Mr.Zin (s-2)

Per minminmin2003

8.1K 801 158

အချစ်ကိုတစ်ဘဝလို့မှတ်ယူကာ ကိုးကွယ်ခဲဲ့တဲ့ဇင်ပိုင် သူ့ကိုချစ်မြတ်နိုးကြတဲ့သူတွေကို မှားယွင်းစွာအမုန်းကြီးမုန်... Més

အမြည်း
Chapter -1
Chapter -2
Chapter -3
Chapter - 4
Chapter -5
Chapter -6
Chapter -7
Chapter -8
Chapter -9
Chapter -10
Chapter -11
Chapter -13
Chapter -13(Zg)
Chapter -14
Chapter -15
Chapter -16
Chapter -17
Chapter-18

Chapter -12

205 24 3
Per minminmin2003


​ပြည့်စုံဟာသူတို့ရှေ့မှာရပ်ပြီး စိတ်ပျက်တဲ့အကြည့်တွေနဲ့ကြည့်နေကြတဲ့သူတွေကို ဘုကလန့်ပြန်ကြည့်လိုက်ကာ..

" ဘာကိစ္စလည်း..."

" ဟန့်..ဗီဒီယိုထဲကအတိုင်းရိုင်းတာ.."

" ဘာလည်းဟ..ဘာကိစ္စလည်းလို့မေးတာရိုင်းတာပဲလား..ဘာလည်းကျွန်တော်ကဟိုလေဘာကိစ္စလေးများရှိလို့လည်းဟင်..ဘာများဖြစ်လို့လည်း.. အဲ့လိုစကာမျိုးကိုငပိသံနဲ့ပြောရမှာလား..."

" နင်..နင်အကြီးကိုပြန်ခံပြောနေပါလား.."

" ပြန်ခံမပြောလို့ရမလား ဒီကအစ်မပြောနေတာရောမှန်လို့လား..ကျွန်တော်ပါးစပ်ကဘာထွက်ထွက်အပြစ်ပြောနေမှာပဲလေ ဘာလည်းကျွန်တော်ကပါးစပ်ပိတ်ပြီးငြိမ်ခံနေရမှာလား..."

" ငြိမ်ဖို့ပြောနေတာမဟုတ်ဘူး..စကားအသုံးအနှုန်းလေသံကိုပြင်ခိုင်းတာ..အခုဟာကမင်းရဲ့လေသံရောစကားအသုံးအနှုန်းကတော့အချိုးကိုမပြေဘူး.."
ဆိုပြီးထိုတစ်ယောက်ရဲ့နောက်ကကောင်လေးဟာထပြောလိုက်သည်။

ခုနကပြန်ဖို့လုပ်နေကြတဲ့ကျောင်းသားတစ်ချို့ရော စပ်စုသမားလေးတွေကတော့ဘေးနားမှာဝိုင်းအုန်လာခဲ့တယ်..တစ်ချို့ကတော့အကြီးတွေပြောနေတာကိုသဘောမကျကြပေ။ တစ်ချို့ကတော့ခေါင်းတစ်ငြိမ်ငြိမ်နဲ့ထောက်ခံကြ။ ဇင်ပိုင်ကတော့ဘာဆိုဘာမှကိုဝင်မပြောပဲ ပြည့်စုံနဲ့သာလွှတ်ထားလိုက်တယ်..

" ဒါဆိုရင်လည်းအကိုပြောပါအုန်း ကျွန်တော်ကဘယ်လိုမျိုးလေးပြောပေးရအုန်းမှာလည်း.."

" ဘယ်လိုမျိုးပြောပေးရမှာလည်းမဟုတ်ဘူး..အကြီးကပြောရင်ငြိမ်သင့်ရင်ငြိမ်နေ ပြန်ပြောသင့်ရင်လေချိုချိုသာသာလေးပြန်ပြောပေါ့ အခုတော့မင်းပြောတာတွေကနားကြားလို့တောင်မကောင်းဘူး..."

" အကိုပြောချင်တဲ့ကိစ္စကိုသာပြော ဝေ့လည်ကြောင်ပတ်လုပ်မနေပါနဲ့ ဒီကသူတွေအားလုံးဒီကိုလာတာဆုံးမဖို့ပဲမဟုတ်ဘူးမှတ်လား တခြားတစ်ခုပြောချင်နေကြတာမှတ်လား..."

ပြည့်စုံတို့ဆီလာတဲ့သူတွေဟာအချင်းချင်းပြန်ကြည့်ပြီး ကောင်မလေးတစ်ယောက်က..

" ငါတို့ဒီကိုလာတာနင်တို့နှစ်ယောက် ထူးအိမ်မြတ်နဲ့ခင်ဖူးပြည့်တို့ကိုတောင်းပန်ဖို့လာပြောတာ.."
ဟီး..တကယ်လို့သာငါအဲ့နှစ်ယောက်ကိုစိတ်ကျေနပ်စေရင်ငါ့မိဘရဲ့ ကုမ္ပဏီအဆင်ပြေမဲ့အပြင် ငါလည်းမျက်နှာပန်းပွင့်မှာပဲ..

" ဟုတ်တယ်...ငါတို့အဲ့ဒါလာပြောတာမင်းတို့ရဲ့အပြုအမူကဆိုးဝါးလွန်းတယ်..သူတို့နှစ်ယောက်ကိုတောင်းပန်သင့်တယ်.."
ငါဒီလိုလုပ်ပေးတာခင်ဖူးပြည့်သဘောကျမှာပဲ..သူသာပျော်ရင်ငါ့ကိုစဥ်းစားပေးနိုင်တယ်..

တခြားသူတွေဟာထက်ပြီးသွားတောင်းပန်ဖို့ပြောကြတယ်..အဲ့လိုပြောတဲ့သူတွေဟာဟိုနှစ်ယောက်ကိုဖားချင်တဲ့သူတွေဖြစ်ကြသလို သူတို့အကြီးတွေကိုပြန်ခံပြောတာကိုမကြိုက်တဲ့သူတွေလည်းဖြစ်ကြတယ်..ဒါကိုအခွင့်အကောင်းယူပြီးနာမည်ကြီးချင်တဲ့သူတွေကလည်းရှိသေး။

ပြည့်စုံဟာသွားတောင်းပန်ဖို့မျက်နှာပြောင်တိုက်နေတဲ့သူတွေကို နှုတ်ခမ်းမဲ့ပြီးကြည့်လိုက်တယ်..နောက်တော့သူ့နောက်ကဇင်ပိုင်ကိုလှည့်ကြည့်ရော အေးအေးလူလူနေနေတဲ့ဇင်ပိုင်ပုံစံကြောင့် ဇင်ပိုင်တစ်ခုခုလုပ်နေမှန်းသူသိလိုက်တယ်..သူတစ်ချက်ပြုံးပြလိုက်ပြီး ပိုပြီးပွဲဆူသွားအောင်သူလုပ်ဖို့ကြံလိုက်သည်။

" တော်တော့..."
ပြည့်စုံအော်လိုက်ရောအားလုံးတိတ်သွားခဲ့။

" ခင်ဗျားတို့ဘာတွေပဲပြောပြောကျွန်တော်ဂရုမစိုက်ဘူး..တောင်းပန်ခိုင်းဖို့လည်းမစဥ်းစားနဲ့ ကျွန်တော်တို့မမှားတဲ့အတွက်ဘယ်တော့မှမတောင်းပန်ဘူး..."
ပြည့်စုံထိုသို့ပြောရောပိုတောင်းဆိုးရွှားသွားခဲ့။ ဒီတစ်ခါတော့ဘေးနားကကျောင်းသားတွေကပါ တောင်းပန်ရမယ်လို့အော်ဟစ်နေတော့သည်။

အဲ့အချိန်မှာပဲလူနှစ်ယောက်ပြည့်စုံနဲ့ထိုလူတွေရှေ့ဝင်ရပ်လိုက်သည်။ ထိုနှစ်ယောက်ကဟိန်းသူရနဲ့စုရတနာဖြစ်တယ်..ဟိန်းသူရဟာ..

" ခင်ဗျားတို့အမှန်တရားအမှန်ကိုမသိပဲမပြောကြပါနဲ့လား..အဲ့ဗီဒီယိုကအမှန်ဆိုပေမဲ့ကြားထဲမှာဖြတ်ထားတာတွေရှိတယ်ဆိုတာ ခင်ဗျားတို့သတိမထားမိကြဘူးလား.."

" ရှင်တို့တွေတစ်ဖက်သားကိုမပြောခင်သေချာလည်း စစ်ဆေးကြပါအုန်း..တစ်ခုခုဖြစ်တာနဲ့အုပ်လိုက်ကြီးလာနေကြတယ်.."

သူတို့နှစ်ယောက်ကိုဘယ်သူမှသိပ်ပြီးမပြောရဲ။ ဘာလို့လည်းဆိုတော့စုရတနာရဲ့နောက်ခံကလည်း ကြီးမားတဲ့အပြင်ဟိန်းသူရကလည်း ထူးအိမ်​မြတ်နဲ့အမျိုးတော်တဲ့အပြင်ကို မိဘတွေကလည်းခေသူမဟုတ်တော့ သိပ်ပြီးမပြောရဲကြပေ။

" သူရမင်းဘာလို့သူစိမ်းဘက်မှာနေနေရတာလည်း မင်းအကိုဝမ်းကွဲဘက်မှာနေသင့်တာလေ..ပြီးတော့အဲ့မွေးနေ့ပွဲကသူတွေတောင်ဇင်ပိုင်တို့အဲ့လိုပြောတာအမှန်လို့တောင်ပြောနေကြတာပဲ.."

" ကျွန်တော်ပြောပြီးပြီလေဒီအကိုတို့အဲ့လိုပြောကြတယ်..ဒါပေမဲ့အဲ့လိုပြောအောင်သူတို့နှစ်ယောက်လုပ်ခဲ့ကြတာလေ.."

" တစ်ကယ်လို့ပြောခဲ့တယ်ဆိုရင်တောင် သူတို့နှစ်ယောက်အကြီးကိုအဲ့လောက်ထိပြန်ခံပြောစရာမလိုပါဘူး..အရမ်းကိုစိတ်ပျက်စရာကောင်းတယ်.."

" ခင်ဗျားတို့ကရောသင်တန်းမတက်ပဲ အလေလိုက်နေတာစိတ်ပျက်စရာမကောင်းဘူးလား..."
ထိုစကားသံနဲ့အတူလူကြားထဲကနေကောင်လေးတစ်ယောက်ထွက်လာခဲ့တယ်..ထိုကောင်လေးလည်းထွက်လာရော တစ်ချို့စီနီယာတွေဆိုရင်အနောက်ကိုတောင်ဆုတ်မိကြတယ်..

ပြည့်စုံနဲ့ဇင်ပိုင်ကတော့ထုံးစံတိုင်း အကဲခတ်နေတော့သည်။ ထိုကောင်လေးဟာစုရတနာကိုတစ်ချက်ကြည့်ပြီး ဟိန်းသူရဘေးနားရပ်လိုက်ကာ တစ်ဖက်ကိုစိုက်ကြည့်လိုက်တယ်..ခေါင်းဆောင်လိုဖြစ်နေတဲ့ကောင်မ​လေး ဟာချောင်းတစ်ချက်ဟန့်လိုက်ပြီး..

" မျိုးကိုကိုဒါနင်နဲ့မဆိုင်ဘူးလေ ဘာလို့ဝင်ပါနေတာလည်း..."

" ဟုတ်တယ်မဆိုင်ဘူးဒါ​ပေမဲ့ခင်ဗျားတို့ပြောတာတွေကိုနားထောင်ရတာ အဆင်မပြေဘူး..တော်တော်လေးနားထောင်ရဆိုးတယ်...."

"...."

" ခုနကခင်ဗျားပြောလိုက်တယ်နော် တကယ်လို့ဟိုနှစ်ယောက်က ရန်စစကားပြောခဲ့ရင်တောင်ပြန်ခံပြောစရာမလိုဘူးလို့ ခင်ဗျားပြောလိုက်တယ်မှတ်လား..."

" ဟုတ်...ဟုတ်တယ်..ပြောမိလိုက်တယ်.."

" တကယ်လို့သာအဲ့အကြီးနှစ်ယောက်ပြောတဲ့စကားတွေက ကြားရဆိုးရင်တောင်ငြိမ်နေရမှာလား..အကြီးဆိုတိုင်းမှန်တယ်လို့တွေးနေကြတာ..စိတ်ပျက်စရာကြီး.."
ဇင်ပိုင်တို့ဟာသူတို့အတွက်ပြောပေးနေတဲ့ မျိုးကိုကိုပေါ်အမြင်ကောင်းရှိသွားကြတယ်..သူတို့နဲ့မသိတဲ့သူကဝင်ပြီးရဲရဲကြီးပြောပေးတဲ့ သူတို့သဘောကျသွားခဲ့။

ဇင်ပိုင်ဖုန်းထဲ ဗီဒီယိုတစ်ပုဒ်ဝင်လာတော့သည်။ ဇင်ပိုင်မြင်ရောတစ်ချက်ပြုံးလိုက်ပြီးဖုန်းကိုပြန်ပိတ်လိုက်တယ်..

" အကြီးဆိုတိုင်းမှန်တာမဟုတ်ဘူးဆိုတာသိတယ်..ဒါပေမဲ့ရိုသေမူ့ဆိုတာရှိရမယ်လေ.."
ဆိုပြီးဘယ်အချိန်ထဲကရောက်နေမှန်းမသိတဲ့ ထူးအိမ်မြတ်နဲ့ခင်ဖူးပြည့်တို့လျှောက်လာကြတယ်..

ခုနကခင်ဖူးပြည့်ပြောလိုက်တာဖြစ်သည်။ သူတို့နှစ်ယောက်လည်းရောက်ရောအားလုံးပိုပြီး အံကြွသွားခဲ့။ ဟိုစီနီယာတစ်ချို့ကတော့ဖားယားပြောဆိုနေကြတော့သည်။ သူတို့ရောက်လာတဲ့အတွက်ဇင်ပိုင်ငြိမ်နေမှာမဟုတ်တော့ပေ။

ခင်ဖူးပြည့်ဟာထက်ပြီး..

" မျိုးကိုကိုဒီကစီနီယာတွေကနောင်လာနောင်သားတွေကိုယ့်ထက်အကြီးတွေကို ပြန်ခံမပြောသင့်အောင်သင်ကြားပြောပြပေးနေကြတာ.."

" ဟုတ်လို့လားကျွန်မကတော့မထင်ပါဘူး...တစ်စုံတစ်ယောက်ဖားယားဖို့လုပ်နေကြတာလို့ပဲမြင်နေတယ်.."
တိတ်နေတဲ့စုရတနာဟာစောင်းမြောင်းပြောလိုက်သည်။ ဟိန်းသူရကလည်းဆက်ပြီး..

" ကျွန်တော်မွေးနေ့ပွဲမှာအစ်မတို့အရင်အကိုဇင်ပိုင်တို့ကို သွားနှောက်ယှက်ခဲ့တာမဟုတ်ဘူးလား..အဲ့ဒါကိုဘာလို့အစ်မတို့ဘက်ကနစ်နာနေတဲ့ပုံစံလုပ်နေရတာလည်း.."

" ဟိန်းသူရမင်းကငါ့ဘက်ကမပါဘဲ..တခြားသူစိမ်းဘက်ကနေဘာလို့ပါနေရတာလည်း..ကြည့်ကြပ်နေငါမင်းအိမ်ကသူတွေကို မင်းအကြောင်းပြောပြအုန်းမယ်..အကြီးတွေကိုတစ်ခွန်းမကျန်ပြန်ပြောနေတာပဲ မင်းလည်းသူတို့နဲ့ပေါင်းပြီး ပိုဆိုးလာပါလား...."
ဆိုပြီးထူးအိမ်​မြတ်ဟာဟိန်းသူရကိုဒေါသတကြီးပြောလိုက်တယ်..

ဟိန်းသူရဟာဒေါသထွက်သွားပေမဲ့သူ့ဝမ်းကွဲဖြစ်နေတာကြောင့် ငြိမ်နေလိုက်တယ်..ထိုအခါပြည့်စုံဟာ..

" ဘာလည်းဒီနေ့ကျတော့စကားလုံးလှလှလေးတွေနဲ့ ကျွန်တော်တို့အမှားဆိုပြီးလုပ်တော့မှာမှတ်လား...လာစမ်းပါလာလိုက်မကြောက်ဖူး..."
ပြည့်စုံဟာခေါင်းမော့ရင်ကော့ပြီးထိုနှစ်ယောက်ကိုစိန်ခေါ်လိုက်တယ်..ပြည့်စုံရဲ့နောက်ကနေလည်းမျိုးကိုကို၊စုရတနာနဲ့ ဟိန်းသူရတို့ကလည်းရှိနေကြပြီး ပြည့်စုံရဲ့နောက်ကနေပံ့ပိုးပေးနေတော့သည်။

တစ်ဖက်ကလူများပြီးအင်အားတောင့်ပေမဲ့ ပြည့်စုံတို့ဘက်ကတော့လူနည်းပေမဲ့ သူတို့ထက်ပိုပြီးပါဝါကြီးတယ်..နောက်ခံတွေကလည်းကြောက်ဖို့ကောင်းတာကြောင့်ပေါ့။

ထူးအိမ်မြတ်ဟာလက်သီးကိုအသေစုပ်ရင်းပြည့်စုံကိုကြည့်နေခဲ့တယ်..ခင်ဖူးပြည့်ကလည်းသူဘာစကားမှမပြောနိုင်အောင်လုပ်နေတဲ့ ပြည့်စုံကိုမုန်းတီးစွာဖြင့်ကြည့်နေတော့သည်။ ထိုအချိန်ဆရာတစ်ယောက်ရောက်လာကာဖြေဖြောင့်နေတော့သည်။ သို့ပေမဲ့ထိုဆရာဟာညီတူညီမျှမဟုတ်ပဲခင်ဖူးပြည့်တို့ဘက်ကို ဘက်လိုက်လေသည်။

ဇင်ပိုင်နဲ့ပြည့်စုံကိုတောင်းပန်ရမယ်လို့ပြောဆိုတော့သည်။ ပြည့်စုံကလည်းငြိမ်ငြိမ်မနေနိုင်ပဲပြန်ခံပြော။ ဆရာကလည်းသူ့လိုဆရာကိုပြန်ပြောရမလားဆိုပြီး ပြောဆိုပါရော။ တစ်ချို့ကျောင်းသားတွေကဗီဒီယိုရိုက်လို့ရိုက်၊ တခြားသူတွေမြင်လို့ရအောင်liveတွေလွှင့်ကြတော့သည်။

" မင်းကတော်တော်ဆိုးရွားတဲ့ကျောင်းသားပဲ..ကို့ယ်ဆရာကိုတောင်တစ်ခွန်းမကျန်ပြန်ခံပြောနေတယ်..မင်းလိုကျောင်းသားဒီမှာရှိတာ ဒီတက္ကသိုလ်နာမည်ပျက်တယ်...."

" ဟားဟား..အဲ့လိုပဲရယ်လိုက်တော့မယ်နာမည်ပျက်တယ်ဟုတ်လား..ဆေးချနေတဲ့ဆရာကိုတောင်မပြောရဲမတိုင်ရဲတဲ့ ဒီတက္ကသိုလ်ကဆရာတွေက နာမည်ပျက်တယ်ဆိုတဲ့စကားလာသုံးနေသေးတယ်..အခုမှလာပြီးနောက်ခံအားကိုးနဲ့လာမိုက်မနေနဲ့...ဆရာဆိုရင်ဆရာလိုပြုမူဘက်မလိုက်ပဲ သေချာစုံစမ်းစစ်ဆေးပြီးမှ ပြော..."

" မင်း...ငါမင်းရဲ့အကြောင်းအထက်ကိုတင်ပြပြီး မင်းကိုဘယ်တက္ကသိုလ်မှာမတက်နိုင်အောင်လုပ်ပြမယ်.."
ထိုဆရာပြောလိုက်ရောတခြားကျောင်းသားတွေက ဝါးကနဲဖြစ်သွားသည်။ ခင်ဖူးပြည့်နဲ့ထူးအိမ်မြတ်ကတော့လှောင်ပြောင်စွာကြည့်နေတော့တယ်..စုရတနာရောဟိန်းသူရရောဟာပြည့်စုံတို့အတွက် တော်တော်လေးကို ဒေါသတွေထွက်လာကြတယ်..

" ကျွန်တော်သိသလောက်ဆရာတစ်ယောက်က အဲ့ကျောင်းသားတော်တော်ဆိုးရွားမှအဲ့လိုလုပ်လို့ရတာမှတ်လား..."
ဆိုပြီးမျိုးကိုကိုမေးလိုက်တယ်..

" ဟုတ်တယ်ဒီကျောင်းသားပြည့်စုံကတော်တော်ဆိုးနေပြီ အကြီးတွေကိုလည်းပြန်ခံပြောဆရာဖြစ်သူကိုတောင်မချန်ပဲ တစ်ခွန်းမကျန်ပြန်ပြောနေတာလေ.. "

" ဒါဆိုရင်အကြောင်းပြချက်ကအဲ့ဒါပေါ့.."

"......"

" စာခိုးချလို့မဟုတ်ပဲ အကြီးတွေကိုပြန်ခံပြောမိလို့ ဆရာပြောတာကိုတစ်ခွန်းမကျန်ခံပြောမိလို့အထက်တင်ပြမလို့ကို..ဒီမှာဆရာ ဆရာဖြစ်သူကိုပြန်ခံပြောမိတာနဲ့အထက်ကိုတိုင်လို့ရတယ်လို့ မကြားမိဘူးနော်...ကိုယ့်ရဲ့ဒေါသကြောင့်နဲ့တစ်ဖက်ကသူတွေကိုလုပ်ချင်သလိုလုပ်လို့ရမယ်ထင်လား..."

" ဒီမှာမျိုးကိုကိုဆရာပြောတာဘာမှမမှားဘူး...ပြည့်စုံတို့ရဲ့အပြုအမူကဘယ်လောက်တောင်အောက်တန်းကျနေလည်း..သူတို့ကိုကြည့်ပြီးနောင်လာနောင်သားတွေအတုယူမှားကြရင် ဘယ်လိုလုပ်မှာလည်းပြော.."

" အဲ့တော့မတောင်းပန်တာနဲ့အပြစ်ပေးမယ်ပေါ့.."
တစ်ချိန်လုံးငြိမ်သက်နေတဲ့ဇင်ပိုင်ဟာ သူတို့ရှေ့ရောက်လာပြီးပြောလိုက်တော့သည်။ ပြည့်စုံကဇင်ပိုင်စပြောလာပြီဆိုတော့ မကြာခင်တကယ့်အမှန်တရားကိုချပြတော့မယ်ဆိုတာ သူသိလိုက်တယ်..ဒါကြောင့်သူငြိမ်နေလိုက်ပြီးပွဲကြည့်နေလိုက်သည်။ ဇင်ပိုင်လည်းပြောရောထူးအိမ်မြတ်ဟာ...

" ဒီမှာမှားတဲ့သူဆိုရင်တောင်းပန်ရမယ်ဆိုတာမသိဘူးလား.."

" အဲ့စကားကိုကျွန်တော်ကပြောရမှာလေ မှားတာကကျွန်တော်တို့လားဒီကအကိုတို့လား..."

" ဇင်ပိုင်ကိုယ့်ထက်ကြီးတဲ့သူပြောတာတွေကို တစ်ခွန်းမကျန်ပြန်မပြောသင့်ဘူးနော်..တောင်းပန်စရာရှိတာတောင်းပန်လိုက်လေမင်းတို့မှားနေတာမဟုတ်ဘူးလား..."
ဆရာဟာထပြောလိုက်သည်။

" ဆရာမှားတဲ့သူကတောင်းပန်ရမှာမှတ်လား..."

" ဟုတ်တယ်မှားတဲ့သူကတောင်းပန်ရမှာပဲ.."

" ဒါဆိုရင်ကျွန်တော်တင်ထားတဲ့ဗီဒီယိုလေးကိုကြည့်လိုက်အုန်း.."
ဇင်ပိုင်ဟာပြောပြီးသူ့အကောင့်ထဲကနေ ဗီဒီယိုတစ်ပုဒ်ကိုတင်လိုက်​တော့သည်။ ထိုဗီဒီယိုကဟိန်းသူရမွေးနေ့မှာဖြစ်ပျက်သွားတာတွေကို CCTVကနေရိုက်ကူးမိထားတာဖြစ်သည်။ ဟိုဗီဒီယိုလိုဇင်ပိုင်နဲ့ပြည့်စုံပြောနေတာပဲ ပါတာမျိုးမဟုတ်။ ခင်ဖူးပြည့်တို့ပြောတာတွေပါနေသည်။

အားလုံးချက်ချင်းကိုယ်စီဖုန်းထုတ်ကာ ဇင်ပိုင်တင်လိုက်တာကိုကြည့်နေတော့သည်။ ခင်ဖူးပြည့်ကတော့CCTVမှတ်တမ်းကိုမြင်ရော မျက်လုံးပြူးသွားခဲ့။ ထူးအိမ်မြတ်ကိုတစ်ချက်ကြည့်ပြီးဇင်ပိုင်ကိုကြည့်လိုက်ရော လှောင်ပြုံးပြုံးနဲ့ကြည့်နေတဲ့ ဇင်ပိုင်ကိုအံသြသင့်စွာနဲ့ကြည့်လိုက်တယ်..

သူဘာလို့အံသြနေရတာလည်းဆိုတော့ သူကိုယ်တိုင်CCTVမှတ်တမ်းတွေကိုဖျက်လိုက်တဲ့အပြင် အဲ့တုန်းသူတို့ကိုရိုက်ထားကြတဲ့သူတွေရဲ့ ဖုန်းတွေကိုသူကိုယ်တိုင်လှမ်းဟက်ပြီး ဖျက်ခဲ့တာဖြစ်သည်။ သူဟက်သာကိုအရမ်းကြီးမကျွမ်းပေမဲ့ သူဒီလောက်တော့လုပ်တက်သည်။  သူသေချာစွာဖျက်ပစ်ခဲ့တဲ့ CCTVမှတ်တမ်းပြည့်စုံကို ဇင်ပိုင်ဘယ်လိုများရသွားတာလည်းဆိုပြီး သူအံသြနေမိသလိုကြောက်စိတ်လည်းဝင်လာမိတယ်..

သူဇင်ပိုင်ရဲ့မျက်လုံးကိုကြည့်မိလိုက်ရော ခြေဖျားလက်ဖျားတွေအနည်းငယ်အေးစက်သွားခဲ့တယ်..ထူးအိမ်မြတ်ကလည်းခင်ဖူးပြည့်လုပ်နေတဲ့အချိန်ဘေးနားမှာ တစ်ချိန်လုံးရှိနေတာကြောင့် ဇင်ပိုင်ဘယ်လိုရသွားတာလည်းဆိုပြီး အံသြနေခဲ့။ ဗီဒီယိုကိုလည်းအားလုံးကြည့်ပြီးကြရော တိတ်သွားကြသည်။

ဆရာရယ်ခင်ဖူးပြည့်ကိုဖားယားချင်တဲ့သူတွေက ပိုပြီးတော့တောင်တိတ်သွားပြီး ခေါင်းငုတ်သွားကြတယ်..ဟိန်းသူရနဲ့စုရတနာတို့ကတော့ဇင်ပိုင်နဲ့ပြည့်စုံကိုတစ်လှည့်ဆီကြည့်လိုက်နဲ့ပေါ့။ မျိုးကိုကိုကတော့ဗီဒီယိုကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်ကာ ဇင်ပိုင်ကိုကြည့်လိုက်တယ်...

* မဆိုးဘူးပဲ..ဒါကြောင့်မို့သူငြိမ်နေတာကို တော်တော်ထိမိတဲ့ရိုက်ချက်... *

ပြည့်စုံဟာလှောင်ပြောင်တဲ့အသံဖြင့်...

" ကဲ...ပြောကြပါအုန်းအမှန်တရားကိုသိပ်သိကြတဲ့သူတွေ ဘယ်သူကစပြီးမှားတာလည်းဘယ်သူကမှန်တာလည်း..ပြောကြပါအုန်းဗျာ..ကျွန်တော်တို့နှစ်ယောက်ကိုလည်းဆုံးမစကားမပြောတော့ဘူးလား..."

" ဆရာ...ပြောကြည့်ပါအုန်းဘယ်သူမှားတာလည်း ဘယ်သူကတောင်းပန်ရမှာလည်း..."

" ဒါ...ခင်..ခင်ဖူးပြည့်တို့...တောင်း..တောင်းပန်ရမှာ..."
ဆရာဟာထိုစကားကိုစကားထစ်စွာနဲ့ပြောလိုက်သည်။ ဘယ်သူကိုမှမကြည့်နိုင်ပဲ မြေကြီးကိုသာကြည့်ပြီးပြောတော့တယ်..

ဇင်ပိုင်ဟာခင်ဖူးပြည့်ဆီတစ်လှမ်းခြင်းဆီလျှောက်သွားခဲ့။ ဇင်ပိုင်ရဲ့အကြည့်တွေဟာလုံးဝကိုကြောချမ်းစရာကောင်းနေခဲ့တယ်..ခင်ဖူးပြည့်တောင်အနောက်ကိုဆုတ်မိသွားခဲ့။ ထူးအိမ်မြတ်ဟာအရှေ့ကနေကာရပ်လိုက်ပြီးဇင်ပိုင်ကိုစိုက်ကြည့်လိုက်တယ်..ဇင်ပိုင်ကတော့တစ်ချက်လေးတောင်မတုန်လှုပ်။ သူ့အတွက်တော့ဒီလိုမျိုးအခြေအနေက ကြုံဖူးရပေါင်းများနေတဲ့အတွက်ပေါ့။

.......................................................................

အဲ့အချိန်မှာပဲကောင်လေးတစ်ယောက်ဟာကလေးကို နံရံမှာကပ်ပြီး~~~

ဇင်ပိုင်- ဖြောင်း.....

ကလေး- နာတယ်ဟဘယ်မသာငါ့နှဖူးကိုရိုက်တာလည်း...

ဇင်ပိုင်- sorry ခုနကမင်းအိပ်နေရင်းနှုတ်ခမ်းစူလာလို့ ငါဘီလူးစီးတယ်ထင်ပြီးရိုက်လိုက်တာ..

ကလေး - ......
အိမ်မက်လေးတော့ကောင်းကောင်းမက်ပရစေအုန်းဟ...

(zg)


" ဘာကိစ္စလည်း..."















" တော်တော့..."













"...."























"......"






ဆရာဟာထပြောလိုက်သည်။














.......................................................................


ဇင်ပိုင်- ဖြောင်း.....



ကလေး - ......

Continua llegint

You'll Also Like

YUVIKA: The Needed Love Per Riona

Literatura romàntica

741K 57.2K 35
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
13.5K 365 17
"I'm human! I can't participate in the mating game."
720K 59.9K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
Give It To Me(U+Z) Per Alice Hun

Literatura romàntica

28.9K 3.2K 3
From Two World Fic Book Cover by. MaaYa_H :3