Unicode;
မီးရောင်စုံကြားထဲ ဆူညံနေသည့် DJ သံတွေက ပျံ့လွှင့်နေလေသည်... Club ထဲလာရောက်ပျော်ပါးနေသူတွေကလည်းစိတ်လွတ် ကိုယ်လွတ်ကခုန်ပျော်ရွှင်နေကြသည်....
ထယ်ယောင်းသိပ်တောင်မရှာလိုက်ရ ခါတိုင်းလိုပင် လူသိပ်မမြင်ရတဲ့နေရာတစ်ခုမှာ ဆေးလိပ်ငွေ့တွေကို တစ်ငွေ့ငွေ့မှုတ်ရင်း အလွမ်းဓာတ်ဖြေနေသူ... ခပ်ဆွေးဆွေး လေးထိုင်နေသည့် သူ့ရဲ့သူငယ်ချင်း...။
“ဟေ့ကောင်...!”
ဒုန်း!! ခလွမ်း...!!
သူ့အသံကိုဖုန်းလွှမ်းကာ မူးပြီးရမ်းနေသူတွေက စားပွဲပေါ်က ပန်းကန်တွေ ဖန်ခွက်တွေကို လက်နဲ့တိုက်ချပြီး ကခုန်နေကြသည်....
ဒီကောင်တွေဖြစ်ချင်တိုင်းဖြစ်နေကြတာ လုပ်ထည့်လိုက်ရ နာအုန်းမယ်... သူကအတွေးပဲရှိသေးတယ် သူသူ့ငယ်ချင်းက ထိုလူတွေမျက်နှာပေါ်လက်သီးရောက်ပြီးနေပြီ....
ခွပ်..!! ခွပ်..!! ခွပ်..!!
“ဘယ်လိုလဲ ခင်ဗျားတို့ အမူးပြေသွားကြပြီမလား...HK.!!”
Cigarette သောက်ရင်းပင် ပေါ့ပျက်ပျက်မေးလာတဲ့ မေးခွန်းအပေါ်ဟိုလူတွေထဲက တစ်ယောက်က ဒေါနဲ့မောနဲ့ပြန်ပြောသည်...
“မင်းဘာကောင်လဲ ဗလိုင်းကြီးငါတို့ကိုဘာလို့ထိုးတာလဲ...?”
“အဲ့လူတွေကို လျော်ကြေးပေးပြီးမောင်းထုတ်လိုက်ကြ...!!”
“ဟုတ်ကဲ့ boss ..”
လက်သွက်ခြေသွက်ရှိတဲ့ သူ့သူငယ်ချင်းက တစ်နေ့တစ်ခြားအရင်ကထက်ပင် သွေးအေးပြီး ဆိုးသွမ်းလာသည်။ အခုလည်းကြည့် ဟိုလူတွေကို အဖတ်မလှုပ်တော့ပဲ waiter ကောင်လေးတွေကို မေးငေါ့ပြရင်း မောင်းထုတ်ဖို့ပြောနေသေးသည်....
“ဟျောင့်...!! JK”
Jungkook ဘေးထယ်ယောင်းဝင်ထိုင်လိုက်ကာ သူငယ်ချင်းဖြစ်သူကိုနည်းနည်းဆွဖို့အတွေးဝင်လာသည်.... သူခေါ်လိုက်တော့ Jungkook ကမျက်ခုံးတစ်ချက်သာပင့်ပြပြီး ဆေးလိပ်ကိုမီးညှိနေလေသည်...
“ငါဒီနေ့ဘယ်သူနဲ့တွေ့ခဲ့တယ်ထင်လဲ...??”
“shitt..!! Kim TaeHyung... အာရုံလာမနောက်စမ်းနဲ့..!!”
“ငါဘယ်သူနဲ့တွေ့ခဲ့လည်းမင်းကမသိချင်ဘူးလား..? ဟင်း... နှမြောစရာပဲ ငါကမင်းသိရင်ပျော်မယ်ထင်နေတာ...”
“ငါ့လက်သီးကလည်း လူမရွေးဘူးဆိုတာ မင်းသိမယ်ထင်တယ်..”
ထယ်ယောင်းတံတွေးတစ်ချက်မြိုချလိုက်ရင်း မျက်စိရှေ့က ဝိုင်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်....
“ငါဒီနေ့မင်းဟာလေးနဲ့တွေ့ခဲ့တယ်...
စိတ်မကောင်းစရာက သူ့ဘေးမှာ စော်တစ်ပွေပါအစစ်ပါလိုက်သေး...!”
သူ့စကားအဆုံး နှုတ်ခမ်းပါးဆီရောက်ခါနီး လက်ညိုးနဲ့လက်ခလယ်ကြားကစီးကရက်တစ်ခု လေဟာနှင်ထဲမှာရပ်တန့်သွားပြီး Jeon Jungkook တစ်ယောက် တောင့်တောင့်ကြီးဖြင့်အသက်ပင်မရှူတော့.... အဲ့လောက်ကြီးကျ လွန်တာပေါ့....
“ဟျောင့်... ငါပြောတာကြားလား... Kim Seokjin ဆိုတဲ့တစ်ယောက်ကိုတွေ့ခဲ့တယ်လို့...”
သူပခုံးကိုနှစ်ချက်လောက်ပုတ်လိုက်မှ Jeon Jungkook မျက်လုံးတွေသူ့ဘက်ရွှေ့လာပြီး
ဆက်ခနဲ မတ်တပ်ဖြစ်သွားသည်...
“ဘယ်မှာတွေ့တာလဲ..? အခုချက်ချင်းအဲ့နေရာကိုလိုက်ပို့..ထ.!!”
“ရား..!အခုတော့အဲ့နေရာမှာဘယ်ရှိတော့မလဲကွ...ဆိုးတာကလေ မင်း ex ကငါ့ကိုမမှတ်မိဘူး..”
“Kim TaeHyung...!! ငါနဲ့ Kim Seokjin ကအခုထိ ချစ်သူတွေ.... ငါသူ့ကိုလမ်းခွဲဖို့သဘောမတူခဲ့သလို သူတစ်ဖက်သက်လမ်းခွဲတာကိုလည်း ငါသေတဲ့အထိလုံးဝလက်မခံခဲ့ဘူးလို့ပါ အပြတ်ပြောခဲ့ပြီးသား.. ဒါကိုလည်းအဲ့လူသိတယ်..သူကငါ့ ex မဟုတ်ဘူး current boyfriend...!!”
“ဟုတ်ပါပြီ ဖြေးဖြေးပြောပါ..မင်းဟာကလည်း ဒါလေးမှားသွားတာကို...”
“အခုမင်းပြော... သူအခုဘယ်မှာလဲ..?”
“ဒီလိုကွာ ငါကသူ့ကို Yongsan-gu ဘက်က Yell-O ဆိုင်မှာတွေ့ခဲ့တာ.... စော်တစ်ပွေနဲ့ ငါ့အထင် ဂျောင်ကြီး အဲ့ကောင်မလေးက မင်းဟာလေး ရည်းစားဖြစ်ပုံပဲ...”
“တောက်...!! ငါထင်တယ်... ဒီလူက တစ်ကယ်ကြီး နောက်တစ်ယောက်ရနေပြီပဲ... သတ်ပစ်မှ အေးမှာ...!!”
ခုနကနှင့်မတူပဲ မျက်လုံးတွေနီရဲကာ ဒေါသထွက်နေတဲ့ Jeon Jungkook က Kim Seokjin နဲ့မြန်မြန်ညားမှအေးမှာ.. မဟုတ်ရင် သူနားတွေပူ ရင်တွေတုန်ရလွန်းလို့....
“Yongsan-gu အနှံ့ရှာလို့ရှိရင်တော့ ငါတို့တွေ့နိုင်ပါတယ်... ပြီးတော့ သူတို့ငှားသွားတဲ့ Taxi နံပါတ်ကိုလည်းငါမှတ်လာတယ်... အဲ့ Taxi driver နဲ့တွေ့ရင် အနည်းဆုံးတော့ သဲလွန်စတစ်ခုခုရမှာပါ... အရင်လို ဘာမှန်းမသိ လိုက်ရှာနေတာထက်စာရင် ဒီလောက်သိရတော့ မင်းရှာတွေ့နိုင်တာပေါ့.. !!”
TaeHyung စကားတွေသူကြားတစ်ချက်မကြားတစ်ချက်...အခုနေ Kim Seokjin တို့အတွဲကိုသူမျက်ဝါးထင်ထင်တွေ့ရရင် လူသတ်မှုတွေဖြစ်ကုန်မှာသေချာသည်...
အဲ့တစ်ယောက်နဲ့ Kim Seokjin ဘယ်အဆင့်အထိရောက်နေကြပြီလဲ..? မဟုတ်ဘူး နမ်းပြီးကြပြီလား...?လက်ရောကိုင်ပြီးကြပြီလား.... Kim Seokjin အဲ့တစ်ယောက်ကိုဘယ်နှခါပြုံးပြပြီးပြီလဲ...? အကြည့်ချင်းရောဘယ်နှခါဆုံပြီးကြပြီလဲ...?
ခွမ်း..!
အတွေးတွေနဲ့အတူ ဆိုင်ထဲက မြင်မြင်သမျှပုလင်းတွေကို စိတ်ရှိလက်ရှိရိုက်ခွဲနေမိသည်.... Kim Seokjin ခင်ဗျားအကြောင်းမသိရတုန်းကလည်း ကျုပ်စိတ်မအေးရဘူး..အခုသိရပြန်တော့လည်း ကျုပ်ရင်ဘတ်တွေနာလွန်းလို့ သေတော့မယ်... ခင်ဗျားကျုပ်တစ်ယောက်ထဲကိုပဲ ကြည့်ပြီး ချစ်နေလိုက်ပါတော့လားဗျာ...ဘာဖြစ်လို့လွယ်နေတဲ့ကိစ္စကို ရှုပ်အောင်သိပ်လုပ်ချင်ရတာလဲ....? ဟိုတစ်လောကမှ သူ့စာတွေကို Kim Seokjin seen ပြခဲ့လို သူ့မှာသေမလိုပျော်ခဲ့ရသေးတာ... တခြားဘယ်ကောင်နဲ့မှ အတူမရှိဖို့သူပြောထားခဲ့တာတွေကို အခုတော့ ယောင်္ကျားမဟုတ်ဘဲ မိန်းမတစ်ယောက်နဲ့ ဒီလူကချိန်းတွေနေတယ်ပေါ့... ခင်ဗျားကကျုပ်စကားကို ဒီလိုနည်းနဲ့နားထောင်လိုက်တာလား Kim Seokjin..!!
~~~~~~
Julie နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီမို့
Julie ဆုတ်ကိုင်ထားတဲ့ သူ့လက်လေးကိုဖယ်လိုက်သည်....
အမှတ်မထင် Julie ကုတင်ဘေးက စားပွဲဝိုင်းအပုလေးပေါ်မှာရှိတဲ့ အညိုရောင် Albumလေးတစ်ခုကို သူ့မျက်ဝန်းတွေအကြည့်ရောက်မိသွားသည်....
Julie ကိုခဏစောင့်ပေးဖို့ တွေးလိုက်ရင်း
Album ထဲက ပုံလေးတွေကိုကြည့်ဖို့ သူယူလိုက်သည်..
ပထမဆုံးတစ်ပုံက သူ့ပုံ...
သူကမ်းခြေကို ပြုံးပြီးငေးကြည့်နေတဲ့ပုံလေးပင်...ကြည့်ရတာ ဒီလိုဆို ဒီAlbum က သူနဲ့ Julie ငယ်ငယ်တုန်းက ပုံလေးတွေ ထည့်ထားတာဖြစ်လောက်မယ်ထင်တယ်....
Album တစ်ဝက်လောက်အထိ သူတစ်ယောက်ထဲပုံတွေနှင့်သာပြည့်နှက်နေသည်..
ထိုပုံတွေကလည်း သူကင်မရာကိုကြည့်ပြီး အသေအချာရိုက်ထားတဲ့ပုံမျိုးတွေမဟုတ်ဘူး...ဥပမာ သူထမင်းစားနေတာတို့ ငေးနေတာတို့ ရယ်နေတာတို့ ထိုသို့သောပုံလေးတွေကို ရိုက်ထားတာမျိုးတွေ....
ပထမဆုံးအုပ်စုလိုက်ပုံကိုမြင်တော့ သူမှတ်မိလို မှတ်မိငြား ထိုအုပ်စုလိုက်ပုံထဲက လူတစ်ယောက်ချင်းစီကို စူးစိုက်ကြည့်မိသည်....
ထိုပုံက ကမ်းခြေမှာရိုက်ထားတာဖြစ်ပြီး လူတွေအများကြီးပင်... ထိုပုံထဲမှာ Julie ကိုမတွေ့ဘူး... သူကတော့လက်နှစ်ချောင်းထောင်ထားပြီး သူ့ဘေးက ကောင်လေးနှစ်ယောက်က အသည်းပုံလေးလုပ်ထားကြသည်.. သူထိုကောင်လေးနှစ်ယောက်ကို သိလာသလိုလို... ပြီးတော့ သူ့ဘေးကပြုံးနေတဲ့ကောင်လေး....
“အ့... !”
ဆော့ဂျင်ထိုပုံကို စိုက်ကြည့်နေရင်းမှ ကိစ္စတစ်ချို့ခေါင်းထဲရောက်လာသည်... သူ့ပခုံးပေါ်လက်တင်ထားတဲ့ကောင်လေးနဲ့ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေတာမျိုး... ထိုရန်ပွဲထဲသူပါနေခဲ့တာများလား... သေချာကြည့်မှ သူ့ပခုံးပေါ်လက်တင်ထားတဲ့ကောင်လေးကို သေချာရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပင်...
“အင်း......”
“ကျွတ်..ကျွတ်...ကျွတ်ကျွတ်...”
Julie ဆံပင်လေးကိုတစ်ချက်သပ်ပေးရင်း ချော့မြူလိုက်တော့ ပြုံးယောင်သမ်းကာပြန်အိပ်မောကျသွားသည်... Julie ရဲ့ပြုံးယောင်သမ်းသွားတဲ့မျက်နှာကိုမြင်မှ ခုနက ဓာတ်ပုံထဲမှာ သူ့ပခုံးကိုဖက်ထားတဲ့ကောင်လေးနဲ့ Julie နဲ့က ရုပ်ဆင်မှန်းသတိထားမိတော့သည်... Julie မှာ အမြွှာရှိတယ်လို့လည်းသူမကြားမိပါဘူး...ဘာလို့ရုပ်ဆင်တူနေရတာလဲ...?
သူရုတ်တရက်ဆိုသလိုခေါင်းတွေကိုက်ခဲလာကာ နားထဲမှာလည်း တစ်ယောက်ယောက်နဲ့ သူ ကိစ္စတစ်ခုကိုအသည်းအသန်ငြင်းနေသလိုမျိုး စကားသံတွေပဲ့တင်ထပ်လာသည်.... အဲ့လိုငြင်းနေသံကို ကြားရင်းနဲ့ကို သူဒေါသတွေထွက်လာပြီး ရင်ဘတ်တွေပါအောင့်လာသည်....
“အား....!”
လက်ထဲက Album လည်းပြုတ်ကျသွားပြီး သူ့ကိုယ်လည်းကြမ်းပြင်ပေါ်အထိန်းအကွက်မဲ့ပြုတ်ကျသွားသည်...
“ဂျင်...!!”
လဲကျနေသည့်သူ့ကို Julie ကဆွဲထူပေးလာသည်...
“အဆင်ပြေလား... ဂျင်...”
“ဆောတီး မင်းအိပ်နေတာကို နှောင့်ယှက်သလိုဖြစ်သွားတယ်...”
သူစိတ်ကိုတည်ငြိမ်အောင်စုလိုက်ပြီး အနည်းငယ်ကိုက်နေတဲ့ခေါင်းကို လက်နဲ့ထိန်းကိုင်ထားလိုက်သည်...
“အဲ့တာတွေထားပါ... ဘာဖြစ်တာလဲ...
ခေါင်းမူးလို့လား...? လဲတောင်ကျတဲ့ဆိုတဲ့ ဂျင်တော်ရုံမဟုတ်ဘူးနော် ကုတင်ပေါ်လှဲလိုက်...!”
“ဒီဓာတ်ပုံထဲမှာ Julie ဘာလို့မပါတာလဲ...”
ကမ်းခြေမှာ အထက်တန်းတုန်းက သူတို့ Group Photo ကို ပြကာ ဂျင်ကရုတ်တရက်ကြီးမေးလာသည်....
“ဟို... ဘယ်ပါမလဲ.. Julie က ဓာတ်ပုံရိုက်တဲ့သူလေ အဲ့တာကြောင့်.. အဲ့တာတွေကအရေးမကြီးဘူး ကို.. အရင်လှဲလိုက်... ”
“ကိုယ်ဒီတစ်ပုံထဲကိုပြောနေတာမဟုတ်ဘူး...
Julie ပြောတော့ကိုယ်တို့က ငယ်ငယ်ထဲက ကျောင်းအတူတက်ကြတာဆို... ဘာလို့မင်းပုံကျ တစ်ပုံမှမပါဘဲ ကိုယ်ချည်းပဲပါနေတာလဲ..?”
“ကိုရယ်...အဲ့တာတွေနောက်မှရှင်းပြမယ်...
ကို အရင်ဆုံးအနားယူလိုက်နော်... နေလည်းသေချာကောင်းတာမဟုတ်ဘဲ အများကြီးမတွေးပါနဲ့...!”
“ကိုယ့်အခန်းကိုယ်ပဲပြန်လိုက်မယ်.. Julie လည်းပြန်အိပ်လိုက်...ခုနကအတွက်တကယ်တောင်းပန်တယ်...”
ဆော့ဂျင်သက်ပြင်းတစ်ချက်ချလိုက်ပြီး
သူ့အခန်းသူသာပြန်လာခဲ့လိုက်သည်... Julie သူ့ကိုဘာတွေဖုံးကွယ်ထားတာလည်းသူသိချင်သည်... ပြီးတော့ ခပ်ရေးရေးမှတ်မိလာတတ်သည့် အတိတ်ကိုသူပိုမိုတူးစွချင်သည်....
ယူတို့နော် Julie ကို ဖြေတာ တစ်ယောက်ပဲမှန်တယ်ဟွန့် စိတ်ကောက်တယ်... Jealous King ကြီး JK ကို ဒိုးးက Julie စရာလားလို့... !!
Feedback မရလို့ကတော့ ကြည့်နေ ချိတ်ကောက်ပစ်မယ် 😾