The Love Sleeping Under The M...

By AttarSawLwinYar

50.1K 3.3K 1.2K

[๐š„๐š—๐š’+๐š‰๐šŠ๐š ] แ€›แ€”แ€บแ€žแ€ฐแ€ทแ€“แ€ฌแ€ธแ€œแ€€แ€บแ€”แ€€แ€บแ€กแ€ฑแ€ฌแ€€แ€บแ€™แ€พแ€ฌแ€€แ€ปแ€›แ€พแ€ฏแ€ถแ€ธแ€›แ€แ€ผแ€„แ€บแ€ธแ€‘แ€€แ€บ แ€›แ€”แ€บแ€žแ€ฐแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธโ€Œแ€™แ€ฑแ€แ€นแ€แ€ฌแ€กแ€ฑแ€ฌแ€€แ€บแ€™แ€พแ€ฌแ€€แ€ปแ€›แ€พแ€ฏแ€ถแ€ธแ€›แ€แ€ผแ€„แ€บแ€ธแ€Ÿแ€ฌ แ€›แ€พแ€€แ€บแ€–แ€ฝ... More

Prelude
Part 1
Part 4
Part 5
Part 2
Part 6
Part 7
Part 3
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Character Image (unicode)
Character Image (zawgyi)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 27 ( Suprise Gift!!)
Part 27
Part 28
Part 29

Part 26

1K 102 50
By AttarSawLwinYar

[Unicode]Part 26

_______________

ဂယန်းဟိုတောင်ထိပ် ကင်းစောင့်တပ်(ကင်းမျှော်စင်အမှတ်တစ်)။

"သတင်းပို့...."

သံရှည်ဆွဲကာအော်လိုက်သော ကျယ်လောင်သည့်အသံက မြူရိပ်တို့ကြားအိပ်ပျော်နေသည့် ခပ်မှိုင်းမှိုင်းတောအုပ်အားလှုပ်နိုးလိုက်သလိုထင်မှတ်ရသည် ။ကျော၌ ချီနိုင်ငံ၏အမှတ်အသားဖြစ်သည့် နဂါးအလံကိုချပ်လျက် တပ်မှုးထံဒူးထောက်ခစားသော ရှေ့တော်ပြေးတပ်သား။

"ဧကရာဇ်ဂျွန်ဦးဆောင်တဲ့ တော်ဝင် စစ်တပ် စစ်ကြောင်းသုံး...မွန်ဟန်းမြို့ကိုရောက်ရှိနေပါပြီ....ကိုယ်ရံတော်တပ်မှုးလီဦးဆောင်တဲ့ ကိုယ်ရံတော်စစ်တပ်ကတော့  ဒုံမန်းကိုဆက်လက်ချီတက်သွားပါတယ်"

"ကောင်းပြီ...တာဝန်ကျေတယ်..."

ကင်းစောင့်တပ်မှုးကထိုသို့ပြောပြီး အနားရှိ တပ်သားအား လက်ဖြင့်အချက်ပြလိုက်သည်နှင့် ကင်းမျှော်စင်အနားသို့ပြေးသွားကာ ချိတ်ဆွဲထားသည့် သံချောင်းအားခေါက်လိုက်သည်။

ထိုမှတစ်ပြိုင်နက် ကင်းမျှော်စင်ပေါ်ရှိ ကင်းစောင့်တပ်သားက ကျွဲဂျိုမှုတ်ကာ အခြားသော ကင်းမျှော်စင်များထံ အချက်ပေးတော့၏။
ဒါဟာ ဧကရာဇ်ရဲ့လျှို့ဝှက်အမိန့်တော်အား လိုက်နာရန်အစည်းအဝေးထိုင်ဖို့အချိန်ကျရောက်လေပြီဖြစ်ကြောင်းကို နှိုးဆော်လိုက်ခြင်း။

______________________________

ငြိမ်းချမ်းနယ်မြေ( မွန်ဟန်းမြို့)

ဘယ်နေရာကိုကြည့်ကြည့် စားပင်သောက်ပင်များသာပြည့်နှက်နေပြီး လူနေနည်းပါးသည့် မွန်ဟန်းက မြို့၏ ဂုဏ်အဂ်ါနှင့်မညီညွှတ်သော်လည်း ချီအင်ပါယာထဲမှာတော့ မြို့တစ်ခုအဖြစ်သတ်မှတ်ခံထားရသည်။

သာသနာ့နယ်မြေပေါများလွန်းသည့် မွန်ဟန်းဟာ တော်ဝင်စစ်တပ်အတွက် ခရီးတစ်ထောက်နားဖို့နေရာကောင်းတော့ဖြစ်မနေ။ ထို့အပြင်မွန်ဟန်းသည် ငြိမ်းချမ်းနယ်မြေတစ်ခုမဟုတ်ပါလား။ ငြိမ်းချမ်းနယ်မြေ၌ စစ်တပ်တစ်ခုလုံး တပ်စွဲကာအနားယူရခြင်းအပေါ် မွန်ဟန်းရှိပြည်သူများအား အရှင်ဂျွန်အားနာလှသည်။

ဒါပေမယ့်လဲ မွန်ဟန်းမှာ ခရီးတစ်ထောက်သာမနားလျှင် အချိန် စောင်းတော့မည်။ယခုပင် အချိန်က ညနေစောင်းရောက်လုလုဖြစ်နေပြီ။

ဘုရားကျောင်းဝင်းအတွင်း ကြုံရာနေရာ၌ ထိုင်ကာ ဖြစ်သလိုပင် အစာစားသောက်နေကြသည့်စစ်သားတွေကို ဂျောင်ဂုလှည့်ပတ်ကြည့်ရှုနေသည်။တစ်ချို့ကတော့ အရိပ်ရပင်များအောက်၌ အိပ်စက်နေကြ၏။ ညကူးသည်နှင့် မွန်ဟန်းမှညလုံးပေါက်ခရီးနှင်ရန် အားမွေးကာအနားယူနေကြခြင်းပင်။

"အားလုံးပဲ ဒီမှာ အဆာပြေစားဖို့ သစ်တော်သီးတွေလာယူကြပါ..."

"သစ်တော်သီးတွေလာယူပါ"

တပ်သားနှစ်ယောက်ရဲ့ဆော်ဩသံကျယ်ကျယ်က တိတ်ဆိတ်သည့်ကျောင်ဝင်း၌ ချိန်ကိုက်ထားခြင်းမရှိထွက်‌ပေါ်လာသည်။ဂျောင်ဂုအကြည့်ရောက်သွားလေတော့ လှည်းငါးစီးဖြင့်တိုက်လာသည့် သစ်တော်သီးများ။ မွန်ဟန်းက ဆယ့်နှစ်လရာသီ သစ်တော်သီးနယ်မြေလဲဖြစ်နေသေးတာပဲ။

"တော်ဝင်စစ်တပ်ရောက်နေတယ်ဆိုလို့ အရပ်သားတွေက သစ်တော်သီးတွေခူးပြီးပေးလိုက်ပုံပါပဲအရှင်ဂျွန်..."

သူ့နဲ့အတူရှိနေသည့် စစ်သူကြီးကင်မ်က အနောက်ပါးမှဝင်ပြောသည်။ စစ်သူကြီးကင်မ်နဲ့သူက မရင်းနှီးဘူးလို့ထင်ရပေမယ့် စစ်မြေပြင်မှာတော့ ငယ်ပေါင်းကြီးဖော်တွေ။

"အရှင်ဂျွန်အတွက်တစ်လုံးလောက်သွားယူပေးပါ့မယ်...မွန်ဟန်းသစ်တော်သီးက လတ်လတ်ဆတ်ဆတ်စားရခဲတယ်..."

စစ်သူကြီးကင်မ်က တက်တက်ကြွကြွပင်ပြောကာ ထိုနေရာသို့ အပြေးသွားလိုက်သည်။

သစ်တော်ပင်များ၊ ပန်းသီးပင်များ၊မက်မွန်ပင်၊မက်မန်းပင်များဖြင့် ပြည့်နှက်နေသည့် ကျောင်းဝန်းအားဝေ့ဝဲကြည့်နေလိုက်၏။

ရာသီဟာ မက်မန်းပွင့်ချိန်၊မက်မွန်ပွင့်ချိန်၊ ချယ်ရီပွင့်ချိန်မို့ ငြိမ်းချမ်းနယ်မြေဆိုသည့်ဂုဏ်ပုဒ်နှင့်လိုက်ဖက်ညီစွာ မွန်ဟန်း၏နေရာတိုင်းက လှပအေးချမ်းလွန်းလှသည်။ ဒီလိုလှပတဲ့ရာသီအချိန်အခါမှာ အကျည်းတန်ရုပ်ဆိုးတဲ့စစ်ပွဲဆိုတာကြီးက ဘယ်သူ့ပယောဂကြောင့်ပေါ်လာရပါသနည်း။

"အရှင်မင်းကြီး...နန်းတွင်းအထောက်တော်ရောက်ပါတယ်"

တပ်မှုးနဲ့အတူ သူ့အရှေ့သို့ ဒူးထောက်အခစားဝင်သည့်အထောက်တော်။ ချီကနေထွက်လာခဲ့တာ တစ်ရက်ပင်မကုန်သေးသည့်အချိန်မှာ အထောက်တော်ရောက်လာတော့ စိတ်ထဲအလိုမကျဖြစ်သွားရသည်။ နန်းမြို့၌ ဘာကိစ္စများဖြစ်နေလို့လဲ။

"ဘာအကြောင်းလဲ"

သူမေးတော့ သတင်းလာပို့သည့်အထောက်တော်က ပိုးစအဖြူဖြင့်ထုတ်လာသည့် အရာတစ်ခုကိုသူ့လက်ထံဆက်သသည်။အမြန်ယူကာ ဖြန့်ကြည့်တော့ အပြာရောင်ငယ်ရဲ့ဆံထုံး၌ ထိုးစိုက်ပန်ဆင်လေ့ရှိတဲ့ ရွှေပန်းခိုင်လေး တစ်ခိုင်။

လျီု့ဝှက်သင့်သောသတင်းဟုသိလိုက်ရတော့ သူဦးဆောင်၍ ယာယီရွက်ဖျင်တဲထဲသို့ခေါ်ဆောင်သွားလိုက်သည်။ ထိုအထဲသို့ရောက်ကာမှ  သူ့ထံပြန်၍ဒူးထောက်အခစားဝင်သည့် အထောက်တော်။

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်...အရှင်ထွက်သွားပြီး မကြာခင်မှာပဲ နန်းစောင့်မိဖုရားကင်မ် အဆိပ်သင့်ပြီး မူးမေ့လှဲသွားပါတယ်... "

ရောက်ရောက်ချင်း ရင်ဝကိုဆောင့်ကန်လိုက်သလိုစကားကြောင့် လက်ထဲမှ ပန်းခိုင်အား ဖျစ်ကနဲညစ်လိုက်မိသည်။ဒါပေမယ့် ဟန်မပျက်စွာတည်တင်းရင်း။

"အခြေအနေဘယ်လိုရှိသလဲ"

"သတိရလာတဲ့အချိန်ကစပြီး သွေးတွေဆက်တိုက်အန်နေတယ်လို့သိရပါတယ်အရှင်..."

လက်ထဲကဆောင်မြဲဓားအားကျစ်ကျစ်ဆုပ်ကိုင်ထားတဲ့အရှင်ဂျွန်ရဲ့လက်တစ်ဖက်။ စိတ်အတွင်းထဲ၌ ဆောက်တည်ရာမရ ဖြစ်လာသော်လည်း အပြင်ရှိပုံပန်းသဏ္ဍာန်ကတော့တည်ငြိမ်နေ၏။

အဆိပ်မိတယ်ဆိုရင်တော့ မနက်က စားတော်ပွဲမှာ အဆိပ်ပါသွားတဲ့ပုံပဲ။ အပျော့စားအဆိပ်က ကြာနီအဆိပ်ကိုမတွန်းလှန်နိုင်လို့ အဆိပ်သင့်သွေးတွေအန်နေတာကိုသိတော့ မျက်လုံးထဲမြင်ယောင်လာတဲ့ အပြာရောင်ငယ်ရဲ့ပုံရိပ်။

နှလုံးအိမ်တစ်ခုလုံးစူးနစ်အောင်နာကျင်နေပြီး အနားမှာ ယုယထွေးပွေ့ပေးမယ့် သူ့ကိုလိုအပ်နေမှာ။ နန်းသွေးလေးလဲရှိနေတဲ့အခြေအနေမှာ နေမကောင်းဖြစ်တော့ သူ့အပြာရောင်ငယ် အားငယ်နေလောက်တယ်မဟုတ်ဘူးလား။

သူ့မျက်နှာတစ်ခုတည်းကြည့်ပြီး ချီနန်းတော်မှာနေနေတဲ့သူ။
သူ့မျက်နှာတစ်ခုတည်းကြောင့်နဲ့ ရန်သူ့ထီးနန်းကိုစောင့်ထိန်းပေးဖို့သစ္စာပြုခဲ့သူ။

သူမရှိတဲ့အချိန်မှာမှ အခုလိုလုပ်ကြံခံရတော့ မလုံခြုံမှုများစွာနဲ့ အပြာရောင်ငယ်ကိုဘယ်လိုစိတ်ချရမလဲ။

ရင်ထဲဆို့တက်လာတဲ့စိုးရိမ်ပူပန်မှုများစွာ။ပြင်းထန်စွာလှုပ်ရှားလာသည့် စိတ်အစုံကြောင့် ပုံမှန်ပြန်ဖြစ်အောင်အသက်ကို ဖြေးဖြေးသာသာရှုထုတ်နေရသည်။

"မိန်းမစိုးအီကို နောက်နေ့ကစပြီး နန်းစောင့်မိဖုရားရဲ့စားတော်ပွဲကိုကြီးကြပ်ခိုင်းပါ"

"ဟုတ်ကဲ့ပါအရှင်"

မပျော့မပြောင်းလေသံဖြင့် အဖြောင့်အတိုင်းသွားသည့်ထိုစကားသည် သာမာန်အမှာစကားတစ်ခုသာဖြစ်သည်။နန်းစောင့်မိဖုရား အဆိပ်သင့်သည့်သတင်းကြောင့် တုန်လှုတ်ဟန်စိုးစဉ်းမျှမပြဘဲ  တည်ငြိမ်နေသောအရှင်ဂျွန်ရဲ့ပုံစံက ပကတိတည်ကြည်လွန်း၏။

သို့သော်စိတ်အတွင်းမည်မျှဂယက်ထနေမည်ကို အထောက်တော်တစ်ယောက်မသိနိုင်ပါလေ။

"စုန့်ကိုမသိမ်းပိုက်နိုင်သေးသရွေ့... ဒီနေ့ဒီအချိန်ကစပြီး နန်းစောင့်မိဖုရားနဲ့ပတ်သက်တဲ့ သတင်းကို ဆိုးဆိုးကောင်းကောင်း တစ်ခွန်းတစ်ပါဒတောင် လာမပို့ပါနဲ့"

ထိုစကားမှာတော့ အထောက်တော်တစ်ယောက် လဲ နာခံစကားမပြောနိုင်စွာတိတ်ဆိတ်သွားရသလို အနားရှိ တပ်မှုးလဲ ဧကရာဇ်ဂျွန်အား အမှတ်တမဲ့မော့ကြည့်လိုက်မိတော့သည်။

"စုန့်ဘုရင်ရဲ့ခေါင်းကိုမဖြတ်နိုင်သရွေ့တော့ ချီနန်းတော်ကိုပြန်ဖို့ရက်တွေက ကြာရှည်နေဦးမှာပဲ"

ဧကရာဇ်ဂျွန်ရဲ့ စိတ်ထဲမှာတော့ အပြာရောင်ငယ်ကိုယ်ထဲမှာ ကြာနီအဆိပ်တွေရှိနေဆဲဆိုတာကိုနှလုံးသွင်းမိလေ စုန့်ဘုရင်ကို သတ်ချင်စိတ်တွေကြီးထွားလာရလေသာ ဖြစ်နေသည်။

အထောက်တော်နဲ့တပ်မှုးတို့ထွက်သွားတော့ လက်ထဲ၌ သစ်တော်သီးနှစ်လုံးအားကိုင်ဆောင်ကာ ရွက်ဖျင်တဲထဲ ဝင်လာခဲ့သည့် စစ်သူကြီးကင်မ်။

"ချီနန်းတော်က အထောက်တော်ရောက်တယ်လို့ကြားပါတယ်အရှင်ဂျွန်...ကိစ္စတစ်ခုခုများရှိလို့လား..."

လက်ထဲမှ ‌ရွှေပန်းခိုင်အားစူးစိုက်ကြည့်နေတဲ့ဧကရာဇ်ဂျွန်က သူ့ဘက်မလှည့်ဘဲ သက်ပြင်းတိုးတိုးဖွဖွကိုချကာ...

"အပြာရောင်ငယ် အဆိပ်မိပြန်တယ်တဲ့.....ကိုယ်တော့်ရင်တွေပူလိုက်တာ... ဒါကြောင့်မို့ နန်းစောင့်မိဖုရားနဲ့ပတ်သက်တဲ့သတင်း လာမပို့တော့ဖို့အမိန့်ပေးလိုက်တယ်"

စကားဆုံးတော့ ဧကရာဇ်ဂျွန်ဟာသူ့ဘက်သို့လှည့်လာသည်။ နန်းစောင့်မိဖုရားကင်မ်ဟာ ဧကရာဇ်ဂျွန် အိမ်ရှေ့စံဘဝကတည်းက အိမ်ရှေ့ကိုယ်လုပ်တော်အဖြစ်တစ်နည်း ထိုမှတဆင့် အိမ်ရှေ့ကြင်ယာတော်အဖြစ်တစ်ဖုံ ဘေး၌အတူရှိခဲ့
ပေးသည့်တစ်ဦးတည်းသောသူဖြစ်၏။

ထို့အပြင် ဧကရာဇ်ဂျွန်၏ နန်းတက်ပွဲ၌ ကြင်ယာတော်မိဖုရားအဖြစ် တစ်ပါတည်းချီးမြှောက်ကာ ဘိသိက်ခံခဲ့သောမိဖုရားပေမို့ အရှင်ဂျွန် ဂရုအစိုက်ဆုံး၊အလေးအထားဆုံး၊ အချစ်မြတ်နိုးဆုံး မိဖုရားတစ်ပါးဖြစ်နေခဲ့တာ အားလုံးအသိပင်။စစ်ပွဲအတွင်းမှာတော့ အရှင်ဂျွန်က  ချီအင်ပါယာအတွက်မင်းကောင်းမင်းမြတ်တစ်ပါးပီသစွာပြုမူနိုင်ဖို့ စိတ်ဆန္ဒကိုဖိနှိပ်ကာ နန်းစောင့်မိဖုရားနှင့် ပတ်သက်သည့် သံယောဇဉ်တို့အားလျစ်လျူရှုထားဦးမည်ထင်ပါ၏။

"ကြားရတာ စိတ်မကောင်းပါဘူးအရှင်..."

အရှင်ဂျွန်က ခေါင်းတစ်ချက်ငြိမ့်၍ အသိအမှတ်ပြုသည်။

"အရှင့်အတွက်ယူလာခဲ့တဲ့သစ်တော်သီးပါ...ညနေစာပွဲတော်မတည်ထားသေးဘူးမလားအရှင်...ဒါလေးတော့စားလိုက်ပါ"

စစ်သူကြီးကင်မ်က ပြောပြောဆိုဆိုပင် လက်ထဲမှသစ်တော်သီးနှစ်လုံးအား အရှင်ဂျွန်ဆီဆက်သည်။ ဒါပေမယ့်အရှင်ဂျွန်က လှမ်းမယူဘဲမျက်နှာလွှဲ၏။

"ကိုယ်တော်မစားတော့ပါဘူး..."

စစ်သူကြီးကင်မ်ရဲ့လက်များကိုပြန်ရုတ်လိုက်သည်။ အရှင်ကသူ့အားကျောပေးသွားကာ ရွက်ဖျင်တဲထဲရှိ စားပွဲအရှေ့၌ဝင်ထိုင်သည်။ စားပွဲပေါ်ရှိ ချီအင်ပါယာမြေပုံအား ကြည့်နေဟန်ဆောင်ပေမယ့် ဝမ်းနည်းနေကြောင်းကို စစ်သူကြီးကင်မ်သိပါသည်။

"အထောက်တော်ဆီ သစ်တော်သီးတွေ ထည့်ပေးလိုက်ပါဦး...ကိုယ်တော့်အပြာရောင်ငယ်က အစားရွေးပေမယ့် မွန်ဟန်းသစ်တော်သီးတွေကိုတော့ သိပ်ကြိုက်တာ"

ကျောခိုင်းထားရင်းမှမိန့်ဆိုသည့်သူ့ရှင်စကားဟာ ဝမ်းနည်းကြေကွဲဖွယ်အတိ။ ချစ်မြတ်နိုးရတဲ့ကြင်ယာတော်မိဖုရားနာမကျန်းချိန်မှာ မစားသောက်နိုင်တဲ့ အရှင်ဂျွန်က သူ့မိဖုရားအတွက်တော့ တကူးတကကို သတိတရနဲ့လှမ်းပြောသေးတာ။

"ဟုတ်ကဲ့ ကျွန်တော်သေချာထည့်ပေးလိုက်ပါ့မယ်"

စစ်သူကြီးကင်မ်အရိုအသေပြုကာ ရွက်ဖျင်တဲထဲမှထွက်လာခဲ့လိုက်သည်။စစ်အတွင်းမှာ နန်းစောင့်မိဖုရားကင်မ်အပေါ် စိတ်ဖြတ်ထားဖို့ အရှင်ဂျွန်အတွက် အချိန်လိုဦးမည်ထင်ပါရဲ့။

မွန်ဟန်းရဲ့ နွေဦးညနေခင်းရယ်...။
ဆည်းဆာရိပ်မှာ တိမ်တွေအရောင်မတောက်ပေမယ့်... မက်မွန်ပန်းတွေတော့ လေတဖြူးမှာ ကြွေကာလွှင့်ကာ...အရှင့်အပါး ရစ်ဝဲကာဖြင့်...။


___________________________

ညသန်းခေါင်အချိန်၌ဖြစ်သည်။
ကိုယ်ရံတော်လီထိုက်ဦးဆောင်သော ကိုယ်ရံတော်တပ်ဖွဲ့သည် ချီအင်ပါယာ၏ အနောက်မြောက်ဘက် စွန်းစွန်းရှိ ဒုံမန်းသို့ဆက်လက်ချီတက်လာခဲ့သည်။

ဒုံမန်းသည် ဖုန်းဆိုးနယ်မြေရိုင်းဖြစ်သည့် ဂါဆွားနယ်နှင့် နယ်နိမိတ်ထိစပ်နေသော နယ်ခြားမြို့တစ်မြို့။ ဂါဆွားနယ်ဟာ ဒယ်ရှီလို နယ်မြေရိုင်းတစ်ခုဖြစ်တဲ့အပြင် ဒယ်ရှီနဲ့ပဋိပက္ခအမြဲဖြစ်နေသည့် ဒယ်ရှီရဲ့အိမ်နီးချင်း နယ်မြေတစ်ခုသာ။

ဒီစစ်ပွဲမှာ လီထိုက်ဦးဆောင်တဲ့ကိုယ်ရံတော်စစ်တပ်က ဂါဆွားကိုသိမ်းယူပြီး ဒယ်ရှီတို့အားထွက်ပေါက်မဲ့စေရန်လုပ်ဆောင်မည်ဖြစ်သည်။

တော်ဝင်စစ်တပ်အနေနဲ့ အရှင်ဂျွန်အပါအဝင် စစ်ကြောင်းငါးကြောင်းခွဲကာ စုန့်ပြည်သို့ နေရာအသီးသီးမှ ချီတက်လာနေခဲ့ကြသည်။ ကိုယ်ရံတော်စစ်တပ်ကတော့ နန်းမြို့ပြင်ကတည်းက စစ်ကြောင်းမှခွဲထွက်ကာ ဒုံမန်းသို့ တစ်သီးတစ်ခြားချီတက်လာခဲ့ခြင်းပင်။

အရှေ့မြောက်ရှိ သစ်တောလမ်းသို့ စစ်ကြောင်းတစ်နှင့်နှစ်က တပ်ဖျောက်ပြီးချီတက်ကာ အရှင်ဂျွန်ရဲ့စစ်ကြောင်းသုံး ကတော့ ထင်ထင်ပေါ်ပေါ်ပင် ဂယန်းဟိုတောင်ကြားလမ်းဆီချီတက်လာသည်။ စစ်ကြောင်းငါးက အရံတပ်ဖြစ်ပြီး စစ်ကြောင်းလေးကတော့ ဂယန်းဟိုအနောက်ဘက်တောင်ခြေသို့ချီတက်၍ ကိုယ်ရံတော်လီထိုက်၏တပ်များကို ကူရန်အသင့်ရှိနေမည်ပင်။

ဂယန်းဟိုလွင်ပြင်၌ အရှင်ဂျွန်၏ စစ်ကြောင်းသုံးက စစ်မျက်နှာဖွင့်ပြီး စစ်ကြောင်း တစ်နှင့် နှစ်က နောက်တန်း၌နေရာယူမည်။

စစ်ကြောင်းတစ်ကြောင်းလျှင်  တပ်သားအင်အား သုံးထောင်ရှိပြီး စစ်မျက်နှာ၌ သုံးမည့် လင်းယုန်တိုက်ကွက်အတွက် တပ်သား ရှစ်ထောင်လိုအပ်သည်။ စစ်ကြောင်းသုံးကြောင်းနှင့် လုံလောက်အောင်သုံး ရမည်မို့ ပြောက်ကျားတပ်နှင့်တိုးပြီး စစ်တပ်အင်အားမလျော့စေရန်သတိထားရဦးမည်။

မတော်လို့ စစ်အင်အားလျော့ကာ တိုက်ကွက်ပျက်ပြီး အရံတပ်ဖွဲ့အချိန်မှီရောက်မလာခဲ့ရင် ဒီပွဲကဆက်မတိုက်ဘဲတောင် ချီဘက်ကရှုံးမည်။ စုန့်နဲ့ဒယ်ရှီတို့သာ ဂယန်းဟိုလွင်ပြင်ကိုရသွားရင်၊ ဂယန်းဟိုတောင်ကြားလမ်းကို အပိုင်စီးနိုင်သွားခဲ့ရင် ချီနိုင်ငံက ဘယ်မှပြေးလို့လွှတ်တော့မည်မဟုတ်။

အရံတပ်ဖွဲ့လဲအချိန်မှီရောက်လာပြီး စစ်ကြောင်းလေးလဲ သူတို့နဲ့သာ လာပူးပေါင်းနိုင်သွားရင် ချီဘက်က ဆက်မတိုက်ဘဲ စုန့်ပြည်ကရှုံးမည်။ စစ်ကြောင်းလေး သူတို့နဲ့လာပူးပေါင်းနိုင်ဖို့အတွက် ကိုယ်ရံတော်တပ်က ဒုံမန်းကိုသိမ်းပြီး ဒယ်ရှီတို့အားထွက်ပေါက်မဲ့အောင်လုပ်ထားနိုင်ရန်လိုသည်။

ဒါတွေကဒယ်ရှီတွေ တွေးထင်ထားသည့်ချီစစ်တပ်၏ စစ်ဗျူဟာဆိုပေမယ့် တစ်ဖက်က ဒယ်ရှီနဲ့စုန့်ဘုရင်ရဲ့စစ်ဗျူဟာက ဘယ်လိုခင်းမလဲဆိုတာ မသိနိုင်သေးသည့်အခြေအနေ။ အမှောင်ထဲမှာ လမ်းလျှောက်နေရသလိုထင်မှတ်ရတဲ့ စစ်ပွဲက ရက်ရှည်တော့ကြာဦးမည်ထင်ပ။

စစ်ပရိယာယ်ကြွယ်ဝတဲ့စုန့်ဘုရင်နဲ့ စစ်ဗျူဟာကောင်းမွန်လွန်းတဲ့ ချီဧကရာဇ်ရဲ့ထိပ်တိုက်တွေ့ဆုံပွဲကတော့ သမိုင်းမှာ မှတ်တမ်းတင်ရမည့်စစ်ပွဲဖြစ်လို့ကျန်နေမှာအသေအချာပင်။

__________________________


မနက်လေးနာရီအချိန်ဖြစ်သော်လည်း အရှေ့နန်းဆောင်တစ်ခုလုံးကတော့ ညည့်ဦးယံကတည်းကပင်လှုတ်လှုတ်ရှားရှားဖြင့် အအားမနေရဘဲရှိလေသည်။

လူအဝင်အထွက်မပြတ်လတ်သည့် နန်းစောင့်အရှင်မိဖုရားရဲ့ အိပ်ခန်းဆောင်...တစ်နည်းအားဖြင့် ကြင်ယာတော်ကင်မ်ရဲ့အိပ်ခန်းဆောင်တွင်ဖြစ်သည်။ကြင်ယာတော် ယွဲ့ရယ်လဲရောက်ရှိနေပြီး ယန်မင်းသားနဲ့ ဆောနူမင်းသားပါ အဆောင်တော်သို့ရောက်နေ၏။

သမားတော်ကြီးပြန်ထွက်သွားသည်မှာ နာရီပိုင်းရှိနေပြီဖြစ်သည်။သို့သော် အိပ်ခန်းဆောင်အတွင်းမှ လူသံသူသံတို့တိတ်ဆိတ်ကာ ယခုအချိန်ထိငြိမ်သက်နေသည်ကြောင့် သူတို့အားလုံး ရင်တထိတ်ထိတ်ဖြင့် စောင့်နေမိကြသည်။

ခနအကြာမှာတော့ လျှပ်လျက်ပွင့်လာသည့်တံခါးနောက် သုံးဦးသားထိုင်နေရာမှ ထရပ်လိုက်သည်။သွေးပေသည့်အဝတ်စဖြူဖြူတို့ထည့်ထားသည့် သစ်သားပုံးအားမကာ ထွက်လာသည့်အစေခံအမျိုးသမီးငယ်။ ပထမဆုံးအကြိမ်မဟုတ်တော့သော်လည်း ထိုအရာအား တွေ့မြင်ရလေတိုင်း စိတ်မကောင်းဖြစ်မိကာ မျက်နှာပျက်ယွင်းမိကြပြန်သည်။

"နန်းစောင့်အရှင်ဘယ်လိုအခြေအနေရှိသလဲ"

ယွဲ့ရယ်လှမ်းမေးတော့ အစေခံအမျိုးသမီးငယ်ကမဖြေတတ်စွာ ခေါင်းခါလျက် ဦးညွှတ်နှုတ်ဆက်ကာထွက်သွားသည်။

သုံးယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခုံ၌ပြန်ထိုင်ရင်း ငြိမ်နေမိလိုက်ကြပြန်၏။

"မရီးတော် အနားယူသင့်ပါပြီ...မကြာခင်ပဲအာရုံတက်တော့မယ်လေ...အနောက်နန်းကိုပြန်လိုက်ပါတော့"

မတ်တော်သူ ယန်မင်းသားက လိမ္မာပါးနပ်စွာပြောကြားလာတော့ ယွဲ့ရယ်လဲမငြင်းသာပဲရှိလေသည်။ဒါပေမယ့် ကြင်ယာတော်ကင်မ်ရဲ့အခြေအနေကိုမသိရဘဲပြန်သွားလဲ သူမအဖို့တော့ ရတက်မအေးနိုင်ဘဲရှိနေဦးမည်။

"နန်းစောင့်အရှင်မိဖုရားရဲ့အခြေအနေလေးတော့ သိသွားချင်သေးတယ်..."

မင်းသားဂျောင်ဝန်းက ဘာမှထပ်မပြောဘဲ ခေါင်းသာငြိမ့်လိုက်သည်။ တစ်ကယ်တော့ဒီနေ့ မရီးတော်မိတဲ့အဆိပ်က စုန့်တိုင်းကထုတ်လုပ်တဲ့အဆိပ်။ ဒါကြောင့်မို့ ကြင်ယာတော်ယွဲ့ကို ဂျောင်ဝန်းက သံသယထားနေမိတာ။

"အကိုတော်ဆောနူက အိမ်တော်ကိုပြန်ပြီးအိပ်လိုက်တော့...ကျန်းမာရေးမကောင်းဘူးမဟုတ်လား"

ခုနကတည်းက သမ်းဝေနေသည့်အကိုတော်အား ဂျောင်ဝန်းဂရုဏာသက်စွာပြောကြားမိသည်။ဟွာအင်းမယ်မယ်လွှတ်လို့သာ လာခဲ့ရတာ အကိုတော်ဆောနူက နန်းစောင့်အရှင်မိဖုရားနဲ့ သိပ်ရင်းနှီးလေသည်လဲ မဟုတ်။ ဂျောင်ဝန်းကပင် အဝင်အထွက်ရှိသေးသည်။ ပြီးတော့ အကိုတော်ဆောနူက ကျန်းမာရေးကလဲ ချူချာလိုက်သနဲ့ အိပ်ရေးပျက်ရင်း အိပ်ယာထဲလှဲသွားမှဖြင့်...။

"အဲလိုလုပ်လို့ရလို့လား...မယ်မယ်ဘုရားက ကြင်ယာတော်ကင်မ်နိုးလာတဲ့အထိ သွားစောင့်ဆိုပြီးပြောလိုက်တာကို..."

အတော်ငိုက်မြည်းနေပေမယ့် ပြန်သွားပါက ဟွာအင်းမယ်မယ်ဆူမည်အား စိုးရိမ်နေသည့်သူ။ အကိုတော်ဆိုပေမယ့် မင်းသားဆောနူဟာသူ့ထက်တစ်နှစ်သာကြီးတဲ့ မင်းသားပေါက်စရယ်ပါ။

တိုင်းပြည်ရေးရာဆိုတာကို ဘာတစ်ခုမှစိတ်မဝင်စားဘဲ အချိန်ပြည့် စာဖတ်လိုက် စာရေးလိုက်၊ ကဗျာရေးလိုက်ဖြင့် တစ်ကိုယ်တည်းငြိမ်းချမ်းနေတဲ့သူ။ အကိုတော်ဆောင်းဟွန်းနဲ့တစ်မိတည်းမွေးသော်လည်း အမူအကျင့်တို့ကဆီနှင့်ရေလိုကွာခြားလွန်းလှသည်။

"မတ်တော် စာမေးပွဲဖြေဖို့ရှိတယ်လို့ကြားတယ်...ကောင်းကောင်းအနားယူသင့်တယ်မလား...လင်းကြက်မတွန်ခင် ပြန်ပြီးတစ်ရေးလောက်အိပ်လိုက်ပါ"

"ဒါပေမယ့် ကြင်ယာတော်ကင်မ်ကမနိုးသေးဘူးလေ"

"ပင်ပန်းပြီးအနားယူနေတာဖြစ်နိုင်တယ်...မရီးတော်လဲပြန်တော့မှာပါ...နန်းစောင့်အရှင်ကို ကောင်းကောင်းအနားယူခိုင်းသင့်တယ်မလား"

မရီးတော်ကပါဝင်ပြောသည်မို့ မင်းသားဆောနူလဲ မငြင်းသာတော့ဘဲ အိမ်တော်ပြန်ဖို့လက်ခံလိုက်တော့၏။မင်းသားဆောနူပြန်ပြီး တအောင့်အကြာ၌ ကြင်ယာတော်ယွဲ့နဲ့ ယန်မင်းသားတို့လဲ နှုတ်ဆက်စကားဆိုကာ နန်းဆောင်အသီးသီးသို့ ပြန်သွားကြသည်။

နန်းစောင့်အရှင်မိဖုရားရဲ့ အိပ်ဆောင်အတွင်းမှာတော့ ဆီမီးတိုင်တို့ထိန်ထိန်လင်းနေသည်။ ကြမ်းပြင်ပေါ်ပဆစ်ဒူးတုပ်ထိုင်ကာခစားနေကြသောအပျိုတော်တွေနဲ့ အစေခံတို့ကလဲ တုတ်တုတ်မှမလှုပ်။

အထိန်းတော်လီလဲ ရှိနေပြီး မိန်းမစိုးအီပါရှိနေပေမယ့် နှစ်ယောက်လုံးဟာ တစ်ကိုယ်လုံးမြင်ရသည့်ကြေးမုံရှေ့မတ်တပ်ရပ်နေတဲ့ ကြင်ယာတော်ကင်မ်ကိုသာ ကြည့်နေသည်။ကြက်သွေးရောင် ညအိပ်ဝတ်ရုံရှည်ကို လှဲလှယ်ဝတ်ဆင်ထားပြီး နက်ဆွေးသောဆံနွယ်ရှည်တို့အားဖားလျားချထားသည့်ကြင်ယာတော်ကင်မ်ရဲ့ပုံစံက ညည့်ဦးယံရဲ့ကဝေတစ်ကောင်လိုခြောက်ခြားဖွယ်။ထို့အပြင် ကြေးမုံထဲမှပုံရိပ်ကိုသေချာကြည့်မိပါက ကြင်ယာတော်ကင်မ်ရဲ့ ဘယ်ဘက်နဖူးထောင့်မှ ဆံစမျှင်တို့က ကွက်၍ ဖြူနေသည်ကိုလဲ တွေ့ရမည်။

ကြင်ယာတော်ကင်မ်ရဲ့သွေး၌ အဆိပ်တို့ရောနှောနေသောကြောင့် သွေးမသန့်၍ ဆံပင်တို့ဖြူသွားခဲ့ခြင်းဖြစ်သည်ဟု သမားတော်ကြီးကမှတ်ချက်ချသည်။မစိုးရိမ်ရကြောင်းပြောသွားခဲ့သော်လည်း ကြင်ယာတော်ကင်မ်ကတော့ မှန်ထဲမှ သူ၏ပုံရိပ်အားပြန်ကြည့်ကာ မျက်နှာတို့ဖြူဖျော့သွား၏။

"အနားယူသင့်ပါပြီ နန်းစောင့်အရှင်...ကြေးမုံအရှေ့ကနေ ဒီလောက်နဲ့ခွာလိုက်ပါတော့..."

မိန်းမစိုးအီဝင်ပြောသည်နှင့် ကြင်ယာတော်ကင်မ်က ကြေးမုံထဲမှတဆင့် အနောက်ဘက်သို့ကြည့်လာသည်။ ကြင်ယာတော်ကင်မ် ဘာကို သောကရောက်နေသလဲမသိပေမယ့် ထိုစိုးရိမ်သောကတို့ကို မျက်ဝန်းများကတဆင့်မြင်ရသည်။

"မနက်ဖြန်မနက် ညီလာခံမတိုင်ခင်အထိ ဒီအကြောင်းကိုဘယ်သူမှမသိစေနဲ့"

"အမိန့်အတိုင်းပါနန်းစောင့်အရှင်"

အထိန်းတော်လီက ကြင်ယာတော်ကင်မ်ကို ကုတင်သို့ရောက်သည်အထိသွားတွဲကူကာအိပ်စက်ဖို့အတွက်ကူညီပေးသည်။

"မိန်းမစိုးအီ"

"ရှိပါတယ်နန်းစောင့်အရှင်"

"နန်းဆောင်ကအမှုထမ်းတွေကိုအနားယူခိုင်းလိုက်တော့...ပင်ပန်းနေကြပြီမလား..."

"အမိန့်အတိုင်းပါ"

မိန်းမစိုးအီ က အခန်းအတွင်းရှိ လူအားလုံးအား ထွက်သွားရန်အချက်ပြသည်။ အိပ်ယာထဲလှဲပြီးနောက် ထယ်ယောင်း ကြမ်းပြင်၌ရှိနေဆဲဖြစ်သည့် အပျိုတော်နှစ်ယောက်အား ကြည့်မိ၏။
အယ်ဒင်းနဲ့ အို့ဟီးပင်။

"အဆောင်ပြန်ပြီးသွားအိပ်ကြတော့..."

"ဒါပေမယ့် မယ်မယ်"

စောကဒတက်ချင်သည့် အို့ဟီးကို အယ်ဒင်းက လက်ကုတ်ကာတားသည်။

"အယ်ဒင်းတို့နှစ်ယောက် အပြင်ဘက်မှာပဲအိပ်စောင့်လိုက်ပါ့မယ်...မယ်မယ် တစ်ခုခုလိုတဲ့အခါ အသံပြုလိုက်ပါ..."

လိမ္မာပါးနပ်လွန်းသည့်အယ်ဒင်းကြောင့် ထယ်ယောင်းပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။

"အထိန်းတော်လီ...အယ်ဒင်းတို့အဆောင်မှာ စောင်နဲ့ခေါင်းအုံးတွေသွားယူဖို့ လိုက်ကူလိုက် ပါဦး"

"ဟုတ်ကဲ့...ကျွန်တော်မျိုးအတူလိုက်သွားပါ့မယ် မယ်မယ် ကောင်းကောင်းနားပါ"

အထိန်းတော်လီတို့သုံးယောက် ထွက်သွားပြီးတော့ မိန်းမစိုးအီက အိပ်ဆောင်အတွင်းမှ မလိုအပ်သည့် ဖယောင်းတိုင်တို့အား မီးလိုက်ငြိမ်းနေသည်။ ခုတင်နား၌ ချထားသည့် စားပွဲပေါ်ရှိ အမွေးနံ့ပေါင်းဖယောင်းတိုင်အား မီးလာညှိပေးတဲ့မိန်းမစိုးအီ။

ထယ်ယောင်း ပက်လက်အိပ်နေရင်းမှ ဗိုက်သားချပ်ချပ်ပေါ် လက်တစ်ဖက်အုပ်ကိုင်မိသွားသည်။ရှိနေသည်ဟုသာသိရပြီး ဘာအလုံးအထည်မှမပေါ်သေးတဲ့သက်ရှိလေးဟာ သူ့ကိုယ်ထဲမှာ။ မကျန်းမာတဲ့သူ့ကိုယ်ကြောင့် ထိုသက်ရှိလေးလဲ ပင်ပန်းနေလောက်မည်။

"ဟင်း!"

ခပ်ဖွဖွသက်ပြင်းချသံအား မိန်းမစိုးအီက ကြားသွားဟန်ရကာ သူ့ဘက်လှည့်လာပြီး...

"ဘာများဖြစ်လို့လဲမယ်မယ်..."

ထယ်ယောင်း မိန်းမစိုးအီကိုကြည့်လိုက်သည်။

"ညစ်ညမ်းပြီးမသန့်စင်တဲ့ ကိုယ်တော့်သွေးကနေဖြစ်တည်လာမယ့် မြင့်မြတ်တဲ့အရှင့်သွေးသားကို ဘယ်လိုစိတ်နဲ့မွေးထုတ်ရပါ့မလဲ မိန်းမစိုးအီ"

"မယ်မယ်ဘုရား!"

မိန်းမစိုးအီရဲ့ ထိတ်လန့်တကြားတားမြစ်သံ။လက်ထဲကိုင်ထားသောဖယောင်းတိုင်ထံမှ ဖယောင်းတစ်စက်က ကြမ်းပြင်ပေါ် ပေါက်ကနဲ။

ညတာက ရှည်လိုက်လေခြင်း။
အာရုံတက်ဖို့ စောင့်ဆိုင်းလိုက်ရလေခြင်း။

တိတ်ဆိတ်ပြီးအထီးကျန်နေတဲ့ အိပ်ခန်းဆောင်အတွင်းက နန်းစောင့်မိဖုရားရဲ့မျက်ရည်တစ်စက်ရယ်။

ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးကိုဖြတ်ကျော်နေသောမြင်းပေါ်က စစ်ထွက်သူအရှင်မင်းကြီးရဲ့ ချွေးတစ်ပေါက်ရယ်။

အလွမ်းချင်း ယှဉ်ပြိုင် ဘယ်သူနိုင်ပါအံ့နည်း။

_________________________

To Be Continued...
Create By Jin's Jin Isle From BTS World
Novel By SawLwinYar
24,4,2024

A/N : update ပေးဖို့ လေးလလောက်ကြာသွားခဲ့တာပဲ။ ဒီအတောအတွင်း Good Boy Comeback ရေးခဲ့တယ်။ Coraline က Complete ဖြစ်သွားတယ်။ Love Sick Golden လဲ တစ်ဝက်ကျိုးသွားပြီး လောလောဆယ် A Letter To Zinnia ကို Update ပေးနေတယ်ပေါ့နော်။ နောက်တစ်ပိုင်းရဖို့အတွက်တော့ ဒီတစ်ပိုင်းရဲ့ comment / feedback တွေပေါ်မူတည်ပါတယ်လို့။
ခရစ်နှစ်သစ်ကူးကနေ မြန်မာနှစ်သစ်ကူးအထိ ကောင်းကောင်းမွန်မွန်အနားယူအိပ်စက်သွားတဲ့ ချီနိုင်ငံရဲ့ဇာမဏီငှက်လေး ပြန်လည်နိုးထလာပါပြီ။

[Zawgyi]Part 26

_______________

ဂယန္းဟိုေတာင္ထိပ္ ကင္းေစာင့္တပ္(ကင္းေမွ်ာ္စင္အမွတ္တစ္)။

"သတင္းပို႔...."

သံရွည္ဆြဲကာေအာ္လိုက္ေသာ က်ယ္ေလာင္သည့္အသံက ျမဴရိပ္တို႔ၾကားအိပ္ေပ်ာ္ေနသည့္ ခပ္မႈိင္းမႈိင္းေတာအုပ္အားလႈပ္ႏိုးလိုက္သလိုထင္မွတ္ရသည္ ။ေက်ာ၌ ခ်ီႏိုင္ငံ၏အမွတ္အသားျဖစ္သည့္ နဂါးအလံကိုခ်ပ္လ်က္ တပ္မႈးထံဒူးေထာက္ခစားေသာ ေရွ႕ေတာ္ေျပးတပ္သား။

"ဧကရာဇ္ဂြၽန္ဦးေဆာင္တဲ့ ေတာ္ဝင္ စစ္တပ္ စစ္ေၾကာင္းသုံး...မြန္ဟန္းၿမိဳ႕ကိုေရာက္ရွိေနပါၿပီ....ကိုယ္ရံေတာ္တပ္မႈးလီဦးေဆာင္တဲ့ ကိုယ္ရံေတာ္စစ္တပ္ကေတာ့  ဒုံမန္းကိုဆက္လက္ခ်ီတက္သြားပါတယ္"

"ေကာင္းၿပီ...တာဝန္ေက်တယ္..."

ကင္းေစာင့္တပ္မႈးကထိုသို႔ေျပာၿပီး အနားရွိ တပ္သားအား လက္ျဖင့္အခ်က္ျပလိုက္သည္ႏွင့္ ကင္းေမွ်ာ္စင္အနားသို႔ေျပးသြားကာ ခ်ိတ္ဆြဲထားသည့္ သံေခ်ာင္းအားေခါက္လိုက္သည္။

ထိုမွတစ္ၿပိဳင္နက္ ကင္းေမွ်ာ္စင္ေပၚရွိ ကင္းေစာင့္တပ္သားက ကြၽဲဂ်ိဳမႈတ္ကာ အျခားေသာ ကင္းေမွ်ာ္စင္မ်ားထံ အခ်က္ေပးေတာ့၏။
ဒါဟာ ဧကရာဇ္ရဲ႕လွ်ိဳ႕ဝွက္အမိန႔္ေတာ္အား လိုက္နာရန္အစည္းအေဝးထိုင္ဖို႔အခ်ိန္က်ေရာက္ေလၿပီျဖစ္ေၾကာင္းကို ႏႈိးေဆာ္လိုက္ျခင္း။

______________________________

ၿငိမ္းခ်မ္းနယ္ေျမ( မြန္ဟန္းၿမိဳ႕)

ဘယ္ေနရာကိုၾကည့္ၾကည့္ စားပင္ေသာက္ပင္မ်ားသာျပည့္ႏွက္ေနၿပီး လူေနနည္းပါးသည့္ မြန္ဟန္းက ၿမိဳ႕၏ ဂုဏ္အဂ္ါႏွင့္မညီၫႊတ္ေသာ္လည္း ခ်ီအင္ပါယာထဲမွာေတာ့ ၿမိဳ႕တစ္ခုအျဖစ္သတ္မွတ္ခံထားရသည္။

သာသနာ့နယ္ေျမေပါမ်ားလြန္းသည့္ မြန္ဟန္းဟာ ေတာ္ဝင္စစ္တပ္အတြက္ ခရီးတစ္ေထာက္နားဖို႔ေနရာေကာင္းေတာ့ျဖစ္မေန။ ထို႔အျပင္မြန္ဟန္းသည္ ၿငိမ္းခ်မ္းနယ္ေျမတစ္ခုမဟုတ္ပါလား။ ၿငိမ္းခ်မ္းနယ္ေျမ၌ စစ္တပ္တစ္ခုလုံး တပ္စြဲကာအနားယူရျခင္းအေပၚ မြန္ဟန္းရွိျပည္သူမ်ားအား အရွင္ဂြၽန္အားနာလွသည္။

ဒါေပမယ့္လဲ မြန္ဟန္းမွာ ခရီးတစ္ေထာက္သာမနားလွ်င္ အခ်ိန္ ေစာင္းေတာ့မည္။ယခုပင္ အခ်ိန္က ညေနေစာင္းေရာက္လုလုျဖစ္ေနၿပီ။

ဘုရားေက်ာင္းဝင္းအတြင္း ႀကဳံရာေနရာ၌ ထိုင္ကာ ျဖစ္သလိုပင္ အစာစားေသာက္ေနၾကသည့္စစ္သားေတြကို ေဂ်ာင္ဂုလွည့္ပတ္ၾကည့္ရႈေနသည္။တစ္ခ်ိဳ႕ကေတာ့ အရိပ္ရပင္မ်ားေအာက္၌ အိပ္စက္ေနၾက၏။ ညကူးသည္ႏွင့္ မြန္ဟန္းမွညလုံးေပါက္ခရီးႏွင္ရန္ အားေမြးကာအနားယူေနၾကျခင္းပင္။

"အားလုံးပဲ ဒီမွာ အဆာေျပစားဖို႔ သစ္ေတာ္သီးေတြလာယူၾကပါ..."

"သစ္ေတာ္သီးေတြလာယူပါ"

တပ္သားႏွစ္ေယာက္ရဲ႕ေဆာ္ဩသံက်ယ္က်ယ္က တိတ္ဆိတ္သည့္ေက်ာင္ဝင္း၌ ခ်ိန္ကိုက္ထားျခင္းမရွိထြက္‌ေပၚလာသည္။ေဂ်ာင္ဂုအၾကည့္ေရာက္သြားေလေတာ့ လွည္းငါးစီးျဖင့္တိုက္လာသည့္ သစ္ေတာ္သီးမ်ား။ မြန္ဟန္းက ဆယ့္ႏွစ္လရာသီ သစ္ေတာ္သီးနယ္ေျမလဲျဖစ္ေနေသးတာပဲ။

"ေတာ္ဝင္စစ္တပ္ေရာက္ေနတယ္ဆိုလို႔ အရပ္သားေတြက သစ္ေတာ္သီးေတြခူးၿပီးေပးလိုက္ပုံပါပဲအရွင္ဂြၽန္..."

သူ႔နဲ႔အတူရွိေနသည့္ စစ္သူႀကီးကင္မ္က အေနာက္ပါးမွဝင္ေျပာသည္။ စစ္သူႀကီးကင္မ္နဲ႔သူက မရင္းႏွီးဘူးလို႔ထင္ရေပမယ့္ စစ္ေျမျပင္မွာေတာ့ ငယ္ေပါင္းႀကီးေဖာ္ေတြ။

"အရွင္ဂြၽန္အတြက္တစ္လုံးေလာက္သြားယူေပးပါ့မယ္...မြန္ဟန္းသစ္ေတာ္သီးက လတ္လတ္ဆတ္ဆတ္စားရခဲတယ္..."

စစ္သူႀကီးကင္မ္က တက္တက္ႂကြႂကြပင္ေျပာကာ ထိုေနရာသို႔ အေျပးသြားလိုက္သည္။

သစ္ေတာ္ပင္မ်ား၊ ပန္းသီးပင္မ်ား၊မက္မြန္ပင္၊မက္မန္းပင္မ်ားျဖင့္ ျပည့္ႏွက္ေနသည့္ ေက်ာင္းဝန္းအားေဝ့ဝဲၾကည့္ေနလိုက္၏။

ရာသီဟာ မက္မန္းပြင့္ခ်ိန္၊မက္မြန္ပြင့္ခ်ိန္၊ ခ်ယ္ရီပြင့္ခ်ိန္မို႔ ၿငိမ္းခ်မ္းနယ္ေျမဆိုသည့္ဂုဏ္ပုဒ္ႏွင့္လိုက္ဖက္ညီစြာ မြန္ဟန္း၏ေနရာတိုင္းက လွပေအးခ်မ္းလြန္းလွသည္။ ဒီလိုလွပတဲ့ရာသီအခ်ိန္အခါမွာ အက်ည္းတန္႐ုပ္ဆိုးတဲ့စစ္ပြဲဆိုတာႀကီးက ဘယ္သူ႔ပေယာဂေၾကာင့္ေပၚလာရပါသနည္း။

"အရွင္မင္းႀကီး...နန္းတြင္းအေထာက္ေတာ္ေရာက္ပါတယ္"

တပ္မႈးနဲ႔အတူ သူ႔အေရွ႕သို႔ ဒူးေထာက္အခစားဝင္သည့္အေထာက္ေတာ္။ ခ်ီကေနထြက္လာခဲ့တာ တစ္ရက္ပင္မကုန္ေသးသည့္အခ်ိန္မွာ အေထာက္ေတာ္ေရာက္လာေတာ့ စိတ္ထဲအလိုမက်ျဖစ္သြားရသည္။ နန္းၿမိဳ႕၌ ဘာကိစၥမ်ားျဖစ္ေနလို႔လဲ။

"ဘာအေၾကာင္းလဲ"

သူေမးေတာ့ သတင္းလာပို႔သည့္အေထာက္ေတာ္က ပိုးစအျဖဴျဖင့္ထုတ္လာသည့္ အရာတစ္ခုကိုသူ႔လက္ထံဆက္သသည္။အျမန္ယူကာ ျဖန႔္ၾကည့္ေတာ့ အျပာေရာင္ငယ္ရဲ႕ဆံထုံး၌ ထိုးစိုက္ပန္ဆင္ေလ့ရွိတဲ့ ေ႐ႊပန္းခိုင္ေလး တစ္ခိုင္။

လ်ီဳ႕ဝွက္သင့္ေသာသတင္းဟုသိလိုက္ရေတာ့ သူဦးေဆာင္၍ ယာယီ႐ြက္ဖ်င္တဲထဲသို႔ေခၚေဆာင္သြားလိုက္သည္။ ထိုအထဲသို႔ေရာက္ကာမွ  သူ႔ထံျပန္၍ဒူးေထာက္အခစားဝင္သည့္ အေထာက္ေတာ္။

"အရွင္မင္းႀကီးကို သတင္းပို႔ပါတယ္...အရွင္ထြက္သြားၿပီး မၾကာခင္မွာပဲ နန္းေစာင့္မိဖုရားကင္မ္ အဆိပ္သင့္ၿပီး မူးေမ့လွဲသြားပါတယ္... "

ေရာက္ေရာက္ခ်င္း ရင္ဝကိုေဆာင့္ကန္လိုက္သလိုစကားေၾကာင့္ လက္ထဲမွ ပန္းခိုင္အား ဖ်စ္ကနဲညစ္လိုက္မိသည္။ဒါေပမယ့္ ဟန္မပ်က္စြာတည္တင္းရင္း။

"အေျခအေနဘယ္လိုရွိသလဲ"

"သတိရလာတဲ့အခ်ိန္ကစၿပီး ေသြးေတြဆက္တိုက္အန္ေနတယ္လို႔သိရပါတယ္အရွင္..."

လက္ထဲကေဆာင္ၿမဲဓားအားက်စ္က်စ္ဆုပ္ကိုင္ထားတဲ့အရွင္ဂြၽန္ရဲ႕လက္တစ္ဖက္။ စိတ္အတြင္းထဲ၌ ေဆာက္တည္ရာမရ ျဖစ္လာေသာ္လည္း အျပင္ရွိပုံပန္းသ႑ာန္ကေတာ့တည္ၿငိမ္ေန၏။

အဆိပ္မိတယ္ဆိုရင္ေတာ့ မနက္က စားေတာ္ပြဲမွာ အဆိပ္ပါသြားတဲ့ပုံပဲ။ အေပ်ာ့စားအဆိပ္က ၾကာနီအဆိပ္ကိုမတြန္းလွန္ႏိုင္လို႔ အဆိပ္သင့္ေသြးေတြအန္ေနတာကိုသိေတာ့ မ်က္လုံးထဲျမင္ေယာင္လာတဲ့ အျပာေရာင္ငယ္ရဲ႕ပုံရိပ္။

ႏွလုံးအိမ္တစ္ခုလုံးစူးနစ္ေအာင္နာက်င္ေနၿပီး အနားမွာ ယုယေထြးေပြ႕ေပးမယ့္ သူ႔ကိုလိုအပ္ေနမွာ။ နန္းေသြးေလးလဲရွိေနတဲ့အေျခအေနမွာ ေနမေကာင္းျဖစ္ေတာ့ သူ႔အျပာေရာင္ငယ္ အားငယ္ေနေလာက္တယ္မဟုတ္ဘူးလား။

သူ႔မ်က္ႏွာတစ္ခုတည္းၾကည့္ၿပီး ခ်ီနန္းေတာ္မွာေနေနတဲ့သူ။
သူ႔မ်က္ႏွာတစ္ခုတည္းေၾကာင့္နဲ႔ ရန္သူ႔ထီးနန္းကိုေစာင့္ထိန္းေပးဖို႔သစၥာျပဳခဲ့သူ။

သူမရွိတဲ့အခ်ိန္မွာမွ အခုလိုလုပ္ႀကံခံရေတာ့ မလုံၿခဳံမႈမ်ားစြာနဲ႔ အျပာေရာင္ငယ္ကိုဘယ္လိုစိတ္ခ်ရမလဲ။

ရင္ထဲဆို႔တက္လာတဲ့စိုးရိမ္ပူပန္မႈမ်ားစြာ။ျပင္းထန္စြာလႈပ္ရွားလာသည့္ စိတ္အစုံေၾကာင့္ ပုံမွန္ျပန္ျဖစ္ေအာင္အသက္ကို ေျဖးေျဖးသာသာရႈထုတ္ေနရသည္။

"မိန္းမစိုးအီကို ေနာက္ေန႔ကစၿပီး နန္းေစာင့္မိဖုရားရဲ႕စားေတာ္ပြဲကိုႀကီးၾကပ္ခိုင္းပါ"

"ဟုတ္ကဲ့ပါအရွင္"

မေပ်ာ့မေျပာင္းေလသံျဖင့္ အေျဖာင့္အတိုင္းသြားသည့္ထိုစကားသည္ သာမာန္အမွာစကားတစ္ခုသာျဖစ္သည္။နန္းေစာင့္မိဖုရား အဆိပ္သင့္သည့္သတင္းေၾကာင့္ တုန္လႈတ္ဟန္စိုးစဥ္းမွ်မျပဘဲ  တည္ၿငိမ္ေနေသာအရွင္ဂြၽန္ရဲ႕ပုံစံက ပကတိတည္ၾကည္လြန္း၏။

သို႔ေသာ္စိတ္အတြင္းမည္မွ်ဂယက္ထေနမည္ကို အေထာက္ေတာ္တစ္ေယာက္မသိႏိုင္ပါေလ။

"စုန႔္ကိုမသိမ္းပိုက္ႏိုင္ေသးသေ႐ြ႕... ဒီေန႔ဒီအခ်ိန္ကစၿပီး နန္းေစာင့္မိဖုရားနဲ႔ပတ္သက္တဲ့ သတင္းကို ဆိုးဆိုးေကာင္းေကာင္း တစ္ခြန္းတစ္ပါဒေတာင္ လာမပို႔ပါနဲ႔"

ထိုစကားမွာေတာ့ အေထာက္ေတာ္တစ္ေယာက္ လဲ နာခံစကားမေျပာႏိုင္စြာတိတ္ဆိတ္သြားရသလို အနားရွိ တပ္မႈးလဲ ဧကရာဇ္ဂြၽန္အား အမွတ္တမဲ့ေမာ့ၾကည့္လိုက္မိေတာ့သည္။

"စုန႔္ဘုရင္ရဲ႕ေခါင္းကိုမျဖတ္ႏိုင္သေ႐ြ႕ေတာ့ ခ်ီနန္းေတာ္ကိုျပန္ဖို႔ရက္ေတြက ၾကာရွည္ေနဦးမွာပဲ"

ဧကရာဇ္ဂြၽန္ရဲ႕ စိတ္ထဲမွာေတာ့ အျပာေရာင္ငယ္ကိုယ္ထဲမွာ ၾကာနီအဆိပ္ေတြရွိေနဆဲဆိုတာကိုႏွလုံးသြင္းမိေလ စုန႔္ဘုရင္ကို သတ္ခ်င္စိတ္ေတြႀကီးထြားလာရေလသာ ျဖစ္ေနသည္။

အေထာက္ေတာ္နဲ႔တပ္မႈးတို႔ထြက္သြားေတာ့ လက္ထဲ၌ သစ္ေတာ္သီးႏွစ္လုံးအားကိုင္ေဆာင္ကာ ႐ြက္ဖ်င္တဲထဲ ဝင္လာခဲ့သည့္ စစ္သူႀကီးကင္မ္။

"ခ်ီနန္းေတာ္က အေထာက္ေတာ္ေရာက္တယ္လို႔ၾကားပါတယ္အရွင္ဂြၽန္...ကိစၥတစ္ခုခုမ်ားရွိလို႔လား..."

လက္ထဲမွ ‌ေ႐ႊပန္းခိုင္အားစူးစိုက္ၾကည့္ေနတဲ့ဧကရာဇ္ဂြၽန္က သူ႔ဘက္မလွည့္ဘဲ သက္ျပင္းတိုးတိုးဖြဖြကိုခ်ကာ...

"အျပာေရာင္ငယ္ အဆိပ္မိျပန္တယ္တဲ့.....ကိုယ္ေတာ့္ရင္ေတြပူလိုက္တာ... ဒါေၾကာင့္မို႔ နန္းေစာင့္မိဖုရားနဲ႔ပတ္သက္တဲ့သတင္း လာမပို႔ေတာ့ဖို႔အမိန႔္ေပးလိုက္တယ္"

စကားဆုံးေတာ့ ဧကရာဇ္ဂြၽန္ဟာသူ႔ဘက္သို႔လွည့္လာသည္။ နန္းေစာင့္မိဖုရားကင္မ္ဟာ ဧကရာဇ္ဂြၽန္ အိမ္ေရွ႕စံဘဝကတည္းက အိမ္ေရွ႕ကိုယ္လုပ္ေတာ္အျဖစ္တစ္နည္း ထိုမွတဆင့္ အိမ္ေရွ႕ၾကင္ယာေတာ္အျဖစ္တစ္ဖုံ ေဘး၌အတူရွိခဲ့
ေပးသည့္တစ္ဦးတည္းေသာသူျဖစ္၏။

ထို႔အျပင္ ဧကရာဇ္ဂြၽန္၏ နန္းတက္ပြဲ၌ ၾကင္ယာေတာ္မိဖုရားအျဖစ္ တစ္ပါတည္းခ်ီးေျမႇာက္ကာ ဘိသိက္ခံခဲ့ေသာမိဖုရားေပမို႔ အရွင္ဂြၽန္ ဂ႐ုအစိုက္ဆုံး၊အေလးအထားဆုံး၊ အခ်စ္ျမတ္ႏိုးဆုံး မိဖုရားတစ္ပါးျဖစ္ေနခဲ့တာ အားလုံးအသိပင္။စစ္ပြဲအတြင္းမွာေတာ့ အရွင္ဂြၽန္က  ခ်ီအင္ပါယာအတြက္မင္းေကာင္းမင္းျမတ္တစ္ပါးပီသစြာျပဳမူႏိုင္ဖို႔ စိတ္ဆႏၵကိုဖိႏွိပ္ကာ နန္းေစာင့္မိဖုရားႏွင့္ ပတ္သက္သည့္ သံေယာဇဥ္တို႔အားလ်စ္လ်ဴရႈထားဦးမည္ထင္ပါ၏။

"ၾကားရတာ စိတ္မေကာင္းပါဘူးအရွင္..."

အရွင္ဂြၽန္က ေခါင္းတစ္ခ်က္ၿငိမ့္၍ အသိအမွတ္ျပဳသည္။

"အရွင့္အတြက္ယူလာခဲ့တဲ့သစ္ေတာ္သီးပါ...ညေနစာပြဲေတာ္မတည္ထားေသးဘူးမလားအရွင္...ဒါေလးေတာ့စားလိုက္ပါ"

စစ္သူႀကီးကင္မ္က ေျပာေျပာဆိုဆိုပင္ လက္ထဲမွသစ္ေတာ္သီးႏွစ္လုံးအား အရွင္ဂြၽန္ဆီဆက္သည္။ ဒါေပမယ့္အရွင္ဂြၽန္က လွမ္းမယူဘဲမ်က္ႏွာလႊဲ၏။

"ကိုယ္ေတာ္မစားေတာ့ပါဘူး..."

စစ္သူႀကီးကင္မ္ရဲ႕လက္မ်ားကိုျပန္႐ုတ္လိုက္သည္။ အရွင္ကသူ႔အားေက်ာေပးသြားကာ ႐ြက္ဖ်င္တဲထဲရွိ စားပြဲအေရွ႕၌ဝင္ထိုင္သည္။ စားပြဲေပၚရွိ ခ်ီအင္ပါယာေျမပုံအား ၾကည့္ေနဟန္ေဆာင္ေပမယ့္ ဝမ္းနည္းေနေၾကာင္းကို စစ္သူႀကီးကင္မ္သိပါသည္။

"အေထာက္ေတာ္ဆီ သစ္ေတာ္သီးေတြ ထည့္ေပးလိုက္ပါဦး...ကိုယ္ေတာ့္အျပာေရာင္ငယ္က အစားေ႐ြးေပမယ့္ မြန္ဟန္းသစ္ေတာ္သီးေတြကိုေတာ့ သိပ္ႀကိဳက္တာ"

ေက်ာခိုင္းထားရင္းမွမိန႔္ဆိုသည့္သူ႔ရွင္စကားဟာ ဝမ္းနည္းေၾကကြဲဖြယ္အတိ။ ခ်စ္ျမတ္ႏိုးရတဲ့ၾကင္ယာေတာ္မိဖုရားနာမက်န္းခ်ိန္မွာ မစားေသာက္ႏိုင္တဲ့ အရွင္ဂြၽန္က သူ႔မိဖုရားအတြက္ေတာ့ တကူးတကကို သတိတရနဲ႔လွမ္းေျပာေသးတာ။

"ဟုတ္ကဲ့ ကြၽန္ေတာ္ေသခ်ာထည့္ေပးလိုက္ပါ့မယ္"

စစ္သူႀကီးကင္မ္အ႐ိုအေသျပဳကာ ႐ြက္ဖ်င္တဲထဲမွထြက္လာခဲ့လိုက္သည္။စစ္အတြင္းမွာ နန္းေစာင့္မိဖုရားကင္မ္အေပၚ စိတ္ျဖတ္ထားဖို႔ အရွင္ဂြၽန္အတြက္ အခ်ိန္လိုဦးမည္ထင္ပါရဲ႕။

မြန္ဟန္းရဲ႕ ေႏြဦးညေနခင္းရယ္...။
ဆည္းဆာရိပ္မွာ တိမ္ေတြအေရာင္မေတာက္ေပမယ့္... မက္မြန္ပန္းေတြေတာ့ ေလတျဖဴးမွာ ေႂကြကာလႊင့္ကာ...အရွင့္အပါး ရစ္ဝဲကာျဖင့္...။


___________________________

ညသန္းေခါင္အခ်ိန္၌ျဖစ္သည္။
ကိုယ္ရံေတာ္လီထိုက္ဦးေဆာင္ေသာ ကိုယ္ရံေတာ္တပ္ဖြဲ႕သည္ ခ်ီအင္ပါယာ၏ အေနာက္ေျမာက္ဘက္ စြန္းစြန္းရွိ ဒုံမန္းသို႔ဆက္လက္ခ်ီတက္လာခဲ့သည္။

ဒုံမန္းသည္ ဖုန္းဆိုးနယ္ေျမ႐ိုင္းျဖစ္သည့္ ဂါဆြားနယ္ႏွင့္ နယ္နိမိတ္ထိစပ္ေနေသာ နယ္ျခားၿမိဳ႕တစ္ၿမိဳ႕။ ဂါဆြားနယ္ဟာ ဒယ္ရွီလို နယ္ေျမ႐ိုင္းတစ္ခုျဖစ္တဲ့အျပင္ ဒယ္ရွီနဲ႔ပဋိပကၡအၿမဲျဖစ္ေနသည့္ ဒယ္ရွီရဲ႕အိမ္နီးခ်င္း နယ္ေျမတစ္ခုသာ။

ဒီစစ္ပြဲမွာ လီထိုက္ဦးေဆာင္တဲ့ကိုယ္ရံေတာ္စစ္တပ္က ဂါဆြားကိုသိမ္းယူၿပီး ဒယ္ရွီတို႔အားထြက္ေပါက္မဲ့ေစရန္လုပ္ေဆာင္မည္ျဖစ္သည္။

ေတာ္ဝင္စစ္တပ္အေနနဲ႔ အရွင္ဂြၽန္အပါအဝင္ စစ္ေၾကာင္းငါးေၾကာင္းခြဲကာ စုန႔္ျပည္သို႔ ေနရာအသီးသီးမွ ခ်ီတက္လာေနခဲ့ၾကသည္။ ကိုယ္ရံေတာ္စစ္တပ္ကေတာ့ နန္းၿမိဳ႕ျပင္ကတည္းက စစ္ေၾကာင္းမွခြဲထြက္ကာ ဒုံမန္းသို႔ တစ္သီးတစ္ျခားခ်ီတက္လာခဲ့ျခင္းပင္။

အေရွ႕ေျမာက္ရွိ သစ္ေတာလမ္းသို႔ စစ္ေၾကာင္းတစ္ႏွင့္ႏွစ္က တပ္ေဖ်ာက္ၿပီးခ်ီတက္ကာ အရွင္ဂြၽန္ရဲ႕စစ္ေၾကာင္းသုံး ကေတာ့ ထင္ထင္ေပၚေပၚပင္ ဂယန္းဟိုေတာင္ၾကားလမ္းဆီခ်ီတက္လာသည္။ စစ္ေၾကာင္းငါးက အရံတပ္ျဖစ္ၿပီး စစ္ေၾကာင္းေလးကေတာ့ ဂယန္းဟိုအေနာက္ဘက္ေတာင္ေျခသို႔ခ်ီတက္၍ ကိုယ္ရံေတာ္လီထိုက္၏တပ္မ်ားကို ကူရန္အသင့္ရွိေနမည္ပင္။

ဂယန္းဟိုလြင္ျပင္၌ အရွင္ဂြၽန္၏ စစ္ေၾကာင္းသုံးက စစ္မ်က္ႏွာဖြင့္ၿပီး စစ္ေၾကာင္း တစ္ႏွင့္ ႏွစ္က ေနာက္တန္း၌ေနရာယူမည္။

စစ္ေၾကာင္းတစ္ေၾကာင္းလွ်င္  တပ္သားအင္အား သုံးေထာင္ရွိၿပီး စစ္မ်က္ႏွာ၌ သုံးမည့္ လင္းယုန္တိုက္ကြက္အတြက္ တပ္သား ရွစ္ေထာင္လိုအပ္သည္။ စစ္ေၾကာင္းသုံးေၾကာင္းႏွင့္ လုံေလာက္ေအာင္သုံး ရမည္မို႔ ေျပာက္က်ားတပ္ႏွင့္တိုးၿပီး စစ္တပ္အင္အားမေလ်ာ့ေစရန္သတိထားရဦးမည္။

မေတာ္လို႔ စစ္အင္အားေလ်ာ့ကာ တိုက္ကြက္ပ်က္ၿပီး အရံတပ္ဖြဲ႕အခ်ိန္မွီေရာက္မလာခဲ့ရင္ ဒီပြဲကဆက္မတိုက္ဘဲေတာင္ ခ်ီဘက္ကရႈံးမည္။ စုန႔္နဲ႔ဒယ္ရွီတို႔သာ ဂယန္းဟိုလြင္ျပင္ကိုရသြားရင္၊ ဂယန္းဟိုေတာင္ၾကားလမ္းကို အပိုင္စီးႏိုင္သြားခဲ့ရင္ ခ်ီႏိုင္ငံက ဘယ္မွေျပးလို႔လႊတ္ေတာ့မည္မဟုတ္။

အရံတပ္ဖြဲ႕လဲအခ်ိန္မွီေရာက္လာၿပီး စစ္ေၾကာင္းေလးလဲ သူတို႔နဲ႔သာ လာပူးေပါင္းႏိုင္သြားရင္ ခ်ီဘက္က ဆက္မတိုက္ဘဲ စုန႔္ျပည္ကရႈံးမည္။ စစ္ေၾကာင္းေလး သူတို႔နဲ႔လာပူးေပါင္းႏိုင္ဖို႔အတြက္ ကိုယ္ရံေတာ္တပ္က ဒုံမန္းကိုသိမ္းၿပီး ဒယ္ရွီတို႔အားထြက္ေပါက္မဲ့ေအာင္လုပ္ထားႏိုင္ရန္လိုသည္။

ဒါေတြကဒယ္ရွီေတြ ေတြးထင္ထားသည့္ခ်ီစစ္တပ္၏ စစ္ဗ်ဴဟာဆိုေပမယ့္ တစ္ဖက္က ဒယ္ရွီနဲ႔စုန႔္ဘုရင္ရဲ႕စစ္ဗ်ဴဟာက ဘယ္လိုခင္းမလဲဆိုတာ မသိႏိုင္ေသးသည့္အေျခအေန။ အေမွာင္ထဲမွာ လမ္းေလွ်ာက္ေနရသလိုထင္မွတ္ရတဲ့ စစ္ပြဲက ရက္ရွည္ေတာ့ၾကာဦးမည္ထင္ပ။

စစ္ပရိယာယ္ႂကြယ္ဝတဲ့စုန႔္ဘုရင္နဲ႔ စစ္ဗ်ဴဟာေကာင္းမြန္လြန္းတဲ့ ခ်ီဧကရာဇ္ရဲ႕ထိပ္တိုက္ေတြ႕ဆုံပြဲကေတာ့ သမိုင္းမွာ မွတ္တမ္းတင္ရမည့္စစ္ပြဲျဖစ္လို႔က်န္ေနမွာအေသအခ်ာပင္။

__________________________


မနက္ေလးနာရီအခ်ိန္ျဖစ္ေသာ္လည္း အေရွ႕နန္းေဆာင္တစ္ခုလုံးကေတာ့ ညည့္ဦးယံကတည္းကပင္လႈတ္လႈတ္ရွားရွားျဖင့္ အအားမေနရဘဲရွိေလသည္။

လူအဝင္အထြက္မျပတ္လတ္သည့္ နန္းေစာင့္အရွင္မိဖုရားရဲ႕ အိပ္ခန္းေဆာင္...တစ္နည္းအားျဖင့္ ၾကင္ယာေတာ္ကင္မ္ရဲ႕အိပ္ခန္းေဆာင္တြင္ျဖစ္သည္။ၾကင္ယာေတာ္ ယြဲ႕ရယ္လဲေရာက္ရွိေနၿပီး ယန္မင္းသားနဲ႔ ေဆာႏူမင္းသားပါ အေဆာင္ေတာ္သို႔ေရာက္ေန၏။

သမားေတာ္ႀကီးျပန္ထြက္သြားသည္မွာ နာရီပိုင္းရွိေနၿပီျဖစ္သည္။သို႔ေသာ္ အိပ္ခန္းေဆာင္အတြင္းမွ လူသံသူသံတို႔တိတ္ဆိတ္ကာ ယခုအခ်ိန္ထိၿငိမ္သက္ေနသည္ေၾကာင့္ သူတို႔အားလုံး ရင္တထိတ္ထိတ္ျဖင့္ ေစာင့္ေနမိၾကသည္။

ခနအၾကာမွာေတာ့ လွ်ပ္လ်က္ပြင့္လာသည့္တံခါးေနာက္ သုံးဦးသားထိုင္ေနရာမွ ထရပ္လိုက္သည္။ေသြးေပသည့္အဝတ္စျဖဴျဖဴတို႔ထည့္ထားသည့္ သစ္သားပုံးအားမကာ ထြက္လာသည့္အေစခံအမ်ိဳးသမီးငယ္။ ပထမဆုံးအႀကိမ္မဟုတ္ေတာ့ေသာ္လည္း ထိုအရာအား ေတြ႕ျမင္ရေလတိုင္း စိတ္မေကာင္းျဖစ္မိကာ မ်က္ႏွာပ်က္ယြင္းမိၾကျပန္သည္။

"နန္းေစာင့္အရွင္ဘယ္လိုအေျခအေနရွိသလဲ"

ယြဲ႕ရယ္လွမ္းေမးေတာ့ အေစခံအမ်ိဳးသမီးငယ္ကမေျဖတတ္စြာ ေခါင္းခါလ်က္ ဦးၫႊတ္ႏႈတ္ဆက္ကာထြက္သြားသည္။

သုံးေယာက္သားတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ခုံ၌ျပန္ထိုင္ရင္း ၿငိမ္ေနမိလိုက္ၾကျပန္၏။

"မရီးေတာ္ အနားယူသင့္ပါၿပီ...မၾကာခင္ပဲအာ႐ုံတက္ေတာ့မယ္ေလ...အေနာက္နန္းကိုျပန္လိုက္ပါေတာ့"

မတ္ေတာ္သူ ယန္မင္းသားက လိမၼာပါးနပ္စြာေျပာၾကားလာေတာ့ ယြဲ႕ရယ္လဲမျငင္းသာပဲရွိေလသည္။ဒါေပမယ့္ ၾကင္ယာေတာ္ကင္မ္ရဲ႕အေျခအေနကိုမသိရဘဲျပန္သြားလဲ သူမအဖို႔ေတာ့ ရတက္မေအးႏိုင္ဘဲရွိေနဦးမည္။

"နန္းေစာင့္အရွင္မိဖုရားရဲ႕အေျခအေနေလးေတာ့ သိသြားခ်င္ေသးတယ္..."

မင္းသားေဂ်ာင္ဝန္းက ဘာမွထပ္မေျပာဘဲ ေခါင္းသာၿငိမ့္လိုက္သည္။ တစ္ကယ္ေတာ့ဒီေန႔ မရီးေတာ္မိတဲ့အဆိပ္က စုန႔္တိုင္းကထုတ္လုပ္တဲ့အဆိပ္။ ဒါေၾကာင့္မို႔ ၾကင္ယာေတာ္ယြဲ႕ကို ေဂ်ာင္ဝန္းက သံသယထားေနမိတာ။

"အကိုေတာ္ေဆာႏူက အိမ္ေတာ္ကိုျပန္ၿပီးအိပ္လိုက္ေတာ့...က်န္းမာေရးမေကာင္းဘူးမဟုတ္လား"

ခုနကတည္းက သမ္းေဝေနသည့္အကိုေတာ္အား ေဂ်ာင္ဝန္းဂ႐ုဏာသက္စြာေျပာၾကားမိသည္။ဟြာအင္းမယ္မယ္လႊတ္လို႔သာ လာခဲ့ရတာ အကိုေတာ္ေဆာႏူက နန္းေစာင့္အရွင္မိဖုရားနဲ႔ သိပ္ရင္းႏွီးေလသည္လဲ မဟုတ္။ ေဂ်ာင္ဝန္းကပင္ အဝင္အထြက္ရွိေသးသည္။ ၿပီးေတာ့ အကိုေတာ္ေဆာႏူက က်န္းမာေရးကလဲ ခ်ဴခ်ာလိုက္သနဲ႔ အိပ္ေရးပ်က္ရင္း အိပ္ယာထဲလွဲသြားမွျဖင့္...။

"အဲလိုလုပ္လို႔ရလို႔လား...မယ္မယ္ဘုရားက ၾကင္ယာေတာ္ကင္မ္ႏိုးလာတဲ့အထိ သြားေစာင့္ဆိုၿပီးေျပာလိုက္တာကို..."

အေတာ္ငိုက္ျမည္းေနေပမယ့္ ျပန္သြားပါက ဟြာအင္းမယ္မယ္ဆူမည္အား စိုးရိမ္ေနသည့္သူ။ အကိုေတာ္ဆိုေပမယ့္ မင္းသားေဆာႏူဟာသူ႔ထက္တစ္ႏွစ္သာႀကီးတဲ့ မင္းသားေပါက္စရယ္ပါ။

တိုင္းျပည္ေရးရာဆိုတာကို ဘာတစ္ခုမွစိတ္မဝင္စားဘဲ အခ်ိန္ျပည့္ စာဖတ္လိုက္ စာေရးလိုက္၊ ကဗ်ာေရးလိုက္ျဖင့္ တစ္ကိုယ္တည္းၿငိမ္းခ်မ္းေနတဲ့သူ။ အကိုေတာ္ေဆာင္းဟြန္းနဲ႔တစ္မိတည္းေမြးေသာ္လည္း အမူအက်င့္တို႔ကဆီႏွင့္ေရလိုကြာျခားလြန္းလွသည္။

"မတ္ေတာ္ စာေမးပြဲေျဖဖို႔ရွိတယ္လို႔ၾကားတယ္...ေကာင္းေကာင္းအနားယူသင့္တယ္မလား...လင္းၾကက္မတြန္ခင္ ျပန္ၿပီးတစ္ေရးေလာက္အိပ္လိုက္ပါ"

"ဒါေပမယ့္ ၾကင္ယာေတာ္ကင္မ္ကမႏိုးေသးဘူးေလ"

"ပင္ပန္းၿပီးအနားယူေနတာျဖစ္ႏိုင္တယ္...မရီးေတာ္လဲျပန္ေတာ့မွာပါ...နန္းေစာင့္အရွင္ကို ေကာင္းေကာင္းအနားယူခိုင္းသင့္တယ္မလား"

မရီးေတာ္ကပါဝင္ေျပာသည္မို႔ မင္းသားေဆာႏူလဲ မျငင္းသာေတာ့ဘဲ အိမ္ေတာ္ျပန္ဖို႔လက္ခံလိုက္ေတာ့၏။မင္းသားေဆာႏူျပန္ၿပီး တေအာင့္အၾကာ၌ ၾကင္ယာေတာ္ယြဲ႕နဲ႔ ယန္မင္းသားတို႔လဲ ႏႈတ္ဆက္စကားဆိုကာ နန္းေဆာင္အသီးသီးသို႔ ျပန္သြားၾကသည္။

နန္းေစာင့္အရွင္မိဖုရားရဲ႕ အိပ္ေဆာင္အတြင္းမွာေတာ့ ဆီမီးတိုင္တို႔ထိန္ထိန္လင္းေနသည္။ ၾကမ္းျပင္ေပၚပဆစ္ဒူးတုပ္ထိုင္ကာခစားေနၾကေသာအပ်ိဳေတာ္ေတြနဲ႔ အေစခံတို႔ကလဲ တုတ္တုတ္မွမလႈပ္။

အထိန္းေတာ္လီလဲ ရွိေနၿပီး မိန္းမစိုးအီပါရွိေနေပမယ့္ ႏွစ္ေယာက္လုံးဟာ တစ္ကိုယ္လုံးျမင္ရသည့္ေၾကးမုံေရွ႕မတ္တပ္ရပ္ေနတဲ့ ၾကင္ယာေတာ္ကင္မ္ကိုသာ ၾကည့္ေနသည္။ၾကက္ေသြးေရာင္ ညအိပ္ဝတ္႐ုံရွည္ကို လွဲလွယ္ဝတ္ဆင္ထားၿပီး နက္ေဆြးေသာဆံႏြယ္ရွည္တို႔အားဖားလ်ားခ်ထားသည့္ၾကင္ယာေတာ္ကင္မ္ရဲ႕ပုံစံက ညည့္ဦးယံရဲ႕ကေဝတစ္ေကာင္လိုေျခာက္ျခားဖြယ္။ထို႔အျပင္ ေၾကးမုံထဲမွပုံရိပ္ကိုေသခ်ာၾကည့္မိပါက ၾကင္ယာေတာ္ကင္မ္ရဲ႕ ဘယ္ဘက္နဖူးေထာင့္မွ ဆံစမွ်င္တို႔က ကြက္၍ ျဖဴေနသည္ကိုလဲ ေတြ႕ရမည္။

ၾကင္ယာေတာ္ကင္မ္ရဲ႕ေသြး၌ အဆိပ္တို႔ေရာေႏွာေနေသာေၾကာင့္ ေသြးမသန႔္၍ ဆံပင္တို႔ျဖဴသြားခဲ့ျခင္းျဖစ္သည္ဟု သမားေတာ္ႀကီးကမွတ္ခ်က္ခ်သည္။မစိုးရိမ္ရေၾကာင္းေျပာသြားခဲ့ေသာ္လည္း ၾကင္ယာေတာ္ကင္မ္ကေတာ့ မွန္ထဲမွ သူ၏ပုံရိပ္အားျပန္ၾကည့္ကာ မ်က္ႏွာတို႔ျဖဴေဖ်ာ့သြား၏။

"အနားယူသင့္ပါၿပီ နန္းေစာင့္အရွင္...ေၾကးမုံအေရွ႕ကေန ဒီေလာက္နဲ႔ခြာလိုက္ပါေတာ့..."

မိန္းမစိုးအီဝင္ေျပာသည္ႏွင့္ ၾကင္ယာေတာ္ကင္မ္က ေၾကးမုံထဲမွတဆင့္ အေနာက္ဘက္သို႔ၾကည့္လာသည္။ ၾကင္ယာေတာ္ကင္မ္ ဘာကို ေသာကေရာက္ေနသလဲမသိေပမယ့္ ထိုစိုးရိမ္ေသာကတို႔ကို မ်က္ဝန္းမ်ားကတဆင့္ျမင္ရသည္။

"မနက္ျဖန္မနက္ ညီလာခံမတိုင္ခင္အထိ ဒီအေၾကာင္းကိုဘယ္သူမွမသိေစနဲ႔"

"အမိန႔္အတိုင္းပါနန္းေစာင့္အရွင္"

အထိန္းေတာ္လီက ၾကင္ယာေတာ္ကင္မ္ကို ကုတင္သို႔ေရာက္သည္အထိသြားတြဲကူကာအိပ္စက္ဖို႔အတြက္ကူညီေပးသည္။

"မိန္းမစိုးအီ"

"ရွိပါတယ္နန္းေစာင့္အရွင္"

"နန္းေဆာင္ကအမႈထမ္းေတြကိုအနားယူခိုင္းလိုက္ေတာ့...ပင္ပန္းေနၾကၿပီမလား..."

"အမိန႔္အတိုင္းပါ"

မိန္းမစိုးအီ က အခန္းအတြင္းရွိ လူအားလုံးအား ထြက္သြားရန္အခ်က္ျပသည္။ အိပ္ယာထဲလွဲၿပီးေနာက္ ထယ္ေယာင္း ၾကမ္းျပင္၌ရွိေနဆဲျဖစ္သည့္ အပ်ိဳေတာ္ႏွစ္ေယာက္အား ၾကည့္မိ၏။
အယ္ဒင္းနဲ႔ အို႔ဟီးပင္။

"အေဆာင္ျပန္ၿပီးသြားအိပ္ၾကေတာ့..."

"ဒါေပမယ့္ မယ္မယ္"

ေစာကဒတက္ခ်င္သည့္ အို႔ဟီးကို အယ္ဒင္းက လက္ကုတ္ကာတားသည္။

"အယ္ဒင္းတို႔ႏွစ္ေယာက္ အျပင္ဘက္မွာပဲအိပ္ေစာင့္လိုက္ပါ့မယ္...မယ္မယ္ တစ္ခုခုလိုတဲ့အခါ အသံျပဳလိုက္ပါ..."

လိမၼာပါးနပ္လြန္းသည့္အယ္ဒင္းေၾကာင့္ ထယ္ေယာင္းၿပဳံးကာ ေခါင္းၿငိမ့္ျပလိုက္၏။

"အထိန္းေတာ္လီ...အယ္ဒင္းတို႔အေဆာင္မွာ ေစာင္နဲ႔ေခါင္းအုံးေတြသြားယူဖို႔ လိုက္ကူလိုက္ ပါဦး"

"ဟုတ္ကဲ့...ကြၽန္ေတာ္မ်ိဳးအတူလိုက္သြားပါ့မယ္ မယ္မယ္ ေကာင္းေကာင္းနားပါ"

အထိန္းေတာ္လီတို႔သုံးေယာက္ ထြက္သြားၿပီးေတာ့ မိန္းမစိုးအီက အိပ္ေဆာင္အတြင္းမွ မလိုအပ္သည့္ ဖေယာင္းတိုင္တို႔အား မီးလိုက္ၿငိမ္းေနသည္။ ခုတင္နား၌ ခ်ထားသည့္ စားပြဲေပၚရွိ အေမြးနံ႔ေပါင္းဖေယာင္းတိုင္အား မီးလာညႇိေပးတဲ့မိန္းမစိုးအီ။

ထယ္ေယာင္း ပက္လက္အိပ္ေနရင္းမွ ဗိုက္သားခ်ပ္ခ်ပ္ေပၚ လက္တစ္ဖက္အုပ္ကိုင္မိသြားသည္။ရွိေနသည္ဟုသာသိရၿပီး ဘာအလုံးအထည္မွမေပၚေသးတဲ့သက္ရွိေလးဟာ သူ႔ကိုယ္ထဲမွာ။ မက်န္းမာတဲ့သူ႔ကိုယ္ေၾကာင့္ ထိုသက္ရွိေလးလဲ ပင္ပန္းေနေလာက္မည္။

"ဟင္း!"

ခပ္ဖြဖြသက္ျပင္းခ်သံအား မိန္းမစိုးအီက ၾကားသြားဟန္ရကာ သူ႔ဘက္လွည့္လာၿပီး...

"ဘာမ်ားျဖစ္လို႔လဲမယ္မယ္..."

ထယ္ေယာင္း မိန္းမစိုးအီကိုၾကည့္လိုက္သည္။

"ညစ္ညမ္းၿပီးမသန႔္စင္တဲ့ ကိုယ္ေတာ့္ေသြးကေနျဖစ္တည္လာမယ့္ ျမင့္ျမတ္တဲ့အရွင့္ေသြးသားကို ဘယ္လိုစိတ္နဲ႔ေမြးထုတ္ရပါ့မလဲ မိန္းမစိုးအီ"

"မယ္မယ္ဘုရား!"

မိန္းမစိုးအီရဲ႕ ထိတ္လန႔္တၾကားတားျမစ္သံ။လက္ထဲကိုင္ထားေသာဖေယာင္းတိုင္ထံမွ ဖေယာင္းတစ္စက္က ၾကမ္းျပင္ေပၚ ေပါက္ကနဲ။

ညတာက ရွည္လိုက္ေလျခင္း။
အာ႐ုံတက္ဖို႔ ေစာင့္ဆိုင္းလိုက္ရေလျခင္း။

တိတ္ဆိတ္ၿပီးအထီးက်န္ေနတဲ့ အိပ္ခန္းေဆာင္အတြင္းက နန္းေစာင့္မိဖုရားရဲ႕မ်က္ရည္တစ္စက္ရယ္။

ခက္ခဲၾကမ္းတမ္းတဲ့လမ္းခရီးကိုျဖတ္ေက်ာ္ေနေသာျမင္းေပၚက စစ္ထြက္သူအရွင္မင္းႀကီးရဲ႕ ေခြၽးတစ္ေပါက္ရယ္။

အလြမ္းခ်င္း ယွဥ္ၿပိဳင္ ဘယ္သူႏိုင္ပါအံ့နည္း။

_________________________

To Be Continued...
Create By Jin's Jin Isle From BTS World
Novel By SawLwinYar
24,4,2024

A/N : update ေပးဖို႔ ေလးလေလာက္ၾကာသြားခဲ့တာပဲ။ ဒီအေတာအတြင္း Good Boy Comeback ေရးခဲ့တယ္။ Coraline က Complete ျဖစ္သြားတယ္။ Love Sick Golden လဲ တစ္ဝက္က်ိဳးသြားၿပီး ေလာေလာဆယ္ A Letter To Zinnia ကို Update ေပးေနတယ္ေပါ့ေနာ္။ ေနာက္တစ္ပိုင္းရဖို႔အတြက္ေတာ့ ဒီတစ္ပိုင္းရဲ႕ comment / feedback ေတြေပၚမူတည္ပါတယ္လို႔။
ခရစ္ႏွစ္သစ္ကူးကေန ျမန္မာႏွစ္သစ္ကူးအထိ ေကာင္းေကာင္းမြန္မြန္အနားယူအိပ္စက္သြားတဲ့ ခ်ီႏိုင္ငံရဲ႕ဇာမဏီငွက္ေလး ျပန္လည္ႏိုးထလာပါၿပီ။

Continue Reading

You'll Also Like

18.6K 2.1K 8
Kim Taehyung ๐Ÿ’œ Jeon Jungkook
1.1M 37.1K 63
๐’๐“๐€๐‘๐†๐ˆ๐‘๐‹ โ”€โ”€โ”€โ”€ โi just wanna see you shine, 'cause i know you are a stargirl!โž ๐ˆ๐ ๐–๐‡๐ˆ๐‚๐‡ jude bellingham finally manages to shoot...
268K 7.8K 87
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
926K 21.3K 49
In wich a one night stand turns out to be a lot more than that.