Chapter -9

481 41 6
                                    

( အပေါ်ကသူကမေဇင်ထက်ပါ....)

" မဖြစ်ဘူး..မဖြစ်ဘူးအဖေ....."
ကျန်းဖေးဟာသူအိပ်မရလို့ရေထသောက်တဲ့အချိန် ဇင်ပိုင်အခန်းထဲကနေဇင်ပိုင်အော်နေတာကိုကြားရော ချက်ချင်းဇင်ပိုင်ခန်းထဲပြေးဝင်သွားခဲ့။ ကုတင်ပေါ်မှာရုန်းကန်ပြီးငိုယိုကာစကားပြောနေတဲ့ ဇင်ပိုင်ကိုကျန်းဖေးမနိုးနိုးအောင်ပြန်လုပ်နေခဲ့တယ်..

ဒါပေမဲ့ကျန်းဖေးဘယ်လိုလုပ်လုပ်ဇင်ပိုင်မနိုးလာခဲ့။ ငိုယိုပြီးတော့သာသူ့အဖေကိုတနေခဲ့တယ်...ပြန်လည်ငြိမ်သွားရောကျန်းဖေးအနည်းငယ်စိတ်အေးသွားပြီး ဇင်ပိုင်ထက်နှိုးဖို့အလုပ်ဇင်ပိုင်ခေါ်လိုက်တဲ့ နာမည်ကြောင့်ကျန်းဖေးမျက်မှောင်ကြုတ်သွားခဲ့တယ်..

" ဦးအောင်နိုင်..."
ထိုနာမည်ကိုဇင်ပိုင်ခေါ်လိုက်တာကိုသူအသေအချာကြားရော သူဘယ်သူလည်းသိချင်သွားလို့ထိုနာမည်ကိုသေချာမှတ်ထားလိုက်တယ်...ဇင်ပိုင်ကိုထက်နှိုးဖို့လုပ်ပေမဲ့မရ။ ဇင်ပိုင်ဟာအိပ်နေပေမဲ့လည်းငိုနေတာမရပ်ပေ။

အိပ်မက်ထဲမှာတော့ဇင်ပိုင်ဟာသူ့ညီနဲ့သူ့သူငယ်ချင်းပြည့်စုံရက်ရက်စက်စက်ရိုက်နှက်ခံနေရတာကို ဒီတိုင်းကြည့်နေရတယ်..ပြည့်စုံဟာအရိုက်ခံနေရပေမဲ့လင်းမောင်လေးကိုမလွှတ်တမ်းဖက်ထားခဲ့။

" ကြည့်ပါအုန်းဇင်ပိုင်လေးမင်းခင်ရတဲ့သူငယ်ချင်းက မင်းထက်မင်းမောင်လေးကိုသဘောကျနေတယ်..စိတ်မပူပါနဲ့ကိုယ်မင်းအတွက်ကလဲ့စားချေပေးမယ်..."

ဦးအောင်နိုင်စကားဆုံးရောခုနကပြည့်စုံနဲ့လင်းမောင်လေးကို ရိုက်နေတဲ့သူတွေဟာသေနတ်ထုတ်လိုက်ပြီးချိန်လိုက်တော့တယ်..ဇင်ပိုင်ဟာခေါင်းခါရင်းမလုပ်ဖို့အော်ချင်ပေမဲ့သူ့အသံဟာမထွက်ပေ။ ကိုယ်ကလည်းမလှုပ်ရှားနိုင်တော့သူ့အတွက်ခံရအခက်ဆုံးပေ။

ဒိုင်း...သေနတ်သံအချက်ပေါင်းများထွက်ပေါ်လာတဲ့တစ်ပြိုင်နဲ့ ပြည့်စုံနဲ့လင်းမောင်ရဲ့ကိုယ်ထဲကိုကျည်ဆံများ ဝင်ရောက်သွားတော့သည်။

အား......
ဇင်ပိုင်အော်ဟစ်ပြီးအိမ်မက်ကနိုးလာခဲ့။ ဘေးနားမှာစိုးရိမ်တကြီးစောင့်ကြည့်နေတဲ့ကျန်းဖေးဟာ ဇင်ပိုင်လည်းနိုးရောဇင်ပိုင်ကိုလှမ်းဖက်လိုက်တယ်..ဇင်ပိုင်ဟာမှောင်နေတဲ့အတွက်ကြောင့်ဘယ်သူမှန်းမသိတာရယ်..ခုနကအိမ်မက်ဆိုးကြောင့်ရယ်ကြောင့်အတင်းရုန်းကန်နေတော့သည်။

Mr.Zin (s-2)Where stories live. Discover now