ငါ့တပည့်တွေက ဘုရင်တွေ

Par Bee9966

74.2K 6.1K 34

Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start dat... Plus

အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 20
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25+26
အပိုင်း 27+28
အပိုင်း 29+30
အပိုင်း 33+34
အပိုင်း 35+36
အပိုင်း 37+38
အပိုင်း 39+40
အပိုင်း 41+42
အပိုင်း 43+44+45
46+47+48+49+50
အပိုင်း 61+62+63+64+65
အပိုင်း 66+67+68+69+70
🚨
အပိုင်း 51+52+53+54+55
အပိုင်း 56+57+58+59+60
အပိုင်း 71+72
အပိုင်း 73+74
အပိုင်း 75+76
အပိုင်း 77
အပိုင်း 78
အပိုင်း 79+80
အပိုင်း 81
အပိုင်း 82
အပိုင်း 83
အပိုင်း 84
အပိုင်း 85
အပိုင်း 86
အပိုင်း 87
အပိုင်း 88
အပိုင်း 89
အပိုင်း 90
အပိုင်း 91
အပိုင်း 92
အပိုင်း 92
အပိုင်း 93
အပိုင်း 94
အပိုင်း 95
အပိုင်း 96
အပိုင်း 97
အပိုင်း 98
အပိုင်း 99
အပိုင်း 100
🚨
အပိုင်း 101
အပိုင်း 102
အပိုင်း 103
အပိုင်း 104
အပိုင်း 105
အပိုင်း 106
အပိုင်း 107
အပိုင်း 108
အပိုင်း 109
အပိုင်း 110
🌈
အပိုင်း 111
အပိုင်း 112
အပိုင်း 113
အပိုင်း114
အပိုင်း 115
အပိုင်း 116
အပိုင်း 117
အပိုင်း 118
အပိုင်း 119
အပိုင်း 120
အပိုင်း 121
အပိုင်း 122
အပိုင်း 123
အပိုင်း 124
အပိုင်း 125
အပိုင်း 126
အပိုင်း 127
အပိုင်း 128
အပိုင်း 129
အပိုင်း 130
အပိုင်း 131
အပိုင်း 132
🚨
အပိုင်း 133
အပိုင်း 134
အပိုင်း 135
အပိုင်း 136
အပိုင်း 137
အပိုင်း 138
အပိုင်း 139
အပိုင်း 140
အပိုင်း 141
အပိုင်း 142
အပိုင်း 143
အပိုင်း 144
အပိုင်း 145
🚨
အပိုင်း 146
အပိုင်း 147
အပိုင်း 148
အပိုင်း 149
အပိုင်း 150
အပိုင်း 151
အပိုင်း 152
အပိုင်း 153
🚨
အပိုင်း 154
အပိုင်း 155
အပိုင်း 156
အပိုင်း 157
အပိုင်း 158
အပိုင်း 159
အပိုင်း 160
အပိုင်း 161
အပိုင်း 162
အပိုင်း 163
အပိုင်း 164
အပိုင်း 165
အပိုင်း 166
အပိုင်း 167
အပိုင်း 168
အပိုင်း 169
အပိုင်း 170
အပိုင်း 171
အပိုင်း 172
အပိုင်း 172

အပိုင်း 31+32

644 54 0
Par Bee9966

အခန်း ၃၁ - အရာခပ်သိမ်းကိုချေမှုန်းခြင်း

နတ်မျက်စိသည် ကမ္ဘာပေါ်ရှိ မကောင်းဆိုးဝါးမှန်သမျှကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသည်။ ဝင်္ကပါဖြစ်စေ ပုံရိပ်ယောင်များဖြစ်စေ တစ်ဖက်လူထံမှ အနိုင်ပိုင်းမခံရသေးသရွေ့ အလွယ်တကူ ဖြတ်ကျော်သွားနိုင်ပေသည်။

သူ၏နတ်မျက်စိအာရုံအောက်တွင် လျှို့ဝှက်နည်းဗျူဟာများစွာသည် သေချာပေါက်ဖော်ထုတ်ခံလိုက်ရသည်။

ဘယ်လိုနည်းဗျူဟာမျိုးပါလိမ့်.....

အမှောင်ထဲရှိ အနက်ရောင်၀တ်လူသုံးယောက်က ထိုအရာကိုမြင်တော့ ထိတ်လန့်သွားကြသည်။

လျှို့ဝှက်မြူဆိုင်းအစီအရင်ကို ကျင်ကြံစဉ်တူသူအချင်းချင်းပင် မြင်နိုင်စွမ်းမရှိ။

သူတို့သုံးယောက်သုံးထားသော အစီအရင်သည် သွေးတွင်းအနှစ်သာရကို လောင်ကျွမ်းစေသည်အထိ ပေးဆပ်ထားသည်ကိုမူ မဆိုထားနှင့်။

ပင်လယ်ရေလှိုင်းအဆင့်အထွတ်အထိပ်ရှိသူတစ်ယောက်ပင်လျှင် ထိုအရာကို ထိုးထွင်းမမြင်နိုင်ချေ။

လျှို့ဝှက်မြူဆိုင်းအစီအရင်သည် ရေအလျဉ်ပြည့်လျှံရေးအဆင့်ကျွမ်းကျင်သူက အင်အားသုံးဖြိုခွင်းမှသာ ကျိုးပျက်သွားနိုင်သောအရာပင်။

သို့သော်လည်း ယဲ့ချိုပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်တွင်သာ ရှိသေးသည်။

သူ့ကျင့်ကြံစဉ်မှာ သူတို့ထက်နိမ့်လှသည်။

သူ ဘယ်လိုလုပ်လိုက်တာလဲ။ ဒါက တိုက်ဆိုင်မှုလား....

သို့သော် သူတို့ ထိုအကြောင်းတွေးတောနေခိုက်မှာပင် ဓားသွားစျာန်အဘိညာဉ်သည် ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲမှတစ်ဆင့် ကောင်းကင်ယံဆီသို့ ပျံတက်သွားသည်ကို ခံစားလိုက်ရသည်။

ဓားသိုင်းစျာန်အဘိညာဉ်လား။

ယဲ့ချိုးပိုင်၏အချက်အလက်များအရ သူသည် ကျင့်ကြံရေးသက်တမ်းဆယ်နှစ်မျှသာ ရှိသေးသည်ဟုသိရသည်။

သို့ဖြစ်ရာ ဓားသိုင်းစျာန်အဘိညာဉ်ကို သူ ဘယ်လိုသိမြင်နိုင်မှာတဲ့လဲ ။

မရှေးမနှောင်းမှာပင် ဓားသိုင်းစျာန်အဘိညာဉ်ကိန်းဝပ်နေသော ဓားသွားချီစွမ်းအင်တို့က သူတို့သုံးယောက်ဆီကို  တည့်တည့်မတ်မတ်တိုးဝင်လာလေသည်။

သူတို့သုံးယောက်၏အမူအရာလည်း သိသိသာသာပြောင်းလဲသွားပေသည်။

ထိုအခြင်းအရာကိုမြင်တော့ သူတို့ ဘယ်လိုလုပ်မသိဘဲနေနိုင်မှာလဲ။

ယဲ့ချိုးပိုင်သည် အစီအရင်ကိုထိုးဖောက်မြင်နိုင်နေပြီဖြစ်၏။

"အစီအရင်ကိုပြောင်းလိုက်။ အရိပ်သတ်ဖြတ်ရေးအစီအရင်"

သူတို့သုံးယောက်သည် သူတို့၏ အမှတ်အသားများကို တစ်ပြိုင်တည်းထုတ်လွှတ်လိုက်ကြပြီး အမှတ်အသားပေါ်တွင် သွေးများ ထွေးထုတ်လိုက်ကြသည်။

ချက်ချင်းပင် အစီအရင်ပြုလုပ်ထားသောမြူခိုးများ ကွယ်ပျောက်သွားပြီး မရေမတွက်နိုင်သော အနက်ရောင်ဓားမြောင်များသည် ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်ဆီသို့ ထိုးဖောက်ဝင်ရောက်လာလေသည်။

လျှို့ဝှက်မြူဆိုင်းအစီအရင်သည် အသုံးမဝင်တော့သောကြောင့် ယဲ့ချိုးပိုင်ကိုရင်ဆိုင်တိုက်ခိုက်ရန်အတွက် အရိပ်သတ်ဖြတ်ရေးအစီအရင်ကို အသုံးပြုကြရပေလိမ့်မည်။

သို့သော်လည်း လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် အရိပ်လုပ်ကြံရေးသမားများသည် အမှောင်ထဲမှပုန်းခိုတိုက်ခိုက်ခွင့်ကို ဆုံးရှုံးလိုက်ချေပြီ။

ထိပ်တိုက်ရင်ဆိုင်ရာတွင် သူတို့သည် ယဲ့ချိုးပိုင်နှင့်ယှဉ်နိုင်မည်တဲ့လား။

မရေမတွက်နိုင်သော အနက်ရောင်ဓားမြောင်များသည် ဓားသိုင်းစျာန်အဘိညာဉ်ကြောင့် တစ်စစီကြေမွသွားရလေသည် ။

သူတို့သုံးယောက်ကို တိုက်ခိုက်လိုက်တာတောင်မှ ၎င်း၏အရှိန်က လျော့မသွားပေ။

အနက်ရောင်၀တ်စုံနှင့်လူများ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသော်လည်း ရှောင်ရန်မှာ အလွန်နောက်ကျသွားချေပြီ။ သူတို့သည် ဓားမြောင်ကို ရင်ဘတ်ရှေ့တွင်ကာ၍ ကိုင်ထားလိုက်ကြသည်။

ထက်ရှသောဓားသိုင်းစျာန်အဘိညာဉ်ကို ခုခံတွန်းလှန်ရန်အတွက် ဝိညာဉ်စွမ်းအင်များကို သူတို့ရှေ့တွင် ဖန်ဆင်းလိုက်သည်။

ခရက်...

အက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည် ။

ဓားသိုင်းစျာန်အဘိညာဉ်သည် ဝိညာဉ်စွမ်းအင်အကာအရံအလွှာများကို ပေါင်းပင်ခြောက်များကိုချေမှုန်းပစ်လိုက်သလို ဖြိုခွင်းပစ်လိုက်လေသည်။

ဓားသိုင်းစျာန်အဘိညာဉ်သည် သူတို့သုံးယောက်ပေါ်သို့ တည့်တည့်မတ်မတ်ရောက်သွားပြီး ထိုးခွင်းပစ်လေတော့သည်။

ချက်ချင်းဆိုသလို သူတို့ရင်ဘတ်ထဲမှ သွေးများ ပန်းထွက်လာသည်။

တစ်ချက်တည်းဖြင့် လူသုံးယောက်လုံးကို ချေမှုန်းပစ်လိုက်လေခြင်း...။

ယဲ့ချိုးပိုင်သည် သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး ဂရုမစိုက်သလို အေးစက်စက်အကြည့်မျိုးဖြင့် ထိုမြင်ကွင်းကို စိုက်ကြည့်လိုက်သည်။

တစ်ဖက်တွင်မူ ချောင်လီပေသည် ဤမြင်ကွင်းကို ကြောက်ရွံစွာဖြင့် ငေးကြည့်နေလေသည်။

ယခုအချိန်တွင် သူသည် ယဲ့ချိုးပိုင်ကိုသတ်ဖို့စိတ်ကူးမရှိတော့ပေ။

သူ လွတ်မြောက်ဖို့အရေးကိုသာ တွေးနေမိတော့သည်။

သို့သော် သူသည် ယဲ့ချိုးပိုင်၏အရှိန်အဝါ​ဖြင့် ပိတ်လှောင်ခံထားရပုံပေါ်သည်။ သူ့ခြေထောက်များက မြေကြီးပေါ်မှာချုပ်ခံထားရပြီး လှုပ်မရတော့ပေ။

နေမဝင်အင်ပါယာမှ သံချပ်ကာဝတ်လူလေးယောက်လည်း အံ့သြထိတ်လန့်သွားကြရသည်။

သူတို့အမြင်မှာတော့ ယဲ့ချိုးပိုင်ဟာ လျှို့ဝှက်မြူဆိုင်းအစီအရင်ထဲမှာ ပိတ်မိပြီး သေချာပေါက်သေရတော့မည်ဟုပင်။

သို့သော် ယဲ့ချိုးပိုင်သည် အစီအရင်ထဲမှဖောက်ထွက်နိုင်ခဲ့ရုံမျှမက  အရိပ်လုပ်ကြံသတ်ဖြတ်ရေးသမားသုံးဦးကိုလည်း တစ်ချက်တည်းဖြင့်ပင် သုတ်သင်ပစ်ခဲ့သည်။

သို့သော် သူတို့သတိထားရမည့်အရာမှာ ထိုကိစ္စမဟုတ်ချေ။

ကြောက်မက်ဖွယ်ရာဓားသိုင်းစျာန်အဘိညာဉ်ကြီးပင်။

ဤမျှငယ်ငယ်ရွယ်ရွယ်နှင့် ဓားသိုင်းစျာန်အဘိညာဉ်ကို သိမြင်နားလည်နိုင်သူ တစ်ယောက်မှမရှိဖူးချေ။

မြောက်ပိုင်းနယ်မြေနှင့် နေမဝင်အင်ပါယာမှာပင် မရှိပါ။

ဓားသိုင်းစျာန်အဘိညာဉ်ကို သိမြင်နားလည်နိုင်သူများသည် ကြီးမြတ်သောဓားသမားများသာ ဖြစ်ကြသည်။

နေမဝင်အင်ပါယာပင်လျှင် ထိုလူများကို လက်လွတ်စပယ်မစော်ကားဝံ့ချေ။ သူတို့သည် ထိုသူနှင့် ကောင်းမွန်သောဆက်ဆံရေးသာ တည်ဆောက်ကြလိမ့်မည်။

ယဲ့ချိုးပိုင်သည် သူတို့ငါးယောက်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာခဲ့လိုက်သည်။

ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်းမှာ သူ့ခန္ဓာကိုယ်ထက်ရှိ ဓားသွားစျာန်အဘိညာဉ်များ ဆန်တက်လွင့်ပျံလာချေသည်။

သူ့မျက်လုံးများသည် အလွန်တရာအေးစက်နေချေသည်။ သူ့မျက်လုံးထဲမှာမူ ဤငါးယောက်သည် သေလူများပင်။

ဓားသွားကိုယ်ထည်သည် မြွေတစ်ကောင်နှယ်ဖြစ်ပြီး ဓားသိုင်းစျာန်အဘိညာဉ်ကမူ ထိုမြွေ၏တရွှီးရွှီးမှုတ်နေသောလျှာနှင့် အလားသဏ္ဌာန်တူလှသည်။

ချောင်လီပေ၏ခန္ဓာကိုယ်မှာ တုန်ယင်လာလေတော့သည်။

ထိုမြင်ကွင်းကို သံချပ်ကာဝတ်လူလေးယောက်မြင်သောအခါ အနည်းငယ်ကြောက်လန့်သွားကြသည်။

ကြောက်သွားမိမှန်း သတိပြုမိသောအခါတွင်မူ သူတို့မှာ အလွန်တရာအရှက်ရပြီး ဒေါသဖြစ်သွားရလေသည်။

အညတရအရိုင်းအစိုင်းတစ်ယောက်က သူတို့ကို ယခုလိုခံစားချက်မျိုးပေးနိုင်သည်တဲ့လား။

မဖြစ်နိုင်ချေ။

ချက်ချင်းပင် သူတို့ထဲမှတစ်ယောက်ဆီက သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး ကြီးမားလှသောသွေးနီရောင်လက်သီးအဖြစ် အသွင်ပြောင်းသွားကာ ယဲ့ချိုးပိုင်ဆီကို ​ဦးတည်သွားလေတော့သည်။

ယဲ့ချိုးပိုင်သည် ဧရာမသွေးနီရောင်လက်သီးဆုပ်ကြီး သူ့ဆီကိုချဉ်းကပ်လာ​သည်ကို မြင်လိုက်ရသောအခါ သူ့ဓားကိုဆွဲမထုတ်တော့ဘဲ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

သို့သော် ဧရာမသွေးနီရောင်လက်သီးသည် ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခါနီးတွင် ဓားသိုင်းစျာန်အဘိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ တည့်တည့်ထွက်ပေါ်လာသည်။

ထိုအခိုက်တွင် ဓားသိုင်းစျာန်အဘိညာဉ်မှာ ဝရုန်းသုန်းကားသောင်းကျန်းပစ်လိုက်ချေသည်။

သွေး​နီရောင်​လက်​သီး​ကြီးလည်း အပိုင်းပိုင်း​အစစကွဲထွက်သွားလေ၏။

ထို့နောက် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ဟာ နေရာမှ ပျောက်ကွယ်သွားလေသည် ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သံချပ်ကာဝတ်ထားသောလူ၏အရှေ့မှာ ပြန်ပေါ်လာသည်။ သူသည် ဓားကို နောက်ကျောဘက်တွင်ထားလိုက်ပြီး လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။

သူ့မျက်ခုံးနှစ်ဖက်ကြားနေရာကို ယဲ့ချိုးပိုင်၏လက်ညှိုးလာထောက်လိုက်ချိန်ဝယ် သံချပ်ကာဝတ်သိုင်းသမားမှာ တစ်စုံတစ်ရာတုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

ဖူး....

ထိုလူ၏နောက်စေ့မှ သွေးများပန်းထွက်လာလေသည်။

လက်ချောင်းတစ်ချောင်းသည် ထိုလူ၏နားထင်ကို ထုတ်ချင်းဖောက်ပစ်လိုက်ချေသည်။

"မင်းကများ ငါတို့ကို သတ်ရဲတယ်ပေါ့လေ။ နေမဝင်အင်ပါယာက..."

သို့သော်လည်း သူစကားမဆုံးခင်မှာပင် ယဲ့ချိုးပိုင်က သူ့ဓားကို လွှဲယမ်းလိုက်သည်။

ဦးခေါင်းကြီးဟာ လေထဲဝဲလွင့်သွားပေသည်။

ကျန်နှစ်ယောက်ကလည်း အခြေအနေမဟန်တာကိုမြင်တော့ ချက်ချင်းနောက်ကြောင်းပြန်လှည့်ပြီး ထွက်ပြေးဖို့ပြင်လေသည်။

သို့သော်ငြား ယဲ့ချိုးပိုင်က ကျားကို တောင်ပေါ်သို့ပြန်သွားခွင့်မပြုချေ။

ရောက်လာသူတိုင်းကို သတ်ပစ်မည်သာ။

အနှေးနှင့်အမြန်ဆိုသလို ယဲ့ချိုးပိုင်သည် နေမဝင်အင်ပါယာကိုတိုက်ခိုက်ရန် လက်ဦးမှုရယူမည်ဖြစ်၏။

သူသည် ထိုလူနှစ်ယောက်ကို ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။

ဓားသိုင်းစျာန်အဘိညာဉ် ကောင်းကင်ဘုံကိုချေမှုန်းခြင်း။

ဓားချက်သည် သူတို့၏ချပ်ဝတ်တန်ဆာများကို ဖြတ်တောက်ပစ်လိုက်သည်။

သို့သော် ချပ်ဝတ်တန်ဆာသည် ခုခံကာကွယ်ရေးစွမ်းအားသဖြင့် ခါးကို စက္ကူရွက်လေးတစ်ခုနှယ် ပြတ်ရှသွားစေလေသည်။

နေမဝင်အင်ပါယာမှလူတိုင်း သေဆုံးသွားကြလေပြီ။

သူတို့၏သိုလှောင်ရေးလက်စွပ်အားလုံးကို ဖယ်ရှားလိုက်ပြီးနောက် ယဲ့ချိုးပိုင်သည် ခြေအစုံတုန်ယင်နေလေသော ချောင်လီပေကို လှမ်းကြည့်လိုက်သည်။

ယခုအချိန်တွင် ချောင်လီပေသည် ယခင်ကကဲ့သို့ မောက်မာခြင်းမရှိတော့ပေ။ သူ့မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။

ယဲ့ချိုးပိုင်သည် ချောင်လီပေကို အေးတိအေးစက်စိုက်ကြည့်နေလေသည် ။

"ယဲ့..ယဲ့ချိုပိုင် ငါဘာမှမလုပ်ခဲ့ပါဘူး။ ချောင်မိသားစု​ထဲကနေ ငါ့ကိုတော့ အသက်ချမ်းသာပေးလို့မရဘူးလား"

ယဲ့ချိုးပိုင် မလှုပ်မယှက်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ချောင်လီပေသည် အသံတုန်တုန်ယင်ယင်ဖြင့် ဆက်လက်တောင်းဆိုလိုက်လေသည်။

"နောင်မှာ မင်းကို ထပ်ပြီးပြဿနာမရှာတော့ပါဘူး။ မင်းလုပ်ချင်တာမှန်သမျှလည်း ငါကူညီပေးပါ့မယ်။ ဘာမဆိုလုပ်ပေးမယ်ကွာ"

ထိုသို့ပြောပြီးနောက် သူသည် မြေပြင်ပေါ်ကိုပင် ဒူးထောက်ချလိုက်ကာ ယဲ့ချိုးပိုင်အား ခယနေလေသည်။

ထိုအခြင်းအရာကိုမြင်သောအခါ ယဲ့ချိုးပိုင်သည် ဘာစကားတစ်ခွန်းမှမပြောဘဲ ကျောက်ခဲတစ်တုံးကိုသာ ကန်လိုက်သည်။

ကျောက်တုံးအက်ကွဲသွားပြီး အပိုင်းအစလေးများသည် ချောင်လီပေ၏ ခန္ဓာကိုယ်အတွင်း ဖောက်ထွင်းဝင်ရောက်သွားပြီး သူ၏ထန်းထျန်ကိုပင် ထိုးဖောက်သွား၏။

ချောင်လီပေခမျာ နာကျင်စွာ အော်ညည်းလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိအရှိန်အဝါများ တစ်မုဟုတ်ချင်းပျောက်ကွယ်သွားသည်။ သူ၏ထန်းထျန်သည်လည်း ကွဲကြေသွားပြီး သူ့ကျင့်ကြံစဉ်ကိုဆုံးရှုံးလိုက်ရသည်မှာ ထင်ရှားလှပေသည်။ သူသည် ဒုက္ခိတဖြစ်သွားချေပြီ။

သူ့ခန္ဓာကိုယ်အခြေအနေကို သတိပြုမိသွားချိန်မှာမူ ချောင်လီပေက အရူးအမူးအော်ဟစ်လေတော့သည်။

"ငါ့ကို သတ်လိုက်ပါတော့။ ငါ့ကို သတ်လိုက်ပါ"

ယဲ့ချိုးပိုင်က စကားမပြန်ပေ။ ဤလူ့အမှိုက်ကိုသတ်ပြီး သူ့ဓားကိုညစ်ပတ်သွားအောင်မလုပ်ချင်ပါ။

ယဲ့ချိုးပိုင် ဟုန်ရင်နှင့်ပြန်တွေ့သည့်အချိန်မှာ သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲပြီးဖို့ တစ်ရက်အလိုတွင်ဖြစ်သည်။

"အစ်ကိုကြီး.. နေမဝင်အင်ပါယာက အဲဒီလူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာလား။"

ယဲ့ချိုးပိုင်ကက ပြုံးလျက်ပြော၏။

"ဟုတ်တယ်။ ငါ သူတို့နဲ့ ဖြေရှင်းပြီးပြီ"

ဟုန်ရင် ခေါင်းညိတ်ပြလိုက်သည်။ ထိုလူများအား သူ ရင်ဆိုင်နိုင်ခြင်းကို သူ(မ) မအံ့သြပေ။

မည်သို့ပင်ဖြစ်စေ သူသည် သူ(မ)ဆရာ၏တပည့်တစ်ဦးပင် ဖြစ်ချေသည်။

မအောင်မြင်ခဲ့မှသာ စိတ်ပျက်မိမှာဖြစ်၏။

ယဲ့ချိုးပိုင်ကလည်း တစ်ပြန်ပြန်မေးလိုက်၏။

"ညီမလေး.. မင်း ကိစ္စတွေရော ပြီးခဲ့ပြီလား"

ဟုန်ရင်က ခေါင်းညိတ်ပြလေသည်။

"ကျွန်မရဲ့ခွန်အားတွေ အထွတ်အထိပ်အဆင့်ကို ပြန်ရောက်တဲ့အခါကျရင် ထပ်ပြီးတိုက်ပွဲဝင်ဦးမယ်။ ဒါပေမယ့် အဲဒီအချိန်ကျရင် ရှင့်ရဲ့အင်အားကိုလည်း ကျွန်မ ငှားဦးမှာနော်"

"ကောင်းပြီ။ မင်း တစ်ခုခုလိုအပ်ရင် ငါ့ကိုသာအသိပေးပါ"

သူတို့နှစ်ယောက်လုံးက ဆရာတူတပည့်များဖြစ်ကြပြီး ဤသည်မှာ သူ့ဂျူနီယာညီမလေးဖြစ်နေသည့်အတွက်  ယဲ့ချိုးပိုင်အနေနှင့် သေချာပေါက်ငြင်းမှာမဟုတ်ချေ။

အခန်း(၃၂) : တစ်နေ့ ငါဟာ ငါ့ဓားကိုကိုင်စွဲပြီး နေမဝင်အင်ပါယာကို နင်းချေပစ်မယ်

ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုစွမ်းရည်သည် အလွန်ကြောက်စရာကောင်းလှသည်။

ဟုန်ရင်ပင်လျှင် သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကို မမြင်နိုင်ပေ။

အနာဂတ်တွင်လည်း သူ့အရည်အချင်းများက ရပ်တန့်မသွားနိုင်သည်မှာ သေချာလှပေသည်။ အချိန်တစ်ခုကြာလာလျှင် သူသည် ဓားသိုင်းပညာရှင်တစ်ဦးဖြစ်လာပေလိမ့်မည်။

ထို့ကြောင့်ပင် ဟုန်ရင်သည် ယဲ့ချိုးပိုင်က သူ(မ)အား ကူညီပေးနိုင်သည်ဟု ခံစားမိခြင်းဖြစ်၏။

ကျန်သောနေ့များတွင် ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့သည် သွေးအကျဉ်းထောင်နယ်မြေတစ်ဝိုက်တွင် ပေါ့ပေါ့ပါးပါးလမ်းလျှောက်နေခဲ့ကြသည်။

သူတို့နှစ်ဦးသည် လမ်းခုလတ်တွင် အမွေအနှစ်တချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း စိတ်မဝင်စားပေ။

ယဲ့ချိုးပိုင်သည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားရှည်ကို ရရှိထားပြီးဖြစ်၏။ သူ့တွင် သေမျိုးလောကမှာမရှိနိုင်လောက်သော အာဒိကပ္ပဓားသိုင်းကျမ်းကဲ့သို့ ကျင့်ကြံရေးနည်းဗျူဟာလည်း ရှိသည်။

ရှေးဟောင်းဧကရီတစ်ဦးအနေဖြင့် ဟုန်ရင်၏အခြေခံအုတ်မြစ်သည် ဤအမွေအနှစ်များထက် အဆပေါင်းများစွာသာလွန်လေသည်။ ထုံးစံအတိုင်း သ
သူ(မ)သည် ထိုအရာများကို အထင်သေးပေသည်။

ထို့အပြင် သူတို့၏ဆရာသခင်လုချန်ရှန်းပိုင်ဆိုင်သောအရာများသည် ဤအမွေများထက် များစွာသာလွန်သည်...။

လမ်းမှာ သူတို့နှစ်ယောက်သည် ဟော်ချင်းမင်၊ လင်းစီနှင့် တခြားသူများကို တွေ့ခဲ့ရသေးသည်။

လင်းစီသည် အနည်းငယ်ဒဏ်ရာရနေခဲ့ပြီး ဟော်ချင်းမင်၏ ဒဏ်ရာမှာအနည်းငယ်ပိုပြင်းထန်သည်။ လင်းစီက သူ့ကိုကယ်တင်ခဲ့ရသည့်အတွက် သူ့မျက်နှာမှာ အလွန်ဖြူဖျော့နေချေသည်။

ရှင်းဟုန်ယီ၏မျက်နှာလည်း ဖြူရော်နေပေသည်။

ကျုံးဝူတစ်ယောက်တည်းသာ ကျောပေါ်တွင် စာအုပ်စင်ငယ်ကို သယ်ဆောင်ထားလျက် မျက်နှာပေါ်တွင် အပြုံးတစ်ခုဆင်မြန်းထားလေသည်။ သူသည် ဒဏ်ရာမရရှိခဲ့သော်လည်း သူ၏အရှိန်အဝါသည် ယခင်ကထက် ပိုမိုပြင်းထန်လာသည်။

လင်းစီသည် ဟုန်ရင်ကိုတွေ့သောအခါ ဟော်ချင်းမင်ကို ချက်ချင်းစွန့်ပစ်လိုက်ပြီး သူမအဆင်ပြေမပြေမေးမြန်းရန်အတွက် အနားသို့ပြေးသွားလိုက်သည်။

ဟုန်ရင်ခမျာ အနည်းငယ်ခေါင်းကိုက်သွားရပြီး သူ့ကို လျစ်လျူရှုထားလိုက်သည်။

ဟော်ချင်းမင်သည် ဤမြင်ကွင်းကိုမြင်သောအခါ မျက်နှာကြီးမည်းမှောင်သွားသော်လည်း အနည်းငယ်အကူအညီမဲ့သွားသလိုလည်း ခံစားလိုက်ရသည်။

"ဒီကောင်လေးက ချစ်သူကို သူငယ်ချင်းထက် ပိုတန်ဖိုးထားပြနေတာပဲ.."

ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင်ကိုကြည့်ကာမေးလိုက်သည်။

"ဒီတစ်ခေါက် ရှင်ရထားတဲ့အကျိုးအမြတ်တွေ အခြေအနေဘယ်လိုလဲ"

ယဲ့ချိုးပိုင်က ပြုံးပြီး ခေါင်းညိတ်ပြသည်။

"မဆိုးပါဘူး"

"ဒါဆို ကျွန်မတို့အပြင်ရောက်တဲ့အခါ လက်ရည်စမ်းကြရအောင်"

"အချိန်မရွေးပဲ"

ကျုံးဝူကမူ ထိုမြင်ကွင်းကိုကြည့်ပြီး ဘာမှမပြောဘဲ ပြုံးသာပြုံးလိုက်မိသည်။

သွေးအကျဉ်းထောင်သည် ဤတစ်ရက်ကုန်လွန်လျှင် ပျောက်ကွယ်သွားပေတော့မည်။

ယဲ့ချိုးပိုင်၊ဟုန်ရင်နှင့် တခြားသူများသည် ရုပ်ရွှေ့ပြောင်းရေးမုခ်ဝသို့ ရောက်လာကြပြီး သွေးအကျဉ်းထောင်ထဲကထွက်လာခဲ့လိုက်သည်။

ခေါင်းဆောင်ရူနှင့် ဓားသိုင်းခန်းမအကြီးအကဲတို့က ယဲ့ချိုးပိုင် ဘေးကင်းစွာ ပြန်ထွက်လာသည်ကို တွေ့လိုက်သောအခါတွင် သက်ပြင်းချနိုင်သွားပြီး သူဘာရခဲ့သလဲဆိုသည့်အကြောင်း မေးရန် ရှေ့တက်လာကြသည်။

ကျန်းကျွင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရလေသည်။

ယဲ့ချိုးပိုင် မသေဘူးလား။

ပြီးတော့ သူ့နောက်ကိုလိုက်သွားတဲ့ လူလေးယောက်နဲ့ အရိပ်လုပ်ကြံရေးသမားတွေ ပေါ်မလာသေးဘူးလား။

အဲ့လို ဖြစ်များဖြစ်နေမလား...

ကျန်းကျွင်း၏အမူအရာသည် ဇဝေဇဝါဖြစ်သွားချေသည်။ သူသည် ရှေ့သို့ လျှောက်သွားလိုက်ပြီး သူ၏ရေအလျဉ်ပြည့်လျှံရေးအဆင့်အထွတ်အထိပ်စွမ်းအားကို ယဲ့ချိုးပိုင်ဆီကို ပစ်လွှတ်လိုက်သည်။

"မင်းဘာလုပ်လိုက်တာလဲ။ ငါ့လက်အောက်ငယ်သားတွေနဲ့ အဲဒီဝတ်ရုံနက်တွေ ဘယ်မှာလဲ"

ထိုအခြင်းအရာကိုမြင်သော် ဓားသိုင်းခန်းမအကြီးအကဲက ရှေ့ကိုခြေတစ်လှမ်းတိုးလာသည်။ ဓားသွားချီစွမ်းအင်တစ်မျိုးသည် လေထုအလယ်တွင်ပေါ်လာပြီး ထိုအင်အားအားလုံးကိုတားဆီးကာ ယဲ့ချိုးပိုင်ရှေ့တွင် ပိတ်ဆို့ထားလိုက်သည်။

တစ်ချိန်တည်းမှာပင် ဓားသွားချီစွမ်းအင်သည် ကျန်းကျွင်းဆီသို့ ပစ်ဝင်လာပေသည်။

သူ လှောင်ပြောင်သရော်လိုက်ပြီး ​ကြောက်မက်ဖွယ်ရာလက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။

ဓားသွားချီစွမ်းအင်မှာ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားပြီး လက်သီးဆုပ်အမှတ်အသားလည်း ပျောက်ကွယ်သွား၏။

နှစ်ဖက်စလုံး မည်သူမျှ အသာစီးမရခဲ့ပေ။

ဓားသိုင်းခန်းမအကြီးအကဲသည် ထိုနေရာတွင်ရပ်နေချေ၏။ သူ့မျက်ဝန်းအစုံမှာ အေးတိအေးစက်နိုင်နေပြီး ခံ့ညားလှပေသည်။

သူက သြရှရှအသံဖြင့် အော်ပြောလိုက်သည်။

"ဒါက မင်းတို့နေမဝင်အင်ပါယာမဟုတ်ဘူး။ နှိမ့်နှိမ့်ချချလေးနေဖို့ မင်းကို အကြံပေးချင်တယ်"

ကျန်းကျွင်း၏အမူအရာမှာ ရုပ်ဆိုးအကျည်းတန်သွားချေသည်။

"နှိမ့်နှိမ့်ချချနေရမယ်ဟုတ်လား။ ယဲ့ချိုးပိုင်က ငါ့လူတွေကို သတ်ပစ်လိုက်တာလေ။ ငါ့မှာ အ​ပေးအယူတစ်ခုပဲ ရှိတယ်။ သူ့ကို ငါ့လက်ထဲ အပ်လိုက်။ ဒါဆို ဖြစ်ခဲ့တာတွေကို မေ့ထားပေးမယ်"

"မအပ်ရင်​ရော ဘာဖြစ်​လဲ"

"ဒါဆို အနာဂတ်မှာ ငါတို့နေမဝင်အင်ပါယာရဲ့သံချပ်ကာယန္တရားတပ်က မင်းတို့လျှို့ဝှက်တာအိုကျောင်းတော်ကို ချီတက်လာရလိမ့်မယ်"

ခေါင်းဆောင်ရူက ရယ်မောလျက် ပြောလိုက်သည်။

"ဒါဆို မင်းရောက်လာတာကို ငါတို့စောင့်နေပါ့မယ်။"

ယဲ့ချိုးပိုင်ကလည်း ဝင်ပြောလေသည်။

"နောင်မှာ ကျွန်တော် နေမဝင်အင်ပါယာကို ဆက်ဆက်လာခဲ့ပါ့မယ်"

ကျန်းကျွင်း၏မျက်လုံးအစုံမှာ မှေကျဉ်းသွားပြီး ရယ်မောလိုက်လေသည်။

"မင်းက ကလေးပဲရှိသေးတာကို။ တော်တော် မောက်မာနေတာပဲ"

ဤအချိန်မှာပင် သူ၏လက်အောက်ငယ်သားများနှင့် အရိပ်လုပ်ကြံရေးသမားများကို ယဲ့ချိုးပိုင်သတ်ပစ်လိုက်ပြီဖြစ်ကြောင်း သဘာဝကျကျပင်သိလိုက်သည်။

သို့သော်လည်း ယဲ့ချိုးပိုင်တစ်ယောက်တည်းလုပ်ခဲ့သည်ဟု သူမယုံပေ။ သူသည် လျှို့ဝှက်တာအိုကျောင်းတော်နှင့် အခြားသူများ၏ခွန်အားကို ငှါးယူခဲ့ခြင်းဖြစ်ပေလိမ့်မည်။

"ငါပြန်ရောက်ရင် ဒီအကြောင်းကို ဧကရာဇီဆီကို တင်ပြလိုက်ပါ့မယ်"

ဗိုလ်ချုပ်သည် ယဲ့ချိုးပိုင်ကို လေးလေးနက်နက်စိုက်ကြည့်လျက် စကားဆို၏။

"သံချပ်ကာယန္တရားတပ်က မင်းတို့ကို အကြာကြီးစောင့်ခိုင်းမှာ မဟုတ်ပါဘူး။ ဒါကို မင်းတို့ခုခံနိုင်ဖို့ပဲ မျှော်လင့်ပါတယ်"

ထို့နောက်တွင်မူ သူသည် ဤနေရာမှ ရုတ်ခြည်းပျောက်ကွယ်သွားသည်။

ခေါင်းဆောင်ရူနှင့် ဓားသိုင်းခန်းမအကြီးအကဲတို့သည် အတူတကွပူးပေါင်းလိုက်လျှင် သူ့ကို ပြန်ထိန်းထားနိုင်သော်လည်း ယခုအချိန်မှာတော့ သူတို့တိုက်ခိုက်မည်မဟုတ်ပေ။

အကယ်၍ သူတို့သည် ဤကဲ့သို့သောရာထူးကြီးသူကို သတ်ခဲ့မည်ဆိုလျှင် နေမဝင်အင်ပါယာသည် တောင်ပိုင်းနယ်မြေကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။

ထိုအချိန်ကျလျှင် ဖြစ်လာမည့်အကျိုးဆက်များက စိတ်ကူးကြည့်၍မရနိုင်ပေ။

ထို့ကြောင့် သူတို့သည် တစ်ဖက်လူထွက်သွားသည်ကိုသာ အသာစောင့်ကြည့်နေနိုင်သည်။

ထိုအချိန်တွင် ချောင်မိသားစုမှ တစ်စုံတစ်ယောက်သည် ယဲ့ချိုးပိုင်ကို နီမြန်းနေသောမျက်ဝန်းအစုံဖြင့် စိုက်ကြည့်လျက် ပြောလာလေသည်။

"ယဲ့ချိုးပိုင်.. မင်း ဘာလို့ ချောင်လီပေကို ဒုက္ခတိဖြစ်အောင်လုပ်ရက်ရတာလဲ။"

ယဲ့ချိုးပိုင်က ဂရုမစိုက်ဟန်ဖြင့်ကြည့်လျက် ခွန်းတုံ့ပြန်လိုက်သည်။

"သူက ကျုပ်ကိုသတ်ချင်နေမှတော့ သူ့ကိုဒဏ်ခတ်တာက ပုံမှန်ပဲမဟုတ်ဘူးလား"

"အဲ့ဒီအပြင် ကျုပ် ချောင်မိသားစုဆီကို အနှေးနဲ့အမြန်လာခဲ့ပါဦးမယ်"

ချောင်မိသားစုမှ လူကြီးသည် ဒေါသအမျက်ခြောင်ခြောင်းထွက်တော့မည့်ဆဲဆဲတွင် ဓားသိုင်းခန်းမအကြီးအကဲ၏ မဖော်ရွေသောအကြည့်ကို မြင်လိုက်သောအခါ သူ့ဒေါသကို ထိန်းထားရုံသာတတ်နိုင်လေသည် ။

ချောင်မိသားစုသည် လျှို့ဝှက်တာအိုကျောင်းတော်နှင့်ယှဉ်နိုင်ဖွယ်ရာပင်မရှိချေ။

"သွားကြရအောင်"

ချောင်မိသားစုသည် အံ့သြမှင်တက်နေသောချောင်လီပေနှင့်အတူ မကျေမချမ်းထွက်ခွာသွားခဲ့ကြသည်။

ခေါင်းဆောင်ရူသည် လူတိုင်း အမွေအနှစ်တစ်စုံတစ်ခုစီရရှိထားပြီး မည်သူမျှမထိခိုက်ထားကြောင်း မြင်လိုက်ရသောအခါတွင် သက်သာရာရစွာ ပြုံးမိလေတော့သည်။ သူတို့သည် ဒဏ်ရာတချို့တလေသာ ရခဲ့ကြခြင်းပင်။

"တော်တယ်။ ကျောင်းတော်ကိုပြန်ကြရအောင်။ ပြန်ရောက်ရင် မင်းတို့ကို ဆုပေးစရာရှိသေးတယ်"

လျှို့ဝှက်တာအိုကျောင်းတော်သည် စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲတွင် အမြတ်အစွန်းများများစားစားရလိုက်သော ကျောင်းတော်တစ်ခု ဖြစ်သည်။

ဤအဖြစ်သည် ကျောင်းတော်ကို ဂုဏ်တက်စေသည်။

အဆင့်မြင့်မြင့်ရခဲ့သောကြောင့် သူတို့ကို ကျောင်းတော်က ဆုတချို့ချီးမြှင့်မှာ သဘာဝကျပေသည်။

ဟော်ချင်းမင်နှင့် အခြားသူများမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။

ယဲ့ချိုးပိုင်၊ဟုန်ရင်။ ရှင်းဟုန်ရီနှင့် ကျုံးဝူတို့၏အမူအရာများကတော့ မပြောင်းလဲပေ။

လျှို့ဝှက်တာအိုကျောင်းတော်မှလူများသည် သူတို့၏တောင်ပေါ်သို့ ထွက်ခွာသွားကြလေတော့သည်။

...

ထိုအချိန်တွင်

စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်၏ အထက်ဘုံဝယ် အတားအဆီးတစ်ခုဖြင့် ချိတ်ပိတ်ထားနေရာတစ်ခုတွင် အတွင်းဘက်ကအခြေအနေကို မည်သူမျှမမြင်နိုင်အောင် တားဆီးထားသည်။

ချင်းထျန်းနျန်ကဲ့သို့သော ကျွမ်းကျင်ပညာရှင်ပင်လျှင် ထိုအတားအဆီးကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် ကောင်းကင်ထက်၌ တိမ်ညိုတိမ်မည်းများ ဖုံးလွှမ်းသွားသည်။ မရေမတွက်နိုင်သော မိုးကြိုးနဂါးများ ရွေ့လျားသွားနေသည့်တိမ်တိုက်ကောင်းကင်ထက်တွင် ဧရာမမျက်နှာကြီးတစ်ခုရှိလေသည်။

သူသည် အောက်ဘက်ရှိ မြေခွေးဖြူမျက်နှာဖုံးကိုဝတ်ဆင်ထားသည့် လူတစ်ယောက်ကို တည်ငြိမ်စွာစိုက်ကြည့်နေသည်။

ထိုယောက်ျားက သူ့ဓားကို နောက်ကျောဘက်မှာ လက်တစ်ဖက်ဖြင့်ကိုင်ထားသည်။ သူသည် လေထုအလယ်တွင် ပျံဝဲနေပြီး သူ့အင်္ကျီအနားစွန်းများက လေထဲမှာ တဖျပ်ဖျပ်လွင့်ပျံနေချေသည်။

"မင်း ဘယ်သူလဲ"

ကောင်းကင်ထက်မှမျက်နှာကြီးက လေးနက်စွာမေးလေ၏။

"မင်းလိုခွန်အားမျိုးနဲ့လူက ဒီကမ္ဘာမှာ မရှိသင့်ဘူး"

ထိုလူက ရယ်မောလိုက်လေသည်။

"ကျွန်တော်က တခြားသူတွေ မမှတ်မိအောင်မျက်နှာဖုံးစွပ်ထားတာလေ။ ဒီလိုဦးနှောက်မဲ့မေးခွန်းမျိုး မမေးဘဲမနေနိုင်ဘူးလား"

",,,"

ထိုမျက်​နှာကြီးသည် အသက်​​ပြင်းပြင်းရှူရှိုက်လိုက်လေရာ မိုးကြိုးအရှိန်အဝါများပင် ထွက်ပေါ်လာလေသည်။

"ဒါဆို မင်းငါ့ကို ဘာလို့တားရတာလဲ"

ထိုအမျိုးသားက စကားဆို၏။

"ခင်ဗျားကရော ဘာလို့ ကျုပ်တပည့်ကို မကောင်းကြံရတာလဲ"

ထိုလူသည် လုချန်ရှန်းကလွဲ၍ အခြားသူမဟုတ်ချေ။

ထိုမျက်နှာကြီးသည် ဒေါသတကြီးအော်ဟစ်လေတော့သည်။

"တိမ်တိုက်ဖီးနစ်အင်ပါယာရဲ့ဧကရီက ပြန်လည်ဝင်စားရေးစက်ဝန်းရဲ့ ပြောင်းလဲမှုတွေကို လျစ်လျူရှုပြီး ကိုးဘဝပြန်လည်ဝင်စားရေးစက်ဝန်းကို အတင်းအကျပ်ကျင့်ကြံခဲ့တယ်လေ။ ယခု သူ အောင်အောင်မြင်မြင်ကျင့်ကြံနိုင်သွားပြီဆိုတော့ ကောင်းကင်ဘုံကိုသိမ်းပိုက်ပြီး ကောင်းကင်ဘုံတာအိုကို ပြန်တည်ထောင်ချင်နေတယ်။ ဒါက ကြီးလေးတဲ့ပြစ်မှုကြီးပဲ"

လုချန်ရှန်းခေါင်းညိတ်ပြလိုက်သည်။

"ကျုပ်သိပြီ။ ဒါပေမဲ့ အဲ့လိုဆိုတော့ရော ဘာဖြစ်သေးလဲ။ ဒီနေရာက ကောင်းကင်ဘုံတာအိုက ပျက်စီးသွားပြီမဟုတ်ဘူးလား။ နောက်တစ်ခုထပ်ဆောက်တော့ရော ဘာပြဿနာရှိလို့လဲ။ ဒါမှမဟုတ်..."

ထိုအချိန်တွင် လုချန်ရှန်း၏မျက်လုံးများ မှောင်မိုက်သွားရပြီး ပြောလိုက်ချေသည်။

"ဟုန်ရင်ကို တည်ဆောက်ခွင့်မပေးတာက ကောင်းကင်ဘုံတာအိုကို ခင်ဗျားကိုယ်တိုင်တည်ဆောက်ချင်လို့မဟုတ်လား"

ထိုမျက်နှာကြီး၏အမူအရာမှာ အေးစက်သွားပြီး အသက်ပြင်းပြင်းရှူရှိုက်လိုက်ချေသည်။ တိမ်တိုက်ထဲမှ မိုးကြိုးနဂါးများသည်လည်း အားနှင့်မာန်နှင့်ထွက်ပြူလာကြပြီး လုချန်ရှန်းကိုတိုက်ခိုက်ရန်ကြိုးပမ်းလေတော့သည်။

Continuer la Lecture

Vous Aimerez Aussi

74.2K 6.1K 145
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-
231K 7.8K 41
After years of abuse Anastasia has shut herself within emotionless walls. Even if the physical and mental abuse have broken her to the high extent, h...
199K 4.6K 31
Orphaned at a very early age, a young man goes through self-discovery as he uncovers his demonic past and faces a heavenly challenge. After discoveri...
361K 13.8K 26
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"