Part-15

101 18 3
                                    

အလျင်လိုသောကြောင့်ရှကျစ်ကွမ်းတို့သည်လမ်းတွင်ခဏလောက်သာနားပီးညမမှောင်ခင်အထိဆက်သွားခဲ့သည်။ ညမှောင်ချိန်တွင်သူတို့သည်လမ်းတွင်ရှိသည့်တည်းခိုေဆာင်တခုတွင်အခြေချကာအနားယူဖို့လုပ်ကြသည်။
အခန်းတေွကိုစစ်သည်တေွကိုခွဲပီးသည့်နောက်နှစ်ေယာက်အိပ်အခန်းသံုးခန်းသာကျန်သည်။

"အခန်းသုံးခန်းပဲကျန်တယ်ဆိုတော့ ဘယ်လိုခွဲကြမလဲ"

မင်းသမီးသည်ရှကျစ်ကွမ်းလက်ထဲရှိသော့ကိုကြည့်ကာ

"မင်းသား2ကဒီကရှန့်ယန်နဲ့တစ်ခန်းနေလိုက်လေ မင်းသမီးကမင်းသားရှကျစ်ကွမ်းနဲ့တစ်ခန်းနေလိုက် ကျမကယွင်ချီရယ် ရှန့်နင်တို့နဲ့နေလိုက်မယ်ယွင်ချီကကြမ်းပြင်မှာအိပ်ရလည်း ပြသာနာမရှိပါဘူး"

သို့သော်မင်းသမီးသည်မျက်မှောင်ကျုံ့ကာဟွမ်ကျွင့်ကျယ်ရဲ့အကြံကိုလက်မခံချင်သည့်အလား

"မဖြစ်ပါဘူး ကျမနဲ့အကိုကျစ်ကွမ်းကမောင်နှမပေမယ့်အများအမြင်မှာမသင့်တော်ဘူး ဒါကြောင့်ကျဲနဲ့အကိုကျစ်ကွမ်းကတူတူနေလိုက်လေနောက်လည်းလင်မယားဖြစ်ကြတော့မှာပဲကို"

ပြောပြီးသည်နှင့်ရှကျစ်ကွမ်းလက်ထဲမှသော့နှစ်ချောင်းကိုယူကာ တစ်ချောင်းကိုရှန့်ယန်ကိုပေးပီး တစ်ချောင်းကိုတော့သူယူကာ ယွင်ချီနှင့်ရှန်နင်တို့ကိုဆွဲခေါ်သွားသည်။

"အဲ့လိုဆိုမှတော့မင်းအရင်ဝင်နားလိုက်ပါ ငါဒီနေရာကိုကင်းလှည့်လိုက်အုန်းမယ်"

"ကောင်းပါပြီ"

ဟွမ်ကျွင့်ကျယ်သည်ရှကျစ်ကွမ်းလက်ထဲမှသော့ကိုယူကာ အခန်းထဲဝင်သွားသည်။ တနေကုန်ပင်ပန်းလာတာကြောင့်ရေချိုးရန်ပြင်ဆင်လိုက်သည်။ ရေချိုးပီးနောက်ပင်ပန်းသည့်ဒဏ်ကြောင့်အိပ်ပျော်သွားတော့သည်။ တည်းခိုဆောင်တစ်ခုလုံးကိုအပြတ်ငှားရမ်းလိုက်တာကြောင့်တည်းခိုဆောင်တစ်ခုလုံးသည်သူတို့လူများနှင့်သာပြည့်နှက်နေသည်။ ဟွမ်ကျွင့်ကျယ်သည်အိပ်ရာမှနိုးလာချိန်တွင်ညအတော်မှောင်ကာ အခန်းတွင်းဖယောင်းတိုင်နှစ်တိုင်ကိုသာထွန်းထားပီးပြတင်းပေါက်မှလရောင်သည်အခန်းတွင်းသို့ဖြာကျနေသည်။ ဟွမ်ကျွင့်ကျယ်သည်ဘေးဘီကိုဝေ့ဝဲကြည့်ပီးသည့်နောက် ဘေးနားရှိထိုင်ခုံပေါ်တွင်ရှကျစ်ကွမ်း၏ယနေ့ဝတ်သည့်ဝတ်စုံကိုဖြန့်ထားသည်ကိုမြင်ရသည်။ ဤသည်ကိုကြည့်ခြင်းဖြင့်ရှကျစ်ကွမ်းသည် ရေချိုးပြီးဖြစ်သည်။ သို့သော်အခန်းထဲတွင်မတေွ့ရသည့်အတွက်ကြောင့်အပြင်သို့ထွက်လာလိုက်သည်။ တည်းခိုဆောင်သည်ကျယ်ဝန်းပီးသုံးထပ်ရှိသည်။ သူတို့ရဲ့အခန်းသုံးခန်းလုံးမှာအလယ်တွင်ဖြစ်သည်။
အောက်ထပ်ရှိစားသောက်ခန်းကိုကြည့်လိုက်သည့်အခါမည်သူမှမရှိချေ။ ထို့ကြောင့်အောက်သို့ဆင်းလာလိုက်သည်။ အောက်ထပ်ရောက်သောအခါစားပွဲထိုးလေးသည်ဟွမ်ကျွင့်ကျယ်ဘေးရောက်လာကာ

White lotus Where stories live. Discover now