ငါ့တပည့်တွေက ဘုရင်တွေ

By Bee9966

152K 11.4K 66

Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start dat... More

အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 20
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25+26
အပိုင်း 27+28
အပိုင်း 29+30
အပိုင်း 31+32
အပိုင်း 33+34
အပိုင်း 37+38
အပိုင်း 39+40
အပိုင်း 41+42
အပိုင်း 43+44+45
46+47+48+49+50
အပိုင်း 61+62+63+64+65
အပိုင်း 66+67+68+69+70
🚨
အပိုင်း 51+52+53+54+55
အပိုင်း 56+57+58+59+60
အပိုင်း 71+72
အပိုင်း 73+74
အပိုင်း 75+76
အပိုင်း 77
အပိုင်း 78
အပိုင်း 79+80
အပိုင်း 81
အပိုင်း 82
အပိုင်း 83
အပိုင်း 84
အပိုင်း 85
အပိုင်း 86
အပိုင်း 87
အပိုင်း 88
အပိုင်း 89
အပိုင်း 90
အပိုင်း 91
အပိုင်း 92
အပိုင်း 92
အပိုင်း 93
အပိုင်း 94
အပိုင်း 95
အပိုင်း 96
အပိုင်း 97
အပိုင်း 98
အပိုင်း 99
အပိုင်း 100
🚨
အပိုင်း 101
အပိုင်း 102
အပိုင်း 103
အပိုင်း 104
အပိုင်း 105
အပိုင်း 106
အပိုင်း 107
အပိုင်း 108
အပိုင်း 109
အပိုင်း 110
🌈
အပိုင်း 111
အပိုင်း 112
အပိုင်း 113
အပိုင်း114
အပိုင်း 115
အပိုင်း 116
အပိုင်း 117
အပိုင်း 118
အပိုင်း 119
အပိုင်း 120
အပိုင်း 121
အပိုင်း 122
အပိုင်း 123
အပိုင်း 124
အပိုင်း 125
အပိုင်း 126
အပိုင်း 127
အပိုင်း 128
အပိုင်း 129
အပိုင်း 130
အပိုင်း 131
အပိုင်း 132
🚨
အပိုင်း 133
အပိုင်း 134
အပိုင်း 135
အပိုင်း 136
အပိုင်း 137
အပိုင်း 138
အပိုင်း 139
အပိုင်း 140
အပိုင်း 141
အပိုင်း 142
အပိုင်း 143
အပိုင်း 144
အပိုင်း 145
🚨
အပိုင်း 146
အပိုင်း 147
အပိုင်း 148
အပိုင်း 149
အပိုင်း 150
အပိုင်း 151
အပိုင်း 152
အပိုင်း 153
🚨
အပိုင်း 154
အပိုင်း 155
အပိုင်း 156
အပိုင်း 157
အပိုင်း 158
အပိုင်း 159
အပိုင်း 160
အပိုင်း 161
အပိုင်း 162
အပိုင်း 163
အပိုင်း 164
အပိုင်း 165
အပိုင်း 166
အပိုင်း 167
အပိုင်း 168
အပိုင်း 169
အပိုင်း 170
အပိုင်း 171
အပိုင်း 172
အပိုင်း 172
အပိုင်း 173
အပိုင်း 174
အပိုင်း 175
အပိုင်း 176
အပိုင်း 177
အပိုင်း 178
အပိုင်း 179
🍯🐝
အပိုင်း 180
အပိုင်း 181
ကြေငြာ
🌫️
အပိုင်း 182
အပိုင်း 183
အပိုင်း 184
အပိုင်း 185
အပိုင်း 186
အပိုင်း 187
အပိုင်း 188
အပိုင်း 189
အပိုင်း 190
အပိုင်း 191
အပိုင်း 192
အပိုင်း 193
🍯🐝
ကျေးဇူးတင်လွှာ🙇‍♀️

အပိုင်း 35+36

1.1K 84 3
By Bee9966

အခန်း ၃၅- တပည့်တစ်ဦးကို ခေါ်ဆောင်လာခြင်း၊ စာပေကြယ်ပွင့်တစ်ပွင့် ကမ္ဘာမြေပေါ်ကို ဆင်းသက်လာခြင်း

ယဲ့ချိုးပိုင် နေအိမ်မှထွက်ခွာသွားပြီးနောက် လုချန်ရှန်းသည် တပည့်များထပ်မံခေါ်ယူပါက ဆုလာဘ်များလည်း ပိုမိုရရှိနိုင်မည်ဟု တွေးမိလိုက်သည်။

ထိုအကြောင်းကိုတွေးမိပြီး လုချန်ရှန်းမှာ ​လျှို့ဝှက်တာအိုကျောင်းတော်ကထွက်လာခဲ့ပြီး နယ်မြေလေးခုဆီသို့ လမ်းလျှောက်ထွက်လာခဲ့သည်။

အဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။

အမွှေးတိုင်မီးရှို့သလောက်သာကြာသည့်အချိန်အတွင်းမှာပင် သူသည် တောင်ပိုင်းဒေသရှိ ချောင်ကြိုချောင်ကြားများထဲအထိပါ ရောက်ခဲ့သည်။

မြောက်ပိုင်းနယ်မြေထဲကို သူ ရောက်လာပြီး ဤတောင်တန်းငယ်လေးကို ဖြတ်သွားချိန်မှာမူ စနစ်ဆီမှအသံတစ်သံ ထွက်ပေါ်လာလေတော့သည်။

[လုပ်ဆောင်ရမည့်တာဝန် ; တပည့်တစ်ယောက်လက်ခံရန် မြစ်ဝှမ်းရွာသို့သွားပါ]

[အမည် : နင်ချန်းရှင်း]

[စွမ်းရည် : SSS အဆင့်]

[အထုံပါရမီ : အထက်တန်းစားစိတ်ဝိညာဉ်၊  စာပေကြယ်ပွင့်တစ်ပွင့် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာခြင်း၊ ဧကရာဇ်ဖြစ်ရန် အရည်အချင်းရှိသူ]

ကောင်းလိုက်တာ.. ဧကရာဇ်ဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့ နောက်ထပ်တစ်ယောက်ပဲ..

ဤသို့ဖြင့် ယခုလိုဖြစ်ပွားလာရခြင်းပင်။

နင်ချန်းရှင်းသည် သူ့ကိုယ်သူလက်ညှိုးထိုးပြပြီး လေထဲတွင်လွင့်မျောနေသော လုချန်ရှန်းကို ကြည့်လိုက်ပြီး အံ့သြမှင်တက်စွာပြောလိုက်၏။

"အမတအရှင်သခင်.. သင်က ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်ပေမဲ့ ကျွန်တော်က သိုင်းပညာမကျင့်ကြံနိုင်ပါဘူး"

လုချန်ရှန်းက တခစ်ခစ်ရယ်လိုက်သည်။

"ဒါဆို မင်း တာအိုဆိုတာကို ဘယ်လိုယူဆထားလဲ"

ထိုအရာကိုကြားတော့ နင်ချန်းရှင်း အံ့သြသွားသည်။

တာအိုက ဘာလဲ။

Daoက ဘာကြီးလဲ။

သူ ထိုအကြောင်းကို တစ်ခါမှမတွေးဖူးသလို ဤလမ်းကြောင်းအတိုင်းလည်း မတွေးဖူးပေ။

နင်ချန်းရှင်း လေလေးနက်နက်တွေးတောလိုက်မိသည်။

ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းက သူ့ကို မနှောင့်ယှက်ပေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အကာအကွယ်အရံအတားတစ်ခု ဖန်ဆင်းလိုက်သည်။ သို့မှသာ သူတို့နှစ်ယောက်ကို မည်သူမှမနှောက်ယှက်နိုင်မှာဖြစ်၏။

တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာ၏။

နင်ချန်းရှင်းကတော့ တွေးနေတုန်းပင်။ ဒါပေမယ့် သေမျိုးတစ်ယောက်အနေနှင့် သူ မစားမသောက်ဘဲနေသော်လည်း သူ့ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များက ယိုယွင်းမသွားဘဲ မျက်နှာလေးနီမြန်းရုံသာရှိ၏။

စတုတ္ထနေ့တွင် နင်ချန်းရှင်းကို ဖြူဖျော့ဖျော့အရှိန်အဝါတစ်ခု ဝန်းရံထားလိုက်ပေသည်။

ဤသည်မှာ ဖြောင့်မတ်ခြင်းလမ်းစဉ်ပင်။

နင်ချန်းရှန် မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သည်။ တာအိုလမ်းစဉ်ကို အနည်းငယ်မျှ သူဖမ်းဆုပ်ထားနိုင်လိုက်ပြီဟု ခံစားမိသော်လည်း အမိအရယူကြည့်သောအခါတွင်လည်း ချက်ချင်းပျောက်သွားပြန်သည်။

ငါးပေါက်စလေးတစ်ကောင်လိုပင်။ မြင်နိုင်သော်လည်း ဖမ်းမမိချေ။

နင်ချန်းရှင်းက လုချန်ရှန်းကိုကြည့်ပြီး မေးလိုက်သည်။

"တာအိုလမ်းစဉ်ဆိုတာ ဘာလဲ "

သူသည် ပညာရှင်တစ်ဦးဖြစ်သည်။

သုတစာအုပ်များကိုဖတ်တိုင်း သူနားမလည်သည့်အရာတစ်ခုတွေ့လျှင် တွေးတောအဖြေထုတ်နေမိသည်။

နားမလည်လျှင် ပြန်မေးသည်။

လုချန်ရှန်းကလည်း နင်ချန်းရှင်းကိုကြည့်ပြီး အဖြေကို တိုက်ရိုက်မပေးလိုက်ချေ။ ထိုအစား သူက "မင်း ဘာလို့ စာလေ့လာနေရတာလဲ"ဟု မေးလိုက်သည်။

နင်ချန်းရှင်း၏နှလုံးခုန်သံမှာ စည်းချက်တစ်ချက်လွဲသွားသည်။ သူ ခဏလောက်စဉ်းစားကြည့်ပြီး ပြန်ဖြေလိုက်သည်။

"ကမ္ဘာကြီးကို ပညာပေးဖို့နဲ့ ကမ္ဘာပေါ်ကစစ်ပွဲတွေကို တားဆီးဖို့"

အမှန်ပင်။ သူသည် စာအုပ်များကိုအသုံးပြုပြီး ကမ္ဘာကြီးကို အသိပညာပေးပြီး ငြိမ်းချမ်းမှုများကို ဖြည့်စွမ်းပေးချင်သည်။

၎င်းသည် ငြိမ်ချမ်းပြီး စိတ်ချမ်းမြေ့ဖွယ်ရာပင်။ ကမ္ဘာကြီးလည်း ငြိမ်းချမ်းလာပေလိမ့်မည်။

နင်ချန်းရှင်း ထိုသို့​ပြောလိုက်သောအခါ ကောင်းကင်ထက်မှ ရွှေရောင်ဗုဒ္ဓရောင်ခြည်တစ်ဖြာသည် နင်ချန်းရှင်း၏ခန္ဓာကိုယ်ပေါ် ဖြာကျလာလေသည်။

ဤသည်မှာ ကုသိုလ်တော်ရောင်ခြည်ဖြစ်သည်။ ကောင်းကင်ဘုံမှကုသိုလ်တော်တရားသည်လည်း သူ့အား တာဝန်တစ်ရပ်ပေးအပ်ခဲ့သည်။

ထိုအခြင်းအရာကိုမြင်တော့ လုချန်ရှန်းက ခေါင်းညိတ်ပြပြီး စကားဆို၏။

"တာအိုဆိုတာက တာအိုပါပဲ။ အဲ့ဒါက ပန်းတစ်ပွင့်လည်းဖြစ်နိုင်သလို သစ်ပင်တစ်ပင်လည်းဖြစ်နိုင်တယ်။ ဖုန်မှုန့်တွေလည်း ဖြစ်နိုင်တာပဲ။ အရာအားလုံးဟာ တာအိုဖြစ်နိုင်ပါတယ်"

နင်ချန်းရှင်းလည်း အတွေးနက်သွားရချေတော့သည်။

လုချန်ရှန်းက သူ့စကားကိုဆက်၏။

"မင်းက ကမ္ဘာကြီးကိုဉာဏ်အလင်းပေးဖို့ စာဖတ်တယ်။ ဒါလည်း တာအိုပဲ"

"ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ဆိုတာလည်း တာအိုပဲ"

ထိုစကားကိုကြားတော့ နင်ချန်းရှင်း၏ခန္ဓာကိုယ် တုန်လှုပ်သွားရသည်။

သူ့စိတ်ထဲတွင် ရွှေရောင်အလင်းတန်းများ ပေါ်ပေါက်လာသည် ။ သူ့လက်ကို ဆန့်ထုတ်လိုက်ရုံဖြင့် ထိုအရာကို ဖမ်းဆုပ်နိုင်ပေသည် ။

နင်ချန်းရှင်းသည် လက်လှမ်းမီနေပြီဖြစ်၏။ ရှေ့တစ်လှမ်းတိုးဖို့သာ လိုပြီး မကြာခင် ကျော်ဖြတ်နိုင်တော့မည်သာ။

လုချန်ရှန်းက ခပ်တိုးတိုးအော်ဟစ်လိုက်သည်။

"တာအိုက တာအိုပဲ။ သာမန်ထက်ထူးကဲတဲ့တာအိုတစ်ခု။ အမည်နာမတစ်ခုဆိုတာလည်း အမည်နာမတစ်ခုသက်သက်ပဲ။ ထူးကဲတဲ့အမည်နာမတစ်ခုပဲ။ တာအိုက တာအိုပါပဲ။ ဒါပေမဲ့ အမြဲတမ်းတော့ တာအိုလို့ခေါ်တာမဟုတ်ဘူး။  အမည်နာမဆိုတာလည်း အမည်နာမတစ်ခုပါပဲ။ ဒါပေမဲ့ အမြဲတမ်းတော့ မတူနိုင်ဘူး"

အုန်း..

နင်ချန်းရှင်း၏ခန္ဓာကိုယ်သည် လျှပ်စီးလက်သလို တုန်ခါသွားသည်။

သူသည် မျက်လုံးမှိတ်ပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ ဖြောင့်မတ်ရေးစွမ်းအင်လှိုင်းလုံးများက သူ့ခန္ဓာကိုယ်ကို အဆက်မပြတ်ဝန်းရံထားသည်။

နင်ချန်းရှင်း၏ မျက်ခုံးနှစ်ဖက်ကြားမှ ရွှေရောင်အလင်းတန်းများ တောက်ပနေချေသည်။

နင်ချန်းရှင်းသည် သူ့စိတ်အာရုံထဲရှိ ရွှေရောင်အလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။

သူ၏တာအိုနှလုံးသားသည် အတုအယောင်ဖြစ်နေခဲ့သည်။

နင်ချန်းရှင်းသည် ကွန်ဖြူးရှပ်အယူဝါဒဖြင့် တာအိုလမ်းစဉ်သို့ ဝင်ရောက်လာခဲ့သည်။

သူ၏ကျင့်ကြံရေးနည်းဗျူဟာသည် သာမန်ကျင့်ကြံသူများနှင့် လုံးဝမတူပေ။

အခြားသူများသည် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ကျင့်ကြံကြရသည်။

နင်ချန်းရှင်းကမူ သူ၏ဖြောင့်မတ်ရေးလမ်းစဉ်ကို ကျင့်ကြံရန်သာ လိုအပ်သည်။

အနာဂတ်တွင် ရန်သူများနှင့်တွေ့ကြုံရသောအခါ ထိုရန်သူကိုသုတ်သင်ရန် ဖြောင့်မတ်ခြင်းချီစွမ်းအင်ကို အသုံးပြုနိုင်လေသည်။

ခဏအကြာတွင် နင်ချန်းရှင်းသည် မျက်လုံးဖွင့်လာပြီး လုချန်ရှန်းကို ကြည့်လိုက်သည်။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ စကားဆို၏။

"နှုတ်ခွန်းဆက်ပါတယ် ဆရာသခင်"

[မစ်ရှင်အောင်မြင်သွားပါပြီ။ ရရှိသောဆုလာဘ်များ : တာအိုနိယာသုတစာအုပ်၊ တာအိုကျမ်းဂန်၊ ကျင့်ကြံရေးသက်တမ်းနှစ်နှစ်ထောင်]

မဆိုးပါဘူး..

လုချန်ရှန်းက ပြုံးလျက်ခေါင်းညိတ်ပြလိုက်သည်။ သူသည် နင်ချန်းရှင်းကို မြေကြီးပေါ်က ထူမလိုက်ပြီး ပြောလိုက်သည်။

"မင်းက ငါ့ကို မင်းရဲ့ဆရာအဖြစ် အသိအမှတ်ပြုထားပေမဲ့ ငါ့မှာ ပေးစရာဆိုလို့ ကောင်းကောင်းကန်းကန်းဘာမှမရှိဘူး။ ဒါကြောင့် မင်းကို ဒါလေးပေးမယ်"

ထို့နောက် လုချန်ရှန်းသည် သူ့လက်ကိုဝှေ့ယမ်းလိုက်လေရာ သူ့လက်ထဲတွင် ရှေးဟောင်းစာအုပ်တစ်အုပ် ပေါ်လာလေသည်။ သူက ထိုစာအုပ်ကို နင်ချန်းရှင်းအား ပေးလိုက်သည်။

"ဒါက တာအိုကျမ်းဂန်တစ်ခုပဲ။ ရန်သူတွေကို တိုက်ခိုက်ဖို့သုံးနိင်သလို သိမြင်ရှုမှတ်ဖို့ရာလည်း သုံးနိုင်တယ်။ ဒါကို ယူထားလိုက်ပါ"

နင်ချန်းရှင်းသည် သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး ဂရုတစိုက်ကိုင်တွယ်လိုက်သည်။ စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါတွင် တာအိုနိယာမ၏စွမ်းအားကို သူခံစားလိုက်ရသည် ။

သူ့အမူအရာ ပြောင်းလဲသွားချေသည်။

ဤစာအုပ်သည် သာမန်ပစ္စည်းတစ်ခုမဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် ဆရာ"

လုချန်ရှန်းက ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။

"မင်းမှာ ယဲ့ချိုးပိုင်လို့ခေါ်တဲ့ စီနီယာအစ်ကိုတစ်ယောက်နဲ့ ဟူန်ရင်လို့ခေါ်တဲ့ စီနီယာအစ်မတစ်ယောက် ရှိတယ်။ နောင်မှာ မင်း အခက်အခဲတစ်ခုခုကြုံလာရင် သူတို့ကို သွားရှာနိုင်တယ်"

နင်ချန်းရှင်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ။ ငါ့နဲ့အတူ ဂိုဏ်းကိုပြန်ရအောင်"

လုချန်ရှန်းက နင်ချန်းရှင်းကို ခေါ်သွားချင်သော်လည်း နင်ချန်းရှင်းက သူ့ခေါင်းကိုခါယမ်းပြီး ပြောလိုက်သည်။

"ဆရာ..ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော် ဂိုဏ်းထဲကိုမလိုက်နိုင်သေးပါဘူး"

လုချန်ရှန်းက သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။

နင်ချန်းရှင်းက ပြောပြလိုက်သည်။

"ကျွန်တော်ရဲ့ပညာတွေက တာအိုနှလုံးသားကိုထောက်ပံ့ပေးဖို့ မလုံလောက်သေးဘူးလို့ခံစားမိလို့ လေ့ကျင့်မှုတွေဆက်လုပ်ချင်လို့ပါ"

ထိုစကားကိုကြားသည့်အခါ လုချန်ရှန်းခေါင်းညိတ်ပြလိုက်သည်။

တကယ်တမ်းတွင် လူတိုင်းမှာ သူတို့ကိုယ်ပိုင်ကျင့်ကြံရေးနည်းဗျူဟာများ ရှိကြသည်။

နင်ချန်းရှင်းသည် သေမျိုးကမ္ဘာတွင် ဆက်လက်လေ့ကျင့်လိုသည့်အ​ကြောင်းကို သူ နားလည်နိုင်သည်။

လုချန်ရှန်း သဘောတူရုံသာတတ်နိုင်သည်။

"ကောင်းပြီ။ ဒါလေး မင်းကို ငါပေးလိုက်မယ်"

ထိုအချိန်တွင် လုချန်ရှန်းသည် ကျောက်စိမ်းဆွဲသီးလေးတစ်ခုကို နင်ချန်းရှင်းအား ပေးလိုက်သည်။

"ဒါက.."

နင်ချန်းရှင်း အံ့အားသင့်သွားသည်။

လုချန်ရှန်းက ပြောလိုက်သည်။

"ဒီကျောက်စိမ်းဆွဲသီးထဲမှာ ငါတည်ဆောက်ထားတဲ့ ဓားသိုင်းအစီအရင်တစ်ခုပါတယ်။ မင်းအန္တရာယ်ကြုံတဲ့အခါ အသုံးပြုနိုင်တယ်။ ပြီးတော့ မင်းရဲ့စီနီယာအစ်ကိုနဲ့အစ်မကို ဆက်သွယ်ဖို့အတွက်လည်း ဒီကျောက်စိမ်းဆွဲသီးကို သုံးလို့ရတယ်"

၎င်းသည် အသံလွှင့်ကိရိယာနှင့်ဆင်တူသည့် ပစ္စည်းငယ်တစ်ခုဖြစ်သည်။

နင်ချန်းရှင်း လက်သီးဆုပ်ပြီးဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

"ကောင်းပြီ။ ငါအရင်သွားနှင့်မယ်"

ထို့နောက် သူ ထိုနေရာမှာဆက်မနေဘဲ ပျောက်ကွယ်သွားသည်။

နင်ချန်းရှင်းသည် လုချန်ရှန်းပျောက်ကွယ်သွားသော ဦးတည်ရာဆီသို့ လှမ်းကြည့်ကာ ဦးညွှတ်လိုက်သည်။ အတော်ကြာသည်အထိ သူ့ခန္ဓာကိုယ် ပြန်မတ်မလာပေ။

စံအိမ်တော်သို့ပြန်လာပြီးနောက် လုချန်ရှန်းကဆို၏။

"ငါ သူ့ကို ပြန်မခေါ်နိုင်ခဲ့တာ သနားစရာပဲ။ ငါ့အတွက် နောက်ထပ် ထမင်းချက်ပေးမယ့်သူ မရှိတော့ဘူး"

မိုးမခပင် : "..."

ငှက်ကလေး : "..."

သာမန်ကျင့်ကြံသူများဆိုလျှင် အရိယာအဆင့်ကိုရောက်သွားပါက အစားအသောက်မစားကြတော့ပေ။ သူတို့ရှေ့ရှိလူကမူ နက်နဲလှသောကျင့်ကြံမှုအဆင့်ကိုရောက်နေသည့်တိုင် နေ့တိုင်းစားသောက်နေဆဲပင်။

တစ်ချိန်တည်းမှာပင် မြောက်ပိုင်းနေမဝင်အင်ပါယာတွင်..

ညှိုးနွမ်းဖျော့တော့နေသောအရှိန်အဝါဖြင့် ကျန်းကျွင်းက ဟွမ်းထျန်းမင်ရှေ့မှာ ဒူးထောက်လိုက်သည်။

"ယဲ့ချိုးပိုင်က လျှို့ဝှက်တာအိုကျောင်းကလူတွေနဲ့အတူ နယ်မြေလေးခုပညာဖလှယ်ပွဲမှာဝင်ပြိုင်ဖို့ မြောက်ပိုင်းဒေသကိုလိုက်လာတယ်ဆိုတဲ့ သတင်းရထားပါတယ်"

"ကောင်းပြီ"

ဟွမ်းထျန်းမင်က ခေါင်းတညိတ်ညိတ်ဖြင့်ပြောလိုက်၏။

"မင်း ဒီအကြောင်း အရိပ်လုပ်ကြံရေးအဖွဲ့အစည်းကို ပြောပြီးပြီလား"

"သူတို့ သိပြီးသားပါ"

"ကောင်းပြီ။ ဒါဆို မြောက်ပိုင်းဒေသရဲ့ လျှို့ဝှက်တာအိုကျောင်းတော်ကလူတွေကို အသင့်ပြင်ထားဖို့အသိပေးလိုက်"

"နားလည်ပါပြီ"

ကျန်းကျွင်းမတ်တတ်ထရပ်ပြီး ထွက်သွားလေသည်။

ဟွမ်းထျန်းမင်သည် လျှို့ဝှက်တာအိုကျောင်းတော်ရှိရာနေရာရှိ ကောင်းကင်ထက်ကို မော့ကြည့်လိုက်သည်။

"မင်းက ကောင်းကင်ဘုံလမ်းစဉ်ကို မလျှောက်ဘဲ ပြန်လမ်းမဲ့တဲ့ငရဲပြည်ကိုမှ တည့်တည့်လျှောက်လာဖို့ ရွေးချယ်လိုက်တာပဲ"

အခန်း ၃၆ : ထိုင်ခုံနေရာယူခြင်း

မြောက်ပိုင်းဒေသတွင်..

ဤနေရာရှိ လျှို့ဝှက်တာအိုကျောင်းတော်သည် တောင်ပိုင်းဒေသရှိကျောင်းတော်ထက် ပိုမိုချမ်းသာသည်။

ဤသည်မှာ ယဲ့ချိုးပိုင်နှင့်အခြားသူများ ခံစားလိုက်ရသော ပထမဆုံးအမြင်ဖြစ်သည်။

တပည့်တပန်းပေါင်းများစွာလည်းရှိ၍ တစ်ချိန်တည်းမှာပင် ကျောင်းတော်ကြီးထဲ၌ အမျိုးမျိုးသော စိတ်တန်ခိုးရှင်ဘုံအဆင့်များရှိသည်။

သို့သော်လည်း ကွာခြားသည်မှာ မြောက်ပိုင်းဒေသသည် တောင်ပိုင်းဒေသထက် ပို၍ပင် ဖိနှိပ်ချုပ်ချယ်ခံရခြင်းဖြစ်၏။

ခေါင်းဆောင်ရူက ​ရှင်းပြသည်။

"မြောက်ပိုင်းဒေသရဲ့လျှို့ဝှက်တာအိုကျောင်းတော်က လိုက်လျောညီထွေဖြစ်အောင် ရှင်သန်နေထိုင်ခြင်းကို အသားပေးထားတာ"

"တခြားသူတွေနောက်မှာ နည်းနည်းလောက်များ နောက်ကောက်ကျကျန်နေခဲ့တာနဲ့ ဒီနေရာကနေ ဖယ်ထုတ်ခံရလိမ့်မယ်"

ထိုစကားကိုကြားသောအခါ အားလုံး သဘောပေါက်သွားကြသည်။

ထိုသို့ ဖိအားများသည့်ပတ်ဝန်းကျင်အောက်တွင် သူ သန်မာနေမှသာ ပထမအဆင့်အဖြစ်သတ်မှတ်ခံရမှာ ပုံမှန်ပင်ဖြစ်၏။

သို့သော် ယဲ့ချိုးပိုင်သည် တောင်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်၏အငွေ့အသက်ကို ပိုနှစ်သက်သည်။

ကိုယ်ခံပညာအကြောင်းဆွေးနွေးခြင်း နှင့် သိမြင်နားလည်မှုကို အတည်ပြုရန် လက်ရည်စမ်းကြခြင်း။

အလွန်အေးချမ်းလှပုံပင်။

ထိုအချိန်တွင် လူကြီးသူမအချို့ ရောက်ချလာသည်။

ခေါင်းဆောင်ဖြစ်သူသည် မျက်ခုံးမွေးနှင့် မုတ်ဆိတ်မွေးခပ်ရှည်ရှည်ရှိသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။

သူသည် အနည်းငယ်ဦးညွှတ်ပြီး ပြုံးပြလေသည်။

"အားလုံးကို ကြိုဆိုပါတယ်။ နေအိမ်တွေကိုလည်း စီစဉ်ပြီးပါပြီ။ ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ကြပါ"

ဤပုဂ္ဂိုလ်သည် မြောက်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်၏ အကြီးအကဲရူ နျဲ့ချင်ဖြစ်သည်။

သိုင်းပညာခန်းမအကြီးအကဲက ရှင်းပြသည်။

သူတို့သည် နေထိုင်ရမည့်နေအိမ်ဆီသို့ ဦးတည်သွားနေစဉ်မှာ မြောက်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်မှ တစ်စုံတစ်ယောက်က တီးတိုးပြောဆိုနေချေသည်။

သူ့စကားများက ရှုံ့ချမှုများအပြည့်ပင်။

"ဒီလူတွေက တောင်ပိုင်းဒေသရဲ့တောရိုင်းမြေကလာကြတာမဟုတ်လား"

"ဟုတ်တယ်။ ငါက နယ်မြေလေးခုပညာဖလှယ်ပွဲမှာပါဝင်ဖို့ ရောက်လာတာ"

"သူတို့နဲ့ ပြိုင်ရမှာတဲ့လား။ သူတို့အဆင့်တွေက ငါ့လောက်တောင်မမြင့်တာ။ စီနီယာအစ်ကိုကျန်းတောင် အားစိုက်စရာလိုလိုက်မှာမဟုတ်ဘူးထင်တယ်"

သူတို့စကားဝိုင်းသည် လူတိုင်း၏နားထဲကို ရှင်းရှင်းလင်းလင်းရောက်သွားလေသည်။

ဟော်ချင်းမင်က ဒေါသတကြီးပြောသည်။

"သူတို့က ငါတို့ကို တအားတွေအထင်သေးနေတာပဲ"

ရှင်းဟုန်ယီကလည်း သူ့လက်ထဲကဓားကို ထုတ်လိုက်ပြီး အေးစက်စွာဆိုလေ၏။

"သူတို့ ဘယ်လောက်တောင်သန်မာလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်"

လင်းစီ၏အမူအရာမှာလည်း အလွန်ရုပ်ဆိုးအကျည်းတန်နေချေသည်။

ဟွမ်းယွမ်ကမူ တည်ငြိမ်စွာဝင်ပြောလာသည်။

"ယာယီအကျိုးအတွက်နဲ့ တိုက်ခိုက်စရာမလိုပါဘူး။ မနက်ဖြန်သိုင်းပညာဖလှယ်ဖို့အတွက် မင်းတို့ရဲ့ခွန်အားကို ချွေတာထားလိုက်ပါ"

ဟော်ချင်းမင်က နှာမှုတ်ပြီး သူ့နှလုံးသားထဲရှိ ဒေါသများကို မျိုသိပ်ထားလိုက်ရသည်။

ရှင်းဟုန်ယီကမူ နားမထောင်ချေ။ သူ(မ)က ရှေ့ကို ခြေတစ်လှမ်းတိုးတော့မည့်ဆဲဆဲတွင် ယဲ့ချိုးပိုင်က သူ(မ)ကို လှမ်းဖမ်းထားလိုက်၏။

"တကယ်တော့ မလိုအပ်ပါဘူး။ မနက်ဖြန်ကျမှ သူတို့တွေကို ပါးဖြတ်ရိုက်ဖို့ ငါတို့ရဲ့ခွန်အားကို အသုံးချကြတာပေါ့"

ထိုစကားကိုကြားတော့ ရှင်းဟုန်ယီက သူ့လက်ထဲကဓားကို ပြန်ရုပ်လိုက်သည်။

ဟွမ်းယွမ်သည် ယဲ့ချိုးပိုင်ကို တစ်ချက်မျှကြည့်လိုက်မိသည်။

ခုနက သူပြောခဲ့တာတွေကို နားမဝင်ပေမဲ့ ယဲ့ချိုးပိုင်ကတော့ သူ့ကို နားချလိုက်နိုင်တာပဲ..

သူတို့အုပ်စု နေအိမ်သို့ ရောက်လာကြသည်။

မြောက်ပိုင်းဒေသ၏ လျှို့ဝှက်တာအိုကျောင်းတော်သည် မည်သည့်အဆင့်နိမ့်လှည့်ကွက်မျိုးကိုမှ မကစားခဲ့ပေ။ သူတို့နေထိုင်ဖို့ စီစဉ်ထားသည့်နေရာမှာ မဆိုးလှချေ။

"မနက်ဖြန်က သိုင်းပညာဖလှယ်ပွဲနေ့ပါ။ ကျေးဇူးပြုပြီး ကောင်းကောင်းအနားယူကြပါ"

ဤသို့ပြောပြီးနောက် နျဲ့ချင် ထွက်သွားလေသည်။

ခေါင်းဆောင်ရူနှင့် သိုင်းပညာခန်းမအကြီးအကဲကလည်း နောက်ကလိုက်သွားလေသည်။ တစ်စုံတစ်ခုကို ဆွေးနွေးချင်နေသည်မှာ သိသာလှသည်။

ချင်းထျန်းနျန်သည် သူတို့ မြောက်ပိုင်းဒေသထဲကိုရောက်ပါပြီဆိုကတည်းက ပြန်သွားခဲ့ခြင်းဖြစ်သည်။

အကြီးအကဲနှစ်ယောက် ထွက်သွားသည်ကိုမြင်သောအခါ ဟော်ချင်းမင်က ဒေါသတကြီး ကျိန်ဆဲလေသည်။

"သူတို့က အစွမ်းအားကိုးနဲ့ မာန်တက်နေကြတာပဲ။ အကြိမ်နည်းနည်းလောက်ပဲ ပထမရခဲ့ရုံလေးပဲမဟုတ်ဘူးလား။ ဒီတစ်ခါတော့ ငါ သူတို့ကို ဖြုတ်ချပြမယ်"

လင်းစီကလည်း မျက်နှာမသာမယာနှင့်ဆို၏။

"မနက်ဖြန်ကျရင် ဘယ်သူကဘာဆိုတာ သိရတော့မှာပါ"

ယဲ့ချိုးပိုင်ကမူ ပခုံးတွန့်ပြလိုက်ပြီး သိုင်းကျင့်ကြံရန်ပြင်သည်။

ထိုအချိန်တွင် လူတစ်စုက ခြံတံခါးကိုတွန်းဖွင့်ပြီး မနှုတ်ဆက်ပါဘဲ ဝင်လာကြလေသည်။

"မင်းတို့က ဘယ်သူတွေလဲ"

ကျုံးဝူက အနည်းငယ်မျက်မှောင်ကြုတ်လျက် ဆို၏။

"ယဉ်ကျေးမှုမရှိလိုက်တာ"

အရပ်ရှည်ရှည်နှင့် ခပ်ပိန်ပိန်ယောက်ျားတစ်ယောက်က လှောင်ပြောင်လေတော့သည်။

"တောင်ပိုင်းအရိုင်းသားတွေကို ယဥ်ကျေးပြစရာလိုလို့လား"

"မင်း"

ဟွမ်းယွမ်က ဟော်ချင်းမင်ကို နောက်ပြန်ဆွဲလျက် ရှေ့သို့လျှောက်သွားလိုက်သည်။

"မင်းတို့ ငါတို့ကိုရန်စဖို့ရောက်လာတာဆိုရင် လှည့်ပြန်လိုက်ပါတော့ "

ရှေ့ဆုံးမှလူငယ်လေးသည် အရပ်မြင့်မြင့်နှင့် ပိန်ပါးပါးလူငယ်ကို အေးစက်စွာ ကြည့်လိုက်၏။

ထိုအခြင်းအရာကိုမြင်တော့ ထိုအရပ်ရှည်ရှည်နှင့် ပိန်လှီသောလူက ပါးစပ်ပိတ်သွားသည်။

"တောင်းပန်ပါတယ်။ အားလုံးပဲ.. ကျွန်တော့်ဂျူနီယာညီလေးက အရမ်းရိုင်းပျမိသွားပါတယ်"

"ကျွန်တော် ဒီကိုလာတာ အားလုံးကို ဧည့်ခံပွဲကိုလာခဲ့ဖို့ လာဖိတ်တာပါ"

“နယ်မြေလေးခုကကျောင်းတော်ကြီးတွေရဲ့ ပါရမီရှင်တွေကို ဒီည အခမ်းအနားအတွက် ဖိတ်ကြားရတာပါ။ ဒါက နယ်မြေလေးခုက လူငယ်ပါရမီရှင်အချင်းချင်း ရင်းနှီးချစ်ခင်ဖို့လည်း အဆင်ပြေစေပါတယ်"

ဟွမ်းယွမ်က ခဏမျှစဉ်းစားပြီး လူတိုင်းကို လှည့်ကြည့်လိုက်သည်။

သူသည် ယဲ့ချိုးပိုင်နှင့် အခြားသူများ၏ထင်မြင်ချက်ကို တောင်းဆိုနေသည်မှာ ရှင်းနေချေသည်။

ဟော်ချင်းမင်က နှာမှုတ်လျက် ဘာမှမပြောလာချေ။

ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင် ခေါင်းညိတ်ပြသည်ကိုမြင်တော့ သူပါ လိုက်ခေါင်းညိတ်ပြလိုက်သည်။

ကျုံးဝူနှင့် လင်းစီတို့ကလည်း ကန့်ကွက်ခြင်းမရှိပေ။

သို့မှသာ ဟွမ်းယွမ်ကဆို၏။

"ကောင်းပါပြီ။ ငါတို့ ဒီညဧည့်ခံပွဲကို အချိန်မီတက်ရောက်ပါ့မယ်"

ထိုအခြင်းအရာကိုမြင်တော့ ထိုလူက ကျေနပ်စွာခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ကျွန်တော် မင်းတို့ကိုမျှော်နေပါ့မယ်"

ထို့နောက် သူတို့ထွက်ခွာသွားလေသည်။

လင်းစီက ပြောလာလေသည်။

"ဒီပွဲက ဟုန်မန်ဧည့်ခံပွဲပဲဖြစ်ရမယ်။ နယ်မြေအသီးသီးကလူတွေရဲ့အင်အားကို ဖော်ထုတ်ချင်လို့လုပ်တာ"

ကျံးဝူကလည်း ခေါင်းညိတ်ပြီး သဘောတူသည်။

"ဒါက သူတို့ရည်ရွယ်ချက်ပဲဖြစ်လိမ့်မယ်။ အချိန်တန်လာရင် ငါတို့ရဲ့ခွန်အားကို ပြသရလိမ့်မယ်"

ဟွမ်းယွမ်ကလည်း ဝင်ပြောလေသည်။

"မင်းတို့ရဲ့ဝှက်ဖဲတွေကိုမဖော်ထုတ်ဘဲ ထိန်းသိမ်းထားနိုင်အောင် အစွမ်းကုန်ကြိုးစားပါ။ ချစ်ကြည်ရေးကိုလည်း အာရုံစိုက်ပါ။ ဒီတစ်ကြိမ်သာ ငါတို့ နောက်ဆုံးမှာပဲရှိနေသေးရင် ငါတို့တောင်ပိုင်းဒေသရဲ့လျှို့ဝှက်တာအိုကျောင်းတော်ကို တခြားလူတွေသိမ်းပိုက်သွားမှာစိုးတယ်"

ပင်မကျောင်းတော်သည် သူတို့ နောက်ဆုံးအဆင့်မှာတင် အကြိမ်ပေါင်းများစွာရှိနေသေးသည်ကိုမြင်လျှင် ကျောင်းတော်ကြီးကိုတာဝန်ယူခိုင်းရန် အခြားလူများကိုစေလွှတ်တော့မည်ဖြစ်၏။

ထိုအချိန်တွင် ချင်းထျန်းနျန်သည်လည်း အပြစ်ပေးခံရမည်ဖြစ်၏။

ဤအရာသည် မည်သူမျှမမြင်ချင်သောအရာဖြစ်သည်။

ထို့ကြောင့် ဤနေရာတွင် စိတ်အလှုပ်ရှားဆုံးဖြစ်နေသော ဟော်ချင်းမင်သည် လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

ဟွမ်းယွမ်က ယဲ့ချိုးပိုင်ကိုကြည့်လျက် ပြောသည်။

"နေမဝင်အင်ပါယာကလူတွေလည်း ဧည့်ခံပွဲမှာ ပေါ်လာနိုင်တယ်။ မင်းလည်း ဒါကို သည်းခံရမယ်"

ယဲ့ချိုးပိုင်၏ကိစ္စသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ ထျန်းယွမ်မြို့အနှံ့ ပျံ့နှံ့သွားခဲ့သည်။ အကြောင်းအရာအစုံအလင်ကို နည်းနည်းမျှစုံစမ်းရုံဖြင့် အကုန်သိနိုင်လေသည်။

စိတ်ဝင်စားမှုမရှိသော ယဲ့ချိုးပိုင်၏မျက်ဝန်းများသည် အေးစက်သွားလေသည်။ သူသည် မျက်ခုံးပင့်လိုက်ပြီး ဘာမှတော့ပြန်မပြောပေ။

ထိုအရာကိုမြင်တော့ ဟွမ်းယွမ်က ဘာမှထပ်မပြောတော့ချေ။

သူ့ဆရာသခင်ပင်လျှင် ယဲ့ချိုးပိုင်၏အရည်အချင်းကို ချီးကျူးထားသည်။

အချိန်ကား လျင်လျင်မြန်မြန်ကုန်ဆုံးသွားပြီး ညနေခင်းအချိန်ကို ရောက်ရှိလာသည်။

ဟွမ်းယွမ်နှင့် အခြားသူများသည် ဧည့်ခံပွဲသို့သွားကြလေတောြသည်။

ဧည့်ခံပွဲကာ သိုင်းပညာခန်းမမှာ ကျင်းပလေသည်။

ယခုအချိန်တွင် သိုင်းပညာခန်းမ၌ စားပွဲနှင့်ထိုင်ခုံများ တစ်ရာကျော်ရှိသည်။ စားပွဲတစ်ခုစီတွင်လည်း အစားအသောက်မျိုးစုံခင်းကျင်းထားသည်။

သို့သော် စားပွဲနှင့်ထိုင်ခုံများသည် အနောက်ဘက်ကိုရောက်လေလေ အစားအသောက်များက ပိုရိုးရှင်းလေလေဖြစ်ကြောင်းကို မျက်စိလျင်သူများ ရှာဖွေတွေ့ရှိနိုင်ပေသည်။

ရှေ့ဆုံးခုံနှင့်နီးလာလေလေ အရသာပိုရှိလေလေပင်။

ကျုံးဝူက မပြုံးဘဲမနေနိုင်တော့ချေ။

"ထူးထူးခြားခြားအစီအစဉ်တစ်ခုရှိပုံရတယ်"

သူပြောပြီးသည်နှင့် လူတစ်စု အနားကဖြတ်သွားကြသည်။

"မင်းရဲ့ရှေ့မှာ စားပွဲနဲ့ထိုင်ခုံတွေရှိနေတာကို လူတိုင်း မြင်ကြမှာပါ။ စားချင်ရင် ထိုင်ခုံမှာနေရာယူလိုက်ပါ"

"ဟုတ်တယ်။ မင်းတို့နေရာအတွက် မင်းတို့ကိုယ်တိုင် တိုက်ပွဲဝင်ရမယ်။ စားပွဲတစ်ခုတည်းကိုပဲ လူနှစ်ယောက်ရွေးထားတယ်ဆိုရင်တော့ မင်းတို့အချင်းချင်း ကြည့်ကြပ်ညှိနှိုင်းကြပေါ့"

ထိုလူ၏စကားက အလွန်ယဉ်ကျေးသော်လည်း ထိုစကားလုံးများ၏ နောက်ကွယ်ကအဓိပ္ပါယ်ကို လူတိုင်းနားလည်နိုင်သည်။

နေရာအတွက် တိုက်ခိုက်ဖို့လိုအပ်သည်။ အနိုင်ရသူက ထိုနေရာမှာထိုင်ဖို့ အရည်အချင်းပြည့်မီလိမ့်မည်။

ထိုစကားကိုပြောပြီးနောက် ထိုလူသည် ရှေ့ဆုံးခုံ၌သွားထိုင်ပြီး ပြုံးပြလေသည်။

"သေချာတာပေါ့။ မင်းတို့ ငါ့စားပွဲပေါ်ကအစားအသောက်တွေကို စားချင်ရင်လည်းရပါတယ်။ ယှဉ်ပြိုင်နိုင်တဲ့ခွန်အားရှိသရွေ့ ပြဿနာမဟုတ်ပါဘူး"

"ကောင်းပြီ။ အားလုံးထိုင်ကြတော့"

ဘယ်သူကမှ ချက်ချင်းမလှုပ်ရှားကြပေ။

သို့သော်လည်း အချိန်အနည်းငယ်ကြာပြီးနောက်တွင် အမျိုးသားတစ်ဦးက တောက်ပသောအပြုံးဖြင့် ရှေ့ထွက်လာလေသည်။

"လူတိုင်းက တအားနှိမ့်ချနေတော့ ငါလည်း ယဉ်ကျေးပြမနေတော့ဘူးနော်"

ထို့​​နောက် သူသည် ပထမ​ထိုင်ခုံ၏နောက်ဘက်ရှိခုံ​ပေါ်သို့ ခုန်​လွှားတက်​ထိုင်​လိုက်​သည်​။

"ဒီစားပွဲကိုလိုချင်တဲ့သူတိုင်း အခု လာနိုင်ပါပြီ"

ထိုအခြင်းအရာကိုမြင်တော့ လူအများကထွက်လာပြီး စားပွဲမှာ ဝင်ထိုင်လိုက်ကြသည်။

သို့သော် လက်ရှိအချိန်တွင် မည်သူကမှ နေရာကိုလုယူလိုခြင်း မရှိကြချေ။

(Note : ဟုန်မန်ဧည့်ခံပွဲဆိုတာ ပွဲကိုတက်ရောက်တဲ့ဧည့်သည်တွေကိုသုတ်သင်ဖို့ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ ပွဲတစ်ခုပါ။ ဟန်ဧကရာဇ်လျှိုပန်းက သူ့ပြိုင်ဘက် ရှန်းယွီရဲ့ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ဘီစီ၂၀၆တုန်းက ကျော်ကြားခဲ့တဲ့ဇာတ်လမ်းတွဲကို ရည်ညွှန်းတာပါ)

Continue Reading

You'll Also Like

4M 161K 69
Highest rank: #1 in Teen-Fiction and sci-fi romance, #1 mindreader, #2 humor Aaron's special power might just be the coolest- or scariest- thing ever...
12.5M 353K 64
"A hidden connection is stronger than an obvious one." ©𝐉𝐈𝐊𝐎𝐎𝐊𝐈𝐄𝟏𝟕 No translations allowed. |*Contains some mature and triggering content*|...
1M 189K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
26M 779K 76
"You are mine!" He roars. "I will do whatever it takes to make you know that. Whether it means I lock you up in a prison and throw away the key." Foo...