Part-13

114 16 1
                                    

"ယွင်ချီ ဒီညအတွက်ဝတ်စံုပြင်ထား"

"ပြင်ရပြန်ပီလား ဘယ်သွားမလို့လဲ"

"ဒီညက ညစာစားပွဲလေ"

"မင်းသားကိုမှမဖိတ်တာ"

"ပြင်ဆိုပြင်ထား ငါအလိုလိုသိစိတ်ကပြောနေတယ် ငါဒီည ညစာစားပွဲတက်ကိုတက်ရလိမ့်မယ်"

"ကောင်းပါပြီ ဒါနဲ့ ရှန့်နင်နဲ့ရှန့်ယန်တို့ကိုဘယ်လိုလုပ်ရမလဲ "

"အသင့်ပြင်ခိုင်းထားလိုက် သူတို့နှစ်ယောက်လည်းဟုန်ယောင်ကိုလိုက်ရမယ် ရှန့်နင်ကိုနန်းတွင်းထဲသွင်းဖို့်ဒါကအစဖြစ်လိမ့်မယ်"

"ကောင်းပါပြီ"

ဟွမ်ကျွင့်ကျယ်သည် ပန်းနုရောင်ဝတ်စံုလေးကိုဝတ်ဆင်လိုက်ကာ အခန်းထဲတွင်ထိုင်ရင်း မင်းကြီးရဲ့ဖိတ်ကြားမှုကိုစောင့်နေသည်။

"မင်းသား ညစာစားပွဲစတာ အမွှေးတိုင်တစ်တိုင်စာကုန်နေပီ အခုထိဘယ်သူမှလာမခေါ်သေးဘူး "

"ယွင်ချီ ကိစ္စကြီးကိုအောင်မြင်ဖို့ဆိုစိတ်ရှည်တတ်ရမယ်"

"မင်းသမီးဟွမ်"

ယွင်ချီနှင့်ကျွင့်ကျယ်တို့စကားပြောနေချိန်အပြင်ဘက်မှအသံတစ်သံထွက်ပေါ်လာသည်။

"အထိန်းတော်ဝမ်"

"မင်းကြီးကညစာစားပွဲကိုလာဖို့ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ"

"ကောင်းပါပြီ"

"မင်းသမီးဟွမ်တစ်ယောက်ပဲလိုက်လာခဲ့ပါ"

"နားလည်ပါပြီ ယွင်ချီ အိမ်မှာစောင့်နေ"

"ဟုတ်"

ဟွမ်ကျွင့်ကျယ်သည်ယွင်ချီ့ကိုအိမ်မှာစောင့်နေရန်စကားလှည့်ဆိုလိုက်ရင်း
လင်နှစ်ဖက်ကိုယှက်ကာငှက်အတောင်ပံခတ်နေသည့်ပုံစံဖြင့်လုပ်ပြလိုက်ပီး ယွင်ချီခေါင်းညိတ်ပြလိုက်ပီးမှပြန်လှည့်သွားသည်။
ယွင်ချီသည်ဟွမ်ကျွင့်ကျယ်ထွက်သွားသည်နှင့်စာပို့ခိုနှင့်စာတိုတစ်စောင်ကိုပေးပို့လိုက်သည်။
စာပို့ခိုသည်ခြေထောက်မှာချည်ထားသည့်စာကိုသယ်ကာ ဟွားဆောင်ကြာမြိုင်တစ်ခုရဲ့ခေါင်မိုးထပ်ရှိပြတင်းပေါက်တစ်ခုတွင်ရပ်လိုက်သည်။ အဖြူရောင်သွယ်သွယ်လှလှလက်လေးသည်စာပို့ခိုကိုသူ့လက်မောင်းပေါ်တင်ကာအထဲသို့ခေါ်သွင်းပီး စာကိုဖြည်ကာဖွင့်ဖောက်ဖတ်လိုက်သည်။

White lotus Donde viven las historias. Descúbrelo ahora