(2)

2.8K 269 25
                                        

Unicode

Chapter (2)

လူဆိုးကြီးဖုလွေ့အန်းက ချိုးချိုးကိုမျက်စိကျသွားတဲ့အတွက် ပိုင်ဆိုင်ရမယ်လို့ ဆုံးဖြတ်လိုက်လေတယ်။

အရင်တုန်းကလည်း ဖုလွေ့အန်းက ကောင်လေးတွေကို 'ပြုစုစောင့်ရှောက်'ခဲ့ဖူးတယ်။

ဆယ်နှစ်လုံးလုံး သူ့အကြိုက်က လုံးဝပြောင်းမသွားဘူး။ တသမတ်တည်း။ ဒီလိုကောင်ချောလေးတွေ ဆိုတာများ ပုံစံခွက်ထဲက ခုန်ထွက်လာသလိုပဲ.. ရှပ်အဖြူ၊ စနီကာဖိနပ်၊ တိုတိုကပ်ကပ်အနက်ရောင်ဆံပင်နဲ့ ဖြောင့်စင်းတဲ့ပုခုံးသားပိုင်ရှင် ကောင်လေးတွေချည်း။ တန်းစီစင်ပေါ်တင်လိုက်ရင်များ ကလေးမလေးတစ်ယောက် အိမ်မှာဆော့ဖို့ဝယ်လာတဲ့ ဘာဘီအရုပ်လေးတွေလိုပဲ ဖြစ်နေမှာ။

ပထမတော့ အကုန်လုံးက သူ့ကို မြက်နုမှကြိုက်တဲ့ နွားအိုကြီးလို့ ထင်ကြတယ်။ နောက်တော့ ဖုလွေ့အန်းမှာ မေ့မရတဲ့အချစ်ဦးတစ်ယောက်ရှိခဲ့တယ်လို့ ကောလဟလတွေလွင့်လာပြီး လူတိုင်းက သူ့ရဲ့အစွဲအလမ်းကြီးပုံကို စတင်ချီးကျူးလာကြတော့တယ်။

ဒါပေမယ့် အဲ့ဒိကောင်လေးတွေအားလုံးက သူတို့ဖာသာသူတို့ ဖုလွေ့အန်းတံခါးဝကို ရောက်လာကြတာဖြစ်ပေမယ့် ချိုးချိုးကတော့မတူဘူး။ ချိုးချိုးက ဖုလွေ့အန်းရဲ့နှလုံးသားကို လှုပ်ရှားအောင်လုပ်လိုက်တဲ့ ပထမဦးဆုံးလူ။ ကိုယ်၌ကကို လိုလိုလားလားနဲ့ ဒီကောင်လေးကို စောင့်ရှောက်ပေးချင်တယ်လို့ ခံစားရအောင်လုပ်လိုက်တဲ့လူပါ။

ဒီနေရာမှာ ယေဘူယျသဘောတရားအရ လူတွေက သူတို့သဘောကျတဲ့သူ ရှာတွေ့ပြီဆိုရင် သာမန်လူတစ်ယောက်ရဲ့ ပထမဦးဆုံးအတွေးကတော့ လူကို ဘယ်လိုပိုးပန်းရမလဲလို့ပဲဖြစ်မှာပဲ။

ဒါပေမယ့် ဖုလွေ့အန်းကတော့ အသက်က လေးဆယ်နားနီး၊ အားလပ်ချိန်မရှိ၊ ကောင်လေးတစ်ယောက်ကို ပိုးပန်းဖို့ အချိန်ကုန်မခံနိုင် ခေါင်းရှုပ်မခံနိုင်တာကို အသာထားလိုက်ဦး။ အရာရာကို ငွေနဲ့ဖြေရှင်းတာ အသားကျနေပြီလေ။ ဒါကြောင့် သူက ကျွေးမွေးစောင့်ရှောက်တဲ့နည်းလမ်းနဲ့ပဲ သူတို့ရဲ့ဆက်ဆံရေးကို သတ်မှတ်လိုက်တော့တယ်။

သခင်ကြီးရဲ့အသည်းတုံးလေးWhere stories live. Discover now