⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_42
"ဟာ ကလေး အဲဒါက ဘယ်ကိုသွားတာလဲ
ကိုယ့်အနားမှာပဲ နေလေ"
''ခဏလေးပါ''
''အဲဒီခဏလေးက ဘယ်ကိုလဲလို့ ''
''ဟာ အီးပါမလို့ပါဆို''
''ကိုကိုကြီးပဲ တစ်နေ့ကုန်တစ်ညကုန် ပါနေတာ အနော်က အခုမှ ပါမလို့ ငြိမ်ငြိမ်လေးအိပ်နေ''
''ဟာကွာ အဟွန်း''
လက်ညိုးလေး တစ်ထောင်ထောင်နဲ့ သူ့ကို ဆူသလိုလေး ပြောပြီး Toilet ထဲကို ခပ်သွက်သွက် ဝင်သွားတဲ့ ပူတူးကြောင့် နေတင်ပြုံးလိုက်မိတော့သည်....
သိပ်မကြာလိုက် ကိုယ်မှာ တဘက်လေးပတ်ပြီး ရေချိုးခန်းထဲကနေ ထွက်လာလေသည်...
ခြေလက်ဝင်ဆေးရင်း ရေပါတစ်ခါထဲ ချိုးလာပုံရကာ ဗီရိုထဲက အိမ်နေရင်း ဘောင်းဘီနဲ့အင်္ကျီ ဝမ်းဆက်လေး ထုတ်ဝတ်ပြီးတာနဲ့ သူ့အနားမှာ လာထိုင်တော့တာမို့ နေတင်ကျေနပ်သွားရသည်....
ရင်ခွင်ထဲကို ခေါင်းထိုးဝင်ကာ ချွဲလိုက်တော့ သူမရဲ့ လက်ကလေးနှစ်ဖက်နဲ့ ထွေးပွေ့ပေးထားတာမို့ ကြည်နူးကျေနပ်ရလွန်းတဲ့ စိတ်နဲ့ မျက်ရည်တောင် ဝဲလာရလေသည်.....
''လိမ္မာလိုက်တာ မိန်းမရယ် အရမ်းကို အလိုက်သိတတ်ပြီး တာဝန်ကျေတဲ့ ပူတူးလေး"
''အနော့်ကို ကိုကိုကြီး တာဝန်ကျေတာက ပိုများတာပါနော် အနော်က အခုမှ ပြန်လုပ်ပေးရတာလေ''
''ပူတူးက ရွံစရာတွေ မပါဘူးလေကွာ အခု ကိုကိုကြီးဖြစ်တာက အန်တာကော ဝမ်းသွားတာတွေကော လူက လုံးဝကို မဟန်လို့သာ ကလေးလုပ်ပေးတာ ငြိမ်ခံနေရတယ် အားနာလိုက်တာ မပြောပါနဲ့တော့''
''ဟော အဲဒါက ဘာစကားလဲလို့ အနော်နဲ့ကိုကိုကြီးကြားမှာ အဲဒီလို ရွံစရာ အားနာစရာတွေ လိုလို့လား ပြော''
သက်ကလေးက မျက်စောင်းလေးထိုးပြီး ပြောလာတဲ့စကားကြောင့် နေတင်ရင်ထဲမှာ ကျင်ခနဲနေအောင် ခံစားနေရသည်....
လက်ကလေးကို ဆွဲယူကာ ဖိကပ်နမ်းရှိက်ရင်း....
"သေးသေးလေး ကိုကိုကြီးလည်း ရေချိုးချင်တယ်"
''အာ အဖျားသွေး ရှိနေတယ်လေ ကိုကိုကြီးရယ် ''
''နေရတာ စိတ်မသန့်ဘူးကွာ မိန်းမက မွှေးကြိုင်နေပြီး ကိုယ်က ညစ်ပတ်နေသလိုကြီး''
''ဪ မညစ်ပတ်ပါဘူး အနော်က ရေသေချာ ဆေးပေးထားတဲ့ဟာကို ညစ်ပတ်လည်း ရတယ် ဘာမှ မဖြစ်ဘူး အနော် မရွံပါဘူး''
''နည်းနည်းလေးတော့ ရေလောင်းဆေးပစ်လိုက်မယ်ကွာ နော် ''
''အဲဒါဆိုလည်း အောက်ပိုင်းကိုပဲ ဆေးရအောင်လေ အပေါ်ပိုင်းကိုတော့ အနော် ရေပတ်တိုက်ပေးမယ်''
''အိုခေ''
ရေချိုးခန်းထဲမှာ ကိုကိုကြီးကို shower cream သုံးကာ ရေသေချာ လောင်းဆေးပြီးတော့ တဘက်ပတ်ပေးကာ ကုတင်ပေါ်မှာ ထိုင်ခိုင်းထားလိုက်သည်
အဆင်သင့် ယူလာတဲ့ ရေခွက်ထဲမှာ တဘက် ခပ်သေးသေးကို ရေညှစ်ကာ ရေဘတ်တိုက်ပေးတော့ ကလေးကြီးလို ကျေနပ်ကာ ပြုံးနေရှာလေသည်....
သနားဖို့ကောင်းလှတဲ့ ကိုကိုကြီး ဒီလို ကြင်ကြင်နာနာ ပြုစုတာမျိုးကို မခံရဖူးဘူး ထင်ပါရဲ့ .....
ရေဘတ်တိုက်ပေးပြီးတော့ တဘက်ကြီးနဲ့ပြန်သုတ်ကာ အင်္ကျီတစ်ထည်ကို ရေမွှေးဆွတ်ကာ ဝတ်ပေးလိုက်သည် .....
ကြယ်သီးတပ်ပေးနေတော့ သော်တာကို ပြုံးကြည့်နေတာများ မျက်တောင်လေး တစ်ချက်တောင် ခတ်ရဲ့လားမသိ ....
"အာ ဘာလို့ အဲလောက်တောင် လာကြည့်နေရတာလဲလို့ '"
သော်တာ့ရင်ခွင်ထဲကို တိုးဝင်လာကာ ...
"ချစ်လို့ပေါ့ မိန်းမရယ် "
''ကိုယ်နေမကောင်းတာကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုပေးနေတဲ့ ဇနီးအလိမ္မာလေးကြောင့် ရောဂါတစ်ဝက်က အလိုလို ပျောက်သွားပြီလို့''
သော်တာ ကိုကိုကြီးရဲ့ ဆံပင်တွေကို သပ်တင်ပေးလိုက်ရင်း....
''အဟင်းဟင်း လူကြီးက မထင်ရဘူးနော် အရမ်းချွဲတတ်တာပဲ"
''မိန်းမကို အရမ်းချစ်လို့ပါဆိုကွာ နေလို့မကောင်းတော့ ဒီလိုလေး ကပ်ချွဲနေချင်လို့''
''ချွဲချင်ရင် ဓါတ်ဆားရည်လေးတော့ ဝင်အောင်သောက်နော် ....."
ကဲ တိုက်ဗျာ မသောက်ချင်ပေမယ့် ကိုယ့်အသက်ကသာ တိုက်လို့ကတော့ သုနေတင်ထွဋ်တို့က သောက်ပြီးသားပဲ ဘာလာလာ ရတယ် '''
"ဒါပေမယ့် လက်ကတော့ မိန်းမကို ဖက်ထားရလို့ မအားဘူးခင်ဗျ ပါးစပ်ထဲကို အရောက်ပို့ပေးမှ ရမှာ"
သော်တာ ချစ်မျက်စောင်းလေး ရွယ်လိုက်ရင်း ခွက်ထဲကိုငှဲ့ကာ တိုက်တော့မှ သောက်တော်မူသည် ....
''လက်ညောင်းရင် ပါးစပ်နဲ့တိုက်လည်း ရတယ်လို့"
'''တော်ပါ ကလေးကလားတွေ""
''အဟွန်း ကိုယ်က မိန်းမနဲ့ဆိုရင်တော့ ကလေးပဲ ရှိသေးတာလေ နို့တောင် မပြတ်သေးဘူး ''
''ကိုကိုကြီး!!!!'''
'''ဟားဟားဟား'''
'''အားလေးရှိလာရင် ဇာတိကပြလာပြီနော် ဟွန့်''
'''အဟားဟား ''
''အား ရီလိုက်ရင် ဗိုက်ကြောတွေ နာတာကွာ''
''ရွတာကို ကောင်းတယ် နာတာနည်းတောင် နည်းသေးတယ်''
''မိန်းမကလည်းကွာ ''
အိသဲက စားစရာတွေ ရောက်လာကာ လာပို့တာက မနည်းမနောကြီးမို့ ဒီရဲနဲ့ဆန်းတိုးပါ တစ်ခါထဲ လိုက်လာကာ တံခါးလိုက်ဖွင့်ပေးကြသည် ....
တံခါးကို အသာလေး ဟလိုက်ရုံရှိသေး အထဲက သူတို့ဆရာချွဲပစ်နေတာကြီးကို ကြည့်ကာ သုံးယောက်သားခမျာ ပါးစပ်တွေ ပြန်မပိတ်နိုင်ကြတော့ ....
ဒီရဲက တံခါးကို အသံမမြည်အောင် ပြန်ပိတ်လိုက်ရင်း....
"အိသဲ ကိုစိုးသိန်းကော ကိုနေတင်လို ချွဲတတ်သလား"
''အိုး ပေါက်ပေါက်ရှာရှာ ကိုစိုးက သေလိုသာသွားတယ် တစ်ခါမှ ဒီလို မချွဲဖူးပေါင်''
''အေး ငါထင်ပါတယ် ငါတို့ဆရာပဲ ဒါမျိုးတွေ တတ်တာနေမှာ ''
''လူပုံကြီး ကြည့်ရင်တော့ မထင်ရဘူးနော် ''
'''ဟာ မင်းတို့ကလည်း သူ့မိန်းမသူချွဲတာ ဘာဖြစ်သလဲကွ''
"ဘာမှတော့ မဖြစ်ဘူးပေါ့ကွာ မရီးက ငယ်ငယ်လေးဟာကို ကိုနေတင်က ကပ်ချွဲနေတာကို ငါက ရီချင်လို့ပါ''
''အမှန်ကတော့ ဒီရဲရာ မင်းတို့ ငါတို့က သူ့နားမှာ တစ်ချိန်လုံး အနီးကပ် ရှိနေခဲ့ပေမယ့် ကိုနေတင်က အခုလိုတွေလည်း နေမကောင်း မဖြစ်ဖူးဘူး တော်ရုံတန်ရုံဖြစ်တာမျိုးဆိုလည်း သူက ဂရုတောင် မစိုက်ဘူးဆိုတော့ အခုလို ပြုစုတာမျိုးတွေလည်း မခံရဖူးဘူးလေကွာ ''
''ဟုတ်တယ်နော် ကိုဆန်းတိုး အိသဲနေလာတဲ့ တစ်လျှောက်လုံး ကိုနေတင် နေမကောင်းဖြစ်တာ တစ်ခါမှ မကြားဖူးဘူး''
''ဒီရဲ ငါတို့မရီးလေးက အဲဒီလောက်ထိ စိတ်ရှည်တတ်လိမ့်မယ်လို့ မထင်ရဘူးနော် ''
''အေးကွ''
''ဟာ ဟုတ်တယ် ဟုတ်တယ် အဲဒါကတော့ အိသဲလည်း ထောက်ခံတယ် လုံးဝကို မရွံမရှာ အကုန် လုပ်ပေးတာနော် လက်ဖျားခါတယ်''
'''အင်း ကိုနေတင်နဲ့မရီးက တစ်ယောက်ကို မျက်စိအောက်ကို အပျောက်မခံနိုင်အောင်ကို ချစ်ကြ တွယ်တာကြရှာတာ အခုလိုအချိန်မျိုးကျတော့လည်း လင်မယားဆိုတာထက် တကယ့် ဆွေမျိုးမောင်နှမအရင်းတွေ ကျနေရောကွာ "
'''ဟုတ်တယ် ဆန်းတိုး ကိုနေတင်ကော မရီးကောက ဆွေပြတ်မျိုးပြတ်တွေလို ဖြစ်နေကြတော့ သူတို့ဘဝမှာ နှစ်ယောက်သားက အချင်းချင်း အပြန်အလှန် ပြန်မှီခိုပြီး အချစ်လွန်နေကြတာလေ''
''ကိုနေတင်ကျေးဇူးက ငါတို့တွေအပေါ်မှာ နည်းတာ မဟုတ်ဘူး မင်းတို့ ငါတို့တာဝန်က ကိုနေတင်နဲ့ မရီးကို အတတ်နိုင်ဆုံး တာဝန်ကျေကြဖို့ပဲ နှစ်ယောက်စလုံးကို ကိုယ့်ဆွေမျိုးရင်းချာလို့ သဘောထားပြီး စောင့်ရှောက်ကြရမယ်'''
''အဲဒါတော့ စိတ်ချ ဒီရဲ ငါ့စိတ်ထဲမှာလည်း မင်းလိုပဲ တွေးထားပြီးသားပါကွာ'''
''အိသဲလည်း အဲလိုပဲလေ အရင်ကဆို ကိုယ့်ကျေးဇူးရှင်မို့ လုပ်ကိုင်ပေးချင်အုံးတော့လည်း ကိုနေတင်က လူပျိုကြီးဆိုတော့ အိမ်ကို ဝင်ရထွက်ရတာ မသင့်တော်ဘူးလေ အခုတော့ ဆရာမလေးနဲ့ ယူပြီး ဆရာမလေးကလည်း သဘောဖြူ အူစင်းလေးဆိုတော့ အိသဲက စိတ်ကိုချမ်းသာနေရော'''
''ကဲ ဗိုက်တွေ ဆာနေကြတော့မယ် တံခါးခေါက်လိုက်ကြစို့''
သူတို့ဝင်လာတော့ အခုနက ပူးကပ်နေတဲ့နှစ်ယောက်က နည်းနည်းခွာသွားလေသည်...
"ကိုနေတင်သက်သာတယ်နော်"
"အေး သက်သာတယ်"
"ဆန်းတိုး ပစ္စည်းအတင်အချ သေချာစစ်နော်"
"စိတ်ချပါ ကိုနေတင်"
"သော်တာလေး ကိုနေတင်ကို Soupပူတုန်းသောက်ခိုင်းလိုက်ပါလား "
"မမအိသဲတို့လည်း ပင်ပန်းနေကြပြီ အခုလို အနော်တို့ နှစ်ယောက်အနားမှာ အရိပ်တကြည့်ကြည့်နဲ့ လိုတာလေးတွေကူပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်"
"မဟုတ်တာ သော်တာလေးရယ် ဆရာ့ကျေးဇူးတွေက အစ်မတို့အပေါ်မှာ များတာက ပါးစပ်ကနေ ထုတ်ပြောရုံလောက်နဲ့ မလုံလောက်တာကြောင့် ကျေးဇူးဆပ်တယ်လို့သာ သဘောထားပေးပါ ဘာမှအားမနာနဲ့နော်"
"ဟုတ်တယ် ဆရာမလေး"
"ဟုတ်တယ် ဆရာမလေး"
"ကိုကိုကြီး ဆေးသောက်ရမှာဆိုတော့ ဒါလေး အရင် စားလိုက်နော်"
"အင်း"
ကိုနေတင်က သူ့မိန်းမခွံ့ကျွေးတဲ့Soupကိုသောက်နေရင်း သူ့ကို မကျေမချမ်းသောမျက်လုံးကြီးတွေနဲ့ ကြည့်လာတာကြောင့် ဒီရဲ ကျောချမ်းသွားလေသည်...
ကိုနေတင် နေမကောင်းလို့ KTVကိစ္စ မေ့မယ်ထင်နေတာ အခုအကြည့်တွေအရ မေ့ပုံမပေါ်သေး....
"ဆန်းတိုးရေ ငါတော့ ချုံတိုးချင်သလိုလို ချီးစားချင်သလိုလိုတွေ ဖြစ်နေပြီကွ"
ဆန်းတိုးနားကို အနားကပ်ပြီး ပြောပေမယ့် ဒီရဲအသံက ကျယ်တာကြောင့် ကြားရလေသည်...
"မင်းဟာက ဘာစကားကြီးလဲ "
"ဘာလုပ်ရမှန်းမသိတော့ဘူးလို့ ပြောတာကွ မင်းကိုရှင်းပြနေရတာနဲ့ ငါတော့ သေတော့မှာပဲ"
ဒီရဲက ပြောလည်းပြော ကိုနေတင်ကိုလည်း ကြည့်လိုက်တော့ ကိုနေတင်က ရယ်နေလေတော့သည်...
"ဒီရဲ "
"ချုံတိုးချင်ရအောင် မင်းက Miloလားကွ ... အဟား ငါ့မှာလည်း poodleလေးတစ်ကောင်ရှိတယ် သူကတော့ တကယ် ချုံတိုးဖူးတယ်ကွ"
"ကိုကိုကြီး!!!!!"
"ခင်ဗျာ အဟွန်း.."
"ကိုကိုကြီးနော်....ကိုကိုကြီး "
ဆရာမလေးက မျက်နှာလေး နီရဲနေပြီး စိတ်တိုနေတဲ့ လေသံပြောကာ ကိုနေတင်ကို မျက်စောင်းထိုးပြီး ကြည့်နေလေသည်...
"မဟုတ်လို့လား"
"ကိုယ့် Poodleလေးမှာ အိမ်သာတွေက အများသားနော် ကြိုက်တဲ့နေရာကိုသွား အိမ်သာရှိတယ် တစ်ခါပါရင် တစ်လုံးဗျာ ရေဆေးဖို့ကလည်း အဆင်သင့် "
"ဟာ့ ကိုကိုကြီး ... ဟင့်"
သူများတွေ့ရှေ့မှာပါ လာစနေတာကြောင့် သော်တာနေရခက်ကာ ငိုပြလိုက်တော့...
"ဟာ ကလေး ကိုကိုကြီးက ချစ်လို့ စတာလေဗျာ....မငိုရဘူးလေ "
ကိုနေတင်က မရီးကိုချော့ရင်း သူတို့ကို ထွက်သွားတော့ဆိုပြီး လက်ခါပြနေတာကြောင့်သူတို့လည်း ပြုံးစိစိဖြင့် ထွက်လာခဲ့ကြတော့သည်....
မိန်းမဖြစ်သူကို နောက်တုံးက နောက်ပြီး အခုတော့ ချော့ရတော့မည့်ပုံ....
_
_
_
_
_
''ပူတူးရေ ကိုကိုကြီး အလုပ်တွေ ပြီးပြီ အိပ်ကြစို့"
'''ဟုတ်ကဲ့''
''ကိုကိုကြီး
ညောင်းနေလားဟင် အနော် နှိပ်ပေးမယ်လေ''
''အာ မနှိပ်ပါနဲ့ကွာ ကိိုကိုကြီးက မညောင်းပါဘူး ဒီလောက်ကတော့ အေးဆေး မိန်းမကသာ ဒီတလော တောက်လျှောက် ပင်ပန်းနေရရှာတာ လာ စောစော အိပ်ကြစို့'''
''ဟုတ်''
နှစ်ယောက်သားကိုယ်လက်သန့်စင်ပြီး ကုတင်ပေါ်မှာ လှဲချလိုက်တာနဲ့ ကိုကိုကြီးရဲ့ လက်မောင်းက သော်တာ့ရဲ့ လည်ပင်းအောက်ကို ထုံးစံမပျက် ထိုးပေးလာတော့သည်....
''အမြဲတမ်းကြီးဆိုတော့ မနာဘူးလား ကိုကိုကြီးရယ် အနော် ခေါင်းအုံးပေါ်မှာပဲ အိပ်ပါ့မယ်"
''အဟား ဒီလောက်ပိစိညှောက်တောက်လေးက ဖိအိပ်လို့ နာရမလားကွ ''
ညအိပ်ရာထဲဝင်တိုင်း သော်တာ့ဗိုက်ကလေးကို အသာအယာ ပွတ်သပ်ပေးကာ ....
""သားလည်းအိပ်တော့နော် ဖေဖေတို့လည်း အိပ်တော့မှာ ဂွတ်နိုက်"
အကောင်အထည်တောင် မမြင်ရသေးတဲ့ ရင်သွေးလေးကို တစ်နေ့တစ်နေ့ စကားတွေ ပြောလို့ မကုန်အောင် ဖြစ်နေတတ်တဲ့ ကိုကိုကြီးရဲ့ ဖခင်စိတ်ကို သော်တာ အံ့ဩတကြီး ဖြစ်ရသည်....
ခါးနားကို လက်တင်ပြီး ဖက်ထားရင် ဗိုက်လေးနေမှာ စိုးလို့တဲ့ ပခုံးလေးကိုသာ ခပ်ဖွဖွဖက်ထားပြီး နဖူးလေးကို အနမ်းတစ်ပွင့် ခြွေချလာကာ .....
"ဂွတ်နိုက်မိန်းမ အိမ်မက်ထဲမှာ တွေ့ကြမယ်နော်''
'''အဟင်း အနားမှာ ဖက်အိပ်နေပါတယ်ဆိုမှ အိမ်မက်ထဲမှာ လာတွေ့ရအုံးမှာလား ဆရာကြီးရယ်"
''တွေ့ရမှာပေါ့ မဟုတ်ရင် အိပ်ပျော်နေတဲ့အချိန်တွေ နှမျောစရာကြီးကွာ "
''ဟုတ်ကဲ့ ကောင်းပါပြီရှင့့် sweet dream ပါ"
''Good night ပါ ကိုယ့်အသက်''
_
_
_
_
_
"သား"
''သားရေ''
''သားကြီး'''
'''ဟင့် အဟင့် ဟင့် သား ''
''မေ့သားလေး'''
'''မငိုပါနဲ့ သားရယ် သားက အရမ်းကြီးငိုနေတော့ မေမေက ဘယ်လို နေရမှာလဲ သားရဲ့ အဟင့် ဟင့်'''
သားက သော်တာ့ကို အတင်းကြီး ဖက်ထားကာ ဝမ်းနည်းပက်လက် ငိုနေရှာတာကြောင့် သော်တာ့ရင်တွေ မီးခဲတမျှ ပူလောင်နေရလေသည်....
@@@@@@@@@@@@@
''သား''
''သားကြီး ပြန်လာခဲ့'''
''မသွားပါနဲ့ သားရယ် ဖေဖေတို့ဆီ ပြန်လာခဲ့နော် သား'''
'''သား မသွားနဲ့'''
'''သားကြီး'''
'''သားရေ'''
သားက ရှိုက်ကြီးတငင်ငိုကာ အိမ်ထဲကနေထွက်သွားပြီး လက်ပြနေတာကြောင့် နေတင် အသံကုန်အော်ဟစ်ကာ တားနေမိသည်.....
'''သားကြီး!!!"
''ဟာ'''
''ငါ ငါ အိမ်မက်ဆိုးတွေ မက်နေတာပါလား ဘုရား ဘုရား တော်ပါသေးရဲ့''
'''ဟူးးးး'''
လူက ရင်ဘတ်ထဲမှာ မီးလို ပူလောင်နေပြီးဇောချွေးတွေပါ ပြန်နေကာ အိမ်မက်မက်နေတာကို သိတော့မှ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ သက်ကလေးကို စောင်းငဲ့ကြည့်လိုက်တော့....
""ဟင် "
""သက်ကလေး"""
သက်ကလေးက အိပ်ပျော်နေရင်း ဝမ်နည်းပက်လက်နဲ့ ရှိုက်ကြီးတငင် ငိုကြွေးနေရှာတာကို မြင်လိုက်ရတာမို့ နေတင် အရမ်းကို ထိတ်လန့်သွားရတော့သည်.....
"မိန်းမ"
''သက်ကလေး'''
''ဘာဖြစ်တာလဲ ဘာဖြစ်လို့ အရမ်းကြီး ငိုနေရတာလဲ ကလေးရယ်'''
'''အဟင့်ဟင့် ဟင့်'''
'''သားရေ''
'''သက်ကလေး'''
''အင့်"
''ရှင် ကိုကိုကြီး'''
''ဘာဖြစ်နေတာလဲကလေး အိမ်မက်ဆိုးတွေ မက်နေတာလား''
'''ဟုတ် ဟုတ်တယ် ကိုကိုကြီး အနော့်သား ဟင့် အဟင့် အနော်တို့သားလေး အရမ်းငိုနေလို့''
သော်တာငိုကြွေးနေရင်း စိုရွှဲလာတဲ့ ခန္ဓာကိုယ်အောက်ပိုင်းကြောင့် အလန့်တကြားထထိုင်ကာ ကြည့်မိတော့ အိပ်ရာခင်းမှာ စိုလူးနေတဲ့ အနီရောင်တွေ.....
"ဟင်"
'''သွေး သွေးတွေ '''
'''ဟာ မိန်းမ''
~~~~~~~~~~~~~~~~~~~~~~~~~~
ဆက်လက်ကြိုးစား နှလုံးသားဖြင့်ရေးသားသွားပါမည်...(Yue Lynn)
ဆက်ရန်
Part _43
⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_42
"ဟာ ကေလး အဲဒါက ဘယ္ကိုသြားတာလဲ
ကိုယ့္အနားမွာပဲ ေနေလ"
''ခဏေလးပါ''
''အဲဒီခဏေလးက ဘယ္ကိုလဲလို႔ ''
''ဟာ အီးပါမလို႔ပါဆို''
''ကိုကိုႀကီးပဲ တစ္ေန႕ကုန္တစ္ညကုန္ ပါေနတာ အေနာ္က အခုမွ ပါမလို႔ ၿငိမ္ၿငိမ္ေလးအိပ္ေန''
''ဟာကြာ အဟြန္း''
လက္ညိုးေလး တစ္ေထာင္ေထာင္နဲ႕ သူ႕ကို ဆူသလိုေလး ေျပာၿပီး Toilet ထဲကို ခပ္သြက္သြက္ ဝင္သြားတဲ့ ပူတူးေၾကာင့္ ေနတင္ၿပဳံးလိုက္မိေတာ့သည္....
သိပ္မၾကာလိုက္ ကိုယ္မွာ တဘက္ေလးပတ္ၿပီး ေရခ်ိဳးခန္းထဲကေန ထြက္လာေလသည္...
ေျခလက္ဝင္ေဆးရင္း ေရပါတစ္ခါထဲ ခ်ိဳးလာပုံရကာ ဗီရိုထဲက အိမ္ေနရင္း ေဘာင္းဘီနဲ႕အကၤ်ီ ဝမ္းဆက္ေလး ထုတ္ဝတ္ၿပီးတာနဲ႕ သူ႕အနားမွာ လာထိုင္ေတာ့တာမို႔ ေနတင္ေက်နပ္သြားရသည္....
ရင္ခြင္ထဲကို ေခါင္းထိုးဝင္ကာ ခြၽဲလိုက္ေတာ့ သူမရဲ႕ လက္ကေလးႏွစ္ဖက္နဲ႕ ေထြးေပြ႕ေပးထားတာမို႔ ၾကည္ႏူးေက်နပ္ရလြန္းတဲ့ စိတ္နဲ႕ မ်က္ရည္ေတာင္ ဝဲလာရေလသည္.....
''လိမၼာလိုက္တာ မိန္းမရယ္ အရမ္းကို အလိုက္သိတတ္ၿပီး တာဝန္ေက်တဲ့ ပူတူးေလး"
''အေနာ့္ကို ကိုကိုႀကီး တာဝန္ေက်တာက ပိုမ်ားတာပါေနာ္ အေနာ္က အခုမွ ျပန္လုပ္ေပးရတာေလ''
''ပူတူးက ႐ြံစရာေတြ မပါဘူးေလကြာ အခု ကိုကိုႀကီးျဖစ္တာက အန္တာေကာ ဝမ္းသြားတာေတြေကာ လူက လုံးဝကို မဟန္လို႔သာ ကေလးလုပ္ေပးတာ ၿငိမ္ခံေနရတယ္ အားနာလိုက္တာ မေျပာပါနဲ႕ေတာ့''
''ေဟာ အဲဒါက ဘာစကားလဲလို႔ အေနာ္နဲ႕ကိုကိုႀကီးၾကားမွာ အဲဒီလို ႐ြံစရာ အားနာစရာေတြ လိုလို႔လား ေျပာ''
သက္ကေလးက မ်က္ေစာင္းေလးထိုးၿပီး ေျပာလာတဲ့စကားေၾကာင့္ ေနတင္ရင္ထဲမွာ က်င္ခနဲေနေအာင္ ခံစားေနရသည္....
လက္ကေလးကို ဆြဲယူကာ ဖိကပ္နမ္းရွိက္ရင္း....
"ေသးေသးေလး ကိုကိုႀကီးလည္း ေရခ်ိဳးခ်င္တယ္"
''အာ အဖ်ားေသြး ရွိေနတယ္ေလ ကိုကိုႀကီးရယ္ ''
''ေနရတာ စိတ္မသန့္ဘူးကြာ မိန္းမက ေမႊးႀကိဳင္ေနၿပီး ကိုယ္က ညစ္ပတ္ေနသလိုႀကီး''
''ဪ မညစ္ပတ္ပါဘူး အေနာ္က ေရေသခ်ာ ေဆးေပးထားတဲ့ဟာကို ညစ္ပတ္လည္း ရတယ္ ဘာမွ မျဖစ္ဘူး အေနာ္ မ႐ြံပါဘူး''
''နည္းနည္းေလးေတာ့ ေရေလာင္းေဆးပစ္လိုက္မယ္ကြာ ေနာ္ ''
''အဲဒါဆိုလည္း ေအာက္ပိုင္းကိုပဲ ေဆးရေအာင္ေလ အေပၚပိုင္းကိုေတာ့ အေနာ္ ေရပတ္တိုက္ေပးမယ္''
''အိုေခ''
ေရခ်ိဳးခန္းထဲမွာ ကိုကိုႀကီးကို shower cream သုံးကာ ေရေသခ်ာ ေလာင္းေဆးၿပီးေတာ့ တဘက္ပတ္ေပးကာ ကုတင္ေပၚမွာ ထိုင္ခိုင္းထားလိုက္သည္
အဆင္သင့္ ယူလာတဲ့ ေရခြက္ထဲမွာ တဘက္ ခပ္ေသးေသးကို ေရညွစ္ကာ ေရဘတ္တိုက္ေပးေတာ့ ကေလးႀကီးလို ေက်နပ္ကာ ၿပဳံးေနရွာေလသည္....
သနားဖို႔ေကာင္းလွတဲ့ ကိုကိုႀကီး ဒီလို ၾကင္ၾကင္နာနာ ျပဳစုတာမ်ိဳးကို မခံရဖူးဘူး ထင္ပါရဲ႕ .....
ေရဘတ္တိုက္ေပးၿပီးေတာ့ တဘက္ႀကီးနဲ႕ျပန္သုတ္ကာ အကၤ်ီတစ္ထည္ကို ေရေမႊးဆြတ္ကာ ဝတ္ေပးလိုက္သည္ .....
ၾကယ္သီးတပ္ေပးေနေတာ့ ေသာ္တာကို ၿပဳံးၾကည့္ေနတာမ်ား မ်က္ေတာင္ေလး တစ္ခ်က္ေတာင္ ခတ္ရဲ႕လားမသိ ....
"အာ ဘာလို႔ အဲေလာက္ေတာင္ လာၾကည့္ေနရတာလဲလို႔ '"
ေသာ္တာ့ရင္ခြင္ထဲကို တိုးဝင္လာကာ ...
"ခ်စ္လို႔ေပါ့ မိန္းမရယ္ "
''ကိုယ္ေနမေကာင္းတာကို အရိပ္တၾကည့္ၾကည့္နဲ႕ ျပဳစုေပးေနတဲ့ ဇနီးအလိမၼာေလးေၾကာင့္ ေရာဂါတစ္ဝက္က အလိုလို ေပ်ာက္သြားၿပီလို႔''
ေသာ္တာ ကိုကိုႀကီးရဲ႕ ဆံပင္ေတြကို သပ္တင္ေပးလိုက္ရင္း....
''အဟင္းဟင္း လူႀကီးက မထင္ရဘူးေနာ္ အရမ္းခြၽဲတတ္တာပဲ"
''မိန္းမကို အရမ္းခ်စ္လို႔ပါဆိုကြာ ေနလို႔မေကာင္းေတာ့ ဒီလိုေလး ကပ္ခြၽဲေနခ်င္လို႔''
''ခြၽဲခ်င္ရင္ ဓါတ္ဆားရည္ေလးေတာ့ ဝင္ေအာင္ေသာက္ေနာ္ ....."
ကဲ တိုက္ဗ်ာ မေသာက္ခ်င္ေပမယ့္ ကိုယ့္အသက္ကသာ တိုက္လို႔ကေတာ့ သုေနတင္ထြဋ္တို႔က ေသာက္ၿပီးသားပဲ ဘာလာလာ ရတယ္ '''
"ဒါေပမယ့္ လက္ကေတာ့ မိန္းမကို ဖက္ထားရလို႔ မအားဘူးခင္ဗ် ပါးစပ္ထဲကို အေရာက္ပို႔ေပးမွ ရမွာ"
ေသာ္တာ ခ်စ္မ်က္ေစာင္းေလး ႐ြယ္လိုက္ရင္း ခြက္ထဲကိုငွဲ႕ကာ တိုက္ေတာ့မွ ေသာက္ေတာ္မူသည္ ....
''လက္ေညာင္းရင္ ပါးစပ္နဲ႕တိုက္လည္း ရတယ္လို႔"
'''ေတာ္ပါ ကေလးကလားေတြ""
''အဟြန္း ကိုယ္က မိန္းမနဲ႕ဆိုရင္ေတာ့ ကေလးပဲ ရွိေသးတာေလ နို႔ေတာင္ မျပတ္ေသးဘူး ''
''ကိုကိုႀကီး!!!!'''
'''ဟားဟားဟား'''
'''အားေလးရွိလာရင္ ဇာတိကျပလာၿပီေနာ္ ဟြန့္''
'''အဟားဟား ''
''အား ရီလိုက္ရင္ ဗိုက္ေၾကာေတြ နာတာကြာ''
''႐ြတာကို ေကာင္းတယ္ နာတာနည္းေတာင္ နည္းေသးတယ္''
''မိန္းမကလည္းကြာ ''
အိသဲက စားစရာေတြ ေရာက္လာကာ လာပို႔တာက မနည္းမေနာႀကီးမို႔ ဒီရဲနဲ႕ဆန္းတိုးပါ တစ္ခါထဲ လိုက္လာကာ တံခါးလိုက္ဖြင့္ေပးၾကသည္ ....
တံခါးကို အသာေလး ဟလိုက္႐ုံရွိေသး အထဲက သူတို႔ဆရာခြၽဲပစ္ေနတာႀကီးကို ၾကည့္ကာ သုံးေယာက္သားခမ်ာ ပါးစပ္ေတြ ျပန္မပိတ္နိုင္ၾကေတာ့ ....
ဒီရဲက တံခါးကို အသံမျမည္ေအာင္ ျပန္ပိတ္လိုက္ရင္း....
"အိသဲ ကိုစိုးသိန္းေကာ ကိုေနတင္လို ခြၽဲတတ္သလား"
''အိုး ေပါက္ေပါက္ရွာရွာ ကိုစိုးက ေသလိုသာသြားတယ္ တစ္ခါမွ ဒီလို မခြၽဲဖူးေပါင္''
''ေအး ငါထင္ပါတယ္ ငါတို႔ဆရာပဲ ဒါမ်ိဳးေတြ တတ္တာေနမွာ ''
''လူပုံႀကီး ၾကည့္ရင္ေတာ့ မထင္ရဘူးေနာ္ ''
'''ဟာ မင္းတို႔ကလည္း သူ႕မိန္းမသူခြၽဲတာ ဘာျဖစ္သလဲကြ''
"ဘာမွေတာ့ မျဖစ္ဘူးေပါ့ကြာ မရီးက ငယ္ငယ္ေလးဟာကို ကိုေနတင္က ကပ္ခြၽဲေနတာကို ငါက ရီခ်င္လို႔ပါ''
''အမွန္ကေတာ့ ဒီရဲရာ မင္းတို႔ ငါတို႔က သူ႕နားမွာ တစ္ခ်ိန္လုံး အနီးကပ္ ရွိေနခဲ့ေပမယ့္ ကိုေနတင္က အခုလိုေတြလည္း ေနမေကာင္း မျဖစ္ဖူးဘူး ေတာ္႐ုံတန္႐ုံျဖစ္တာမ်ိဳးဆိုလည္း သူက ဂ႐ုေတာင္ မစိုက္ဘူးဆိုေတာ့ အခုလို ျပဳစုတာမ်ိဳးေတြလည္း မခံရဖူးဘူးေလကြာ ''
''ဟုတ္တယ္ေနာ္ ကိုဆန္းတိုး အိသဲေနလာတဲ့ တစ္ေလွ်ာက္လုံး ကိုေနတင္ ေနမေကာင္းျဖစ္တာ တစ္ခါမွ မၾကားဖူးဘူး''
''ဒီရဲ ငါတို႔မရီးေလးက အဲဒီေလာက္ထိ စိတ္ရွည္တတ္လိမ့္မယ္လို႔ မထင္ရဘူးေနာ္ ''
''ေအးကြ''
''ဟာ ဟုတ္တယ္ ဟုတ္တယ္ အဲဒါကေတာ့ အိသဲလည္း ေထာက္ခံတယ္ လုံးဝကို မ႐ြံမရွာ အကုန္ လုပ္ေပးတာေနာ္ လက္ဖ်ားခါတယ္''
'''အင္း ကိုေနတင္နဲ႕မရီးက တစ္ေယာက္ကို မ်က္စိေအာက္ကို အေပ်ာက္မခံနိုင္ေအာင္ကို ခ်စ္ၾက တြယ္တာၾကရွာတာ အခုလိုအခ်ိန္မ်ိဳးက်ေတာ့လည္း လင္မယားဆိုတာထက္ တကယ့္ ေဆြမ်ိဳးေမာင္ႏွမအရင္းေတြ က်ေနေရာကြာ "
'''ဟုတ္တယ္ ဆန္းတိုး ကိုေနတင္ေကာ မရီးေကာက ေဆြျပတ္မ်ိဳးျပတ္ေတြလို ျဖစ္ေနၾကေတာ့ သူတို႔ဘဝမွာ ႏွစ္ေယာက္သားက အခ်င္းခ်င္း အျပန္အလွန္ ျပန္မွီခိုၿပီး အခ်စ္လြန္ေနၾကတာေလ''
''ကိုေနတင္ေက်းဇူးက ငါတို႔ေတြအေပၚမွာ နည္းတာ မဟုတ္ဘူး မင္းတို႔ ငါတို႔တာဝန္က ကိုေနတင္နဲ႕ မရီးကို အတတ္နိုင္ဆုံး တာဝန္ေက်ၾကဖို႔ပဲ ႏွစ္ေယာက္စလုံးကို ကိုယ့္ေဆြမ်ိဳးရင္းခ်ာလို႔ သေဘာထားၿပီး ေစာင့္ေရွာက္ၾကရမယ္'''
''အဲဒါေတာ့ စိတ္ခ် ဒီရဲ ငါ့စိတ္ထဲမွာလည္း မင္းလိုပဲ ေတြးထားၿပီးသားပါကြာ'''
''အိသဲလည္း အဲလိုပဲေလ အရင္ကဆို ကိုယ့္ေက်းဇူးရွင္မို႔ လုပ္ကိုင္ေပးခ်င္အုံးေတာ့လည္း ကိုေနတင္က လူပ်ိဳႀကီးဆိုေတာ့ အိမ္ကို ဝင္ရထြက္ရတာ မသင့္ေတာ္ဘူးေလ အခုေတာ့ ဆရာမေလးနဲ႕ ယူၿပီး ဆရာမေလးကလည္း သေဘာျဖဴ အူစင္းေလးဆိုေတာ့ အိသဲက စိတ္ကိုခ်မ္းသာေနေရာ'''
''ကဲ ဗိုက္ေတြ ဆာေနၾကေတာ့မယ္ တံခါးေခါက္လိုက္ၾကစို႔''
သူတို႔ဝင္လာေတာ့ အခုနက ပူးကပ္ေနတဲ့ႏွစ္ေယာက္က နည္းနည္းခြာသြားေလသည္...
"ကိုေနတင္သက္သာတယ္ေနာ္"
"ေအး သက္သာတယ္"
"ဆန္းတိုး ပစၥည္းအတင္အခ် ေသခ်ာစစ္ေနာ္"
"စိတ္ခ်ပါ ကိုေနတင္"
"ေသာ္တာေလး ကိုေနတင္ကို Soupပူတုန္းေသာက္ခိုင္းလိုက္ပါလား "
"မမအိသဲတို႔လည္း ပင္ပန္းေနၾကၿပီ အခုလို အေနာ္တို႔ ႏွစ္ေယာက္အနားမွာ အရိပ္တၾကည့္ၾကည့္နဲ႕ လိုတာေလးေတြကူေပးလို႔ ေက်းဇူးတင္ပါတယ္ရွင့္"
"မဟုတ္တာ ေသာ္တာေလးရယ္ ဆရာ့ေက်းဇူးေတြက အစ္မတို႔အေပၚမွာ မ်ားတာက ပါးစပ္ကေန ထုတ္ေျပာ႐ုံေလာက္နဲ႕ မလုံေလာက္တာေၾကာင့္ ေက်းဇူးဆပ္တယ္လို႔သာ သေဘာထားေပးပါ ဘာမွအားမနာနဲ႕ေနာ္"
"ဟုတ္တယ္ ဆရာမေလး"
"ဟုတ္တယ္ ဆရာမေလး"
"ကိုကိုႀကီး ေဆးေသာက္ရမွာဆိုေတာ့ ဒါေလး အရင္ စားလိုက္ေနာ္"
"အင္း"
ကိုေနတင္က သူ႕မိန္းမခြံ႕ေကြၽးတဲ့Soupကိုေသာက္ေနရင္း သူ႕ကို မေက်မခ်မ္းေသာမ်က္လုံးႀကီးေတြနဲ႕ ၾကည့္လာတာေၾကာင့္ ဒီရဲ ေက်ာခ်မ္းသြားေလသည္...
ကိုေနတင္ ေနမေကာင္းလို႔ KTVကိစၥ ေမ့မယ္ထင္ေနတာ အခုအၾကည့္ေတြအရ ေမ့ပုံမေပၚေသး....
"ဆန္းတိုးေရ ငါေတာ့ ခ်ဳံတိုးခ်င္သလိုလို ခ်ီးစားခ်င္သလိုလိုေတြ ျဖစ္ေနၿပီကြ"
ဆန္းတိုးနားကို အနားကပ္ၿပီး ေျပာေပမယ့္ ဒီရဲအသံက က်ယ္တာေၾကာင့္ ၾကားရေလသည္...
"မင္းဟာက ဘာစကားႀကီးလဲ "
"ဘာလုပ္ရမွန္းမသိေတာ့ဘူးလို႔ ေျပာတာကြ မင္းကိုရွင္းျပေနရတာနဲ႕ ငါေတာ့ ေသေတာ့မွာပဲ"
ဒီရဲက ေျပာလည္းေျပာ ကိုေနတင္ကိုလည္း ၾကည့္လိုက္ေတာ့ ကိုေနတင္က ရယ္ေနေလေတာ့သည္...
"ဒီရဲ "
"ခ်ဳံတိုးခ်င္ရေအာင္ မင္းက Miloလားကြ ... အဟား ငါ့မွာလည္း poodleေလးတစ္ေကာင္ရွိတယ္ သူကေတာ့ တကယ္ ခ်ဳံတိုးဖူးတယ္ကြ"
"ကိုကိုႀကီး!!!!!"
"ခင္ဗ်ာ အဟြန္း.."
"ကိုကိုႀကီးေနာ္....ကိုကိုႀကီး "
ဆရာမေလးက မ်က္ႏွာေလး နီရဲေနၿပီး စိတ္တိုေနတဲ့ ေလသံေျပာကာ ကိုေနတင္ကို မ်က္ေစာင္းထိုးၿပီး ၾကည့္ေနေလသည္...
"မဟုတ္လို႔လား"
"ကိုယ့္ Poodleေလးမွာ အိမ္သာေတြက အမ်ားသားေနာ္ ႀကိဳက္တဲ့ေနရာကိုသြား အိမ္သာရွိတယ္ တစ္ခါပါရင္ တစ္လုံးဗ်ာ ေရေဆးဖို႔ကလည္း အဆင္သင့္ "
"ဟာ့ ကိုကိုႀကီး ... ဟင့္"
သူမ်ားေတြ႕ေရွ႕မွာပါ လာစေနတာေၾကာင့္ ေသာ္တာေနရခက္ကာ ငိုျပလိုက္ေတာ့...
"ဟာ ကေလး ကိုကိုႀကီးက ခ်စ္လို႔ စတာေလဗ်ာ....မငိုရဘူးေလ "
ကိုေနတင္က မရီးကိုေခ်ာ့ရင္း သူတို႔ကို ထြက္သြားေတာ့ဆိုၿပီး လက္ခါျပေနတာေၾကာင့္သူတို႔လည္း ၿပဳံးစိစိျဖင့္ ထြက္လာခဲ့ၾကေတာ့သည္....
မိန္းမျဖစ္သူကို ေနာက္တုံးက ေနာက္ၿပီး အခုေတာ့ ေခ်ာ့ရေတာ့မည့္ပုံ....
_
_
_
_
_
''ပူတူးေရ ကိုကိုႀကီး အလုပ္ေတြ ၿပီးၿပီ အိပ္ၾကစို႔"
'''ဟုတ္ကဲ့''
''ကိုကိုႀကီး
ေညာင္းေနလားဟင္ အေနာ္ ႏွိပ္ေပးမယ္ေလ''
''အာ မႏွိပ္ပါနဲ႕ကြာ ကိိုကိုႀကီးက မေညာင္းပါဘူး ဒီေလာက္ကေတာ့ ေအးေဆး မိန္းမကသာ ဒီတေလာ ေတာက္ေလွ်ာက္ ပင္ပန္းေနရရွာတာ လာ ေစာေစာ အိပ္ၾကစို႔'''
''ဟုတ္''
ႏွစ္ေယာက္သားကိုယ္လက္သန့္စင္ၿပီး ကုတင္ေပၚမွာ လွဲခ်လိဳက္တာနဲ႕ ကိုကိုႀကီးရဲ႕ လက္ေမာင္းက ေသာ္တာ့ရဲ႕ လည္ပင္းေအာက္ကို ထုံးစံမပ်က္ ထိုးေပးလာေတာ့သည္....
''အၿမဲတမ္းႀကီးဆိုေတာ့ မနာဘူးလား ကိုကိုႀကီးရယ္ အေနာ္ ေခါင္းအုံးေပၚမွာပဲ အိပ္ပါ့မယ္"
''အဟား ဒီေလာက္ပိစိေညွာက္ေတာက္ေလးက ဖိအိပ္လို႔ နာရမလားကြ ''
ညအိပ္ရာထဲဝင္တိုင္း ေသာ္တာ့ဗိုက္ကေလးကို အသာအယာ ပြတ္သပ္ေပးကာ ....
""သားလည္းအိပ္ေတာ့ေနာ္ ေဖေဖတို႔လည္း အိပ္ေတာ့မွာ ဂြတ္နိုက္"
အေကာင္အထည္ေတာင္ မျမင္ရေသးတဲ့ ရင္ေသြးေလးကို တစ္ေန႕တစ္ေန႕ စကားေတြ ေျပာလို႔ မကုန္ေအာင္ ျဖစ္ေနတတ္တဲ့ ကိုကိုႀကီးရဲ႕ ဖခင္စိတ္ကို ေသာ္တာ အံ့ဩတႀကီး ျဖစ္ရသည္....
ခါးနားကို လက္တင္ၿပီး ဖက္ထားရင္ ဗိုက္ေလးေနမွာ စိုးလို႔တဲ့ ပခုံးေလးကိုသာ ခပ္ဖြဖြဖက္ထားၿပီး နဖူးေလးကို အနမ္းတစ္ပြင့္ ေႁခြခ်လာကာ .....
"ဂြတ္နိုက္မိန္းမ အိမ္မက္ထဲမွာ ေတြ႕ၾကမယ္ေနာ္''
'''အဟင္း အနားမွာ ဖက္အိပ္ေနပါတယ္ဆိုမွ အိမ္မက္ထဲမွာ လာေတြ႕ရအုံးမွာလား ဆရာႀကီးရယ္"
''ေတြ႕ရမွာေပါ့ မဟုတ္ရင္ အိပ္ေပ်ာ္ေနတဲ့အခ်ိန္ေတြ ႏွေမ်ာစရာႀကီးကြာ "
''ဟုတ္ကဲ့ ေကာင္းပါၿပီရွင့့္ sweet dream ပါ"
''Good night ပါ ကိုယ့္အသက္''
_
_
_
_
_
"သား"
''သားေရ''
''သားႀကီး'''
'''ဟင့္ အဟင့္ ဟင့္ သား ''
''ေမ့သားေလး'''
'''မငိုပါနဲ႕ သားရယ္ သားက အရမ္းႀကီးငိုေနေတာ့ ေမေမက ဘယ္လို ေနရမွာလဲ သားရဲ႕ အဟင့္ ဟင့္'''
သားက ေသာ္တာ့ကို အတင္းႀကီး ဖက္ထားကာ ဝမ္းနည္းပက္လက္ ငိုေနရွာတာေၾကာင့္ ေသာ္တာ့ရင္ေတြ မီးခဲတမွ် ပူေလာင္ေနရေလသည္....
@@@@@@@@@@@@@
''သား''
''သားႀကီး ျပန္လာခဲ့'''
''မသြားပါနဲ႕ သားရယ္ ေဖေဖတို႔ဆီ ျပန္လာခဲ့ေနာ္ သား'''
'''သား မသြားနဲ႕'''
'''သားႀကီး'''
'''သားေရ'''
သားက ရွိုက္ႀကီးတငင္ငိုကာ အိမ္ထဲကေနထြက္သြားၿပီး လက္ျပေနတာေၾကာင့္ ေနတင္ အသံကုန္ေအာ္ဟစ္ကာ တားေနမိသည္.....
'''သားႀကီး!!!"
''ဟာ'''
''ငါ ငါ အိမ္မက္ဆိုးေတြ မက္ေနတာပါလား ဘုရား ဘုရား ေတာ္ပါေသးရဲ႕''
'''ဟူးးးး'''
လူက ရင္ဘတ္ထဲမွာ မီးလို ပူေလာင္ေနၿပီးေဇာေခြၽးေတြပါ ျပန္ေနကာ အိမ္မက္မက္ေနတာကို သိေတာ့မွ ေလပူတစ္ခ်က္ကို မႈတ္ထုတ္လိုက္ကာ သက္ကေလးကို ေစာင္းငဲ့ၾကည့္လိုက္ေတာ့....
""ဟင္ "
""သက္ကေလး"""
သက္ကေလးက အိပ္ေပ်ာ္ေနရင္း ဝမ္နည္းပက္လက္နဲ႕ ရွိုက္ႀကီးတငင္ ငိုေႂကြးေနရွာတာကို ျမင္လိုက္ရတာမို႔ ေနတင္ အရမ္းကို ထိတ္လန့္သြားရေတာ့သည္.....
"မိန္းမ"
''သက္ကေလး'''
''ဘာျဖစ္တာလဲ ဘာျဖစ္လို႔ အရမ္းႀကီး ငိုေနရတာလဲ ကေလးရယ္'''
'''အဟင့္ဟင့္ ဟင့္'''
'''သားေရ''
'''သက္ကေလး'''
''အင့္"
''ရွင္ ကိုကိုႀကီး'''
''ဘာျဖစ္ေနတာလဲကေလး အိမ္မက္ဆိုးေတြ မက္ေနတာလား''
'''ဟုတ္ ဟုတ္တယ္ ကိုကိုႀကီး အေနာ့္သား ဟင့္ အဟင့္ အေနာ္တို႔သားေလး အရမ္းငိုေနလို႔''
ေသာ္တာငိုေႂကြးေနရင္း စို႐ႊဲလာတဲ့ ခႏၶာကိုယ္ေအာက္ပိုင္းေၾကာင့္ အလန့္တၾကားထထိုင္ကာ ၾကည့္မိေတာ့ အိပ္ရာခင္းမွာ စိုလူးေနတဲ့ အနီေရာင္ေတြ.....
"ဟင္"
'''ေသြး ေသြးေတြ '''
'''ဟာ မိန္းမ''
~~~~~~~~~~~~~~~~~~~~~~~~~~
ဆက္လက္ႀကိဳးစား ႏွလုံးသားျဖင့္ေရးသားသြားပါမည္...(Yue Lynn)
ဆက္ရန္
Part _43