မနက်တွင် အနောက်ခြံဝန်းနှင့်မင်းသမီးချင်းရုံရဲ့အဆောင်သည်ဆူညံလို့နေသည်။ ဟုန်ယောင်သွားဖို့ပြင်ဆင်နေကြပီး မင်းသမီးချင်းရုံမင်းသား2ကျန်းရှမ့်နှင့် မင်းသား3ရှကျစ်ကွမ်းတို့သည်မင်းကြီးကိုသွားရောက်နှုတ်ဆက်နေကြသည်။ဟွမ်ကျွင့်ကျယ်သည်တော့အနောက်ခြံဝန်းတွင်သာ ယူရမည့် ပစ္စည်းများကိုသေချာမကျန်ခဲ့စေရန်အစေခံမလေးတေွကိုညွှန်ကြားနေသည်။
"ယွင်ချီ"
ယွင်ချီ့ကိုခေါ်ပီး လူရှင်းသည့်တနေရာတွင်
"ယန်အာနဲ့ နင်အာတို့ဘက်ကအခြေနေရော"
"အားလုံးအဆင်ပြေပါတယ် သူတို့လည်းလိုက်ဖို့အဆင်သင့်ပါပဲ"
"ကောင်းပြီ ဘာမှမလွဲစေနဲ့ ဓားမြောင်ရော"
"ဒီမှာပါ နင်အာနဲ့ယန်အာတို့ကိုလည်းသတိပေးပီးပါပီ"
"ကောင်းပြီ"
မင်းသားရှကျစ်ကွမ်းနဲ့စစ်ထူတို့ပြန်လာချိန်တွင် အထုပ်ပိုးအားလုံးအဆင်သင့်ဖြစ်နေပီး သွားဖို့အသင့်ထိုင်စောင့်နေသောဟွမ်ကျွင့်ကျယ်နှင့်ယွင်ချီတို့ကိုတေွ့ရသည်။
"သွားရအောင် မင်းသမီးနဲ့မင်းသား2တို့နဲ့ မြို့အဝင်ဝဂိတ်မှာတေွ့ဖို့ချိန်းထားတယ်"
"ယူစရာအကုန်ယူပီးပါပီ အသင့်ဖြစ်ရင်ထွက်လို့ရပီ"
ဟွမ်ကျွင့်ကျယ်သည် စကားပြောပီးနောက်မြင်းပေါ်သို့တက်လိုက်သည်။ ယွင်ချီသည်လည်းအခြားမြင်းတစ်ကောင်ပေါ်သို့တက်လိုက်သည်။
"မင်းဘာလုပ်နေတာလဲ"
ရှကျစ်ကွမ်းသည်ဟွမ်ကျွင့်ကျယ်ဘာလုပ်နေသည်ကိုနားမလည်စွာနှင့်မေးလာသည်။
"မြင်းစီးဖို့လေ မမြင်ဘူးလား"
"ဒါကတော့မင်းပြောမှလား ဝေါယာဉ်ပေါ်မတက်ဘဲဘာလို့မြင်းစီးနေတာလဲ"
"ဝေါယာဉ်ကရှင့်အတွက်မဟုတ်ဘူးလား"
"မင်းရူးနေလား ငါ့လိုယောက်ကျားရင့်မာကြီးကဝေါယာဉ်မှာအခန့်သားလိုက်စီးပီး မင်းလိုမိန်းကလေးကိုမြင်းစီးခိုင်းရင်ငါ့ကိုလူတေွကပြောဆိုကြမှာပေါ့ ဝေါယာဉ်ကမင်းကြီးကမင်းအတွက်စီစဉ်ထားတာ"
"စောစောကပြောပါလား"
ဟွမ်ကျွင့်ကျယ်သည်ဆောင့်အောင့်ကာမြင်းပေါ်မှဆင်းပီး ဝေါယာဉ်ပေါ်သို့တက်သွားသည်။ဝေါယာဉ်သည်အနောက်ခုံဝန်းမှမြို့ထဲတစ်လျှောက်ဖြတ်ကာ မြို့အဝင်ဝဂိတ်သို့ရောက်ရှိလာခဲ့သည်။ ဟွမ်ကျွင့်ကျယ်သည်ဝေါယာဉ်ပေါ်မှဆင်းလိုက်သည့်အခါ ဝေါယာဉ်တစ်ခုရှေ့တွင်မင်းသမီးရှချင်းရုံကရပ်နေသည်။ သူ့ဘေးတွင် အဝါနုရောင်ဝတ်စုံလေးဖြင့်မိန်းကလေးတစ်ယောက်နှင့် အပြာနုရောင်ဝတ်စုံလေးဝတ်ဆင်ထားသည့် ယောက်ကျားလေးတစ်ယောက်တို့ကရပ်နေသည်။
"ရုံအာ သူတို့ကဘယ်သူလဲ"
ထိုသူတို့ကိုမြင်သည့်အခါရှကျစ်ကွမ်းသည်မျက်မှောင်ကျုံ့ကာမေးလိုက်သည်။
"ညီမရဲ့မိတ်ဆေွတေွလေ"
"ဟွားဆောင်ကြာမြိုင်ကအကသမားတေွကဘယ်လိုမင်းမိတ်ဆေွဖြစ်သွားတာလဲ"
"တေွ့ရသာဝမ်းသားပါတယ် မင်းသား ကျမကဟွားဆောင်ကြာမြိုင်က ရှန့်နင်ပါ ဒါက ကျမမောင်လေး ရှန့်ယန်ပါ"
"ငါသူ့ကိုသိတယ်"
ရှကျစ်ကွမ်းသည် အပြာနုရောင်ဝတ်ဆင်ထားသည့် ယောက်ကျားလေးကိုလက်ညှိုးထိုးကာပြောလိုက်သည်။
"မင်းကဆောင်ကြာမြိုင်ကိုတစ်ခါပဲရောက်ဖူးပီးသူတို့နဲ့ဘယ်လိုမိတ်ဆေွဖြစ်သွားတာလဲ"
"တကယ်တော့.."
ရှကျစ်ကွမ်းရဲ့အမေးကိုမင်းသမီးရုံအာသည်ဖြေရန်ခက်ခဲနေသည့်ပုံဖြင့်
"ရုံအာ မင်းအမှန်တိုင်းမပြောရင်ငါမင်းကြီးကိုတိုင်ရလိမ့်မယ်"
"မလုပ်ပါနဲ့ တကယ်ကညီမကဟွားဆောင်ကြာမြိုင်ကိုခဏခဏရောက်တယ် သူတို့ကိုသိတာလဲကြာပီ"
"ဘယ်နှစ်ခေါက်ရှိပီလဲရောက်တာ သိတာရောဘယ်လောက်ကြာပီလဲ "
"ဘယ်နှစ်ခေါက်လဲတော့မသိတော့ဘူးများလွန်းလို့ သိတာတော့နှစ်နှစ်ကျော်ကြာပီ"
"ရုံအာ!"
ရှကျစ်ကွမ်းရဲ့အော်သံနောက်မှာရုံအာသည်ခေါင်းလေးငုံ့ထားသည်မှာမြေပြင်ပေါ်စိုက်မတတ်ပင်
"နင်ကအသက်မပြည့်ခင်ကတည်းက ဆောင်ကြာမြိုင်ကိုသွားပျော်ပါးနေတာလား"
"မင်းသားကျမတို့ဆောင်ကြာမြိုင်ကမကောင်းတာဘာမှမရှိပါဘူး ဒီတိုင်းသေရည်နဲ့ကပြဖျော်ဖြေမှုပဲရှိတာပါ မင်းသမီးကလည်းဖျော်ဖြေမှုကိုကြိုက်လို့ခဏခဏလာကြည့်တာပဲရှိတာပါ "
ရှန့်နင်သည်ရုံအာ့ဘက်မှကာပြောပေးလိုက်သည်။
"ထားပါ မင်းတို့ကဘာလာလုပ်တာလဲ"
"အကိုတော်သူတို့ကဟုန်ယောင်ကိုလိုက်ချင်လို့တဲ့ "
"ရုံအာ ခေါ်ချင်တဲ့သူတိုင်းခေါ်ရအောင်ဒါပျော်ပွဲစားထွက်နေတာမဟုတ်ဘူး"
"ရုံအာသိပါတယ် သူတို့ရဲ့မွေးစားမိဘတေွကဟုန်ယောင်မှာကျန်ခဲ့တာ သူတို့ကလည်းအားနည်းတော့လမ်းမှာပြသာနာတေွကြုံရမှာစိုးလို့ပါ"
ရှကျစ်ကွမ်းသည်ထိုနှစ်ယောက်ကိုလုံးဝကြည့်မရပါ။ ထိုမောင်နှမထဲမှယောက်ကျားလေးဖြစ်သည့်ရှန့်ယန်ဆိုသည့်ကောင်လေးအပေါ်တွင်ပိုဆိုးသည်။
"မင်းသား3တကယ်တော့သူတို့ကိုကျမသိပါတယ် သူတို့ကဟုန်ယောင်မှာလည်းနာမည်ကြီးတဲ့ အကသည်တေွပါ သူတို့မိဘတေွဖြစ်တဲ့ရှန့်မျိုးရိုးက မျိုးရိုးစဉ်ဆက် သူတို့ရဲ့အကနဲ့ဆေးပညာကိုလက်ဆင့်ကမ်းလာတာ ကျမနဲ့မယ်တော်လည်းသူတို့ဆီကဆေးပညာသင်ဖူးတယ်"
ဟွမ်ကျွင့်ကျယ်သည်အကြာကြီးငြိမ်နေရာမှစကားထပြောလာသည်။
"ဟုတ်ပါတယ်အကိုတော်ကလည်းအခုလည်းဟုန်ယောင်အခြေနေကိုသိပီးသူတို့မိဘတေွကိုစိတ်ပူလို့လိုက်လာတာပါ လိုက်ခွင့်ပြုလိုက်ပါနော်"
"မင်းသားစိတ်ချပါ ကျမနဲ့ကျမမောင်လေးကဘာပြသာနာမှမဖြစ်စေရဘူး "
"ဖြစ်လာခဲ့ရင်လည်းငါကသတ်ပစ်မှာ"
ရှကျစ်ကွမ်းသည်ထိုမျှပြောပီးမြင်းပေါ်သို့တက်သွားသည်။
"ရှန့်နင်ကမင်းသမီးနဲ့လှည်းအတူလိုက်စီးလိုက်လေ ရှန့်ယန်ကတော့ကိုယ့်လှည်းပေါ်လိုက်စီးလိုက်"
"မင်းသမီးဟွမ်ကသိပ်သဘောကောင်းနေတာပါလား မင်းကြီးကဝေါယာဉ်ကိုမိန်းကလေးတေွအတွက်ပဲပြင်ပေးထားတာ တကယ်လို့လိုက်ချင်ရင်သူ့ကိုမြင်းနဲ့လိုက်ခိုင်းလိုက်"
ရှကျစ်ကွမ်းသည်ဖြစ်နိုင်လျှင်အခုချက်ချင်းထိုကောင်လေးကိုအပိုင်းပိုင်းခုတ်ထစ်ချင်သည့်သဘောဖြစ်သည်။ ဟွမ်ကျွင့်ကျယ်သည်အခြေကိုသဘောပေါက်ကာ
"ကောင်းပြီလေ ယွင်ချီနင့်မြင်းသူ့ကိုပေးလိုက်ပါ နင်ကငါနဲ့အတူဝေါယာဉ်လိုက်စီး"
္"ကောင်းပါပြီ"
ထို့နောက်မြို့တံခါးမှထွက်ခွာလာကြသည်။ ရိက္ခာတင်လှည်းငါးစီးရယ် စစ်သည်တော်ငါးဆယ်ရယ် မင်းသား2နဲ့3တို့ရယ်ကဝေါယာဉ်နှစ်ခုကိုဝန်းရံကာထွက်သွားတော့သည်။
"မင်းသား"
"ပြော"
"ကျမတို့လုပ်ကြံခံရနိုင်ချေဘယ်လောက်ရှိမလဲ"
"100မှာ100ရှိတယ်"
"မလွဲမသွေပေါ့"
"ဟုတ်တယိအဲ့တာကြောင့်ကြိုတင်ပြင်ဆင်ခိုင်းထားတာ သေချာပေါက်မိဘုရားခေါင်နဲ့အမတ်ကောင်းလျန်နဲ့လီသွမ်းကတခုခုကိုကြံစည်မှာပဲ ဟုန်ယောင်မှာလည်းသူတို့ရဲ့လျှို့ဝှက်ချက်တေွရှိမှာပဲ"
"မင်းသားကယန်အာနဲ့နင်အာကိုအားနည်းတဲ့ပုံစံဟန်ဆောင်ခိုင်းထားတယ် တကယ်လို့တခုခုဖြစ်ရင်သူတို့ကတိုက်ခိုက်ရမလား ငြိမ်နေရမလား"
"အဲ့တာကြောင့်နင်ကသူတို့ကိုကာကွယ် ငါကမင်းသမီးကိုကာကွယ်မယ်"
"နားလည်ပါပြီ ဒါနဲ့မင်းသား3ကယန်အာ့ကိုကြည့်မရဘူးလား"
"ဟုတ်လောက်တယ် အခြေနေတချို့ကြောင့်"
ဟွမ်ကျွင့်ကျယ်သည်တစ်ချက်ပြုံးကာဝေါယာဉ်ပြတင်းပေါက်မှလို်က်ကာလေးကိုမတင်လိုက်သည်။ အပြင်ဘက်တွင်ရှကျစ်ကွမ်းသည်သူတို့ဝေါယာဉ်ဘေးနားတွင်မြင်းဖြင့်ရှိနေပီး ရှကျစ်ကွမ်းရဲ့အနောက်တွင်တော့ရှန့်ယန်ပါလာသည်။ ဟွမ်ကျွင့်ကျယ်သည်ရှကျစ်ကွမ်းကိုတစ်ချက်သာကြည့်ပီး အနောက်မှရှန့်ယန်ကိုလှမ်းကြည့်ကာပြုံးပြလိုက်သည်။
ထိုသည်ကိုမြင်သော်ရှကျစ်ကွမ်းသည်လိုက်ကာစကိုကိုင်ကာ
"မင်းသမီးအပြင်မှာဖုန်ထူတယ် လိုက်ကာစကိုဖွင့်မထားနဲ့"
ထိုသို့ပြောကာလိုက်ကာစကိုပိတ်လိုက်သည်။
"သဝန်တိုနေတာပဲ"
ယွင်ချီသည်ထိုသို့ထုတ်ပြောလာသည်ကိုကြားသော်ဟွမ်ကျွင့်ကျယ်သည်ပြုံးနေရာမှအေးစက်သည့်အမူရာသို့ပြောင်းသွားသည်။
============================
ရှကျစ်ကွမ်းကဘာလို့ရှန့်ယန်ကိုမုန်းနေလဲသိကြလား
21.4.2024