ငါ့တပည့်တွေက ဘုရင်တွေ

By Bee9966

152K 11.4K 66

Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start dat... More

အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 20
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25+26
အပိုင်း 29+30
အပိုင်း 31+32
အပိုင်း 33+34
အပိုင်း 35+36
အပိုင်း 37+38
အပိုင်း 39+40
အပိုင်း 41+42
အပိုင်း 43+44+45
46+47+48+49+50
အပိုင်း 61+62+63+64+65
အပိုင်း 66+67+68+69+70
🚨
အပိုင်း 51+52+53+54+55
အပိုင်း 56+57+58+59+60
အပိုင်း 71+72
အပိုင်း 73+74
အပိုင်း 75+76
အပိုင်း 77
အပိုင်း 78
အပိုင်း 79+80
အပိုင်း 81
အပိုင်း 82
အပိုင်း 83
အပိုင်း 84
အပိုင်း 85
အပိုင်း 86
အပိုင်း 87
အပိုင်း 88
အပိုင်း 89
အပိုင်း 90
အပိုင်း 91
အပိုင်း 92
အပိုင်း 92
အပိုင်း 93
အပိုင်း 94
အပိုင်း 95
အပိုင်း 96
အပိုင်း 97
အပိုင်း 98
အပိုင်း 99
အပိုင်း 100
🚨
အပိုင်း 101
အပိုင်း 102
အပိုင်း 103
အပိုင်း 104
အပိုင်း 105
အပိုင်း 106
အပိုင်း 107
အပိုင်း 108
အပိုင်း 109
အပိုင်း 110
🌈
အပိုင်း 111
အပိုင်း 112
အပိုင်း 113
အပိုင်း114
အပိုင်း 115
အပိုင်း 116
အပိုင်း 117
အပိုင်း 118
အပိုင်း 119
အပိုင်း 120
အပိုင်း 121
အပိုင်း 122
အပိုင်း 123
အပိုင်း 124
အပိုင်း 125
အပိုင်း 126
အပိုင်း 127
အပိုင်း 128
အပိုင်း 129
အပိုင်း 130
အပိုင်း 131
အပိုင်း 132
🚨
အပိုင်း 133
အပိုင်း 134
အပိုင်း 135
အပိုင်း 136
အပိုင်း 137
အပိုင်း 138
အပိုင်း 139
အပိုင်း 140
အပိုင်း 141
အပိုင်း 142
အပိုင်း 143
အပိုင်း 144
အပိုင်း 145
🚨
အပိုင်း 146
အပိုင်း 147
အပိုင်း 148
အပိုင်း 149
အပိုင်း 150
အပိုင်း 151
အပိုင်း 152
အပိုင်း 153
🚨
အပိုင်း 154
အပိုင်း 155
အပိုင်း 156
အပိုင်း 157
အပိုင်း 158
အပိုင်း 159
အပိုင်း 160
အပိုင်း 161
အပိုင်း 162
အပိုင်း 163
အပိုင်း 164
အပိုင်း 165
အပိုင်း 166
အပိုင်း 167
အပိုင်း 168
အပိုင်း 169
အပိုင်း 170
အပိုင်း 171
အပိုင်း 172
အပိုင်း 172
အပိုင်း 173
အပိုင်း 174
အပိုင်း 175
အပိုင်း 176
အပိုင်း 177
အပိုင်း 178
အပိုင်း 179
🍯🐝
အပိုင်း 180
အပိုင်း 181
ကြေငြာ
🌫️
အပိုင်း 182
အပိုင်း 183
အပိုင်း 184
အပိုင်း 185
အပိုင်း 186
အပိုင်း 187
အပိုင်း 188
အပိုင်း 189
အပိုင်း 190
အပိုင်း 191
အပိုင်း 192
အပိုင်း 193
🍯🐝
ကျေးဇူးတင်လွှာ🙇‍♀️

အပိုင်း 27+28

1.1K 86 0
By Bee9966

အခန်း(၂၇): အထက်ဘဝဂ်ကိုးဘုံမျိုးနွယ်စု

သွေးမြူခိုးများ ကောင်းကင်ဘုံထက် ပြည့်နှက်နေချေသည်။

မြေပြင်ကြီးက ပိန်းပိတ်အောင်မည်းနက်နေ၏။

ကောင်းကင်ကိုထိုးခွင်းလုမတတ်သော လှောင်အိမ်ထဲတွင် ဝတ်ရုံဖြူဝတ်ထားသော လူတစ်ယောက်မှာ အနည်းငယ်မှင်တက်နေပေသည်။

ယဲ့ချိုးပိုင်ပြောစကားအရဆိုလျှင် သူ့ဆရာသည် ရှေးခေတ်မှပုဂ္ဂိုလ် မဖြစ်နိုင်ပေ။ တစ်ချိန်တည်းမှာပင် သူသည် အလွန်ပျင်းလှသော လူတစ်ယောက် ဖြစ်နေသည်၊

ထိုလူက တွေးလိုက်၏။

ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်း၏ သိုင်းကွက်ငါးကွက်ကို အဖြေရှာနိုင်ပြီး အားနည်းချက်အားလုံးကို ပြင်ဆင်နိုင်သော တစ်စုံတစ်ယောက် ...။

ထိုသူသည် အမတများ၊ အထက်ဘုံမိစ္ဆာများနှင့် အောက်ဘုံမိစ္ဆာများကိုသုတ်သင်နိုင်သည့် ဓားသိုင်းပညာရှိတစ်ဦးများ ဖြစ်လေမလား။

ထိုကဲ့သို့သောလူတစ်ဦးက အလွန်ပျင်းရိလှသည်ဆိုတာ ဘာအဓိပ္ပာယ်များလဲ။

သူသည် အရိယာအဆင့်ကို ရောက်ပြီးသွားခြင်းမျိုးဖြစ်နိုင်လေသည်။ သို့ဖြစ်ရာ နှစ်ပေါင်းထောင်ချီ ဘာမှမစားဘဲနေလျှင်ပင် ဆာလောင်မှုကိုမခံစားရချေ။

ဝတ်ရုံဖြူနှင့်လူမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

"မင်းက ဒီလိုဆိုမှတော့ ငါမင်းကို ဘာအမွေပေးရမလဲဆိုတာ မသိတော့ဘူး"

သူ့တစ်ဘ၀လုံး အမြတ်တနိုးထိန်းသိမ်းခဲ့သော ဓားသိုင်းတာအိုများသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားထဲတွင်သာ မြှုပ်နှံထားခြင်းပင်။

ယခုမူ ထိုအရာအားလုံးကို တခြားလူတစ်ယောက်က ပြုပြင်သွားချေပြီ။

ထို့ပြင် ၎င်းမှာ ပို၍ပင် ပြီးပြည့်စုံနေသေးသည်။

သူ တခြားဘာများလက်ဆင့်ကမ်းနိုင်မှာတဲ့လဲ။

"စကားမစပ်"

ဝတ်ရုံဖြူနှင့်လူသည် တစ်စုံတစ်ရာကို တွေးမိသွားပုံပေါ်ပြီး အနက်ရောင်ဓားကို ကောက်ကိုင်လိုက်သည်။

"မင်းက ကောင်းကင်ဘုံမိစ္ဆာဓားသိုင်းကို မလိုတော့ဘူးဆိုမှတော့ ဒီဓားကိုပေးလိုက်မယ်"

ယဲ့ချိုးပိုင်သည် ထိုလူ၏လက်ထဲရှိ ကတ္တရာရောင်ဓားသွားကိုကြည့်လိုက်သည်။

ဓားသွားသည် အဖျားချွန်မဟုတ်သော်လည်း ကိုယ်ပျောက်မှော်နက်မိစ္ဆာ အရှိန်အဝါတစ်ခု ကိန်းဝပ်နေလေသည်။

အဖျားချွန်မရှိခြင်းမှာ အဖျားချွန်ဓားသွားထက် ပိုကောင်းသည်။

ဤသည်မှာ မိစ္ဆာသဘာဝများပြည့်နှက်နေသော ဓားသွားပင်။

အကယ်၍ သာမန်ဓားသိုင်းကျင့်ကြံသူတစ်ယောက်သာ ထိုဓားကိုသုံးပါက ထိုမိစ္ဆာသဘာ၀၏လွှမ်းမိုးခြင်းကို ခံလိုက်ရမည်ဖြစ်၏။

အဖြူရောင်ဝတ်ရုံဝတ်ထားသောလူသည် ထိုဓားကို သူ၏ချစ်သည်းညှာလေးကိုကြည့်နေသလို ချစ်ရည်ရွှန်းသောအကြည့်မျိုးဖြင့် ကြည့်နေလေသည်။ သူသည် ထိုဓားကို ညင်သာစွာပွတ်သပ်လျက် ပြော၏။

"ဒီဓားကို မှော်နက်မိစ္ဆာလို့ခေါ်တယ်။ ဒီရတနာက နိဗ္ဗာန်ဘုံအထွတ်အထိပ်အဆင့်မှာရှိသင့်တာ။ ကံဆိုးချင်တော့ မှော်နက်မိစ္ဆာက ဓားဝိညာဉ်မရှိဘူးလေ။ ဓားဝိညာဉ်သာရှိမယ်ဆိုရင် ဒါကို ဝိညာဉ်ရေးရာလက်နက်အဖြစ် အသွင်ပြောင်းလို့ရတယ်"

ရတနာများသည် နာမည်နှင့်လိုက်ဖက်လောက်အောင် အလွန်တရာအဖိုးတန်လှသည်။

သို့သော် ၎င်းမှာ ဝိညာဉ်မရှိချေ။

လက်နက်တစ်ခုမှာသာ ဝိညာဉ်ရှိပါက ဝိညာဉ်ပစ္စည်းအမျိုးမျိုးကို ဖန်တီးနိုင်မည်သာ။

ထို့နောက် ၎င်းသည် ဝိညာဉ်ရေးရာလက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။

"မင်းဆရာမှာ ဒီလိုဓားမျိုးတော့မရှိဘူးမလား"

ဝတ်ရုံဖြူနှင့်လူမှာ ဂုဏ်ယူဝင့်ကြွားနေဟန်ပင်။

ဤသည်မှာ သူ့ခန္ဓာနှင့် နှစ်ပေါင်းထောင်ချီပြုစုပျိုးထောင်ထားသော ဓားတစ်လက်ဖြစ်သည်။

၎င်းသည် ရတနာအဆင့်အထွတ်အထိပ်သို့ ရောက်ပြီးချေပြီ။

ယဲ့ချိုးပိုင်သည် ထိုမှော်နက်မိစ္ဆာဓားရှည်ကို ယူလိုက်သည်။ ၎င်းမှာ စင်စစ်ဓားကောင်းတစ်လက်ဖြစ်ပေသည်။

အရေးအကြီးဆုံးအချက်မှာ ဤမှော်နက်မိစ္ဆာဓားရှည်သည် ယခုချက်ချင်း သူ ထိန်းချုပ်နိုင်ပြီး ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားရှည်နှင့် လိုက်ဖက်ညီလှသည်။

သို့သော် ဤဓားသည် အစိမ်းရောင်တိမ်တိုက်ဓားသွားနှင့်ယှဉ်လျှင် တန်ခိုးအရာ၌ အများကြီးနောက်ကောက်ကျကျန်ရစ်လေသည်။

ယဲ့ချိုးပိုင်၏အမူအရာကိုမြင်သောအခါ ဝတ်ရုံဖြူဝတ်ဆင်ထားသော လူခမျာ ကူကယ်ရာမဲ့သွားရလေသည်။ သူ ဂရုတစိုက်မေးမြန်းလိုက်၏။

"မင်းရဲ့ဆရာက ဒီမှော်နက်မိစ္ဆာဓားရှည်ထက် ပိုကောင်းတဲ့ဓားမျိုးပေးထားတာလား"

တိုစကားကိုကြားသော် ယဲ့ချိုးပိုင်သည် ခဏမျှတွေဝေနေပြီးမှ အစိမ်းရောင်တိမ်တိုက်ဓားရှည်ကို ထုတ်ယူလိုက်သည်။

ဝတ်ရုံဖြူနှင့်လူ : "..."

ထိုဓားသည် ဒဏ္ဌာရီလာဝိညာဉ်ရေးရာလက်နက်များထက်ပင် ပိုကြောက်ဖို့ကောင်းနေကြောင်း သူ ခံစားမိသည်။

သူကိုယ်တိုင်ပင်လျှင် ထိုဓားတွင်ကိန်းဝပ်နေသောအရှိန်အဝါကို မြင်နိုင်စွမ်းမရှိချေ။

ဝတ်ရုံဖြူနှင့်လူမှာ အသက်ပြင်းပြင်းရှူရှိုက်ပြီး ပြောလိုက်ရသည်။

"ကောင်းပြီ။ ဒီဓားကိုယူပြီး ထွက်သွားလိုက်တော့"

ဘယ်လိုလူမျိုးကများ သူ့ဓားသိုင်းကိုပြုပြင်ပြီး ဤမျှအဆင့်ရှိသော ဓားမျိုးကို ဖန်တီးနိုင်ပါလိမ့်။

သူ့ခွန်အားက သူ့ထက် များစွာသာလွန်နေပုံပင်။

ယဲ့ချိုးပိုင်သည် ဝတ်ရုံဖြူဝတ်ဆင်ထားသောအမျိုးသားကို တရိုတသေဦးညွှတ်ကာ ဓားကိုကိုင်လျက် လှည့်ထွက်လာခဲ့သည်။

ဝတ်ရုံဖြူနှင့်လူကြီးက ယဲ့ချိုးပိုင်၏ကျောပြင်ကိုကြည့်၍ နောင်တ တကြီး ပြောလေ၏။

"သနားစရာဖို့ကောင်းချက်။ ကောင်းကင်ဘုံတာအိုပျက်စီးသွားတဲ့ခေတ်မှ ငါ မွေးဖွားလာတာပဲ"

သူ့စကားအဆုံးတွင် သူ့ဘေးပတ်ပတ်လည်ရှိ အနက်ရောင်မြူခိုးများ က ပျောက်ကွယ်သွားလေတော့သည်။

၎င်းသည် အရိုးစုကြီးအဖြစ်သို့ ပြန်ပြောင်းသွားပြီး လှောင်အိမ်အလယ်တွင် တစ်ဖန်သေဆုံးသွားပြန်၏။

တစ်ဖက်တွင်မူ ဟုန်ရင်သည် သွေးအကျဉ်းထောင်ထဲသို့ ရောက်သွားလေပြီ။

မြေပြင်သည် ပုံမှန်ပြန်ဖြစ်သွားသော်လည်း ပတ်ပတ်လည်တွင် လှောင်အိမ်များစွာပေါ်လာလေသည်။

လှောင်အိမ်ကြီးများသည် ကောင်းကင်ထိတိုင်ဆန်တက်နေပြီး ရွှေရောင်ချိန်းကြိုးများဖြင့် ရစ်ပတ်ခံထားရသည်။

လှောင်အိမ်ထဲရှိအရှိန်အဝါများသည် အလွန်အမင်းကြောက်မက်ဖွယ်ရာပင်။

ထိုနေရာအနီးတစ်ဝိုက်တွင် ဖိအားများပြည့်နှက်နေပုံမှာ အကောင်အထည်ရှိသည့်အရာတစ်ခုအလားပင်။

သန်မာသူတစ်ယောက်သာမဟုတ်ပါက အပိုင်းပိုင်းအစစကြေမွသွားမည်ဖြစ်၏။

ဟုန်ရင်သည် ဤနေရာတွင်ရှိနေသောဖိအားကို လျစ်လျူရှုထားလိုက်ပြီး နေရာတစ်ခုကိုမရောက်ခင်အထိ ရှေ့ကိုဆက်သွားလိုက်သည်။

ဤနေရာရှိလှောင်အိမ်မှာ ယခင်လှောင်အိမ်များနှင့်မတူပေ။

လှောင်အိမ်၏အရောင်မှာ အနက်ရောင်မဟုတ်ဘဲ ရွှေရောင်ဖြစ်နေချေသည်။

ချိန်းကြိုးများကလည်း သာမန်ကာလျှံကာရစ်ပတ်ထားခြင်းမျိုး မဟုတ်ပါဘဲ အတွင်းပတ်ပတ်လည်ကို လှည့်ပတ်နေလေသည်။

ချိန်းကြိုးများသည် အဆောင်ယတြာများဖြင့် ဖုံးအုပ်နေချေသည်။

"ချုပ်နှောင်ခြင်း"ဟူသောစာလုံးကို အဆောင်စာရွက်ပေါ်တွင် ရေးထိုးထားသည်။

ဤသည်မှာ ဝိညာဉ်ချည်နှောင်ရေးချိန်းကြိုးများပင်။

ထိုအရာသည် ဝိညာဉ်များကို ချုပ်နှောင်ရာတွင် အသုံးပြုသည့်အန္တိမရတနာတစ်ပါးဖြစ်သည်။

ချုပ်နှောင်ခံထားရသောလူ၏ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရလျှင်ပင် သူ့ဝိညာဉ်က ထာ၀ရချုပ်နှောင်ခံရမည်ဖြစ်၏။

ဟုန်ရင်မှာ ဒေါသဖြစ်နေပုံပေါ်၏။

"မင်းကိုချုပ်နှောင်ထားဖို့ သူတို့က ဒီနည်းလမ်းကိုတောင် သုံးရဲတယ်ပေါ့လေ"

ဝိညာဉ်ချည်နှောင်ရေးချိန်းကြိုးသည် ဟုန်ရင်၏အရှိန်အဝါကို ခံစားမိသည့်အလား အနည်းငယ်လှုပ်ရှားသွားလေသည်။ အတွင်းမှ ပုံရိပ်ယောင်အသံတစ်သံ ထွက်ပေါ်လာပုံမှာ နည်းနည်းမျှထိလိုက်ရုံဖြင့် ငြိမ်းသွားနိုင်သည့် လေထဲကဖယောင်းတိုင်တစ်တိုင်အလားပင်။

"အ..အရှင်ဧကရီ... အရှင်လားဟင်"

ဟုန်ရင်က ခေါင်းညိတ်ပြလိုက်ပြီး ပြော၏။

"ငါပါ"

သူ့အသံသည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသော်ငြား အားနည်းဖျော့တော့နေဆဲပင်။

"ဒီလိုဆိုရင် အရှင်ဧကရီက ကိုးဘ၀ဝင်စားရေးနည်းဗျူဟာကို အောင်အောင်မြင်မြင်ကျင့်ကြံနိုင်ခဲ့တာပေါ့"

"ကျေးဇူးရှင်တစ်ယောက်ရဲ့အကူအညီနဲ့ပေါ့"

လုချန်ရှန်းကို ဟုန်ရင် သတိရမိလိုက်သည်။

သူ(မ)၏ ကိုးဘဝဝင်စားရေးနည်းဗျူဟာသည် လုချန်ရှန်း၏ အကူအညီမပါဘဲ မအောင်မြင်နိုင်ချေ။

ထို့သို့ဖြစ်လာပါက  သူ(မ)ကို အစွမ်းကုန်ကာကွယ်ပေးခဲ့ပြီး ပြန်လည်ဝင်စားရေးစက်ဝန်းထဲသို့ လုံလုံခြုံခြုံတွန်းပို့ပေးခဲ့သော သူ(မ) လက်အောက်ငယ်သား၏ကြိုးစားမှုမှာလည်း အချည်းနှီးပင်။

"အိုး။ ဒီလောကကြီးထဲမှာ အရှင်မကိုကူညီနိုင်တဲ့လူလည်း ရှိသေးတာလား။ အဲ့ဒါ အနောက်အရပ်က ထိပ်ပြောင်မြည်းအိုကြီးများလား"

ဟုန်ရင် ခေါင်းခါပြလိုက်သည်။

"မဟုတ်ဘူးလား။ အဲ့ဒါဆို မိစ္ဆာဘုံက အဲဒီအရူးကောင်လား"

ဟုန်ရင်က ခေါင်းခါပြဆဲပင်။

"သူတို့ ငါ့ကိုမကူညီနိုင်သေးဘူး။ အဲဒီလူက အခု ငါ့ဆရာဖြစ်နေပြီ"

သူ့စကားအဆုံးတွင် ဝိညာဉ်ချည်နှောင်ရေးချိန်းကြိုးဆီမှ ဘာအသံမှ ထွက်မလာတော့ပေ။

ခဏအကြာတွင် မယုံသင်္ကာလေသံဖြင့် အသံတစ်သံထွက်ပေါ်လာသည်။

"ကောင်းကင်ဘုံတာအိုပျက်စီးသွားတဲ့နောက် အရှင်သခင်မရဲ့ဆရာဖြစ်ဖို့ ထိုက်တန်တဲ့လူရောရှိသေးလို့လား"

ဟုန်ရင် ခေါင်းခါပြလိုက်လေသည်။ လုချန်ရှန်းသည် အစဉ်အလာနှင့်ညီသူမဟုတ်သော်လည်း သူ့တွင် အံ့ဖွယ်နည်းလမ်းများရှိပြီး ရှေးခေတ်မှာဆိုလျှင်ပင် သူသည် အထွတ်အထိပ်အဆင့်ကိုရောက်နေနိုင်သော ဖြစ်တည်မှုမျိုးပင်။

"ကောင်းပြီ။ အဲဒီအကြောင်းကို ထပ်မပြောဘဲနေကြရအောင်။ ငါ ဒီကိုလာခဲ့တာ အတည်ပြုစရာတစ်ခုရှိလို့"

ထိုအကြောင်းကိုပြောနေချိန်မှာ ဟုန်ရင်၏အမူအရာသည် တည်ကြည်လေးနက်သွားပြီး သူ(မ)၏မျက်ဝန်းများမှာ လူသတ်ချင်သောအရိပ်အယောင်များ ဝင်းလက်သွားလေသည်။

"ငါတို့ ဒီကထွက်သွားပြီး မင်းအတွက် ခန္ဓာတစ်ခု ပြန်တည်ဆောက်ပေးမယ်။ မင်းနေချင်တဲ့ဘ၀ကိုလည်း ရွေးချယ်နေနိုင်ပြီး လွတ်လပ်ခွင့်လည်း ပြန်ရစေရမယ်"

ဤလက်အောက်ငယ်သားများသည် တိုက်ပွဲအတွင်းမှာ နှစ်ပေါင်းများစွာကြာသည်အထိ သူ(မ)ကိုခစားခဲ့ကြသူများဖြစ်၏။

ယခု နှစ်ထောင်ပေါင်းများစွာ ကုန်လွန်ခဲ့လေပြီ။ သူတို့အနေနှင့် သူ(မ)ကို ခစားလိုစိတ်ရှိသေးသလားဆိုသည်ကို သူ(မ)မသိချေ။

ထိုအခိုက်တွင် ဝိညာဉ်ချည်နှောင်ရေးချိန်းကြိုးသည် အပြင်းအထန် စတင်တုန်ခါလာလေတော့သည်။

အားနည်းဖျော့တော့သောအသံသည် နောက်ဆုံးသောမျှော်လင့်ချက် ရောင်ခြည်လေးကို တွေ့လိုက်ရသည့်အလားပင်။

"အဲဒီတုန်းက ကျွန်တော်တို့အထက်ဘဝဂ်ကိုးဘုံမျိုးနွယ်စုက အရှင်မ နောက်ကိုလိုက်ပြီး ကောင်းကင်ဘုံကိုသိမ်းပိုက်ဖို့လုပ်ခဲ့ကြတယ်။ ဒီကမ္ဘာကြီးရဲ့အရံအတားကိုဖောက်ထွက်ပြီး အာကာသကြီးဆီကို ခြေချနိုင်ဖို့ပေါ့"

"ဒါပေမဲ့ ကိစ္စတွေက စီစဉ်ထားသလို မဖြစ်ခဲ့ဘူးလေ။ ငါတို့ရှုံးသွားတာ"

"ဒါပေမဲ့ အရှင်မပြန်လာပြီး ကောင်းကင်ဘုံကိုသိမ်းပိုက်ဖို့ ကျွန်တော်တို့အထက်ဘဝဂ်ကိုးဘုံမျိုးနွယ်စုကို တိမ်လွှာဖီးနစ်အင်ပါယာဆီကို ဦးဆောင်သွားမယ်လို့ ကျွန်တော်တို့အမြဲယုံကြည်ထားခဲ့တာ"

"အထက်ဘဝဂ်ကိုးဘုံမျိုးနွယ်စုကယွင်ရှီ အရှင်မကိုနှုတ်ခွန်းဆက်ပါတယ်"

ထိုစကားကိုကြားသော် ဟုန်ရင်သည် အကျဉ်းထောင်ထဲရှိဝိညာဉ်ဆိုလိုချင်သောသဘောကို နားလည်လိုက်သည်။

"ကောင်းပြီ။ ဒီတစ်ခါတော့ ငါ သေချာပေါက် ကောင်းကင်ဘုံကို သိမ်းပိုက်ပြမယ်"

"ကျွန်တော်မျိုးရဲ့ဂုဏ်သရေဟာ အရှင်မရဲ့ဂုဏ်သရေပါပဲ"

"ငါ့ခွန်အားတွေ ပြန်ရလာတာနဲ့ မင်းကို ဒီနေရာကလွှတ်ပေးမယ်။ ဒါကြောင့် နည်းနည်းလောက်ထပ်ပြီး သည်းခံပေးပါဦး"

ချိန်းကြိုးကြီးဆီမှ ကျယ်လောင်လှစွာသောရယ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

"နှစ်တွေအများကြီးတောင် နေလာခဲ့ပြီးပြီပဲ။ နည်းနည်းလောက်ထပ်စောင့်ရတော့လည်း ဘာအရေးလဲ။ ကျွန်တော်ယွင်ရှီ အရှင်မ ပြန်လာမှာကို စောင့်နေပါ့မယ်"

"နောက်တစ်ရက်ကျရင်တော့ အထက်ဘဝဂ်ကိုးဘုံမျိုးနွယ်စုက အရှင်မနဲ့အတူ ကောင်းကင်ဘုံကို နောက်တစ်ကြိမ်ထပ်တိုက်ကြတာပေါ့"




အခန်း ၂၈- ဝိုင်းရံခြင်း

စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်၏အပြင်ဘက်တွင် ...

ရှေးယခင်တုန်းကမူ အင်အားစုတော်တော်များများသည် အချင်းချင်း ကြောက်ရွံ့ခဲ့ကြသည်။

ယခုတွင် နေမ၀င်အင်ပါယာမှလူများ၏ရန်စွယ်ကို ကာကွယ်ရန်အတွက် သူတို့အားစည်းလုံးညီညွတ်စေခဲ့သော မောက်မာပြီးအထက်စီးဆန်လှသည့်ပြင်ပလူတစ်ယောက်ရှိနေချေသည်။

နေမဝင်အင်ပါယာမင်းဆက်၏ခေါင်းဆောင်မှာ ဗိုလ်ချုပ်တစ်ပါးဖြစ်သည်။

သူ့နာမည်က ကျန်းကျွင်းဖြစ်ပြီး နေမဝင်အင်ပါယာမင်းဆက်ရှိ မိစ္ဆာနတ်ဆိုးမြင်းတပ်၏ခေါင်းဆောင်လည်း ဖြစ်၏။

မိစ္ဆာနတ်ဆိုးသံချပ်ကာယန္တရားတပ်သည် နေမဝင်အင်ပါယာ၏ ဝှက်ဖဲစစ်တပ်ဖြစ်ကြောင်း ဒဏ္ဍာရီတွင်ဖော်ပြထားသည်။

စစ်တပ်တွင် စုစုပေါင်း လူအယောက်တစ်ထောင်ရှိပြီး သူတို့အားလုံးသည် ခရမ်းရောင်ဘုံဗိမာန် အဆင့်ရှိသူများ ဖြစ်ကြသည်။ ဆေးပြားဖြင့် အဆင့်ကို ရှေ့ဆက်မတိုးနိုင်တော့သော်လည်း ခရမ်းရောင်ဘုံဗိမာန်အဆင့်သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်ဟု ခေါ်ထိုက်ဆဲပင်။

တစ်ချိန်တည်းမှာပင် မိစ္ဆာနတ်ဆိုးသံချပ်ကာယန္တရားတပ်မှ လူတိုင်းသည် သေခြင်းတရားကို မကြောက်ရွံ့ကြပေ။ သူတို့အားလုံးသည် စိတ်တန်ခိုးရှင်အဆင့် ရတနာများ တပ်ဆင်ထားကြသည်။

မိစ္ဆာနတ်ဆိုးသံချပ်ကာယန္တရားတပ် ဖြတ်သွားရာနေရာတိုင်းတွင် အသက်ရှင်ကျန်ရစ်သူဟူ၍မရှိ။

ပင်လယ်ရေလှိုင်း အဆင့်ကျွမ်းကျင်သူပင်လျှင် ချက်ချင်းဝါးမျိုခံလိုက်ရပေလိမ့်မည်။

ရေအလျဉ်ပြည့်လျှံရေး အဆင့်ကျွမ်းကျင်သူပင် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

ကျန်းကျွင်း မိစ္ဆာနတ်ဆိုးသံချပ်ကာယန္တရားတပ်ကို ဦးဆောင်ပြီးကတည်းက သူ့အဆင့်အတန်း မည်မျှအထိမြင့်မားလာသည်ကို မြင်ယောင်ကြည့်နိုင်လေသည်။

တစ်ချိန်တည်းမှာပင် သူ၏ခွန်အားကလည်း သံသယဖြစ်စရာမလိုချေ။

သူသည် ရေအလျဉ်ပြည့်လျှံရေးအဆင့် ကျွမ်းကျင်သူဖြစ်သည်။

၎င်းမှာ ခေါင်းဆောင်ရူနှင့်တန်းတူဖြစ်သည်။

ကျန်းကျွင်းသည် ပတ်ပတ်လည်ကို ကြည့်လိုက်လေရာ လူတိုင်း၏အရှိန်အဝါသည် သူ့အပေါ်တွင် မရေမတွက်နိုင်အောင်ကျရောက်နေမှန်း သိလိုက်ရသည်။

လူတိုင်းက ကိုယ်စွမ်းရှိသမျှထုတ်သုံး၍ သူ့ကိုသတ်ပစ်ချင်နေသည့်အလားပင်။

ကျန်းကျွင်းက အထင်အမြင်သေးဟန်ဖြင့် လှောင်ပြောင်လိုက်ပြီး မောက်မာစွာပြောလေ၏။

"မင်းတို့က ငါ့ကို ဒီနေရာမှာ ထိန်းသိမ်းထားချင်တာလား။ ဒါပေမဲ့ မိစ္ဆာနတ်ဆိုးသံချပ်ကာယန္တရားတပ် တောင်ပိုင်းဒေသကို ကျူးကျော်လာတဲ့အခါ မင်းတို့တွေ ခုရောခုခံနိုင်မှာလား"

ဘေးနားရှိ ထျန်းယွမ်မင်းဆက်မှလူများက ခခယယပြုံးလျက် ပြောသည်။

"နေမဝင်အင်ပါယာမင်းဆက်နဲ့ ငါတို့ ထျန်းယွမ်မင်းဆက်တို့က တစ်နှစ်ပတ်လုံး ဆက်ဆံရေးကောင်းမွန်နေတာပါ။ လူတိုင်းပဲ ဒီလောက်ကြီးလည်းသတိစွဲထားဖို့ မလိုပါဘူး"

ဓားသိုင်းအကြီးအကဲသည် ထိုအခြင်းအရာကိုမြင်သောအခါ သူ့ကို အထင်သေးဟန်ဖြင့်စိုက်ကြည့်ကာ သူ့အကြည့်ကို ပြန်ရုပ်လိုက်သည်။

ခေါင်းဆောင်ရူကမူ သူ့စကားကို မကြားရသလိုသဘောထား၍ သူ့လက်ထဲကစာအုပ်ကိုသာ အာရုံစိုက်၍ဖတ်နေချေသည်။

တစ်ချက်တစ်ချက်တွင် သူသည် လေးလေးနက်နက် တွေးတောနေပြီး ရံဖန်ရံခါတွင် ပျော်ရွှင်နေဟန်အပြုံးမျိုးကို ထုတ်ဖော်ပြသနေလေသည်။

လျှို့ဝှက်တာအို ကျောင်းတော်သည် ကမ္ဘာပေါ်ရှိ အာဏာလုပွဲများတွင် ပါဝင်မည်မဟုတ်ပေ။ သို့ဖြစ်လေရာ ထျန်းယွမ်မင်းဆက်နှင့် နေမဝင်အင်ပါယာမင်းဆက်ကြားက ဆက်ဆံရေးမှာ အဘယ်မှာရှိအံ့။

သို့တည်းမဟုတ် ထျန်းယွမ်မင်းဆက်က နေမဝင်အင်ပါယာမင်းဆက်ကို ဖားချင်နေတာများလား။

ဤကိစ္စမှာ လျှို့ဝှက်တာအိုကျောင်းတော်နှင့် လားလားမျှမဆိုင်ချေ။

တခြားသူများက လှမ်းကြည့်လာကြသည်။

သူတို့မှာ ဒေါသဖြစ်နေကြသော်လည်း ဘာမှမပြောဝံ့ပေ။

သူတို့က နေမဝင်အင်ပါယာမင်းဆက်၏အင်အားကို ကြောက်ရွံ့ကြသည်။

လျို့ဝှက်တာအိုကျောင်းတော်သာလျှင် သူတို့ကိုခုခံရန် အရည်အချင်းပြည့်မီသည်။ သို့သော် သူတို့သည် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသည့်အပြင် ဦးဆောင်သူမရှိသရွေ့ အလွယ်တကူ မလှုပ်ရှားဝံ့ကြပေ။

ကျန်းကျွင်းလည်း မလှောင်ဘဲမနေနိုင်တော့ပေ။

ရိုးရိုးသားသားပြောရလျှင် ဤလူအုပ်စု သူ့အား တိုက်ခိုက်လာရန် မျှော်လင့်မိသည်။ သို့မှသာ နေမဝင်အင်ပါယာမင်းဆက်သည် တောင်ပိုင်းဒေသကို ကျူးကျော်ရန် အကြောင်းပြချက်ကောင်းကောင်းတစ်ခုရလာမှာ ဖြစ်၏။

တစ်ဖက်တွင်မူ   ယဲ့ချိုးပိုင်သည် မဖိတ်ကြားထားသော ဧည့်သည်အုပ်စုနှင့် တွေ့နေချေသည်။

"ယဲ့ချိုးပိုင် နောက်ဆုံးတော့ မင်းပေါ်လာပြီပေါ့လေ။ ပြီးခဲ့တဲ့ရက်တွေတုန်းက မင်းဘယ်မှာ ပုန်းနေလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ မင်းကိုရှာတွေ့ဖို့ အချိန်တစ်ခုယူလိုက်ရတယ်"

ယဲ့ချိုးပိုင်က သူ့ရှေ့ကလူကို ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

"ချောင်လီပေ မင်းငါ့ကို မသတ်နိုင်သေးမှာပဲ ငါစိုးရိမ်မိတယ်"

ထိုအချိန်တွင် ချောင်လီပေက မကန့်ကွက်ခဲ့ပေ။

ထိုအစား သူက ခေါင်းညိတ်သဘောတူလိုက်သည်။

"အမှန်ပဲ။ မင်းသာလွတ်မြောက်ချင်ရင် ငါ မင်းကို မထိန်းထားနိုင်မှာကြောက်တယ်။ ဒါပေမဲ့.."

သူ့စကားမဆုံးခင်မှာပင် လူအနည်းငယ်က ယဲ့ချိုးပိုင်ကိုဝိုင်းထားလိုက်ကြသည်။

သူတို့လေးယောက်က ချပ်ဝတ်တန်ဆာကို၀တ်ဆင်ထားပြီး သွေးရောင်လွှမ်းနေသော သတ်ဖြတ်လိုသည့်အရိပ်အယောင်များကို ဖော်ထုတ်ပြသလာကြသည်။

သွေးပင်လယ်ထဲက ထွက်လာသည့်အလားပင်။

"နေမဝင်အင်ပါယာမင်းဆက်ကလူတွေလား"

ယဲ့ချိုးပိုင်သည် အသာအယာမျက်ခုံးပင့်လိုက်မိသည်။

ချောင်လီပေသည် သူ့ကိုသတ်ရန် ဘာကြောင့် ဤမျှယုံကြည်ချက်ရှိနေသလဲ ဆိုသည်ကို နောက်ဆုံးတွင် သူသဘောပေါက်လိုက်သည်။

သို့သော် ဤအရာမျှဖြင့် ယဲ့ချိုးပိုင်ကို ခြောက်လှန်ရန်မလုံလောက်ပေ။

သူကြောက်သည်မှာ သူတို့လေးယောက်၏နောက်မှာရှိနေသည့် အနက်ရောင်ဝတ်ရုံဝတ်ထားသောလူလေးယောက်ပင်။

ထိုလူများသည် စိတ်တန်ခိုးရှင်အဆင့် သွေးအကျဉ်းထောင်ထဲသို့ဝင်ရောက်လာကတည်းက ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်၏။

ယခုတောင် သူတို့ကို မမြင်ရပေ။

ဤသည်မှာလည်း ယဲ့ချိုးပိုင်က စိတ်မသက်မသာသလိုခံစားလိုက်ရသောကြောင့် သိလိုက်ခြင်းဖြစ်သည်။

ဓားသိုင်းကျွမ်းကျင်သူများသည် အန္တရာယ်ကို တိကျမှန်ကန်စွာခန့်မှန်းနိုင်ကြသည်။

သံချပ်ကာတပ်သားက လှောင်ပြောင်ပြီးပြောလေသည်။

"ငါတို့နေမဝင်အင်ပါယာမင်းဆက်က တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာကို မကြိုက်ပေမဲ့ မစ်ရှင်အောင်မြင်မှုနှုန်းကတော့ ရာနှုန်းပြည့်သေချာတယ်"

ထိုစကားကိုကြားတော့ ချောင်လီပေက နှာမှုတ်လိုက်သော်လည်း ဘာမှ မပြောပေ။

မည်သို့ပင်ဖြစ်စေ သူသည် သူတို့နှင့်မယှဉ်နိုင်ပါ။

ယဲ့ချိုးပိုင်သည် သူ၏သစ်သားဓားကို ထုတ်ယူလိုက်သည်။ သူ့အမူအရာက တည်ငြိမ်နေပြီး ထိတ်လန့်တကြားဖြစ်ခြင်း အလျဉ်းမရှိပေ။

"ကောင်းပြီ။ မင်းတို့ဆန္ဒရှိရင် တိုက်ပေါ့"

ချောင်လီပေက သရော်သည်။

" မောက်မာချက်ကတော့ "

စကားဆုံးသည်နှင့် ချောင်လီပေသည် မြေပြင်ပေါ်သို့ ရုတ်တရက်ဆင်းလိုက်သည်။ အနီရင့်ရင့်မြေပြင်ရှိ ဖုန်မှုန့်လှိုင်းလုံးကြီးများ ဝေ့ဝဲတက်လာပြီး ယဲ့ချိုးပိုင်ဆီသို့ ချီတက်လာသည် ။

ထိုအခြင်းအရာကိုမြင်တော့ ယဲ့ချိုးပိုင်၏လက်ထဲက သစ်သားဓားကလည်း ဖောက်ထွက်သွားသည်။ ထက်ရှသောဓားသွားစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ချောင်လီပေကို တိုက်ခိုက်လေတော့သည်။

ချောင်လီပေက ဒေါသတကြီးဟစ်အော်လိုက်သည်။ သူ့လက်သီးက ယဲ့ချိုးပိုင်၏ ဓားသွားချီစွမ်းအင်ကို ကြိုဆိုသည့်လေထုဖိအားလှိုင်းလုံးကြီးများကို ထုတ်လွှတ်လေသည်။

အုန်း...

ဓားသွားချီစွမ်းအင် ပျောက်ကွယ်သွားသည် ။

သို့သော် ချောင်လီပေလည်း အနောက်ကို အပြင်းအထန်ဆုတ်ခွာသွားရသည်။

သူ့လက်သီးတွင် သွေးစွန်းနေသောအပေါက်တစ်ခု ပေါ်လာသည်။

ချောင်လီပေသည် သူ့လက်ချောင်းများကြားမှ သွေးများစီးကျလာသဖြင့် သူ့လက်သီးဆုပ်ကို အုပ်ထားလိုက်ရသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူသည် ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်သို့ ရောက်နေပြီပင်။

ယဲ့ချိုးပိုင်ကမူ ခရမ်းရောင်ဘုံဗိမာန်အလယ်အလတ်အဆင့်တွင်သာ ရှိသေးသည်။

ကွာဟချက်သေးသေးလေးမျှသာဆိုသော်ငြား သူ့ကြောင့်နှင့် ယခုလိုပြင်းပြင်းထန်ထန်ဒဏ်ရာရသည်အထိ ဖြစ်စရာမရှိပေ။

"အမှိုက်ကောင်"

နေမဝင်အင်ပါယာမင်းဆက်မှ သံချပ်ကာတပ်သားက အေးစက်စွာပြောလိုက်၏။

"မင်း ငါတို့နဲ့ပူးပေါင်းချင်နေတာ မအံ့သြတော့ပါဘူး"

ထိုစကားကြောင့် သံချပ်ကာဝတ်စားသောလူများသည် တစ်ချိန်တည်းမှာပင် စွမ်းအားများကို အစွမ်းကုန်ထုတ်လွှတ်လိုက်သည်။

သွေးရောင်လွှမ်းသော သတ်ဖြတ်ရေးအရိပ်အယောင်များက ယဲ့ချိုးပိုင်ဆီကို သွေးပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြတ်သန်းသွားသည် ။

သွေးရောင်ဆူနာမီမုန်တိုင်းကြီးတစ်ခုလိုပင်။

ယဲ့ချိုးပိုင်သည် ကောင်းကင်ဘုံမိစ္ဆာအကဲဖြတ်ရေးကို တွေ့ကြုံထားပြီးဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးဖြင့် ရက်ပေါင်းညပေါင်းများစွာ ဆက်တိုက် သတ်ဖြတ်ခဲ့ရသည်။

အဲဒီတုန်းကပင် သူ့အား မဖိနှိပ်နိုင်ခဲ့ချေ။

ဤအရာလောက်လေးက သူ့စိတ်အစဉ်ကို ဘယ်လိုထိခိုက်စေမှာတဲ့လဲ။

ယဲ့ချိုးပိုင်သည် သစ်သားဓားကို ကောက်ကိုင်လိုက်ပြီး ကောင်းကင်သို့ပျံတက်သွားသည်။

ဓားချင်းယှဉ်ခုတ်ပြီးနောက် ဓားသွားချီစွမ်းအင်ကွန်ယက်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့သွားသည်။

သွေးပင်လယ်ပြင်ကြီးပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာလေသည်။

သို့သော် သွေးပင်လယ်ပြင်အသစ်တစ်ခုကို ဖန်တီးပေးသွားချေသည်။

သူတို့လေးယောက်၏စွမ်းအားမှာ ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို ကျော်လွန်သွားခဲ့တာ ကြာလေပြီ။

ယခုလိုတိုက်ခိုက်ရေးနည်းလမ်းက ပင်လယ်ရေလှိုင်းအဆင့်ရှိသူများကိုပင် သုတ်သင်နိုင်သည်။

ထိုအရာကိုမြင်တော့ ယဲ့ချိုးပိုင်က သစ်သားဓားကိုဖယ်လိုက်ပြီး ဓားချွန်မဲ့ အနက်ရောင်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။

မှော်နက်မိစ္ဆာဓားရှည်ပင်။

မှော်နက်မိစ္ဆာဓားရှည်ကို ဆင့်ခေါ်လိုက်သောအခါ မိစ္ဆာချီစွမ်းအင်လှိုင်းလုံးကြီးသည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့သွားလေသည်။

အမှန်တကယ်တွင် ဤအရာသည် သွေးပင်လယ်နှင့်ဆန့်ကျင်ဘက်ပင်။

အစွန်အဖျားနားရှိ လူလေးယောက်၏အမူအရာများမှာ ကူကယ်ရာမဲ့စွာ ပြောင်းလဲသွားလေသည်။

"နိဗ္ဗာန်ဘုံရတနာပဲ"

"တောင်ပိုင်းသားအရိုင်းအစိုင်းတစ်ယောက်က နိဗ္ဗာန်ဘုံရတနာကို ဘယ်လိုလုပ်ပိုင်ဆိုင်နိုင်မှာလဲ"

"ဒါပေမဲ့ သူ့မှာရှိတော့ရော ဘာဖြစ်လဲ။ သူ့ကိုသတ်နိုင်သရွေ့ အဲဒါကိုငါတို့ပိုင်မှာပဲကို"

ထိုစကားဆုံးသည်နှင့် လက်လေးချောင်း၏လှုပ်ရှားမှုသည် ပြောင်းလဲသွားပြန်သည်။

သွေးပင်လယ်လှိုင်းလုံးကြီးသည် သွေးရောင်လွှမ်းသောဧရာမလက်သီးကြီးအဖြစ် ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်ဆီသို့ ဦးတည်သွားလေသည်။

ယဲ့ချိုးပိုင်ကလည်း ဟစ်အော်လိုက်သည်။

"ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်း တတိယသိုင်းကွက်"

မှော်နက်မိစ္ဆာဓားရှည်ပေါ်မှ မိစ္ဆာချီစွမ်းအင်များဟာ ချက်ချင်းဆိုသလို ဖောက်ထွက်လာပြီး အနက်ရောင်ဧရာမဓားသွားချီစွမ်းအင်ကြီးက သွေးရောင်လက်သီးဆုပ်ကို ခုတ်ထစ်ပစ်လိုက်လေသည်။

ဘုန်း..ဘုန်း ... ဘုန်း...

နောက်ဆက်တွဲလှိုင်းလုံးကြီးက ပတ်ဝန်းကျင်အနှံ့ ဖြတ်သန်းသွားသည်။

ချောင်လီပေက ထိုမြင်ကွင်းကိုမြင်သောအခါ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။

တိုက်ခိုက်မှုတိုင်းက သူ့ကိုသတ်ပစ်နိုင်သည့်အတွက် ယခုလိုပြင်းထန်သည့်တိုက်ပွဲတွင် သူ ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိချေ။

ယဲ့ချိုးပိုင်က ဘယ်လိုလုပ်ပြီး ဒီလိုခွန်အားတွေရှိနိုင်မှာလဲ။ သွေးအကျဉ်းထောင်ထဲမှာ အခွင့်အရေးတစ်ခုခုနဲ့များ သူတွေ့လာတာလား။
အဲ့လိုဆိုရင်တောင်မှ သူက နေမဝင်အင်ပါယာမင်းဆက်က လူလေးယောက်နဲ့တော့ မယှဉ်နိုင်လောက်ဘူးလေ.. ဟုတ်တယ်မလား။

မကြာလိုက်သောအခိုက်အတန့်လေးမှာပင် ကြီးမားလှသော သွေးရောင်လက်သီးဆုပ်ကြီးသည် အမှန်တကယ်ပင် နှစ်ခြမ်းကွဲသွားလေတော့သည်။

Continue Reading

You'll Also Like

1.3M 38.6K 45
(Unicode) မောင် မင်းကိုမြင်မြင်ချင်းထဲကချစ်ခဲ့တယ်ဆိုတာမင်းယုံပါ မောင်ကတစ်ကိုယ်ကောင်း သမားမို့ မင်းကိုမောင့်အနားမှာဘဲခေါ်ထားမှာ.... (ခန့်ညီသော်) ( Mat...
1M 143K 72
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
6.3M 190K 45
She isn't short. She is bite sized. Anita Rosaline Nightshade has always been small. 4'11 height but a 6'7ft attitude. She might be small, but she...
1M 29.7K 31
" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘ...