"မင်းသား ငါးလားကြက်လား"
"ဘာလဲ"
ရေချိုးပီးဆေးရွက်တေွခွဲနေတုန်းရှိသေး လာမေးတဲ့ယွင်ချီကြောင့်ကြောင်အသွားခဲ့ရသည်။
"မင်းသားရှကျစ်ကွမ်းအတွက်လေ "
"သူလည်းနေကောင်းနေပါပီ ပြီးတော့ဒီညမင်းသမီးလုရုံနဲ့ ဟွားဆောင်ကြာမြိုင်ကိုသွားဖို့ချိန်းထားတယ်လေ အဲ့အတွက်ဝတ်စုံပြင်ထားအုန်း"
"ဟုတ် ဒါနဲ့စာပို့ခိုဆီကစာရပီးပီ"
"အင်းငါ့ကိုပေး"
ဟွမ်ကျွင့်ကျယ်သည်စာကိုဖွင့်ဖတ်လိုက်သည်။
"ဘာရေးထားတာလဲမင်းသား"
"အကိုယဲ့ ဟုန်ယောင်မှာစောင့်နေတယ် အခြေနေသိပ်မဟန်ဘူး သုံးကြိမ်မြောက်ထန်ချီကဝင်မတိုက်ခင်ငါတို့ဟုန်ယောင်ကိုရောက်မှရမယ် မဟုတ်ရင်နောက်တစ်ခါဟုန်ယောင်ကထပ်ပြိုလဲလိမ့်မယ်္"
"အင်း မင်းသားဆေးတေွပြင်ဆင်နေတာကလည်းအဲ့အတွက်ပဲမလား "
"ဟုတ်တယ် ဒါနဲ့ယွင်ချီငါတို့ဓားမြောင်အသေးလေးရှာထားရမယ် ဓားရှည်ကိုပေါ်ပေါ်ထင်ထင်ကိုင်ရင် ငါတို်အတွက်ပြသာနာရှိတယ် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက်တော့ဓားမြောင်ဆောင်ထားရမယ်"
"ယွင်ချီနားလည်ပါပီ"
ဟွမ်ကျွင့်ကျယ်သည်ဆေးရွက်တေွခွဲနေရင်းခေါင်းထဲမှာတော့အတေွးများနေသည်။
ဟုန်ေယာင်စီရင်စုရဲ့ဘေးပတ်ပတ်လည်ဟာတောတောင်တေွနဲ့ဝန်းရံထားတယ်။ မြေဆီလွှာသည်လည်းအလွန်ကောင်းသောကြောင့်ဆန်စပါးနဲ့သီးနှံဖြစ်ထွန်းတယ်။ ဟုန်ယောင်ရဲ့အနောက်ဘက်မှာရှိတဲ့ တောင်မှာလည်းဆေးဘက်ဝင်အပင်တေွပြောများပီး ရှားပါးပီးဆေးဘက်ဝင်တဲ့သည်းခြေရှိတဲ့မြွေများလည်းရှိသည်။
ထိုအတွက်တာရှနှင့်ဟွမ်ပြည်ရဲ့ပိုင်ဆိုင်သည့်စီရင်စုတေွထဲမှာဟုန်ယောင်သည်အဖိုးအတန်ဆုံးဖြစ်သည်။
တာရှ ၊ ဟွမ် ၊ ထန်ချီစသည့်တိုင်းပြည်ကြီးသုံးခုရှိသည်။ တာရှသည် မင်းကြီးရှကုန်းမင်မှစတင်တည်ထောင်ခဲ့ပီး ယခု ရှကျစ်ကွမ်းရဲ့ဖခင်မှာ 10ဆက်မြောက်ရှမင်းဆက်ဖြစ်သည်။
ဟွမ်တိုင်းပြည်ကိုတော့ ဟွမ်ရှမ့်ကျင်းမှစတင်တည်ထောင်ခဲ့ပီး ယခုဟွမ်ကျွင့်ကျယ်ရဲ့ဖခင်သည်လည်း10ဆက်မြောက်ဟွမ်မင်းဆက်ဖြစ်သည်။
ထန်ချီ ထန်ချီသည်တိုင်းပြည်ကြီးတစ်ခုလို့ဆိုနိုင်သလို တိုင်းပြည်မဟုတ်ဟုလည်းဆိုနိုင်သည်။ ထန်ချီလူမျိုးများသည် ဟွမ်နှင့်တာရှတို့ကဲ့သို့ မြေပြန့်ဒေသယဉ်ကျေးမှုဝတ်စားဆင်ယင်ပုံတို့နှင့်အတော်လေးကွာခြားသည်။
ထန်ချီသည် မျိုးနွယ်စုတစ်ခုဖြစ်သည်။ သဲကန္တရတွင်နေထိုင်သောကြောင့်စစ်တိုက်သွားရန်ခက်ခဲသည်။ ထိုအချင်းရာကိုအခွင့်ကောင်းယူကာ ဟွမ်နှင့်တာရှတို့အပိုင်စီရင်စုများကိုလာတိုက်ခိုက်လေ့ရှိသည်။ ထန်ချီစစ်သည်တော်များမှာအရပ်မှာအတော်လေးမြင့်ပီးသန်မာကြသည်။ သို့သော်ဉာဏ်မရှိကြ။ ထို့ကြောင့်တာရှနှင့်ဟွမ်တိုင်းပြည်ရဲ့စစ်တပ်သည်အမြဲနို်င်လေ့ရှိသည်။ ထန်ချီစစ်တပ်မှာတော့အလစ်ချောင်းကာတိုက်ခိုက်ကြသည်။
လွန်ခဲ့တဲ့ငါးနှစ်ကထန်ချီကြောင့်ပဲဟုန်ယောင်စီရင်စုဟာတခါအလူးအလဲပြိုခဲ့ရသည်ကိုဟွမ်ကျွင့်ကျယ်မျက်မြင်
ကိုယ်တေွ့ခံစားခဲ့ရဖူးပီ။ ဒီတစ်ခါမှာတော့ထိုသိုအဖြစ်မခံနိုင်တော့ချေ။
သေချာပေါက် ဟုန်ယောင်ကိုကာကွယ်မှာ သေချာပေါက် ငါ့ရဲ့အိမ်ကိုကာကွယ်မှာ
အပြင်ဘက်မှာအသံကြားသောကြောင့်တံခါးလေးဟကာချောင်းကြည့်လိုက်သည်။ ရှကျစ်ကွမ်းနှင့်စစ်ထူသည်သာမန်အရပ်သားဝတ်စုံကိုဝတ်ကာတနေရာသို့သွားမည့်ဟန်ပြုနေသည်။
သူတို့ထွက်သွားပီးနောက် ဟွမ်ကျွင့်ကျယ်သည် လေချွန်လိုက်ကာ ရောက်လာသောစာပို့ခိုရဲ့ခြေထောက်တွင်စာတိုလေးတစ်စောင်ချည်ပေးလိုက်သည်။ ထိုစာတွက်ရေးထားသည်က"မင်းသား3နောက်လိုက်"
ဆိုသည့်စာတိုလေးတစ်ခုသာဖြစ်သည်။
ဟွမ်ကျွင့်ကျယ်နှင့်ရှကျစ်ကွမ်းသည်ရည်မှန်းချက်တူသော်လည်းတစ်ယောက်နှင့်တစ်ယောက်အလုံးစုံမယုံကြည်ပေ။ ထို့ကြောင့်တစ်ယောက်နှင့်တစ်ယောက်အမြဲအကဲခတ်ပီး စောင့်ကြည့်နေသည်။
"ကျဲရေ"
အတေွးတေွကိုဖျက်လိုက်သည့်အသံလေးတစ်ခု တံခါးအပြင်ဘက်မှထွက်လာသည့်ထိုအသံမှာတံခါးဖွင့်စရာမလိုသေးပဲသိလိုက်သည်။ မင်းသမီးရှချင်းရုံဆိုတာကို။
"ရုံအာ တစ်ယောက်တည်းလား"
"ဟုတ်တယ် "
"အစောကြီးပဲချိန်းထားတာညဘက်မှလေ"
"ဟုတ်တယ် ဒီနေ့အကိုတော်ကလည်းအဖေနဲ့ ကျန်းေယာင်ကိုသွားဖို့တိုင်ပင်နေတယ် မယ်တော်ကလည်းနေမကောင်းလို့ အနားယူနေတယ် အဲ့တာနဲ့
အားနေလို့တနေကုန်လည်ရအောင်လစ်ထွက်လာတာ"
"ဟုတ်လားဒါဆိုခဏစောင့်ယွင်ချီပြန်လာရင်အဝတ်စားလဲပီးသွားကြမယ်"
"အင်း"
အမွှေးတိုင်တစ်တိုင်ကုန်စာလောက်မှာယွင်ချီပြန်လာသည်။လက်ထဲတွင်တော့အဝါနုရောင်ဝတ်စုံလေးပါလာသည်။
ယွင်ချီ့လက်ထဲမှဝတ်စုံလေးကိုယူကာအဝတ်လဲသည့်နေရာသို့ဝင်သွားပီးခဏကြာတော့ပြန်ထွက်လာသည်။
ချင်းရုံသည်သူ့အရှေ့မှထိုမိန်းကလေးကိုမျက်တောင်မခတ်တမ်းကြည့်နေသည်။ ဟွမ်ကျွင့်ကျယ်သည်အမြဲတစေမျက်လုံးအေးစေသည့်အရောင်နုကိုသာဝတ်လေ့ရှိသည်။ သူသည်အခြားမိန်းကလေးတေွလို မျက်နှာကိုအများကြီးခြယ်သစရာမလိုပဲနှင့်ကိုလှပသည်။ ဘယ်အချိန်ကြည့်ကြည့်သူ့အရှေ့မှထိုမိန်းမပျိုလေးမှာ အေးချမ်းတည်ငြိမ်သည့်သဘာဝအတိုင်း လှသည့်အလှတရားမျိုးကိုပိုင်ဆိုင်ထားသည်။
"သွားကြရအောင်လေ ယွင်ချီလည်းလိုက်ခဲ့လေ"
နန်းတော်မှထွက်လာပီးနောက် မင်းသမီးသည်အလယ်မှနေကာဟွမ်ကျွင့်ကျယ်နှင့်ယွင်ချီရဲ့လက်မောင်းကိုချိတ်ထားသည်။ ထို့နောက်မျက်နှာခြေမှုန့်ရောင်းသည့်ဆိုင် လက်ဝတ်ရတနာရောင်းသည့်ဆိုင် အချစ်ဇာတ်လမ်းများပြောလေ့ရှိသည့်အခါးရည်ဆိုင်တို့ကိုတနေကုန်လျှောက်သွားခဲ့သည်။ ညနေနေဝင်ချိန်မှာတော့ဟွားဆောင်ကြာမြိုင်တွင်စီကားနေပြီဖြစ်သဖြင့် ဆောင်ကြာမြိုင်အတွင်းဝင်ကာ ဖျော်ဖြေမှုကိုကောင်းကောင်းမြင်ရသည့်နေရာတွင် ထိုင်ကာသေရည်သောက်နေသည့် သူတို့သုံးယောက်။
ရှကျစ်ကွမ်းအိမ်ပြန်လာချိန်တွင်အရင်လိုဉယာဉ်ထဲမှစားပွဲဝိုင်းလေးတွင်ထိုင်စောင့်နေသူမရှိချေ။ ထိုသူ၏အိမ်မှာလည်းမီးများပိတ်ထားသည်။
"စစ်ထူသူတို့ဘယ်သွားတာလဲ"
"သွားစုံစမ်းလိုက်ပါ့မယ်"
ခဏအကြာမှာတော့စစ်ထူပြန်ရောက်လာပီး
"မင်းသမီးရဲ့လူယုံအစေခံမလေးပြောတာတော့မနက်ကတည်းကလျှောက်လည်ဖို့မင်းသမီးဟွမ်ကိုသွားခေါ်တာတဲ့ ပီးတော့ဒီညဟွားဆောင်ကြာမြိုင်မှာဖျော်ဖြေတာကိုသွားကြည့်မယ်လို့ပြောတယ်"
"ထပ်ပြီးဟွားဆောင်ကြာမြိုင်ပဲလား ဟွမ်ကျွင့်ကျယ်ကအဲ့ဆောင်ကြာမြိုင်ကိုတအားသဘောကျနေတာလား"
ပြောပြောဆိုဆိုနှင့်ထထွက်သွားသည့်သူ့သခင်နောက်ကိုစစ်ထူမှာတကောက်ကောက်လိုက်ရပြန်သည်။
တစ်ဖက်ကဆောင်ကြာမြိုင်မှာတော့ သေရည်လေးအိုးအလွတ်သည်စားပွဲပေါ်တွင်ရှိနေပီး စားပွဲထိုးမလေးကိုနောက်တစ်အိုးထပ်မှာနေသည့်မင်းသမီးချင်းရုံ
"ရုံအာ နင်ကအရက်ကောင်းကောင်းသောက်နိုင်တာလား"
"အင်း စသောက်ကတည်းကသောက်နိုင်တာ အရက်သမားမို့လို့သောက်နိုင်တာမဟုတ်ပါဘူးကျဲရယ်"
ချင်းရုံရဲ့စကားကြောင့်ဟွမ်ကျွင့်ကျယ်မှာရယ်မိသွားသည်။
ထို့အချိန် မိန်းကလေးတေွနှင့်ေယာက်ကျားလေးတေွရဲ့ပူးပေါင်းကပြဖျော်ဖြေမှုကြီးစတင်ခဲ့ပီ။
ဟွားဆောင်ကြာမြိုင်သည်မိန်းမတေွရောယောက်ကျားတေွရော ကြားထဲတွင်နာမည်ကြီးလှသည်။ အကြောင်းရင်းမှာထိုဆောင်ကြာမြိုင်တွင်မိန်းမလှလေးတေွသာမက ပန်းကဲ့သို့နူးည့ံပီးလှပသည်ဟုတင်စားရလောက်သည့်ယောက်ကျားလေးတေွလည်းရှိသည်။
ကပြဖျော်ဖြေမှုတွင်လူအများသည်စိတ်ဝင်စားစွာကြည့်နေခဲ့ကြပီး တချို့မှာ ငွေအသပြာအထုပ်ကိုစားပွဲပေါ်တွင်တင်လိုက်သည်နှင့်တချို့အကမယ်လေး အကမောင်လေးများမှာထိုစားပွဲဝိုင်းရဲ့အသပြာထုပ်ပိုင်ရှင်ဆီသို့ကပ်လာကာ ပါးနှင့်နှုတ်ခမ်းများကိုလက်ဖြင့်ပွတ်သပ်ကာကပြနေကြသည်။
"ကျဲ ဒီမှာအသပြာ"
ချင်းရုံထိုးပေးသည့်အသပြာထုပ်ကိုကြည့်ပီး ဟွမ်ကျွင့်ကျယ်မှာကြောင်အနေသည်။
"ကောင်လေးတေွကလှတယ် ရုံအာအသပြာတင်ရင်ရုံအာ့ဆီလာကြမှာ တကယ်လို့ဒီလိုမျိုးဖြစ်နေတာကိုသတင်းပျ့ံသွားရင်ရုံအာသေမှာ အဲ့တာကြောင့်အလှလေးတေွကိုကျဲက ရုံအာ့အစားဒီဝိုင်းကိုခေါ်ပေး ဟိ"
ရယ်သွမ်းသွမ်းဖြင့်ပြောနေသည့်ရုံအာမှာသေရည်မမူးပဲပုံမှန်လူအတိုင်းသာဖြစ်သည်။ နောက်သည့်ပုံလည်းမပေါ်။
ဟွမ်ကျွင့်ကျယ်သည်အသပြာထုပ်ကိုအပေါ်တင်လိုက်သည့်အခါ အဖြူရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားသည့်
အဖြူရောင်ကြောင်ပေါက်လေးသဖွယ်ချစ်စရာကောင်းသည့်ကောင်လေးမှာ သူ့ထံသို့ချဉ်းကပ်လာသည်။ ပါးကိုလက်ညိုးလေးဖြင့်ညင်ညင်သာသာပွတ်ရင်း နှုတ်ခမ်းလေးကိုလက်ညှိုးဖြင့်ထိလိုက်သည်။ နှုတ်ခမ်းကိုထိနေသည့်ထိုကောင်လေးရဲ့လက်မှာ ဟွမ်ကျွင့်ကျယ်ရဲ့အနောက်ဘက်မှထွက်လာသောအကြောပြိုင်းပြိုင်းထနေသည့်လက်တစ်စုံရဲ့ဖမ်းချုပ်ခြင်းကိုခံလိုက်ရပီး အားဖြင့်ဆုပ်ကိုင်ခြင်းကိုလည်းခံလိုက်ရသည်။ ထို့နောက် ြသရှရှအသံတစ်သံထွက်ပေါ်လာသည်။
"အသပြာထုပ်ကိုယူပီးသွားလိုက်တော့ မဟုတ်ရင်လက်ကိုချိုးပစ်မယ်"
သို့သော်ထိုကောင်လေးသည်ပြုံးပြုံးလေးဖြင့်သာရပ်နေဆဲဖြစ်သည်။ ရှကျစ်ကွမ်းသည်အားထပ်ထည့်ကာထိုကောင်လေးရဲ့လက်ကိုညှစ်လိုက်ချိန်တွင် ဟွမ်ကျွင့်ကျယ်၏ဆွဲဖြုတ်ခြင်းကိုခံလိုက်ရသည်။
"ယူပီးသွားလိုက်တော့ မဟုတ်ရင်မင်းလက်ပိုနာရလိမ့်မယ် လိမ်မာတယ် သွားတော့"
ထိုကောင်လေးရဲ့လက်ကောက်ဝတ်ကိုပွတ်ပေးရင်း ချိုသာနူးည့ံသည့်အသံဖြင့်ဖျောင်းဖျနေသည့်ဟွမ်ကျွင့်ကျယ်ကြောင့် ထိုကောင်လေးမှာစားပွဲဝိုင်းနားမှထွက်သွားသည်။
ထိုကောင်လေးထွက်သွားမှ အနောက်မှလူကိုလှည့်ကြည့်လိုက်ချိန်တွင် ထိုသူ၏မျက်လုံးတစ်စုံမှရဲရဲတောက်ကာ ထိုကောင်လေးကိုစူးစူးဝါးဝါးကြည့်နေသည်။
"ဒီဆောင်ကြာမြိုင်ကိုသိပ်ကြိုက်တာပဲလား"
"ဒါပေါ့ ကောင်လေးတေွကလှတာကို"
ပြုံးပြုံးလေးဖြင့်သာပြောနေသည့်ဟွမ်ကျွင့်ကျယ်ကြောင့်ရှကျစ်ကွမ်းမှာပို၍ပင်ဒေါသထွက်လာရသည်။
တချိန်လုံးထိုင်ကြည့်နေသည့် ချင်းရုံမှာတော့အသံပင်မထွက်နိုင်။ မဟုတ်လျှင် ဒီကိုခေါ်လာသူမှာသူဖြစ်တာကြောင့် သူ့ဘက်သို့လှည့်လာမည်စိုးသည်။
"မပြန်ဘူးလား မင်းသမီးသောက်ထားတာများနေပီ"
ဟွမ်ကျွင့်ကျယ်ရဲ့စကားကြောင့်ရှကျစ်ကွမ်းသည်ချင်းရုံကိုလှည့်ကြည့်လိုက်သည်။ ချင်းရုံသည်မမူးသေးသော်လည်းမူးချင်ယောင်ဆောင်လိုက်သည်။
"ခေါင်းကိုက်တယ်အိမ်ပြန်မယ် "
မျက်လုံးတေွမှေးဆင်းကာ ယွင်ချီ့ကိုမှီလိုက်ပီး မပီမသအသံဖြင့်ပြောသည်။
"ယွင်ချီငါ့ကိုပြန်ပို့ပေး"
ဟွမ်ကျွင့်ကျယ်သည်ချင်းရုံခင်းသည့်ဇာတ်လမ်းကိုသိလိုက်သဖြင့်တစ်ချက်ရယ်ကာ ယွင်ချီ့ကိုပြန်ပို့ခိုင်းလိုက်သည်။ သူကတော့ဘေးကဒေါသထွက်နေသည့်ရှကျစ်ကွမ်းနှင့်သာလမ်းလျှောက်ပြန်လိုက်သည်။
"ဘာလို့ခဏခဏဒီကိုလာတာလဲ"
"ဒီတစ်ခါကမင်းသမီးကခေါ်လို့"
"မင်းကိုယ်တိုင်ကလည်းသဘောကျလို့မလား"
"အင်းကောင်လေးတေွကလှတယ် အဲ့လိုလှတဲ့ေယာက်ကျားလေးတေွကမြင်ရခဲတယ်လေ ပီးတော့ကျမက လှတဲ့အရာတေွဆိုတအားသဘောကျတာ"
"လှတဲ့အရာတိုင်းကိုသဘောကျလို့ရတယ် ဒါမယ့်လှတဲ့လူတိုင်းကိုသဘောကျလို့မှမရတာ"
"ဘာလို့လဲ"
"အရာဝတ္တုတေွကသဘောကျရင်ဝယ်ပီးသိမ်းထားလို့ရတယ် ဒါမယ့်လူကမရဘူးလေ "
"ဘာလို့မရရမှာလဲ"
ဟွမ်ကျွင့်ကျယ်ရဲ့အမေးကိုရှကျစ်ကွမ်းသည်တစ်ခဏမျှစဉ်းစားလိုက်ပီး
"ဟုတ်တယ်နော်ရသားပဲ ရအောင်ယူပီးသိမ်းထားမယ် မဟုတ်လည်းချုပ်ထားမယ်"
"အင်း ချုပ်ထားတာထက်အဲ့သူကလည်းကိုယ့်အနားနေချင်အောင်ဆွဲဆောင်ရမှာပေါ့"
"အင်း"
ထို့နောက်တိတ်ဆိတ်သွားပီးအိမ်ရောက်သည်အထိဘာစကားမှမပြောတော့ချေ။
အနောက်ခြံဝန်းတော့ရောက်သည့်အခါမှာတော့
"ဒါဆိုအထဲဝင်တော့မယ်နော်"
နှုတ်ဆက်ကာအထဲဝင်တော့မည်လုပ်နေသော ဟွမ်ကျွင့်ကျယ်လက်ကိုဆွဲလိုက်ကာ
"မင်းကလည်းလှပတဲ့သူပဲ တကယ်လို့မင်းကိုအနားမှာထားပီးသိမ်းထားချင်ရင်ရော ဘယ်လိုလုပ်ရမလဲ"
"ကျမကိုသိမ်းထားလို့မရဘူး တခုပဲရှိတယ် ကျမကိုယ်တိုင်ကနေချင်ရင်တော့ရတယ်"
"ကောင်းပြီ မင်းကိုငါသိမ်းထားမယ်"
"သိမ်းစရာမလိုပါဘူး အစကတည်းကရှင့်အနားနေဖို့ကျမကတောင်းဆိုထားတာလေ "
"သဘောတူညီမှုပျက်သွားရင်ရော တကယ်လို့ငါကမင်းကိုအိမ်ရှေ့စံမင်းသမီးအနေနဲ့တင်မြှောက်ဖို့ကတိမတည်ခဲ့ရင်ရော"
"အဲ့ကျ ရှင့်အနားကကျမကထွက်သွားမှာ မသွားခင်တော့ မရရအောင်ဖျက်ဆီးသွားမှာ ကျမစိုက်ခဲ့တဲ့အပင်ရဲ့အသီးကိုကျမ မစားရရင်ဖျက်ဆီးပစ်မယ်"
ရှကျစ်ကွမ်းသည်ဟွမ်ကျွင့်ကျယ်ရဲ့လက်ကိုလွှတ်ပေးလိုက်ပီး
"ငါကတိတည်မယ် မင်းလည်းကတိတည် ငါ့အနားမှာနေပေး"
ဟွမ်ကျွင့်ကျယ်သည်ဘာစကားမှပြန်မဆိုပဲ အိမ်ထဲသို့သာဝင်သွားသည်။
ထီးနန်းဆက်ခံရဖို့သူရက်စက်ရဲတယ်။ သို့ေသာ်ထိုအကြင်သူကိုတော့သူ
မရက်စက်ရဲပေ။ အဘယ့်ကြောင့်ဆိုသော်ထိုသူသည် သူ့ထက်အဆမတန်
ပိုရက်စက်နိုင်သည်။
============================
ရှကျစ်ကွမ်းကတော့စတင် falling in loveနေပါပြီ။>_<
ဒီရက်ပိုင်းတစ်ပိုင်းကိုsceneတစ်ခုပီးအောင်ရေးပေးပါ့မယ်။
19.4.2024