The Man's Perfect Wife Myanma...
Af yourelf2u
105K 5.2K 365
တောင်ကိုရီးယားနိုင်ငံ အထက်တန်းလွှာမိသားစုတွေရဲ့ အင်အားဟာ ငွေ ၊ အာဏာ နဲ့ လက်ထပ်ခြင်း ။ သူ့ အိမ်ထောင်ရေးဟာလည်း... Mere
Categories
ဒါကိုဖတ်ကြည့်ပေးပါ
prologue
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၃
အပိုင်း ၃၂
311 26 0
Af yourelf2u
" မနေ့ညက S Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဟွန်းဂျင်လုပ်ငန်းစုရဲ့ နှစ်ပတ်လည်ဂုဏ်ပြုညစာစားပွဲမှာ ထွက်ပေါ်လာခဲ့တဲ့ video file ကြောင့် ကျွန်တော်တို့ရဲ့ကုမ္ပဏီကို ကြီးမားတဲ့အကျိုးသက်ရောက်မှု‌တွေဖြစ်စေခဲ့ပါတယ်။ video ကတော့ လွန်ခဲ့တဲ့ ၁၃ နှစ်က ဆုံးပါးသွားခဲ့တဲ့ ဂင်မ်ယောင်းကုမ္ပဏီရဲ့ သမီးဖြစ်သူ ဂန်ရီနာရဲ့အကြောင်းဖြစ်ပါတယ်။ အဲ့ဒီ့ video က hotel မှာရှိနေတဲ့ screen တိုင်းမှာ ‌ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အင်တာနက်ပေါ်မှာပါ ထုတ်လွှင့်ပြသထားခဲ့တာပါ။ ကြည့်ရှုသူထောင်ပေါင်းများစွာက မှတ်ချက်ပေါင်းများစွာကို အခုချိန်ထိရေးသား‌နေကြဆဲဖြစ်ပါတယ် "
" ဟုတ်ပါတယ်ရှင့်။ အားလုံးသိထားကြတဲ့အတိုင်း လွန်ခဲ့တဲ့ ၂၈နှစ်က ရူဟွာကုမ္ပဏီနဲ့ ဂင်မ်ယောင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုတို့ ပူးပေါင်းပြီး စီးပွားရေးလောကမှာ အင်အားကြီးမားတဲ့ R&K ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဆိုပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဂင်မ်ယောင်း ရင်းနှီးမြှုပ်နှံမှုရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ ဂန်ရီနာနဲ့ ရူဟွာ ကုမ္ပဏီရဲ့ သားအကြီးဆုံး မင်ဒယ်ယော့ တို့ကို လက်ဆက်ပေးပြီး နှစ်ဖက်စီးပွားရေးပူးပေါင်းမှုကို ပိုမိုခိုင်မာစေခဲ့တာလည်းဖြစ်ပါတယ်။ ဂန်ရီနာမှာ မိသားစုရှိနှင့်ပြီးသားဖြစ်ပေမဲ့လည်း သူမရဲ့ အရင်‌ခင်ပွန်းနဲ့ သားဖြစ်သူတို့က ပြင်းထန်ဆိုးရွားတဲ့ ကားတိုက်မှု တွေ့ကြုံခဲ့ပါတယ်။ video file ရဲ့ ထုတ်ဖော်ချက်အရ ကားတိုက်မှုကို ဥက္ကဌဟောင်း မင်ဒယ်ယော့ နဲ့ ဟျွန်းဂျင် လုပ်ငန်းစုရဲ့ ဥက္ကဌ ဆောဂျယ်ဟွတ် တို့ ပူးပေါင်းကြံစည်ထားခဲ့ကြတာပါ။ ဒီ video file က ပြည်သူ တွေကြားထဲကို အလျင်အမြန်ပျံ့နှံ့သွားပြီး ကျွန်မတို့တစ်နိုင်ငံလုံး ထင်မှတ်မထားလောက်အောင် ထိတ်လန့်သွားခဲ့ကြရပါတယ် "
" ဒါက သိပ်ကို ကြောက်ဖို့ကောင်းပြီး ရွံ့စရာကောင်းလွန်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲ‌ဖြစ်ပါတယ်။ အကွက်ကျကျစီစဉ်ထားတဲ့ လူသတ်မှုနဲ့ အကျိုးအမြတ်သက်သက် အိမ်ထောင်ရေးကြီးပါ....အရမ်းကိုရက်စက်ပြီးတော့ အော်ဂလီဆန်စရာ‌ ကောင်းလွန်းပါတယ်။ R&K နဲ့ ဟျွန်းဂျင် ဘက်က ဒီကိစ္စအပေါ်မှာဘယ်လိုများတုံပြန်လာလောက်လဲရှင့်? "
" R&K ရဲ့ ဥက္ကဌဟောင်းနဲ့ ဟျွန်းဂျင်ဘက်ကပါ စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ကန့်ကွက်ငြင်းဆို‌နေပေမဲ့ တခြားအ‌ထောက်အထားအချက်အလက်တွေလည်း အင်တာနက်ပေါ်မှာ ပေါက်ကြားလာ‌နေတာပဲဖြစ်ပါတယ်။ ဒီ ဥက္ကဌနှစ်ယောက်စလုံး ရဲတွေရဲ့ စစ်ဆေးမေးမြန်းတဲ့မေးခွန်းတွေကို ရှောင်ဖို့ ခက်ခဲမယ့်ပုံပါပဲဗျ "
" ဟင်း... ဒီဇာတ်လမ်းကြီးက အရမ်းရင်နာစရာကောင်းလွန်းလို့ ကိုယ့်နားကိုတောင် မယုံနိုင်ပါဘူး။ ဒါ့အပြင်ဥက္ကဌဆောဂျယ်ဟွတ်ရဲ့သား ဒါရိုက်တာ ဆောဂျွန်ဟွန်နဲ့ ဂန်ရီနာ ရှီ ရဲ့ သမီး မင်ယွန် ရှီ တို့ ပါ၀င်ထားတဲ့ ပိုအရေးကြီးတဲ့ဇာတ်လမ်းကို ကျွန်မတို့ ကြားထားပါတယ် "
" ဟုတ်ပါတယ် ကျွန်တော်တို့အမြင်အရဆို သူတို့ရဲ့မိဘတွေကြောင့် သူတို့နှစ်ယောက်က ဘုံရန်သူတွေ ဖြစ်သင့်တာမလား။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီက သူတို့နှစ်ယောက်ရဲ့ နှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြသေးတယ်ဗျ။ ဒီကိစ္စတွေပြီးသွားရင်ရော ဒီစုံတွဲရဲ့ အိမ်ထောင်ရေးက ခိုင်မြဲနေပါဦးမလား? အရေးကြီးဆုံးက ကျွန်တော်တို့အတော်များများ သူတို့လက်ထပ်လိုက်ရတာရဲ့ နောက်ကွယ်က ဖြစ်ရပ်ကို သိချင်နေကြတာပဲ....."
" သေစမ်း !"
Eri က mouse ကို click တစ်ချက်ပေးပြီး ကြည့်နေတဲ့ တိုက်ရိုက်ထုတ်လွှင့်‌မှုကို ပိတ်ပစ်လိုက်တာနဲ့ အခန်းတစ်ခုလုံး တိတ်ဆိတ်‌သွားတယ်။ နေရောင်ခြည်က ကွန်ပျူတာပေါ်မှာ ဖျာကျနေပြီးတော့ အိမ်အပြင်ဘက် လမ်းမပေါ်မှာ ကလေးတွေ ‌ပြေးလွှားကစားနေတဲ့အသံကိုကြားနေရတယ်။ တခြားသူတွေအတွက်တော့ ဒီနေ့က သာမာန်နေ့ရက်တစ်ရက်ဖြစ်နေနိုင်ပေမဲ့ တစ်စုံတစ်ယောက်အတွက်ကတော့ သူမရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားတဲ့နေ့ရက်ပဲ။
Eri က Browser ထဲကနေထွက်လိုက်တဲ့အခါ ကွန်ပျူတာမျက်နှာပြင်ပေါ်က မျက်နှာလေးသုံးခုက သူမကို ရယ်ပြနေတယ်။ အဲ့ဒီ့ပုံက အထက်တန်းကျောင်းသူလေးတွေဖြစ်တဲ့ ယွန်၊ အယ်ရီနဲ့အတူ ထယ်‌ဂယောင်းပါ သူတို့နဲ့အတူတူရှိနေတဲ့ပုံလေး။ အဲ့ဒီ့ပုံလေးကို လွန်ခဲ့တဲ့ဆယ်နှစ်တည်းက ရိုက်ထားခဲ့တာ။ မော်နီတာပေါ်မှာ ရှိနေတဲ့ ဒီပုံလေးထဲမှာ Eri မြင်နေရတာက သူမကိုယ်တိုင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်နေခဲ့တဲ့ မျက်နှာလေးရယ်၊ ယွန်ရဲ့ ပြုံးတယ်ဆိုရုံပြုံးနေတဲ့မျက်နှာလေးနဲ့အတူ ထယ်ဂယောင်းရဲ့ ဘာခံစားချက်မှမရှိတဲ့မျက်နှာရယ်....။
ခဏလောက်ကြာအောင် ပုံကိုစိုက်ကြည့်နေမိပြီးတဲ့နောက်မှာ mouse ကို ခပ်မြန်မြန်ကိုင်လိုက်ပြီး ပုံကို delete လုပ်ပစ်ဖို့ ခလုတ် လိုက်ရှာတော့တယ်။
ဒါပေမဲ့ cursor ကို "delete" ဆိုတဲ့ စကားလုံးပေါ်မှာ click တန်းပြီး မပေးနိုင်ဘဲအချိန်ကြာနေခဲ့တယ်။ သူမက ယောက်ျားတစ်ယောက်ကို အချိန်တွေအကြာကြီး တစ်ဖက်သတ်အချစ်နဲ့ နှလုံးသားထဲမှာ အမြဲချစ်နေခဲ့တယ်။ အရင်က သူမရဲ့အချစ်ကို လျစ်လျူရှုနေတဲ့ အဲ့ဒီ့လူကို စိတ်ဆိုး စိတ်ပျက်မိခဲ့တယ်ဆိုရင်တောင် တစ်ခါမှ မမုန်းဖူးဘူး။
Eriက delete ဆိုတဲ့ စကားလုံးကို click မပေးခင်ဓာတ်ပုံထဲက အမျိုးသားရဲ့မျက်နှာကို ငေးကြည့်နေမိတယ်။ ဟိုးအစောကြီးတည်းက ဒီခံစားချက်တွေဆီကနေ ရုန်းထွက်ခဲ့သင့်တာ။ သူမမှာ သူ့ကို တွေ့ချင်လို့ ကိုရီးယားကိုပြန်လာတဲ့ တစ်လမ်းလုံး သူ့နောက်ကို ‌တောက်လျှောက်လိုက်နေခဲ့တာ။ ဒါပေမဲ့ ခုတော့ ဒီအမှတ်တရတွေကို ဒီလိုမျိုး ဖျက်ပစ်လိုက်ဖို့ ဖြစ်လာတာပဲ။
Ding dong !!
ရုတ်တရက် တံခါးဘဲလ်မြည်သံ ကြားလိုက်ရတယ်။
Eri အံ့ဩသွားတာမို့ ခေါင်းလှည့်ပြီး တံခါးကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ သူ့မရဲ့ နောက်က အခန်းငယ်လေးကို လှမ်းကြည့်လိုက်မိတယ်။ အခန်းငယ်လေးရဲ့တံခါးကတော့ တစ်ချိန်လုံးပိတ်ထားတယ်။ ယွန်က အခန်းထဲကနေ လုံး၀ထွက်မလာတာ သတင်းတွေ စထွက်လာတဲ့နေ့တည်းကဆို ၃ ရက်တောင်ရှိပြီ။ ယွန်က ထမင်းမစား‌ ရေမသောက်တဲ့အပြင် စကားလည်းတစ်ခွန်းမှမပြောသလို ငိုလည်းမငိုဘူး။
ယွန်ရဲ့ အမျိုးသားက ယွန့်ဆီလိုက်လာတာများလား?
Eri တံခါးဆီကို အမြန်ပြေးသွားပြီး တံခါးရဲ့ချောင်းကြည့်ပေါက်ကနေ လှမ်းကြည့်လိုက်တယ်။
အံ့ဩစရာကောင်းတာက တံခါးရှေ့မှာ ရပ်နေတဲ့အမျိုးသားက ဂျွန်ဟွန် မဟုတ်ဘဲ ထယ်ဂယောင်းဖြစ်နေခဲ့တယ်။
" တံခါးဖွင့်လိုက် Eri ယွန် ဒီမှာရှိနေတာ ငါသိတယ် "
Eri က သူ့ကို ခဏလောက် ကြည့်နေပြီးတော့မှ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်တယ်။ အင်းလေ နောက်ဆုံးမှာ သူ ဒီကိုပဲ ရောက်လာမယ်ဆိုတာ သူမ သိပြီးသားပဲ။ ယွန်မှာ ဒီနေရာကလွဲပြီး တခြားသွားစရာနေရာမှ မရှိဘဲလေ။ တံခါးဖွင့်လိုက်တာနဲ့ စိတ်မရှည်ဖြစ်နေတဲ့ ထယ်ဂယောင်းကို တွေ့လိုက်တယ်။
" ယွန် ဘယ်လိုနေလဲ? "
" သူ ဘယ်လိုနေတယ်လို့ ရှင်ထင်လဲ? "
" ဖယ် ငါ သူ့ကို စကားပြောကြည့်မယ် "
" ဘယ်ကို ၀င်သွားဖို့ စဉ်းစားနေတာလဲ? "
Eri ရဲ့ အေးစက်တဲ့အသံက ထယ်ဂယောင်းရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်သွားစေတယ်။
သူမရဲ့ မျက်နှာအမူအယာက ခါတိုင်းနဲ့မတူဘူး။ အရင်က သူမကို ဆူပူလိုက်တိုင်းမှာ သူမ နှုတ်ခမ်းဆူထားပြီး သနားစရာမျက်နှာငယ်လေး ဖြစ်သွားတတ်ပေမဲ့ သူမကို ပြန်ကြည့်လိုက်တိုင်း သူမက နှစ်နှစ်ခြိုက်ခြိုက်ပြန်ပြုံးပြတတ်တာပါ။ ဒီလိုအမူအယာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒီပုံစံက ပထမဆုံးအကြိမ်တွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်လို စိမ်းသက်နေတယ်။ သူမရဲ့အသံကလည်း အေးစက်ပြီး ကြားရတာ ထောင့်နေတယ်။
" Eri အခုက ဒါမျိုး‌ေပြာရမယ့်အချိန်မဟုတ်..... "
" ဒါဆို ဒီအချိန်က ဘာလဲ? "
" Eri ! "
" အစ်ကို လိုချင်တာတွေ ရပြီးပြီ မဟုတ်လား? ယွန့်ကို နှိပ်စက်နေတာတွေ တော်လိုက်ပါတော့ "
" ဘယ်လို? "
ထယ်ဂယောင်းက Eri ကို အေးစက်တဲ့အကြည့်တွေနဲ့ စိုက်ကြည့်လာတယ်။
" နှိပ်စက်တယ်? ငါ က သူ့ကို ဘယ်လိုများ နှိပ်စက်တာဖြစ်ရမှာလဲ? သူ အခုဖြစ်နေတာတွေက သာမာန်ကိစ္စ‌ေတွလား? အဲ့ဒီ့မျိုးမစစ်ဆောဂျွန်ဟွန်နဲ့ လမ်းခွဲရလို့ ဒီလိုမျိုး ပြိုလဲနေတာက ပုံမှန်ဖြစ်စရာလား? ဟမ်? "
" သေချာပေါက် ပုံမှန်ပဲပေါ့! ဒါဆို ရှင့်အတွက် သာမာန်ဆိုတာ ဘယ်လိုမျိုးလဲ? ယွန်က သူ ချစ်တဲ့ယောက်ျားနဲ့ အတူရှိမနေနိုင်တော့ဘူး......။ အဲ့ဒီ့ယောကျာ်းကို နာကျင်ခံစားရအောင် လုပ်ပြီးပြီလေ ဘာမှမဖြစ်သလို သူ ဘယ်လိုများ နေနိုင်မှာတဲ့လဲ? "
" Eri ! "
" Oppa ! ကျေးဇူးပြုပြီး တော်လိုက်ပါတော့ ရှင်ရော ရှင့်ရဲ့ ဆုံးသွားတဲ့အမေရော ပုံမှန် မဟုတ်ဘူး သိရဲ့လား။ ရှင်တို့ရဲ့ သိပ်ကို အဖိုးတန်လှပါတယ်ဆိုတဲ့ လက်စားချေမှုကြီးကြောင့် ယွန့်မှာ ဒီလိုမျိုးရင်ကွဲပက်လက် ခံစားနေရပြီ။ ဘာအစီအစဉ်တွေများထပ်ပြီးတော့ ‌အကောင်အထည်ဖော်ချင်နေသေးတာလဲ? သူ လုံး၀ကို နာကျင်ပြိုလဲနေပြီ ဒါကိုရှင် ဘယ်လို ပြန်ကုစားပေးမှာလဲ? Oppa ဒီလုပ်ရပ်က အဓိပ္ပါယ်ရှိတယ်လို့ ထင်နေတာလား? လက်စားချေတဲ့ အစီအစဉ် ပြည့်၀သွားအောင်လို့ ကိုယ့်သမီးအရင်းကို ဗီရိုထဲမှာ သော့ခတ်ထားပြီး အဲ့ဒီ့အဖြစ်အပျက်တွေကို အတင်းကြည့်ခိုင်းတာလေ! အဲ့ဒါက ရှင့်အတွက် သာမာန်ပဲလား? ရှင့်ရဲ့ လက်စားခြေတဲ့အစီအစဉ် အောင်မြင်ဖို့ သူရဲ့ အချစ်ကို နင်းခြေဖျက်စီးပြီး မေ့ပစ်ခိုင်းတယ်။ ဒီ လုပ်ရပ်တွေကနေ ရှင် ဘာတွေ ပြန်ရလိုက်သလဲ? ရှင်နဲ့ ရှင်ရဲ့ဆုံးသွားတဲ့ရှင့်အမေ ဘာတွေများပြန်ရလိုက်သလဲပြောစမ်းပါ?!! "
" မင်း ဘာပြောလိုက်တယ်? မင်း ဘာသိလို့လဲ? မင်းကဘာများ နားလည်လို့လဲ? ငါ့အမေ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို မင်း မသိဘဲနဲ့..... ငါ ဘယ်လို ကြီးပြင်းလာရတယ်ဆိုတာကို မင်း မသိဘဲနဲ့ မင်းကဘာတွေများ နားလည်‌ေနလို့လဲ ဟမ်?!!! "
" ဟုတ်တယ် ! ကျမ မသိဘူး ! တခြားသူတစ်ယောက်ရဲ့ နာကျင်မှုတွေကို ကျမ သေသေချာချာ နားမလည်နိုင်ဘူးဆိုတာမှန်တယ် ဒါပေမဲ့ ကျမ တစ်ခုတော့ သိတယ် ! ရှင်နဲ့ ရှင့်အမေက ရှင်တို့ရဲ့ အမုန်းတရားတွေကို ဖြေသိမ့်နိုင်အောင်လို့ ရှင်တို့လိုချင်တာတွေ ရအောင်လို့ ယွန့်ကို စတေးပစ်ခဲ့ကြတာ "
" မင်း ဘာစကားပြောတာလဲ? "
ဖြန်း !!!
Eri ရဲ့ မျက်နှာ တစ်ဖက်ကို စောင်းကျသွားတယ်။
သူတို့နှစ်ယောက်လုံး ထိတ်လန့်သွားတယ်။ ထယ်ဂယောင်းက သူမရဲ့ ပါးကို ရိုက်လိုက်တာဖြစ်ပြီးတော့ Eriက အရိုက်ခံလိုက်ရတာ။ သူတို့နှစ်‌‌ေယာက်လုံး အံ့အားသင့်လွန်းလို့ စကားမပြောနိုင်ဘူး ဖြစ်နေတယ်။ Eri ရဲ့ မျက်လုံးတွေ နီရဲ‌ေနပြီး ထယ်ဂယောင်းကို စိုက်ကြည့်နေတယ်။
" အာ....Eri......ငါ ‌..တောင်းပန်ပါတယ်.... "
ထယ်ဂယောင်း Eri အနားကို တိုးကပ်သွားဖို့ ကြိုးစားပေမဲ့ သူမက သူ့ရဲ့ လက်ကို ပုတ်ထုတ်ပစ်လိုက်ပြီး စိန်းစိန်းဝါးဝါး စိုက်ကြည့်နေတယ်။
" အခု ရှင်နဲ့ ဥက္ကဌမင် ဘာများကွာခြားတော့လို့လဲ? "
" ဘာ? "
" ရှင်တို့ နှစ်ယောက်စလုံးက ရှင်တို့လိုချင်တာတွေကိုအရယူဖို့အတွက် ‌တဖက်လူ‌ေတွရဲ့ဘ၀ကို ဖျက်ဆီးပစ်ကြတာချည်းပဲလေ ရှင်နဲ့ ဥက္ကဌမင်ရဲ့ ကွာခြားချက်က ဘာများလဲ? "
" မင်း ဘာပြောလိုက်တာ? "
ထယ်ဂယောင်းရဲ့ မျက်နှာက ဖြူဖျော့သွားပြီး သူမကို စိုက်ကြည့်နေပေမဲ့ ဘာပြန်ပြောရမလဲဆိုတာ မသိတော့ဘူး။ သူ့အမေအတွက် အရာအားလုံး လုပ်ခဲ့တယ်။ လက်စားချေနိုင်ဖို့အတွက် အကုန်လုပ်ခဲ့တယ်။ ဒါပေမဲ့ ယွန်ရော တကယ်လိုချင်ခဲ့ရဲ့လား?
" သူ ရှင့်ကို လက်စားမ‌ချေပါနဲ့လို့ မပြောခဲ့ဘူး ! ဒါက သူ ရှင့်ကို ကူညီ‌မယ်လို့ ပြောခဲ့တာလည်း မဟုတ်ဘူးလေ။ ပြီးတော့ ဒီလောက်ကြီးအထိတော့ ရှင် မလုပ်သင့်ပါဘူး ! လက်စားချေဖို့အတွက် တခြားနည်းတွေ ရှိဦးမှာပါ ! ဒီကိစ္စတွေကို တစ်ကမ္ဘာလုံးသိအောင်အကုန်ခင်းကျင်းပြသပစ်လိုက်ဖို့ လိုလို့လား? "
ထယ်ဂယောင်း မှာ Eri ကို အသံတိတ် ကြည့်နေရုံပဲတတ်နိုင်တော့တယ်။
" ဟမ်မူရာဘီရဲ့ ကိုဓဥပဒေက မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး သွားတစ်ချောင်းအတွက် သွားတစ်ချောင်းလို့ ဘာလို့ သတ်မှတ်ထားသလဲ ရှင်သိလား? ရှင် မြင်တဲ့ အတိုင်းပဲလေ လူတွေက မျက်လုံးတစ်လုံးအတွက်ပဲ လက်စားချေရမှာ ဆိုပေမဲ့ ဒီ့ထက်ပိုတိုးပြီး လက်စားချေကြတယ် ဘာလို့လဲဆိုတော့ သူတို့ ပြန်ရသင့်တာထက် ပိုလိုချင်ကြလို့လေ မျက်လုံးတစ်လုံးကို ဖောက်ထုတ်ပစ်ပြီးတာတောင် သွားတစ်ချောင်းကို ဆွဲနှုတ်ပစ်ပြီးတာတောင် မ‌တင်းတိမ်နိုင်ကြဘူး ခြေ‌ေတွလက်တွေကို ခုတ်ထစ်သတ်ဖြတ်ပစ်ရမှ စိတ်ကျေနပ်ကြတယ် ဒီမှာ ရှင် ဘာလို့ ယွန့်ကို ကာကွယ်မ‌ေပးရတာလဲ? ရှင့်ရဲ့ တစ်ဦးတည်းသောညီမလေးရဲ့ နှလုံးသားကို ဘာလို့နားလည်‌မ‌ပေးရတာလဲ? ရှင်က သူ့အစ်ကို မဟုတ်ဘူးလား? ရှင်က သူ့ရဲ့တစ်ဦးတည်းသော မိသားစုလေ ! "
သူမရဲ့ မျက်ရည်တွေ ပါးပြင်ပေါ်ကို စီးကျလာပြီး သူမ ဒီ့ထက်ပိုပြီးတော့ ထိန်းချုပ်မထားနိုင်တော့ဘူး။
" Oppa အချစ်ဆိုတာကို သိလား? အချစ်စစ်ဆိုတာ ဘာလဲ သိရဲ့လား? အချစ်ဆိုတာ ရှင်ချစ်ချင်သလို ချစ်ခွင့်ရတယ်လို့များ ထင်နေသလား? ယွန်ကကော အဲ့ဒီလူကို သူချစ်ချင်လို့ ချစ်မိသွားတာလို့များ ထင်နေလား? သူ့အမေကို နာကျင်ခံစားရအောင်လုပ်ခဲ့တဲ့ ရန်သူရဲ့သားကိုမှ ချစ်မိသွားခဲ့တယ် သူ ဘယ်လိုခံစားနေရမယ်လို့ ရှင်ထင်လဲ? သူ အဆင်ပြေနေတယ်လို့ ရှင်ထင်လား? အဲ့ဒီ့လိုဖြစ်သွားတာကို သူ သဘောကျတယ်များ ရှင် ထင်နေလား? ဒါကို ရှင် ဘာလို့များ နားမလည်နိုင်ရတာလဲ? "
ထယ်ဂယောင်းရဲ့ မျက်နှာက တဖြည်းဖြည်း တင်းမာလာတယ်။ သူ မတုန်မလှုပ် မတ်တပ်ရပ်နေရင်း Eriကိုပဲ စိုက်ကြည့်နေတယ်။ ဒီတစ်လျှောက်လုံး သူလုပ်သမျှ မှန်တယ်လို့ပဲ သူ ယုံကြည်နေခဲ့တာ။ ဒီလိုလုပ်တာကပဲ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ခဲ့တာ။ဒါပေမဲ့ ဒါတွေဟာ ယွန့်ကို မညှာမတာနင့်နင့်သီးသီး နှိပ်စက်သလိုတွေ ဖြစ်ကုန်တယ်ဆိုတာ နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပြီ။
" ရှင့် ခေါင်းထဲမှာ ဘာတွေတွေးနေသလဲတော့ မသိပေမဲ့ ယွန်က သူ့ယောကျာ်းကို တကယ်ချစ်တယ် အဲ့ဒီ့လူကလည်း ယွန့်ကို ချစ်တယ် ဒါပေမဲ့ အခုတော့ သူတို့ ဘယ်လိုလုပ်ကြမလဲ? အခု အဲ့ဒီ့လူ ယွန့်ကို ဘယ်လို မျက်နှာချင်းဆိုင်မလဲ? သူတို့မိဘတွေကြားမှာ ဒီပြဿနာတွေဖြစ်ခဲ့တာကို သိပြီးသွားတော့ တစ်ယောက်မျက်နှာ တစ်ယောက် ဘယ်လိုများကြည့်နိုင်ကြပါ့ဦးမလဲ? "
သူမရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ မစဲနိုင်အောင်စီးကျလို့နေတယ်။
" Eri "
" တော်လောက်ပြီ ကျေးဇူးပြုပြီး တော်လိုက်ပါတော့ဟျွန်းဂျင် လုပ်ငန်းစုကို ကုန်းကောက်စရာမရှိအောင်ထိ စီစဉ်နေတာလား? အဲ့ဒီ့ကုမ္ပဏီမှာ ၀န်ထမ်းပေါင်း ၄၀,၀၀၀ ရှိတယ် သူတို့ရဲ့ မိသားစုတွေပါ ထည့်တွက်မယ်ဆိုရင် လူ အယောက် ၂၀၀,၀၀၀ပဲ ရှင် ဘယ်လို ခံစားရလဲ လူတိုင်း သိသွားပါပြီ... ရှင့်အမေရဲ့ နာကျင်မှုတွေကိုလည်း လူတွေ သိကုန်ပါပြီ... ဒါဆို လုံလောက်ပြီလေ ဒီမှာပဲ ရပ်လိုက်ပါတော့ ပြီးတော့ ယွန့်ကို သူ့ဘာသာနေပါစေလား အခုချိန်မှာ သူ....... "
Eri မျက်ရည်တွေကို ထပ်မကျတော့‌အောင်ကြိုးစားပေမဲ့လည်း မျက်ရည်တွေက မတိတ်နိုင်ဘူး။
" သူ သေမတတ်နာကျင်ခံစားနေရတယ်..... "
ထယ်ဂယောင်း ဘာစကားမှ မပြောနိုင်အောင် တိတ်ဆိတ်သွားတယ်။
ချပ် !
တံခါးကပြန်ပိတ်သွားပြီး ထယ်ဂယောင်း အပြင်မှာ ငေးကြောင်ပြီး ရပ်ကျန်နေခဲ့တယ်။ သူ့လက်ဖဝါးတွေကနေ သွေးတွေစီးကျလာမတတ် လက်သီးကို ကျစ်နေအောင်ဆုပ်ထားမိတယ်။
ယွန် နာကျင်နေတယ်။ သူမ သေမတတ်နာကျင်ခံစားနေရတယ်။
" အစ်ကို....ညီမလေး ပျော်ရွှင်နိုင်ပါ့မလားဟင်? "
သူ့ညီမလေး ပြောခဲ့တဲ့စကားတွေကို ပြန်‌တွေးနေမိတယ်။
" ညီမလေးလေ မွေးလာတည်းက တစ်ခါမှ မပျော်ရွှင်ခဲ့ဖူးဘူး။ ညီမလေးဘ၀ကြီးတစ်ခုလုံးက ကံဆိုးမှုကြီးလို့ ခံစားရတယ်။ အပြစ်ပေးခံရဖို့ဖွေးဖွားလာသလိုမျိုး... နေ့တိုင်း အဲ့ဒီ့လို ခံစားရတယ်။ နေ့ရက်တိုင်းက စိတ်ပျက်ဖို့ကောင်းလွန်းတယ်။ အခုကစပြီး ညီမလေး ဆန္ဒရှိသလို နေသွားလို့မရဘူးလားဟင်? ညီမလေး လိုချင်တဲ့အရာတွေကို ပိုင်ဆိုင်လို့မဖြစ်ဘူးလား? ညီမလေး အဲ့ဒီ့လူကို ချစ်တယ် "
အဲ့ဒီ့စကားတွေကို သူမရဲ့မျက်၀န်းတွေထဲမှာ မျက်ရည်တွေအပြည့်နဲ့ သူ့ကို ပြောခဲ့တာ အဲ့ဒီ့စကားလုံးတွေက ဘာလို့များ မုန်းစရာကောင်း‌ေနရတာလဲ ? ဘာလို့ သူ့ကိုသစ္စာဖောက်ခံလိုက်ရသလို ခံစားနေရတာလဲ ?
ဘာ‌‌ေကြာင့်လဲဆိုတော့ သူလည်း ယွန့်လို ခံစားနေခဲ့ရလို့ပဲ။ မွေးလာကတည်းကနေ အခုချိန်ထိ ထယ်ဂယောင်းဟာ ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိခဲ့ဘူး။ နေ့ရက်တိုင်း သူ့နှလုံးသားထဲမှာ ရှိနေခဲ့တာက သူ့အဖေ‌ သေသွားတယ် သူ့အမေ စော်ကားခံရတယ် ဆိုတာ‌ေတွနဲ့ပဲ ပြည့်နှက်နေခဲ့တယ်။ သူတို့မောင်နှမ နှစ်ယောက်လုံး နာကျင်မှု‌အပြည့်နဲ့ဘ၀ကို အတူတူဖြတ်သန်းကြီးပြင်းလာခဲ့ကြပေမဲ့ အခုတော့ ယွန်က သူမ တစ်ယောက်တည်းပျော်ရွှင်ချင်ပါတယ်လို့ ပြောလာတယ်။
သူ အရမ်းမုန်းတယ်။ ဒီလိုပြောတဲ့အတွက် သူမကို လုံး၀ခွင့်မလွှတ်နိုင်ဘူး။
အဲ့ဒါကြောင့် အဲ့ဒီ့ပျော်ရွှင်မှုကို သူ ဖျက်ဆီးပစ်ချင်ခဲ့တယ်။
လက်စားချေတာကို အကြောင်းပြပြီး ယွန်ရဲ့ ပျော်ရွှင်မှုတွေကို ပိတ်ပင်တာဆီးချင်ခဲ့တယ်။
ဟား ! သူဟာ ဘယ်လောက်တောင်ယုတ်မာလိုက်တဲ့သူလဲ? ဘယ်လောက် ရွံ့မုန်းစရာကောင်းလိုက်လဲ? Eri ပြောတာ မှန်တယ်။ ဒီအမုန်းတရားတွေကြောင့် သူဟာ ကလိမ်ကကျစ်၊ လူယုတ်မာတစ်ယောက် ဖြစ်သွားခဲ့တာပဲ။
ထယ်ဂယောင်း ငုပ်တုပ်ထိုင်ချလိုက်ပြီး ငိုကြွေးမိတော့တယ်။ ပူပင်သောကတွေနဲ့ နာကျင်မှုတွေ ဖိစီးနှိပ်စက်လွန်းလို့ သူ့ခန္ဓာကိုယ်က တုန်ရီနေတယ်။ ထယ်ဂ‌ယောင်းက သူရဲ့ ရှိုက်သံတွေကို ထိန်းချုပ်ရပ်တန့်ဖို့ကြိုးစားနေသလို Eri လည်း ပိတ်ထားတဲ့တံခါးရဲ့တစ်ဖက်မှာ ကျောမှီရင်း ငိုနေတယ်။ အခန်းကျဉ်းလေးရဲ့ အထဲမှာတော့ ယွန် က တံခါးနဲ့ ကပ်ရပ်မှာရှိနေတဲ့ ပြတင်းပေါက်ရဲ့ဘေးမှာ ထိုင်နေခဲ့တယ်။ သူမ အကုန်လုံးကို ကြားရတယ်။
ဒီ ပူ‌လောင်ဆင်းရဲလှတဲ့နာကျင်မှုတွေဟာ ဘယ်အချိန်မှာများ အဆုံးသတ်သွားပါ့မလဲ ? ကြီးမားလွန်းလှတဲ့ ဒီအမုန်းတရားတွေကနေ သူတို့တွေ ဘယ်အချိန်မှာများ ရုန်းထွက်နိုင်ပြီး အေးချမ်းလွတ်လပ်သွားမှာလဲ ? ဘယ်သူမှ မသိနိုင်ဘူး။
နောက်တစ်နေ့မနက်မှာတော့ ဥက္ကဌ ဆောဂျယ်ဟွတ်ရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ သတင်းကို သူတို့တွေ သိလိုက်ရတယ်။
" ဘာ ? "
ယွန် မတ်တပ်ထရပ်လိုက်မိပြီး နောက်တစ်ခေါက် ထပ်မေးမိတယ်။ ထိတ်လန့်လွန်းလို့ သူမရဲ့ အမြင်အာရုံမှာ အခန်းတစ်ခုလုံး ချာချာလည်ကုန်တယ်။ Eri က သူမရဲ့ အနားကို တိုးလာပြီး သူမကို ပွေ့ဖက်ထားလိုက်တယ်။
" ယွန် စိတ်အေးအေးထား "
" နင် ဘာ‌ပြောလိုက်တာလဲ ? ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ဟုတ်လား ? "
" ငါလည်း ကြားလိုက်ရတော့ အရမ်းအံ့ဩသွားတာဒီမနက်ပဲ သူ့အိမ်မှာ...... "
သူ့ကိုယ်သူ ကြိုးဆွဲချသတ်သေသွားတယ်ဆိုတဲ့စကားကို Eri မှာဆုံးအောင်ဆက်မပြောနိုင်တော့ဘူး။ ယွန့်ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်ကုန်တယ်။ ဘာကိုမှမကြားတော့သလို သူမရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားတယ်။ ပြီးတော့မှ ရုတ်တရက် ထရပ်လိုက်ပြီး......။
" ငါ သွားရမယ် "
သူမ ဂျွန်ဟွန်ကို တွေ့ရမှ ဖြစ်မယ်။
" ယွန် ! "
" ငါ သွား.... "
ယွန် မတ်တပ်ရပ်လိုက်ပေမဲ့ ဒီရက်အပိုင်းအတွင်း ဘာမှ မစားမသောက်ဘဲ နေခဲ့တာမို့ ကြမ်းပြင်ပေါ်ကိုခွေခနဲ ပုံကျသွားတယ်။ အမှတ်တမဲ့ လဲကျသွားခဲ့တာမို့ ကြမ်းပြင်နဲ့ သူမရဲ့ ဒူးတွေ ခပ်ပြင်းပြင်းရိုက်မိကုန်တယ်။ ယွန် နောက်တစ်ကြိမ် အားတင်းပြန်ထရပ်လိုက်ပြီး ဒယိမ်းဒယိုင်နဲ့ လမ်းလျှောက်တယ်။
သူမ သွားမှဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်တဲ့လား....မိဘက ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့သားသမီးဖြစ်သူတွေ ဘယ်လိုခံစားရတယ်ဆိုတာကို သူမ ကောင်းကောင်းသိတယ်။ သူမ အခုချက်ချင်း ဂျွန်ဟွန်ကို တွေ့ချင်နေတယ်။
" ယွန် ! "
သူမ သွားရင်...သူမ အဲ့ဒီ့ကိုရောက်သွားရင်တောင်...သူမ ဘာ‌တွေပြောရမလဲ?
သူမ ခြေလှမ်းတွေရပ်တန့်သွားတယ်။ သူမရဲ့ တစ်ကိုယ်လုံး စိတ်ဓာတ်ကျ၀မ်းနည်းမှုတွေ ဖုံးလွှမ်းသွားတယ်။ ပါတီပွဲမှာ သူမကို ဝိုင်းကြည့်နေကြတဲ့ လူတွေရဲ့မျက်နှာကို သူမ ရှင်းရှင်းလင်းလင်းမှတ်မိနေတယ်။ အရမ်းကိုအံ့အားသင့်ပြီး ထိတ်လန့်မှုတွေအပြင် ယွန်းဟီဆူ ရိုက်လိုက်တဲ့ပါးပြင်က ကျိန်းစပ်နေတယ်။ သူမ အားလုံးကို ပြက်ပြက်ထင်ထင် မှတ်မိနေတယ်။
သူမက ဆောဂျယ်ဟွတ်ရဲ့ ဘ၀ကို အဆုံးသတ်စေခဲ့တဲ့ အဓိက တရားခံ ဖြစ်ခဲ့တာပဲ။ သူမကပဲ သူ့ကို သေစေခဲ့တာ။ အဲ့ဒီ့လိုဖြစ်စေခဲ့တဲ့သူက အဲ့ဒီ့မိသားစုကို နာရေးသတင်း ဘယ်လိုများမေးလို့ရမှာတဲ့လဲ? ၀မ်းနည်းကြောင်း နှစ်သိမ့်စကား ဘယ်လိုများပြောရဲပါ့မလဲ? ဒါဟာဘယ်လောက်တောင် အဓိပ္ပါယ်မရှိတဲ့ကိစ္စလဲ?
" ဟင်း....ဟင်း.... "
ယွန်ရဲ့ နှုတ်ခမ်းကနေ ရယ်သံလား ငိုသံလား မကွဲပြားတဲ့ အသံတွေ ထွက်ကျလာတယ်။
" ဟ.....ဟ..ဟား "
သူမ ငုပ်တုပ်ထိုင်ချလိုက်ပြီး အော်ဟစ်ရယ်မောတော့တယ်။
အမေ ကြည့်ပါဦး နောက်ဆုံးတော့လည်း အားလုံးက အမေ့လမ်းစဉ်အတိုင်း လိုက်ရတာပါပဲ။ အဲ့ဒီ့လူရဲ့ ၀ိဉာည်ကိုခေါ်ပြီး ငရဲပြည်ကိုသာပို့လိုက်ပါတော့။
" ယွန် "
Eri စိတ်ပူလွန်းလို့ ယွန်ရဲ့ပခုံးနှစ်ဖက်ကို ဆွဲခါပစ်လိုက်တယ်။ ယွန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တဖြည်းဖြည်းတုန်ရီ‌ေနရာကနေ ဆောက်တည်ရာမရအောင် တဆတ်ဆတ် တုန်လှုပ်လာတယ်။ လည်ချောင်းကွဲမတတ် အော်ဟစ်ငိုယိုနေရင်းနဲ့ ရုတ်တရက် ရယ်မောပြန်တယ်။ Eriမှာ ယွန် တစ်ခုခုဖြစ်သွားမှာ စိုးရိမ်ထိတ်လန့်နေပြီး ယွန့်ကို ပွေ့ဖက် ပေးထားပေမဲ့ ၀မ်းနည်းတုန်လှုပ်နေတာတွေ ရပ်တန့်မသွားသလို အော်ဟစ်ငိုကြွေးနေတာလည်း ရပ်မသွားခဲ့ဘူး။
ယွန် ဘယ်လောက်တောင် ၀မ်းနည်းငိုကြွေးလိုက်သလဲ၊ ဘယ်လောက်တောင် ရုန်းကန်အော်ဟစ်လိုက်သလဲ ဆိုရင် နောက်ဆုံးမှာ သူမ သတိလစ်သွားတယ်။
Eri လည်း ပြာတောက်သွားပြီး ဆေးရုံကားလှမ်းခေါ်ရတယ်။
Ambulanceကားရဲ့ အနီရောင်နဲ့ အပြာရောင် အလင်းရောင်တွေက တစ်လှည့်ဆီ လင်းလက်နေတယ်။ ကျယ်လောင်တဲ့ ဥဩဆွဲသံက ယွန့်ရဲ့ အသိစိတ်တေွကို လှုပ်နှိုးလိုက်တဲ့ပုံပဲ။ ယွန့်ရဲ့ အမြင်အာရုံမှာ မြင်သမျှအရာရာတိုင်းက ယိမ်းယိုင် ရွဲ့စောင်းနေပြီး နောက်ဆုံးတော့ အားလုံးက ဝေဝါးပျောက်ကွယ်သွားပြန်တယ်။
ယွန့်ရဲ့ ခန္ဓာကိုယ်လေးက နက်ရှိုင်းလှတဲ့အမှောင်ထုကြီးရဲ့ ဝါးမြိုမှုကို ခံလိုက်ရပြီး အဲ့ဒီ့ အမှောင်ထုထဲမှာသူမရဲ့ အမေကို ပြန်တွေ့ရတယ်။ သူမရဲ့အမေက ဘာလှုပ်ရှားမှုမှမရှိသလို စကားတစ်ခွန်းမှမဆိုဘဲ သူမကို ကြည့်ရုံပဲကြည့်နေတယ်။ ဥက္ကဌမင်နဲ့ ဥက္ကဌဆောကိုလည်း တွေ့တယ်။
စိတ်ဝိဉာဉ် ကင်းကွာနေပြီး ခန္ဓာကိုယ်အခွံချည်းသက်သက်ပဲရှိနေကြသလိုမျိုး တဖြည်းဖြည်း ယိမ်းရင်းနွဲ့ရင်း လေထဲကို လွင့်မျောပါသွားတယ်။ ပင်လယ်‌‌ ရေအောက်ထဲမှာရှိ‌နေတဲ့ ဂျယ်လီငါးတွေအတိုင်း တဖြည်းဖြည်းချင်း လှုပ်ခါမျောပါသွားတယ်။
ပြီးတော့ ဂျွန်ဟွန်ကို တွေ့ ပြန်တယ်။
သူမ အမေရဲ့ ဗီဒီယို fileကို ဖွင့်လိုက်တဲ့အချိန်မှာ သူ ဘယ်လိုများ ကြည့်နေခဲ့လဲ။
သူက ယွန့်ကို စိုက်ကြည့်နေတယ်။ နောက်ဆုံးတော့ သူမဆီတည့်တည့်မတ်မတ်လမ်းလျှောက်လာပြီးမှ သူမရဲ့ဘေးကနေဖြတ်သွားပြီး တရိပ်ရိပ်ဝေးကွာသွားတယ်။
" ဂျွန်ဟွန် - ရှိ "
ယွန် သူ့ကို လှမ်းခေါ် မိတယ်။
" ဂျွန်ဟွန် ရှိ ခဏ စောင့်ပါအုံး! "
သူ့ကို ပြောပြမှ ဖြစ်မယ်။ သူ့ကို ဒီလိုနာကျင်ခံစားရတာမျိုး‌တွေ ရှိမလာ‌စေဖို့ သူမ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့အမှန်တရားတွေကို သူ့ကို ပြောပြချင်တယ်။ သူမ ဒီလက်စားချေတဲ့အစီအစဉ်ကို ဆက်မလုပ်ချင်ခဲ့တဲ့အကြောင်း သူ့ကို ပြောပြမှဖြစ်မယ်။ သူမကလေ....သူမက သူရဲ့ အနားမှာပဲနေချင်ခဲ့တဲ့အကြောင်းကိုရော......။
ဂျွန်ဟွန်က တဖြည်းဖြည်းနဲ့ ဝေး‌ကွာသွားတယ်။ သူက တရိပ်ရိပ်နဲ့ ဆက်ပြီးသွားနေတုန်းပဲ။
" ဂျွန်ဟွန် ရှိ "
ယွန် သူ့ရဲ့ နာမည်ကို အားကုန်သုံးပြီး အော်ခေါ် မိတော့တယ်။
.
.
.
.
E.v.e.r.g.r.e.e.n🍀🌵🌲🍃🌿
4384 words
Zawgyi
Ding dong !!
" Eri ! "
" Eri ! "
" Eri "
နောကျတစျနေ့မနကျမှာတော့ ဥက်ကဌ ဆောဂယြျဟွတျရဲ့ ကိုယ့ျကိုယျကိုယျသတျသတေဲ့ သတငျးကို သူတို့တွေ သိလိုကျရတယျ။
" ဘာ ? "