Chapter -13

217 28 2
                                    


" ခင်ဗျားတို့အရှက်ပိုမကွဲချင်ရင် တောင်းပန်.."
ဇင်ပိုင်ဟာထူးအိမ်မြတ်ရဲ့မျက်လုံးကိုစိုက်ကြည့်ကာပြောလိုက်သည်။ ဇင်ပိုင်ရဲ့အကြည့်ကြောင့် ထူးအိမ်မြတ်ရဲ့ကိုယ်လေးတုန်တက်သွားခဲ့။ ထူးအိမ်မြတ်ပြန်ပြောတော့မဲ့အချိန်မှာ သူ့အနောက်ကနေစကားတစ်ခွန်းထွက်လာခဲ့တယ်..

" တောင်းပန်တယ်.."
ထိုအသံပိုင်ရှင်ကခင်ဖူးပြည့်သာဖြစ်သည်။ ထူးအိမ်မြတ်ဟာအနောက်ကိုလှည့်လိုက်ပြီး အကြည့်နဲ့ဘာလို့တောင်းပန်တာလည်းပေါ့ ခင်ဖူးပြည့်ဟာဇင်ပိုင်ကိုမေးငေါ့ပြလိုက်တယ်..ပြောချင်တဲ့အဓိပ္ပါယ်ကတောင်းပန်လိုက်ဆိုတာပေါ့။

ထူးအိမ်မြတ်ကရွေးချယ်စရာမရှိပဲတောင်းပန်တယ်လို့ပြောပြီးထွက်သွားခဲ့။ တောင်းပန်တယ်လို့သာပြောတာကို ကာရံကံရှင်နှစ်ယောက်ကိုတစ်ချက်တောင်မကြည့်ပေ။ ခင်ဖူးပြည့်ကလည်းဇင်ပိုင်နဲ့ပြည့်စုံကိုတစ်ချက်ကြည့်ကာ ထွက်သွားတော့သည်။

ပြည့်စုံကအားရစွာဖြင့်ရေးဆိုပြီးအော်လိုက်တယ်..ခုနကအသံကောင်းဟစ်နေခဲ့ကြတဲ့ စီနီယာတွေဟာဇင်ပိုင်တို့သတိမထားမိခင်ထွက်သွားဖို့လုပ်ကြတယ်..ကံဆိုးချင်တော့ပြည့်စုံဟာလှမ်းတားလိုက်ပြီး..

" ဝေး..ဟိုစီနီယာအစ်မတို့အကိုတို့ရေ..ဒီတိုင်းပဲထွက်သွားမလို့လား.."

" ဘာလုပ်ပေးရမှာလည်း..."

" ကျွန်တော်တို့နှစ်ယောက်ကိုပြောဆိုထားတာများတယ်လေ တောင်းပန်ရမှာပေါ့..."

" ငါတို့ကအမှန်တရားကိုမှမသိခဲ့တာ.."

" ဟုတ်တယ်အမှန်တရားကိုမသိခဲ့လိုပြောမိတာ.."

" သြော်..အခုမှလာပြီးအမှန်တရားကိုမသိခဲ့လို့ပြောမိတာပါလို့ လာမပြောနဲ့...အစထဲကပြောခဲ့တယ်လေဗီဒီယိုကအစုံမဟုတ်ဘူး..အဲ့ဒါတွေကအမှန်မဟုတ်ဘူးလို့ပြောတုန်းက ခင်ဗျားတို့ဘာသာဖင်ပိတ်ငြင်းနေတာလေ..."

"...."

" မွေးနေ့ရှင်ကိုယ်တိုင်ကအမှန်တရားကိုပြောပြနေခဲ့တာလေ ခင်ဗျားတို့ဘာသာတစ်ဖက်ပိတ်နေခဲ့ပြီးတော့များ..အခုမှဝေ့လည်ကြောင်ပတ်လာလုပ်မနေနဲ့ ခင်ဗျားတို့ပါးစပ်ကနေတောင်းပန်ပါတယ်ဆိုတဲ့စကားမကြားရရင် တာဝန်ခံကိုတင်ပြမယ်..ကျွန်တော်တို့နှစ်ယောက်ကိုအသရေဖျက်တယ်ဆိုပြီးတင်ပြမှာ.."

Mr.Zin (s-2)Where stories live. Discover now