My Feelings, My Creations

By YmThant9

3.5K 227 74

အနုပညာဆိုတာ နစ်ဝင်ခံစား​လို့ အကောင်းဆုံး ရပ်ဝန်းတစ်ခုပါပဲ... (ပန်းချီကား တေးသွား စာအုပ် ကဗျာတွေနဲ့ အတွေးတွေရဲ... More

ကျွန်မနှင့် မြို့ပြညများ
ကျွန်မနှင့် အိမ်
ကျွန်မနှင့် သေခြင်းတရား
ကျွန်မနှင့် အလွမ်းည
ကျွန်မနှင့် စိတ်
ကျွန်မနှင့် Explosion
ကျွန်မနှင့် သူမ Portrait
ကျွန်မနှင့် အပိုင်းအစများ
ကျွန်မနှင့် အသည်းကွဲသံစဥ် 🎻🎹
ကျွန်မနှင့် အလွမ်းရာသီ
ကျွန်မနှင့် ဒီဇင်ဘာည
ကျွန်မနှင့် အရောင်များ

ကျွန်မနှင့် လွင့်​​ငေးခြင်း

147 14 7
By YmThant9


တစ်နေ့ပြီးတစ်နေ့ ...
ကိုယ်ဟာလေတကယ်ကိုမကောင်းဘူး
အရာအားလုံးပြန်စဖို့ မဖြစ်နိုင်ဘူး
ခံနိုင်ရည်ရှိတဲ့သူ ထင်သလိုကိုယ်ဟာမဟုတ်တော့
ဟိုအရှုံးပေး ဒီအရှုံးပေး နေ့ရက်လေးတွေ...

အရာရာကို ရင်မှာတကယ်ကိုမေ့လိုက်ချင်
တစ်ခါတစ်လေ တိမ်တွေလိုပဲမျောလိုက်ချင်
ခံစားလွန်းတဲ့ဒီစိတ် ကြိတ်မှိတ်ခါမြိုသိပ်...

ကိုယ်ဟာမင်းအတွက်
ဘယ်လိုမှတကယ်ကိုမကောင်းဘူး
စိတ်တိုင်းကျ လူကောင်းတစ်ယောက် မဖြစ်နိုင်လို့
အလကားပဲ မလိုတာတွေကို ခံစားရင်းလေ
တကယ်လက်တွေ့ ကျော်ဖြတ်ဖို့ခက်နေလို့ ...

တစ်ခါတစ်လေ ဒဏ်ရာတွေကိုမေ့လိုက်ချင်
အရာရာကို ဖြူစင်စွာပြန်စလိုက်ချင်
အမှတ်မရှိတဲ့ဒီစိတ် ကြိတ်မှိတ်ကာမြိုသိပ်

အရာရာကို ရင်မှာတကယ်ကိုမေ့လိုက်ချင်
တစ်ခါတစ်လေ တိမ်တွေလိုပဲမျောလိုက်ချင်
ခံစားလွန်းတဲ့ဒီစိတ် ကြိတ်မှိတ်ကာမြိုသိပ်...

တစ်နေ့ပြီးတစ်နေ့ (မျိုးကျော့မြိုင်)

....................................................


လေထဲမှာလွင့်နေတဲ့ အတွေးတွေကို ဖမ်းဆုပ်ယူဖို့ကြိုးစား​ေနရင်း​နဲ့ပဲ ခံစားချက်တွေကို စာသားတွေအဖြစ် ပြောင်းလဲပစ်မိပြန်တယ်...

ငယ်စဥ်ကတည်းကစလို့ ကျွန်မသိပ်နှစ်သက်ခဲ့တဲ့ သီချင်းပေါင်းများစွာထဲမှာ ကိုမျိုးကျော့ သီချင်းတွေ အတော်ပါပါတယ်။ အမှန်တော့ ကျွန်မက ပုဂ္ဂိုလ်စွဲ သိပ်မရှိလှပါဘူး။ ဒီအဆိုတော်ကို ကြိုက်လို့ သူ့သီချင်းတွေကို ကြိုက်သွားတယ် ဆိုတာမျိုးထက်.. ဒီသီချင်းကို ကြိုက်လို့ အဲ့ဒီအဆိုတော်ရဲ့ တခြားသီချင်းတွေကို နားထောင်မိသွားတာပိုများတယ်။ တစ်ခါတစ်လေ နားထောင်ပြီးရင် အပုဒ်တိုင်း ကြိုက်ချင်မှလည်းကြိုက်တယ်။ တစ်ခါတစ်လေ.. တစ်ပုဒ်ထဲပဲ ရွေးပြီးကြိုက်တာမျိုးတောင်ရှိပါသေးတယ်။

သီချင်းတစ်ပုဒ်ကို နှစ်သက်မြတ်နိုးမိပုံက အမျိုးမျိုးပါပဲ။ တစ်စွန်းတစ်စကြားမိလိုက်တဲ့ တေးသွားသံစဥ်လေးကြောင့် ရုတ်တရက်ကြီး မြတ်နိုးနှစ်သက်မိသွားတာလည်းရှိတယ်။ တစ်ခါတစ်လေ စာသားတစ်ကြောင်း စာပိုဒ်လေးတစ်ပိုဒ်ကြောင့် နှစ်သက်မိသွားတာမျိုးလည်းရှိတယ်။ Singer ရဲ့ အသံ tone power ကြည်လင်ပီသမှုတွေကြောင့် သို့မဟုတ် အသံချိုပြီး သီချင်းနဲ့ အရမ်းလိုက်ဖက်လွန်း​ေနတာကြောင့် ကြိုက်မိသွားတာမျိုးလည်းရှိတယ်။ သီချင်းတစ်ပုဒ် လုံးရဲ့ နောက်ကွယ်က အကြောင်းအရာ အဓိပ္ပါယ်ကြောင့်မို့ တနည်းပြောရရင် သီချင်းကပေးတဲ့ အနှစ်သာရကြောင့်မို့ အရမ်းကိုနှစ်သက်သွားမိတာလည်း ရှိပါတယ်။ အဆိုတော်ရဲ့ ရုပ်ရည်ကြောင့် နှစ်သက်မိတာမျိုးကတော့ မရှိသလောက်ပါပဲ။ ဘဝမှာ အရမ်းကြိုက်ခဲ့ရတဲ့ သီချင်းတချို့ဆို အဆိုတော်ကို မမြင်ဖူးတာမျိုးတောင်ရှိခဲ့ပါတယ်။

သီချင်းတစ်ပုဒ် ကို နားထောင်တဲ့အခါ..  အဲ့ဒီသီချင်းလေး သံစဥ်စာသားလေးတွေ ဟာ ရင်ထဲနှလုံးသားထဲကို စီးဆင်းဝင်ရောက်လာပြီး ရသတစ်ခုခုကို ခံစားမိသွားစေဖို့ပါပဲ။ ဒါဆိုရင် song writer/ singer နဲ့ နားထောင်သူကိုယ့်ရဲ့ကြားမှာ ဆက်သွယ်မှု connection ေလးရှိသွားပြီမို့ ဒီသီချင်းလေးကို နှစ်သက်ခံစားမိဖို့ လုံလောက်သွားပါပြီ။ ဒါက ကျွန်မရဲ့ ရိုးရှင်းတဲ့ခံယူချက်ပါပဲ။

ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက် နားထောင်ခဲ့မိသမျှ သီချင်းပေါင်းများစွာထဲမှာ..  တချို့သော အဆိုတော်တွေကျ သူတို့ရဲ့သီချင်းအတော်များများကို ကိုယ်စိတ်က နှစ်သက်သဘောကျနေမိခဲ့တာမျိုးရှိပါတယ်။ သိပ်များများစားစားတော့ မဟုတ်ပေမယ့်ပေါ့လေ။ အဓိကကတော့ ကိုယ့် taste ုဖစ်နေတာမျိုးကြောင့် နေပါလိမ့်မယ်။ ကိုမျိုးကျော့က အဲ့ဒီ အဆိုတော်တွေထဲက တစ်ယောက်ပါပဲ။ သူ့ personal ကို စိတ်မဝင်စားပါဘူး။ ဒါပေမယ့် သူ့ရဲ့အနုပညာစွမ်းရည်ကိုတော့ အတော်သဘောကျမိပါတယ်။ အသံက ခပ်အေးအေးပါပဲ။ ဒါပေမယ့် သူ့သီချင်းတွေမှာ စကားလုံးရဲ့ ကျစ်လစ်သိပ်သည်းမှုတွေ ပြီးတော့ music arrangement ခေါ်ရမလား... တေးသွားသံစဥ်ဖန်တီးမှုတွေကျ သူမတူအောင် ကောင်းပါတယ်။

အနှစ်သက်ဆုံးတွေထဲက တစ်ပုဒ်ဖြစ်တဲ့ "အဝေးကြီး" ဆိုတဲ့ သီချင်းလေးဆိုရင်.. ညဘက် လူခြေတိတ်ချိန် အခန်းတစ်ခုလုံး မီးအမှောင်ချပြီး base သံ ခပ်ကောင်းကောင်း soundbox နဲ့ မတိုးမကျယ်လေးဖွင့်ပြီး အကြိမ်ကြိမ်နားထောင်ခဲ့ဖူးတယ်။ Intro music သံ ပျော့ပျော့လေးရဲ့ဆွဲခေါ်မှုနောက်မှာ မြက်ခင်းပြင်ကြီးထဲ မှုန်ပြပြကောင်းကင်ကြီးကို ငေးကြည့်နေရသလို ခံစားချက်မျိုး..
ကြယ်တွေကြားထဲ ဖြတ်သန်းလာရင်းကမှ ရုတ်တရက် ချစ်ရသူကို သတိရမိတဲ့အခါ ဟိုးအဝေးကြီးမှာဆိုတာ သိလိုက်ရတော့ရင်ထဲနင့်သီးစွာဝင်ရောက်လာခဲ့တဲ့ လွမ်းဆွတ်မှုတွေ အဲ့ဒီအချိန် background music က drum beat နဲ့ ခပ် ပြင်းပြင်းလေး ခုန်ပေါက်ထွက်ချလာတော့ ကောင်းကင်မှာလွင့်မျောနေရာက လှိုင်းတပိုးထနေတဲ့ ပင်လယ်ပြင်ကြီးထဲ ပြုတ်ကျသွားခဲ့ရသလိုမျိုးပါပဲ။ အဆုံးသတ်တော့ ရင်က လှပ်ဟာပြီးကျန်ခဲ့တယ်လေ။

ဒီလိုသီချင်းမျိုးတွေကို ငယ်ငယ်က သိပ်ကိုသဘောကျခဲ့မိတာပေါ့။ ဒါပေမယ့်လူဆိုတာက အသက်အရွယ်ရယ် ဖြတ်သန်းလာရတဲ့အတွေ့အကြုံတွေရယ်ပေါ်မှာ မူတည်ပြီး ပြောင်းလဲကိုပြောင်းလဲလာကြရတဲ့ သတ္တဝါမျိုးမဟုတ်လား။ အချိန်တွေကြာလာတာနဲ့အမျှ အတွေးအခေါ် ခံယူချက် ယုံကြည်ချက် တွေပြောင်းလဲလာသလို နှစ်သက်မှု ခံစားမှုတွေလဲ ဆင့်ကဲပြောင်းလဲ လာခဲ့ရတယ်။ ငယ်စဥ်တုန်းက အချစ်အလွမ်း ခံစားချက်သီချင်းသံစဥ်တွေကို အရမ်းနှစ်သက်တတ်ခဲ့တဲ့သူက ဘဝအချိုးအကွေ့တွေရဲ့ ပြောင်းလဲမှုမှာ အနှစ်သာရရှိတဲ့ သီချင်းတွေကို ပိုမို နှစ်သက်တတ်လာတယ်။ ဘဝဆန်လာတယ် ပြောရမလားပေါ့လေ။

ညနေက သီချင်းလေးတွေကို random ဖွင့်ထားရင်းနဲ့ "တစ်နေ့ပြီးတစ်နေ့" ဆိုတဲ့သီချင်းလေးကို ပြန်နားထောင်ဖြစ်ခဲ့တယ်။ လက်ရှိဘဝနဲ့ အများကြီးကိုထင်ဟပ်နေလေတော့ စာသားတွေက ရင်ကိုတစ်​ကြောင်းချင်းလာရိုက်ခတ်တယ်။

ဟုတ်တယ်... ဒီနှစ်တွေမှာ လူက
တချို့သောနေ့ရက်တွေမှာ
တိမ်တွေပေါ် လွင့်မျောနေရသလိုပဲ။
Optimum မဟုတ်တဲ့အခြေအနေတွေမှာ အရင်ကရှိခဲ့ဖူးတဲ့ အေးချမ်းမှုပျော်ရွှင်ကြည်လင်မှုမေတ္တာစိတ်တွေက လျော့နည်းနေခဲ့တယ်​ေလ။

Noone is perfect ဆိုသလိုပါပဲ။
ကိုယ်လည်း ပုထုဇဥ်လူသားတစ်ယောက်မို့ အားနည်းချက် ချို့ယွင်းချက်တွေအများကြီး။
ဒါပေမယ့်လည်းလေ...
ကိုယ်အမြတ်တနိုးတန်ဖိုးထားရတဲ့သူ အပေါ်မှာတော့ အတတ်နိုင်ဆုံး အဆိုးတွေနည်းတဲ့ လူကောင်းလေးတစ်ယောက် ဖြစ်ချင်မိတာပေါ့။ 💨
ကြိုးစားရင်းနဲ့ ဘယ်လိုမှကိုယ့်ကိုယ်ကို စိတ်တိုင်းမကျနိုင်တဲ့ နေ့ရက်တချို့မှာ အတွေးတွေထဲ နယ်ချဲ့ရင်း တိမ်တွေပေါ်မျောလွင့်နေချင်မိတဲ့စိတ်တွေ ဖြစ်မိတယ်။ ဒီနေ့အထိပါပဲ။

......................................................

အဲ့ဒီတစ်နေ့က.. 
လေမှာလွင့်မျောချင်နေတဲ့ အတွေးတွေကို ဖမ်းဆုပ်ယူရင်း canvas ပေါ်တင်ဖို့ ကြိုးစားခဲ့တယ်။ Impressionism ဆန်ဆန် စုတ်ချက် ခပ်ကြမ်းကြမ်းနဲ့ ဆေးသားလေးတွေ အတုံးလိုက်လေး တင်ပြီး ရေးခဲ့မိတာ.. painting knife သုံးပြီးရေးချင်ပေမယ့်လည်း ကိုယ်မကျွမ်းကျင်တာရော ဆေးနှမျောတာကြောင့်ရော စိတ်လျော့လိုက်တယ်။ စုတ်တံ ခပ်ကြီးကြီးတွေကိုပဲ အသုံးပြုပြီးဆွဲခဲ့မိတာ။ မြင်ကွင်းတစ်ခု.. ထိုင်ပြီးလွင့်ငေးနေချင်စရာ မြင်ကွင်းလေး တစ်ခုပေါ့။


#လွင့်ငေးခြင်း
Acrylic on canvas

ငယ်ငယ်က ကြားဖူးခဲ့တဲ့ မတင်ဇာမော်ရဲ့ သီချင်းလေး တစ်ပုဒ်ကို သတိရမိတယ်။
သီချင်းနာမည်လည်း မသိ.. ပြန်ရှာလို့လည်း မတွေ့..  သီချင်းလေးကိုတော့ တစ်ပုဒ်လုံးနီးပါး မှတ်ဉာဏ်ထဲအလွတ်ရနေခဲ့မိတာ... ။

🎵🎼🎵 မိုးသားတိမ်တွေဆီ ကိုယ်လွင့်မျောချင်ပြီ... စိတ်ရဲ့ဒဏ်ရာတွေလွင့်ပျောက်ကာ တည်ငြိမ်အေးချမ်းသွားတဲ့အထိ....

အပြာရောင် မိုးသားများထဲမှာလွင့်မျောပြီး
လေမှာလွင့်နေတယ်
နောက်ကိုပြန်လှည့်မကြည့်..
အိပ်မက်ထဲမှာလို ဘာတစ်ခုမှ မစဥ်းစားမိ...
........ .......... ........... .............. ......................

2:30 am
24.4.2024


P.s....  အဆိုတော်လေးတစ်ယောက်ကိုတော့ သူ့ကိုကြိုက်လို့ သူဆိုတဲ့သီချင်းတွေအကုန်နှစ်သက်မိတာရှိပါတယ်။ my only Exception ပေါ့လေ... ။

Continue Reading

You'll Also Like

37.8K 4.9K 46
නුඹෙන් මං... විඳිමි හැඟුමන්... මා හද නිවාලනා ! ❤️
879K 44.8K 31
Start date-June/15/2021 End Date-Augu/1/2022 Part-26 part (Complete ) Just still No Extra Author by Akari Myan
90.5M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...
4.4K 346 13
Based on true story.... ဖန်တီးခဲ့တာ မရှိပါဘူး.. သူ့အလိုလို ​ြဖစ်တည်လာတာက ကံကြမ္မာရဲ့ သတ်မှတ်ချက်လို့ ဆိုရမလား..... ဒီလိုနဲ့.. ဒီလိုနဲ့.. ကျွန်တော်တိ...