သခင်ကြီးရဲ့အသည်းတုံးလေး

By moonpielay

11.7K 1.5K 100

ဖုလွေ့အန်း + ချိုးချိုး More

1
နို့တစ်စာ
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(11)
(12)
(13)
(14)
(15)

(10)

555 84 2
By moonpielay

Unicode

(10)

ပြိုင်ပွဲမှာ သီချင်းဆိုတဲ့ကိစ္စကို အိမ်ကလူတွေကို ဖုံးထားလို့မရမှန်း ချိုးချိုးက သိပါတယ်။ ဒါပေမယ့် မသိလိုက်တာကတော့ သတင်းက ဒီလောက်မြန်မြန်ပျံ့သွားလိမ့်မယ်လို့လေ။

သူက သူ့ရဲ့ကျော်ကြားမှုကို လုံးဝလျှော့တွက်လိုက်မိတာ။

နေ့လည်ဘက် စင်ပေါ်မှာသီချင်းဆိုပြီး ညနေရောက်တော့ A တက္ကသိုလ်ရဲ့အချောဆုံးကောင်လေးက သီချင်းဆိုပြိုင်ပွဲမှာ ဂန္ဓဝင်သီချင်း《ငါက သိုးကလေးတစ်ကောင်》ဆိုပြီး အနိုင်ရသွားတယ်လို့ တစ်မြို့လုံးက ကျောင်းသားတွေအကုန်လုံးက သိသွားခဲ့ကြတယ်။

နောက်တစ်နေ့မှာ ချိုးချိုးက ဒုဌာနမှူးပါမောက္ခဝမ်ရဲ့ မေဂျာအတန်းချိန် သွားတက်ရတယ်။ အတန်းချိန်က နှစ်ပိုင်းဖြစ်ပြီး အလယ်မှာ (၁၅)မိနစ် နားချိန်ပေးတယ်။ နားချိန်အတွင်းမှာ ပါမောက္ခဝမ်က တဟဲဟဲနဲ့ သူ့ကို စင်ပေါ်ဖိတ်ခေါ်ပြီး အားလုံးအတွက် သီချင်းဆိုပြခိုင်းတယ်။

...... အခုတော့ မူလတန်းကျောင်းသားလေးတစ်ယောက် နှစ်သစ်ကူး အခါသမယ ဆွေမျိုးတွေအားလုံးရှေ့မှာ ဇွတ်အတင်းပါဖောမန့်လုပ်ခိုင်းခံရတဲ့ ဖီလင်မျိုးကို ချိုးချိုးကနားလည်သွားပြီ။

ဒါပေမယ့် ချိုးချိုးက စိတ်ဓါတ်ပိုင်းဆိုင်ရာအားကောင်းတယ်။ ဘယ်တုန်းကမှ စင်မကြောက်ခဲ့ဘူး။ ယုံကြည်ချက်အပြည့်အဝနဲ့ သီဆိုအပြီးမှာ လက်ခုပ်သြဘာသံတွေ တလှေကြီးရခဲ့တယ်။

တကယ်တမ်းမှာ ကျောင်းသားအများစုက ဒီကောလိပ် prince charming လေး သူ့ကိုယ်သူ အရူးလုပ်မိပြီး အရှက်ဗြန်းဗြန်းကွဲမယ့်အချိန်ကို စောင့်နေကြတာပါ။

ဒါပေမယ့် လူတချို့ရဲ့ charming ချက်က မွေးလာကတည်းက သူ့ပါရမီနဲ့သူလေ။ ကလေးသီချင်းတစ်ပုဒ်ဆိုနေရင်တောင် ပရိသတ်တွေ ရင်ထဲထိရှသွားမှာပဲ။

ကျောင်းသူတစ်ယောက်က အောက်ဖက်ကနေအော်တယ် "ချိုးချိုး .. ငါ နင့်ကို ခွေးပေါက်လေးတစ်သိုက် မွေးပေးမယ်!"

ချိုးချိုးက ရှက်တက်တက်နဲ့ပြောတယ် ".... အာ.. ဒါပေမယ့် ငါက သိုးလေ"

ကျောင်းသားတစ်ယောက်က ဒီဖျော်ဖြေတင်ဆက်မှုကို ဗီဒီယိုရိုက်ထားပြီး ဝီချက်ကျောင်းသားဂရုပ်မှာ တင်လိုက်တယ်။《အထူးသတင်း! A တက္ကသိုလ်ရဲ့ ဟိုက်ပါအလန်းလေးက အတန်းထဲမှာ ဆရာစာသင်တာကို နားမထောင်ဘဲ ဒါတွေလုပ်နေတယ် ......》ဆိုတဲ့ခေါင်းစဉ်နဲ့။ နောက်ပြီး တက္ကသိုလ်ကျောင်းသား အသိုင်းအဝိုင်းမှာ အမြန်ဆုံးပျံ့သွားလေတယ်။

ချိုးချိုးရဲ့ဦးလေးက ဒီဗီဒီယိုကိုတွေ့ပြီး အလွန်တရာသစ္စာရှိစွာနဲ့ မိသားစုဂရုပ်မှာ ရှဲလိုက်တယ်။

ချိုးပါးပါးနဲ့ ချိုးမားမားက ကြည့်ပြီး ထင်တဲ့အတိုင်း ရှော့ရသွားပြီပေါ့။

ငါက လောင်ချိုး : ......ချိုးချိုးက အလန်းလေးလား????

မင်းစိတ်ငါနားလည် : ......ချိုးချိုးက ဟိုက်ပါလား????

ငါကလောင်ချိုး : ဆရာမသုန်ရေ.. မင်းသားက သူ့အဖေခြေရာနင်းတယ်၊ အရည်အချင်းရှိတယ် ဗဟုသုတကြွယ်တယ်၊ GPA 4.0 ရထားတာ၊ ဟိုက်ပါသေချာတာပေါ့ကွ

မင်းစိတ်ငါနားလည် : ဆရာချိုးရေ.. ရှင့်သားက သူ့အမေခြေရာနင်းတယ်ရှင့်၊ မျက်နှာသေးသေး မျက်လုံးကြီးကြီး ခြေတံရှည်ရှည်နဲ့ ခါးသွယ်သွယ်လေး၊ မိန်းကလေးတွေဘယ်လောက်များ သူ့ကိုလက်ထပ်ချင်နေမလဲ မသိဘူး

စင်ကြယ်ပြီးသီလရှိတဲ့ရှန့် : ကောင်းတယ်.. ဒီကောင်လေး အောင်မြင်ဦးမှာ

ဆောင်းဦးရဲ့ချိုး : (ノへ ̄)

ဒီမိသားစုကတော့ အဓိကအချက်ကို မရှာနိုင်ဘူးဟေ့။

အခုအချိန်မှာ ချိုးချိုးက တတိယနှစ်ရဲ့ ဒုတိယနှစ်ဝက် ရောက်နေပါပြီ။ စာတွေများပြီး အတန်းတွေကျပ်တယ်။ အစက သူက စာကောင်းကောင်းမလုပ်လို့ဆိုပြီး သူ့အဖေဆူမှာစိုးနေခဲ့ပေမယ့် ချိုးပါးပါးက ဒါကိုဂရုမစိုက်ဘူး။

ကလေးတွေက ဆော့ဖို့ကစားဖို့ ကိုယ်ပိုင်အားလပ်ချိန်ရှိသင့်တယ်လို့ သူကတွေးတယ်။ အခုနေမလုပ်ထားရင်း နောင်တစ်ချိန်လူကြီးဖြစ်လို့ အလုပ်တွေဝင်တဲ့အခါ ဘယ်အချိန်ရှိတော့မလဲပေါ့။

ဒါကြောင့် ပိတ်ရက်မှာ ချိုးချိုး အိမ်ပြန်လာတဲ့အခါ ချိုးပါးပါးက သူ့ကိုစေ့စေ့စပ်စပ်ကြည့်ပြီး သူ့ပုံစံက ကျောင်းသားဆန်လွန်းတယ်လို့ ပြောတယ်။ ဟိုက်ပါအလန်းလေးဆိုတဲ့ ခေါင်းစဉ်နဲ့လိုက်အောင် ဆံပင်စတိုင်ချိန်းပေးမယ့် စတိုင်လစ်ဆီခေါ်သွားပေးမယ်လို့ ဆိုတယ်။

"မက်ဆီကန်စတိုင် ဘေးနှစ်ဖက်ကို အတိုရှိတ်ထိုးပြီး အနောက်ကိုသိမ်းမယ်၊ ထိပ်ကဆံပင်က နည်းနည်းလေးရှည်မယ်..... အခုခေတ်လူငယ်လေးတွေအများကြီး ဒီပုံထားကြတာ တွေ့တယ်"

ချိုးချိုးက အူလည်အူလည်နဲ့ သူ့အဖေနောက်ကနေ လိုက်ခဲ့ရတယ်။

ဆံပင်ညှပ်ဆိုင်ရောက်ပြီး မှန်ရှေ့မှာထိုင်လိုက်တဲ့အခါမှ မက်ဆီကန်စတိုင် မဟုတ်ဘဲ မိုဟီကန်စတိုင်ဖြစ်နေပြီး ဆံပင်ညှပ်ပေးမယ့်လူကလည်း "ဆရာသိုက်" မဟုတ်ဘဲ "ဆရာမဒေစီ" ဖြစ်နေတာကို တွေ့လိုက်ရတယ်။

ချိုးချိုးက အဝေးမှုန်နေတာ တော်တော်ဆိုးဆိုးပါ။ မျက်မှန်ချွတ်လိုက်တာနဲ့ လူလား တိရစ္ဆာန်လား မခွဲခြားနိုင်ဘူး။ သူ့နောက်မှာရပ်နေတာ ဆံသဆရာလား ဆံဖျက်ဆရာလား ရေရေရာရာမပြောနိုင်လို့ သူက ဆံပင်ညှပ်ဆိုင်ကိုတောင် တော်ရုံတန်ရုံသွားခဲတယ်။

နောက်ဆုံးတော့ တစ်နာရီလောက်စောင့်ပြီး မျက်မှန်ပြန်တပ်လိုက်တဲ့အချိန် သူ့တစ်ခေါင်းလုံး အသစ်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ရလဒ်က 404 not found ပါပဲ..

(T/N: 404 not found ဆိုတာက ဝက်ဆိုဒ်ထဲကို ဝင်လို့မရတော့ရင် ပေါ်လာတဲ့စာသားကိုပြောတာ၊ ကြောင်ပျောက်သွားတယ်ဆိုတဲ့အနေနဲ့ပြောတာ၊ လူက လုံးဝလစ်ထွက်သွားတာ)

ဆရာမဒေစီက ဆံပင်ပုံစံအသစ်ကို ကြိုက်လားလို့ အားတက်သရောမေးလာတယ်။

ချိုးချိုး : "......နည်းနည်းလေးထောင့်ဖြစ်နေသလားလို့"

"လေးထောင့်.. ကိစ္စမရှိဘူး၊ နည်းနည်းဝိုင်းသွားအောင် ရိတ်ပေးမယ်"

"......"

ပြီးတော့ ဒီလိုနဲ့ပဲ စင်းလုံးချော ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဟာ ခေါင်းထိပ်မှာ အဖုတ်တသိုက်နဲ့ ကြက်ဖကေ ဖြစ်သွားရောသတဲ့။

ချိုးချိုး ကျောင်းပြန်ရောက်တဲ့အခါ ကျောင်းသားတွေကရယ်ကြတယ်၊ ဆရာတွေလည်းရယ်ကြတယ်၊ အခန်းဖော်ဝံကြီးကတောင် ရယ်တယ်။

《စူပါမျိုးဆက်သစ်တို့အသံ》က ဝန်ထမ်းက သူ့ဆီလာပြီး ဆီမီးဖိုင်နယ်လမ်းညွှန်ချက်တွေလာပေးချိန်မှာ အံ့သြလွန်ပြီး ကြက်သေသေသွားတယ်။

ဒီနေ့လာတဲ့လူက ဟိုနေ့က အင်္ကျီဝါနဲ့လူပဲဖြစ်တယ်။ သူက သူ့ကိုယ်သူ လက်ထောက်ဒါရိုက်တာလို့ မိတ်ဆက်ပေးတယ်။

ဒီလက်ထောက်ဒါရိုက်တာက သူ့အပေါ်မှာ အတော်လေး ယဉ်ကျေးပျူငှာတယ်

"... သိုးကျောင်းသားလေး.. ပြိုင်ပွဲအတွက် မင်းက တကယ့်ကို အကြီးကြီးအနစ်နာခံလိုက်တာပဲ"

"ကျွန်တော့်မျိုးနွယ်ကချိုးပါ......"

"ဆောရီး ဆောရီး မှတ်ထားလိုက်ပြီ၊ မင်းဆံပင်ပုံစံကို အပြစ်တင်ရမှာပဲ၊ လန်ယန်ယန်နဲ့ အတော်လေးတူတာကိုး"

(T/N: လန်ယန်ယန်က Pleasant sheep and big big wolf ထဲက သိုးငပျင်းပါ၊ သူ့ပုံစံက ခေါင်းပေါ်မှာအီးပုံလေးတင်ထားတဲ့အတိုင်း ဖောင်းဖောင်းလေးဖြစ်နေလို့)

ချိုးချိုးက တအားစိုးရိမ်သွားတယ် "အရမ်းကြည့်ရဆိုးလား"

"ဘာမှမဖြစ်ဘူး၊ ပြိုင်ပွဲကိုမထိခိုက်ဘူး၊ မင်းကတော်တာပဲ၊ အရည်အချင်းကိုပဲကြည့်မှာ ရုပ်ရည်ကိုမကြည့်ဘူး"

"......."

ဒီဆံပင်ပုံစံက အရမ်းရုပ်ဆိုးမှန်း ချိုးချိုးသိတယ်။ ဘယ်လောက်များဆိုးလဲဆို 'ရုပ်ကိုမကြည့်ဘူး၊ အရည်အချင်းကိုပဲကြည့်မှာ' ဘာတွေတောင် ဖြစ်ကုန်ပါပြီ။

နှစ်ယောက်သားက ကျောင်းပေါက်ဝက ကော်ဖီဆိုင်မှာ တွေ့ကြတယ်။ ပြီးခဲ့တဲ့အခေါက်နဲ့မတူဘဲ ပြည်နယ်ဆီမီးဖိုင်နယ်က အရေးကြီးတယ်။ ဆီမီးဖိုင်နယ်က နိုင်ရင် ဖိုင်နယ်ကို မြောက်ပိုင်းဒေသကိုယ်စားပြုအနေနဲ့ ရောက်မှာဖြစ်တယ်။ မြောက်ပိုင်းရဲ့ ဖိုင်နယ်သုံးယောက်က အခြားပြည်နယ်တွေရဲ့ ဖိုင်နယ်သမားတွေနဲ့ ထပ်ပြိုင်ရမှာဖြစ်တယ်။

ပြည်နယ်ပွဲက သိပ်ရှုပ်ရှုပ်ထွေးထွေးမရှိဘူး၊ နှစ်ယောက်ချင်းပြိုင် ရှုံးရင်ထွက်။

နောက်ဆုံး နိုင်ငံအဆင့်ကို ဝင်လာမှသာ Vote စနစ်တွေ ပြန်ကယ်စနစ်တွေနဲ့ လှည့်ကွက်တွေပိုများလာမှာ ဖြစ်တယ်။ အတိုကောက်ဆိုရရင် ပရိသတ်တွေကို အာရုံဖမ်းစားထားနိုင်မှ ရွှေကိုရလိမ့်မယ်။

ချိုးချိုးက အခုမှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းတွေကို ကြားဖူးတာ။ သူက ရုတ်တရက် သဘောထပေါက်တယ် "နားလည်ပြီ၊ ကျွန်တော်က အခုလက်ရှိ ကြေးရထားတယ်၊ တဆင့်ပြီးတဆင့် တိုက်ခိုက်ရမယ်၊ နိုင်ရင် အဆင့်တက်မယ်၊ ဒီလိုနဲ့ တဖြည်းဖြည်းပိုတော်လာရင် ရွှေအဆင့်ဖြစ်လာမယ်"

လက်ထောက်ဒါရိုက်တာက ဖြန်းခနဲပေါင်ကိုရိုက်လိုက်တယ် "ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်.. မင်းတို့အရွယ်ကလေးတွေလည်း Knights of the Zodiac ကြည့်ကြသေးတာလား"

"......ကျွန်တော်က Honor of Kings အကြောင်းပြောတာပါ"

(T/N: လက်ထောက်ဒါရိုက်တာပြောတာက အရင်ခေတ်က ဂျပန်အာနီမဲ၊ ချိုးချိုးပြောတာက လက်ရှိခေတ်က ကွန်ပြူတာဂိမ်း)

လက်ထောက်ဒါရိုက်တာက သီးသွားပေမယ့် အရေထူတယ်လေ။ ခဏချင်းမှာ စကားဆက်ပြောနိုင်တယ် "ဒီတစ်ခေါက် ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ကို A မြို့က ရုပ်သံလွှင့်ရုံမှာ ကျင်းပမှာ၊ အစ်ကိုတို့က အဲ့ဒိကအကြီးဆုံး စတူဒီယိုကိုတောင် ငှားထားပြီးပြီ၊ လူတစ်ထောင်ဆံ့တယ်၊ သိတယ်မလား.. အဲ့နာမည်ကြီးအချစ်ဇာတ်လမ်းတွဲ《ယောက်ျားနဲ့မိန်းမ ကတောက်ကဆ 》ကို အဲ့စတူဒီယိုမှာပဲ အသံသွင်းထားတာ"

အဲ့ဒိရှိုးကို ချိုးချိုးသိတယ်။ ဆရာမသုန် တစ်ပိုင်းမှအလွတ်မခံတဲ့ရှိုးလေ။ သမုဒ္ဒရာကို ဖြတ်နေရရင်တောင် အခွေကူးထားပြီး ကြည့်တယ်။

လက်ထောက်ဒါရိုက်တာက ကြွားလည်းကြွားချင်တယ်၊ သိပ်လည်းမရဲဘူး "အဲ့စတူဒီယိုက ရဖို့မလွယ်ဘူး၊ လိုချင်နေတဲ့ ပရိုဂရမ်တွေမှ ဘယ်လောက်များလဲ၊ အစကတော့ အစ်ကိုတို့လည်း မရပါဘူး၊ ဒါပေမယ့် စပွန်ဆာအကြီးကြီး ရသွားလိမ့်မယ်လို့ ဘယ်ထင်မှာလဲ၊ အစ်ကိုကို့ စပွန်ဆာကတော်တော့်ရက်ရောတယ်၊ အဲ့စတူဒီယိုအတွက် သူပဲအကုန်ခံတာ"

သူက ချိုးချိုးပုခုံးကို နှစ်ခါပုတ်လိုက်ပြီး "ကျောင်းသားလေး.. ပရိသတ်တွေများတယ်ဆိုပြီး မကြောက်နဲ့နော်၊ စင်ပေါ်ရောက်မှ အသံမထွက်တာမျိုး မဖြစ်စေနဲ့"

"မကြောက်ပါဘူး" ချိုးချိုးကပြောတယ်။

လက်ထောက်ဒါရိုက်တာက ဘယ်ယုံပါ့မလဲ၊ ဒီကောင်လေး ရုပ်တည်နဲ့ရွှီးနေတာပါဆိုပြီး တွေးနေတယ်။

လက်ထောက်ဒါရိုက်တာ မသိတာကတော့ နှစ်တိုင်း နှစ်တိုင်း Aတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ပါတီမှာ ကျောင်းသားသောင်းနဲ့ချီတာကိုပဲ။ ဒီလိုလှိုင်းလုံးကြီး ကြုံဖူးမှတော့ ပရိသတ်တစ်ထောင်ဆိုတာက ချိုးချိုးစိတ်ထဲ ရေပွက်လေးသာသာပါပဲ။

သူတို့ကော်ဖီဆိုင်ထိုင်နေတဲ့ မိနစ်သုံးဆယ်မှာ ဆယ်မိနစ်လောက်ကသာ ပြိုင်ပွဲစည်းကမ်းအကြောင်း ရှင်းပြတာဖြစ်ပြီး ကျန်တဲ့မိနစ်နှစ်ဆယ်မှာ လက်ထောက်ဒါရိုက်တာက သူတို့ဆွဲနိုင်လိုက်တဲ့ရွှေပေါင်ကြီးကို အမွှန်းတင်နေတယ်။

သူတို့ကိုယ်တိုင်က ကန်းနေပေမယ့် ဒီရွှေပေါင်ကြီးက ရှိုးရဲ့အလားအလာကို အဖက်ဖက်ကထိုးထွင်းသိမြင်တယ်။ အခုတော့ သူတို့တွေပေါင်းစည်းပြီး ရှိုးကို next level ရောက်အောင် လုပ်ကြတော့မယ်ပေါ့။

ရွှေပေါင်ကြီးက နာမည်တပ်ခွင့်ကို ဝယ်ယူလိုက်ရုံသာမကဘူး၊ ပရိုဂရမ်တစ်ခုလုံးစာ ငွေအားနဲ့လုပ်အားပါ စိုက်ထုတ်တယ်။ အခုအချိန်မှာ သူတို့ပရိုဂရမ်က လေသေနတ်ကနေ အမြောက်လက်နက်ပြောင်းလဲပြီးဖြစ်တဲ့အတွက် နေ့တိုင်းထုတ်လွှင့်တဲ့ နှံပြည်စုတ်အမွှေးနုတ် ပေါပေါပဲပဲပရိုဂရမ်တစ်ခု မဟုတ်တော့ပါဘူး။

လက်ထောက်ဒါရိုက်တာက ပြိုင်ပွဲလမ်းညွှန်ချက်တွေပါတဲ့ စာရွက်တစ်ထပ်ကို ဆွဲထုတ်လာပြီး စားပွဲပေါ် ဘန်းခနဲတင်လိုက်တာ စားပွဲပေါ်က သကြားခွက်တောင်မှ တုန်သွားတယ်။

တဖက်မှာ ချိုးချိုးကလည်း စာရွက်ပေါ်ကစာသားကိုမြင်ပြီး ခေါင်းမွေးတွေထောင်သွားတယ်။

—— အန်းလွေ့လုပ်ငန်းစုမှ ကြီးမှူးတင်ဆက်သည့် စူပါမျိုးဆက်သစ်တို့အသံ

ချိုးချိုးက သူ့ကိုယ်သူ တစ်နည်းနည်းနဲ့ ရှူးဂါးဘေဘီဖြစ်ဆဲပဲလို့ ခံစားလိုက်ရတယ်လေ... သူ့ရှူးဂါးဒယ်ဒီဖုလွေ့အန်း တစ်ဦးတည်းထူထောင်ခဲ့တဲ့ ကုမ်ပဏီက အန်းလွေ့လုပ်ငန်းစုကိုး..

ချိုးချိုးက အရူးမဟုတ်ဘူး။ 《ငါက သိုးကလေးတစ်ကောင်》သီချင်းကိုဆိုပြီး အသံစစ်အောင်သွားတယ်ဆိုကတည်းက အတော်လေးထူးဆန်းတယ်လို့ တွေးမိပြီးသား။ ပရိုဂရမ်က အစကတည်းက စုတ်ပြတ်နေလို့ဖြစ်မယ်လို့ တွေးလိုက်ပေမယ့် အခုတော့သိလိုက်ပြီ.. ရေကနောက်လွန်းလို့ အောက်ခြေကိုမြင်မရ ဖြစ်နေတာ!

ချိုးချိုးက မရဲတရဲနဲ့ မေးလိုက်တယ် "... လက်ထောက်ဒါရိုက်တာအစ်ကိုကြီး.. ဒီပရိုဂရမ်မှာ ငွေဘယ်လောက်ရင်းနှီးမြှပ်နှံထားလဲ သိလားဗျ..."

"မများဘူး မများဘူး၊ သိန်း ( ၂၀၀ ) ထဲ"

"......"

"အစ်ကိုတို့ ပရိုဂရမ်အလားအလာအရဆို အရမ်းတန်တာ"

"......"

လက်ထောက်ဒါရိုက်တာ ထွက်သွားပြီးမှာ ချိုးချိုးက သူ့ဒယ်ဒီဆီ မသာမယာနဲ့ ဖုန်းခေါ်လိုက်တယ်။

ဖုန်းလိုင်းက အမြန်ဆုံးဝင်သွားတယ်။

"ချိုးချိုး ဘာကိစ္စလဲ"

ချိုးချိုးက အလွန်တဲ့တိုးဆန်စွာ ဝေ့လည်ကြောင်ပတ်မေးလိုက်တယ် "ဒယ်ဒီ.. ကျွန်တော် ဒယ်ဒီ့ဆီမှာ ဂစ်တာဖိုးငါးသောင်းအပြင် တခြားသိန်း(၂၀၀)ရော အကြွေးတင်နေသေးလား"

ဖုလွေ့အန်းက တစ်စက္ကန့်လောက်ရပ်သွားပြီးမှ ဘာမှမဖြစ်သလို ပြန်ဖြေတယ် "ဟင့်အင်း"

ချိုးချိုးက စိတ်သက်သာရာရပြီး မျက်နှာကြီးဖြဲသွားတယ်.. တော်သေးတယ် တော်သေးတယ်.. ဒယ်ဒီ ဒီအကောင်းစားရှိုးမှာ ရင်းနှီးမြှပ်နှံလိုက်တာ သူ့ကြောင့်မဟုတ်လို့..

"လိုင်းပေါ်ရော ပြင်ပမှာရော ထုတ်လုပ်စရိတ်အတွက်က ထပ်ပေါင်း သိန်း(၁၀၀)ရှိသေးတယ်"

"......???"

ရုတ်တရက်ဆိုသလို အကြွေးက ငါးသောင်းကနေ သိန်းသုံးရာနဲ့ ငါးသောင်း ဖြစ်သွားတယ်။ ချိုးချိုးက ဒီညအိပ်မပျော်တော့ပါဘူးဆိုပြီး ဖုန်းထဲကနေ ငိုယိုတော့တယ်။

ဖုလွေ့အန်းက ဒီရလဒ်ကို တအားကျေနပ်နေတာလေ။

"အိပ်မပျော်လည်း ကောင်းတာပဲ၊ ကိုယ့်အကြောင်းများများတွေးနေ"

"......"

ဖုန်းချပြီးမှာ ချိုးချိုးစိတ်ထဲ သေလောက်အောင်ပျာယာခတ်နေတယ်။ တကယ်လို့ သူ့ကိုသာ ပေါင်ချိန်စက်ပေါ်တင်ပြီး ချိန်ကြည့်မယ်ဆိုရင် တစ်ပေါင် (၂)သိန်းကျော်တန်နေပြီဖြစ်တယ်။

သူက နေမရထိုင်မရနဲ့ ဖုလွေ့အန်းဆီ ဝီချက်မက်စေ့ပို့လိုက်တယ်။

ဆောင်းဦးရဲ့ချိုး : ဒယ်ဒီက တကယ့်ကို စိတ်ပုတ်တဲ့သူဌေး

မွေးစားအဖေရဲ့ဒယ်ဒီ : ဟင့်အင်း.. ကိုယ်က ဒုတ်တုတ်တဲ့သူဌေးပါ

ချိုးချိုးက ဖုန်းကစာကိုဖတ်ပြီး မျက်နှာနီရဲသွားတယ်.... အောက်ပိုင်းပြက်လုံးကို မမျှော်လင့်ဘဲ နားလည်နေတယ်လေ။ ဒယ်ဒီရဲ့ အကျင့်တွေ ကူးစက်သွားလို့ပဲ ဖြစ်မှာပေါ့။

.........

.

.

.

.

.

[ T/N

(ဒီနုတ်က တိုက်ဆိုင်လို့ ကြားထဲမှာထည့်ရေးလိုက်တာပါ)

ကိုယ်က အစကတော့ ဒီနိုဗယ်လေးလွယ်တယ်ဟဆိုပြီး ပြန်မယ်လုပ်လိုက်တာပဲ၊ နောက်မှ သံတူကြောင်းကွဲတွေနဲ့တိုင်ပတ်နေတယ်၊ ဥပမာ..

ဒီအောက်နားလေးက 'စိတ်ပုတ်တဲ့သူဌေး ဒုတ်တုတ်တဲ့သူဌေး' အဲ့နေရာက တော်တော်ခေါင်းစားရတယ်၊ တရုတ်လိုကျတော့ နှစ်ခုလုံး 'ချိုင်သာ့ချိချူး' ပဲ၊

ချိုးချိုးပြောတာက 'ဒယ်ဒီက တကယ် ချိုင်သာ့ချိချူး' အဓိပ္ပါယ်က 'ငွေချမ်းသာပြီးစိတ်ကဒေါသအိုး'

ဖုလွေ့အန်းပြောတာကလည်း 'မဟုတ်ဘူး၊ ကိုယ်က ချိုင်သာ့ချိချူး' အဓိပ္ပါယ်က 'ငွေချမ်းသာပြီးလိင်တံကြီး'

အကုန်လုံးတူတယ်၊ လေသံလည်းတူတယ်၊ 'ချိ' ဆိုတဲ့နေရာမှာပဲ ရေးတာကွဲသွားတာလေ။

အဲ့တာကို မြန်မာလို သံတူကြောင်းကွဲလိုက်ရေးရအောင်ကလည်း ကိုယ်က အဲ့လောက်ခေါင်းမကောင်း၊

ဒီအတိုင်း တရုတ်စာပဲရေးချလိုက်ပြီးတော့ အောက်မှာ T/N ဆိုပြီး ပြန်ရှင်းပြပေးလိုက်ရင် လွယ်တယ်ဆိုပေမယ့် ကိုယ်က တရုတ်စာကို မြန်မာလိုပြန်ရေးတာမျိုးမလိုချင်ဘူးလေ၊ အာ့ဆိုဘာလို့ ရသဝတ္ထုဖတ်တော့မလဲနော်၊ documentary ပဲဖတ်တော့မှာပေါ့..

ကိုယ့်ရဲ့သဘောက ရသပြည့်ပြည့်ဝဝပါတဲ့အရသာမျိုးကို ခံစားစေချင်တာ၊ အဲ့ဒါကြောင့်ပဲ သံတူကြောင်းကွဲမဟုတ်လည်း ကာရံနဘေလေးညီတော့ ပိုဖတ်လို့ကောင်းမလားဆိုပြီး ကာရံလေးနဲ့ပဲ ရေးပေးလိုက်ပါတယ်

တကယ်လို့ ရီဒါတွေလည်း စဥ်းစားမိတာရှိရင် ပြောလို့ရပါတယ်

နောက်ပိုင်းမှာလည်း အဲ့လိုတွေပါပြီး ကိုယ်ကလည်း ဖျစ်ညှစ်ထုတ်ပြီးမှ ပြန်တာမို့ လာမယ်ကြာမယ်ဖြစ်ကြောင်းပြောကြားရင်း ... (ခေါင်းနောက်တယ်ဟာဆိုပြီး သေချာမဖျစ်ညှစ်ဘဲ ဂူဂဲထွမ်ကကူးချလိုက်တဲ့အခါလည်းရှိ)

ဒါပဲ.. လေပိသွားရင်မီယား ]

.........

.

.

Zawgyi

(10)

ၿပိဳင္ပြဲမွာ သီခ်င္းဆိုတဲ့ကိစၥကို အိမ္ကလူေတြကို ဖုံးထားလို႔မရမွန္း ခ်ိဳးခ်ိဳးက သိပါတယ္။ ဒါေပမယ့္ မသိလိုက္တာကေတာ့ သတင္းက ဒီေလာက္ျမန္ျမန္ပ်ံ႕သြားလိမ့္မယ္လို႔ေလ။

သူက သူ႔ရဲ႕ေက်ာ္ၾကားမႈကို လုံးဝေလွ်ာ့တြက္လိုက္မိတာ။

ေန႔လည္ဘက္ စင္ေပၚမွာသီခ်င္းဆိုၿပီး ညေနေရာက္ေတာ့ A တကၠသိုလ္ရဲ႕အေခ်ာဆုံးေကာင္ေလးက သီခ်င္းဆိုၿပိဳင္ပြဲမွာ ဂႏၶဝင္သီခ်င္း《ငါက သိုးကေလးတစ္ေကာင္》ဆိုၿပီး အႏိုင္ရသြားတယ္လို႔ တစ္ၿမိဳ႕လုံးက ေက်ာင္းသားေတြအကုန္လုံးက သိသြားခဲ့ၾကတယ္။

ေနာက္တစ္ေန႔မွာ ခ်ိဳးခ်ိဳးက ဒုဌာနမႉးပါေမာကၡဝမ္ရဲ႕ ေမဂ်ာအတန္းခ်ိန္ သြားတက္ရတယ္။ အတန္းခ်ိန္က ႏွစ္ပိုင္းျဖစ္ၿပီး အလယ္မွာ (၁၅)မိနစ္ နားခ်ိန္ေပးတယ္။ နားခ်ိန္အတြင္းမွာ ပါေမာကၡဝမ္က တဟဲဟဲနဲ႔ သူ႔ကို စင္ေပၚဖိတ္ေခၚၿပီး အားလုံးအတြက္ သီခ်င္းဆိုျပခိုင္းတယ္။

...... အခုေတာ့ မူလတန္းေက်ာင္းသားေလးတစ္ေယာက္ ႏွစ္သစ္ကူး အခါသမယ ေဆြမ်ိဳးေတြအားလုံးေရွ႕မွာ ဇြတ္အတင္းပါေဖာမန႔္လုပ္ခိုင္းခံရတဲ့ ဖီလင္မ်ိဳးကို ခ်ိဳးခ်ိဳးကနားလည္သြားၿပီ။

ဒါေပမယ့္ ခ်ိဳးခ်ိဳးက စိတ္ဓါတ္ပိုင္းဆိုင္ရာအားေကာင္းတယ္။ ဘယ္တုန္းကမွ စင္မေၾကာက္ခဲ့ဘူး။ ယုံၾကည္ခ်က္အျပည့္အဝနဲ႔ သီဆိုအၿပီးမွာ လက္ခုပ္ၾသဘာသံေတြ တေလွႀကီးရခဲ့တယ္။

တကယ္တမ္းမွာ ေက်ာင္းသားအမ်ားစုက ဒီေကာလိပ္ prince charming ေလး သူ႔ကိုယ္သူ အ႐ူးလုပ္မိၿပီး အရွက္ျဗန္းျဗန္းကြဲမယ့္အခ်ိန္ကို ေစာင့္ေနၾကတာပါ။

ဒါေပမယ့္ လူတခ်ိဳ႕ရဲ႕ charming ခ်က္က ေမြးလာကတည္းက သူ႔ပါရမီနဲ႔သူေလ။ ကေလးသီခ်င္းတစ္ပုဒ္ဆိုေနရင္ေတာင္ ပရိသတ္ေတြ ရင္ထဲထိရွသြားမွာပဲ။

ေက်ာင္းသူတစ္ေယာက္က ေအာက္ဖက္ကေနေအာ္တယ္ "ခ်ိဳးခ်ိဳး .. ငါ နင့္ကို ေခြးေပါက္ေလးတစ္သိုက္ ေမြးေပးမယ္!"

ခ်ိဳးခ်ိဳးက ရွက္တက္တက္နဲ႔ေျပာတယ္ ".... အာ.. ဒါေပမယ့္ ငါက သိုးေလ"

ေက်ာင္းသားတစ္ေယာက္က ဒီေဖ်ာ္ေျဖတင္ဆက္မႈကို ဗီဒီယို႐ိုက္ထားၿပီး ဝီခ်က္ေက်ာင္းသားဂ႐ုပ္မွာ တင္လိုက္တယ္။《အထူးသတင္း! A တကၠသိုလ္ရဲ႕ ဟိုက္ပါအလန္းေလးက အတန္းထဲမွာ ဆရာစာသင္တာကို နားမေထာင္ဘဲ ဒါေတြလုပ္ေနတယ္ ......》ဆိုတဲ့ေခါင္းစဥ္နဲ႔။ ေနာက္ၿပီး တကၠသိုလ္ေက်ာင္းသား အသိုင္းအဝိုင္းမွာ အျမန္ဆုံးပ်ံ႕သြားေလတယ္။

ခ်ိဳးခ်ိဳးရဲ႕ဦးေလးက ဒီဗီဒီယိုကိုေတြ႕ၿပီး အလြန္တရာသစၥာရွိစြာနဲ႔ မိသားစုဂ႐ုပ္မွာ ရွဲလိုက္တယ္။

ခ်ိဳးပါးပါးနဲ႔ ခ်ိဳးမားမားက ၾကည့္ၿပီး ထင္တဲ့အတိုင္း ေရွာ့ရသြားၿပီေပါ့။

ငါက ေလာင္ခ်ိဳး : ......ခ်ိဳးခ်ိဳးက အလန္းေလးလား????

မင္းစိတ္ငါနားလည္ : ......ခ်ိဳးခ်ိဳးက ဟိုက္ပါလား????

ငါကေလာင္ခ်ိဳး : ဆရာမသုန္ေရ.. မင္းသားက သူ႔အေဖေျခရာနင္းတယ္၊ အရည္အခ်င္းရွိတယ္ ဗဟုသုတႂကြယ္တယ္၊ GPA 4.0 ရထားတာ၊ ဟိုက္ပါေသခ်ာတာေပါ့ကြ

မင္းစိတ္ငါနားလည္ : ဆရာခ်ိဳးေရ.. ရွင့္သားက သူ႔အေမေျခရာနင္းတယ္ရွင့္၊ မ်က္ႏွာေသးေသး မ်က္လုံးႀကီးႀကီး ေျခတံရွည္ရွည္နဲ႔ ခါးသြယ္သြယ္ေလး၊ မိန္းကေလးေတြဘယ္ေလာက္မ်ား သူ႔ကိုလက္ထပ္ခ်င္ေနမလဲ မသိဘူး

စင္ၾကယ္ၿပီးသီလရွိတဲ့ရွန႔္ : ေကာင္းတယ္.. ဒီေကာင္ေလး ေအာင္ျမင္ဦးမွာ

ေဆာင္းဦးရဲ႕ခ်ိဳး : (ノへ ̄)

ဒီမိသားစုကေတာ့ အဓိကအခ်က္ကို မရွာႏိုင္ဘူးေဟ့။

အခုအခ်ိန္မွာ ခ်ိဳးခ်ိဳးက တတိယႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္ ေရာက္ေနပါၿပီ။ စာေတြမ်ားၿပီး အတန္းေတြက်ပ္တယ္။ အစက သူက စာေကာင္းေကာင္းမလုပ္လို႔ဆိုၿပီး သူ႔အေဖဆူမွာစိုးေနခဲ့ေပမယ့္ ခ်ိဳးပါးပါးက ဒါကိုဂ႐ုမစိုက္ဘူး။

ကေလးေတြက ေဆာ့ဖို႔ကစားဖို႔ ကိုယ္ပိုင္အားလပ္ခ်ိန္ရွိသင့္တယ္လို႔ သူကေတြးတယ္။ အခုေနမလုပ္ထားရင္း ေနာင္တစ္ခ်ိန္လူႀကီးျဖစ္လို႔ အလုပ္ေတြဝင္တဲ့အခါ ဘယ္အခ်ိန္ရွိေတာ့မလဲေပါ့။

ဒါေၾကာင့္ ပိတ္ရက္မွာ ခ်ိဳးခ်ိဳး အိမ္ျပန္လာတဲ့အခါ ခ်ိဳးပါးပါးက သူ႔ကိုေစ့ေစ့စပ္စပ္ၾကည့္ၿပီး သူ႔ပုံစံက ေက်ာင္းသားဆန္လြန္းတယ္လို႔ ေျပာတယ္။ ဟိုက္ပါအလန္းေလးဆိုတဲ့ ေခါင္းစဥ္နဲ႔လိုက္ေအာင္ ဆံပင္စတိုင္ခ်ိန္းေပးမယ့္ စတိုင္လစ္ဆီေခၚသြားေပးမယ္လို႔ ဆိုတယ္။

"မက္ဆီကန္စတိုင္ ေဘးႏွစ္ဖက္ကို အတိုရွိတ္ထိုးၿပီး အေနာက္ကိုသိမ္းမယ္၊ ထိပ္ကဆံပင္က နည္းနည္းေလးရွည္မယ္..... အခုေခတ္လူငယ္ေလးေတြအမ်ားႀကီး ဒီပုံထားၾကတာ ေတြ႕တယ္"

ခ်ိဳးခ်ိဳးက အူလည္အူလည္နဲ႔ သူ႔အေဖေနာက္ကေန လိုက္ခဲ့ရတယ္။

ဆံပင္ညႇပ္ဆိုင္ေရာက္ၿပီး မွန္ေရွ႕မွာထိုင္လိုက္တဲ့အခါမွ မက္ဆီကန္စတိုင္ မဟုတ္ဘဲ မိုဟီကန္စတိုင္ျဖစ္ေနၿပီး ဆံပင္ညႇပ္ေပးမယ့္လူကလည္း "ဆရာသိုက္" မဟုတ္ဘဲ "ဆရာမေဒစီ" ျဖစ္ေနတာကို ေတြ႕လိုက္ရတယ္။

ခ်ိဳးခ်ိဳးက အေဝးမႈန္ေနတာ ေတာ္ေတာ္ဆိုးဆိုးပါ။ မ်က္မွန္ခြၽတ္လိုက္တာနဲ႔ လူလား တိရစာၦန္လား မခြဲျခားႏိုင္ဘူး။ သူ႔ေနာက္မွာရပ္ေနတာ ဆံသဆရာလား ဆံဖ်က္ဆရာလား ေရေရရာရာမေျပာႏိုင္လို႔ သူက ဆံပင္ညႇပ္ဆိုင္ကိုေတာင္ ေတာ္႐ုံတန္႐ုံသြားခဲတယ္။

ေနာက္ဆုံးေတာ့ တစ္နာရီေလာက္ေစာင့္ၿပီး မ်က္မွန္ျပန္တပ္လိုက္တဲ့အခ်ိန္ သူ႔တစ္ေခါင္းလုံး အသစ္ျဖစ္ေနတာကို ေတြ႕လိုက္ရတယ္။ ရလဒ္က 404 not found ပါပဲ..

(T/N: 404 not found ဆိုတာက ဝက္ဆိုဒ္ထဲကို ဝင္လို႔မရေတာ့ရင္ ေပၚလာတဲ့စာသားကိုေျပာတာ၊ ေၾကာင္ေပ်ာက္သြားတယ္ဆိုတဲ့အေနနဲ႔ေျပာတာ၊ လူက လုံးဝလစ္ထြက္သြားတာ)

ဆရာမေဒစီက ဆံပင္ပုံစံအသစ္ကို ႀကိဳက္လားလို႔ အားတက္သေရာေမးလာတယ္။

ခ်ိဳးခ်ိဳး : "......နည္းနည္းေလးေထာင့္ျဖစ္ေနသလားလို႔"

"ေလးေထာင့္.. ကိစၥမရွိဘူး၊ နည္းနည္းဝိုင္းသြားေအာင္ ရိတ္ေပးမယ္"

"......"

ၿပီးေတာ့ ဒီလိုနဲ႔ပဲ စင္းလုံးေခ်ာ ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ေလးဟာ ေခါင္းထိပ္မွာ အဖုတ္တသိုက္နဲ႔ ၾကက္ဖေက ျဖစ္သြားေရာသတဲ့။

ခ်ိဳးခ်ိဳး ေက်ာင္းျပန္ေရာက္တဲ့အခါ ေက်ာင္းသားေတြကရယ္ၾကတယ္၊ ဆရာေတြလည္းရယ္ၾကတယ္၊ အခန္းေဖာ္ဝံႀကီးကေတာင္ ရယ္တယ္။

《စူပါမ်ိဳးဆက္သစ္တို႔အသံ》က ဝန္ထမ္းက သူ႔ဆီလာၿပီး ဆီမီးဖိုင္နယ္လမ္းၫႊန္ခ်က္ေတြလာေပးခ်ိန္မွာ အံ့ၾသလြန္ၿပီး ၾကက္ေသေသသြားတယ္။

ဒီေန႔လာတဲ့လူက ဟိုေန႔က အက်ႌဝါနဲ႔လူပဲျဖစ္တယ္။ သူက သူ႔ကိုယ္သူ လက္ေထာက္ဒါ႐ိုက္တာလို႔ မိတ္ဆက္ေပးတယ္။

ဒီလက္ေထာက္ဒါ႐ိုက္တာက သူ႔အေပၚမွာ အေတာ္ေလး ယဥ္ေက်းပ်ဴငွာတယ္

"... သိုးေက်ာင္းသားေလး.. ၿပိဳင္ပြဲအတြက္ မင္းက တကယ့္ကို အႀကီးႀကီးအနစ္နာခံလိုက္တာပဲ"

"ကြၽန္ေတာ့္မ်ိဳးႏြယ္ကခ်ိဳးပါ......"

"ေဆာရီး ေဆာရီး မွတ္ထားလိုက္ၿပီ၊ မင္းဆံပင္ပုံစံကို အျပစ္တင္ရမွာပဲ၊ လန္ယန္ယန္နဲ႔ အေတာ္ေလးတူတာကိုး"

(T/N: လန္ယန္ယန္က Pleasant sheep and big big wolf ထဲက သိုးငပ်င္းပါ၊ သူ႔ပုံစံက ေခါင္းေပၚမွာအီးပုံေလးတင္ထားတဲ့အတိုင္း ေဖာင္းေဖာင္းေလးျဖစ္ေနလို႔)

ခ်ိဳးခ်ိဳးက တအားစိုးရိမ္သြားတယ္ "အရမ္းၾကည့္ရဆိုးလား"

"ဘာမွမျဖစ္ဘူး၊ ၿပိဳင္ပြဲကိုမထိခိုက္ဘူး၊ မင္းကေတာ္တာပဲ၊ အရည္အခ်င္းကိုပဲၾကည့္မွာ ႐ုပ္ရည္ကိုမၾကည့္ဘူး"

"......."

ဒီဆံပင္ပုံစံက အရမ္း႐ုပ္ဆိုးမွန္း ခ်ိဳးခ်ိဳးသိတယ္။ ဘယ္ေလာက္မ်ားဆိုးလဲဆို '႐ုပ္ကိုမၾကည့္ဘူး၊ အရည္အခ်င္းကိုပဲၾကည့္မွာ' ဘာေတြေတာင္ ျဖစ္ကုန္ပါၿပီ။

ႏွစ္ေယာက္သားက ေက်ာင္းေပါက္ဝက ေကာ္ဖီဆိုင္မွာ ေတြ႕ၾကတယ္။ ၿပီးခဲ့တဲ့အေခါက္နဲ႔မတူဘဲ ျပည္နယ္ဆီမီးဖိုင္နယ္က အေရးႀကီးတယ္။ ဆီမီးဖိုင္နယ္က ႏိုင္ရင္ ဖိုင္နယ္ကို ေျမာက္ပိုင္းေဒသကိုယ္စားျပဳအေနနဲ႔ ေရာက္မွာျဖစ္တယ္။ ေျမာက္ပိုင္းရဲ႕ ဖိုင္နယ္သုံးေယာက္က အျခားျပည္နယ္ေတြရဲ႕ ဖိုင္နယ္သမားေတြနဲ႔ ထပ္ၿပိဳင္ရမွာျဖစ္တယ္။

ျပည္နယ္ပြဲက သိပ္ရႈပ္ရႈပ္ေထြးေထြးမရွိဘူး၊ ႏွစ္ေယာက္ခ်င္းၿပိဳင္ ရႈံးရင္ထြက္။

ေနာက္ဆုံး ႏိုင္ငံအဆင့္ကို ဝင္လာမွသာ Vote စနစ္ေတြ ျပန္ကယ္စနစ္ေတြနဲ႔ လွည့္ကြက္ေတြပိုမ်ားလာမွာ ျဖစ္တယ္။ အတိုေကာက္ဆိုရရင္ ပရိသတ္ေတြကို အာ႐ုံဖမ္းစားထားႏိုင္မွ ေ႐ႊကိုရလိမ့္မယ္။

ခ်ိဳးခ်ိဳးက အခုမွ ၿပိဳင္ပြဲစည္းမ်ဥ္းစည္းကမ္းေတြကို ၾကားဖူးတာ။ သူက ႐ုတ္တရက္ သေဘာထေပါက္တယ္ "နားလည္ၿပီ၊ ကြၽန္ေတာ္က အခုလက္ရွိ ေၾကးရထားတယ္၊ တဆင့္ၿပီးတဆင့္ တိုက္ခိုက္ရမယ္၊ ႏိုင္ရင္ အဆင့္တက္မယ္၊ ဒီလိုနဲ႔ တျဖည္းျဖည္းပိုေတာ္လာရင္ ေ႐ႊအဆင့္ျဖစ္လာမယ္"

လက္ေထာက္ဒါ႐ိုက္တာက ျဖန္းခနဲေပါင္ကို႐ိုက္လိုက္တယ္ "ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္.. မင္းတို႔အ႐ြယ္ကေလးေတြလည္း Knights of the Zodiac ၾကည့္ၾကေသးတာလား"

"......ကြၽန္ေတာ္က Honor of Kings အေၾကာင္းေျပာတာပါ"

(T/N: လက္ေထာက္ဒါ႐ိုက္တာေျပာတာက အရင္ေခတ္က ဂ်ပန္အာနီမဲ၊ ခ်ိဳးခ်ိဳးေျပာတာက လက္ရွိေခတ္က ကြန္ျပဴတာဂိမ္း)

လက္ေထာက္ဒါ႐ိုက္တာက သီးသြားေပမယ့္ အေရထူတယ္ေလ။ ခဏခ်င္းမွာ စကားဆက္ေျပာႏိုင္တယ္ "ဒီတစ္ေခါက္ ဆီမီးဖိုင္နယ္နဲ႔ ဖိုင္နယ္ကို A ၿမိဳ႕က ႐ုပ္သံလႊင့္႐ုံမွာ က်င္းပမွာ၊ အစ္ကိုတို႔က အဲ့ဒိကအႀကီးဆုံး စတူဒီယိုကိုေတာင္ ငွားထားၿပီးၿပီ၊ လူတစ္ေထာင္ဆံ့တယ္၊ သိတယ္မလား.. အဲ့နာမည္ႀကီးအခ်စ္ဇာတ္လမ္းတြဲ《ေယာက္်ားနဲ႔မိန္းမ ကေတာက္ကဆ 》ကို အဲ့စတူဒီယိုမွာပဲ အသံသြင္းထားတာ"

အဲ့ဒိရႈိးကို ခ်ိဳးခ်ိဳးသိတယ္။ ဆရာမသုန္ တစ္ပိုင္းမွအလြတ္မခံတဲ့ရႈိးေလ။ သမုဒၵရာကို ျဖတ္ေနရရင္ေတာင္ အေခြကူးထားၿပီး ၾကည့္တယ္။

လက္ေထာက္ဒါ႐ိုက္တာက ႂကြားလည္းႂကြားခ်င္တယ္၊ သိပ္လည္းမရဲဘူး "အဲ့စတူဒီယိုက ရဖို႔မလြယ္ဘူး၊ လိုခ်င္ေနတဲ့ ပ႐ိုဂရမ္ေတြမွ ဘယ္ေလာက္မ်ားလဲ၊ အစကေတာ့ အစ္ကိုတို႔လည္း မရပါဘူး၊ ဒါေပမယ့္ စပြန္ဆာအႀကီးႀကီး ရသြားလိမ့္မယ္လို႔ ဘယ္ထင္မွာလဲ၊ အစ္ကိုကို႔ စပြန္ဆာကေတာ္ေတာ့္ရက္ေရာတယ္၊ အဲ့စတူဒီယိုအတြက္ သူပဲအကုန္ခံတာ"

သူက ခ်ိဳးခ်ိဳးပုခုံးကို ႏွစ္ခါပုတ္လိုက္ၿပီး "ေက်ာင္းသားေလး.. ပရိသတ္ေတြမ်ားတယ္ဆိုၿပီး မေၾကာက္နဲ႔ေနာ္၊ စင္ေပၚေရာက္မွ အသံမထြက္တာမ်ိဳး မျဖစ္ေစနဲ႔"

"မေၾကာက္ပါဘူး" ခ်ိဳးခ်ိဳးကေျပာတယ္။

လက္ေထာက္ဒါ႐ိုက္တာက ဘယ္ယုံပါ့မလဲ၊ ဒီေကာင္ေလး ႐ုပ္တည္နဲ႔႐ႊီးေနတာပါဆိုၿပီး ေတြးေနတယ္။

လက္ေထာက္ဒါ႐ိုက္တာ မသိတာကေတာ့ ႏွစ္တိုင္း ႏွစ္တိုင္း Aတကၠသိုလ္ရဲ႕ ဘြဲ႕ႏွင္းသဘင္ပါတီမွာ ေက်ာင္းသားေသာင္းနဲ႔ခ်ီတာကိုပဲ။ ဒီလိုလႈိင္းလုံးႀကီး ႀကဳံဖူးမွေတာ့ ပရိသတ္တစ္ေထာင္ဆိုတာက ခ်ိဳးခ်ိဳးစိတ္ထဲ ေရပြက္ေလးသာသာပါပဲ။

သူတို႔ေကာ္ဖီဆိုင္ထိုင္ေနတဲ့ မိနစ္သုံးဆယ္မွာ ဆယ္မိနစ္ေလာက္ကသာ ၿပိဳင္ပြဲစည္းကမ္းအေၾကာင္း ရွင္းျပတာျဖစ္ၿပီး က်န္တဲ့မိနစ္ႏွစ္ဆယ္မွာ လက္ေထာက္ဒါ႐ိုက္တာက သူတို႔ဆြဲႏိုင္လိုက္တဲ့ေ႐ႊေပါင္ႀကီးကို အမႊန္းတင္ေနတယ္။

သူတို႔ကိုယ္တိုင္က ကန္းေနေပမယ့္ ဒီေ႐ႊေပါင္ႀကီးက ရႈိးရဲ႕အလားအလာကို အဖက္ဖက္ကထိုးထြင္းသိျမင္တယ္။ အခုေတာ့ သူတို႔ေတြေပါင္းစည္းၿပီး ရႈိးကို next level ေရာက္ေအာင္ လုပ္ၾကေတာ့မယ္ေပါ့။

ေ႐ႊေပါင္ႀကီးက နာမည္တပ္ခြင့္ကို ဝယ္ယူလိုက္႐ုံသာမကဘူး၊ ပ႐ိုဂရမ္တစ္ခုလုံးစာ ေငြအားနဲ႔လုပ္အားပါ စိုက္ထုတ္တယ္။ အခုအခ်ိန္မွာ သူတို႔ပ႐ိုဂရမ္က ေလေသနတ္ကေန အေျမာက္လက္နက္ေျပာင္းလဲၿပီးျဖစ္တဲ့အတြက္ ေန႔တိုင္းထုတ္လႊင့္တဲ့ ႏွံျပည္စုတ္အေမႊးႏုတ္ ေပါေပါပဲပဲပ႐ိုဂရမ္တစ္ခု မဟုတ္ေတာ့ပါဘူး။

လက္ေထာက္ဒါ႐ိုက္တာက ၿပိဳင္ပြဲလမ္းၫႊန္ခ်က္ေတြပါတဲ့ စာ႐ြက္တစ္ထပ္ကို ဆြဲထုတ္လာၿပီး စားပြဲေပၚ ဘန္းခနဲတင္လိုက္တာ စားပြဲေပၚက သၾကားခြက္ေတာင္မွ တုန္သြားတယ္။

တဖက္မွာ ခ်ိဳးခ်ိဳးကလည္း စာ႐ြက္ေပၚကစာသားကိုျမင္ၿပီး ေခါင္းေမြးေတြေထာင္သြားတယ္။

—— အန္းေလြ႕လုပ္ငန္းစုမွ ႀကီးမႉးတင္ဆက္သည့္ စူပါမ်ိဳးဆက္သစ္တို႔အသံ

ခ်ိဳးခ်ိဳးက သူ႔ကိုယ္သူ တစ္နည္းနည္းနဲ႔ ရႉးဂါးေဘဘီျဖစ္ဆဲပဲလို႔ ခံစားလိုက္ရတယ္ေလ... သူ႔ရႉးဂါးဒယ္ဒီဖုေလြ႕အန္း တစ္ဦးတည္းထူေထာင္ခဲ့တဲ့ ကုမ္ပဏီက အန္းေလြ႕လုပ္ငန္းစုကိုး..

ခ်ိဳးခ်ိဳးက အ႐ူးမဟုတ္ဘူး။ 《ငါက သိုးကေလးတစ္ေကာင္》သီခ်င္းကိုဆိုၿပီး အသံစစ္ေအာင္သြားတယ္ဆိုကတည္းက အေတာ္ေလးထူးဆန္းတယ္လို႔ ေတြးမိၿပီးသား။ ပ႐ိုဂရမ္က အစကတည္းက စုတ္ျပတ္ေနလို႔ျဖစ္မယ္လို႔ ေတြးလိုက္ေပမယ့္ အခုေတာ့သိလိုက္ၿပီ.. ေရကေနာက္လြန္းလို႔ ေအာက္ေျခကိုျမင္မရ ျဖစ္ေနတာ!

ခ်ိဳးခ်ိဳးက မရဲတရဲနဲ႔ ေမးလိုက္တယ္ "... လက္ေထာက္ဒါ႐ိုက္တာအစ္ကိုႀကီး.. ဒီပ႐ိုဂရမ္မွာ ေငြဘယ္ေလာက္ရင္းႏွီးျမႇပ္ႏွံထားလဲ သိလားဗ်..."

"မမ်ားဘူး မမ်ားဘူး၊ သိန္း ( ၂၀၀ ) ထဲ"

"......"

"အစ္ကိုတို႔ ပ႐ိုဂရမ္အလားအလာအရဆို အရမ္းတန္တာ"

"......"

လက္ေထာက္ဒါ႐ိုက္တာ ထြက္သြားၿပီးမွာ ခ်ိဳးခ်ိဳးက သူ႔ဒယ္ဒီဆီ မသာမယာနဲ႔ ဖုန္းေခၚလိုက္တယ္။

ဖုန္းလိုင္းက အျမန္ဆုံးဝင္သြားတယ္။

"ခ်ိဳးခ်ိဳး ဘာကိစၥလဲ"

ခ်ိဳးခ်ိဳးက အလြန္တဲ့တိုးဆန္စြာ ေဝ့လည္ေၾကာင္ပတ္ေမးလိုက္တယ္ "ဒယ္ဒီ.. ကြၽန္ေတာ္ ဒယ္ဒီ့ဆီမွာ ဂစ္တာဖိုးငါးေသာင္းအျပင္ တျခားသိန္း(၂၀၀)ေရာ အေႂကြးတင္ေနေသးလား"

ဖုေလြ႕အန္းက တစ္စကၠန႔္ေလာက္ရပ္သြားၿပီးမွ ဘာမွမျဖစ္သလို ျပန္ေျဖတယ္ "ဟင့္အင္း"

ခ်ိဳးခ်ိဳးက စိတ္သက္သာရာရၿပီး မ်က္ႏွာႀကီးၿဖဲသြားတယ္.. ေတာ္ေသးတယ္ ေတာ္ေသးတယ္.. ဒယ္ဒီ ဒီအေကာင္းစားရႈိးမွာ ရင္းႏွီးျမႇပ္ႏွံလိုက္တာ သူ႔ေၾကာင့္မဟုတ္လို႔..

"လိုင္းေပၚေရာ ျပင္ပမွာေရာ ထုတ္လုပ္စရိတ္အတြက္က ထပ္ေပါင္း သိန္း(၁၀၀)ရွိေသးတယ္"

"......???"

႐ုတ္တရက္ဆိုသလို အေႂကြးက ငါးေသာင္းကေန သိန္းသုံးရာနဲ႔ ငါးေသာင္း ျဖစ္သြားတယ္။ ခ်ိဳးခ်ိဳးက ဒီညအိပ္မေပ်ာ္ေတာ့ပါဘူးဆိုၿပီး ဖုန္းထဲကေန ငိုယိုေတာ့တယ္။

ဖုေလြ႕အန္းက ဒီရလဒ္ကို တအားေက်နပ္ေနတာေလ။

"အိပ္မေပ်ာ္လည္း ေကာင္းတာပဲ၊ ကိုယ့္အေၾကာင္းမ်ားမ်ားေတြးေန"

"......"

ဖုန္းခ်ၿပီးမွာ ခ်ိဳးခ်ိဳးစိတ္ထဲ ေသေလာက္ေအာင္ပ်ာယာခတ္ေနတယ္။ တကယ္လို႔ သူ႔ကိုသာ ေပါင္ခ်ိန္စက္ေပၚတင္ၿပီး ခ်ိန္ၾကည့္မယ္ဆိုရင္ တစ္ေပါင္ (၂)သိန္းေက်ာ္တန္ေနၿပီျဖစ္တယ္။

သူက ေနမရထိုင္မရနဲ႔ ဖုေလြ႕အန္းဆီ ဝီခ်က္မက္ေစ့ပို႔လိုက္တယ္။

ေဆာင္းဦးရဲ႕ခ်ိဳး : ဒယ္ဒီက တကယ့္ကို စိတ္ပုတ္တဲ့သူေဌး

ေမြးစားအေဖရဲ႕ဒယ္ဒီ : ဟင့္အင္း.. ကိုယ္က ဒုတ္တုတ္တဲ့သူေဌးပါ

ခ်ိဳးခ်ိဳးက ဖုန္းကစာကိုဖတ္ၿပီး မ်က္ႏွာနီရဲသြားတယ္.... ေအာက္ပိုင္းျပက္လုံးကို မေမွ်ာ္လင့္ဘဲ နားလည္ေနတယ္ေလ။ ဒယ္ဒီရဲ႕ အက်င့္ေတြ ကူးစက္သြားလို႔ပဲ ျဖစ္မွာေပါ့။

.........

.

.

.

.

[ T/N

(ဒီႏုတ္က တိုက္ဆိုင္လို႔ ၾကားထဲမွာထည့္ေရးလိုက္တာပါ)

ကိုယ္က အစကေတာ့ ဒီႏိုဗယ္ေလးလြယ္တယ္ဟဆိုၿပီး ျပန္မယ္လုပ္လိုက္တာပဲ၊ ေနာက္မွ သံတူေၾကာင္းကြဲေတြနဲ႔တိုင္ပတ္ေနတယ္၊ ဥပမာ..

ဒီေအာက္နားေလးက 'စိတ္ပုတ္တဲ့သူေဌး ဒုတ္တုတ္တဲ့သူေဌး' အဲ့ေနရာက ေတာ္ေတာ္ေခါင္းစားရတယ္၊ တ႐ုတ္လိုက်ေတာ့ ႏွစ္ခုလုံး 'ခ်ိဳင္သာ့ခ်ိခ်ဴး' ပဲ၊

ခ်ိဳးခ်ိဳးေျပာတာက 'ဒယ္ဒီက တကယ္ ခ်ိဳင္သာ့ခ်ိခ်ဴး' အဓိပၸါယ္က 'ေငြခ်မ္းသာၿပီးစိတ္ကေဒါသအိုး'

ဖုေလြ႕အန္းေျပာတာကလည္း 'မဟုတ္ဘူး၊ ကိုယ္က ခ်ိဳင္သာ့ခ်ိခ်ဴး' အဓိပၸါယ္က 'ေငြခ်မ္းသာၿပီးလိင္တံႀကီး'

အကုန္လုံးတူတယ္၊ ေလသံလည္းတူတယ္၊ 'ခ်ိ' ဆိုတဲ့ေနရာမွာပဲ ေရးတာကြဲသြားတာေလ။

အဲ့တာကို ျမန္မာလို သံတူေၾကာင္းကြဲလိုက္ေရးရေအာင္ကလည္း ကိုယ္က အဲ့ေလာက္ေခါင္းမေကာင္း၊

ဒီအတိုင္း တ႐ုတ္စာပဲေရးခ်လိုက္ၿပီးေတာ့ ေအာက္မွာ T/N ဆိုၿပီး ျပန္ရွင္းျပေပးလိုက္ရင္ လြယ္တယ္ဆိုေပမယ့္ ကိုယ္က တ႐ုတ္စာကို ျမန္မာလိုျပန္ေရးတာမ်ိဳးမလိုခ်င္ဘူးေလ၊ အာ့ဆိုဘာလို႔ ရသဝတၳဳဖတ္ေတာ့မလဲေနာ္၊ documentary ပဲဖတ္ေတာ့မွာေပါ့..

ကိုယ့္ရဲ႕သေဘာက ရသျပည့္ျပည့္ဝဝပါတဲ့အရသာမ်ိဳးကို ခံစားေစခ်င္တာ၊ အဲ့ဒါေၾကာင့္ပဲ သံတူေၾကာင္းကြဲမဟုတ္လည္း ကာရံနေဘေလးညီေတာ့ ပိုဖတ္လို႔ေကာင္းမလားဆိုၿပီး ကာရံေလးနဲ႔ပဲ ေရးေပးလိုက္ပါတယ္

တကယ္လို႔ ရီဒါေတြလည္း စဥ္းစားမိတာရွိရင္ ေျပာလို႔ရပါတယ္

ေနာက္ပိုင္းမွာလည္း အဲ့လိုေတြပါၿပီး ကိုယ္ကလည္း ဖ်စ္ညႇစ္ထုတ္ၿပီးမွ ျပန္တာမို႔ လာမယ္ၾကာမယ္ျဖစ္ေၾကာင္းေျပာၾကားရင္း ... (ေခါင္းေနာက္တယ္ဟာဆိုၿပီး ေသခ်ာမဖ်စ္ညႇစ္ဘဲ ဂူဂဲထြမ္ကကူးခ်လိုက္တဲ့အခါလည္းရွိ)

ဒါပဲ.. ေလပိသြားရင္မီယား ]

.........

Continue Reading

You'll Also Like

193K 3.4K 121
[ E P I S T O L A R Y ] Baby boy Series #1 Girl banat, Alyzsa was messaging this guy who doesn't know him. He was her long time crush, since she wa...
2.4M 59K 46
EDITING [I marched up to him, "Where the hell were you? I thought something happened to you. Did you not care enough to..." My rambling was cut short...
5K 157 13
Yujin created an Instagram to promote his lemonade stand. 8 college students finds this Lemonade stand instagram account and decided to troll him "I...
7.4K 1.7K 130
Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ေရွ႕ book မွာ ဖတ္ေပးပါ