⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_47
ဒီရဲ လိုအပ်တဲ့ ပစ္စည်းများ ဝယ်လာပြီး ကိုနေတင် ခွဲခန်းဝင်ရတော့မယ့်အချိန် ကပ်နေတာကြောင့် ခပ်သုတ်သုတ်လေး လျှောက်လာစဥ်...
"ဟင်"
"မရီး"
"ကိုဒီရဲ"
မျက်နှာချင်းဆိုင် ဆုံကြတဲ့ သူတို့နှစ်ယောက်.....
ကိုဒီရဲကိုဆေးရုံံမှာ လူအကောင်လိုက်မြင်လိုက်ရချိန် သော်တာ အရမ်းကိုပင်အံ့သြသွားလေသည်..
Gordonမှာရှိနေရမယ့် လူက ဘယ်လိုလုပ်ပြီးဒီဆေးရုံကိုရောက်နေတာလဲ....
"ကိုဒီရဲက ဘယ်လိုလုပ် ဒီီကို"
"မရီးက ဒီကိုဘယ်လိုလုပ် ရောက်နေတာလဲ"
"အနော်အရင်မေးတာလေ"
ကိုဒီရဲမျက်နှာဟာ ပျက်ယွင်းနေပြီး လုံးဝကို မကောင်းတာကြောင့်...
"ကိုကိုကြီးရော ကိုဒီရဲ ...ကိုကိုကြီးရောလို့"
"မရီး"
"မရီး"
ကိုဒီရဲကငိုသံကြီးနဲ့ သော်တာရှေ့ဒူးထောက်ကျသွားကာ..
"မရီး"
သော်တာခံစားချက်တွေမကောင်းဖြစ်လာကာ ရင်ထဲ တုန်လှုပ်လာလေသည်...
"ကိုကိုကြီးရော...ကိုကိုကြီးရောလို့"
"ကိုနေတင်...ကိုနေတင်ကလေ"
@@@@@@@@@@@@@@@@@
ကိုဒီရဲပြောလာသောစကားများကို နားထောင်ပြီးသော်တာကြက်သေသေသွားလေတော့သည်...
"သော်တာလေး အမယ်လေး သော်တာလေးရယ် ဘယ်ကိုပျောက်သွားတာလဲ အစ်မဖြင့်လန့်သွားတာပဲ"
"ဟင် ကိုဒီရဲ"
"အိသဲ နင်တို့ကကော ဘယ်လိုလုပ်ဒီကို အာ အကုန်ရှုပ်ကုန်ပြီ မရီး..မရီးသတိထားအုံး"
"ကိုကိုကြီးဘယ်မှာလဲ...အနော့်ကိုကိုကြီးဘယ်မှာလဲ ကိုဒီရဲ"
_
_
_
_
_
_
_
"ကိုကိုကြီး''
''ကိုကိုကြီးရေ''
''ကိုကိုကြီး''
''ဟင်''
နားထဲမှာ ပီပီသသကြီး ကြားလိုက်ရတဲ့ သက်ကလေးရဲ့ အသံလေးကြောင့် နေတင်ရဲ့ ကိုယ်ကြီး ဆတ်ခနဲ တုန်သွားရကာ အသံလာရာဖက်ကို ခေါင်းက ချာခနဲ လှည့်သွားမိတော့သည် .....
ဒါ ဒါက သူ့ဘဝမှာ ဘယ်တော့မှ မေ့ဖျောက်လို့ ရနိုင်မှာ မဟုတ်တဲ့ သူ့အသဲနှလုံးရဲ့အသံလေး ....
ဘယ်လိုများ ဖြစ်တာပါလိမ့် ကန်လမ်းနဲ့ Satt Hostipal က ဒီလောက်နီးတာ လည်း မဟုတ်ပဲနဲ့ ငါ့ကလေးက ဘယ်လိုသိပြီး ရောက်လာတာတဲ့လဲ....
မျက်နှာလေးကို ငါမသေခင် မြင်သွားချင်လွန်းတဲ့ စိတ်တွေကြောင့် ငါ့စိတ်က ထင်ယောင်ထင်မှားနဲ့ ကြားချင်ရာ ကြားနေတာများလား.....
""ကိုကိုကြီး"
အတွေးတွေနဲ့ သူ ယောက်ယက်ခတ်နေဆဲ အမောတကော ပြေးလာတဲ့ ခြေသံလေးနဲ့အတူ သူ့ကုတင်နားကို တကယ်ကြီး ရောက်လာတဲ့ သက်ကလေး......
သူဘာမှ စဉ်းစားမနေနိုင်တော့ ကုတင်ပေါ်ကနေ အမြန်ဆင်းချပြီး လွမ်းဆွတ်တမ်းတနေခဲ့ရတဲ့ ဇနီးချောလေးကို ကြင်နာစွာ ဆွဲယူထွေးပွေ့ပြီး ရင်ခွင်ထဲမှာ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်မိတော့သည်.....
''သက်ကလေး"
''ကိုယ့်အသက်ရယ်''
''ကိုကိုကြီး''
"အားး လွမ်းလိုက်ရတာ ကလေးရယ် ''
''ကိုကိုကြီး ''
မျက်ရည်တွေနဲ့ မော့ကြည့်လာတဲ့ မျက်နှာလေးကြောင့် နေတင့်အသည်းတွေ တဆတ်ဆတ်ခါအောင် နာသွားရသည် ....
""ကြည့်စမ်း ပိန်သွားလိုက်တာကွာ မျက်နှာလေးက သေးသေးလေးပဲ ကျန်တော့တယ် ဒီနှစ်ရက်လုံး ထမင်းမစားဘူးလား ဟုတ်လား အခုကော ဘာစားထားပြီလဲ"
''ဘာလို့ မပြောတာလဲ ဘာလို့မပြောရတာလဲ အနော့်ကို ဘာလို့ မပြောရတာလဲ ကိုကိုကြီးရယ် အဟင့် ဟင့်''
''ကလေး ဘာမှ မစားရသေးဘူးလားလို့ ကြည့်ပါအုံး ငိုထားလိုက်တာ..မျက်လုံးတွေတောင် ယောင်နေပြီကွာ ''
ဒီလို အခြေအနေမျိုး ရောက်နေတဲ့ အချိန်မှာတောင် သော်တာကို စိတ်ပူနေရှာသေးတဲ့ အကြင်နာမျက်ဝန်းတွေနဲ့ အဆုံမှာ ဘာတစ်ခွန်းမှ မမေးရသေးလည်း အရာရာ အားလုံးကို သော်တာ သဘောပေါက်လိုက်ပြီ ဖြစ်သည်....
''အဲဒါက အရေးကြီးလား အခု အဲဒါက အရေးကြီးလို့လားလို့ ဒီလောက် ပြသနာကြီး ဖြစ်နေတာကိုများ တစ်ယောက်ထဲ ကြိတ်ခံစားနေရသလား ကိုကိုကြီးရယ် အဟင့် ဟင့်"
နေတင်မျက်နှာက ဆိုးဆိုးရွားရွား ပျက်ကျသွားရှာပြီး ....
""ကိုယ့်မိန်းမလေး အခုလိုတွေ ခံစားနေရမှာမျိုးကို ကိုယ်မကြည့်ရက်လို့ပါကွာ အကယ်၍များ ခွဲစိတ်တာ မအောင်မြင်ခဲ့ရင် သက်ကလေး မခံစားနိုင်မှာစိုးတယ် "
''အဟင့် ဟင့် ကိုကိုကြီး''
''အောင်မြင်ခဲ့ရင်လည်း လူကောင်းပကတိလို ပြန်ဖြစ်လာဖို့ ဖြစ်နိုင်ချေ အရမ်းနည်းတယ် ဒီဒုက္ခတွေကို ကိုယ့်မိန်းမလေးကို မခံခိုင်းရက်လို့ ကိုယ့်ကိုမုန်းအောင် လုပ်ခဲ့မိတာပါ ကလေးရယ်''
သော်တာ့ရင်ထဲမှာ ဆို့နင့်တင်းကြပ်နေပြီး ကိုကိုကြီးကို ပိုပြီးတော့ တင်းကြပ်နေအောင် ဖက်ထားလိုက်မိကာ....
"အဟင့် ဟင့် ခွဲစိတ်တာက ဘာလို့ မအောင်မြင်ရမှာလဲ အနော်သိတယ် သေချာပေါက်ကို အောင်မြင်မှာ အနော့်ယောကျာ်းက ဘာလုပ်လုပ် ဘယ်တုံးကများ မအောင်မြင်တာ ရှိလို့လဲ ''
''လူကောင်းလို မဖြစ်နိုင်တော့ရော ဘာဖြစ်သေးလဲ အသက် မသေတော့ဘူးလေ ဒါဆို ရပြီပေါ့ အနော်ပြုစုမယ် စောင့်ရှောက်မယ် အိုမင်းပြီး ဆံဖြူသွားကျိုးတဲ့ အရွယ်တွေအထိ အတူတူ နေသွားကြမယ်လေ နော်"
သူ့ရင်ခွင်ထဲက သက်ကလေးရဲ့ စကားတွေကြောင့် နေတင်စိတ်အားတွေ တက်လာရတော့သည် .....
ဟုတ်တယ် ဒီအခြေအနေဆိုးကို ငါကျော်ဖြတ်နိုင်မှာ သေချာတယ် ငါအသက်ရှင်ရမယ် ငါ့မိန်းမနဲ့ ကလေးတွေမွေးပြီး ပျော်ပျော်ကြီးနေဖို့ ငါပြန်လာနိုင်ရမယ်.....
''စိတ်ချပါသက်ကလေး ကိုကိုကြီး သေချာပေါက် အသက်ရှင်လျက် ပြန်ထွက်လာခဲ့မယ် ဟောဒီကလေးလေးကို ခွဲပြီးတော့ ကိုကြီး ဘယ်ကိုမှ မသွားဘူး"
''ဟုတ် အနော် ဒီအခန်းရှေ့မှာ စောင့်နေမယ် ကိုကိုကြီးတစ်ခုခု ဖြစ်သွားလို့ မရဘူးနော် ဖြစ်သွားရင် အနော်ပါ လိုက်လာမှာ ''
''အဲဒါမျိုးတွေ မပြောရဘူးလေကွာ ကိုယ်ပြန်လာမှာပါဆို စိတ်ချ ကတိပေးတယ်''
တစ်ယာက်နဲ့တစ်ယောက် မျက်စိအောက်က ပျောက်သွားမှာ စိုးလှတဲ့ပုံမျိုးနဲ့ မျက်တောင်မခတ် ကြည့်နေရှာတဲ့ နှစ်ယောက်သားကို ကြည့်ကာ ဟန်ထွန်း သနားလှသည် ......
ဒီလို ခံစားချက်မျိုးကို ဟန်ထွန်းကောင်းကောင်းကြီး သိတာပေါ့ ရင်ကွဲမတတ် ဆိုတဲ့ စကားလုံးလေးကို လူတွေ အလွယ်တကူ ပြောတတ်ကြပေမယ့် အဲဒီခံစားချက်က ဘယ်လောက်ခံရခက်သလဲဆိုတာ ကိုယ်တိုင်လက်တွေ့ ခံစားဖူးမှသာ သိနိုင်တာမျိုးလေ.....
ဒီညီမလေးရဲ့အမျိုးသားက သူ့ပြဿနာကို တစ်ယောက်ထဲ ကြိတ်ဖြေရှင်းနေပုံရကာ အခုမှ နှစ်ယောက်သား ပြန်ဆုံကြတဲ့ပုံပင်....
"ကလေးက ဘယ်လိုသိပြီး ဒီဆေးရုံကို လိုက်လာတာလဲ"
'''ဟင့်အင်း အနော် မသိဘူး အနော်သတိရလာတော့ ဆေးရုံပေါ်ကို ရောက်နေပြီ ဆေးသွင်းထားတာကို အတင်းဆွဲဖြုတ်ပြီး ထပြေးလာတာ'''
''ဟင်'''
'''ကလေးက သတိလစ်သွားတာလား'''
မနေသာတော့ပြီမို့ အိသဲ ဝင်ပြောရတော့သည်.....
''ဟုတ်တယ် ကိုနေတင် သော်တာလေးက လုံးဝ မစားမအိပ်ပဲ ငိုနေရာက ကိုနေတင်ပြဿနာဖြစ်နေတာပဲ ဖြစ်မယ် Gordon ကို အမြန် ပြန်ရမယ်ဆိုပြီး ထပြေးတာ သတိလစ်ပြီး လဲကျသွားလို့ "
''ဟာ'''
''ဘေးအိမ်က ဒီညီမလေးကို အကူအညီ သွားတောင်းတော့ ဆေးရုံကို ခေါ်လာပေးတာ''
စိတ်ထားဖြူစင်ပုံလေး ပေါ်လွင်လှတဲ့ မိန်းကလေးကို သူကျေးဇူးတင်စွာဖြင့် ခေါင်းဆတ်ပြလိုက်ရင်း ....
"ဟာ သက်ကလေးရယ် ဒုက္ခပါပဲကွာ အခု ဘာတဲ့လဲ ဆေးရုံက ဘာပြောလဲ ဘာဖြစ်တယ်လို့ ပြောလဲ'''
''အားပြတ်သွားတာပါ အရမ်း စိတ်ဖိစီးတာတွေရော တောက်လျှောက် ငိုနေတာရောကြောင့် လူက မခံနိုင်တော့တာ'''
''ကျစ် ဟာကွာ ကလေးက ဘာလို့ အဲလိုကြီး ဖြစ်သွားတဲ့အထိ နေရတာလဲ'''
''ကိုကိုကြီးက အနော့်ကို အတင်းကြီးမောင်းထုတ်တော့ အနော်မှ မခံစားနိုင်တာ '''
သော်တာ ရင်ဘတ်လေးကို ပုတ်လိုက်ရင်း .....
"ဒီထဲမှာ မခံနိုင်အောင် နာနေတော့ အနော်က ဘယ်လိုလုပ် စားလို့ ဝင်မှာလဲလို့ အိပ်လို့လည်း မပျော်ဘူး အနော်သာ ဒီအတိုင်း ဆက်နေရရင် ကိုကိုကြီး မသေပဲ အနော် အရင်သေမှာ သိလား"
"အာ ကိုယ့်အသက်ရယ်''
လွတ်ထွက်သွားမှာ စိုးသည့်အလား သူ့ကိုမလွတ်တမ်း တင်းကြပ်စွာ ဖက်တွယ်ထားပြီး မျက်ရည်လေးတွေ တစ်လိမ့်လိမ့်ကျကာ ပြောနေရှာတဲ့ သက်ကလေးကို ကြည့်ကာ နေတင်ရင်ထဲမှာ တစစ်စစ်နဲ့ နာနေလေသည် ....
ကိုယ့်ဆရာလင်မယား အခြေအနေကို ကြည့်ကာ ဒီရဲ ဝင်ပါရတော့သည်.....
''ကိုနေတင်နဲ့မရီး ခဏလောက် ထိုင်ပါအုံးလား"
ရယ်ဒီဖြစ်နေတဲ့ ဒေါက်တာ ဆက်ကောင်းယံတို့ အဖွဲ့ကို အရိုအသေ ပေးလိုက်ကာ ...
''ဒေါက်တာတို့ကို အရမ်းအားနာပေမယ့် ကျွန်တော့ဆရာကို ခဏလောက် အချိန်လေးပေးဖို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ"
''အိုခေပါ လူနာအဆင်သင့် ဖြစ်မှပဲ ကျွန်တော်တို့ ခွဲမှာပါ နှစ်ယောက်သား အရင်ညှိလိုက်ပါအုံး"
''ဟုတ်ကဲ့ အားနာပါတယ်ခင်ဗျာ ကျွန်တော့်အမျိုးသမီးကို ကျွန်တော် မှာစရာလေးတွေ ရှိနေသေးလို့ ခဏလေး စောင့်ပေးပါဒေါက်တာဆက်"
"အိုခေပါ"
''Ring Ring Ring"
''ဟယ်လို ကိုကြီး''
''အထွန်းလေးက အခု ဆေးရုံမှာဆို "
''ဟုတ်ကဲ့ ကိုကြီး ဟန်ထွန်းတို့ ကပ်ရက်အိမ်အသစ်က ညီမလေးက ရုတ်တရက်ကြီး မေ့လဲသွားလို့
ဟန်ထွန်းလာပို့တာ''
''ဟုတ်လား အခုကော အဆင်ပြေသွားပြီလား''
'''ညီမလေးကတော့ သတိရလာပါပြီ ဒါပေမယ့်လေ ဟို''
''ဒီမှာ ညီမ အခု ကိုသက်ဦးသခင်နဲ့ ပြောနေတာလား ''
ဟန်ထွန်း အံ့ဩသွားရပြီး....
''ရှင် အစ်ကိုက ကိုကြီးကို သိနေတာလား"
'''အစ်ကို ခဏလောက် စကားပြောချင်တယ် ....."
'''ဪ ဟုတ်ကဲ့ ''
''ကိုကြီးရေ ဟိုညီမလေးရဲ့ အမျိုးသားက စကားပြောချင်လို့ပါတဲ့ ''
''ဟုတ်လား ဒီလို လုပ်လေ ကိုကြီး ရန်ကင်းဖက်ကို လာဖို့ရှိနေတာ ဆေးရုံကို အရင် ဝင်လာလိုက်မယ်''
''ဟုတ် ပြောလိုက်မယ် အဲဒါဆို ဖုန်းချပြီနော် ''
''ကိုကြီးက ဆေးရုံကို လာခဲမယ်တဲ့ အစ်ကို ခဏလေး စောင့်ပေးနော်"
''ကျေးဇူးပါ ညီမ''
''အဲဒါဆို အစ်ကို့အခန်းမှာပဲ သွားစောင့်ရအောင် ''
''ဟုတ်ကဲ့ ''
သိပ်မကြာလိုက် သူ့ အခန်းဝမှာ ပေါ်လာတဲ့တည်ကြည့်ခန့်ညားလှတဲ့ ဥပဓိရုပ်အသွင်အပြင်နဲ့
ကိုသက်ဦးသခင်....
''အထွန်းလေး"
''ကိုကြီး''
''ဒီမှာလေ ဟန်ထွန်းတို့နဲ့ ကပ်ရက်အိမ်က ညီမလေး လင်မယား''
'''ဪ ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ ကျွန်တော်က သက်ဦးသခင်ပါ"
သုနေတင်ထွဋ် နှစ်ခြိုက်စွာ ပြုံးကာ ထရပ်လိုက်ရင်း ...
"မင်္ဂလာပါ ကိုသက်ဦးသခင် နာမည် ဂုဏ်သတင်းကြီးတာက အပိုမဟုတ်ဘူးပဲ ဆရာသမားက အပြင်မှာက ပိုကြည့်ကောင်းတယ်ဗျာ ''
လူကို ကြည့်လိုက်တာနဲ့ မဟုတ်တာ ဘာတစ်ခုမှ မလုပ်ပါဘူးဆိုတာကို ပြောစရာကို မလိုပဲနဲ့ သိသာနေတဲ့ ရုပ်မျိုး.....
''ဟားဟားဟား"
'''ကျွန်တော့ အိမ်နီးချင်းအသစ်က ဘယ်သူများလဲမှတ်တယ် နာမည်ကျော် Gordon emperor ရဲ့ အရှင်သခင် ဖြစ်နေတာကိုး''
''ဟာ ကိုသက်ဦးသခင်က ကျွန်တော့ကို သိနေတာလား''
''ကိုသုနေတင်ထွဋ်ကို စီးပွါးရေးလောကမှာ မသိတဲ့သူ ရှိပါ့မလားဗျာ''
သူဒီရဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီး....
"သက်ကလေး ကင်တင်းမှာ တစ်ခုခု သွားစားနော် ကိုကိုကြီး စကားပြောလိုက်အုံးမယ်''
'''ဟင့်အင်း အနော် မစားဘူး ကိုကိုကြီး''
''ထပ်ပြီး လဲကျသွားလိမ့်မယ် သွားကလေးသွား''
''ဒီရဲ'''
''အိသဲနဲ့ ငါ့ကလေးကို ခေါ်သွားပြီး တခုခု သွားကျွေး ခဏနေ ခွဲခန်းဝင်နေတုံး စောင့်နေရမှာ ရှိသေးတယ်'''
'''ဟင့်အင်း အနော် မဆာပါဘူးဆို '''
'''အာ အဲဒီလို မလုပ်ရဘူးလေ ကလေးရဲ့ အိသဲ ခေါ်သွားတော့''
''ကိုကိုကြီး ဒီမှာပဲ နေနော် အနော် အမြန်ပြန်လာခဲ့မယ် ဘယ်ကိုမှ မသွားရဘူးနော် '''
'''ဪ ဘယ်မှ မသွားပါဘူးကွာ ဒီမှာ ကိုသက်ဦးသခင်နဲ့ စကားပြောရင်း စောင့်နေမယ်''
လူနာက ကိုကြီးနဲ့ စကားပြောချင်နေပုံ ရတာမို့ ဟန်ထွန်းပါ ထရပ်လိုက်ပြီး သော်တာရဲ့ လက်ကလေးကို တွဲကာ....
"လာ ညီမလေး လာ မမပါ လိုက်ခဲ့ပေး
မယ် ''
''ကဲ ကဲ ကလေးမလေး စိတ်ဖြောင့်ဖြောင့်သာသွား ကလေးမယောကျာ်းကို ဦးသက် စောင့်နေပေးမယ်"
"ဒီအခန်းထဲကနေ ဘယ်ကိုမှ
ပေးမထွက်နဲ့နော် ဦးသက်ဦး"
''အိုခေ ဗျား'''
ကိုသက်ဦးသခင်တို့ ဇနီးနောင်နှံရဲ့ အကင်းပါးမှုကို လက်တွေ့မြင်လိုက်ရပြီမို သူ့ရွေးချယ်မှု လုံးဝ မှန်ကန်သွားပြီဆိုတာ နေတင် သိလိုက်ပြီ ဖြစ်သည် ....
ဟင်းးး.....
သူ့ဇနီးလေး အခန်းထဲကနေ ထွက်သွားတော့မှ သက်ပြင်းမောကြီး ချလိုက်တဲ့ သုနေတင်ထွဋ်ကို သက်ဦးသခင် လှည့်ကြည့်လိုက်ရင်း.....
''ကဲ ကျွန်တော့ကို တွေ့ချင်တယ်ဆိုတာ ဘာများပြောစရာ ရှိလို့လဲ ကိုသုနေတင်ထွဋ်"
''ရင်းရင်းနှီးနှီး နေတင်လို့ပဲ
ခေါ်ပါ ကိုသက်ဦးသခင်''
'''အဲဒါဆို ကိုယ့်ကိုလည်း သက်ဦးလို့ပဲခေါ်ကွာ'''
''အိုခေ'''
''ကဲ ပြောဖို့ အဆင်သင့် ဖြစ်ပြီလား'''
''အင်း ကိုယ့်မိန်းမမလာခင် အပြီး ပြောရမှာဆိုတော့ အကျဉ်းချုံးပြီးတော့ပဲ ပြောတော့မယ်'''
''ကိုယ်က Brain tumor ဖြစ်နေလို့ ခဏနေ ခွဲစိတ်ရမယ် "
''ဟာ''
''အသက်ရှင်နိုင်ချေက 50%ပဲရှိတယ် ''
'''ဟင်'''
''ခွဲစိတ်ခန်းထဲကနေ မသေပဲ ပြန်ထွက်လာနိုင်ခဲ့ရင်လည်း အခုလိုမျိုး အကောင်းပတိ ပြန်ဖြစ်လာမယ်လို့ မသေချာဘူး'''
''ဟာ မဟုတ်တာဗျာ''
'''ဘန်ကောက် အမေရိကား မြန်မာပြည် ဘယ်မှာပဲ စစ်စစ် result က အတူတူပဲ ထွက်တယ်လေ ကိုယ်က သေလူတစ်ယောက်ပါ ''
''အဲဒါကြောင့် ကိုယ့်မိန်းမကို အတင်းခွါထုတ်နေတာ ခုနက မြင်တဲ့အတိုင်းပဲ ကလေးသာသာလေးဆိုတော့ ကိုယ် လုံးဝ စိတ်မချဘူး '''
'''သူ့အနားကို ကိုယ်ပြန်မလာနိုင်ခဲ့ရင် ဆိုတာကို ထည့်တွက်ပြီး သူအေးချမ်း လုံခြုံနိုင်မယ့် နေရာတစ်ခုကို ရှာတော့ ကိုယ်သဘောအကျဆုံး စိတ်တိုင်းအကျဆုံး နေရာက မင်းအိမ်ဘေးက နေရာပဲ''
သက်ဦးသခင် မျက်ခုံးတွေ ပင့်သွားရပြီး....
"""ဘယ်လို"
'''ကိုယ့်အမြင်တွေ လုံးဝ မမှားဘူးဆိုတာ မင်းတို့ လင်မယားကို တွေ့တော့ ပိုပြီး သေချာသွားပြီ ''
'''ကိုယ့်ကလေးကို ဘာမှ လိုလေသေး မရှိ အကုန်လုံး ပြည့်စုံအောင် စီစဉ်ပေးထားပြီးသားပါ ....ကိုယ်လိုချင်တာက ကိုယ့်မိန်းမကို မင်းရဲ့ နှမသားချင်း တစ်ယောက်လို သဘောထားပြီး စောင်မကြည့်ရှုရုံလောက်ပါပဲ .....
"ကိုယ့်ဇနီးအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုလိုအပ်နေတယ်"
'''ကိုယ်တောင်းတဲ့ အကူအညီက မင်းအတွက် အပန်းမကြီးဘူး ဆိုရင် သေခါနီး လူတစ်ယောက် အသေဖြောင့်အောင် ကူညီတယ်လို့ သဘောထားပြီး လက်ခံပေးပါ''
"ဒါမျိုးက စကားထဲ ထည့်ပြောနေစရာတောင် မလိုပါဘူးကွာ ကိုယ်က ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို safe ဖြစ်အောင်လောက်တော့ တာဝန်ယူနိုင်ပါတယ် ''
နေတင် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ရင်း ....
"ကိုယ်လိုချင်တာကလည်း ဒီလောက်ပါပဲ အခုမှတွေ့တဲ့ သူတစ်ယောက်ကို ချက်ချင်းကြီး အကူအညီတောင်းရလို့ ကိုယ်အရမ်းအားနာပါတယ်''
''ကျစ် မင်းကလည်း ဘာကို အားနာနေတာလဲ '''
''ဘာလို့ မင်းကိုမှ ဒီလိုအကူအညီမျိုး တောင်းရသလဲဆိုတော့ ကိုယ်က မိဘမဲ့တစ်ယောက်ပါ ''
''ဪ''
''ကိုယ့်မိန်းမကလည်း အမေ မရှိရှာတော့ဘူး သူ့အဖေက နောက်အိမ်ထောင်နဲ့မို့ အတူနေဖို့က လုံးဝ အဆင်မပြေလို့ပါ သူတို့မိသားစုအရှုပ်အရှင်းတွေရှိတယ် သက်ကလေးကို စိတ်မရှုပ်စေချင်ဘူး''
''သူ့အမေဖက်က တော်စပ်တဲ့ အစ်ကိုတွေကလည်း အခု နိုင်ငံခြားမှာ အဒေါ်တွေကလည်း သွားချည်လာလှည့် လုပ်နေကြတော့ သူ့ကို အပ်ထားခဲ့ဖို့ စိတ်ချရတဲ့လူ လိုအပ်နေလို့ပါ"
''သူ့အစ်မရင်းလို ချစ်ရအားကိုးရတဲ့ အစ်မကလည်း အခု Gordon မှာရောက်နေတယ် ကိုယ်ဒီလို ဖြစ်နေတာကို Gordon ကလူတွေကို လုံးဝ အသိမပေးထားဘူး''
''Gordon က အခြေအနေတွေကို ကိုယ့်လူယုံတွေ ထိန်းရခက်နေမှာ စိုးလို့ပါ'''
အခြေအနေတွေကို သက်ဦးသခင် သဘောပေါက်လိုက်ပြီမို့ နေတင်ရဲ့ ပခုံးကို အသာပုတ်လိုက်ရင်း.....
'''ကိုယ်သဘောပေါက်ပြီ ဘာမှ စိတ်မပူနဲ့ လုံးဝ အစစအရာရာ အားလုံး စိတ်ချကွာ ဒါပေမယ့် မင်းလည်း ကတိတစ်ခုတော့ ပေးရမယ်"
'''ဘာကတိလဲ'''
'''Operation ခန်းထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာပါမယ် ဆိုတဲ့ကတိ''
''ဟင်''
'''ကိုယ်တကယ်စောင့်နေမယ် မင်းလို သူငယ်ချင်းမျိုးနဲ့ ကိုယ်အချိန်တွေ အကြာကြီး ပျော်ချင်တယ်ကွာ ''
''ပြီးတော့ ကိုယ့်မှာ ကလေး လေးယောက်ရှိ
တယ်''
နေတင် သက်ပြင်းရှိုက်လိုက်ရင်း.....
''ကိုယ်သိပါတယ်"
''အေး သိရင် ပေးထားတဲ့ကတိကို မမေ့နဲ့ ကိုယ်နဲ့မင်း ဘယ်သူက ကလေးပိုများလဲ ပြိုင်ချင်တယ်'''
'''ဟားဟားဟားဟား'''
သူစိတ်သက်သာအောင် စကားတွေ ပြောနေသော သက်ဦးကိုကြည့်ကာ နေတင်စိတ်ထဲမှာ ကျေးဇူးတင်စိတ်တွေနဲ့အတူ အားတွေလည်း တက်လာရတော့သည်.....
သက်ဦီးသခင် ပခုံးကို သူအသာအယာ ဖက်လိုက်ရင်း....
''ကျေးဇူးပါပဲ ကိုယ့်လူ"
''ဟေ့ကောင် ဒီထက် ကျေးဇူးတင်လိုက်အုံး မင်းခြံနဲ့ကိုယ်ခြံကြားက တံတိုင်းကို ဝင်ပေါက်တစ်ပေါက် ဖောက်လိုက်မယ်လေ ဘယ်လိုလဲ ''
''ဟာ "
နေတင် ဒါကို ပြောချင်လှပေမယ့် အခုမှ တွေ့တဲ့လူကို ပြောလို့ မကောင်းလို့ နေခဲ့တာ သက်ဦးက အလိုက်တသိ အရင်စပြောလာတော့ ဝမ်းသာကျေးဇူးတင်စွာနဲ့ ဖက်ထားလိုက်မိတော့သည် .....
သက်ဦးသခင်ကို အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးပေမယ့် စိတ်ထဲကနေ အလိုလို စိတ်ချယုံကြည်နေပြီး သူ့အကြောင်းကို မကွယ်မဝှက် ပြောပြခဲ့သလိုမျိုး သက်ဦးကလည်း အံဩဖို့ ကောင်းလှစွာ သူ့ခြံကိုတောင် ဖွင့်ပေးမယ်တဲ့ ......
''အဟား ဒီလိုဆိုတော့လည်း လောကကြီးမှာ နေရတာ ပျော်စရာကြီးပါလား"
_
_
_
_
_
_
"မရီး အိမ်ပြန်ခဏနားမလား ဆရာဝန်က အနည်းဆုံး ၁၀နာရီကနေ ၁၂နာရီလောက်ကြာမယ်လို့ ခန့်မှန်းထားတယ်"
"အာ နားစရာလား ကိုဒီရဲရယ် ....အနော်ယောကျာ်းအသက်နဲ့ဆိုင်တဲ့ခွဲစိတ်မှုလုပ်နေတာ အနော်ကဘယ်စိတ်နဲ့ နားနားနေနေ နေနိုင်မလဲ"
"မရီးပုံစံကလည်း ဖျော့ဖျော့လေးပဲရှိတော့လို့ပါ"
"ဟင့်အင်း ကိုဒီရဲထင်လို့ပါ
အနော်က အားအင်အပြည့်ပါပဲ... ကိုကိုကြီးမှာ
အနော်ပဲရှိတာလေ အနော်က အားတင်းထားရမှာပေါ့ ဒီနေ့မှ Day_1ပဲရှိသေးတယ် အနော်ပြိုလဲနေလို့ဖြစ်ပါ့မလား ကိုဒီရဲရယ်"
"ကျွန်တော်တို့ ရှိပါသေးတယ် မရီးရယ်"
"အနော်တို့နှစ်ယောက်ဘေးနား ရှိနေတဲ့ ကိုဒီရဲတို့ကို ဘယ်လိုကျေးဇူးတင်ရမလဲမသိတော့ပါဘူး ..
အဟင့်ဟင့် "
"မငိုပါနဲ့ မရီးရယ်...မငိုပါနဲ့နော် "
"အင်း အင်း အနော် မငိုတော့ဘူး ကိုဒီရဲ ဖုန်းခဏပေးပါလား အနော်ဖုန်းကျန်ခဲ့လို့"
ဗောဇ္စျင်္ဂသုတ်တော်ကို ဖုန်းနဲ့ ဖွင့်ထားပြီး ခွဲစိတ်ခန်းထဲမှာ ရှိနေတဲ့ ကိုကိုကြီးကိုရည်မှန်းမေတ္တာပို့ကာ အကြိမ်ကြိမ်ရွတ်ဆိုနေရင်းစောင့်နေခဲ့သည်....
နာရီပေါင်း ၁၄နာရီအကြာမှာ ခွဲခန်းတံခါးပွင့်လာခဲ့လေသည်....
"ဒေါက်တာ "
ခွဲခန်းတံခါးပွင့်တာနဲ့ အနော်ခြေထောက်တွေဟာချက်ချင်း ခွဲစိတ်ဆရာဝန်အရှေ့ရောက်သွားလေသည်....
"ခွဲစိတ်မှုအောင်မြင်ပါတယ်"
ဘေးမှာလာရပ်နေတဲ့ မမအိသဲကို ဖက်ကာ သော်တာ ငိုပစ်လိုက်လေတော့သည်...
"ရပြီ ကိုကိုကြီးအသက်ရှင်ရင်ရပြီ ကျန်တာ အနော်အတွက်ဘာမှမလိုဘူး"
ပင်ပန်းနွမ်းနယ်ညောင်းချိနေရင်းကြားထဲကနေ ဆက်ကောင်းယံတစ်ချက်ပြုံးလိုက်ကာ..
"လိုအပ်တာ ကျွန်တော်လက်ထောက်လုပ်ပေးလိမ့်မယ် ...ခွင့်ပြုပါအုံး"
"ဟုတ်ကဲ့ပါ ဒေါက်တာ ကိုကိုကြီးအသက်ကို ကယ်ပေးခဲ့လို့ အနော် ကျေးဇူးတင်ပါတယ်ဒေါက်တာရယ်"
ကြမ်းပြင်ပေါ် ဘုတ်ခနဲ ထိုင်ချကာ သူ့ကို ထိုင်ရှိခိုးနေတဲ့ ကိုနေတင်ရဲ့ဇနီး...
"ဟာ မဟုတ်တာ ညီမထပါ ကျွန်တော်က အကောင်းဆုံးကြိုးစားပေးခဲ့တာဆိုပေမယ့် ကိုနေတင်ကိုက စိတ်မလျော့ပဲ အားတင်းထားတာလည်းပါပါတယ်"
"ထပါဗျာ နားလိုက်အုံး ICUခန်းထဲပဲထည့်ထားရမှာတွေ့လို့မရသေးဘူး "
_
_
_
_
_
ခွဲခန်းထဲကနေ နောက်ထပ် ၄၈နာရီထိ ကိုကိုကြီးကို မတွေ့ရသေးပဲ ICUထဲထည့်ထားလေသည်...
"စိတ်ချရတဲ့အခြေအနေမို့ အခန်းပြောင်းပေးပါမယ် "
ဆရာဝန်တစ်ယောက်ကလာပြောတာမို့သော်တာ ကိုကိုကြီးကို တွေ့ရဖို့ရင်တွေအဆမတန်ခုန်နေခဲ့လေသည်.....
အခန်းထဲရောက်မှသာ သော်တာရဲ့ချစ်လှစွာသောကြီးရဲ့ မျက်နှာကိုသေချာမြင်ရလေတော့သည်...
ခေါင်းမှာပတ်တီးကြီးနဲ့ဆိုပေမယ့် အနော်ရဲ့အမြဲစိမ်းတောကြီးက ခန့်ညားနေဆဲပါ...
"တော်လိုက်တာ ကိုကိုကြီးရယ် "
"ကိုကိုကြီးကတော်လိုက်တာ အနော်အနားကိုအသက်ရှင်လျက်ပြန်လာပေးလို့ကျေးဇူးတင်ပါတယ်....."
ဆေးထိုးအပ်လွတ်နေသော လက်ခုံလေးကိုယူကာဆွဲကပ်နမ်းရှိုက်လိုက်ရင်း...
"ကိုကိုကြီး အပြည့်အဝနားလိုက်နော် အနော်ယောကျာ်းက အလုပ်တွေအများကြီးလုပ်ခဲ့ရတာလေ အခုမှ အိပ်ရေးဝဝအိပ်ရတာ သေချာလေး အိပ်ရေးဝအောင်အိပ်လိုက်နော် ကိုကိုကြီး အိပ်ရေးဝသွားရင်တော့ ဟောဒီမျက်လုံးလေးတွေကပွင့်လာမှာမဟုတ်လား...."
အခန်းထဲဝယ် cardic monitor machineက စက်သံ တတီတီရယ် သော်တာရဲ့ငိုရှိုက်သံလေးရယ်သာရှိကာ တိတ်ဆိတ်ငြိမ်သက်နေလေသည်....
အိမ်ကိုတော့ပြန်မနေတော့ပဲ သော်တာရဲ့ Luggageအိတ်လိုက်ကို ယူလာပေးဖို့ မမအိသဲကိုသာခိုင်းရလေသည်...
ရေချိုးအဝတ်အစားလဲဖို့ အိတ်ကိုဖွင့်ရင်း လိုအပ်တာတွေကိုယူနေတုန်း..
"ဟင် ဒါလေးက"
တလက်လက်ဖြစ်နေသောအရာလေးကို သော်တာရဲ့တိုလီမုတ်စထည့်ထားသောဘူးထဲကတွေ့လိုက်ရတော့...
"ဒါ ဒါက ကိုကိုကြီးရဲ့ဆွဲကြိုးပဲ အနော်အကျင့်ယုတ်ပြီးပြန်မပေးဘဲထားတာလေ "
မမအိသဲက သော်တာအရင်နေခဲ့တဲ့အဆောင်ကနေလည်းသူပဲပစ္စည်းတွေသိမ်းပြီး ကိုကိုကြီးအိမ်ကိုပို့ပေးခဲ့တာ အခုလည်းGordonအခန်းထဲကနေ သော်တာအဝတ်စားတွေထုတ်ပြီးpackingလုပ်ပေးတာဆိုတော့ မမအိသဲပဲ အံဆွဲထဲကနေ ဒီအထုတ်ထဲထည့်လိုက်ပုံရလေသည်...
"ကိုကိုကြီး ဒီမှာကြည့်ပါအုံး စတိုဟောင်းနားမှာကိုကိုကြီးကျ ကျန်ခဲ့တာလေ အနော်အကျင့်ယုတ်ပြီးပြန်မပေးတာ ကိုကိုကြီးဆွဲထားနေကျမဟုတ်လား ကိုကိုကြီးနိုးလာရင် အနော်ပြန်ပေးမယ်နော် "
_
_
_
_
Comaအနေအထားလို့ ဆရာဝန်ကသတ်မှတ်ထားပြီး အချိန်တစ်ခုမှာပြန်ထနိုင်ရင်ထည်းထလာမယ် ဘယ်တော့လဲဆိုတာသူတို့လည်းမပြောပြတတ်ပါတဲ့ ...သို့ပေမယ့် နှလုံးခုန်နှုန်းနဲ့သွေးပေါင်ချိန်အကုန်လုံး ကိုကိုကြီးကကောင်းနေတာတစ်ခုတော့ စိတ်အေးရလေသည်....
"ကိုကိုကြီး ဒီနေ့ ကန်လမ်းက ဘေးအိမ်က
မမဟန်ထွန်းက အနော်စားဖို့တဲ့ ထမင်းချိုင့်လာပို့တယ် ...လက်ရာကရှယ်ကြီးနော် အကုန်စားကောင်းတယ် အနော်အကြိုက်တွေချည်း...အဟင်း ကိုကိုကြီးသာ နိုးနေရင် ကိုယ့်ကလေးလေးမကြိုက်တာရောရှိသေးလားလို့ စနေမှာ ကျိန်းသေတယ် သိလား"
"ဦးသက်ဦးကော ပါလာတယ်လေ ကိုကိုကြီးအိပ်နေတာ တအားကြာနေပြီ ထတော့လေ ကိုကိုကြီးရဲ့ တစ်လတောင်ကျော်နေပြီ အိပ်နေတာ တော်ရောပေါ့ "
"ဦးသက်ဦးက ကြွားနေတယ်နော် သူ့မှာဘေဘီလေးတွေလေးယောက်တဲ့ အမြွှာလေးသုံးယောက်ကအကြီးတဲ့လေ အနော်တော့မမြင်ဖူးသေးဘူး ချစ်စရာကောင်းမယ်လို့ထင်တယ် "
"ကိုကိုကြီးလည်း ကလေးလိုချင်နေတယ်မဟုတ်လား အနော်တို့ယူကြမယ်လေ အနော်က သူတို့ထက်သာအောင်ခုနှစ်မြွှာပူးမွေးပေးမယ်နော် ခစ် ခစ်ခစ် ခစ်"
သော်တာသည် ရယ်နေရင်း မျက်နှာလေးမဲ့နေကာ...
"အနော်တို့သားလေးလည်း ဘဝတစ်ပါးမှာ ပျော်နေလောက်ပြီထင်တယ်နော်"
သက်သော်တာထွဋ်မျက်ရည်ခိုးသုတ်နေတုန်း သုနေတင်ထွဋ်ရဲ့ လက်ချောင်းတွေလှုပ်လာခဲ့တာကို မသိလိုက်ရှာခဲ့.....
_
_
_
_
_
"ကိုဒီရဲ Gordonမှာရောအဆင်ပြေရဲ့လား"
"ဆန်းတိုးနဲ့ မိုက်ကယ်ကတော့ အတတ်နိုင်ဆုံးထိန်းထားပါတယ် "
မမမေတို့လင်မယားကိုတော့သော်တာ သတင်းမပေါက်ကြားဖို့အတွက် အသိပေးထားတာဖြစ်လို့ နေ့စဥ်ဖုန်းတော့သတင်းမေးဆက်ရှာလေသည်....
"ကိုကိုကြီး နှစ်လခွဲရှိနေပြီ အိပ်နေတာတော်ရောပေါ့ ထတော့လေ Gordonပြန်ကြမယ်လေနော်"
"နောက်ဆိုကိုကိုကြီးစကားနားထောင်မယ်လေနော် ဒီဆံပင်ဖြောင့်ဖြောင့်ကြီးလုပ်လို့ ဆူပစ်ပါအုံးကိုကိုကြီးရဲ့ ကိုကိုကြီး မကြိုက်တာကို လုပ်ထားမိတာကိုသေချာလေးထဆူပါအုံး ကိုကိုကြီးရဲ့ အဟင့် ဟင့် ထတော့နော် "
"ဟင် ကိုကို...ကိုကိုကြီး"
မှေးယှက်ကာပိတ်ထားသော ကိုကိုကြီးရဲ့ မျက်ဝန်းများ ပွင့်လာတာကို သော်တာသေချာတွေ့လိုက်ရစဥ်......
~~~~~~~~~~~~~~~~~~~
ဆက်လက်ကြိုးစားနှလုံးသားဖြင့်ရေးသားသွားပါမည်...(Yue Lynn)
ဆက်ရန်
Part _48
⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_47
ဒီရဲ လိုအပ္တဲ့ ပစၥည္းမ်ား ဝယ္လာၿပီး ကိုေနတင္ ခြဲခန္းဝင္ရေတာ့မယ့္အခ်ိန္ ကပ္ေနတာေၾကာင့္ ခပ္သုတ္သုတ္ေလး ေလွ်ာက္လာစဥ္...
"ဟင္"
"မရီး"
"ကိုဒီရဲ"
မ်က္ႏွာခ်င္းဆိုင္ ဆုံၾကတဲ့ သူတို႔ႏွစ္ေယာက္.....
ကိုဒီရဲကိုေဆး႐ုံံမွာ လူအေကာင္လိုက္ျမင္လိုက္ရခ်ိန္ ေသာ္တာ အရမ္းကိုပင္အံ့ၾသသြားေလသည္..
Gordonမွာရွိေနရမယ့္ လူက ဘယ္လိုလုပ္ၿပီးဒီေဆး႐ုံကိုေရာက္ေနတာလဲ....
"ကိုဒီရဲက ဘယ္လိုလုပ္ ဒီီကို"
"မရီးက ဒီကိုဘယ္လိုလုပ္ ေရာက္ေနတာလဲ"
"အေနာ္အရင္ေမးတာေလ"
ကိုဒီရဲမ်က္ႏွာဟာ ပ်က္ယြင္းေနၿပီး လုံးဝကို မေကာင္းတာေၾကာင့္...
"ကိုကိုႀကီးေရာ ကိုဒီရဲ ...ကိုကိုႀကီးေရာလို႔"
"မရီး"
"မရီး"
ကိုဒီရဲကငိုသံႀကီးနဲ႕ ေသာ္တာေရွ႕ဒူးေထာက္က်သြားကာ..
"မရီး"
ေသာ္တာခံစားခ်က္ေတြမေကာင္းျဖစ္လာကာ ရင္ထဲ တုန္လႈပ္လာေလသည္...
"ကိုကိုႀကီးေရာ...ကိုကိုႀကီးေရာလို႔"
"ကိုေနတင္...ကိုေနတင္ကေလ"
@@@@@@@@@@@@@@@@@
ကိုဒီရဲေျပာလာေသာစကားမ်ားကို နားေထာင္ၿပီးေသာ္တာၾကက္ေသေသသြားေလေတာ့သည္...
"ေသာ္တာေလး အမယ္ေလး ေသာ္တာေလးရယ္ ဘယ္ကိုေပ်ာက္သြားတာလဲ အစ္မျဖင့္လန့္သြားတာပဲ"
"ဟင္ ကိုဒီရဲ"
"အိသဲ နင္တို႔ကေကာ ဘယ္လိုလုပ္ဒီကို အာ အကုန္ရႈပ္ကုန္ၿပီ မရီး..မရီးသတိထားအုံး"
"ကိုကိုႀကီးဘယ္မွာလဲ...အေနာ့္ကိုကိုႀကီးဘယ္မွာလဲ ကိုဒီရဲ"
_
_
_
_
_
_
_
"ကိုကိုႀကီး''
''ကိုကိုႀကီးေရ''
''ကိုကိုႀကီး''
''ဟင္''
နားထဲမွာ ပီပီသသႀကီး ၾကားလိုက္ရတဲ့ သက္ကေလးရဲ႕ အသံေလးေၾကာင့္ ေနတင္ရဲ႕ ကိုယ္ႀကီး ဆတ္ခနဲ တုန္သြားရကာ အသံလာရာဖက္ကို ေခါင္းက ခ်ာခနဲ လွည့္သြားမိေတာ့သည္ .....
ဒါ ဒါက သူ႕ဘဝမွာ ဘယ္ေတာ့မွ ေမ့ေဖ်ာက္လို႔ ရနိုင္မွာ မဟုတ္တဲ့ သူ႕အသဲႏွလုံးရဲ႕အသံေလး ....
ဘယ္လိုမ်ား ျဖစ္တာပါလိမ့္ ကန္လမ္းနဲ႕ Satt Hostipal က ဒီေလာက္နီးတာ လည္း မဟုတ္ပဲနဲ႕ ငါ့ကေလးက ဘယ္လိုသိၿပီး ေရာက္လာတာတဲ့လဲ....
မ်က္ႏွာေလးကို ငါမေသခင္ ျမင္သြားခ်င္လြန္းတဲ့ စိတ္ေတြေၾကာင့္ ငါ့စိတ္က ထင္ေယာင္ထင္မွားနဲ႕ ၾကားခ်င္ရာ ၾကားေနတာမ်ားလား.....
""ကိုကိုႀကီး"
အေတြးေတြနဲ႕ သူ ေယာက္ယက္ခတ္ေနဆဲ အေမာတေကာ ေျပးလာတဲ့ ေျခသံေလးနဲ႕အတူ သူ႕ကုတင္နားကို တကယ္ႀကီး ေရာက္လာတဲ့ သက္ကေလး......
သူဘာမွ စဥ္းစားမေနနိုင္ေတာ့ ကုတင္ေပၚကေန အျမန္ဆင္းခ်ၿပီး လြမ္းဆြတ္တမ္းတေနခဲ့ရတဲ့ ဇနီးေခ်ာေလးကို ၾကင္နာစြာ ဆြဲယူေထြးေပြ႕ၿပီး ရင္ခြင္ထဲမွာ တင္းၾကပ္စြာ ေပြ႕ဖက္ထားလိုက္မိေတာ့သည္.....
''သက္ကေလး"
''ကိုယ့္အသက္ရယ္''
''ကိုကိုႀကီး''
"အားး လြမ္းလိုက္ရတာ ကေလးရယ္ ''
''ကိုကိုႀကီး ''
မ်က္ရည္ေတြနဲ႕ ေမာ့ၾကည့္လာတဲ့ မ်က္ႏွာေလးေၾကာင့္ ေနတင့္အသည္းေတြ တဆတ္ဆတ္ခါေအာင္ နာသြားရသည္ ....
""ၾကည့္စမ္း ပိန္သြားလိုက္တာကြာ မ်က္ႏွာေလးက ေသးေသးေလးပဲ က်န္ေတာ့တယ္ ဒီႏွစ္ရက္လုံး ထမင္းမစားဘူးလား ဟုတ္လား အခုေကာ ဘာစားထားၿပီလဲ"
''ဘာလို႔ မေျပာတာလဲ ဘာလို႔မေျပာရတာလဲ အေနာ့္ကို ဘာလို႔ မေျပာရတာလဲ ကိုကိုႀကီးရယ္ အဟင့္ ဟင့္''
''ကေလး ဘာမွ မစားရေသးဘူးလားလို႔ ၾကည့္ပါအုံး ငိုထားလိုက္တာ..မ်က္လုံးေတြေတာင္ ေယာင္ေနၿပီကြာ ''
ဒီလို အေျခအေနမ်ိဳး ေရာက္ေနတဲ့ အခ်ိန္မွာေတာင္ ေသာ္တာကို စိတ္ပူေနရွာေသးတဲ့ အၾကင္နာမ်က္ဝန္းေတြနဲ႕ အဆုံမွာ ဘာတစ္ခြန္းမွ မေမးရေသးလည္း အရာရာ အားလုံးကို ေသာ္တာ သေဘာေပါက္လိုက္ၿပီ ျဖစ္သည္....
''အဲဒါက အေရးႀကီးလား အခု အဲဒါက အေရးႀကီးလို႔လားလို႔ ဒီေလာက္ ျပသနာႀကီး ျဖစ္ေနတာကိုမ်ား တစ္ေယာက္ထဲ ႀကိတ္ခံစားေနရသလား ကိုကိုႀကီးရယ္ အဟင့္ ဟင့္"
ေနတင္မ်က္ႏွာက ဆိုးဆိုး႐ြား႐ြား ပ်က္က်သြားရွာၿပီး ....
""ကိုယ့္မိန္းမေလး အခုလိုေတြ ခံစားေနရမွာမ်ိဳးကို ကိုယ္မၾကည့္ရက္လို႔ပါကြာ အကယ္၍မ်ား ခြဲစိတ္တာ မေအာင္ျမင္ခဲ့ရင္ သက္ကေလး မခံစားနိုင္မွာစိုးတယ္ "
''အဟင့္ ဟင့္ ကိုကိုႀကီး''
''ေအာင္ျမင္ခဲ့ရင္လည္း လူေကာင္းပကတိလို ျပန္ျဖစ္လာဖို႔ ျဖစ္နိုင္ေခ် အရမ္းနည္းတယ္ ဒီဒုကၡေတြကို ကိုယ့္မိန္းမေလးကို မခံခိုင္းရက္လို႔ ကိုယ့္ကိုမုန္းေအာင္ လုပ္ခဲ့မိတာပါ ကေလးရယ္''
ေသာ္တာ့ရင္ထဲမွာ ဆို႔နင့္တင္းၾကပ္ေနၿပီး ကိုကိုႀကီးကို ပိုၿပီးေတာ့ တင္းၾကပ္ေနေအာင္ ဖက္ထားလိုက္မိကာ....
"အဟင့္ ဟင့္ ခြဲစိတ္တာက ဘာလို႔ မေအာင္ျမင္ရမွာလဲ အေနာ္သိတယ္ ေသခ်ာေပါက္ကို ေအာင္ျမင္မွာ အေနာ့္ေယာက်ာ္းက ဘာလုပ္လုပ္ ဘယ္တုံးကမ်ား မေအာင္ျမင္တာ ရွိလို႔လဲ ''
''လူေကာင္းလို မျဖစ္နိုင္ေတာ့ေရာ ဘာျဖစ္ေသးလဲ အသက္ မေသေတာ့ဘူးေလ ဒါဆို ရၿပီေပါ့ အေနာ္ျပဳစုမယ္ ေစာင့္ေရွာက္မယ္ အိုမင္းၿပီး ဆံျဖဴသြားက်ိဳးတဲ့ အ႐ြယ္ေတြအထိ အတူတူ ေနသြားၾကမယ္ေလ ေနာ္"
သူ႕ရင္ခြင္ထဲက သက္ကေလးရဲ႕ စကားေတြေၾကာင့္ ေနတင္စိတ္အားေတြ တက္လာရေတာ့သည္ .....
ဟုတ္တယ္ ဒီအေျခအေနဆိုးကို ငါေက်ာ္ျဖတ္နိုင္မွာ ေသခ်ာတယ္ ငါအသက္ရွင္ရမယ္ ငါ့မိန္းမနဲ႕ ကေလးေတြေမြးၿပီး ေပ်ာ္ေပ်ာ္ႀကီးေနဖို႔ ငါျပန္လာနိုင္ရမယ္.....
''စိတ္ခ်ပါသက္ကေလး ကိုကိုႀကီး ေသခ်ာေပါက္ အသက္ရွင္လ်က္ ျပန္ထြက္လာခဲ့မယ္ ေဟာဒီကေလးေလးကို ခြဲၿပီးေတာ့ ကိုႀကီး ဘယ္ကိုမွ မသြားဘူး"
''ဟုတ္ အေနာ္ ဒီအခန္းေရွ႕မွာ ေစာင့္ေနမယ္ ကိုကိုႀကီးတစ္ခုခု ျဖစ္သြားလို႔ မရဘူးေနာ္ ျဖစ္သြားရင္ အေနာ္ပါ လိုက္လာမွာ ''
''အဲဒါမ်ိဳးေတြ မေျပာရဘူးေလကြာ ကိုယ္ျပန္လာမွာပါဆို စိတ္ခ် ကတိေပးတယ္''
တစ္ယာက္နဲ႕တစ္ေယာက္ မ်က္စိေအာက္က ေပ်ာက္သြားမွာ စိုးလွတဲ့ပုံမ်ိဳးနဲ႕ မ်က္ေတာင္မခတ္ ၾကည့္ေနရွာတဲ့ ႏွစ္ေယာက္သားကို ၾကည့္ကာ ဟန္ထြန္း သနားလွသည္ ......
ဒီလို ခံစားခ်က္မ်ိဳးကို ဟန္ထြန္းေကာင္းေကာင္းႀကီး သိတာေပါ့ ရင္ကြဲမတတ္ ဆိုတဲ့ စကားလုံးေလးကို လူေတြ အလြယ္တကူ ေျပာတတ္ၾကေပမယ့္ အဲဒီခံစားခ်က္က ဘယ္ေလာက္ခံရခက္သလဲဆိုတာ ကိုယ္တိုင္လက္ေတြ႕ ခံစားဖူးမွသာ သိနိုင္တာမ်ိဳးေလ.....
ဒီညီမေလးရဲ႕အမ်ိဳးသားက သူ႕ျပႆနာကို တစ္ေယာက္ထဲ ႀကိတ္ေျဖရွင္းေနပုံရကာ အခုမွ ႏွစ္ေယာက္သား ျပန္ဆုံၾကတဲ့ပုံပင္....
"ကေလးက ဘယ္လိုသိၿပီး ဒီေဆး႐ုံကို လိုက္လာတာလဲ"
'''ဟင့္အင္း အေနာ္ မသိဘူး အေနာ္သတိရလာေတာ့ ေဆး႐ုံေပၚကို ေရာက္ေနၿပီ ေဆးသြင္းထားတာကို အတင္းဆြဲျဖဳတ္ၿပီး ထေျပးလာတာ'''
''ဟင္'''
'''ကေလးက သတိလစ္သြားတာလား'''
မေနသာေတာ့ၿပီမို႔ အိသဲ ဝင္ေျပာရေတာ့သည္.....
''ဟုတ္တယ္ ကိုေနတင္ ေသာ္တာေလးက လုံးဝ မစားမအိပ္ပဲ ငိုေနရာက ကိုေနတင္ျပႆနာျဖစ္ေနတာပဲ ျဖစ္မယ္ Gordon ကို အျမန္ ျပန္ရမယ္ဆိုၿပီး ထေျပးတာ သတိလစ္ၿပီး လဲက်သြားလို႔ "
''ဟာ'''
''ေဘးအိမ္က ဒီညီမေလးကို အကူအညီ သြားေတာင္းေတာ့ ေဆး႐ုံကို ေခၚလာေပးတာ''
စိတ္ထားျဖဴစင္ပုံေလး ေပၚလြင္လွတဲ့ မိန္းကေလးကို သူေက်းဇူးတင္စြာျဖင့္ ေခါင္းဆတ္ျပလိုက္ရင္း ....
"ဟာ သက္ကေလးရယ္ ဒုကၡပါပဲကြာ အခု ဘာတဲ့လဲ ေဆး႐ုံက ဘာေျပာလဲ ဘာျဖစ္တယ္လို႔ ေျပာလဲ'''
''အားျပတ္သြားတာပါ အရမ္း စိတ္ဖိစီးတာေတြေရာ ေတာက္ေလွ်ာက္ ငိုေနတာေရာေၾကာင့္ လူက မခံနိုင္ေတာ့တာ'''
''က်စ္ ဟာကြာ ကေလးက ဘာလို႔ အဲလိုႀကီး ျဖစ္သြားတဲ့အထိ ေနရတာလဲ'''
''ကိုကိုႀကီးက အေနာ့္ကို အတင္းႀကီးေမာင္းထုတ္ေတာ့ အေနာ္မွ မခံစားနိုင္တာ '''
ေသာ္တာ ရင္ဘတ္ေလးကို ပုတ္လိုက္ရင္း .....
"ဒီထဲမွာ မခံနိုင္ေအာင္ နာေနေတာ့ အေနာ္က ဘယ္လိုလုပ္ စားလို႔ ဝင္မွာလဲလို႔ အိပ္လို႔လည္း မေပ်ာ္ဘူး အေနာ္သာ ဒီအတိုင္း ဆက္ေနရရင္ ကိုကိုႀကီး မေသပဲ အေနာ္ အရင္ေသမွာ သိလား"
"အာ ကိုယ့္အသက္ရယ္''
လြတ္ထြက္သြားမွာ စိုးသည့္အလား သူ႕ကိုမလြတ္တမ္း တင္းၾကပ္စြာ ဖက္တြယ္ထားၿပီး မ်က္ရည္ေလးေတြ တစ္လိမ့္လိမ့္က်ကာ ေျပာေနရွာတဲ့ သက္ကေလးကို ၾကည့္ကာ ေနတင္ရင္ထဲမွာ တစစ္စစ္နဲ႕ နာေနေလသည္ ....
ကိုယ့္ဆရာလင္မယား အေျခအေနကို ၾကည့္ကာ ဒီရဲ ဝင္ပါရေတာ့သည္.....
''ကိုေနတင္နဲ႕မရီး ခဏေလာက္ ထိုင္ပါအုံးလား"
ရယ္ဒီျဖစ္ေနတဲ့ ေဒါက္တာ ဆက္ေကာင္းယံတို႔ အဖြဲ႕ကို အရိုအေသ ေပးလိုက္ကာ ...
''ေဒါက္တာတို႔ကို အရမ္းအားနာေပမယ့္ ကြၽန္ေတာ့ဆရာကို ခဏေလာက္ အခ်ိန္ေလးေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္ ခင္ဗ်ာ"
''အိုေခပါ လူနာအဆင္သင့္ ျဖစ္မွပဲ ကြၽန္ေတာ္တို႔ ခြဲမွာပါ ႏွစ္ေယာက္သား အရင္ညွိလိုက္ပါအုံး"
''ဟုတ္ကဲ့ အားနာပါတယ္ခင္ဗ်ာ ကြၽန္ေတာ့္အမ်ိဳးသမီးကို ကြၽန္ေတာ္ မွာစရာေလးေတြ ရွိေနေသးလို႔ ခဏေလး ေစာင့္ေပးပါေဒါက္တာဆက္"
"အိုေခပါ"
''Ring Ring Ring"
''ဟယ္လို ကိုႀကီး''
''အထြန္းေလးက အခု ေဆး႐ုံမွာဆို "
''ဟုတ္ကဲ့ ကိုႀကီး ဟန္ထြန္းတို႔ ကပ္ရက္အိမ္အသစ္က ညီမေလးက ႐ုတ္တရက္ႀကီး ေမ့လဲသြားလို႔
ဟန္ထြန္းလာပို႔တာ''
''ဟုတ္လား အခုေကာ အဆင္ေျပသြားၿပီလား''
'''ညီမေလးကေတာ့ သတိရလာပါၿပီ ဒါေပမယ့္ေလ ဟို''
''ဒီမွာ ညီမ အခု ကိုသက္ဦးသခင္နဲ႕ ေျပာေနတာလား ''
ဟန္ထြန္း အံ့ဩသြားရၿပီး....
''ရွင္ အစ္ကိုက ကိုႀကီးကို သိေနတာလား"
'''အစ္ကို ခဏေလာက္ စကားေျပာခ်င္တယ္ ....."
'''ဪ ဟုတ္ကဲ့ ''
''ကိုႀကီးေရ ဟိုညီမေလးရဲ႕ အမ်ိဳးသားက စကားေျပာခ်င္လို႔ပါတဲ့ ''
''ဟုတ္လား ဒီလို လုပ္ေလ ကိုႀကီး ရန္ကင္းဖက္ကို လာဖို႔ရွိေနတာ ေဆး႐ုံကို အရင္ ဝင္လာလိုက္မယ္''
''ဟုတ္ ေျပာလိုက္မယ္ အဲဒါဆို ဖုန္းခ်ၿပီေနာ္ ''
''ကိုႀကီးက ေဆး႐ုံကို လာခဲမယ္တဲ့ အစ္ကို ခဏေလး ေစာင့္ေပးေနာ္"
''ေက်းဇူးပါ ညီမ''
''အဲဒါဆို အစ္ကို႔အခန္းမွာပဲ သြားေစာင့္ရေအာင္ ''
''ဟုတ္ကဲ့ ''
သိပ္မၾကာလိုက္ သူ႕ အခန္းဝမွာ ေပၚလာတဲ့တည္ၾကည့္ခန့္ညားလွတဲ့ ဥပဓိ႐ုပ္အသြင္အျပင္နဲ႕
ကိုသက္ဦးသခင္....
''အထြန္းေလး"
''ကိုႀကီး''
''ဒီမွာေလ ဟန္ထြန္းတို႔နဲ႕ ကပ္ရက္အိမ္က ညီမေလး လင္မယား''
'''ဪ ဟုတ္ကဲ့ ေတြ႕ရတာ ဝမ္းသာပါတယ္ခင္ဗ်ာ ကြၽန္ေတာ္က သက္ဦးသခင္ပါ"
သုေနတင္ထြဋ္ ႏွစ္ၿခိဳက္စြာ ၿပဳံးကာ ထရပ္လိုက္ရင္း ...
"မဂၤလာပါ ကိုသက္ဦးသခင္ နာမည္ ဂုဏ္သတင္းႀကီးတာက အပိုမဟုတ္ဘူးပဲ ဆရာသမားက အျပင္မွာက ပိုၾကည့္ေကာင္းတယ္ဗ်ာ ''
လူကို ၾကည့္လိုက္တာနဲ႕ မဟုတ္တာ ဘာတစ္ခုမွ မလုပ္ပါဘူးဆိုတာကို ေျပာစရာကို မလိုပဲနဲ႕ သိသာေနတဲ့ ႐ုပ္မ်ိဳး.....
''ဟားဟားဟား"
'''ကြၽန္ေတာ့ အိမ္နီးခ်င္းအသစ္က ဘယ္သူမ်ားလဲမွတ္တယ္ နာမည္ေက်ာ္ Gordon emperor ရဲ႕ အရွင္သခင္ ျဖစ္ေနတာကိုး''
''ဟာ ကိုသက္ဦးသခင္က ကြၽန္ေတာ့ကို သိေနတာလား''
''ကိုသုေနတင္ထြဋ္ကို စီးပြါးေရးေလာကမွာ မသိတဲ့သူ ရွိပါ့မလားဗ်ာ''
သူဒီရဲကို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး....
"သက္ကေလး ကင္တင္းမွာ တစ္ခုခု သြားစားေနာ္ ကိုကိုႀကီး စကားေျပာလိုက္အုံးမယ္''
'''ဟင့္အင္း အေနာ္ မစားဘူး ကိုကိုႀကီး''
''ထပ္ၿပီး လဲက်သြားလိမ့္မယ္ သြားကေလးသြား''
''ဒီရဲ'''
''အိသဲနဲ႕ ငါ့ကေလးကို ေခၚသြားၿပီး တခုခု သြားေကြၽး ခဏေန ခြဲခန္းဝင္ေနတုံး ေစာင့္ေနရမွာ ရွိေသးတယ္'''
'''ဟင့္အင္း အေနာ္ မဆာပါဘူးဆို '''
'''အာ အဲဒီလို မလုပ္ရဘူးေလ ကေလးရဲ႕ အိသဲ ေခၚသြားေတာ့''
''ကိုကိုႀကီး ဒီမွာပဲ ေနေနာ္ အေနာ္ အျမန္ျပန္လာခဲ့မယ္ ဘယ္ကိုမွ မသြားရဘူးေနာ္ '''
'''ဪ ဘယ္မွ မသြားပါဘူးကြာ ဒီမွာ ကိုသက္ဦးသခင္နဲ႕ စကားေျပာရင္း ေစာင့္ေနမယ္''
လူနာက ကိုႀကီးနဲ႕ စကားေျပာခ်င္ေနပုံ ရတာမို႔ ဟန္ထြန္းပါ ထရပ္လိုက္ၿပီး ေသာ္တာရဲ႕ လက္ကေလးကို တြဲကာ....
"လာ ညီမေလး လာ မမပါ လိုက္ခဲ့ေပး
မယ္ ''
''ကဲ ကဲ ကေလးမေလး စိတ္ေျဖာင့္ေျဖာင့္သာသြား ကေလးမေယာက်ာ္းကို ဦးသက္ ေစာင့္ေနေပးမယ္"
"ဒီအခန္းထဲကေန ဘယ္ကိုမွ
ေပးမထြက္နဲ႕ေနာ္ ဦးသက္ဦး"
''အိုေခ ဗ်ား'''
ကိုသက္ဦးသခင္တို႔ ဇနီးေနာင္ႏွံရဲ႕ အကင္းပါးမႈကို လက္ေတြ႕ျမင္လိုက္ရၿပီမို သူ႕ေ႐ြးခ်ယ္မႈ လုံးဝ မွန္ကန္သြားၿပီဆိုတာ ေနတင္ သိလိုက္ၿပီ ျဖစ္သည္ ....
ဟင္းးး.....
သူ႕ဇနီးေလး အခန္းထဲကေန ထြက္သြားေတာ့မွ သက္ျပင္းေမာႀကီး ခ်လိဳက္တဲ့ သုေနတင္ထြဋ္ကို သက္ဦးသခင္ လွည့္ၾကည့္လိုက္ရင္း.....
''ကဲ ကြၽန္ေတာ့ကို ေတြ႕ခ်င္တယ္ဆိုတာ ဘာမ်ားေျပာစရာ ရွိလို႔လဲ ကိုသုေနတင္ထြဋ္"
''ရင္းရင္းႏွီးႏွီး ေနတင္လို႔ပဲ
ေခၚပါ ကိုသက္ဦးသခင္''
'''အဲဒါဆို ကိုယ့္ကိုလည္း သက္ဦးလို႔ပဲေခၚကြာ'''
''အိုေခ'''
''ကဲ ေျပာဖို႔ အဆင္သင့္ ျဖစ္ၿပီလား'''
''အင္း ကိုယ့္မိန္းမမလာခင္ အၿပီး ေျပာရမွာဆိုေတာ့ အက်ဥ္းခ်ဳံးၿပီးေတာ့ပဲ ေျပာေတာ့မယ္'''
''ကိုယ္က Brain tumor ျဖစ္ေနလို႔ ခဏေန ခြဲစိတ္ရမယ္ "
''ဟာ''
''အသက္ရွင္နိုင္ေခ်က 50%ပဲရွိတယ္ ''
'''ဟင္'''
''ခြဲစိတ္ခန္းထဲကေန မေသပဲ ျပန္ထြက္လာနိုင္ခဲ့ရင္လည္း အခုလိုမ်ိဳး အေကာင္းပတိ ျပန္ျဖစ္လာမယ္လို႔ မေသခ်ာဘူး'''
''ဟာ မဟုတ္တာဗ်ာ''
'''ဘန္ေကာက္ အေမရိကား ျမန္မာျပည္ ဘယ္မွာပဲ စစ္စစ္ result က အတူတူပဲ ထြက္တယ္ေလ ကိုယ္က ေသလူတစ္ေယာက္ပါ ''
''အဲဒါေၾကာင့္ ကိုယ့္မိန္းမကို အတင္းခြါထုတ္ေနတာ ခုနက ျမင္တဲ့အတိုင္းပဲ ကေလးသာသာေလးဆိုေတာ့ ကိုယ္ လုံးဝ စိတ္မခ်ဘဴး '''
'''သူ႕အနားကို ကိုယ္ျပန္မလာနိုင္ခဲ့ရင္ ဆိုတာကို ထည့္တြက္ၿပီး သူေအးခ်မ္း လုံၿခဳံနိုင္မယ့္ ေနရာတစ္ခုကို ရွာေတာ့ ကိုယ္သေဘာအက်ဆဳံး စိတ္တိုင္းအက်ဆဳံး ေနရာက မင္းအိမ္ေဘးက ေနရာပဲ''
သက္ဦးသခင္ မ်က္ခုံးေတြ ပင့္သြားရၿပီး....
"""ဘယ္လို"
'''ကိုယ့္အျမင္ေတြ လုံးဝ မမွားဘူးဆိုတာ မင္းတို႔ လင္မယားကို ေတြ႕ေတာ့ ပိုၿပီး ေသခ်ာသြားၿပီ ''
'''ကိုယ့္ကေလးကို ဘာမွ လိုေလေသး မရွိ အကုန္လုံး ျပည့္စုံေအာင္ စီစဥ္ေပးထားၿပီးသားပါ ....ကိုယ္လိုခ်င္တာက ကိုယ့္မိန္းမကို မင္းရဲ႕ ႏွမသားခ်င္း တစ္ေယာက္လို သေဘာထားၿပီး ေစာင္မၾကည့္ရႈ႐ုံေလာက္ပါပဲ .....
"ကိုယ့္ဇနီးအတြက္ ပတ္ဝန္းက်င္ေကာင္းတစ္ခုလိုအပ္ေနတယ္"
'''ကိုယ္ေတာင္းတဲ့ အကူအညီက မင္းအတြက္ အပန္းမႀကီးဘူး ဆိုရင္ ေသခါနီး လူတစ္ေယာက္ အေသေျဖာင့္ေအာင္ ကူညီတယ္လို႔ သေဘာထားၿပီး လက္ခံေပးပါ''
"ဒါမ်ိဳးက စကားထဲ ထည့္ေျပာေနစရာေတာင္ မလိုပါဘူးကြာ ကိုယ္က ကိုယ္ေနတဲ့ ပတ္ဝန္းက်င္ကို safe ျဖစ္ေအာင္ေလာက္ေတာ့ တာဝန္ယူနိုင္ပါတယ္ ''
ေနတင္ ေက်ေက်နပ္နပ္ႀကီး ၿပဳံးလိုက္ရင္း ....
"ကိုယ္လိုခ်င္တာကလည္း ဒီေလာက္ပါပဲ အခုမွေတြ႕တဲ့ သူတစ္ေယာက္ကို ခ်က္ခ်င္းႀကီး အကူအညီေတာင္းရလို႔ ကိုယ္အရမ္းအားနာပါတယ္''
''က်စ္ မင္းကလည္း ဘာကို အားနာေနတာလဲ '''
''ဘာလို႔ မင္းကိုမွ ဒီလိုအကူအညီမ်ိဳး ေတာင္းရသလဲဆိုေတာ့ ကိုယ္က မိဘမဲ့တစ္ေယာက္ပါ ''
''ဪ''
''ကိုယ့္မိန္းမကလည္း အေမ မရွိရွာေတာ့ဘူး သူ႕အေဖက ေနာက္အိမ္ေထာင္နဲ႕မို႔ အတူေနဖို႔က လုံးဝ အဆင္မေျပလို႔ပါ သူတို႔မိသားစုအရႈပ္အရွင္းေတြရွိတယ္ သက္ကေလးကို စိတ္မရႈပ္ေစခ်င္ဘူး''
''သူ႕အေမဖက္က ေတာ္စပ္တဲ့ အစ္ကိုေတြကလည္း အခု နိုင္ငံျခားမွာ အေဒၚေတြကလည္း သြားခ်ည္လာလွည့္ လုပ္ေနၾကေတာ့ သူ႕ကို အပ္ထားခဲ့ဖို႔ စိတ္ခ်ရတဲ့လူ လိုအပ္ေနလို႔ပါ"
''သူ႕အစ္မရင္းလို ခ်စ္ရအားကိုးရတဲ့ အစ္မကလည္း အခု Gordon မွာေရာက္ေနတယ္ ကိုယ္ဒီလို ျဖစ္ေနတာကို Gordon ကလူေတြကို လုံးဝ အသိမေပးထားဘူး''
''Gordon က အေျခအေနေတြကို ကိုယ့္လူယုံေတြ ထိန္းရခက္ေနမွာ စိုးလို႔ပါ'''
အေျခအေနေတြကို သက္ဦးသခင္ သေဘာေပါက္လိုက္ၿပီမို႔ ေနတင္ရဲ႕ ပခုံးကို အသာပုတ္လိုက္ရင္း.....
'''ကိုယ္သေဘာေပါက္ၿပီ ဘာမွ စိတ္မပူနဲ႕ လုံးဝ အစစအရာရာ အားလုံး စိတ္ခ်ကြာ ဒါေပမယ့္ မင္းလည္း ကတိတစ္ခုေတာ့ ေပးရမယ္"
'''ဘာကတိလဲ'''
'''Operation ခန္းထဲကေန အသက္ရွင္လ်က္ ျပန္ထြက္လာပါမယ္ ဆိုတဲ့ကတိ''
''ဟင္''
'''ကိုယ္တကယ္ေစာင့္ေနမယ္ မင္းလို သူငယ္ခ်င္းမ်ိဳးနဲ႕ ကိုယ္အခ်ိန္ေတြ အၾကာႀကီး ေပ်ာ္ခ်င္တယ္ကြာ ''
''ၿပီးေတာ့ ကိုယ့္မွာ ကေလး ေလးေယာက္ရွိ
တယ္''
ေနတင္ သက္ျပင္းရွိုက္လိုက္ရင္း.....
''ကိုယ္သိပါတယ္"
''ေအး သိရင္ ေပးထားတဲ့ကတိကို မေမ့နဲ႕ ကိုယ္နဲ႕မင္း ဘယ္သူက ကေလးပိုမ်ားလဲ ၿပိဳင္ခ်င္တယ္'''
'''ဟားဟားဟားဟား'''
သူစိတ္သက္သာေအာင္ စကားေတြ ေျပာေနေသာ သက္ဦးကိုၾကည့္ကာ ေနတင္စိတ္ထဲမွာ ေက်းဇူးတင္စိတ္ေတြနဲ႕အတူ အားေတြလည္း တက္လာရေတာ့သည္.....
သက္ဦီးသခင္ ပခုံးကို သူအသာအယာ ဖက္လိုက္ရင္း....
''ေက်းဇူးပါပဲ ကိုယ့္လူ"
''ေဟ့ေကာင္ ဒီထက္ ေက်းဇူးတင္လိုက္အုံး မင္းၿခံနဲ႕ကိုယ္ၿခံၾကားက တံတိုင္းကို ဝင္ေပါက္တစ္ေပါက္ ေဖာက္လိုက္မယ္ေလ ဘယ္လိုလဲ ''
''ဟာ "
ေနတင္ ဒါကို ေျပာခ်င္လွေပမယ့္ အခုမွ ေတြ႕တဲ့လူကို ေျပာလို႔ မေကာင္းလို႔ ေနခဲ့တာ သက္ဦးက အလိုက္တသိ အရင္စေျပာလာေတာ့ ဝမ္းသာေက်းဇူးတင္စြာနဲ႕ ဖက္ထားလိုက္မိေတာ့သည္ .....
သက္ဦးသခင္ကို အခုမွ ပထမဆုံးအႀကိမ္ ေတြ႕ဖူးေပမယ့္ စိတ္ထဲကေန အလိုလို စိတ္ခ်ယဳံၾကည္ေနၿပီး သူ႕အေၾကာင္းကို မကြယ္မဝွက္ ေျပာျပခဲ့သလိုမ်ိဳး သက္ဦးကလည္း အံဩဖို႔ ေကာင္းလွစြာ သူ႕ၿခံကိုေတာင္ ဖြင့္ေပးမယ္တဲ့ ......
''အဟား ဒီလိုဆိုေတာ့လည္း ေလာကႀကီးမွာ ေနရတာ ေပ်ာ္စရာႀကီးပါလား"
_
_
_
_
_
_
"မရီး အိမ္ျပန္ခဏနားမလား ဆရာဝန္က အနည္းဆုံး ၁၀နာရီကေန ၁၂နာရီေလာက္ၾကာမယ္လို႔ ခန့္မွန္းထားတယ္"
"အာ နားစရာလား ကိုဒီရဲရယ္ ....အေနာ္ေယာက်ာ္းအသက္နဲ႕ဆိုင္တဲ့ခြဲစိတ္မႈလုပ္ေနတာ အေနာ္ကဘယ္စိတ္နဲ႕ နားနားေနေန ေနနိုင္မလဲ"
"မရီးပုံစံကလည္း ေဖ်ာ့ေဖ်ာ့ေလးပဲရွိေတာ့လို႔ပါ"
"ဟင့္အင္း ကိုဒီရဲထင္လို႔ပါ
အေနာ္က အားအင္အျပည့္ပါပဲ... ကိုကိုႀကီးမွာ
အေနာ္ပဲရွိတာေလ အေနာ္က အားတင္းထားရမွာေပါ့ ဒီေန႕မွ Day_1ပဲရွိေသးတယ္ အေနာ္ၿပိဳလဲေနလို႔ျဖစ္ပါ့မလား ကိုဒီရဲရယ္"
"ကြၽန္ေတာ္တို႔ ရွိပါေသးတယ္ မရီးရယ္"
"အေနာ္တို႔ႏွစ္ေယာက္ေဘးနား ရွိေနတဲ့ ကိုဒီရဲတို႔ကို ဘယ္လိုေက်းဇူးတင္ရမလဲမသိေတာ့ပါဘူး ..
အဟင့္ဟင့္ "
"မငိုပါနဲ႕ မရီးရယ္...မငိုပါနဲ႕ေနာ္ "
"အင္း အင္း အေနာ္ မငိုေတာ့ဘူး ကိုဒီရဲ ဖုန္းခဏေပးပါလား အေနာ္ဖုန္းက်န္ခဲ့လို႔"
ေဗာဇၥ်ဂၤသုတ္ေတာ္ကို ဖုန္းနဲ႕ ဖြင့္ထားၿပီး ခြဲစိတ္ခန္းထဲမွာ ရွိေနတဲ့ ကိုကိုႀကီးကိုရည္မွန္းေမတၱာပို႔ကာ အႀကိမ္ႀကိမ္႐ြတ္ဆိုေနရင္းေစာင့္ေနခဲ့သည္....
နာရီေပါင္း ၁၄နာရီအၾကာမွာ ခြဲခန္းတံခါးပြင့္လာခဲ့ေလသည္....
"ေဒါက္တာ "
ခြဲခန္းတံခါးပြင့္တာနဲ႕ အေနာ္ေျခေထာက္ေတြဟာခ်က္ခ်င္း ခြဲစိတ္ဆရာဝန္အေရွ႕ေရာက္သြားေလသည္....
"ခြဲစိတ္မႈေအာင္ျမင္ပါတယ္"
ေဘးမွာလာရပ္ေနတဲ့ မမအိသဲကို ဖက္ကာ ေသာ္တာ ငိုပစ္လိုက္ေလေတာ့သည္...
"ရၿပီ ကိုကိုႀကီးအသက္ရွင္ရင္ရၿပီ က်န္တာ အေနာ္အတြက္ဘာမွမလိုဘူး"
ပင္ပန္းႏြမ္းနယ္ေညာင္းခ်ိေနရင္းၾကားထဲကေန ဆက္ေကာင္းယံတစ္ခ်က္ၿပဳံးလိုက္ကာ..
"လိုအပ္တာ ကြၽန္ေတာ္လက္ေထာက္လုပ္ေပးလိမ့္မယ္ ...ခြင့္ျပဳပါအုံး"
"ဟုတ္ကဲ့ပါ ေဒါက္တာ ကိုကိုႀကီးအသက္ကို ကယ္ေပးခဲ့လို႔ အေနာ္ ေက်းဇူးတင္ပါတယ္ေဒါက္တာရယ္"
ၾကမ္းျပင္ေပၚ ဘုတ္ခနဲ ထိုင္ခ်ကာ သူ႕ကို ထိုင္ရွိခိုးေနတဲ့ ကိုေနတင္ရဲ႕ဇနီး...
"ဟာ မဟုတ္တာ ညီမထပါ ကြၽန္ေတာ္က အေကာင္းဆုံးႀကိဳးစားေပးခဲ့တာဆိုေပမယ့္ ကိုေနတင္ကိုက စိတ္မေလ်ာ့ပဲ အားတင္းထားတာလည္းပါပါတယ္"
"ထပါဗ်ာ နားလိုက္အုံး ICUခန္းထဲပဲထည့္ထားရမွာေတြ႕လို႔မရေသးဘူး "
_
_
_
_
_
ခြဲခန္းထဲကေန ေနာက္ထပ္ ၄၈နာရီထိ ကိုကိုႀကီးကို မေတြ႕ရေသးပဲ ICUထဲထည့္ထားေလသည္...
"စိတ္ခ်ရတဲ့အေျခအေနမို႔ အခန္းေျပာင္းေပးပါမယ္ "
ဆရာဝန္တစ္ေယာက္ကလာေျပာတာမို႔ေသာ္တာ ကိုကိုႀကီးကို ေတြ႕ရဖို႔ရင္ေတြအဆမတန္ခုန္ေနခဲ့ေလသည္.....
အခန္းထဲေရာက္မွသာ ေသာ္တာရဲ႕ခ်စ္လွစြာေသာႀကီးရဲ႕ မ်က္ႏွာကိုေသခ်ာျမင္ရေလေတာ့သည္...
ေခါင္းမွာပတ္တီးႀကီးနဲ႕ဆိုေပမယ့္ အေနာ္ရဲ႕အၿမဲစိမ္းေတာႀကီးက ခန့္ညားေနဆဲပါ...
"ေတာ္လိုက္တာ ကိုကိုႀကီးရယ္ "
"ကိုကိုႀကီးကေတာ္လိုက္တာ အေနာ္အနားကိုအသက္ရွင္လ်က္ျပန္လာေပးလို႔ေက်းဇူးတင္ပါတယ္....."
ေဆးထိုးအပ္လြတ္ေနေသာ လက္ခုံေလးကိုယူကာဆြဲကပ္နမ္းရွိုက္လိုက္ရင္း...
"ကိုကိုႀကီး အျပည့္အဝနားလိုက္ေနာ္ အေနာ္ေယာက်ာ္းက အလုပ္ေတြအမ်ားႀကီးလုပ္ခဲ့ရတာေလ အခုမွ အိပ္ေရးဝဝအိပ္ရတာ ေသခ်ာေလး အိပ္ေရးဝေအာင္အိပ္လိုက္ေနာ္ ကိုကိုႀကီး အိပ္ေရးဝသြားရင္ေတာ့ ေဟာဒီမ်က္လုံးေလးေတြကပြင့္လာမွာမဟုတ္လား...."
အခန္းထဲဝယ္ cardic monitor machineက စက္သံ တတီတီရယ္ ေသာ္တာရဲ႕ငိုရွိုက္သံေလးရယ္သာရွိကာ တိတ္ဆိတ္ၿငိမ္သက္ေနေလသည္....
အိမ္ကိုေတာ့ျပန္မေနေတာ့ပဲ ေသာ္တာရဲ႕ Luggageအိတ္လိုက္ကို ယူလာေပးဖို႔ မမအိသဲကိုသာခိုင္းရေလသည္...
ေရခ်ိဳးအဝတ္အစားလဲဖို႔ အိတ္ကိုဖြင့္ရင္း လိုအပ္တာေတြကိုယူေနတုန္း..
"ဟင္ ဒါေလးက"
တလက္လက္ျဖစ္ေနေသာအရာေလးကို ေသာ္တာရဲ႕တိုလီမုတ္စထည့္ထားေသာဘူးထဲကေတြ႕လိုက္ရေတာ့...
"ဒါ ဒါက ကိုကိုႀကီးရဲ႕ဆြဲႀကိဳးပဲ အေနာ္အက်င့္ယုတ္ၿပီးျပန္မေပးဘဲထားတာေလ "
မမအိသဲက ေသာ္တာအရင္ေနခဲ့တဲ့အေဆာင္ကေနလည္းသူပဲပစၥည္းေတြသိမ္းၿပီး ကိုကိုႀကီးအိမ္ကိုပို႔ေပးခဲ့တာ အခုလည္းGordonအခန္းထဲကေန ေသာ္တာအဝတ္စားေတြထုတ္ၿပီးpackingလုပ္ေပးတာဆိုေတာ့ မမအိသဲပဲ အံဆြဲထဲကေန ဒီအထုတ္ထဲထည့္လိုက္ပုံရေလသည္...
"ကိုကိုႀကီး ဒီမွာၾကည့္ပါအုံး စတိုေဟာင္းနားမွာကိုကိုႀကီးက် က်န္ခဲ့တာေလ အေနာ္အက်င့္ယုတ္ၿပီးျပန္မေပးတာ ကိုကိုႀကီးဆြဲထားေနက်မဟုတ္လား ကိုကိုႀကီးနိုးလာရင္ အေနာ္ျပန္ေပးမယ္ေနာ္ "
_
_
_
_
Comaအေနအထားလို႔ ဆရာဝန္ကသတ္မွတ္ထားၿပီး အခ်ိန္တစ္ခုမွာျပန္ထနိုင္ရင္ထည္းထလာမယ္ ဘယ္ေတာ့လဲဆိုတာသူတို႔လည္းမေျပာျပတတ္ပါတဲ့ ...သို႔ေပမယ့္ ႏွလုံးခုန္ႏႈန္းနဲ႕ေသြးေပါင္ခ်ိန္အကုန္လုံး ကိုကိုႀကီးကေကာင္းေနတာတစ္ခုေတာ့ စိတ္ေအးရေလသည္....
"ကိုကိုႀကီး ဒီေန႕ ကန္လမ္းက ေဘးအိမ္က
မမဟန္ထြန္းက အေနာ္စားဖို႔တဲ့ ထမင္းခ်ိဳင့္လာပို႔တယ္ ...လက္ရာကရွယ္ႀကီးေနာ္ အကုန္စားေကာင္းတယ္ အေနာ္အႀကိဳက္ေတြခ်ည္း...အဟင္း ကိုကိုႀကီးသာ နိုးေနရင္ ကိုယ့္ကေလးေလးမႀကိဳက္တာေရာရွိေသးလားလို႔ စေနမွာ က်ိန္းေသတယ္ သိလား"
"ဦးသက္ဦးေကာ ပါလာတယ္ေလ ကိုကိုႀကီးအိပ္ေနတာ တအားၾကာေနၿပီ ထေတာ့ေလ ကိုကိုႀကီးရဲ႕ တစ္လေတာင္ေက်ာ္ေနၿပီ အိပ္ေနတာ ေတာ္ေရာေပါ့ "
"ဦးသက္ဦးက ႂကြားေနတယ္ေနာ္ သူ႕မွာေဘဘီေလးေတြေလးေယာက္တဲ့ အႁမႊာေလးသုံးေယာက္ကအႀကီးတဲ့ေလ အေနာ္ေတာ့မျမင္ဖူးေသးဘူး ခ်စ္စရာေကာင္းမယ္လို႔ထင္တယ္ "
"ကိုကိုႀကီးလည္း ကေလးလိုခ်င္ေနတယ္မဟုတ္လား အေနာ္တို႔ယူၾကမယ္ေလ အေနာ္က သူတို႔ထက္သာေအာင္ခုႏွစ္ႁမႊာပူးေမြးေပးမယ္ေနာ္ ခစ္ ခစ္ခစ္ ခစ္"
ေသာ္တာသည္ ရယ္ေနရင္း မ်က္ႏွာေလးမဲ့ေနကာ...
"အေနာ္တို႔သားေလးလည္း ဘဝတစ္ပါးမွာ ေပ်ာ္ေနေလာက္ၿပီထင္တယ္ေနာ္"
သက္ေသာ္တာထြဋ္မ်က္ရည္ခိုးသုတ္ေနတုန္း သုေနတင္ထြဋ္ရဲ႕ လက္ေခ်ာင္းေတြလႈပ္လာခဲ့တာကို မသိလိုက္ရွာခဲ့.....
_
_
_
_
_
"ကိုဒီရဲ Gordonမွာေရာအဆင္ေျပရဲ႕လား"
"ဆန္းတိုးနဲ႕ မိုက္ကယ္ကေတာ့ အတတ္နိုင္ဆုံးထိန္းထားပါတယ္ "
မမေမတို႔လင္မယားကိုေတာ့ေသာ္တာ သတင္းမေပါက္ၾကားဖို႔အတြက္ အသိေပးထားတာျဖစ္လို႔ ေန႕စဥ္ဖုန္းေတာ့သတင္းေမးဆက္ရွာေလသည္....
"ကိုကိုႀကီး ႏွစ္လခြဲရွိေနၿပီ အိပ္ေနတာေတာ္ေရာေပါ့ ထေတာ့ေလ Gordonျပန္ၾကမယ္ေလေနာ္"
"ေနာက္ဆိုကိုကိုႀကီးစကားနားေထာင္မယ္ေလေနာ္ ဒီဆံပင္ေျဖာင့္ေျဖာင့္ႀကီးလုပ္လို႔ ဆူပစ္ပါအုံးကိုကိုႀကီးရဲ႕ ကိုကိုႀကီး မႀကိဳက္တာကို လုပ္ထားမိတာကိုေသခ်ာေလးထဆူပါအုံး ကိုကိုႀကီးရဲ႕ အဟင့္ ဟင့္ ထေတာ့ေနာ္ "
"ဟင္ ကိုကို...ကိုကိုႀကီး"
ေမွးယွက္ကာပိတ္ထားေသာ ကိုကိုႀကီးရဲ႕ မ်က္ဝန္းမ်ား ပြင့္လာတာကို ေသာ္တာေသခ်ာေတြ႕လိုက္ရစဥ္......
~~~~~~~~~~~~~~~~~~~
ဆက္လက္ႀကိဳးစားႏွလုံးသားျဖင့္ေရးသားသြားပါမည္...(Yue Lynn)
ဆက္ရန္
Part _48