနေ၏။
"ခင်ဗျား ကျွန်တော့်အကောင့်ကို hackလိုက်တာလား!!"
"ဒါပေါ့"
"ဘာ!!!"
ဂျီမင်အကောင့်ထဲဝင်ကြည့်မိတော့ Taehyung နဲ့ပက်သက်တဲ့ Postတစ်ခုတောင်မရှိတော့ချေ။
"Jeon Jungkook!!ခင်ဗျား!! Post တွေဘာလို့ဖျက်ပစ်တာလဲ...ဒီ post ကရောဘာလဲ!!"
အခုမှ အသစ်တင်ထားသော Postသည် ဂျီမင့်သွေးများအား စောင့်တက်သွားစေသည်။ postမှာ တင်ထားသော imageသည် သူ့လက်မောင်းပေါ်တွင်ဂျီမင် အိပ်ပျော်နေသည့်ပုံဖြစ်ပြီး ဂျီမင့် လည်တိုင်တွေမှာ အနီကွက်များစွာလည်း ရှိနေသည်။ Caption သည် "မင်းရဲ့fanက ငါ့အပိုင်ပဲ”ဟု ရေးထားပြီး Taehyung ကို mention ထားသေးသည်။
"အား!!! Jeon Jungkook!!! ခင်ဗျားရူးနေလား!"
Jeon Jungkook သည် ဂျီမင့်ကို ထုံပေပေဖြင့် ကြည့်နေပြီး အေးဆေးပင်။
"ဒါ ကျွန်တော် ပရိုက်ဗစ်ဆီလေ...ယူ နိုး ပရိုက်ဗစ်ဆီ?"
"ဒူး ယူ နိုး: "
"ဟုတ်တယ် ဒူး ယူ နိုး ပရိုက်ဗစ်ဆီ! အခု ကျွန်တော် ပရိုက်ဗစ်ဆီ ကို ချိုးဖောက်လိုက်တာ သိလား! သူ့များအကောင့်ကို ဘာလို့ … ဘာလို့...hackရတာလဲ!!"
ဂျီမင် Jeon Jungkook အား ဆွဲဖြဲပစ်ချင်စိတ်ကို မနည်းထိန်း ထားရသည်။ ဗိုက်ထဲမှာ ကလေးနဲ့မလို့ပေါ့ကွာ...မဟုတ်လို့ကတော့ တစ်ခါလောက် မှတ်လောက်သားလောက်အောင် လုပ်ပစ်လိုက်ပြီ။
ဒေါသကို ထိန်းချုပ်ထားရတဲ့အခါ ဂျီမင့်မျက်နှာမှာ နီရဲလို့နေ၏။ ဘယ်လိုတောင် အရှက်မရှိလိုက်လဲ! သူအရှက်မရှိတာနဲ့ သူများကို ပါ အရှက်ရအောင် လုပ်ရသလား။ ကောမန့်တွင်လည်း ရုံးကလူများ က Congratulations လို့မန့်ထားကြပြီး တစ်ချို့ကလည်း emoji အမဲများ မန့်ထားကြသည်။ ကုန်ပြီ...ပတ်ဂျီမင်တို့ ဒီ မျက်နှာကြီးနဲ့ ဘယ်လိုလုပ်ရှေ့ဆက်ရပါ့မလဲ!
"အား Jeon Jungkook!! ဘာလို့ အဲ့လိုလုပ်ရတာလဲ! သူများတွေ မြင်ကုန်ပြီလေ!”
"မြင်အောင် တင်တာလေ..."
"မြင်အောင်တင်စရာလား! ရှက်စရာကြီးလေ"
Jeon Jungkook က ဂျီမင်နားနားကပ်ကာ ခပ် တိုးတိုးပြောသည်။
"မင်းဗိုက်ထဲ ကလေးရှိနေမှန်းသိရင် ဘယ်သူဖြစ်ဖြစ် မင်းငါနဲ့ဖြစ်ထားမှန်း သိတယ်"
"ခင်ဗျား!! "
တခြားဟာက အရေးမကြီးဘူး။ အရေးကြီးတာက Taehyung ကို mention ခေါ်ထားတာကြီး! Taehyung မြင်သွားရင် ဘယ်လိုလုပ်မလဲ။ အမေရေ....ကျွန်တော်တော့ သွားပြီ ထင်တယ်။ ဂျီမင် ချက်ချင်း postကို ဖျက်ပစ်ဖို့ လက်လှမ်းလိုက်ပေမယ့် သွေးကြောစိမ်းတွေနဲ့ လက်ဖဝါးအကြီးကြီးက ဂျီမင့်လက်နှစ်ဖက် လုံးကို ဆွဲချုပ်ပစ်သည်။
"လွှတ်!!..."
"ချုပ်ထားပါတယ်ဆိုမှ လွှတ်မလား"
"လူယုတ်မာ!! ခင်ဗျား အရှက်မရှိချက်က ကမ်းကုန်တယ်"
"မဖျက်ရဘူး"
"ဖျက်မှာ...."
"ကိုယ့်ကျည်ဆန်က သူ့ခေါင်းထဲဝင်သွားစေချင်လား"
ဂလု…….ဂျီမင် လန့်သွား၍ လည်ဇလုပ်လေးပင် လှုပ်ရှားသွားသည်။ ထို့နောက် သွားလေးဖြဲပြကာ...
"ဂျီမင်က စတာပါ"
ထိုအချိန်တွင် Jeon Jungkook ၏ ဖုန်းမှ ထမြည်လာ သည်။ Jeon Jungkook သည် ချက်ချင်း ဖုန်းကိုင်လိုက်ပြီး speaker ကို ဖွင့်လိုက်သည်။
ဂျီမင် သူ့ပေါင်ပေါ်က ထဖို့လုပ်သော်လည်း သူက ပြန်ဆွဲပြီး သူ့ ခွကြားထိုင်စေကာ ဂျီမင့်ပေါင်ကို သူ့ပေါင်ကြားထဲ ညှပ်ထားသည် ဂျီမင့်ခါးကိုလည်း သူ့လက်ကြီးကြီးနဲ့ ဖက်ထားပြန်သည်။ အသားယူ တာဆိုတာ ဖုန်းပြောရင်းနဲ့တောင် ဂျီမင့် ဂုတ်နဲ့ လည်ပင်းကို နမ်းနေ၏။
"Boss Jeon ဒီတစ်ခေါက် ကုန်ကြမ်းတွေက အရည်အသွေး မ ပြည့်မှီဘူးဗျ။ ကြည့်ရတာ U.Sကကောင်တွေ ကျွန်တော်တို့ကို လိမ် သွားတာထင်တယ်"
ရုတ်ချည်း ဂျီမင့်ခါးပေါ်မှ သူ့လက်ကြီး တင်းကြပ်သွားသလို ခံစား လိုက်ရသည်။ ထို့ကြောင့် သူ့မျက်နှာကို လည်ပြန်လေးမော့ကြည့် မိလိုက်တော့ ခက်ထန်နေသော မျက်နှာဖြင့် ဂျီမင့်ကို စိုက်ကြည့် နေသည်ကို တွေ့လိုက်ရ၏။
"အရင်တစ်ခေါက်က ကုန်ကြမ်းတွေ ကျန်သေးလား"
"ဟုတ်ကဲ့။ အရင်တစ်ခေါက်ကျန်တာနဲ့ဆို ၃၀၀လောက်တော့ ထုတ် လို့ရသေးတယ်"
"ဟုတ်ပြီ အရင်တစ်ခေါက် ကုန်ကြမ်းတွေနဲ့ အရင်ထုတ် လိုက်...ကျန်တာ ငါလုပ်လိုက်မယ်"
" ဟုတ်ကဲ့ Boss Jeon..."
Jeon သည် ဖုန်းချလိုက်ပြီး Computer ကို စကိုင်သည်။ ဂျီ မင်ကလည်း မလှုပ်ရဲ။ လိမ်သွားတာက U.Sက ဆိုပေမယ့် ကြားထဲ ဂျီမင်က သူ့ဒေါသပုံချတာ ခံရနိုင်တယ်။ ထို့ကြောင့် ငြိမ်ငြိမ်လေး သာ နေမိသည်။ သူက Website တစ်ခုတည်းကိုဝင်ပြီး နံပါတ် တွေ ရိုက်ထည့်နေသည်။
"ဒါက တရားမဝင် websiteလား"
"အင်း...သေနတ်ထုတ်လုပ်ဖို့အတွက်၊ ရောင်းဝယ်ဖို့အတွက် သီးသန့် website "
"ရဲမဖမ်းဘူးလား"
"ဖမ်းလို့မရဘူး။ ဒါက ရဲတွေ ကိုင်တွယ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး"
"အဲ့လို ရှိသေးတာလား..."
"မင်းလို ပိစိညှောင့်လေးဆို လက်စဖျောက်လိုက်ရင် ရဲမပြောနဲ့ ဘေးလူတောင် ရှာတွေ့မှာ မဟုတ်ဘူး"
"ဂျီမင်က မကြောက်တတ်ပါဘူးနော်"
သူက ဟွန်းခနဲရယ်သည်။
"Mafia တွေက ဘာလုပ်တာလဲ"
"လူသတ်တယ်၊ တရားမဝင် ကာစီနိုထောင်တယ်၊ လောင်းကစား လုပ်တယ်၊ လက်နက်ရောင်းဝယ်တယ်၊ မူးယစ်ဆေးဝါးဖြန့်ချီတယ်၊ stock manipulation scheme လုပ်တယ်၊အဆင့်နိမ့်တဲ့ mafia တွေကတော့ မင်းလို ဘုမသိဘမသိလေးတွေကို ရောင်းစားတယ်"
"အဆင့်နိမ့်တာ မြင့်တာရှိသေးတယ်လား"
"အဆင့်နိမ့်တွေက Omega တွေ မိန်းကလေးတွေပါ မချန် စော်ကားဖျက်ဆီးပြီး လူကုန်ကူးတယ်။ အဆင့်ဖြင့် Mafia တွေ က ဘယ်လောက်ပဲ တရားမဝင်တာလုပ်လုပ် omega တွေ အမျိုးသမီးတွေနဲ့ ကလေးတွေကို မထိဘူး။ လူကုန်မကူးဘူး၊ မုဒိန်းမှုတွေမလုပ်ဘူး"
"အဲ့လိုရှိတယ်ပေါ့..."
"လူအဖွဲ့အစည်းရဲ့ dark sideမှာ အဆင့်မြင့် Mafia တွေရှိ နေဖို့လိုတယ်။ အဆင့်မြင့် Mafia တွေက dark side ဘက် မှာပဲ ကိုယ့်အကန့်နဲ့ ကိုယ်နေတယ်။ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူသား တွေဆီကို အဆင့်နိမ့်Mafiaတွေရဲ့ ယုတ်မာမှု့တွေမရောက်အောင် ကာနိုင်တဲ့ အတားအဆီးက အဆင့် Mafia တွေပဲ။ အဆင့်မြင့် Mafiaတွေကိုသာ ဖမ်းလိုက်ရင် အဆင့်နိမ့်Mafiaတွေက ထကြွ လာလိမ့်မယ်။ ရဲတွေက Mafia တွေကို မနိုင်နိုင်ဘူး။ Mafia တွေကို Mafia အချင်းချင်းပဲ နိုင်နိုင်တယ်။ အမှောင်လောက မှာ ငါတို့လို Mafia တွေ ရှိနေသမျှ လူ့အဖွဲ့အစည်းမှာ ဆိုးကျိုး ဖြစ်လာမှာမဟုတ်ဘူး။ ဒါ့ကြောင့် ရဲတွေက Mafia တွေကို ဖမ်း လို့မရတာ"
"အာ..."
ဂျီမင် ခေါင်းတငြိမ့်ငြိမ့်နားထောင်ရင်း Jeon ပြုလုပ်သမျှကို ထိုင် ကြည့်နေ၏။ Jeon သည် website ထဲတွင် လူတစ်ယောက် နဲ့ message ပို့နေသည်။ အင်္ဂလိပ်စာလုံးဆိုပေမယ့် အင်္ဂလိပ်စာ လည်းမဟုတ်။ စာလုံးအပေါ် အချွန်အတက် အနည်းငယ်လည်းပါ တာမလို့ ဂျီမင်ဖတ်လည်းမဖတ်တတ်သလို နားလည်းမလည်။
"အဲ့ဒါ ဘာစကားလဲ"
"အီတလီ"
"ခင်ဗျား ဘာသာစကား ဘယ်နှစ်ခုတောင်တတ်တာလဲ"
"အီတလီ၊အင်္ဂလိပ်၊ပြင်သစ်”
"ဝါးးးး ခင်ဗျား ခေါင်းထဲမှာရှိနေတာ ဦးနှောက်ရော ဟုတ်ရဲ့လား.....အေအိုင်ကြီးထည့်ထားတာတော့ မဟုတ်ဘူးမလား"
ဂျီမင်၏စကားသည် စိတ်မကြည်မလင်ဖြစ်နေသော Jeonကိုပင် ပြုံးစေသည်။ ဂျီမင်က Jeonစိတ်မကြည်မလင်ဖြစ်နေသည်ကို သတိထားမိတဲ့အခါ သူ့ခါးလေးကို မတ်လိုက်သည်။
"စိတ်ညစ်နေတာလား...ဒီမှာ ဒီလောက် ပြဿနာလေးကို စိတ်ညစ် မနေနဲ့ဗျ။ လူရယ်လို့ ဖြစ်လာရင် အဆင်မပြေမှု့တွေဆိုတာ ကြုံတွေ့ ရမှာပဲ သိလား....ဒါတောင် ခင်ဗျားက ငယ်ငယ်တည်းက ချမ်းသာ လို့ တော်သေးတယ်။ ကျွန်တော်ဆိုရင်လေ အလုပ်သင်ဘဝကစရ တာ...အလုပ်စဝင်တာနဲ့ မိတ္တူဆွဲရတာနဲ့ စတာ။ အဲ့မှာကျွန်တော်က မိတ္တူစက် မကိုင်တတ်လို့ ပျက်သွားရော...ပိုက်ဆံလိုချင်လို့ အလုပ် လုပ် ပါတယ်ဆို စဝင်ဝင်ချင်းလျော်လိုက်ရတယ်။ အမေမှာလည်း ပိုက်ဆံမရှိတော့ အမေက သူများဆီက အောက်ကျနောက်ကျခံပြီး ချေးရတာ...။ အဲ့တုန်းက တစ်အိမ်လုံးမှာ သုံးစရာ ပိုက်ဆံဆိုလို့ တစ်သိန်းပဲရှိတာ။ ဖေဖေက ကျန်းမာရေးမကောင်းတော့ ဆေးကု ရတာ သိန်း၂၀လောက်ကုန်တယ်။ အဲ့ပိုက်ဆံတွေရဖို့ မေမေက ရွှေ တွေအကုန်ပေါင်လိုက်ရတာ..."
"အခု ငါဘယ်လောက်ရှုံးသွားတယ်ထင်လဲ"
"ငါးသိန်း"
"သိန်း ၅ထောင်"
"ဘာ!!! ဘာလို့ထိုင်နေတာလဲ သွားဖမ်းလေ!"
"ဖမ်းမှာပေါ့...အခုက အချိန်မကျသေးဘူး”
"ဟုတ်တယ် ဟုတ်တယ် မလောနဲ့...အေးဆေးပေါ့။ စိတ်လည်း ညစ်မနေနဲ့ ဒါမျိုးက ဖြစ်တတ်တယ်။ စိတ်ညစ်နေရင် တစ်ခုခု အာရုံပြောင်းအောင် လုပ်နေလိုက်လေ...။ စိတ်ညစ်တိုင်း လုပ်ချင် တာ မရှိဘူးလား"
"အရင်ကတော့ မရှိဘူး။ အခုတော့ရှိတယ်"
အမှန်ဆို သူစိတ်ညစ်နေတာ အမှန်။ စိတ်ရှုပ်နေသည့်ကြားက ဘေး နားမှာ စကားတွေအများကြီးလာပြောနေတဲ့အခါ ပိုစိတ်ရှုပ်ရသည်။ သို့သော်လည်း အားကြိုးမာန်တက် အားပေးနေတာမလို့ ရယ် လည်း ရယ်ချင်မိသည်။ သူ့လိုလူက ဒီကိစ္စသေးသေးလေးအတွက် စိတ်ဓာတ်ကျနေမယ့်လူမှ မဟုတ်ဘဲ။
"အဲ့ဆိုလုပ်လေ ...စိတ်ညစ်ရင် လုပ်ချင်တာလုပ်ပစ်လိုက်...ဘာလုပ်ချင်လဲပြော..."
"ခုနောက်ပိုင်း စိတ်ညစ်ရင် ပတ်ဂျီမင် ပေါင်ကြားထဲဝင် နေချပ် တယ်"
"ဟင်!"
"ပတ်ဂျီမင်ပေါင်ကြားထဲသာ မျက်နှာနှစ်ပြီး နေလိုက်ချင် တာ...ဘယ်လိုလဲ လုပ်လိုက်ရမလား"
ခပ်စူးစူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်တော့ ပတ်ဂျီမင်ရဲ့ပါးလေး တွေဟာ နီရဲလာပြီး သူ့ပေါင်ပေါ်မှ ဆင်းပြေးသည်။ မနီးအဝေး ရောက်တော့..
"ဟို....ဟို....အိပ်ခန်းသန့်ရှင်းရေးလုပ်ရအုံးမယ်။ မေ့နေတာ! သွား လိုက်အုံးမယ်နော်"
အမြန်လစ်ထွက်သွားသည့် ဘာမှမဟုတ်တဲ့ဟာလေးက သူ့ဖရဲသီး တွေလည်း ကိုယ့်အိပ်ရာပေါ်ထားခဲ့လေတယ်။ တကယ် ဘယ်လိုဟာ လေးမှန်းမသိ။ ချစ်ဖို့တော့ကောင်းသား။
ဂျီမင် ထွက်သွားပြီးနောက် မကြာပါ ဖုန်းဝင်လာသည်။ Jeonသည် ဖုန်းအဝင်callကို ဖြေဆိုလိုက်သည်။
"ဟုတ် အမေ...ပြောပါ"
"မင်း ကောင်လေးတစ်ယောက်နဲ့ရှုပ်ထားတယ်ဆို"
"အင်း။ မတော်တဆ..."
"မင်း Mafia တစ်ယောက်လုပ်နေပြီး သတိမရှိဘူးလား] အခု တော့ ဘယ်ကဟာနဲ့မှန်းမသိ ရှုပ်ရှုပ်ရှက်ရှက်တွေ ဖြစ်ကုန်ပြီ"
"အမေ ဖုန်းဆက်တာ အဲ့ဒါပြောမလို့လား"
"ဟုတ်တယ်။ မင်းကတိကို မင်းမမေ့ဘူးမလား။ Amelia ပဲ လက်ထပ်မယ်လို့ မင်းကိုယ်တိုင် ကတိပေးခဲ့တာနော်။ မေမေက ချွေးမပဲလိုချင် သမက်မလိုချင်ဘူး။ အထူးသဖြင့် အဲ့လို ဘောင်မ ဝင်တန်းမဝင် male omega တွေ...ဆင်းရဲတဲ့အပြင် အကြွေး ကလည်း ရှိသေးတယ်ဆို..ဘယ်လိုအတန်းအစားတွေနဲ့ ပက်သက်လာတာလဲ Jeon Jungkook!"
"ကတိတည်ရင်ပြီးရောမလား.."
"အောက်ခြေအဆင့်တွေနဲ့ရောပြီး မင်းကိုယ်တိုင် မနိမ့်ကျစေနဲ့! Male omega တွေဆိုတာ မာယာများတယ်။ အခုလည်း မင်း ကို အပိုင်ဖမ်းတာ နေမှာပေါ့။ မင်းအဖေလည်း နုံချာတဲ့ omega နောက်ကို လိုက်ပြီး ငါ့ကိုဖောက်ပြန်ခဲ့တာ! မကြာခင် မေမေပြန်လာ မယ်...မင်းနဲ့ Amelia ကို စေ့စပ်ပေးမယ်"
"ကျွန်တော်လက်ထပ်ဖို့စိတ်မဝင်စားဘူးလို့ ပြောခဲ့တယ်လေ အမေ"
"ဘာလဲ မင်း ဟိုအကောင်ကြောင့် စိတ်ယိုင်နေတာလား! မင်းလည်း မင်းအဖေလို သစ္စာဖောက်ဖြစ်ချင်နေတာလား"
Jeon စုတ်သတ်လိုက်သည်။ နဂို ရှုပ်ထွေးနေတဲ့ သူ့စိတ်တွေ ပို နောက်လာပြီး မျက်နှာသည်လည်း ခက်ထန်လာသည်။
"အမေ လိုချင်တာ စေ့စပ်ဖို့ပဲမလား။ စေ့စပ်မယ် ဟုတ်ပြီလား"
Jeon ချက်ချင်း ဖုန်းချပစ်လိုက်ပြီး အိပ်ရာပေါ်က ဖရဲခြမ်းဆီ အကြည့်ရောက်သွားသည်။ မြင်ယောင်လာသော ဖရဲသီးစားနေသည့် ပုံရိပ်လေးကြောင့် ကျုံ့ထားသော သူ၏ မျက်ခုံးတန်းတို့ပင် ပြေကျ သွား၏။
"အရေးမပါလိုက်တာ!"
Zawgyi
Ep - 10
"အမလေး!"
"မထနဲ့အုံး...ဒီဘက်လှည့်"
"ဘာလဲ နံလို့လား"
"ဟုတ်တယ်"
"ဘာနံ့လဲ"
"စီးကရက်အနံ့"
"နာနာပေါ့..."
"အဲ့တော့.."
"မရိတ်ဘူးလား"
"မရိတ်ဘူး"
"ထိတော့ ဘာဖြစ်လဲ"
"အာ့ ယားတယ်...ဖယ်"
"အား....နာတယ်"
"တော်ပြီ ထတော့မယ်"
"ခင်ဗျား! နှာဘူးပဲ!"
"ဒေါက် ဒေါက်"
"ဘယ်သူလဲ"
"အဲ့ဒါ မင်းစားဖို့လား"
"ဟုတ်တယ်"
"အော့် ဘယ်လိုသိတာလဲ"
"စားမလား"
"ဟုတ်တယ်"
"လာ...လာခွံ့"
"ရွံတယ်ဆို မစားနဲ့လေ...”
"အားနာလို့ စားပေးမယ်"
"မလိုဘူး!...."
"ခေါ်နေရင်...လာလိုက်"
"မလာဘူး"
"ဟုတ်တယ်..."
"...."
"ဒါပေါ့"
"ဘာ!!!"
"ဒူး ယူ နိုး: "
"မြင်အောင် တင်တာလေ..."
"ခင်ဗျား!! "
"လွှတ်!!..."
"မဖျက်ရဘူး"
"ဖျက်မှာ...."
"ဂျီမင်က စတာပါ"
" ဟုတ်ကဲ့ Boss Jeon..."
"ရဲမဖမ်းဘူးလား"
"အဲ့လို ရှိသေးတာလား..."
သူက ဟွန်းခနဲရယ်သည်။
"Mafia တွေက ဘာလုပ်တာလဲ"
"အဲ့လိုရှိတယ်ပေါ့..."
"အာ..."
"အဲ့ဒါ ဘာစကားလဲ"
"အီတလီ"
"ငါးသိန်း"
"သိန်း ၅ထောင်"
"အရင်ကတော့ မရှိဘူး။ အခုတော့ရှိတယ်"
"ဟင်!"
"ဟုတ် အမေ...ပြောပါ"
"အင်း။ မတော်တဆ..."
"အရေးမပါလိုက်တာ!"
Продолжить чтение
Вам также понравится
779K 47.7K 112
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
382K 11.6K 91
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
Fake Love :)
Фанфик
140K 3.3K 47
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
705K 15.8K 44
In wich a one night stand turns out to be a lot more than that.