Unicode
အကြတ်နေ့။
ဒီနေ့တော့ တတိယမြောက်နေ့မို့ ညိမ်အများကြီး မျှော်မှန်းထားလေသည်။ မနေ့ကအဖြစ်အပျက်တွေအကြောင်း ညိမ်မေးကြည့်ပေမဲ့ မောင်လည်း သေချာသိပုံမရဟုဆို၏။ ဟိုကောင်လေးကတော့ စစ်သွေးလက်ချက်ဖြင့် ဆေးရုံရောက်သွား၏။
"မောင် သွားရအောင်လေ"
"မောင် လာပါပြီ ကလေးရဲ့"
"မင်းမေ ကလေး ငါမင်းထက်ကြီးတယ်"
"ဟုတ်ပြီနော် ညမှကြည့်ပေးမယ်"
"ခီတန်ကူးဇဏ် "
"ဗျာ"
"မင်း အတော်မျက်နှာရူးလာတာပဲ"
"မျက်နှာရူးတယ်လို့ မဟုတ်ပါဘူး ညိမ်ပျင်းနေမှာစိုးလို့ပါ မောင်က အစကတည်းက နည်းနည်းငြိမ်တော့ ညိမ်တစ်ယောက်ထဲဆို ပျင်းသွားမှာစိုးလို့"
"ငါက မပျင်းပါဘူး မင်းအလုပ်သွားတဲ့အချိန် ငါလည်းသွားရတာပဲဟာ"
သူတို့ မနက်ပိုင်းတိုင်း ရေမဆော့ဖြစ်ပါ။ မောနှင့်အတူ ရန်ကုန်နှင့် ခပ်ဝေးဝေးမှာရှိတဲ့ ဂေဟာတို့ ဘုန်းကြီးကျောင်းတို့ကို နှစ်ယောက်သား သွားလှူဖြစ်ကြ၏။ မနေ့က ရတုနဲ့စစ်သွေးပါပေမဲ့ ဒီနေ့တော့လိုက်မလာကြ။
"မောင် စစ်သွေးက ဘာလို့ လိုက်မလာတာလဲ"
မောင်က ကားမောင်းတာပဲဖြစ်ဖြစ် တစ်ခုခုကို အာရုံစိုက်နေလျှင် ပို၍ကြည့်ကောင်း၏။ အမြဲသေသေသပ်သပ်နေတတ်သူမို့ အိမ်အလုပ်တွင် နှစ်ယောက်သား ညှိစရာတော့ သိပ်မလိုပါ။
နက်ပြာရောင် ပိုလိုရှပ်နှင့် ဂျင်းကိုတွဲဖက်ဝတ်ဆင်ထားပေမဲ့ မလိုက်ဖက်တာမရှိ။ ညိမ်ကတော့ ပေါ့ပေါ့ပါးပါး အင်္ကျီလက်ရှည်ပေမဲ့ ထူ၏။ အကြောင်းမှာ မနေ့ကလိုဖြစ်မှာစိုး၍ တစ်ခါထဲ မဏ္ဍပ်ဝင်ဖို့သာ ဖြစ်၏။
"စစ်သွေး မနေ့က ပြဿနာရှင်းနေရတယ် ညိမ် ဒီနေ့မလာဖြစ်ဘူး ဆူးကတော့ သူ့အမေနဲ့ ဥပုသ်စောင့်လိုက်သွားတယ် "
ညိမ်လည်း သူများပါဆင်နယ် စပ်စုတတ်တာမဟုတ်ပေမဲ့ မနေ့ထဲက သိချင်နေတာမို့ မေးလိုက်သည်။
"မေးစရာရှိတယ် မောင်"
"ပြောလေ ညိမ်"
သိချင်တာတွေ တအားများနေတာမို့ ဇဏ်မျက်ခုံးပင့်မိသွားသည်။
"ဟိုလေ စပ်စုတာတော့ မဟုတ်ပါဘူး"
"စပ်စုတော့မယ်"
ခီတန်ကူးဇဏ် စကားကြောင့် ညိမ်ဆူပုတ်သွား၏။ စလိုက်တဲ့သူမှာတော့ ပြုံးပြုံးပျော်ပျော်ပင်။
ခီတန်ကူးဇဏ် ကားမောင်းရင်းသာ ပါးလေးတစ်ဖက်ကို ဆွဲလိုက်ပြီး...
"မေးဗျာ"
"မမေးချင်တော့ဘူး"
"ဟော"
"တကယ်သိချင်တာပါဆို"
"ပြောလေ မင်းမေးတာမဟုတ်ဘူး မောင်နားထောင်ချင်လို့ ပြောနော်"
သူများကို စရတာပျော်နေသူက သွားစွယ်များပေါ်အောင်ကာပင် ပြုံးရယ်နေ၏။
ဘယ်သူနဲ့ နေလို့ ဒီလောက် ပြုံးလာရတာလဲ။
"မင်း မနေ့ကစစ်သွေးကို ဝင်ဆွဲလို့ရတာကို ဘာလို့မဆွဲတာလဲ မင်းသာဝင်ဆွဲရင် စစ်သွေး ဒီနေ့လိုက်လာလို့ရလောက်ပြီ"
"အော် ဒါများ"
"မောင်က တမင်ဝင်မဆွဲတာ ညိမ်ရဲ့ ကြည့်လိုက်တာနဲ့ သူတို့အခြေအနေက အသိသာကြီး တစ်ဖက်ကကောင်လေးကအချိုးမပြေတာ သူ့အစ်ကိုကို ကိုကိုလို့ခေါ်တာ ဘာဖြစ်လဲ ပြီးတော့ ညိမ်ကို ဒီလိုမျိုးကို ကြိုက်တာလားဆိုပြီး ပြောတာ ကြားလိုက်လို့လေ"
"မင်းကြားလိုက်တာလား"
"အင်း တစ်ချက်ခုတ် နှစ်ချက်ပြက်ပေါ့ စစ်သွေးက မောင့်အတွက်ပါ အဲ့ကောင်လေးကို ပေါင်းထိုးပေးသွားတာ"
ညိမ်က ခေါင်းတခါခါဖြင့်....
"တကယ်မလွယ်ကြောတွေချည်းပဲ စစ်သွေးနဲ့ကိုတည်ကြည်က ဒီလောက်ရုပ်ဆင်တာကိုနော် ငါတောင်ကိုတည်ကြည်ကိုကြည့်နေရင်း ဘယ်သူနဲ့တူလဲမသိဘူးဆိုပြီး"
လက်ဟန်ခြေဟန်နဲ့ပါ ပြနေသော ညိမ့်လက်ကို ဆုပ်ကိုင်လိုက်သည်။
တကယ့် လူကြီးပေါက်စ။
"ဒါတော့ ညိမ်ရယ် အဲ့ကောင်လေးက မွှန်နေလို့ နေမှာပေါ့ ညီအစ်ကိုမှန်းတောင် မသိရအောင်လေ"
"ဟင် ဘာမွှန်တာ"
"သူမွှန်တာ သူသိမှာပေါ့ မောင်ဘယ်သိပါ့မလဲ"
"မင်း သိတာ ဘာမှကိုမရှိဘူး အမြဲအဲ့အတိုင်းကြီး"
"မောင်က မင်းကိုချစ်တာပဲသိတာ"
"အပိုတွေ"
"လိုတောင် လိုနေသေးတယ်"
သင်္ကြန်ရက်မှာ နာရီအစား ကျစ်ကြိုးနက်ပြာလေးနဲ့ အညိုရောင်လေးက သူတို့နှစ်ဦး၏ လက်ကောက်ဝတ်မှာနေရာယူလျက်။ပုံမှန်ဆို ခီတန်ကူးဇဏ်က အဲ့လိုဟာတွေ မဝတ်တတ်ပေမဲ့ ညိမ်ကျစ်ပေးထားတာမို့သာ စွဲစွဲမြဲမြဲ ဝတ်ထားတာဖြစ်၏။
ကားအတော်မောင်းလိုက်ရပြီး နောက်တွင်တော့ သူတို့ဂေဟာလေးသို့ရောက်ရှိလာလေသည်။ ရန်ကုန်နဲ့အနည်းငယ်ဝေးတာမို့ လေကောင်းလေသန့်ရသလို သစ်ပင်ပန်းမန်းများနှင့်လည်း စိမ်းစိမ်းစိုစိုရှိလေသည်။
ဂေဟာဆိုင်းဘုတ်လေးကို အဝေးကပင် လှမ်းမြင်နေရ၏။ ညိမ်တို့ ကားရပ်လိုက်သည်နှင့် ရေပုံးလေးများချကာ ရေပက်နေသော ကလေးအချို့က ပြေးလာကြ၏။
"တိုတို တို့ကို ပက်မရ်"
ရေပက်နေတဲ့ကလေးတွေမှာ ငယ်ငယ်လေးတွေဖြစ်ပြီး ဘေးတွင်တော့ ရှစ်တန်းအရွယ်ကလေးမလေးနှစ်ယောက်လောက်သာရှိ၏။
ညိမ်လည်း ရေပုံးထဲက ရေနှင့်ကလေးလေးတို့ကို ပြန်လောင်းခဲ့လေသည်။
ပုံမှန်ရက်တွေထဲက လာလှူနေကြမို့ ထွေထွေထူးထူးမဟုတ်ဘဲ ငွေသားသာ အဓိကကလာလှူဖြစ်သည်။ ဂေဟာမှူးကလည်း ခီတန်ကူးဇဏ်နှင့်ပင်ရင်းနှီးနေပြီဖြစ်သည်။
ယခုလည်း ကားစက်သံကြားတာမို့ အထဲမှထွက်လာ၏။
"သားတို့ လာလေ အပြင်မှာရပ်နေတယ်"
ဂေဟာအပေါက်ဝမှာ ဖိနပ်တွေလည်းတန်းစီနေတာမို့ ဧည့်သည်တွေရောက်နေမှန်း သိလိုက်သည်။ ပုံမှန်ဆို ဝေးတာမို့ အလှူရှင်သိပ်မရှိပေမဲ့ အခုလို လာလှူနေကြအလှူရှင်လေးတွေ လာတာမို့ ကလေးတွေ အနေအစားတော့ ချောင်ကြလေသည်။
"ဝင်လာခဲ့မယ်ဗျ"
"မောင် ခေါင်းငုံပြီး ဝင်လာနော်"
"အင်း"
"ပြုံးထားနော် ကြားလား မျက်နှာ အရမ်းမတည်နဲ့"
ခေါင်းငုံ့တာက ရပေမဲ့ ပြုံးထားဆိုတဲ့ စကားကြောင့် ခီတမ်ကူးဇဏ် အကျပ်ရိုက်သွား၏။
"ညိမ် မောင်က တမင်တည်ထားတာမှမဟုတ်တာ ဘယ်လိုပြုံးရမှာလဲ"
မောင်က လူမှုရေးမရှိတာမဟုတ်ပေမဲ့ ညိမ်မှာ အမြဲသတိကေးရသည်။ သူတို့အတွဲက ဘယ်လိုပင်ဖြစ်ဖြစ် ယဥ်ကျေးမှုရှိပြီး လူမှုရေးတော့ သိတတ်ပါသည်။ မောင်က ခပ်တည်တည်နေတတ်တာမို့ တချို့နေရာတွေမှာဆို ညိမ်အမြဲ ပြောရစမြဲ။
"မင်း ကားပေါ်မှာ ငါ့ကိုစတုန်းက ရယ်သလိုရယ်"
"အဲ့တာက ညိမ်မို့လို့လေ"
အထဲဝင်သွားတော့ ကောင်မလေးတစ်ယောက်နှင့် အတူသားအမိနှစ်ယောက်ကိုတွေ့၏။ ညိမ်ပင် မေးစရာမလို ၊ ဂေဟာမှူးက အနားကပ်ကာ ရှင်းပြ၏။
"ဒီနေ့ အလှူရှင်တွေလေ သား ကလေးနှစ်ယောက်ရဲ့ မွေးနေ့တဲ့ အမွှာလေးတွေ"
"ဟုတ်ကဲ့ဗျ ဒေါ်ဒေါ်တို့အလုပ်ရှုပ်နေရင် ကျွန်တော်တို့ဒီမှာနေလို့ဖြစ်ပါ့မလား"
"ဖြစ်တယ် သား ထိုင်ထိုင်"
တစ်ဖက်အလှုရှင်က အန်တီကြီးတွေက ဘယ်သူတွေမှန်းမသိပေမဲ့ ညိမ်ကို ပြုံးပြပါသည်။ ကောင်မလေးကလည်း မျက်နှာပေါက်လေးက ခပ်တည်တည်နဲ့မို့ ရုပ်ဘေးတည်မယ်ထင်ပေမဲ့ ရယ်ပြတော့မှ အပြုံးလေးကချိုသည်။
ခီတန်ကူးဇဏ်လေး ကျနေတာပဲ!
"လာ သားတို့ထိုင် အန်တီတို့က ခဏနေပြန်တော့မှာ "
"ရတယ်ဗျ "
"အန်တီတို့က ကလေးမွေးနေ့မို့လာလှူတာလေ "
အန်တီလို့ဆိုပေမဲ့ ရုပ်ကအတော်နုသည်။ လူကလည်း ပိန်ပိန်ပါးပါးမို့ အစ်မလို့တောင် ခေါ်လို့ရလောက်သည်။
"Happy Birthday ပါညီမလေး"
"ဟုတ်ကဲ့"
"သူက အကြီးမလေ ငါးမိနစ်ပဲခြားတယ် အမွှာတွေ ဒါနဲ့နေပါဦး အငယ်ကောင်က ဘယ်ရောက်သွားတာလဲ"
အခုမှ သူ့သားသူ သတိရပုံရသည်။
"ဟဲ့ ထက်မြက် နင့်မောင်ရော"
"ဘယ်သိမှာလဲ မေမေကလည်း အဲ့ကောင်က ဖမ်းလို့ရလို့လား"
"အော် ဒီကလေးနှယ် ကိုယ့်မောင်လေးကို အဲ့လိုမပြောရဘူးလေ"
"ငါးမိနစ်ပဲကွာတာကို"
ထိုအန်တီက သူ့သမီးနဲ့ပြောဆိုနေရင်း...
"ဒါနဲ့သားတို့က ညီအစ်ကိုတွေလား ရုပ်ဆင်တယ်နော်"
သူတို့နှစ်ယောက်ကို အကဲခတ်သလို မေးလာလို့ ညိမ်ဖြေရခက်နေတုန်း မောင်ကကြားထဲက ဝင်ဖြေ၏။
"ကျွန်တော်တို့က ယူထားတာပါဗျ"
"အော် ကောင်းတယ် ကောင်းတယ်"
ထိုအန်တီရဲ့ အံ့သြပုံရတဲ့ မျက်ဝန်းတွေနဲ့အတူ ကလေးမလေး၏ "သမီးပြောသားပဲ"ဆိုသော အသံကိုပါကြားလိုက်ရ၏။
ခဏအကြာတွင်တော့ စကားဝိုင်းတို့က တိတ်ဆိတ်သွား၏။ ဂေဟာမှူးက မုန့်လုံးရေပေါ်ဗူးတွေ ယူကာ အနားသို့ပြန်ရောက်လာ၏။
"ထက်မြက် နင့်မောင်သွားရှာစမ်း"
"ဟာ မေမေကလည်း"
သားအမိနှစ်ယောက် ကြိတ်ကြိတ် ကြိတ်ကြိတ်ဖြစ်နေပြီး ဆွဲဆိတ်ခံရ၍ ကောင်မလေးလက်မောင်လည်း ပုပ်တော့မည်။ သို့ပေမဲ့ ကောင်မလေးက ပေကပ်ကပ်သာ လုပ်နေ၏။
"ဟို ဒီညီမလေးနဲ့ ရွယ်တူကောင်လေးတစ်ယောက်တော့ ကျွန်တော်တွေ့ခဲ့တယ်"
"ဘယ်မှာတွေ့ခဲ့တာလဲ သား"
"ဟို ပိတောက်ပင်ပေါ်မှာ"
ခီတန်ကူးဇဏ် ပြောလိုက်တော့ အန်တီကြီးက မျက်လုံးပြူးသွား၏။ သူ့ပိုက်ဆံအိတ်ထဲမှ ရှူဆေးဗူးကို ထုတ်ရှူလိုက်ပြီး...
"ဒီကောင်ကတော့လေ ဒီအမေကို မွေးနေ့မှာတောင် အေးဆေးပေးမနေဘူး"
"ဟုတ်ရဲ့လား ခီ မင်းဘယ်တုန်းကတွေ့တာလဲ"
"ညိမ် ကလေးတွေကို ရေပြန်ပက်နေတုန်းလေ မောင်တောင် ပြုတ်ကျမယ်နော်လို့ ပြောခဲ့သေးတယ်"
"ဟုတ်လား ဘာပြောလဲ"
"သိတယ် လျှာမရှည်နဲ့တဲ့"
"အယ် ဒီကလေးကတော့ တောင်းပန်ပါတယ် သားရယ် အဲ့မျောက်ကလေ လူမဟုတ်တော့ သူ့ကိုကောင်းဖို့ ဆိုးဖို့ပြောတာလည်း နားမလည်ဘူး"
"ရပါတယ် ကျွန်တော်က အရေးမပါတာတွေ စိတ်ထဲမထားတတ်ပါဘူး"
"ကျေးဇူးပါကွယ် ဒါဆိုရင်တော့ ကျွန်မတို့ပြန်တော့မယ် ဂေဟာမှူးရေ"
"ရပါတယ် ကလေးကိုလည်း ဆူမနေနဲ့ဦး"
"ဆူလို့လည်း မနိုင်တော့ပါဘူးရှင် အန်တီတို့ပြန်တော့မယ်သားတို့"
"ဟုတ်ကဲ့ဗျ"
ထိုအန်တီ မုန့်လုံးရေပေါ်ဗူးတွေ ယူကာ ရှေ့မှထွက်သွား၏။ သမီးဖြစ်သူကတော့ သူတို့နှစ်ယောက်ထံမှ အကြည့်တွေကို မခွာချင်သေး။
တာ့တာပြနေ၏။ တစ်ယောက်ထဲကို မဟုတ်ဘဲ နှစ်ယောက်စလုံးကို မျက်လုံးရွှဲကြီးတွေနှင့် ကြည့်နေတာဖြစ်သည်။
"သမီးပြန်တော့မယ် တာ့တာ"
"ဟုတ်ပြီ ကလေး"
"ဒါနဲ့ ကိုကြီးနှစ်ယောက်က အရမ်းလိုက်တယ်"
"ကျေးဇူးပါနော် Happy Birthday ပါဗျ"
"မွေးနေ့က ပိုပြီး လှပသွားပြီ"
သူတို့အနားက ခွါချင်သေးပုံမရတဲ့ ကလေးမက ဆူးတို့နဲ့ တစ်ဂိုဏ်းထဲဖြစ်လောက်မည်မှန်း ညိမ်ရိပ်စားမိပါသည်။
"ထက်မြက်ဟန်သာ!"
"လာပြီ မေမေ"
ထိုဂယက်မိသားစုကိုကြည့်ပြီး အနေတည်လွန်းတဲ့ ခီတန်ကူးဇဏ်ပင် ပြုံးစိစိ။
"ခီ မင်းကိုတကယ် အဲ့ကလေး အဲ့လိုပြောတာလား"
"ဟုတ်တယ် ညိမ် အငယ်လေးကပိုစွာတယ်"
သူတို့လည်း ဂေဟာမှူးနဲ့ တွေ့ပြီး စကားပြောပြီးတာနှင့် လက်ထဲစက္ကူအိတ်သာထည့်ပေးခဲ့လိုက်တော့၏။ ဂေဟာမှူးမှာလည်း ဝမ်းသာနေရှာ၏။
"သားတို့ မုန့်လုံးရေပေါ်စားသွားဦးမလား"
"တော်ပြီဗျ သွားစရာရှိလို့"
မုန့်လုံးရေပေါ်ဗူးတွေ ယူပြီးတာနှင့် သူတို့လည်းထပြန်လာကြသည်။ ကားပေါ်ရောက်တော့ ထူးထူးဆန်းဆန်း ပိတောက်ပန်းတွေက ရှိနေ၏။
"မင်းအတွက်"
"ဘယ်တုန်းကခူးလိုက်တာလဲ မောင်"
"မောင် မခူးပါဘူး ခုနက ကလေးဆီက တောင်းလိုက်တာ"
"ဟုတ်လား မင်းပဲခုနက ကလေးကို စွာတယ်ဆို အရိုက်တောင်ခံနေရပြီလားမသိဘူး"
"သဘောတော့ကောင်းတဲ့ပုံပါပဲ ကိုကြီးချစ်သူကိုပေးမလို့ နည်းနည်းပေးမလားပြောလိုက်တာ သားလည်း crushအတွက်တက်ခူးတာတဲ့ အဲ့တာအများကြီးယူလာပေးတော့တာပဲ"
"ချစ်စရာနော်"
"အင်း သွားကြရအောင် ဝေးတော့ နေစောင်းသွားမှာစိုးတယ်"
"ကျေးဇူးပဲ မောင်"
"မောင်က ပိုကျေးဇူးတင်တာပေါ့ ချစ်နေခွင့်လည်းပေးပြီး အတူတူရှိနေခွင့်ပေးတယ် ပြီးတော့ မနက်တိုင်းလည်း အတူတူနိုးထခွင့်ပေးလို့လေ"
ပိတောက်ပန်းတွေ နမ်းရှိုက်နေတဲ့သူအား ရင်ခွင်ထဲထည့်လိုက်တော့ ရနံ့တွေကူးလာသလို ခပ်သင်းသင်း ခပ်မွှေးမွှေး။ခါးသိမ်သိမ်ကို ခပ်တင်းတင်းဖက်ကာ ဆိုမိသည်က...
"သိပ်ချစ်တယ် မောင့်အဖိုးတန်လေးရဲ့"
----------
အတက်နေ့။
သူတို့မဏ္ဍပ်ဆီရောက်တော့ ညနေပင်ရောက်နေပြီဖြစ်သည်။ ဤသည်မှာလည်း ညိမ်မနေ့ညက ကဲတာများပြီး မထနိုင်လို့သာ။
ရေပက်ရတာ ညောင်းလို့ဆိုကာ ညက ဆေးလည်း လူးပေးရသေး၏။
"ညိမ် ဒီနေ့ရေဆော့လို့ ဖြစ်ပါ့မလား"
"ဟာ ဖြစ်တာပေါ့ နောက်ဆုံးနေ့ကို"
"မနေ့က ညောင်းတယ်ဆို"
"မနေ့က ညောင်းတာလေ ဒီနေ့မညောင်းဘူး"
"သဘော သဘော"
ဒီနေ့လည်း မနေ့က မဏ္ဍပ်မှာပဲ ဆော့ကြမှာ။
ဒါပေမဲ့ ရေပက်မှာမဟုတ်ပဲ အဲ့ကနေမှတစ်ဆင့် ရေပက်ခံထွက်ကြမှာဖြစ်သည်။
ဆူးက ဥပုသ်တစ်ရက်လိုက်စောင့်ပြီး မုန့်ဖိုးတွေရလာတယ်ဆိုကာ ပျော်ရွှင်နေ၏။ ရတုကလည်း အရင်တုန်းကနဲ့မတူပဲ ပိုချောလာသည်။ စစ်သွေးမှာတော့ အနာကပ်ပလာစတာဖြင့် လှနေ၏။ တစ်ဖက်ကို အသာစီးရပေမဲ့ ပထမဆုံးအချက်မှာတင် တစ်ဖက်ကကောင်လေးထိုးလိုက်တဲ့ အနေအထားက အတော်ပြင်းလှသည်။
"စစ်သွေး အိုကေရဲ့လား"
ညိမ်မေးလိုက်တော့ စစ်သွေးရှားညိုက မျက်လုံးတစ်ဖက်မှိတ်ပြကာ လက်မနှင့်လက်ညှိုးကိုဝိုင်းပြီး အိုကေလုပ်ပြ၏။
"နည်းနည်းတော့ နာနေပေမဲ့ အဆင်ပြေနေပါတယ်"
သင်္ကြန်ဆင် အစိမ်းရောင်နှင့် ရေသေနတ်ခပ်ကြီးကြီးကိုကိုင်ထားကာ နားကပ်ကလည်းတွဲလောင်းနှင့် ဖြစ်သည်။
ဆံပင်အရောင်ကို ဘယ်တုန်းကမှ ပုံသေမထားတတ်တဲ့ စစ်သွေးရှားညိုက ဘယ်ရောင်နဲ့မဆို လိုက်တာမို့ ဘယ်နေရာရောက်ရောက် အကြည့်ခံရစမြဲ။
"တစ်ဖက်ကိုလည်း အားနာဦး"
ရတုက ခပ်တည်တည်ဝင်ပြောတော့ ဆူးကလည်း ထောက်ခံ၏။
"အေးလေ မောင်လေး သနားပါတယ်"
"မင်းက သူ့ဘက်ကလား ရှင်း ပြောလေ ငါသွားထိုးမှာနော်"
ထောက်ခံလိုက်တာ နှစ်ယောက်လုံးပေမဲ့ စစ်သွေးရှားည်ုက ဆူးကို အဖက်ကိုမလုပ်။ ရတုပြောတာကိုသာ အရေးလုပ်ရှာ၏။
စစ်သွေးရဲ့ လူမိုက်စကားကြောင့် ဆူးကျောတွန့်သွားသည်။
"စစ်သွေးရှားညို ငါ့ကိုမကြိုက်တာ တော်သေးတယ်"
"နင့်ကို ဘယ်သူ့မှကို မကြိုက်တာ"
"ခွေးသား "
"ငါကခွေးသားဆို နင်က ခွေးသမီး"
"ငါအန်တီ့ကိုပြောတာ မဟုတ်ဘူးနော် နင်က မွေးထဲက အကောင်လိုက် ခွေးလိုအော်ပြီး ထွက်လာတာ"
"ကိုကိုရတု ပြောဦးလေ"
"ဘာကိုကိုလဲ ရတုက ငါ့ကိုကို"
အမြဲ သွားသွားစပြီး မနိုင်လျှင် ရတုအား အဖော်စပ်တတ်သည်။ စစ်သွေးလည်း ဆူးကို လျှာသာထုတ်ပြလိုက်သည်။
သူများကိုကို သူ့ကိုကိုလုပ်ချင်နေ၏။
"နိုင်တာလည်း မဟုတ်ဘဲ သွားသွားစနေတာ နင်လေ ခံပေါ့"
"တွေ့လား အချစ်က ငါ့ဘက်က"
"စစ်သွေးရှားညိုရာ ဖယ်စမ်းပါ ပူရတဲ့ထဲ လိုက်ကပ်မနေနဲ့"
"မင်းအစ်ကို ဖက်တာကျခံတယ် ငါဖက်တော့မခံဘူး"
"အဲ့ကိစ္စက မပြီးနိုင်သေးဘူးလားကွာ"
တကျက်ကျက်ဖြစ်နေတဲ့သံကြောင့် တစ်ဖက်ကိုကြည့်မိတော့ ထိုအတွဲအား ဆူးမတွေ့တော့ပေ။
"ကဲ ခွေးပေါက် နင်တော့တစ်ယောက်ထဲ လည်ရတော့မယ် ငါတို့တော့ သွားပြီ "
"ခီတန်ကူးဇဏ်ရော "
"သူ့လင်ကို sunscreen လူးပေးပြီး သွားပြီ"
"ငါမတွေ့လိုက်ပါဘူး"
"ဘယ်တွေ့မလဲ ရန်ထောင်နေတာကို"
ဆူးဝေ့ဝဲကြည့်နေပေမဲ့ နှစ်ယောက်စလုံးကို မတွေ့တော့ပေ။ အတူလည်မယ်ဆိုလာကြပြီးမှ သူက အတွဲတွေကြားထဲ တစ်ယောက်ထဲဖြစ်တော့မယ်။
အတွဲက နှစ်တွဲတော့မဟုတ်။
တစ်တွဲက တွဲသလိုလို မတွဲသလိုလို။
"ဒါနဲ့ နင့်ဘဲရော "
" သေပြီ"
"ဟမ်"
"စတာ ဘုန်းကြီးဝတ်နေတယ်"
"အေးပါ မမွှေနဲ့ "
"စစ်သွေး ငါလည်းလိုက်ချင်တယ်လေ"
"ဘယ်ကိုလိုက်မှာလဲ"
"နင်တို့နဲ့"
စစ်သွေး ဘေးဘီကိုကြည့်လိုက်တော့လည်း မူးရူးနေကြတဲ့သူတွေများတာမို့ ခေါ်ခဲ့လိုက်သည်။ ရတုနဲ့သီးသန့်လည်ချင်ပေမဲ့ သူငယ်ချင်းမကို တစ်ယောက်ထဲလည်း စိတ်မချနိုင်ပါ။
"အေးဟာ လိုက်ခဲ့"
"ဟိုနှစ်ယောက် သွားမယ်လေ"
—————
လူတွေက တိုး ရေတွေနဲ့ မွှန်နေတာမို့ ရှေ့ကိုကောင်းကောင်းမွန်မွန် မမြင်ရပေ။ ညိမ်နားကို လူတွေကပ်လာတိုင်း သူက လက်နဲ့ကွယ်ကာ ဖယ်ပေးထားရသည်။
ဒါကို ရှေ့မှ ရေသေနတ်ကို ကိုင်ကာ အားပါးတရကနေသုကတော့ သိမည်မထင်ပါ။
"ညိမ်ကို မောင်ပြောတယ်လေ တွေ့ကရာမသောက်ပါနဲ့ဆို"
မဏ္ဍပ်တစ်ခုက မုန့်လုံးရေပေါ်ကျွေးရင်း အအေးတိုက်လိုက်သည်က စ၏။ အအေးထဲ အရက်တစ်ခုခုရောထားခဲ့သည် ထင်ပါသည်။ အဲ့တာကို ကိုယ်တော်ချောက သောက်ကောင်းတယ်ဆိုကာ လေးခွက်တိတိသောက်ခဲ့ခြင်း။
"မင်း ငါ့ကို ဆူနေတာလား ဟမ်"
ခန္ဓာကိုယ်သေးသေးကွေးကွေးက သူ့လက်တွေကြားထဲ ယိမ်းထိုးနေကာ ပါးစပ်မှလည်း သီချင်းတို့ကို ရွတ်ဆိုနေ၏။
"ဆောရီးပါဗျ ကျွန်တော့်ကောင်လေး မူးနေလို့ပါ"
ကနေရင်း လက်ထဲက လူနဲ့မလိုက်တဲ့သေနတ်ရဲ့ ကျူးကျော်မှုကြောင့် သူပဲ နောက်ကနေတောင်းပန်နေရသေး၏။ အဖွားသိပါလျှင် သူ့အားလှောင်လိုက်မည့်ဖြစ်ခြင်း။
"ညိမ် ကိုယ်တို့ အနောက်သွားရအောင်"
"ဘာ"
"အနောက် သွားကြမယ်လို့"
"ဟာ"
ပြောရင်းပင် ဆွဲခေါ်လာရ၏။ မသွာဘူးဆိုကာ လူကြားသူကြားထဲ ရုန်းရင်းဆန်ခတ်ပင်။ အနောက်ဆိုပေမဲ့ လူအုပ်ကြီးကြားထဲမို့ အနောက်ဆုံးသို့မရောက်။ ဘေးဘက်ခပ်ကျဲကျဲနေရာသို့သာ ရောက်သွားသည်။
ထိုနေရာသို့ရောက်မှ ညိမ်ကို ခုံတန်းရှည်တစ်ခုတွင် တင်ပြီးမှ အနားမှာလာဝေနေတဲ့ ဇီးဖျော်ရည်တစ်ခွက်ကို ယူကာ တိုက်ရသည်။
မိုးသန့်ညိမ်တို့က အငြိုးနဲ့ ဆိုးနေသလားမှတ်ရတယ်။
"ညိမ် အန်ချင်လား"
မျက်နှာပေါ်ကရေတွေကို လက်ထဲက ပုဝါနဲ့သုတ်ပေးလိုက်ပေမဲ့ ပါးပေါ်က အရက်ရဲ့ လက္ခဏာ နီရဲရဲတွေကတော့ ပျောက်မသွားခဲ့ပါ။
"မင်း ခုနက ခုနက ဘာပြောလိုက်တာလဲ"
"မောင် ဘာပြောလို့လဲ"
"မင်း ကိုယ်လို့ပြောလိုက်တာ ငါကြားတယ်"
ဒါကျ ကြားတယ် အမူးပါး!
ခီတန်ကူးဇဏ် ပြောလို့ပြောမှန်းတောင် မသိလိုက်ပါ။
အခုလို panic ဖြစ်တဲ့ အခြေအနေမျိုး တစ်ခါမှ မကြုံဖူးတာမို့ ယောင်ထွက်သွားတာသာ ဖြပါစ်လိမ့်မည်။
"ဟုတ်တယ် မင်းမှာ အခြားကောင်မ ရှိနေတာ ဟုတ်တယ်မလား"
မူးနေလို့လားမသိ ခပ်ရိုင်းရိုင်းစကားတွေပါ ညိမ့်ပါးစပ်ကထွက်လာ၏။
"ဘယ်ကောင်မမှ မရှိပါဘူး ညိမ်ရယ် မောင်တောင်းပန်တယ်နော်"
မိုးသန့်ညိမ်က လက်ညှိုးထိုးလိုက်ပြီး....
"မင်းတောင်းပန်တယ်ဆိုတာ မှားလို့လေ ဘာအမှားလုပ်ထားလဲ ခုပြော"
"မောင် ဘာအမှားမှ မလုပ်ထားဘူး ဒါပေမဲ့ တောင်းပန်တယ်နော်"
"မဟုတ်ဘူး မဟုတ်ဘူး မင်းမှားတာ ငါမမှားဘူး "
လက်ညှိုးတထိုးထိုး ဖြင့် မဟုတ်ဘူး မဟုတ်ဘူးအော်ကာ ပွဲထဲ ပြန်ဝင်သွားပြန်၏။
"ညိမ်"
"မင်း ငါ့ကိုလာမခေါ်နဲ့"
"ပြန်လိုက်ခဲ့တော့ မူးနေပြီ"
" မပြန်ချင်ဘူး"
"တကယ်လား"
"အင်း"
"ရတယ်လေ"
ခါနေသော ခေါင်းကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ပြီး တစ်ဖက်က ခါးကိုကိုင်ကာ နှုတ်ခမ်းတို့ကို စုပ်ယူလိုက်တော့ ရစ်နေတဲ့ အသံတို့က ငြိမ်ကျသွား၏။
တမင်လန့်သွားအောင်လုပ်လိုက်တာပေမဲ့ ချစ်ရသူ ရေတွေကြားထဲပင် ပြန်လည်တုန့်ပြန်လာတာကြောင့် ခီတန်ကူးဇဏ် ရပ်မပေးမိပါတော့ချေ။ ရေစိုစိုတွေထဲ ယစ်မူးမိတဲ့ နှုတ်ခမ်းအရသာက ဘာနဲ့မှမတူ။ နှစ်ယောက်သားပျော်ဝင်နေရင်း အချိန်ဘယ်လောက်ကြာသွားသည်မသိ။အတော်ကြာမှသာ လွှတ်ပေးလိုက်တော့ ညိမ်က အသက်ကိုလုရှုနေရ၏။
"မင်း ဆိုးတယ်"
"မောင်က ချစ်လို့"
"သူများတွေ မြင်ကုန်တော့မှာပဲ"
"မြင်ပါစေ"
"ဒီနှစ် သင်္ကြန်က တော်တော်ပျော်စရာကောင်းတာပဲ မောင်"
"သင်္ကြန်ထက် public kissing ကပိုရင်ခုန်ဖို့ကောင်းတယ်"
ပြန်တဲ့အချိန်ကလည်း မိုးချုပ်နေပြီဖြစ်သည်။ နောက်ဆုံးနေ့မို့ တော်ရုံမပြန်ကြသေးမဲ့ လူတချို့တို့ကျန်နေသေး၏။ သူတို့လည်း အိမ်မပြန်သေးဘဲ Barတွင် သူငယ်ချင်းတွေ စုထိုင်နေကြသေးသည်။
"မောင်"
"ဗျာ"
"Happy Birthday "
ခီတန်ကူးဇဏ် နာရီကြည့်မိလိုက်တော့မှ ည၁၂နာရီတိတိ။
"Happy Birthday to you Happy Birthday to you Happy Birthday Happy Birthday Happy Birthday to you"
ဆူးက ကိတ်မုန့်ကို ကိုင်လာတာ အကုန်လုံးက birthday songကို သီဆိုပေးကြ၏။
မွေးနေ့ကို ၁၂နာရီတိတိမှာ မပြန်ခိုင်းဘဲ surprise လုပ်ပေးတဲ့ သူငယ်ချင်းတွေကြောင့် အတော်အံ့ဩရသည်။
"ကျေးဇူးပဲ ဆူး ရတုနဲ့ စစ်သွေး"
"မလိုပါဘူး အချင်းချင်းတွေပဲ"
စစ်သွေးက မလိုပါဘူးပြောပေမဲ့ ထူးထူးဆန်းဆန်း ကျေးဇူးတင်စကားတွေပြောတတ်လာတယ်ဆိုပြီး ဝင်နှောင့်သူက နှစ်ယောက်မရှိတဲ့ ဆူးဒေဝီ။
ကိတ်မုန့်ပေါ်က ဖယောင်းတိုင်ကို မှုတ်ပြီးတော့မှ ညိမ်က တအံ့တဩနှင့်....
"ဆုတောင်းပြီးမှ မှုတ်ရမှာလေ မောင် "
ခီတန်ကူးဇဏ်က ဆုပ်ကိုင်ထားတဲ့လက်ကိုမြှောက်တာ နမ်းလိုက်ပြီး...
"မောင့်ဆုတောင်းလေးက ဒီတစ်ဘဝတော့ သေချာသွားပြီမို့ မလိုတော့ပါဘူး ညိမ်"
"ချစ်တယ်"
"မောင်က ပိုတာပေါ့"
"တော်ပြီလေ ကိတ်မုန့်စားချင်နေပြီ "
"နင်က တကယ်အဖျက်"
စစ်သွေးရဲ့လက်ချက်နှင့် ဆူးမှာ ပေပွလျက်။ လောကကြီးမှာ ကောင်းတဲ့သူတိုင်းနှင့် မတွေ့နိုင်ပေမဲ့ သူ့နားကလူတွေကကောင်းတာမို့ တော်သေး၏။
ကိတ်မုန့်ကို ခွဲပြီး ရတုထံသို့ စိတ်ပေးလိုက်သည်။ ရတုက အရင်မယူဘဲ ဆော့နေတဲ့ နှစ်ယောက်ရဲ့ ပန်းကန်ထဲသို့ ထည့်ပေး၏။
"မောင် မင်းက သူငယ်ချင်းကောင်းတွေရထားတာပဲ"
"သူငယ်ချင်းတွေတင်ပဲလား လက်တွဲဖော်ကောင်းလည်းရထာရတာပဲကို"
"အမြဲ မျက်နှာမငယ်ရစေလို့ ကျေးဇူးတင်တယ်"
"မောင်က ပိုကျေးဇူးတင်ရပြီး ပိုပြီးလည်းချစ်တယ်"
—————————
Genny
00:00
(17.4.2024)
LOMLက ဒီမှာတင် အဆုံးသတ်ပါပြီ
No more extra ပါ
ဒီနေ့ April 17ရက်နေ့က ခီတန်ကူးဇဏ်ရဲ့ မွေးနေ့မို့ အမှတ်တရလေးဖြစ်အောင် ရေးလိုက်တာပါ လွမ်းနေကြမယ်ထင်လို့လည်းပါပါတယ်
Happy Birthday Khe 🤍ပထမဆုံးသားဦးလေးမို့ အရမ်းချစ်ပါတယ် ပျော်ရွှင်နေမယ်လို့လည်း သေချာပေါက်ယုံကြည်တယ်
BTW
Happy Birthday to me ပါ><
ပထမဆုံးကလေးလေးမို့ မာမားနဲ့ မွေးနေ့တူလေး
ဒါနဲ့ ဖတ်လက်စသမားတွေ မြန်မြန်ဖတ်ကြတော့နော် မကြာခင် Unpunished တော့မှာ စစ်သွေးတို့အတွက်လေ။
Summer Wineလေးလည်း တင်ထားပါတယ် wallထဲ ဝင်ဖတ်လို့ရပါတယ်လို့ ❤️🫶🏻
Zawgyiii
အၾကတ္ေန႔။
ဒီေန႔ေတာ့ တတိယေျမာက္ေန႔မို႔ ညိမ္အမ်ားႀကီး ေမၽွာ္မွန္းထားေလသည္။ မေန႔ကအျဖစ္အပ်က္ေတြအေၾကာင္း ညိမ္ေမးၾကည့္ေပမဲ့ ေမာင္လည္း ေသခ်ာသိပုံမရဟုဆို၏။ ဟိုေကာင္ေလးကေတာ့ စစ္ေသြးလက္ခ်က္ျဖင့္ ေဆး႐ုံေရာက္သြား၏။
"ေမာင္ သြားရေအာင္ေလ"
"ေမာင္ လာပါၿပီ ကေလးရဲ့"
"မင္းေမ ကေလး ငါမင္းထက္ႀကီးတယ္"
"ဟုတ္ၿပီေနာ္ ညမွၾကည့္ေပးမယ္"
"ခီတန္ကူးဇဏ္ "
"ဗ်ာ"
"မင္း အေတာ္မ်က္ႏွာ႐ူးလာတာပဲ"
"မ်က္ႏွာ႐ူးတယ္လို႔ မဟုတ္ပါဘူး ညိမ္ပ်င္းေနမွာစိုးလို႔ပါ ေမာင္က အစကတည္းက နည္းနည္းၿငိမ္ေတာ့ ညိမ္တစ္ေယာက္ထဲဆို ပ်င္းသြားမွာစိုးလို႔"
"ငါက မပ်င္းပါဘူး မင္းအလုပ္သြားတဲ့အခ်ိန္ ငါလည္းသြားရတာပဲဟာ"
သူတို႔ မနက္ပိုင္းတိုင္း ေရမေဆာ့ျဖစ္ပါ။ ေမာႏွင့္အတူ ရန္ကုန္ႏွင့္ ခပ္ေဝးေဝးမွာရွိတဲ့ ေဂဟာတို႔ ဘုန္းႀကီးေက်ာင္းတို႔ကို ႏွစ္ေယာက္သား သြားလွူျဖစ္ၾက၏။ မေန႔က ရတုနဲ႔စစ္ေသြးပါေပမဲ့ ဒီေန႔ေတာ့လိုက္မလာၾက။
"ေမာင္ စစ္ေသြးက ဘာလို႔ လိုက္မလာတာလဲ"
ေမာင္က ကားေမာင္းတာပဲျဖစ္ျဖစ္ တစ္ခုခုကို အာ႐ုံစိုက္ေနလၽွင္ ပို၍ၾကည့္ေကာင္း၏။ အျမဲေသေသသပ္သပ္ေနတတ္သူမို႔ အိမ္အလုပ္တြင္ ႏွစ္ေယာက္သား ညႇိစရာေတာ့ သိပ္မလိုပါ။
နက္ျပာေရာင္ ပိုလိုရွပ္ႏွင့္ ဂ်င္းကိုတြဲဖက္ဝတ္ဆင္ထားေပမဲ့ မလိုက္ဖက္တာမရွိ။ ညိမ္ကေတာ့ ေပါ့ေပါ့ပါးပါး အကၤ်ီလက္ရွည္ေပမဲ့ ထူ၏။ အေၾကာင္းမွာ မေန႔ကလိုျဖစ္မွာစိုး၍ တစ္ခါထဲ မ႑ပ္ဝင္ဖို႔သာ ျဖစ္၏။
"စစ္ေသြး မေန႔က ျပႆနာရွင္းေနရတယ္ ညိမ္ ဒီေန႔မလာျဖစ္ဘူး ဆူးကေတာ့ သူ႔အေမနဲ႔ ဥပုသ္ေစာင့္လိုက္သြားတယ္ "
ညိမ္လည္း သူမ်ားပါဆင္နယ္ စပ္စုတတ္တာမဟုတ္ေပမဲ့ မေန႔ထဲက သိခ်င္ေနတာမို႔ ေမးလိုက္သည္။
"ေမးစရာရွိတယ္ ေမာင္"
"ေျပာေလ ညိမ္"
သိခ်င္တာေတြ တအားမ်ားေနတာမို႔ ဇဏ္မ်က္ခုံးပင့္မိသြားသည္။
"ဟိုေလ စပ္စုတာေတာ့ မဟုတ္ပါဘူး"
"စပ္စုေတာ့မယ္"
ခီတန္ကူးဇဏ္ စကားေၾကာင့္ ညိမ္ဆူပုတ္သြား၏။ စလိုက္တဲ့သူမွာေတာ့ ျပဳံးျပဳံးေပ်ာ္ေပ်ာ္ပင္။
ခီတန္ကူးဇဏ္ ကားေမာင္းရင္းသာ ပါးေလးတစ္ဖက္ကို ဆြဲလိုက္ၿပီး...
"ေမးဗ်ာ"
"မေမးခ်င္ေတာ့ဘူး"
"ေဟာ"
"တကယ္သိခ်င္တာပါဆို"
"ေျပာေလ မင္းေမးတာမဟုတ္ဘူး ေမာင္နားေထာင္ခ်င္လို႔ ေျပာေနာ္"
သူမ်ားကို စရတာေပ်ာ္ေနသူက သြားစြယ္မ်ားေပၚေအာင္ကာပင္ ျပဳံးရယ္ေန၏။
ဘယ္သူနဲ႔ ေနလို႔ ဒီေလာက္ ျပဳံးလာရတာလဲ။
"မင္း မေန႔ကစစ္ေသြးကို ဝင္ဆြဲလို႔ရတာကို ဘာလို႔မဆြဲတာလဲ မင္းသာဝင္ဆြဲရင္ စစ္ေသြး ဒီေန႔လိုက္လာလို႔ရေလာက္ၿပီ"
"ေအာ္ ဒါမ်ား"
"ေမာင္က တမင္ဝင္မဆြဲတာ ညိမ္ရဲ့ ၾကည့္လိုက္တာနဲ႔ သူတို႔အေျခအေနက အသိသာႀကီး တစ္ဖက္ကေကာင္ေလးကအခ်ိဳးမေျပတာ သူ႔အစ္ကိုကို ကိုကိုလို႔ေခၚတာ ဘာျဖစ္လဲ ၿပီးေတာ့ ညိမ္ကို ဒီလိုမ်ိဳးကို ႀကိဳက္တာလားဆိုၿပီး ေျပာတာ ၾကားလိုက္လို႔ေလ"
"မင္းၾကားလိုက္တာလား"
"အင္း တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပက္ေပါ့ စစ္ေသြးက ေမာင့္အတြက္ပါ အဲ့ေကာင္ေလးကို ေပါင္းထိုးေပးသြားတာ"
ညိမ္က ေခါင္းတခါခါျဖင့္....
"တကယ္မလြယ္ေၾကာေတြခ်ည္းပဲ စစ္ေသြးနဲ႔ကိုတည္ၾကည္က ဒီေလာက္႐ုပ္ဆင္တာကိုေနာ္ ငါေတာင္ကိုတည္ၾကည္ကိုၾကည့္ေနရင္း ဘယ္သူနဲ႔တူလဲမသိဘူးဆိုၿပီး"
လက္ဟန္ေျခဟန္နဲ႔ပါ ျပေနေသာ ညိမ့္လက္ကို ဆုပ္ကိုင္လိုက္သည္။
တကယ့္ လူႀကီးေပါက္စ။
"ဒါေတာ့ ညိမ္ရယ္ အဲ့ေကာင္ေလးက မႊန္ေနလို႔ ေနမွာေပါ့ ညီအစ္ကိုမွန္းေတာင္ မသိရေအာင္ေလ"
"ဟင္ ဘာမႊန္တာ"
"သူမႊန္တာ သူသိမွာေပါ့ ေမာင္ဘယ္သိပါ့မလဲ"
"မင္း သိတာ ဘာမွကိုမရွိဘူး အျမဲအဲ့အတိုင္းႀကီး"
"ေမာင္က မင္းကိုခ်စ္တာပဲသိတာ"
"အပိုေတြ"
"လိုေတာင္ လိုေနေသးတယ္"
သၾကၤန္ရက္မွာ နာရီအစား က်စ္ႀကိဳးနက္ျပာေလးနဲ႔ အညိဳေရာင္ေလးက သူတို႔ႏွစ္ဦး၏ လက္ေကာက္ဝတ္မွာေနရာယူလ်က္။ပုံမွန္ဆို ခီတန္ကူးဇဏ္က အဲ့လိုဟာေတြ မဝတ္တတ္ေပမဲ့ ညိမ္က်စ္ေပးထားတာမို႔သာ စြဲစြဲျမဲျမဲ ဝတ္ထားတာျဖစ္၏။
ကားအေတာ္ေမာင္းလိုက္ရၿပီး ေနာက္တြင္ေတာ့ သူတို႔ေဂဟာေလးသို႔ေရာက္ရွိလာေလသည္။ ရန္ကုန္နဲ႔အနည္းငယ္ေဝးတာမို႔ ေလေကာင္းေလသန႔္ရသလို သစ္ပင္ပန္းမန္းမ်ားႏွင့္လည္း စိမ္းစိမ္းစိုစိုရွိေလသည္။
ေဂဟာဆိုင္းဘုတ္ေလးကို အေဝးကပင္ လွမ္းျမင္ေနရ၏။ ညိမ္တို႔ ကားရပ္လိုက္သည္ႏွင့္ ေရပုံးေလးမ်ားခ်ကာ ေရပက္ေနေသာ ကေလးအခ်ိဳ႕က ေျပးလာၾက၏။
"တိုတို တို႔ကို ပက္မရ္"
ေရပက္ေနတဲ့ကေလးေတြမွာ ငယ္ငယ္ေလးေတြျဖစ္ၿပီး ေဘးတြင္ေတာ့ ရွစ္တန္းအရြယ္ကေလးမေလးႏွစ္ေယာက္ေလာက္သာရွိ၏။
ညိမ္လည္း ေရပုံးထဲက ေရႏွင့္ကေလးေလးတို႔ကို ျပန္ေလာင္းခဲ့ေလသည္။
ပုံမွန္ရက္ေတြထဲက လာလွူေနၾကမို႔ ေထြေထြထူးထူးမဟုတ္ဘဲ ေငြသားသာ အဓိကကလာလွူျဖစ္သည္။ ေဂဟာမွူးကလည္း ခီတန္ကူးဇဏ္ႏွင့္ပင္ရင္းႏွီးေနၿပီျဖစ္သည္။
ယခုလည္း ကားစက္သံၾကားတာမို႔ အထဲမွထြက္လာ၏။
"သားတို႔ လာေလ အျပင္မွာရပ္ေနတယ္"
ေဂဟာအေပါက္ဝမွာ ဖိနပ္ေတြလည္းတန္းစီေနတာမို႔ ဧည့္သည္ေတြေရာက္ေနမွန္း သိလိုက္သည္။ ပုံမွန္ဆို ေဝးတာမို႔ အလွူရွင္သိပ္မရွိေပမဲ့ အခုလို လာလွူေနၾကအလွူရွင္ေလးေတြ လာတာမို႔ ကေလးေတြ အေနအစားေတာ့ ေခ်ာင္ၾကေလသည္။
"ဝင္လာခဲ့မယ္ဗ်"
"ေမာင္ ေခါင္းငုံၿပီး ဝင္လာေနာ္"
"အင္း"
"ျပဳံးထားေနာ္ ၾကားလား မ်က္ႏွာ အရမ္းမတည္နဲ႔"
ေခါင္းငုံ႔တာက ရေပမဲ့ ျပဳံးထားဆိုတဲ့ စကားေၾကာင့္ ခီတမ္ကူးဇဏ္ အက်ပ္ရိုက္သြား၏။
"ညိမ္ ေမာင္က တမင္တည္ထားတာမွမဟုတ္တာ ဘယ္လိုျပဳံးရမွာလဲ"
ေမာင္က လူမွုေရးမရွိတာမဟုတ္ေပမဲ့ ညိမ္မွာ အျမဲသတိေကးရသည္။ သူတို႔အတြဲက ဘယ္လိုပင္ျဖစ္ျဖစ္ ယဥ္ေက်းမွုရွိၿပီး လူမွုေရးေတာ့ သိတတ္ပါသည္။ ေမာင္က ခပ္တည္တည္ေနတတ္တာမို႔ တခ်ိဳ႕ေနရာေတြမွာဆို ညိမ္အျမဲ ေျပာရစျမဲ။
"မင္း ကားေပၚမွာ ငါ့ကိုစတုန္းက ရယ္သလိုရယ္"
"အဲ့တာက ညိမ္မို႔လို႔ေလ"
အထဲဝင္သြားေတာ့ ေကာင္မေလးတစ္ေယာက္ႏွင့္ အတူသားအမိႏွစ္ေယာက္ကိုေတြ႕၏။ ညိမ္ပင္ ေမးစရာမလို ၊ ေဂဟာမွူးက အနားကပ္ကာ ရွင္းျပ၏။
"ဒီေန႔ အလွူရွင္ေတြေလ သား ကေလးႏွစ္ေယာက္ရဲ့ ေမြးေန႔တဲ့ အမႊာေလးေတြ"
"ဟုတ္ကဲ့ဗ် ေဒၚေဒၚတို႔အလုပ္ရွုပ္ေနရင္ ကၽြန္ေတာ္တို႔ဒီမွာေနလို႔ျဖစ္ပါ့မလား"
"ျဖစ္တယ္ သား ထိုင္ထိုင္"
တစ္ဖက္အလွုရွင္က အန္တီႀကီးေတြက ဘယ္သူေတြမွန္းမသိေပမဲ့ ညိမ္ကို ျပဳံးျပပါသည္။ ေကာင္မေလးကလည္း မ်က္ႏွာေပါက္ေလးက ခပ္တည္တည္နဲ႔မို႔ ႐ုပ္ေဘးတည္မယ္ထင္ေပမဲ့ ရယ္ျပေတာ့မွ အျပဳံးေလးကခ်ိဳသည္။
ခီတန္ကူးဇဏ္ေလး က်ေနတာပဲ!
"လာ သားတို႔ထိုင္ အန္တီတို႔က ခဏေနျပန္ေတာ့မွာ "
"ရတယ္ဗ် "
"အန္တီတို႔က ကေလးေမြးေန႔မို႔လာလွူတာေလ "
အန္တီလို႔ဆိုေပမဲ့ ႐ုပ္ကအေတာ္ႏုသည္။ လူကလည္း ပိန္ပိန္ပါးပါးမို႔ အစ္မလို႔ေတာင္ ေခၚလို႔ရေလာက္သည္။
"Happy Birthday ပါညီမေလး"
"ဟုတ္ကဲ့"
"သူက အႀကီးမေလ ငါးမိနစ္ပဲျခားတယ္ အမႊာေတြ ဒါနဲ႔ေနပါဦး အငယ္ေကာင္က ဘယ္ေရာက္သြားတာလဲ"
အခုမွ သူ႔သားသူ သတိရပုံရသည္။
"ဟဲ့ ထက္ျမက္ နင့္ေမာင္ေရာ"
"ဘယ္သိမွာလဲ ေမေမကလည္း အဲ့ေကာင္က ဖမ္းလို႔ရလို႔လား"
"ေအာ္ ဒီကေလးႏွယ္ ကိုယ့္ေမာင္ေလးကို အဲ့လိုမေျပာရဘူးေလ"
"ငါးမိနစ္ပဲကြာတာကို"
ထိုအန္တီက သူ႔သမီးနဲ႔ေျပာဆိုေနရင္း...
"ဒါနဲ႔သားတို႔က ညီအစ္ကိုေတြလား ႐ုပ္ဆင္တယ္ေနာ္"
သူတို႔ႏွစ္ေယာက္ကို အကဲခတ္သလို ေမးလာလို႔ ညိမ္ေျဖရခက္ေနတုန္း ေမာင္ကၾကားထဲက ဝင္ေျဖ၏။
"ကၽြန္ေတာ္တို႔က ယူထားတာပါဗ်"
"ေအာ္ ေကာင္းတယ္ ေကာင္းတယ္"
ထိုအန္တီရဲ့ အံ့ၾသပုံရတဲ့ မ်က္ဝန္းေတြနဲ႔အတူ ကေလးမေလး၏ "သမီးေျပာသားပဲ"ဆိုေသာ အသံကိုပါၾကားလိုက္ရ၏။
ခဏအၾကာတြင္ေတာ့ စကားဝိုင္းတို႔က တိတ္ဆိတ္သြား၏။ ေဂဟာမွူးက မုန႔္လုံးေရေပၚဗူးေတြ ယူကာ အနားသို႔ျပန္ေရာက္လာ၏။
"ထက္ျမက္ နင့္ေမာင္သြားရွာစမ္း"
"ဟာ ေမေမကလည္း"
သားအမိႏွစ္ေယာက္ ႀကိတ္ႀကိတ္ ႀကိတ္ႀကိတ္ျဖစ္ေနၿပီး ဆြဲဆိတ္ခံရ၍ ေကာင္မေလးလက္ေမာင္လည္း ပုပ္ေတာ့မည္။ သို႔ေပမဲ့ ေကာင္မေလးက ေပကပ္ကပ္သာ လုပ္ေန၏။
"ဟို ဒီညီမေလးနဲ႔ ရြယ္တူေကာင္ေလးတစ္ေယာက္ေတာ့ ကၽြန္ေတာ္ေတြ႕ခဲ့တယ္"
"ဘယ္မွာေတြ႕ခဲ့တာလဲ သား"
"ဟို ပိေတာက္ပင္ေပၚမွာ"
ခီတန္ကူးဇဏ္ ေျပာလိုက္ေတာ့ အန္တီႀကီးက မ်က္လုံးျပဴးသြား၏။ သူ႔ပိုက္ဆံအိတ္ထဲမွ ရွူေဆးဗူးကို ထုတ္ရွူလိုက္ၿပီး...
"ဒီေကာင္ကေတာ့ေလ ဒီအေမကို ေမြးေန႔မွာေတာင္ ေအးေဆးေပးမေနဘူး"
"ဟုတ္ရဲ့လား ခီ မင္းဘယ္တုန္းကေတြ႕တာလဲ"
"ညိမ္ ကေလးေတြကို ေရျပန္ပက္ေနတုန္းေလ ေမာင္ေတာင္ ျပဳတ္က်မယ္ေနာ္လို႔ ေျပာခဲ့ေသးတယ္"
"ဟုတ္လား ဘာေျပာလဲ"
"သိတယ္ လၽွာမရွည္နဲ႔တဲ့"
"အယ္ ဒီကေလးကေတာ့ ေတာင္းပန္ပါတယ္ သားရယ္ အဲ့ေမ်ာက္ကေလ လူမဟုတ္ေတာ့ သူ႔ကိုေကာင္းဖို႔ ဆိုးဖို႔ေျပာတာလည္း နားမလည္ဘူး"
"ရပါတယ္ ကၽြန္ေတာ္က အေရးမပါတာေတြ စိတ္ထဲမထားတတ္ပါဘူး"
"ေက်းဇူးပါကြယ္ ဒါဆိုရင္ေတာ့ ကၽြန္မတို႔ျပန္ေတာ့မယ္ ေဂဟာမွူးေရ"
"ရပါတယ္ ကေလးကိုလည္း ဆူမေနနဲ႔ဦး"
"ဆူလို႔လည္း မနိုင္ေတာ့ပါဘူးရွင္ အန္တီတို႔ျပန္ေတာ့မယ္သားတို႔"
"ဟုတ္ကဲ့ဗ်"
ထိုအန္တီ မုန႔္လုံးေရေပၚဗူးေတြ ယူကာ ေရွ႕မွထြက္သြား၏။ သမီးျဖစ္သူကေတာ့ သူတို႔ႏွစ္ေယာက္ထံမွ အၾကည့္ေတြကို မခြာခ်င္ေသး။
တာ့တာျပေန၏။ တစ္ေယာက္ထဲကို မဟုတ္ဘဲ ႏွစ္ေယာက္စလုံးကို မ်က္လုံးရႊဲႀကီးေတြႏွင့္ ၾကည့္ေနတာျဖစ္သည္။
"သမီးျပန္ေတာ့မယ္ တာ့တာ"
"ဟုတ္ၿပီ ကေလး"
"ဒါနဲ႔ ကိုႀကီးႏွစ္ေယာက္က အရမ္းလိုက္တယ္"
"ေက်းဇူးပါေနာ္ Happy Birthday ပါဗ်"
"ေမြးေန႔က ပိုၿပီး လွပသြားၿပီ"
သူတို႔အနားက ခြါခ်င္ေသးပုံမရတဲ့ ကေလးမက ဆူးတို႔နဲ႔ တစ္ဂိုဏ္းထဲျဖစ္ေလာက္မည္မွန္း ညိမ္ရိပ္စားမိပါသည္။
"ထက္ျမက္ဟန္သာ!"
"လာၿပီ ေမေမ"
ထိုဂယက္မိသားစုကိုၾကည့္ၿပီး အေနတည္လြန္းတဲ့ ခီတန္ကူးဇဏ္ပင္ ျပဳံးစိစိ။
"ခီ မင္းကိုတကယ္ အဲ့ကေလး အဲ့လိုေျပာတာလား"
"ဟုတ္တယ္ ညိမ္ အငယ္ေလးကပိုစြာတယ္"
သူတို႔လည္း ေဂဟာမွူးနဲ႔ ေတြ႕ၿပီး စကားေျပာၿပီးတာႏွင့္ လက္ထဲစကၠဴအိတ္သာထည့္ေပးခဲ့လိုက္ေတာ့၏။ ေဂဟာမွူးမွာလည္း ဝမ္းသာေနရွာ၏။
"သားတို႔ မုန႔္လုံးေရေပၚစားသြားဦးမလား"
"ေတာ္ၿပီဗ် သြားစရာရွိလို႔"
မုန႔္လုံးေရေပၚဗူးေတြ ယူၿပီးတာႏွင့္ သူတို႔လည္းထျပန္လာၾကသည္။ ကားေပၚေရာက္ေတာ့ ထူးထူးဆန္းဆန္း ပိေတာက္ပန္းေတြက ရွိေန၏။
"မင္းအတြက္"
"ဘယ္တုန္းကခူးလိုက္တာလဲ ေမာင္"
"ေမာင္ မခူးပါဘူး ခုနက ကေလးဆီက ေတာင္းလိုက္တာ"
"ဟုတ္လား မင္းပဲခုနက ကေလးကို စြာတယ္ဆို အရိုက္ေတာင္ခံေနရၿပီလားမသိဘူး"
"သေဘာေတာ့ေကာင္းတဲ့ပုံပါပဲ ကိုႀကီးခ်စ္သူကိုေပးမလို႔ နည္းနည္းေပးမလားေျပာလိုက္တာ သားလည္း crushအတြက္တက္ခူးတာတဲ့ အဲ့တာအမ်ားႀကီးယူလာေပးေတာ့တာပဲ"
"ခ်စ္စရာေနာ္"
"အင္း သြားၾကရေအာင္ ေဝးေတာ့ ေနေစာင္းသြားမွာစိုးတယ္"
"ေက်းဇူးပဲ ေမာင္"
"ေမာင္က ပိုေက်းဇူးတင္တာေပါ့ ခ်စ္ေနခြင့္လည္းေပးၿပီး အတူတူရွိေနခြင့္ေပးတယ္ ၿပီးေတာ့ မနက္တိုင္းလည္း အတူတူနိုးထခြင့္ေပးလို႔ေလ"
ပိေတာက္ပန္းေတြ နမ္းရွိုက္ေနတဲ့သူအား ရင္ခြင္ထဲထည့္လိုက္ေတာ့ ရနံ႔ေတြကူးလာသလို ခပ္သင္းသင္း ခပ္ေမႊးေမႊး။ခါးသိမ္သိမ္ကို ခပ္တင္းတင္းဖက္ကာ ဆိုမိသည္က...
"သိပ္ခ်စ္တယ္ ေမာင့္အဖိုးတန္ေလးရဲ့"
----------
အတက္ေန႔။
သူတို႔မ႑ပ္ဆီေရာက္ေတာ့ ညေနပင္ေရာက္ေနၿပီျဖစ္သည္။ ဤသည္မွာလည္း ညိမ္မေန႔ညက ကဲတာမ်ားၿပီး မထနိုင္လို႔သာ။
ေရပက္ရတာ ေညာင္းလို႔ဆိုကာ ညက ေဆးလည္း လူးေပးရေသး၏။
"ညိမ္ ဒီေန႔ေရေဆာ့လို႔ ျဖစ္ပါ့မလား"
"ဟာ ျဖစ္တာေပါ့ ေနာက္ဆုံးေန႔ကို"
"မေန႔က ေညာင္းတယ္ဆို"
"မေန႔က ေညာင္းတာေလ ဒီေန႔မေညာင္းဘူး"
"သေဘာ သေဘာ"
ဒီေန႔လည္း မေန႔က မ႑ပ္မွာပဲ ေဆာ့ၾကမွာ။
ဒါေပမဲ့ ေရပက္မွာမဟုတ္ပဲ အဲ့ကေနမွတစ္ဆင့္ ေရပက္ခံထြက္ၾကမွာျဖစ္သည္။
ဆူးက ဥပုသ္တစ္ရက္လိုက္ေစာင့္ၿပီး မုန့္ဖိုးေတြရလာတယ္ဆိုကာ ေပ်ာ္ရႊင္ေန၏။ ရတုကလည္း အရင္တုန္းကနဲ႔မတူပဲ ပိုေခ်ာလာသည္။ စစ္ေသြးမွာေတာ့ အနာကပ္ပလာစတာျဖင့္ လွေန၏။ တစ္ဖက္ကို အသာစီးရေပမဲ့ ပထမဆုံးအခ်က္မွာတင္ တစ္ဖက္ကေကာင္ေလးထိုးလိုက္တဲ့ အေနအထားက အေတာ္ျပင္းလွသည္။
"စစ္ေသြး အိုေကရဲ့လား"
ညိမ္ေမးလိုက္ေတာ့ စစ္ေသြးရွားညိဳက မ်က္လုံးတစ္ဖက္မွိတ္ျပကာ လက္မႏွင့္လက္ညႇိုးကိုဝိုင္းၿပီး အိုေကလုပ္ျပ၏။
"နည္းနည္းေတာ့ နာေနေပမဲ့ အဆင္ေျပေနပါတယ္"
သၾကၤန္ဆင္ အစိမ္းေရာင္ႏွင့္ ေရေသနတ္ခပ္ႀကီးႀကီးကိုကိုင္ထားကာ နားကပ္ကလည္းတြဲေလာင္းႏွင့္ ျဖစ္သည္။
ဆံပင္အေရာင္ကို ဘယ္တုန္းကမွ ပုံေသမထားတတ္တဲ့ စစ္ေသြးရွားညိဳက ဘယ္ေရာင္နဲ႔မဆို လိုက္တာမို႔ ဘယ္ေနရာေရာက္ေရာက္ အၾကည့္ခံရစျမဲ။
"တစ္ဖက္ကိုလည္း အားနာဦး"
ရတုက ခပ္တည္တည္ဝင္ေျပာေတာ့ ဆူးကလည္း ေထာက္ခံ၏။
"ေအးေလ ေမာင္ေလး သနားပါတယ္"
"မင္းက သူ႔ဘက္ကလား ရွင္း ေျပာေလ ငါသြားထိုးမွာေနာ္"
ေထာက္ခံလိုက္တာ ႏွစ္ေယာက္လုံးေပမဲ့ စစ္ေသြးရွားည္ုက ဆူးကို အဖက္ကိုမလုပ္။ ရတုေျပာတာကိုသာ အေရးလုပ္ရွာ၏။
စစ္ေသြးရဲ့ လူမိုက္စကားေၾကာင့္ ဆူးေက်ာတြန့္သြားသည္။
"စစ္ေသြးရွားညိဳ ငါ့ကိုမႀကိဳက္တာ ေတာ္ေသးတယ္"
"နင့္ကို ဘယ္သူ႔မွကို မႀကိဳက္တာ"
"ေခြးသား "
"ငါကေခြးသားဆို နင္က ေခြးသမီး"
"ငါအန္တီ့ကိုေျပာတာ မဟုတ္ဘူးေနာ္ နင္က ေမြးထဲက အေကာင္လိုက္ ေခြးလိုေအာ္ၿပီး ထြက္လာတာ"
"ကိုကိုရတု ေျပာဦးေလ"
"ဘာကိုကိုလဲ ရတုက ငါ့ကိုကို"
အျမဲ သြားသြားစၿပီး မနိုင္လၽွင္ ရတုအား အေဖာ္စပ္တတ္သည္။ စစ္ေသြးလည္း ဆူးကို လၽွာသာထုတ္ျပလိုက္သည္။
သူမ်ားကိုကို သူ႔ကိုကိုလုပ္ခ်င္ေန၏။
"နိုင္တာလည္း မဟုတ္ဘဲ သြားသြားစေနတာ နင္ေလ ခံေပါ့"
"ေတြ႕လား အခ်စ္က ငါ့ဘက္က"
"စစ္ေသြးရွားညိဳရာ ဖယ္စမ္းပါ ပူရတဲ့ထဲ လိုက္ကပ္မေနနဲ႔"
"မင္းအစ္ကို ဖက္တာက်ခံတယ္ ငါဖက္ေတာ့မခံဘူး"
"အဲ့ကိစၥက မၿပီးနိုင္ေသးဘူးလားကြာ"
တက်က္က်က္ျဖစ္ေနတဲ့သံေၾကာင့္ တစ္ဖက္ကိုၾကည့္မိေတာ့ ထိုအတြဲအား ဆူးမေတြ႕ေတာ့ေပ။
"ကဲ ေခြးေပါက္ နင္ေတာ့တစ္ေယာက္ထဲ လည္ရေတာ့မယ္ ငါတို႔ေတာ့ သြားၿပီ "
"ခီတန္ကူးဇဏ္ေရာ "
"သူ႔လင္ကို sunscreen လူးေပးၿပီး သြားၿပီ"
"ငါမေတြ႕လိုက္ပါဘူး"
"ဘယ္ေတြ႕မလဲ ရန္ေထာင္ေနတာကို"
ဆူးေဝ့ဝဲၾကည့္ေနေပမဲ့ ႏွစ္ေယာက္စလုံးကို မေတြ႕ေတာ့ေပ။ အတူလည္မယ္ဆိုလာၾကၿပီးမွ သူက အတြဲေတြၾကားထဲ တစ္ေယာက္ထဲျဖစ္ေတာ့မယ္။
အတြဲက ႏွစ္တြဲေတာ့မဟုတ္။
တစ္တြဲက တြဲသလိုလို မတြဲသလိုလို။
"ဒါနဲ႔ နင့္ဘဲေရာ "
" ေသၿပီ"
"ဟမ္"
"စတာ ဘုန္းႀကီးဝတ္ေနတယ္"
"ေအးပါ မေမႊနဲ႔ "
"စစ္ေသြး ငါလည္းလိုက္ခ်င္တယ္ေလ"
"ဘယ္ကိုလိုက္မွာလဲ"
"နင္တို႔နဲ႔"
စစ္ေသြး ေဘးဘီကိုၾကည့္လိုက္ေတာ့လည္း မူး႐ူးေနၾကတဲ့သူေတြမ်ားတာမို႔ ေခၚခဲ့လိုက္သည္။ ရတုနဲ႔သီးသန့္လည္ခ်င္ေပမဲ့ သူငယ္ခ်င္းမကို တစ္ေယာက္ထဲလည္း စိတ္မခ်နိုင္ပါ။
"ေအးဟာ လိုက္ခဲ့"
"ဟိုႏွစ္ေယာက္ သြားမယ္ေလ"
—————
လူေတြက တိုး ေရေတြနဲ႔ မႊန္ေနတာမို႔ ေရွ႕ကိုေကာင္းေကာင္းမြန္မြန္ မျမင္ရေပ။ ညိမ္နားကို လူေတြကပ္လာတိုင္း သူက လက္နဲ႔ကြယ္ကာ ဖယ္ေပးထားရသည္။
ဒါကို ေရွ႕မွ ေရေသနတ္ကို ကိုင္ကာ အားပါးတရကေနသုကေတာ့ သိမည္မထင္ပါ။
"ညိမ္ကို ေမာင္ေျပာတယ္ေလ ေတြ႕ကရာမေသာက္ပါနဲ႔ဆို"
မ႑ပ္တစ္ခုက မုန့္လုံးေရေပၚေကၽြးရင္း အေအးတိုက္လိုက္သည္က စ၏။ အေအးထဲ အရက္တစ္ခုခုေရာထားခဲ့သည္ ထင္ပါသည္။ အဲ့တာကို ကိုယ္ေတာ္ေခ်ာက ေသာက္ေကာင္းတယ္ဆိုကာ ေလးခြက္တိတိေသာက္ခဲ့ျခင္း။
"မင္း ငါ့ကို ဆူေနတာလား ဟမ္"
ခႏၶာကိုယ္ေသးေသးေကြးေကြးက သူ႔လက္ေတြၾကားထဲ ယိမ္းထိုးေနကာ ပါးစပ္မွလည္း သီခ်င္းတို႔ကို ရြတ္ဆိုေန၏။
"ေဆာရီးပါဗ် ကၽြန္ေတာ့္ေကာင္ေလး မူးေနလို႔ပါ"
ကေနရင္း လက္ထဲက လူနဲ႔မလိုက္တဲ့ေသနတ္ရဲ့ က်ဴးေက်ာ္မွုေၾကာင့္ သူပဲ ေနာက္ကေနေတာင္းပန္ေနရေသး၏။ အဖြားသိပါလၽွင္ သူ႔အားေလွာင္လိုက္မည့္ျဖစ္ျခင္း။
"ညိမ္ ကိုယ္တို႔ အေနာက္သြားရေအာင္"
"ဘာ"
"အေနာက္ သြားၾကမယ္လို႔"
"ဟာ"
ေျပာရင္းပင္ ဆြဲေခၚလာရ၏။ မသြာဘူးဆိုကာ လူၾကားသူၾကားထဲ ႐ုန္းရင္းဆန္ခတ္ပင္။ အေနာက္ဆိုေပမဲ့ လူအုပ္ႀကီးၾကားထဲမို႔ အေနာက္ဆုံးသို႔မေရာက္။ ေဘးဘက္ခပ္က်ဲက်ဲေနရာသို႔သာ ေရာက္သြားသည္။
ထိုေနရာသို႔ေရာက္မွ ညိမ္ကို ခုံတန္းရွည္တစ္ခုတြင္ တင္ၿပီးမွ အနားမွာလာေဝေနတဲ့ ဇီးေဖ်ာ္ရည္တစ္ခြက္ကို ယူကာ တိုက္ရသည္။
မိုးသန့္ညိမ္တို႔က အၿငိဳးနဲ႔ ဆိုးေနသလားမွတ္ရတယ္။
"ညိမ္ အန္ခ်င္လား"
မ်က္ႏွာေပၚကေရေတြကို လက္ထဲက ပုဝါနဲ႔သုတ္ေပးလိုက္ေပမဲ့ ပါးေပၚက အရက္ရဲ့ လကၡဏာ နီရဲရဲေတြကေတာ့ ေပ်ာက္မသြားခဲ့ပါ။
"မင္း ခုနက ခုနက ဘာေျပာလိုက္တာလဲ"
"ေမာင္ ဘာေျပာလို႔လဲ"
"မင္း ကိုယ္လို႔ေျပာလိုက္တာ ငါၾကားတယ္"
ဒါက် ၾကားတယ္ အမူးပါး!
ခီတန္ကူးဇဏ္ ေျပာလို႔ေျပာမွန္းေတာင္ မသိလိုက္ပါ။
အခုလို panic ျဖစ္တဲ့ အေျခအေနမ်ိဳး တစ္ခါမွ မၾကဳံဖူးတာမို႔ ေယာင္ထြက္သြားတာသာ ျဖပါစ္လိမ့္မည္။
"ဟုတ္တယ္ မင္းမွာ အျခားေကာင္မ ရွိေနတာ ဟုတ္တယ္မလား"
မူးေနလို႔လားမသိ ခပ္ရိုင္းရိုင္းစကားေတြပါ ညိမ့္ပါးစပ္ကထြက္လာ၏။
"ဘယ္ေကာင္မမွ မရွိပါဘူး ညိမ္ရယ္ ေမာင္ေတာင္းပန္တယ္ေနာ္"
မိုးသန့္ညိမ္က လက္ညႇိုးထိုးလိုက္ၿပီး....
"မင္းေတာင္းပန္တယ္ဆိုတာ မွားလို႔ေလ ဘာအမွားလုပ္ထားလဲ ခုေျပာ"
"ေမာင္ ဘာအမွားမွ မလုပ္ထားဘူး ဒါေပမဲ့ ေတာင္းပန္တယ္ေနာ္"
"မဟုတ္ဘူး မဟုတ္ဘူး မင္းမွားတာ ငါမမွားဘူး "
လက္ညႇိုးတထိုးထိုး ျဖင့္ မဟုတ္ဘူး မဟုတ္ဘူးေအာ္ကာ ပြဲထဲ ျပန္ဝင္သြားျပန္၏။
"ညိမ္"
"မင္း ငါ့ကိုလာမေခၚနဲ႔"
"ျပန္လိုက္ခဲ့ေတာ့ မူးေနၿပီ"
" မျပန္ခ်င္ဘူး"
"တကယ္လား"
"အင္း"
"ရတယ္ေလ"
ခါေနေသာ ေခါင္းကို လက္တစ္ဖက္ျဖင့္ ထိန္းကိုင္ၿပီး တစ္ဖက္က ခါးကိုကိုင္ကာ ႏွုတ္ခမ္းတို႔ကို စုပ္ယူလိုက္ေတာ့ ရစ္ေနတဲ့ အသံတို႔က ၿငိမ္က်သြား၏။
တမင္လန့္သြားေအာင္လုပ္လိုက္တာေပမဲ့ ခ်စ္ရသူ ေရေတြၾကားထဲပင္ ျပန္လည္တုန့္ျပန္လာတာေၾကာင့္ ခီတန္ကူးဇဏ္ ရပ္မေပးမိပါေတာ့ေခ်။ ေရစိုစိုေတြထဲ ယစ္မူးမိတဲ့ ႏွုတ္ခမ္းအရသာက ဘာနဲ႔မွမတူ။ ႏွစ္ေယာက္သားေပ်ာ္ဝင္ေနရင္း အခ်ိန္ဘယ္ေလာက္ၾကာသြားသည္မသိ။အေတာ္ၾကာမွသာ လႊတ္ေပးလိုက္ေတာ့ ညိမ္က အသက္ကိုလုရွုေနရ၏။
"မင္း ဆိုးတယ္"
"ေမာင္က ခ်စ္လို႔"
"သူမ်ားေတြ ျမင္ကုန္ေတာ့မွာပဲ"
"ျမင္ပါေစ"
"ဒီႏွစ္ သၾကၤန္က ေတာ္ေတာ္ေပ်ာ္စရာေကာင္းတာပဲ ေမာင္"
"သၾကၤန္ထက္ public kissing ကပိုရင္ခုန္ဖို႔ေကာင္းတယ္"
ျပန္တဲ့အခ်ိန္ကလည္း မိုးခ်ဳပ္ေနၿပီျဖစ္သည္။ ေနာက္ဆုံးေန႔မို႔ ေတာ္႐ုံမျပန္ၾကေသးမဲ့ လူတခ်ိဳ႕တို႔က်န္ေနေသး၏။ သူတို႔လည္း အိမ္မျပန္ေသးဘဲ Barတြင္ သူငယ္ခ်င္းေတြ စုထိုင္ေနၾကေသးသည္။
"ေမာင္"
"ဗ်ာ"
"Happy Birthday "
ခီတန္ကူးဇဏ္ နာရီၾကည့္မိလိုက္ေတာ့မွ ည၁၂နာရီတိတိ။
"Happy Birthday to you Happy Birthday to you Happy Birthday Happy Birthday Happy Birthday to you"
ဆူးက ကိတ္မုန့္ကို ကိုင္လာတာ အကုန္လုံးက birthday songကို သီဆိုေပးၾက၏။
ေမြးေန႔ကို ၁၂နာရီတိတိမွာ မျပန္ခိုင္းဘဲ surprise လုပ္ေပးတဲ့ သူငယ္ခ်င္းေတြေၾကာင့္ အေတာ္အံ့ဩရသည္။
"ေက်းဇူးပဲ ဆူး ရတုနဲ႔ စစ္ေသြး"
"မလိုပါဘူး အခ်င္းခ်င္းေတြပဲ"
စစ္ေသြးက မလိုပါဘူးေျပာေပမဲ့ ထူးထူးဆန္းဆန္း ေက်းဇူးတင္စကားေတြေျပာတတ္လာတယ္ဆိုၿပီး ဝင္ေႏွာင့္သူက ႏွစ္ေယာက္မရွိတဲ့ ဆူးေဒဝီ။
ကိတ္မုန့္ေပၚက ဖေယာင္းတိုင္ကို မွုတ္ၿပီးေတာ့မွ ညိမ္က တအံ့တဩႏွင့္....
"ဆုေတာင္းၿပီးမွ မွုတ္ရမွာေလ ေမာင္ "
ခီတန္ကူးဇဏ္က ဆုပ္ကိုင္ထားတဲ့လက္ကိုေျမႇာက္တာ နမ္းလိုက္ၿပီး...
"ေမာင့္ဆုေတာင္းေလးက ဒီတစ္ဘဝေတာ့ ေသခ်ာသြားၿပီမို႔ မလိုေတာ့ပါဘူး ညိမ္"
"ခ်စ္တယ္"
"ေမာင္က ပိုတာေပါ့"
"ေတာ္ၿပီေလ ကိတ္မုန့္စားခ်င္ေနၿပီ "
"နင္က တကယ္အဖ်က္"
စစ္ေသြးရဲ့လက္ခ်က္ႏွင့္ ဆူးမွာ ေပပြလ်က္။ ေလာကႀကီးမွာ ေကာင္းတဲ့သူတိုင္းႏွင့္ မေတြ႕နိုင္ေပမဲ့ သူ႔နားကလူေတြကေကာင္းတာမို႔ ေတာ္ေသး၏။
ကိတ္မုန့္ကို ခြဲၿပီး ရတုထံသို႔ စိတ္ေပးလိုက္သည္။ ရတုက အရင္မယူဘဲ ေဆာ့ေနတဲ့ ႏွစ္ေယာက္ရဲ့ ပန္းကန္ထဲသို႔ ထည့္ေပး၏။
"ေမာင္ မင္းက သူငယ္ခ်င္းေကာင္းေတြရထားတာပဲ"
"သူငယ္ခ်င္းေတြတင္ပဲလား လက္တြဲေဖာ္ေကာင္းလည္းရထာရတာပဲကို"
"အျမဲ မ်က္ႏွာမငယ္ရေစလို႔ ေက်းဇူးတင္တယ္"
"ေမာင္က ပိုေက်းဇူးတင္ရၿပီး ပိုၿပီးလည္းခ်စ္တယ္"
—————————
Genny
00:00
(17.4.2024)
LOMLက ဒီမွာတင္ အဆုံးသတ္ပါၿပီ
No more extra ပါ
ဒီေန႔ April 17ရက္ေန႔က ခီတန္ကူးဇဏ္ရဲ့ ေမြးေန႔မို႔ အမွတ္တရေလးျဖစ္ေအာင္ ေရးလိုက္တာပါ လြမ္းေနၾကမယ္ထင္လို႔လည္းပါပါတယ္
Happy Birthday Khe 🤍ပထမဆုံးသားဦးေလးမို႔ အရမ္းခ်စ္ပါတယ္ ေပ်ာ္ရႊင္ေနမယ္လို႔လည္း ေသခ်ာေပါက္ယုံၾကည္တယ္
BTW
Happy Birthday to me ပါ><
ပထမဆုံးကေလးေလးမို႔ မာမားနဲ႔ ေမြးေန႔တူေလး
ဒါနဲ႔ ဖတ္လက္စသမားေတြ ျမန္ျမန္ဖတ္ၾကေတာ့ေနာ္ မၾကာခင္ Unpunished ေတာ့မွာ စစ္ေသြးတို႔အတြက္ေလ။
Summer Wineေလးလည္း တင္ထားပါတယ္ wallထဲ ဝင္ဖတ္လို႔ရပါတယ္လို႔ ❤️🫶🏻