ငါ့တပည့်တွေက ဘုရင်တွေ

By Bee9966

74.1K 6.1K 34

Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start dat... More

အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 20
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25+26
အပိုင်း 27+28
အပိုင်း 29+30
အပိုင်း 31+32
အပိုင်း 33+34
အပိုင်း 35+36
အပိုင်း 37+38
အပိုင်း 39+40
အပိုင်း 41+42
46+47+48+49+50
အပိုင်း 61+62+63+64+65
အပိုင်း 66+67+68+69+70
🚨
အပိုင်း 51+52+53+54+55
အပိုင်း 56+57+58+59+60
အပိုင်း 71+72
အပိုင်း 73+74
အပိုင်း 75+76
အပိုင်း 77
အပိုင်း 78
အပိုင်း 79+80
အပိုင်း 81
အပိုင်း 82
အပိုင်း 83
အပိုင်း 84
အပိုင်း 85
အပိုင်း 86
အပိုင်း 87
အပိုင်း 88
အပိုင်း 89
အပိုင်း 90
အပိုင်း 91
အပိုင်း 92
အပိုင်း 92
အပိုင်း 93
အပိုင်း 94
အပိုင်း 95
အပိုင်း 96
အပိုင်း 97
အပိုင်း 98
အပိုင်း 99
အပိုင်း 100
🚨
အပိုင်း 101
အပိုင်း 102
အပိုင်း 103
အပိုင်း 104
အပိုင်း 105
အပိုင်း 106
အပိုင်း 107
အပိုင်း 108
အပိုင်း 109
အပိုင်း 110
🌈
အပိုင်း 111
အပိုင်း 112
အပိုင်း 113
အပိုင်း114
အပိုင်း 115
အပိုင်း 116
အပိုင်း 117
အပိုင်း 118
အပိုင်း 119
အပိုင်း 120
အပိုင်း 121
အပိုင်း 122
အပိုင်း 123
အပိုင်း 124
အပိုင်း 125
အပိုင်း 126
အပိုင်း 127
အပိုင်း 128
အပိုင်း 129
အပိုင်း 130
အပိုင်း 131
အပိုင်း 132
🚨
အပိုင်း 133
အပိုင်း 134
အပိုင်း 135
အပိုင်း 136
အပိုင်း 137
အပိုင်း 138
အပိုင်း 139
အပိုင်း 140
အပိုင်း 141
အပိုင်း 142
အပိုင်း 143
အပိုင်း 144
အပိုင်း 145
🚨
အပိုင်း 146
အပိုင်း 147
အပိုင်း 148
အပိုင်း 149
အပိုင်း 150
အပိုင်း 151
အပိုင်း 152
အပိုင်း 153
🚨
အပိုင်း 154
အပိုင်း 155
အပိုင်း 156
အပိုင်း 157
အပိုင်း 158
အပိုင်း 159
အပိုင်း 160
အပိုင်း 161
အပိုင်း 162
အပိုင်း 163
အပိုင်း 164
အပိုင်း 165
အပိုင်း 166
အပိုင်း 167
အပိုင်း 168
အပိုင်း 169
အပိုင်း 170
အပိုင်း 171
အပိုင်း 172
အပိုင်း 172

အပိုင်း 43+44+45

620 42 0
By Bee9966

အခန်း ၄၃ : ယင်စွမ်းအင်နဂါးကို တစ်ကိုယ်တော်သုတ်သင်ခြင်း

ထိုအချိန်တွင် ယင်စွမ်းအင်နဂါး၏အရှိန်အဝါများသည် အဆက်မပြတ်ထွက်ပေါ်လာသည်။

ယင်ဓာတ်ချီစွမ်းအင်သည် နေရာအနှံ့သို့ ပျံ့နှံ့သွားချေသည်။ မလှမ်းမကမ်းရှိပန်းများနှင့်အပင်များသည် ထိုစွမ်းအင်ကြောင့် လျင်မြန်စွာညှိုးနွမ်းသွားပုံပင်။

အနက်ရောင်သွေးများရွှဲရွှဲစိုနေသော ဦးခေါင်းထိပ်ပေါ်တွင် စွေစောင်းစောင်းမျက်လုံးနှစ်လုံးသည် ယဲ့ချိုးပိုင်ကို စိုက်ကြည့်နေသည်။ ထိုမျက်လုံးများသည် ဒေါသနှင့်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ခရမ်းရောင်ဘုံဗိမာန်အဆင့်ကျင့်ကြံသူတစ်ယောက်က ၎င်းနှင့် ဘယ်လိုယှဉ်နိုင်မှာတဲ့လဲ။

ယဲ့ချိုးပိုင်သည် လက်ထဲတွင် မှော်နက်မိစ္ဆာဓားကို ကိုင်ထားသည်။

ခဏအကြာတွင် မိစ္ဆာချီစွမ်းအင်များက ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။

ရေအလျဉ်ပြည့်လျှံရေးအဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်တိုင် ယဲ့ချိုးပိုင်သည် နောက်ပြန်မဆုတ်ချေ။

သူ ပြင်းပြင်းထန်ထန်ဒဏ်ရာရနိုင်မလား၊ သို့မဟုတ် ယင်စွမ်းအငိနဂါးကို သူ့လက်ရှိခွန်အားနှင့် သတ်နိုင်လေမလားဆိုသည်ကို သူ သိချင်နေမိသည်။

သူသည် သူ့လက်ထဲရှိ မှော်နက်မိစ္ဆာဓားသွားကိုမြှောက်လိုက်လေရာ အနက်ရောင်ဓားသွားတွင် မိစ္ဆာအရှိန်အဝါများ လွှမ်းခြုံနေပေသည်။

ထိုအခိုက်အတန့်လေးမှာ ယဲ့ချိုးပိုင်သည် သေမျိုးလောကသို့ ဆင်းသက်လာသော မိစ္ဆာနတ်ဘုရားနှင့်အလားသဏ္ဌာန်တူလှပေသည်။

ထို့နောက် သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ယင်စွမ်းအင်နဂါးဆီသို့ ဦးတည်လိုက်သည်။

ထိုအခြင်းအရာကိုမြင်သောအခါ ယင်စွမ်းအင်နဂါးက ယဲ့ချိုးပိုင်ကို ဟိန်းဟောက်လေတော့သည်။

ထိုဟိန်းဟောက်သံသည် အသံလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး ယဲ့ချိုးပိုင်ဆီကို အပြင်းနှင်လေတော့သည်။

ယဲ့ချိုးပိုင်၏အမူအရာမှာ မှင်တက်သွားပြီး လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားကို လွှဲယမ်းလိုက်သည်။

ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား ပထမသိုင်းကွက်။

တစ်ဖက်က အသံလှိုင်းများနှင့် ပြည့်နှက်နေပြီး ကျန်တစ်ဖက်ကမူ အနက်ရောင်ဓားသွားချီစွမ်းအင်များနှင့် ပြည့်နှက်နေသည်။

ထို့နောက်တွင်မူ အသံလှိုင်းကြီးနှင့် ဓားသွားချီစွမ်းအင်များ အရှိန်ပြင်းပြင်းဝင်တိုက်မိကြလေသည်။

အသံလှိုင်းများကို အနက်ရောင်ဓားသွားချီစွမ်းအင်က ဖြတ်တောက်ပစ်လိုက်သည်။

ယင်စွမ်းအင်နဂါးကြီး အံ့သြသွားရလေသည်။

ဤအသံလှိုင်း၏အင်အား​သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်ကျင့်ကြံသူတစ်ယောက် ခံနိုင်ရည်ရှိသောအရာမဟုတ်ပေ။

သို့သော် ယဲ့ချိုးပိုင်က ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်လေသည်။

ထိုအကြောင်းကို သူတွေးတောနေစဉ်မှာပင်...

ယဲ့ချိုးပိုင်၏ပုံရိပ်သည် ယင်စွမ်းအင်နဂါးရှေ့သို့ ရောက်ရှိနေပြီဖြစ်၏။

သူ့ဓားကို နောက်တစ်ကြိမ်လွှဲယမ်းပစ်လိုက်ပြန်သည်။

မိစ္ဆာချီစွမ်းအင်များလည်း တစ်ဖန်ထွက်ပေါ်လာပြန်လေသည်။

ဓားသွားချီစွမ်းအင်သည် ကမ္ဘာမြေကိုဖြတ်သန်းကာ ယင်စွမ်းအင်နဂါး၏ အကြေးခွံများကို အဆက်မပြတ်ထိုးခွင်းလေတော့သည်။

ယင်စွမ်းအင်နဂါး၏ ဧရာမအမြီးကြီးသည် ယဲ့ချိုးပိုင်ဆီသို့ ရွေ့လျားသွားလေသည်။

လောင်မေ့ရှန်းက ဘေးတစ်ဖက်မှနေ၍ လှောင်ပြောင်လိုက်လေသည်။

"ယဲ့ချိုးပိုင်က ဒီတိုက်ခိုက်မှုကို ဘယ်လိုလုပ်ခံနိုင်မှာလဲ"

ရှီရှန်းကမူ ထိုမြင်ကွင်းကိုကြည့်ပြီး ဘာမှပြန်မပြောပေ။

ယဲ့ချိုးပိုင်သည် ထိုကဲ့သို့စိတ်လိုက်မာန်ပါပြုမူတတ်သူမဟုတ်ကြောင်း သူအတပ်ပြောနိုင်သည်။

သူကိုယ်တိုင်ပင်လျှင် အပြင်းအထန်ဒဏ်ရာမရရလေအောင် သူ့ကိုယ်သူခုခံကာကွယ်ဖို့ အစွမ်းကုန်ထုတ်သုံးရန်လိုအပ်လေသည် ။

ယဲ့ချိုးပိုင်မှာ ဘယ်လိုအခွင့်အရေးမျိုးရှိမှာတဲ့လဲ။

သူ့ခန္ဓာကိုယ်က လုံလုံလောက်လောက်မသန်မာပေ။ သူ့အဆင့်ကလည်း မမြင့်လှချေ။

သူ့မှာ ဝှက်ဖဲတွေ ရှိနေတုန်းပဲလား..

သို့သော် မကြာမီအခိုက်အတန့်လေးတွင် လူတိုင်း အံ့သြသွားကြရသည်။

ယဲ့ချိုးပိုင်၏ဓားသည် ​နဂါးကြီး၏အမြီးကို ခုတ်ချလိုက်လေသည်။

လူတိုင်းထင်ထားသလို သူ လွင့်မထွက်သွားပေ။

ဆန့်ကျင်ဘက်အနေနှင့် ​နဂါးကြီး၏အမြီးပေါ်ရှိ အကြေးခွံများသည် အမှန်တကယ်ကွဲအက်သွားတော့သည့်လက္ခဏာများ ပြသလာသည်။

ယင်စွမ်းအင်နဂါးကြီး နာကျင်စွာဟိန်းဟောက်လိုက်သည်။

ယဲ့ချိုးပိုင် အနောက်ကိုဆုတ်လိုက်သည်။

ရေအလျဉ်ပြည့်လျှံရေးလမ်းတစ်ဝက်အဆင့်သည် အလွန်ပင်အားကောင်းလှသည်။

ရှင်းဟုန်ယီ သက်ပြင်းတစ်ချက်ချလိုက်သည်။

သို့သော် တစ်ချိန်တည်းမှာပင် ကျောင်းတော်သို့ပြန်ရောက်သည့်အခါ ယခုထက်ပိုပြီး ပိုကြိုးစားအားထုတ်ရမည်ဟု စိတ်ထဲမှာတွေးနေမိသည်။

ယဲ့ချိုးပိုင်ကတော့ဖြင့် ရှေ့ကိုရောက်သည်ထက်ရောက်နေပြီဖြစ်၏။

သည်အတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူ(မ)အနေနှင့် ယဲ့ချိုးပိုင်၏နောက်​ကျောကိုပင် မြင်နိုင်တော့မည်မဟုတ်ပေ။

လောင်​မေ့ရှန်း၏အမူအရာမှာ အလွန်အရုပ်ဆိုးအကျည်းတန်သွားရသည်။

ယဲ့ချိုးပိုင်၏လက်ရှိခွန်အားသည် ပွဲအခမ်းအနား၌ သူနှင့် တိုက်ခိုက်စဉ်ကထက်ပင် ပိုအားကောင်းနေသည်...။

ရှီရှန်းက ပို၍ပင်အံ့သြသွားရသည်။

ဤအရာကို ဓားတစ်လက်တည်းနှင့် လုပ်ဆောင်နိုင်သည်ကိုထောက်ရှု၍ သူ့ကျင့်ကြံမှုသည် ဓားသိုင်းတာအိုသိမြင်မှု၌ မည်မျှနက်နက်နဲနဲဝင်ရောက်နိုင်နေပြီလဲဆိုသည်ကို သိနိုင်ပေသည်။

ဓားသိုင်းယှဉ်ပြိုင်ပွဲ ဘယ်လိုဘယ်ပုံဖြစ်သွားလေမလဲဆိုသည်ကို သူ မသိတော့ပေ။

ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ရှီရှန်း ခေါင်းတခါခါဖြင့် ခပ်တိုးတိုးရေရွတ်လိုက်မိသည်။

"ကျန်းချောင်မြန်က ပိုတော်နေဆဲပါပဲ"

ထိုအခိုက်တွင် ယင်စွမ်းအင်နဂါးသည် လုံးဝဒေါသူပုန်ထနေချေပြီ။

သူသည် ဒေါသတကြီးဟိန်းဟောက်ပြီး အရှိန်အဝါများကိုလည်း လွှတ်ထုတ်လိုက်သည်။

ထို့နောက် ယင်စွမ်းအင်နဂါးရေကန်ထဲက ထွက်လာပြီး ယဲ့ချိုးပိုင်ကို အရှိန်ပြင်းပြင်း ဝင်တိုက်လေတော့သည်။

ယဲ့ချိုးပိုင်၏မျက်လုံးများ မှေးကျဉ်း​သွားရသည်။ သူ မရှောင်လိုက်ပေ။

သူသည် သူတို့ကို ကြိုဆိုဖို့ ရှေ့ကိုပင်ထွက်လိုက်သေးသည်။

သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားဖြင့် လွှဲယမ်းခုတ်ချပစ်လိုက်သည်။

ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ ပဉ္စမ​သိုင်းကွက်..

အစိမ်းရောင်မီးလျှံတောင်တန်းရှိ မိစ္ဆာချီစွမ်းအင်များသည် အလွန်သန်မာအားကောင်းလှပြီး ယင်စွမ်းအင်နဂါးရေကန်သို့ရောက်လာသောအခါ ထိုချီစွမ်းအင်များက ပို၍ပင်အားကောင်းလာသည်။

ထိုအရာက ယဲ့ချိုးပိုင်၏ဓားကို ပိုမိုအားဖြည့်ပေးနေချေသည်။

ဓားကို ထုတ်လိုက်သည်နှင့် အနီးအနားရှိ မိစ္ဆာချီစွမ်းအင်များကိုဆင့်ခေါ်လိုက်လေရာ ထိုမိစ္ဆာချီစွမ်းအင်များကလည်း မှော်နက်မိစ္ဆာဓားသွားဆီသို့ တိုးဝင်လာသည်။

ခဏအကြာ မိစ္ဆာချီစွမ်းအင်များ လွတ်ထွက်လာသည်။

ဤစွမ်းအားကို သူခံစားမိသည်။

လောင်​​မေ့ရှန်းနှင့် ရှီရှန်းတို့၏အမူအရာများ ပြောင်းလဲသွားပေသည်။

ဤဓားချက်အောက်မှာ ရှီရှန်း ခံနိုင်ရည်ရှိလောက်မလားဟု သူ့ကိုယ်သူမေးခွန်းထုတ်လိုက်သည်။

အဖြေကမူ "ခံနိုင်ရည်မရှိ"ဟူ၍ပင်။ သူ ထိုဓားချက်ကိုလက်ခံမည်ဆိုလျှင်ပင် တန်ကြေးကြီးကြီးမားမားပေးဆပ်ရပေလိမ့်မည်။

ထိုတန်ကြေးသည် သူ မစွမ်းသာသောအရာဖြစ်သည်။

ယဲ့ချိုးပိုင်ကိုစိုက်ကြည့်နေသော ယင်စွမ်းအင်နဂါးကြီး၏မျက်ဝန်းအစုံမှာ အံ့သြမှုများဖြင့် ပြည့်နှက်သွားသည်။

ဤဓားချက်လေးက သူ့ကို အန္တရာယ်၏အငွေ့အသက်ကို ခံစားမိလိုက်စေသည်။

ခရမ်းရောင်ဘုံဗိမာန်အဆင့်မျှသာရှိသော ပုရွက်ဆိတ်တစ်ကောင်က သူ့ကို အန္တရာယ်၏အငွေ့အသက်ကို ခံစားမိစေသတဲ့လား။

ရှက်ဖို့ကောင်းလိုက်တာ...

နဂါးကြီးသည် ဒေါသတကြီးဟိန်းဟောက်လျက် သူ့အရှိန်ကို ထပ်မြှင့်လိုက်ပြန်၏။

ယဲ့ချိုးပိုင်ကလည်း ရှေ့သို့တိုးလာသည်။

ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီစွမ်းအင်များလွှမ်းခြုံထားသော ဓားသည် ယင်စွမ်းအင်နဂါးကြီး၏ငယ်ထိပ်ကို ခုတ်ချလိုက်သည်။

ခဏအတွင်းမှာပင် နှစ်ယောက်သား ဝင်တိုက်မိကြသည်။

ယင်စွမ်းအင်နဂါးကြီးသည် ဒေါသတကြီးဟိန်းဟောက်လိုက်ပြန်ပြီး ၎င်း၏ငယ်ထိပ်မှာ ယခုအခိုက်အတန့်လေးမှာပင် ကွဲအက်စပြုလာသည်။

ထို့နောက် အနက်ရောင်သွေးများ ပန်းထွက်လာလေသည်။

ယဲ့ချိုးပိုင် ညည်းညူလိုက်မိသည်။ တစ်ဖက်လူက အလွန်အင်အားကြီးလှပေသည်။

ထို့အပြင် နဂါးကြီး၏ကျင့်ကြံမှုအဆင့်သည် သူ့ထက်များစွာမြင့်မားလေသည်။ ပုံမှန်အတိုင်းဆိုလျှင် သူသည် ထိုကဲ့သို့ထိပ်တိုက်ရင်ဆိုင်မှုမျိုးမှာ အသာစီးရလိမ့်မည်မဟုတ်ပေ။

ထိုအချိန်တွင် ယင်စွမ်းအင်နဂါးကြီး နောက်ဆုတ်သွားသည် ။

ထိုနဂါးကြီးသည် ယင်စွမ်းအင်နဂါးရေကန်ဆီသို့ လှည့်ပြန်သွားတော့မည်ဖြစ်သည်။

ယဲ့ချိုးပိုင်က နှာမှုတ်လျက် မြေပြင်ကို ရုတ်တရက်ဆောင့်ကန်လိုက်သည်။

မြေပြင်မှာ ချက်ချင်းကွဲအက်သွားပေသည်။

ယဲ့ချိုးပိုင်သည်လည်း ဤအခွင့်အရေးကိုအသုံးချ၍ ယင်စွမ်းအင်နဂါးဆီသို့ အပြေးအလွှားသွားလိုက်သည်။

သူသည် လက်ကိုဆန့်ထုတ်ပြီး ဓားဖြင့်လွှဲရိုက်လိုက်သည်။ ဓားသွားချီစွမ်းအင်သည် ယင်စွမ်းအင်နဂါးကြီးဆီသို့ တိုးဝင်သွားလေတော့သည်။

ထိုအချိန်မှာ ယင်စွမ်းအင်နဂါး၏ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများကျိုးပဲ့သွားပေတော့သည်။

"ဝေါင်း"

လူတိုင်း၏ကြောက်ရွံ့နေသောအကြည့်အောက်မှာပင် ယဲ့ချိုးပိုင်၏ဓားက တိုက်ခိုက်မှုပြုလေသည်။

ဓားသည် ယင်စွမ်းအင်နဂါးကြီး၏ဦးခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည် ။

ထိုစဉ် ယင်စွမ်းအင်နဂါးကြီး၏အရှိန်အဝါမှာ လုံးဝပျောက်ကွယ်သွားသည်။

ယဲ့ချိုးပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အလယ်အလတ်အဆင့်မျှဖြင့် ရေအလျဉ်ပြည့်လျှံရေးအဆင့်ရှိသော ယင်စွမ်းအင်နဂါးကြီးကို သတ်ပစ်လိုက်သည်။

"ဘယ်လို... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လူအချို့မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေကြသည်။

"သူက ခရမ်းရောင်ဘုံဗိမာန်အဆင့်ရောဟုတ်ရဲ့လား"

"တောင်ပိုင်းမှာ ဒီလိုလူမျိုးဘယ်တုန်းကပေါ်လာတာလဲ"

လောင်​မေ့ရှန်း၏အမူအရာ ပျက်ယွင်းသွားလေသည်။

ထိုဧည့်ခံပွဲနေ့တုန်းက သူသည် သူ့ခွန်အားကို အကုန်ထုတ်သုံးခဲ့ရသော်လည်း ကြည့်ရသည်မှာ ယဲ့ချိုးပိုင်ကမူ သူ့ခွန်အားကို အပြည့်အဝသုံးခဲ့ပုံမရပေ။

ထိုအချိန်တုန်းကသာ ဤသိုင်းကွက်ကို ထုတ်သုံးခဲ့ပါက သူ လုံးဝ ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ရှီရှန်းတစ်ယောက် စိတ်အစဉ်ကမောက်ကမဖြစ်သွားရသည်။

သူကိုယ်တိုင်ပင်လျှင် ယင်စွမ်းအင်နဂါးကြီးကို မတိုက်ခိုက်နိုင်ပေ။

သို့သော် ရှီရှန်းအနေနှင့် ထိုနဂါးကြီးကိုသတ်ချင်လျှင်ပင် သတ်နိုင်စွမ်းမရှိ​ပေ။

အဆုံးမှာတော့ ထိုနဂါးကြီးသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်တွင်ရှိနေပြီး ရေနဂါး၏သွေးမျိုးရိုးကို ဆက်ခံထားသည်။

ဤမှော်ဝင်သားရဲသည် အစိမ်းရောင်မီးလျှံတောင်တန်းနယ်မြေတွင်ပင် ထိပ်တန်းစာရင်းဝင်နိုင်လေသည်။

ပင်လယ်ရေလှိုင်းကနဦးအဆင့်ကျင့်ကြံသူက ထိုသားရဲကို ဘယ်လိုသတ်နိုင်မတဲ့လဲ။

သို့သော် ယဲ့ချိုးပိုင်ကမူ ထိုအရာကို လုပ်နိုင်ခဲ့သည်။

ထို့အပြင် သူသည် ခရမ်းရောင်ဘုံဗိမာန်အလယ်အလတ်အဆင့်မျှဖြင့် ထိုနဂါးကြီးကိုအောင်နိုင်ခဲ့လေသည်။

အဓိကအဆင့်ကြီးတစ်ခုလုံးကို သူဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်၏။

ထိုအကြောင်းကိုတွေးပြီးနောက် မတိုင်မီက ရှီရှန်း၏အတွေးများက လုံးဝပျောက်ကွယ်သွားလေသည်။

ထိုအချိန်တွင် ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင်၏ရှေ့သို့လှမ်းလာသည်။

"ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား"

ယဲ့ချိုးပိုင်၏မျက်နှာသည် အနည်းငယ်ဖျော့တော့နေသည်။ သူက ခေါင်းယမ်းပြလိုက်ပြီး ပြောလာသည်။ 

"ဒါက ပြဿနာကြီးကြီးမားမားမဟုတ်ပါဘူး။ ငါ အတွင်းအားတွေအရမ်းသုံးလိုက်မိလို့ ဆေးတစ်လုံးစားမှရမယ်"

ရှင်းဟုန်ယီ : ",,,"

အဆင့်မြင့်ဆေးဖက်ဝင်ဆေးပြားတွေက ဘယ်ကလာတာမို့လို့လဲ။ မသိရင် သကြားလုံးစားနေသလိုမျိုး ပြောနေတာပဲ..

ထို့ပြင် သူ့ဆီမှာတောင် ထိုဆေးမျိုးမရှိချေ။

စီနီယာလု သန့်စင်မွမ်းမံပေးထားတာများဖြစ်လေမလား။

အကယ်၍ အတိတ်တုန်းကသာဆိုလျှင် ယဲ့ချိုးပိုင်သည် ထိုဆေးပြားကို ဤကဲ့သို့အသုံးမပြုချင်ပေ။

ဤဝိညာဉ်ရေးရာချီစွမ်းအင်ပြန်လည်ထူထောင်ရေးဆေးပြားကို အပြင်သို့လုယူသွားမည်ဖြစ်၏။

ထိုဆေး၏အဆင့်အတန်းနှင့် အရည်အသွေးသည် အလွန်မြင့်မားလှသည်။

သို့သော် သူ့သခင်က "သိမ်းထားရမယ်ဟုတ်လား။ ဘာလို့သိမ်းထားမှာလဲ။ ဒါနဲ့မလောက်သေးရင် နောက်ထပ်တစ်အိုးစာကြီးကျန်သေးတယ်"ဟု ပြောပြီးကတည်းက...

ထိုနေ့မှစ၍ ယဲ့ချိုးပိုင်သည် ထိုဆေးပြားများကိုသိမ်းထားဖို့ မကြိုးစားတော့ပေ။

အခန်း ၄၄ : ငါ မင်းကို အခွင့်အရေးပေးရင်တောင် အသုံးမဝင်ဘူး

ထိုအချိန်တွင် ရှီရှန်းသည် ဘေးဘက်ဆီမှလျှောက်လာလေသည်။

သူက ကျယ်လောင်စွာရယ်မောလျက်ပြော၏။

"အစ်ကိုယဲ့ မင်းကောင်းကောင်းကြီးလျှိုထားတာပဲ"

ယဲ့ချိုးပိုင်သည် သူ့ကိုတစ်ချက်မျှကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။

ထို့ကြောင့် ရှီရှန်းခမျာ တုံ့ခနဲရပ်တန့်သွားရသော်လည်း စကားတော့ဆက်ပြန်၏။

"စိတ်မပူပါနဲ့ အစ်ကိုယဲ့ ယင်စွမ်းအင်နဂါးသွေးပဲဖြစ်ဖြစ် ယင်စွမ်းအင်အရိုးပန်းပဲဖြစ်ဖြစ် ဒီမှာရှိသမျှအရာအားလုံးက မင်းအတွက်ပါပဲ"

ထိုစကားကြောင့် ရှင်းဟုန်ယီထိတ်လန့်သွားရသည်။

မူလက ရှီရှန်းသည် သူ့ခန္ဓာကိုယ်ကိုဖြည့်ဆည်းရန်အတွက် ယင်စွမ်းအင်နဂါးသွေးကို အသုံးပြုလိုခဲ့သည်။

အခုတော့ဖြင့် သူ သည်အတိုင်း လက်လွှတ်လိုက်တော့မည်တဲ့လား။

သို့သော် ထိုအကြောင်းကို သေချာတွေးတောကြည့်ပြီးနောက်တွင်မူ ပုံမှန်ပါပဲဟု မြင်လာမိသည်။ အမှန်တော့ ရှီရှန်းပင်လျှင် ယဲ့ချိုးပိုင်ထုတ်ပြခဲ့သောခွန်အားကိုမခံနိုင်မှန်း သူ့ကိုယ်သူသိလေသည်။

ဤယင်စွမ်းအင်နဂါးသွေးကိုလည်း စွန့်လွှတ်ဖို့ဝန်မလေးပေ။ သူ့အတွက်တော့ ယဲ့ချိုးပိုင်ဆီက မျက်နှာသာရဖို့သာအရေးကြီးသည်။

ဤအချိန်တွင် လောင်မေ့ရှန်းက ဒေါသတကြီးဝင်ပြောလာသည်။

"ရှီရှန်း..ငါတို့လည်း ဝေစုတစ်ခုရသင့်တယ်လေ။ ငါတို့သာ ဒီနေရာကို ရှာမတွေ့ခဲ့ရင် ယင်စွမ်းအင်နဂါးကို အစီအရင်နဲ့မျှားမခေါ်ခဲ့ရင် ယင်စွမ်းအင်နဂါးကို သူ ဘယ်လိုလုပ်သတ်နိုင်မှာလဲ"

ရှင်းဟုန်ယီက ဒေါနှင့်မောနှင့် ဝင်ပြောလေသည်။

"နင် အရှက်မရှိဘူးလား။ ယဲ့ချိုးပိုင်ကြောင့်သာမဟုတ်ရင် ယင်စွမ်းအင်နဂါးကို နင်ကသတ်နိုင်မှာတဲ့လား"

လောင်မေ့ရှန်းက သူ့လက်ချောင်းများကို အေးစက်စက်အမူအရာဖြင့်ပွတ်လိုက်ပြီး လက်ညှိုးဆီမှဖိအားတစ်ရပ်ကို ဓားအဖြစ်ပြောင်းလဲကာ ရှင်းဟုန်ယီဆီသို့ ပစ်လွှတ်လိုက်သည်။

ရှင်းဟုန်ယီမှာ တစ်ဖက်လူက ယခုလိုတိုက်ရိုက်တိုက်ခိုက်လာဖို့ မမျှော်လင့်ထားသဖြင့် ခဏလောက်ကြာသည်ထိ မတုံ့ပြန်နိုင်ခဲ့ချေ။

ထိုဖိအားတစ်ရပ်က ဓားတစ်ချောင်းအဖြစ်ပြောင်းလဲကာ ဖောက်ဝင်လာသည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရုံသာတတ်နိုင်လေသည် ။

ထိုဓားချက် ရှင်းဟုန်ယီအပေါ်ရောက်လာသည်နှင့် သူ(မ)မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာရပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီး လက်ညှိုးညွှန်လိုက်သည်။

သူသည် ဓားတစ်ချောင်းအဖြစ်သို့ပြောင်းလဲသွားသော ထိုအတွင်းအားများကို ပိတ်ဆို့ကာဆီးထားလိုက်သည်။

"အရမ်းလွန်လွန်းတယ်မဟုတ်လား"

သို့သော် လောင်မေ့ရှန်းက နှာမှုတ်လျက်လှောင်ပြောင်လေသည်။

"သူက တောင်ပိုင်းအရိုင်းအစိုင်းတစ်ယောက်လေ။ သူ့မှာ ခွန်အားမရှိရင် ဖိနှိပ်ခံရမှာထုံးစံပဲ"

"နင်.."

ရှင်းဟုန်ယီ ရှေ့ကိုခြေတစ်လှမ်းတိုးမည့်ဆဲဆဲမှာပင် ယဲ့ချိုးပိုင်က သူ(မ)တားလိုက်သည်။

ယဲ့ချိုးပိုင်ကက အေးစက်စွာ​ပြောလိုက်သည်။

"မင်းက ယင်စွမ်းအင်အရိုးပန်းပွင့်ကိုလိုချင်တာမလား။ ငါပေးမယ်"

ထိုစကားကိုကြားသောအခါ ရှိသမျှလူအားလုံး အံ့ဩသွားကြသည်။

ရှင်းဟုန်ယီက ပို၍ပင်စိုးရိမ်ကြောင့်ကြများသွားရလေသည်။

"ရှင် ဘာလို့ သူ့ကို ယင်စွမ်းအင်အရိုးပန်းပေးလိုက်ရတာလဲ။ ရှင့်အတွက် အသုံးမကျရင်တောင် အရင်းအမြစ်တွေအများကြီးနဲ့ လဲလှယ်လို့ရတယ်"

ယဲ့ချိုးပိုင်က သူ(မ)ကိုလျစ်လျူရှုပြီး ယင်စွမ်းအင်နဂါးရေကန်ဘေးကိုလျှောက်လာလိုက်သည်။ ရေကန်၏အလယ်ဗဟိုတွင် မြေဆီလွှာအကွက်လေးတစ်ကွက် ပေါလောပေါ်နေချေသည်။

ထိုမြေဆီလွှာ၏အထက်တွင် ဖူးသစ်စပန်းပွင့်တစ်ပွင့်ရှိသည်။

အရိုးဖူးလေးကို ယင်ဓာတ်ချီစွမ်းအင်မြောက်များစွာက ဝန်းရံထားသည်။

ဤသည်မှာ ယင်စွမ်းအင်အရိုးပန်းဖြစ်သည်။

ပြင်ပကမ္ဘာရှိလူတိုင်းသည် ဤအရာကို ဆေးဝါးပြုလုပ်ရန်နှင့် အစီအရင်များကိုဖန်တီးရန် သို့မဟုတ်... အလောင်းများကို သန့်စင်ရန်အသုံးပြုကြသည်။

၎င်း၏တန်ဖိုးမှာ အလွန်မြင့်မားလှသည်။

ယဲ့ချိုုးပိုင်ကလက်လှမ်းပြီး ယင်စွမ်းအင်အရိုးပန်းကို နုတ်ယူလိုက်သည်။

ထို့နောက် လူတိုင်း၏ ထိတ်လန့်နေသောအကြည့်များအောက်တွင် သူသည် ယင်စွမ်းအင်အရိုးပန်းပွင့်ကို လောင်မေ့ရှန်းဆီသို့ လှမ်းပစ်လိုက်သည်။

လောင်မေ့ရှန်းလည်း မယုံကြည်နိုင်လောက်အောင်ဖြစ်သွားပုံရသည်။

"မင်း ငါ့ကို တကယ်ပေးတာလား"

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။

လောင်မေ့ရှန်းသည် တစ်ခုခုပြောတော့မည့်ဆဲဆဲမှာပင် ယဲ့ချိုးပိုင်က သူ့အားတိုက်ခိုက်လာသည်ကို မြင်လိုက်ရသည်။

သူ့အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး နောက်ပြန်ဆုတ်ကာ အရေးကြီးသောချက်ကောင်းနေရာများကို မထိမိမခိုက်မိအောင် ခက်ခက်ခဲခဲရှောင်တိမ်းလိုက်ရသည်။ သို့သော် ယင်စွမ်းအင်အရိုးပန်းကို ကိုင်ထားသော သူ့လက်မှာ ပြတ်သွားချေသည် ။

ယဲ့ချိုးပိုင်သည် ရှေ့ကိုလျှောက်သွားပြီး ယင်စွမ်းအင်အရိုးပန်းကို ပြန်ယူလိုက်သည်။

"မင်းဘာလုပ်တာလဲ"

ယဲ့ချိုးပိုင်သည် ယင်စွမ်းအင်အရိုးပန်းကို တစ်ဖက်ပို့လိုက်ပြီး ဒေါသူပုန်ထနေသော လောင်မေ့ရှန်းကို ကြည့်ကာပြောလိုက်၏။

"မင်းမြင်တဲ့အတိုင်းပဲ။ သတ်တာဖြတ်တာနဲ့ လုယက်ဖို့က ငါ့အတွက်ပြဿနာမရှိဘူး ဟုတ်ပြီလား"

လောင်မေ့ရှန်း : "..."

ရှီရှန်း : "..."

လောင်မေ့ရှန်း၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားချေသည်။ သူသည် ပြတ်သွားသောလက်မောင်းတစ်ဖက်ကိုကိုင်ရင်း ပြောလာသည်။

"မင်း အကုန်လုံးကို တကယ်ထုတ်ပစ်တော့မလို့လား"

ယဲ့ချိုးပိုင်က ပြန်မဖြေပေ။

လောင်မေ့ရှန်းသည် နေမဝင်အင်ပါယာနှင့် ပတ်သက်နေသောကြောင့် သူမလုပ်နိုင်တာမရှိပေ။

သူတို့သည် ကမ္ဘာမကျေရန်သူများ ဖြစ်ကြသည်။

သူသေကိုယ်သေတိုက်ခိုက်ရမည့်သူများဖြစ်၏။

ယဲ့ချိုးပိုင်က သူ့ကိုလွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိသည်ကို မြင်လိုက်ရသောအခါ လောင်မေ့ရှန်းက အော်မပြောဘဲမနေနိုင်တော့ပေ။ယ

"ချစ်ကြည်ရေးအတွက်ပူးပေါင်းနေတုန်းမှာ သတ်လို့မရဘူးလေ။ မင်းက စည်းကမ်းတွေကို ဒီလိုမျိုးချိုးဖောက်နေတာပဲ။ ကျောင်းတော်က မင်းကိုအပြစ်ပေးလိမ့်မယ်"

"အဲ့တော့ ဘာဖြစ်လဲ"

လူသားများသည် အသက်တစ်သက်သာရှိကြသောကြောင့်  ထိုအရာကို ဘာကြောင့်များ ဂရုစိုက်နေရမလဲ။

သူသည် ဓားသမားတစ်ဦးဖြစ်သည်။ သူသည် ဟိုဟိုသည်သည်အရာများကို အလွန်အကျွံတွေးနေပါက ဓားသမားတစ်ယောက်၏ သန့်ရှင်းစင်ကြယ်မှုကိုဆုံးရှုံးရလိမ့်မည်။

သူ့ကျင့်ကြံမှုလည်း ပျက်စီးလိမ့်မည်။

သို့ဖြစ်ရာ သူတို့၏အဆုံးသတ်လည်း မဝေးတော့ပေ။

ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်က ရှေ့ကိုအပြေးသွားလေတော့သည်။

သူ့လက်ထဲရှိဓားရှည်ကြီးကို ရုတ်တရက်လွှဲယမ်းပစ်လိုက်သည်။

သူသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားကို တိုက်ရိုက်အသုံးချခဲ့သည်။

သူသည် လောင်မေ့ရှန်းကို ခုခံရန်ပင် အခွင့်အရေးမပေးချေ။

ဤဓားချက်ကိုမြင်လိုက်ရသောအခါ လောင်မေ့ရှန်း၏အမူအရာက သိသိသာသာပြောင်းလဲသွားသည်။

ဤဓားချက်အောက်မှာ သူ ခုခံဖို့အခွင့်အရေးမရှိတော့ပေ။

အကယ်၍ သူသာ ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် ခံနိုင်ရည်ရှိမှာမဟုတ်ပေ။ လွတ်မြောက်ဖို့အတွက်ကတော့လား။

သူ့အရှိန်အဝါများက ပိတ်လှောင်ခံထားရသည်မှာ ကြာလှပြီဖြစ်သောကြောင့် သူ ဘယ်လိုများလွတ်မြောက်နိုင်မည်တဲ့လဲ။

ထို့ကြောင့် လောင်မေ့ရှန်းမှာ အံတင်းတင်းကြိတ်လျက် အမှတ်စုဆောင်းရေးကျောက်တုံးကိုထုတ်ပြီး ယဲ့ချိုးပိုင်ကိုပစ်ပေးလိုက်သည်။

လောင်မေ့ရှန်း၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ဤနေရာမှပျောက်ကွယ်သွားပြီး ရုပ်ရွှေ့ပြောင်းခံလိုက်ရသည်။ ထွက်မသွားခင်မှာ သူသည် စကားအနည်းငယ်သာ ပြောထွက်လိုက်နိုင်သည်။

"ယဲ့ချိုးပိုင် မင်းကိုသာလက်စားမချေရရင် ငါ လူမလုပ်တော့ဘူးလို့ကျိန်ရဲတယ်"

ယဲ့ချိုးပိုင်က ထိုအရာကို ဂရုမစိုက်ချေ။ သူသည် သူ့ဓားကိုဖယ်ထုတ်လိုက်ပြီး လောင်မေ့ရှန်း၏ အမှတ်စုဆောင်းရေးကျောက်တုံးကို ကောက်ယူလိုက်သည်။

ယင်စွမ်းအင်နဂါး၏ရမှတ်မှာ တစ်ထောင်ဖြစ်ပြီး လောင်မေ့ရှန်း၏ကျောက်တုံးမှာ အမှတ်လေးရာဖြစ်သည်။

ယဲ့ချိုးပိုင်၏မူလရမှတ် လေးရာ့ခုနစ်ဆယ်နှင့်ပေါင်းလိုက်လျှင် သူ့ရမှတ်များသည် နှစ်ထောင့်တစ်ရာအထိ တက်သွားလေသည်။

ရှင်းဟုန်ယီက ရှေ့ကိုလျှောက်လာပြီး ပြောလေသည်။

"ရှင် သူ့ကိုတကယ်ပေးတော့မယ်လို့ ကျွန်မထင်ခဲ့တာ"

ယဲ့ချိုးပိုင်က ခေါင်းခါပြပြီးပြောသည်။

"ငါ သူ့ကို မပေးပါဘူး။ ငါကိုယ်တိုင်လည်း မယူချင်ဘူး"

ထိုအချိန်တွင် ရှီရှန်းကလည်း ရှေ့ကိုတက်လာပြီး အပြုံးတစ်ပွင့်ဖြင့်ဝင်ပြောသည်။

"အစ်ကိုယဲ့ ယင်စွမ်းအင်နဂါးသွေးကို ကိုယ်တိုင်သုံးချင်တာလား။ ဒါမှမဟုတ် အပြင်မှာရောင်းချင်တာလား"

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်က ရှီရှန်းကိုကြည့်လျက်ပြောသည်။

"ဒါက ငါ့အတွက် အသုံးမဝင်ဘူး။ ငါရောင်းမယ်ဆိုရင်တောင် ဘာတစ်ခုမှလိုအပ်တာမရှိဘူး"

သူ့သခင်က ဆေးလုံးအိုးတစ်လုံးစာကို ချက်ချင်းသန့်စင်နိုင်သည်။

သူ့လက်ထဲတွင်လည်း မှော်နက်မိစ္ဆာဓားသွားနှင့် အစိမ်းရောင်တိမ်တိုက်ဓားတစ်လက် ရှိသည်။

ကျင့်ကြံရေးနည်းဗျူဟာများစွာနှင့် ကိုယ်ခံပညာရပ်များအပြင် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားနှင့် သူ့သခင်ပေးထားသော အာဒိကပ္ပဓားသိုင်းကျမ်းတို့လည်း ရှိသည်။

သူ့တွင် ဘာတစ်ခုမှချို့တဲ့မနေပေ။

ထိုစကားကိုကြားသောအခါ ရှီရှန်း၏မျက်နှာမှာတောက်ပလာချေသည်။

"ဒါဆို ကျွန်တော့်ကို ဘာလို့မရောင်းတာလဲ။ အစ်ကိုယဲ့ကို ကျေနပ်လောက်တဲ့ဈေးနဲ့ပေးရုံတင်မကဘူး။ ကျေးဇူးကြွေးလည်းပြန်ဆပ်ပါ့မယ်"

လူတော်တော်များများက တစ်စုံတစ်ခုဝယ်ဖို့ ပိုက်ဆံအများကြီးအကုန်ခံနိုင်ကြသည်။

အမှန်တကယ်တော့ ငွေနှင့်ဖြေရှင်း၍ရသည့်အရာများက အရိုးရှင်းဆုံးပင်။

သို့သော် ကျေးဇူးကြွေးဆပ်ခြင်းကတော့ မတူသောအရာတစ်ခုဖြစ်၏။

ကမ္ဘာပေါ်တွင် ပြန်ဆပ်ရန်အခက်ခဲဆုံးသောအကြွေးမှာ ကျေးဇူးကြွေးဆပ်ခြင်း ဖြစ်သည်။

အရှေ့ပိုင်းမှတပည့်များမှာ အလွန်တုန်လှုပ်သွားကြသည်။

"စီနီယာအစ်ကိုရှီက ဒီလောက်တောင်ပေးဆပ်လိုက်တာလား"

"စီနီယာအစ်ကိုရှီက အကူအညီတောင်းခဲတယ်။ အဲ့ဒါကြောင့် သူ ဘယ်သူ့အပေါ်ကိုမှလည်း အကြွေးမတင်ဖူးဘူး"

"ဒါကိုကြည့်ရုံနဲ့ ဒီယင်စွမ်းအင်နဂါးသွေးက သူ့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာသိနိုင်တယ်.."

"ယဲ့ချိုးပိုင်က စီနီယာအစ်ကိုရှီအတွက် ယင်စွမ်းအင်နဂါးသွေးကို ဝမ်းသာအားရထုတ်ပေးလိမ့်မယ်"

ထင်မထားသည့်အချက်မှာ သူ့စကားဆုံးသည်နှင့် ယဲ့ချိုးပိုင်က ခေါင်းခါလျက်ပြောလာလေသည်။

"ငါ ဘာမှ မလိုချင်ဘူး။ မင်းမျက်နှာသာပေးတာလည်း ငါမလိုချင်ဘူး"

ထိုသို့ပြောပြီးသည်နှင့် ယင်စွမ်းအင်နဂါး၏အလောင်းနားသို့ လျှောက်သွားလိုက်ပြီး အမြုတေသွေးကိုထုတ်ယူကာ ရှင်းဟုန်ယီကို ပစ်ပေးလိုက်သည်။

ရှီရှန်းခမျာ ကြက်သေသေသွားပြီး သူ့အမူအရာမှာ အလွန်အရုပ်ဆိုးအကျည်းတန်သွားသည်။

ထို့နောက် သူက သရော်လိုဟန်နှာမှုတ်လျက် ပြောလိုက်သည်။

"ဒါဆိုရင်လည်း မင်းကို မနှောင့်ယှက်တော့ဘူး။ သွားရအောင်"

သူသည် အရှေ့ပိုင်းကလူများနှင့်အတူ ထွက်ခွာသွားလေသည်။

ရှင်းဟုန်ယီ ပြုံးလိုက်မိသည်။

"ရှီရှန်းရဲ့အရည်အချင်းက အရမ်းမြင့်တယ်နော်။ ရှင် ဒီအတိုင်း ဖြုန်းတီးပစ်တော့မလို့လား"

ယဲ့ချိုးပိုင်ကမူ ပခုံးတွန့်ပြပြီးပြောလိုက်၏။

"သူ မျက်နှာသာပေးတော့ရော ဘာလုပ်ရမှာလဲ။ သူ ငါ့ကို အနိုင်မယူနိုင်ပါဘူး"

"အမှန်ပဲ"

ရှင်းဟုန်ယီက ယင်စွမ်းအင်နဂါးသွေးကိုကြည့်လိုက်သည်။

"ဒီယင်စွမ်းအင်နဂါးသွေးက အရမ်းအဖိုးတန်ပြီး ခန္ဓာကိုယ်သန့်စင်ရေးအတွက် အရမ်းအရေးကြီးတယ်နော်။ ရှင် ကျွန်မကို ဒီအတိုင်းပေးပစ်တော့မလို့လား"

"ငါမှ မလိုတာ"

ထို့နောက် ယဲ့ချိုးပိုင်ကပြောသည်။

"ကောင်းပြီ။ မင်းကို ငါကာကွယ်ပေးမယ်။ မြန်မြန်စုပ်ယူလိုက်။ အချိန်တန်ရင် မင်းလည်း အမှတ်တချို့ရမှာပါ"

ဤအရာသည် ယဲ့ချိုးပိုင်အတွက် အသုံးမဝင်ပေ။ သူ ပေးပစ်လိုက်လည်း အဆင်ပြေပါသည်။

ထို့ပြင် ရှင်းဟုန်ယီက သူတို့အဖွဲ့ထဲကတစ်ယောက်လည်း ဖြစ်နေသည်မဟုတ်လား...


အခန်း ၄၅ : နေမဝင်အင်ပါယာ ရောက်ရှိလာခြင်း

နောက်တစ်နေ့တွင်..

ရှင်းဟုန်ယီသည် ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမ၏ခန္ဓာကိုယ်လည်း ပိုမိုကြံ့ခိုင်လာသည်။

သူ(မ) အလွန်တရာပျော်ရွှင်ဝမ်းမြောက်နေချေသည်။ သူ(မ)က ယဲ့ချိုးပိုင်၏ပခုံးကိုပုတ်ကာ ပြုံးပြလိုက်သည်။

"ရှင့်ကို ကျေးဇူးကြွေးတစ်ခုတင်သွားပြီနော်"

ရှင်းဟုန်ယီသည် တောင်ပိုင်းဒေသ၏လျှို့ဝှက်မျိုးနွယ်စုမှဖြစ်ပြီး ထိုကျေးဇူးကြွေးသည် ရှီရှန်း၏တန်ဖိုးထက် မနိမ့်ကျပေ။

သို့သော်လည်း ယဲ့ချိုးပိုင်ကမူ ထိုအရာများကိုဂရုမစိုက်ပေ။

"ကောင်းပြီ။ အချိန်ကသိပ်မကျန်တော့ဘူး။ အတွင်းပိုင်းအထိဝင်ပြီး အမှတ်နည်းနည်းလောက်ယူကြရအောင်"

ရှင်းဟုန်ယီ ခေါင်းညိတ်၍သဘောတူလိုက်သည်။

မကြာမီမှာပင် ယဲ့ချိုးပိုင်နှင့် ရှင်းဟုန်ယီတို့သည် မှော်ဝင်သားရဲများကို အမဲလိုက်ကြလေတော့သည်။

သူတို့၏အမှတ်များသည်လည်း အလွန်လျင်မြန်စွာတိုးလာခဲ့သည်။

ဤလုပ်ငန်းစဉ်အတွင်း ယဲ့ချိုးပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်သို့ အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အစိမ်းရောင်မီးလျှံနယ်မြေတွင်တည်ရှိနေသော မိစ္ဆာချီစွမ်းအင်၏အကူအညီဖြင့် သူသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားကို ပိုမိုကောင်းမွန်စွာနားလည်လာခဲ့သည်။

အဆုံးတွင် ယဲ့ချိုးပိုင်၏အမှတ်များသည် လေးထောင့်ခုနစ်ရာသို့ရောက်ရှိလာခဲ့သည်။

ရှင်းဟုန်ယီ၏အမှတ်များသည်လည်း နှစ်ထောင့်နှစ်ရာသို့ ရောက်လာသည်။

ရှိသမျှပြိုင်ပွဲဝင်များအားလုံး ရုပ်ရွှေ့ပြောင်းခံလိုက်ရပြီး မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ဆီသို့ ပြန်ရောက်သွားသည်။ သူတို့အားလုံး ရင်ပြင်ထဲကို ရောက်သွားကြသည်။

ဟော်ချင်းမင်နှင့်လင်းစီတို့က အနားကိုလျှောက်လာကြသည်။

ဟော်ချင်းမင်က စိတ်ဝင်တစားမေးလာသည်။

"ယဲ့ချိုးပိုင် မင်းမှာ အမှတ်ဘယ်လောက်ရှိလဲ"

သူ့လေသံတွင် ဘဝင်ခိုက်နေသောအရိပ်အယောင် တစ်စွန်းတစ်စပါဝင်နေလေသည်။

လင်းစီက မျက်လုံးလှိမ့်လျက်ပြောပြလေသည်။

"ဟော်ချင်းမင်က ​ သေခါနီးဖြစ်နေတဲ့မှော်ဝင်သားရဲနဲ့ ကြုံခဲ့တာလေ။ အဆင့်ကလည်း ချီစွမ်းအင်ပင်လယ်အဆင့်တဲ့လေ။ သူ့မှာ အမှတ်ပေါင်းနှစ်ထောင့်တစ်ရာရှိတယ်။ ဒီကိုလာတာလည်း သူ ကြွားမလို့"

ဟော်ချင်းမင် ရယ်မောလိုက်မိသည်။ သူသည် ယဲ့ချိုးပိုင်နှင့်မယှဉ်နိုင်သောကြောင့် အခြားကဏ္ဍများတွင် သူ့ကိုအနိုင်ယူနိုင်ပါက အလွန်ကျေနပ်မိမည်ဖြစ်၏။

ရှင်းဟုန်ယီက လင်းစီကိုစိုက်ကြည့်လိုက်ပြီး မေး၏။

"ရှင်ရော ဘယ်လိုလဲ"

လင်းစီက သူ့လက်ကိုဖြန့်ကားလျက်ပြောသည်။

"ထောင့်ရှစ်ရာ"

ထိုအချိန်တွင် ဟွမ်းယွမ်နှင့်အခြားသူများလည်း ရောက်လာကြသည်။ သူတို့မေးတော့မြန်းတော့မည့်ဆဲဆဲမှာ အကြီးအကဲတစ်ယောက်က ရှေ့ကိုလျှောက်လာပြီး စကားဆိုလေသည်။

"အားလုံးပဲ။ အမှတ်စုဆောင်းရေးကျောက်တုံးကို လွှဲပေးပါ။ ဒီနေရာမှာပဲ အဆင့်သတ်မှတ်ပြီးရင် တချို့လူတွေကို ပြိုင်ပွဲကထုတ်မယ်ပစ်ရမှာ"

ထိုစကားကိုကြားသောအခါ လူတိုင်းက သူတို့၏အမှတ်တွက်ချက်ရေးကျောက်တုံးများကို ပေးလိုက်ကြသည်။

ဟွမ်းယွမ်က ပြောလာလေသည်။

"ဘာပြဿနာမှ မဖြစ်ခဲ့ဘူးမဟုတ်လား"

ထိုစကားပြောနေစဉ်တွင် ဟွမ်းယွမ်သည် ယဲ့ချိုးပိုင်ကို အဓိကထား၍ကြည့်လိုက်ခြင်းပင်။

ယဲ့ချိုးပိုင်ကမူ ပခုံးတွန့်ပြပြီး ဘာစကားမှမပြောချေ။

ရှင်းဟုန်ယီက ခေါင်းညိတ်သည်။

ဟော်ချင်းမင်ကလည်း "ပြဿနာ သိပ်မရှိပါဘူး"ဟု ပြော၏။

မကြာခင်မှာပင် အကြီးအကဲများက အဆင့်များကို စတင်တွက်ချက်တော့သည်။

ထို့နောက် အံ့အားသင့်နေဟန်အကြည့်များဖြင့် ရလဒ်များကို စတင်ကြေညာလေသည်။

"မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က လူတစ်ယောက်ကို ထုတ်​ပယ်​လိုက်​ပါပြီ။ ပထမ​နေရာက ကျန်းချောင်မြန်၊ အမှတ် လေးထောင့်ငါးရာဖြစ်ပါတယ်"

ရလဒ်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

လေးထောင့်ငါးရာတဲ့လား။

ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့် သားရဲတစ်ကောင်ကို ဆယ်မှတ်သာပေးပြီး ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်သားရဲကမူ အမှတ်သုံးဆယ်သာပေးကြောင်း သူတို့သိထားသည်။

အမှတ်လေးထောင့်ငါးရာတဲ့လား။ သူ ဘယ်နှကောင်လောက်တောင် သတ်ခဲ့တာလဲ။ ဒါမှမဟုတ် အဆင့်မြင့်မှော်ဝင်သားရဲတစ်ကောင်ကိုများ သူသတ်ခဲ့တာလား...

ကျန်းချောင်မြန်၏ခွန်အားအရဆိုလျှင် သူ သေချာပေါက်လုပ်နိုင်သည်သာ။

သူသည် မြောက်ပိုင်းဒေသ၏ မျိုးဆက်သစ်လူငယ်များထဲမှာ နံပါတ်တစ်ဓားသမားဖြစ်သည်။

"ကျန်းချောင်မြန်ရဲ့ရမှတ်ကို ကျော်နိုင်တဲ့သူမရှိလောက်ဘူးမလား"

"အဲဒါကိုကျော်လွှားနိုင်တဲ့သူမရှိတာ သေချာတယ်"

"စီနီယာအစ်ကိုကျန်းက ပင်လယ်ရေလှိုင်းအလယ်လတ်တန်းအဆင့် မှော်ဝင်သားရဲသုံးကောင်နဲ့  ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့် မှော်ဝင်သားရဲတစ်ကောင်ကိုသတ်ခဲ့တယ်လို့ ငါ့တပည့်တွေဆီကကြားထားတယ်"

"စီနီယာအစ်ကိုကျန်းတစ်ယောက်ပဲ ပင်လယ်ရေလှိုင်းအလယ်လတ်တန်းအဆင့်မှာ ရှိနေတာထင်တယ်။ ပင်လယ်ရေလှိုင်းအလယ်လတ်တန်းအဆင့် မှော်ဝင်သားရဲတစ်ကောင်က ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်သူရဲကောင်းတစ်ယောက်နဲ့ ညီမျှတယ်"

"မျိုးဆက်သစ်နံပါတ်တစ်ဓားသမားပီသပါပေတယ်"

မရေမတွက်နိုင်သောလူများက ကျန်းချောင်မြန်ကို ရိုသေစွာကြည့်နေကြသည်။

ဟွမ်းယွမ်၏မျက်လုံးများသည်လည်း တည်ငြိမ်နေခဲ့သည်။

ကျုံးဝူက ပြောလေသည်။

"သူက ကြောက်စရာကောင်းတဲ့ပြိုင်ဘက်ပဲ"

ဟွမ်းယွမ်ကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

"သူ့ကိုအနိုင်ရနိုင်ခြေက သုံးဆယ်ရာခိုင်နှုန်းပဲရှိတယ်လို့ထင်တာပဲ"

ထို့နောက် ထိုအကြီးအကဲက ထပ်မံကြေညာလာသည်။

"အရှေ့ပိုင်းကလူတစ်ယောက် ထုတ်ပယ်ခံရမှာဖြစ်ပြီး ပထမနေရာကတော့ ရှီရှန်း၊ စုစုပေါင်းအမှတ် သုံးထောင့်ကိုးရာ"

အမှတ်သုံးထောင့်ကိုးရာ...

ကျန်းချောင်မြန်၏ရမှတ်နှင့် မယှဉ်နိုင်သော်ငြား ဤသည်မှာ အလွန်မြင့်မားလှသောရမှတ်တစ်ခု ဖြစ်နေဆဲပင်။

အရှေ့ပိုင်းကျောင်းတော်၏အကြီးအကဲကလည်း ပြုံးလိုက်မိသည်။

ဤရလဒ်မှာ သူထင်ထားသည်ထက် ကျော်လွန်သွားချေသည်။

သို့သော် ရှီရှန်းက မပြုံးပေ။ ထိုအစား သူ့အမူအရာက လေးနက်နေသည်။ သူဘာတွေးနေသလဲဆိုသည်ကို ဘယ်သူမှမသိနိုင်ချေ။

"အနောက်ပိုင်းက လူတစ်ယောက်ကိုထုတ်ပယ်လိုက်ပါပြီ။ ပထမနေရာကတော့ ကျန်းဟယ်၊ စုစုပေါင်းရမှတ်သုံးထောင့်ရှစ်ရာ့ခြောက်ဆယ်"

ရှီရှန်းနှင့် သိပ်မကွာလှပေ။

အလွန်နီးစပ်သည်ဟုပင် ဆိုနိုင်သည်။

ဤသည်မှာ အလွန်ထူးခြားသော ရလဒ်တစ်ခုလည်းဖြစ်သည်။

ယခုအချိန်တွင်မူ အားလုံးက တောင်ပိုင်းကျောင်းတော်ဘက်ကို လှမ်းကြည့်နေကြလေသည်။

"သူတို့အထဲမှာ အမှတ်အများဆုံးရတဲ့သူက ဟွမ်းယွမ်ပဲဖြစ်သင့်တယ်မဟုတ်လား"

"ဟာ့..ဟွမ်းယွမ်က တောင်ပိုင်းရဲ့ တစ်ဦးတည်းသောထူးချွန်သူ ဖြစ်နိုင်လောက်တယ်။ ပြီးတော့ သူက ကျောင်းတော်ခေါင်းဆောင်ရဲ့တပည့်ပဲလေ"

"ဒါပေမဲ့ ကျန်းချောင်မြန်၊ ရှီရှန်းနဲ့ တခြားသူတွေနဲ့ယှဥ်ကြည့်ရင် နည်းနည်းတော့ အားနည်းနေသေးတယ်"

အကြီးအကဲက စကားအဆုံးတွင် ရလဒ်ကိုကြေညာလာသည်။

"တောင်ပိုင်းက လူနှစ်ယောက်ကိုထုတ်ပယ်လိုက်ပါပြီ။ ပထမနေရာကတော့...ယဲ့ချိုးပိုင်၊ အမှတ်လေးထောင့်ခုနစ်ရာ"

ဟွမ်းယွမ်နှင့် အခြားသူများသည် ယဲ့ချိုးပိုင်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိကြသည်။

တစ်ယောက်ယောက်က ထမေးလေသည်။

"ဒီယဲ့ချိုးပိုင်က ဘယ်သူလဲဟ"

ကျန်းချောင်မြန်ကလည်း တုံ့ပြန်လာသည်။ သူသည် တစ်ချက်လှည့်လာပြီး ယဲ့ချိုးပိုင်ကို တိုက်ခိုက်လိုဟန်အကြည့်များဖြင့် ကြည့်လာလေသည်။

ရှီရှန်း၏အမူအရာမှာ ရှုပ်ထွေးနေရှာသည်။

ကျန်းဟယ်ကတော့ ပြုံးနေသေးသည်။ သူဘာတွေတွေးနေလဲဆိုသည်ကို ဘယ်သူမှမသိနိုင်ပေ။

"လေးထောင့်ခုနစ်ရာ ဟုတ်လား။ ကျန်းချောင်မြန်ထက် အမှတ်နှစ်ရာတောင် ပိုများတာလား"

"သူဘယ်လိုလုပ်လိုက်တာလဲ။ ဒီလူက ခရမ်းရောင်ဘုံဗိမာန်အဆင့်လောက်ပဲ ရှိသေးတာကို။ အမှတ်လေးထောင့်ခုနစ်ရာအထိ သူဘယ်လိုရနိုင်မှာလဲ"

"သူ တစ်ခုခုကောက်ရတာများ ဖြစ်နိုင်မလား"

ဤနေရာတွင်ရှိနေသူများအတွက်မူ ယဲ့ချိုးပိုင်အနေနှင့် ဤရမှတ်ကိုရဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

သို့သော် ယဲ့ချိုးပိုင်က ဂရုမစိုက်ပေ။

တခြားသူများ၏အမြင်က သူနှင့်ဘာမှမဆိုင်ပေ။

ဟွမ်းယွမ်သည် ရှုပ်ထွေးနေသောအမူအရာဖြင့် ယဲ့ချိုးပိုင်ကိုကြည့်ကာ "တော်တယ်" ဟုပြောလိုက်သည်။

ဟော်ချင်းမင်ကလည်း ခါးသက်သက်ပြုံးလိုက်သည်။

"ဒီတစ်ကြိမ်တော့ ငါ မင်းကိုကျော်နိုင်မယ်လို့ထင်ထားတာ။ မင်း ငါ့ကို ဒီလောက်အမှတ်အများကြီးကျော်သွားမယ်လို့တော့ မမျှော်လင့်ထားဘူး"

လင်းစီကလည်း ကူကယ်ရာမဲ့စွာဝင်​ပြောလေသည်။

"ဒီလူကို သာမန်အသိတရားလောက်နဲ့ အကဲဖြတ်လို့မရဘူး"

ဟော်ချင်းမင်က ထိုစကားကိုသဘောကျသွားသည်။

"ဒါ အမှန်ပဲ။ ဒါပေမဲ့ ငါတို့နှစ်ယောက် ဒီလိုပုံစံနဲ့ထုတ်ပယ်ခံရလိမ့်မယ်လို့တော့ ငါမထင်ထားဘူး..."

အမှန်ပင်။ တောင်ပိုင်းဒေသမှ ဖယ်ရှားခံရသောလူနှစ်ယောက်မှာ ဟော်ချင်းမင်နှင့် လင်းစီဖြစ်၏။

ဘေးတစ်ဖက်တွင်ရပ်နေသော သိုင်းပညာခန်းမအကြီးအကဲက အနားကိုလျှောက်လာပြီး ယဲ့ချိုးပိုင်၏ပခုံးကိုပုတ်လိုက်သည်။ သူက တောက်ပစွာပြုံးလျက် ပြောလာသည်။

"တော်လိုက်တဲ့ကလေး..မင်းက ဒီတစ်ခေါက် ငါတို့တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်အတွက် ဂုဏ်ဆောင်ခဲ့တာပဲ"

ခေါင်းဆောင်ရူကလည်း အပြုံးသားဖြင့် ပြောသည်။

"နောက်လာမဲ့ပြိုင်ပွဲတွေမှာလည်း မင်းရဲ့စံချိန်ကို ဒီအတိုင်းဆက်ထိန်းထား။ ဒီတစ်ခေါက် ငါတို့ရဲ့ပန်းတိုင်က ထိပ်ဆုံးနှစ်ယောက်နေရာပဲ"

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။

မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်မှ အကြီးအကဲတစ်ဦးက ပြောလာလေသည်။

"ကောင်းပြီ။ နောက်တစ်ဆင့်တက်ကြရအောင်။ ဒေသလေးခုကလျှို့ဝှက်တာအိုကျောင်းတော်ရဲ့ပါဝင်ယှဉ်ပြိုင်သူတွေကို အချင်းချင်းနေရာချထားပြီး သိုင်းပညာဖလှယ်ရမယ်"

"နောက်ဆုံးမှာနိုင်ပွဲပိုများတဲ့အသင်းက အနိုင်ပဲ"

သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထိုအကြီးအကဲ၏ရှေ့တွင် သေတ္တာတစ်ခု ပေါ်လာလေသည်။

အကြီးအကဲက ထိုအထဲမှ မဲလိပ်နှစ်လိပ်ကိုဆွဲယူလိုက်သည်။

"ပထမပွဲစဉ်မှာ အရှေ့ပိုင်းနဲ့တောင်ပိုင်းတို့က ယှဉ်ပြိုင်ရမှာပါ။ နှစ်ဖက်စလုံးက လူတွေဘယ်လိုစေလွှတ်မလဲဆိုတာ ဆွေးနွေးနိုင်ပါတယ်"

သူ(မ)စကား​အဆုံးတွင် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ခေါင်းဆောင် ဝူဒီရှီသည် ကောင်းကင်ထက်သို့ရောက်ရှိလာပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် ရင်ပြင်၏အလယ်ဗဟိုတွင် ပြိုင်ပွဲစင်မြင့်တစ်ခု မြေပြင်ပေါ်မှမြင့်တက်လာလေသည်။

ကွင်းထဲတွင် ထိုင်ခုံနေရာဆယ်နေရာသာရှိသည်။

ထိုနေရာတွင် ဝူဒီရှီနှင့် အခြားနယ်မြေသုံးခု၏ခေါင်းဆောင်များ ထိုင်လိုက်ကြသည်။

မကြာမီမှာပင် ကောင်းကင်ယံမှ ပုံရိပ်အချို့ ဖြတ်သန်းသွားလေသည်။

တခြားခုံတစ်ခုမှာဝင်ထိုင်လိုက်သည်။

ဤတစ်ခေါက်တွင် ဝူဒီရှီက စားပွဲခုံ၏ထိပ်ဆုံးတွင် မထိုင်တော့ပေ။ စားပွဲ၏ထိပ်ဆုံးနားက ဗလာကျင်းနေပြီး ထိုခုံ၏နံဘေးမှာလည်း ထိုင်ခုံအလွတ်တစ်ခု ရှိနေသေးသည်။

ထိုအရာက လူတိုင်းကို အံ့သြသွားစေသည်။

ဝူဒီရှီထက် ဘယ်သူကများ ရာထူးပိုမြင့်လေသလဲ။

ရုတ်ခြည်းပင် ကောင်းကင်ယံထက်တွင် ရေနဂါးနှစ်ကောင် ဟိန်းဟောက်လိုက်သည်။

သူတို့ရှေ့တွင် သင်္ဘောကြီးတစ်စင်းပေါ်လာပြီး ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော ရေနဂါးနှစ်ကောင်က ထိုသင်္ဘောကို အရှေ့ကနေ၍ ဆွဲနေချေသည်။

ဤသည်မှာ နေမဝင်အင်ပါယာ၏ စစ်သင်္ဘောပင်ဖြစ်လေသည်။

Continue Reading

You'll Also Like

3.5K 65 15
°•♡•°This is a sequel to my first yandere sundrop and moondrop book called "Not Fair" this is still Platonic like the first one°•♡•° °•☆•°After 6 yea...
199K 4.6K 31
Orphaned at a very early age, a young man goes through self-discovery as he uncovers his demonic past and faces a heavenly challenge. After discoveri...
118K 353 1
Fang luoan ဆိုတဲ့ ဝံပုလွေလေးဟာ ငယ်စဥ်ကတည်းက သူ့အဖေအသတ်ခံရပြီးဆုံးသွားတာကြောင့် fang yanchen ( vampire) ကမွေးစားထားခဲ့ပါတယ်~~ but~~ ...
10.3K 279 7
I feel like there isn't enough stories for this cute boi. ima try to write one for the people like me who are looking for one. Mistakes might be made...