(10)

458 72 2
                                    

Unicode

(10)

ပြိုင်ပွဲမှာ သီချင်းဆိုတဲ့ကိစ္စကို အိမ်ကလူတွေကို ဖုံးထားလို့မရမှန်း ချိုးချိုးက သိပါတယ်။ ဒါပေမယ့် မသိလိုက်တာကတော့ သတင်းက ဒီလောက်မြန်မြန်ပျံ့သွားလိမ့်မယ်လို့လေ။

သူက သူ့ရဲ့ကျော်ကြားမှုကို လုံးဝလျှော့တွက်လိုက်မိတာ။

နေ့လည်ဘက် စင်ပေါ်မှာသီချင်းဆိုပြီး ညနေရောက်တော့ A တက္ကသိုလ်ရဲ့အချောဆုံးကောင်လေးက သီချင်းဆိုပြိုင်ပွဲမှာ ဂန္ဓဝင်သီချင်း《ငါက သိုးကလေးတစ်ကောင်》ဆိုပြီး အနိုင်ရသွားတယ်လို့ တစ်မြို့လုံးက ကျောင်းသားတွေအကုန်လုံးက သိသွားခဲ့ကြတယ်။

နောက်တစ်နေ့မှာ ချိုးချိုးက ဒုဌာနမှူးပါမောက္ခဝမ်ရဲ့ မေဂျာအတန်းချိန် သွားတက်ရတယ်။ အတန်းချိန်က နှစ်ပိုင်းဖြစ်ပြီး အလယ်မှာ (၁၅)မိနစ် နားချိန်ပေးတယ်။ နားချိန်အတွင်းမှာ ပါမောက္ခဝမ်က တဟဲဟဲနဲ့ သူ့ကို စင်ပေါ်ဖိတ်ခေါ်ပြီး အားလုံးအတွက် သီချင်းဆိုပြခိုင်းတယ်။

...... အခုတော့ မူလတန်းကျောင်းသားလေးတစ်ယောက် နှစ်သစ်ကူး အခါသမယ ဆွေမျိုးတွေအားလုံးရှေ့မှာ ဇွတ်အတင်းပါဖောမန့်လုပ်ခိုင်းခံရတဲ့ ဖီလင်မျိုးကို ချိုးချိုးကနားလည်သွားပြီ။

ဒါပေမယ့် ချိုးချိုးက စိတ်ဓါတ်ပိုင်းဆိုင်ရာအားကောင်းတယ်။ ဘယ်တုန်းကမှ စင်မကြောက်ခဲ့ဘူး။ ယုံကြည်ချက်အပြည့်အဝနဲ့ သီဆိုအပြီးမှာ လက်ခုပ်သြဘာသံတွေ တလှေကြီးရခဲ့တယ်။

တကယ်တမ်းမှာ ကျောင်းသားအများစုက ဒီကောလိပ် prince charming လေး သူ့ကိုယ်သူ အရူးလုပ်မိပြီး အရှက်ဗြန်းဗြန်းကွဲမယ့်အချိန်ကို စောင့်နေကြတာပါ။

ဒါပေမယ့် လူတချို့ရဲ့ charming ချက်က မွေးလာကတည်းက သူ့ပါရမီနဲ့သူလေ။ ကလေးသီချင်းတစ်ပုဒ်ဆိုနေရင်တောင် ပရိသတ်တွေ ရင်ထဲထိရှသွားမှာပဲ။

ကျောင်းသူတစ်ယောက်က အောက်ဖက်ကနေအော်တယ် "ချိုးချိုး .. ငါ နင့်ကို ခွေးပေါက်လေးတစ်သိုက် မွေးပေးမယ်!"

ချိုးချိုးက ရှက်တက်တက်နဲ့ပြောတယ် ".... အာ.. ဒါပေမယ့် ငါက သိုးလေ"

သခင်ကြီးရဲ့အသည်းတုံးလေးWhere stories live. Discover now