Unicode;
ဆော့ဂျင် ကျောင်းပြီးသည်အထိ ဂျယ်ဂျူမှာနေခဲ့တာ ၅နှစ်ကျော်ခဲ့ပြီ... Seoul ကိုလည်းလွမ်းသလို အဆက်အသွယ်မရတာကြာပြီဖြစ်တဲ့ Jimin နဲ့ Hoseok ကိုလည်းသူအတော်လေးလွမ်းနေပြီ....
ဂျယ်ဂျူမှာက သူတို့မိသားစုလေး တော်တော်အဆင်ပြေနေကြသည်.... Appa တို့ရဲ့ကြက်ကြော်ဆိုင်လေးကလည်း ရောင်းကောင်းသလို သူဦးစီးနေတဲ့ ဖွားဖွားရဲ့ Convenience Store လေးကလည်း တစ်ဖက်တစ်လှမ်းက ဝင်ငွေရသည်...
“Seokjinnie...!! Bill ရှင်းမယ်...!!”
သူ့အမည်ခေါ်သည့် သံပြိုင်အသံကြောင့် သူ့အတွေးတွေရပ်တန့်သွားရသည်...
“Seokjinnie လို့ခေါ်မယ်ဆို မှတ်ပုံတင်အရင်စစ်ရလိမ့်မယ်နော် ကလေးတို့...”
သူခပ်နောက်နောက်ပြောတော့ အလယ်တန်းကျောင်းသူတစ်သိုက်က တစ်ခစ်ခစ်နဲ့သဘောကျနေကြသည်....
“ကဲ..ရယ်တာလေးတွေရပ်.. ဒီနေ့လည်းစာသေချာကြိုးစားပြီး ပျော်ပျော်နေကြရမယ်နော်..ဖိုက်တင်း...!!”
“Nae...!!”
“ရော့ seokjinnie oppa တွက် ညီမရဲ့လက်ဆောင်....”
ကလေးမလေးတစ်ယောက်က သူ့လက်ထဲကဒ်လေးတစ်ခု ထိုးပေးလာသည်... ကျန်တဲ့ကလေးများကလည်း တစ်ဝိုးဝိုးနဲ့စနောက်နေကြသည်... သိပ်မကြာ မုန့်တွေတစ်ပွေ့တစ်ပိုက်ပိုက်ကာ သူ့ကိုအားလုံးကသူ့ကိုပြုံးပြရင်း ထွက်သွားကြသည်...
ငယ်ရွယ်မှုဆိုတာ ပြန်မရနိုင်တဲ့အရာတွေမို့
သူလွမ်းဆွတ်မိသား....
သူ့လက်ထဲက ကလေးမလေးပေးခဲ့သည့် ကဒ်လေးငုံ့ကြည့်မိတော့ သူ့ဓာတ်ပုံလေး ဖြစ်နေသည်.... သူ့ဆိုင်ရှေ့မှာ သူလေညှင်းခံ နေတဲ့ပုံလေး... ဘယ်ချိန်ခိုးရိုက်ထားလိုက်လည်းသူပင်မသိလိုက်....ဓာတ်ပုံအောက်မှာလည်း For Seokjinnie Love You တဲ့လေ.... ဒီကလေးမလေးတွေက သူ့ကိုတစ်နေ့တစ်မျိုးမရိုးရအောင်ကြူးနေကြတာ...သူလည်း ဘောင်းဘီအိတ်ကပ်ထဲက ပိုက်ဆံအိတ်လေးကို ထုတ်လိုက်ကာ ထိုပုံလေးထည့်လိုက်သည်....
ထို့နောက် မဖွင့်ကြည့်ဖြစ်တာကြာပြီဖြစ်တဲ့ အရင်တုန်းကဖုန်းလေးကို Power ဖွင့်လိုက်ပြီး Gallery ထဲ ဝင်မွှေဖို့ဆုံးဖြတ်လိုက်သည်...ရုတ်တရက်ကြီးသူလွမ်းလာလို့ ပုံလေးတွေအလွမ်းပြေကြည့်ချင်သည်...
Power ပွင့်ပြီးမကြာ များစွာသော message တွေက တန်းစီတက်လာသည်... Hoseok,Jimin ပြီးတော့ Jeon Jungkook ဆီကစာတွေ ....
Hoseok နဲ့ Jimin စာတွေက သူ့ကိုသတိရကြောင်းနဲ့ သူဘယ်မှာလဲ အဆင်ပြေလားမေးထားတာတွေ... သူတို့ကို ထားသွားလို့ ဆဲထားတွေရော...စုံနေတာပဲ... Jeon Jungkook စာတွေကိုတော့ သူတစ်ချက်စဉ်းစားပြီးမှ ဝင်ကြည့်မိသည်.... ထင်တဲ့အတိုင်း ခြိမ်းခြောက်စာတွေ သူ့ကိုမြေလှန်ရှာမယ် တွေ့ရင်မလွယ်ဘူး ဘယ်ကောင်နဲ့ ဘာလုပ်နေလို့သူ့ကိုအဆက်အသွယ်ဖြတ်ထားတာလဲ အစရှိတဲ့ သူမုန်းတဲ့စာတွေ.. Jeon Jungkook ကအခုထိ သူ့ကိုမယုံသေးဘူးပဲ.... သူ့ကိုလူတကာနဲ့ပတ်ပြီး ပေးစားနေတုန်း...
ဒူ...!
“နောက်ဆုံးတော့ ခင်ဗျားကျုပ်စာတွေဖတ်ပြီပေါ့... သိပ်မကြာခင် ခင်ဗျားကျုပ်လက်ထဲရောက်လာစေရမယ် Kim Seok Jin...!!”
ရုတ်တရက်ဝင်လာသည့် message ကြောင့် သူ့လက်ထဲက ဖုန်းလွတ်ကျသွားသလို လက်တွေပါတုန်ရင်သွားသည်... သူ့ကိုယ်သူမလုံခြုံတော့သလို...
Deeee!!!
Jeon Jungkook ဆီက အဝင်ကောလ်ကိုသူထပ်မံရလိုက်ပြီး ပြုတ်ကျသွားတဲ့ ဖုန်းကိုအမြန်ပြန်ကောက်လိုက်ကာ power ပြန်ပိတ်လိုက်သည်... သူဖုန်းထဲက ပုံတွေလည်းမကြည့်ချင်တော့ဘူး...
Jeon Jungkook ကအခုထိ သူ့အပေါ်မှာခံစားချက်ရှိနေသေးတာလား.... မဟုတ်လောက်ဘူး... Jeon Jungkook က သူ့ကိုချစ်တာမဟုတ်ဘဲ လူတကာနဲ့ပတ်ပြီး သမုတ်နေတာ... တစ်ကယ်ချစ်တယ်ဆိုရင် သူ့ကိုတော့ယုံကြည်သင့်တယ်မဟုတ်လား.... Jeon Jungkook က သူ့ကိုချစ်တာမဟုတ်ဘူး အတ္တကြီးနေတာ...
~~~~
Seokjin ဒီနေ့တစ်နေ့လုံး နေလို့ထိုင်လို့မကောင်း.... စဉ်းစားရလွန်းလို့ ခေါင်းတွေခြောက်နေပြီ... Jeon Jungkook ရယ် မင်းနဲ့ငါနဲ့ဘယ်ရထားမှာများလွဲခဲ့တာလဲ... ငါလည်းမင်းကိုချစ်ခဲ့ရက်နဲ့ မင်းကငါ့ကိုအခုထိတောင်မယုံကြည်ရသေးတာလဲ... ကြောက်စရာကောင်းလိုက်တာ.... တကယ်ဆို လူပုံအလယ်မှ သူကအလိုမတူအနမ်းခံခဲ့ရတယ် ပြီးတော့ သူ့ကို အတင်းနမ်းနေတာကြီးက Line ပေါ်မှာ ပြန့်ပြီးလူတွေပြောစရာဖြစ်သွားတာလေ.... အဲ့လိုလုပ်ရပ်တွေ Jeon Jungkook လုပ်ခဲ့တာတောင် နည်းနည်းလေးမှ အားနာစိတ်မရှိ မတောင်းပန်ပဲ Jeon Jungkook ကသူ့ကိုတစ်ပြန်ကြီးပြောဆိုနေတာသိရတော့ ခံပြင်းမိသည်...
“Seokjin... ထမင်းစားမကောင်းဘူးလား...?“
“အာ... မဟုတ်... စားကောင်းပါတယ်...”
သူထမင်းစားရင်း အတွေးနယ်ချဲ့နေတုန်း Appa အသံကြားမှ အသိပြန်ကပ်နိုင်သည်....
“ဘာလဲ... ရည်းစားအကြောင်းတွေးနေတာတော့မဖြစ်နိုင်ဘူး..., မဟုတ်မှဖေ့သားကြီးက သူငယ်ချင်းတွေ အောက်မေ့နေပြန်ပြီလား..?”
“ဟုတ်... နည်းနည်း သတိရလာလို့..မ တွေ့ရတာလည်းကြာပြီဆိုတော့...”
“နက်ဖြန် မင်း Omma ဆိုးလ်သွားစရာရှိတယ်တဲ့ လိုက်သွားလိုက်ပါလား...? သား
ဆိုးလ်ကို မရောက်တာကြာပြီဆိုတော့ လွမ်းနေရောပေါ့...”
“မေမေကကိစ္စရှိလို့လား...?”
“အွန်း... Omma Joonie အမေနဲ့ ချိန်းထားလို့ မတွေ့တာလည်းကြာပြီဆိုတော့ သူနဲ့တွေ့မလားလို့... ပြီးတော့ဆိုင်အတွက်လိုတာလေးလည်း ဝယ်ရအောင်လေ လိုက်ခဲ့မလား..?”
“ကျွန်တော်လိုက်ခဲ့မယ်...”
“အိုကေ... နက်ဖြန်စောစောထပြီး ဒို့သားအမိတွေ သွားကြတာပေါ့...အခုတော့ထမင်းကုန်အောင်စားနော် ”
“ဟုတ်...”
ဆိုးလ်သွားဖို့အတွက် ဆော့ဂျင်လိုအပ်တာတွေ ဆော့ဂျင်ပြင်ဆင်ပြီး Jimin နဲ့ Hoseok ကို အရင်ကသူတို့ထိုင်နေကျ cafe ဆိုင်မှာ တွေ့ကြရန်ချိန်းလိုက်သည်.... ဖုန်းထဲကနေ မကြားရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေရဲ့ ဖျစ်တောက်ဖျစ်တောက်စကားသံတွေရော ငိုသံတွေရောကို ကြားလိုက်ရတော့ သူပြုံးရယ်မိသည်... သူ့လိုပဲ သူ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကလည်း သူ့ကိုသတိရနေခဲ့ကြတာ....
~~~~~~~
အရင်ကထပ်ပို၍ လှပလာတဲ့ Seoul မြို့ကို ဆော့ဂျင်ကြည့်ရင်း အရင်တုန်းကအမှတ်တရတချို့ခေါင်းထဲ တရိပ်ရိပ်ပေါ်လာသည်....
Omma ကို သူအရင်ကတတ်ခဲ့တဲ့ ကျောင်းရှေ့မှာ သူ့ကိုထားခဲ့ခိုင်းပြီး ညနေမှ ကိုကိုဂျွန်းတို့အိမ်မှာ သားအမိနှစ်ယောက်ဆုံပြီး ဂျယ်ဂျူပြန်ကြဖို့ သူတို့တိုင်ပင်ထားကြသည်...
မရောက်တာကြာပြီဖြစ်တဲ့ ကျောင်းကို ဆော့ဂျင်တစ်ပတ်ပတ်ကြည့်လိုက်သည်....
အရင်ကထက်များပြားလာတဲ့ ပန်းလှလှလေးတွေက မျက်စိကိုပိုမိုအေးချမ်းစေသည်...
ဓာတ်ပုံရိုက်ဖို့ရာ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းက်ုနှိုက်ပေမယ့်မတွေ့.... သေချာပြန်စဉ်းစားမှ သူအမေ့ကိုထည့်ပေးလိုက် သူ့အဝတ်အိတ်ထဲပါသွားလေပြီ... တော်သေးတယ် ပိုက်ဆံအိတ်လေးတော့ သူနဲ့အတူပါလာပေလို့သာပေါ့.. မဟုတ်ရင်သူတော့ Bus စီးဖို့တောင် ပိုက်ဆံမရှိဖြစ်နေမယ်....
ကျောင်းနောက်ဖက်လမ်းသွယ်ကြားကနေ လမ်းလျှောက်ရင်း ကျောင်းသားဘဝကသူရဲ့ ရယ်စရာအဖြစ်အပျက်တချို့ကိုအလွမ်းပြေတွေးမောမိသည်... ငယ်ရွယ်ချိန်တွေက ဘဝရဲ့ပျော်စရာဆိုလျှင် ငယ်ရွယ်စဉ်မှာဖြစ်ခဲ့တဲ့ တချို့သော ရှက်စရာတွေ လူကြားထဲမှာ အလိုမတူအနမ်းခံခဲ့ရတာကို ရုပ်ရှင်ပြကွက်တစ်ခုလိုမျက်လုံးထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာသည်... သူထိုအကြောင်းကိုတွေးမိပြန်တော့ ခေါင်းကိုဆက်ဆက်ခါလိုက်သည်
...
ဒုန်း....
ရုတ်တရက်ဆိုသလို သူ့ကိုယ်လေးလေပေါ်မြှောက်တတ်သွားပြီးမျက်လုံးတို့ပင်မှိတ်ကြသွားလေသည်..... သူ့ကမ္ဘာလေးအမှောင်ကြသွားခဲ့သည်....
~~~~~~~~~~
ပြန်လာပါပြီ... စာမရေးရတာကြာတော့မရေးတတ်တော့သလိုပဲ 😭 လိုအပ်တာရှိရင်နားလည်ပေးကြပါရှင်...
Zawgyi;
ေဆာ့ဂ်င္ ေက်ာင္းၿပီးသည္အထိ ဂ်ယ္ဂ်ဴမွာေနခဲ့တာ ၅ႏွစ္ေက်ာ္ခဲ့ၿပီ... Seoul ကိုလည္းလြမ္းသလို အဆက္အသြယ္မရတာၾကာၿပီျဖစ္တဲ့ Jimin နဲ႔ Hoseok ကိုလည္းသူအေတာ္ေလးလြမ္းေနၿပီ....
ဂ်ယ္ဂ်ဴမွာက သူတို႔မိသားစုေလး ေတာ္ေတာ္အဆင္ေျပေနၾကသည္.... Appa တို႔ရဲ႕ၾကက္ေၾကာ္ဆိုင္ေလးကလည္း ေရာင္းေကာင္းသလို သူဦးစီးေနတဲ့ ဖြားဖြားရဲ႕ Convenience Store ေလးကလည္း တစ္ဖက္တစ္လွမ္းက ဝင္ေငြရသည္...
“Seokjinnie...!! Bill ရွင္းမယ္...!!”
သူ႔အမည္ေခၚသည့္ သံၿပိဳင္အသံေၾကာင့္ သူ႔အေတြးေတြရပ္တန႔္သြားရသည္...
“Seokjinnie လို႔ေခၚမယ္ဆို မွတ္ပုံတင္အရင္စစ္ရလိမ့္မယ္ေနာ္ ကေလးတို႔...”
သူခပ္ေနာက္ေနာက္ေျပာေတာ့ အလယ္တန္းေက်ာင္းသူတစ္သိုက္က တစ္ခစ္ခစ္နဲ႔သေဘာက်ေနၾကသည္....
“ကဲ..ရယ္တာေလးေတြရပ္.. ဒီေန႔လည္းစာေသခ်ာႀကိဳးစားၿပီး ေပ်ာ္ေပ်ာ္ေနၾကရမယ္ေနာ္..ဖိုက္တင္း...!!”
“Nae...!!”
“ေရာ့ seokjinnie oppa တြက္ ညီမရဲ႕လက္ေဆာင္....”
ကေလးမေလးတစ္ေယာက္က သူ႔လက္ထဲကဒ္ေလးတစ္ခု ထိုးေပးလာသည္... က်န္တဲ့ကေလးမ်ားကလည္း တစ္ဝိုးဝိုးနဲ႔စေနာက္ေနၾကသည္... သိပ္မၾကာ မုန႔္ေတြတစ္ေပြ႕တစ္ပိုက္ပိုက္ကာ သူ႔ကိုအားလုံးကသူ႔ကိုၿပဳံးျပရင္း ထြက္သြားၾကသည္...
ငယ္႐ြယ္မႈဆိုတာ ျပန္မရႏိုင္တဲ့အရာေတြမို႔
သူလြမ္းဆြတ္မိသား....
သူ႔လက္ထဲက ကေလးမေလးေပးခဲ့သည့္ ကဒ္ေလးငုံ႔ၾကည့္မိေတာ့ သူ႔ဓာတ္ပုံေလး ျဖစ္ေနသည္.... သူ႔ဆိုင္ေရွ႕မွာ သူေလညႇင္းခံ ေနတဲ့ပုံေလး... ဘယ္ခ်ိန္ခိုး႐ိုက္ထားလိုက္လည္းသူပင္မသိလိုက္....ဓာတ္ပုံေအာက္မွာလည္း For Seokjinnie Love You တဲ့ေလ.... ဒီကေလးမေလးေတြက သူ႔ကိုတစ္ေန႔တစ္မ်ိဳးမ႐ိုးရေအာင္ၾကဴးေနၾကတာ...သူလည္း ေဘာင္းဘီအိတ္ကပ္ထဲက ပိုက္ဆံအိတ္ေလးကို ထုတ္လိုက္ကာ ထိုပုံေလးထည့္လိုက္သည္....
ထို႔ေနာက္ မဖြင့္ၾကည့္ျဖစ္တာၾကာၿပီျဖစ္တဲ့ အရင္တုန္းကဖုန္းေလးကို Power ဖြင့္လိုက္ၿပီး Gallery ထဲ ဝင္ေမႊဖို႔ဆုံးျဖတ္လိုက္သည္...႐ုတ္တရက္ႀကီးသူလြမ္းလာလို႔ ပုံေလးေတြအလြမ္းေျပၾကည့္ခ်င္သည္...
Power ပြင့္ၿပီးမၾကာ မ်ားစြာေသာ message ေတြက တန္းစီတက္လာသည္... Hoseok,Jimin ၿပီးေတာ့ Jeon Jungkook ဆီကစာေတြ ....
Hoseok နဲ႔ Jimin စာေတြက သူ႔ကိုသတိရေၾကာင္းနဲ႔ သူဘယ္မွာလဲ အဆင္ေျပလားေမးထားတာေတြ... သူတို႔ကို ထားသြားလို႔ ဆဲထားေတြေရာ...စုံေနတာပဲ... Jeon Jungkook စာေတြကိုေတာ့ သူတစ္ခ်က္စဥ္းစားၿပီးမွ ဝင္ၾကည့္မိသည္.... ထင္တဲ့အတိုင္း ၿခိမ္းေျခာက္စာေတြ သူ႔ကိုေျမလွန္ရွာမယ္ ေတြ႕ရင္မလြယ္ဘူး ဘယ္ေကာင္နဲ႔ ဘာလုပ္ေနလို႔သူ႔ကိုအဆက္အသြယ္ျဖတ္ထားတာလဲ အစရွိတဲ့ သူမုန္းတဲ့စာေတြ.. Jeon Jungkook ကအခုထိ သူ႔ကိုမယုံေသးဘူးပဲ.... သူ႔ကိုလူတကာနဲ႔ပတ္ၿပီး ေပးစားေနတုန္း...
ဒူ...!
“ေနာက္ဆုံးေတာ့ ခင္ဗ်ားက်ဳပ္စာေတြဖတ္ၿပီေပါ့... သိပ္မၾကာခင္ ခင္ဗ်ားက်ဳပ္လက္ထဲေရာက္လာေစရမယ္ Kim Seok Jin...!!”
႐ုတ္တရက္ဝင္လာသည့္ message ေၾကာင့္ သူ႔လက္ထဲက ဖုန္းလြတ္က်သြားသလို လက္ေတြပါတုန္ရင္သြားသည္... သူ႔ကိုယ္သူမလုံၿခဳံေတာ့သလို...
Deeee!!!
Jeon Jungkook ဆီက အဝင္ေကာလ္ကိုသူထပ္မံရလိုက္ၿပီး ျပဳတ္က်သြားတဲ့ ဖုန္းကိုအျမန္ျပန္ေကာက္လိုက္ကာ power ျပန္ပိတ္လိုက္သည္... သူဖုန္းထဲက ပုံေတြလည္းမၾကည့္ခ်င္ေတာ့ဘူး...
Jeon Jungkook ကအခုထိ သူ႔အေပၚမွာခံစားခ်က္ရွိေနေသးတာလား.... မဟုတ္ေလာက္ဘူး... Jeon Jungkook က သူ႔ကိုခ်စ္တာမဟုတ္ဘဲ လူတကာနဲ႔ပတ္ၿပီး သမုတ္ေနတာ... တစ္ကယ္ခ်စ္တယ္ဆိုရင္ သူ႔ကိုေတာ့ယုံၾကည္သင့္တယ္မဟုတ္လား.... Jeon Jungkook က သူ႔ကိုခ်စ္တာမဟုတ္ဘူး အတၱႀကီးေနတာ...
~~~~
Seokjin ဒီေန႔တစ္ေန႔လုံး ေနလို႔ထိုင္လို႔မေကာင္း.... စဥ္းစားရလြန္းလို႔ ေခါင္းေတြေျခာက္ေနၿပီ... Jeon Jungkook ရယ္ မင္းနဲ႔ငါနဲ႔ဘယ္ရထားမွာမ်ားလြဲခဲ့တာလဲ... ငါလည္းမင္းကိုခ်စ္ခဲ့ရက္နဲ႔ မင္းကငါ့ကိုအခုထိေတာင္မယုံၾကည္ရေသးတာလဲ... ေၾကာက္စရာေကာင္းလိုက္တာ.... တကယ္ဆို လူပုံအလယ္မွ သူကအလိုမတူအနမ္းခံခဲ့ရတယ္ ၿပီးေတာ့ သူ႔ကို အတင္းနမ္းေနတာႀကီးက Line ေပၚမွာ ျပန႔္ၿပီးလူေတြေျပာစရာျဖစ္သြားတာေလ.... အဲ့လိုလုပ္ရပ္ေတြ Jeon Jungkook လုပ္ခဲ့တာေတာင္ နည္းနည္းေလးမွ အားနာစိတ္မရွိ မေတာင္းပန္ပဲ Jeon Jungkook ကသူ႔ကိုတစ္ျပန္ႀကီးေျပာဆိုေနတာသိရေတာ့ ခံျပင္းမိသည္...
“Seokjin... ထမင္းစားမေကာင္းဘူးလား...?“
“အာ... မဟုတ္... စားေကာင္းပါတယ္...”
သူထမင္းစားရင္း အေတြးနယ္ခ်ဲ႕ေနတုန္း Appa အသံၾကားမွ အသိျပန္ကပ္ႏိုင္သည္....
“ဘာလဲ... ရည္းစားအေၾကာင္းေတြးေနတာေတာ့မျဖစ္ႏိုင္ဘူး..., မဟုတ္မွေဖ့သားႀကီးက သူငယ္ခ်င္းေတြ ေအာက္ေမ့ေနျပန္ၿပီလား..?”
“ဟုတ္... နည္းနည္း သတိရလာလို႔..မ ေတြ႕ရတာလည္းၾကာၿပီဆိုေတာ့...”
“နက္ျဖန္ မင္း Omma ဆိုးလ္သြားစရာရွိတယ္တဲ့ လိုက္သြားလိုက္ပါလား...? သား
ဆိုးလ္ကို မေရာက္တာၾကာၿပီဆိုေတာ့ လြမ္းေနေရာေပါ့...”
“ေမေမကကိစၥရွိလို႔လား...?”
“အြန္း... Omma Joonie အေမနဲ႔ ခ်ိန္းထားလို႔ မေတြ႕တာလည္းၾကာၿပီဆိုေတာ့ သူနဲ႔ေတြ႕မလားလို႔... ၿပီးေတာ့ဆိုင္အတြက္လိုတာေလးလည္း ဝယ္ရေအာင္ေလ လိုက္ခဲ့မလား..?”
“ကြၽန္ေတာ္လိုက္ခဲ့မယ္...”
“အိုေက... နက္ျဖန္ေစာေစာထၿပီး ဒို႔သားအမိေတြ သြားၾကတာေပါ့...အခုေတာ့ထမင္းကုန္ေအာင္စားေနာ္ ”
“ဟုတ္...”
ဆိုးလ္သြားဖို႔အတြက္ ေဆာ့ဂ်င္လိုအပ္တာေတြ ေဆာ့ဂ်င္ျပင္ဆင္ၿပီး Jimin နဲ႔ Hoseok ကို အရင္ကသူတို႔ထိုင္ေနက် cafe ဆိုင္မွာ ေတြ႕ၾကရန္ခ်ိန္းလိုက္သည္.... ဖုန္းထဲကေန မၾကားရတာၾကာၿပီျဖစ္တဲ့ သူငယ္ခ်င္းေတြရဲ႕ ဖ်စ္ေတာက္ဖ်စ္ေတာက္စကားသံေတြေရာ ငိုသံေတြေရာကို ၾကားလိုက္ရေတာ့ သူၿပဳံးရယ္မိသည္... သူ႔လိုပဲ သူ႔အခ်စ္ဆုံးသူငယ္ခ်င္းႏွစ္ေယာက္ကလည္း သူ႔ကိုသတိရေနခဲ့ၾကတာ....
~~~~~~~
အရင္ကထပ္ပို၍ လွပလာတဲ့ Seoul ၿမိဳ႕ကို ေဆာ့ဂ်င္ၾကည့္ရင္း အရင္တုန္းကအမွတ္တရတခ်ိဳ႕ေခါင္းထဲ တရိပ္ရိပ္ေပၚလာသည္....
Omma ကို သူအရင္ကတတ္ခဲ့တဲ့ ေက်ာင္းေရွ႕မွာ သူ႔ကိုထားခဲ့ခိုင္းၿပီး ညေနမွ ကိုကိုဂြၽန္းတို႔အိမ္မွာ သားအမိႏွစ္ေယာက္ဆုံၿပီး ဂ်ယ္ဂ်ဴျပန္ၾကဖို႔ သူတို႔တိုင္ပင္ထားၾကသည္...
မေရာက္တာၾကာၿပီျဖစ္တဲ့ ေက်ာင္းကို ေဆာ့ဂ်င္တစ္ပတ္ပတ္ၾကည့္လိုက္သည္....
အရင္ကထက္မ်ားျပားလာတဲ့ ပန္းလွလွေလးေတြက မ်က္စိကိုပိုမိုေအးခ်မ္းေစသည္...
ဓာတ္ပုံ႐ိုက္ဖို႔ရာ ေဘာင္းဘီအိတ္ကပ္ထဲက ဖုန္းက္ုႏႈိက္ေပမယ့္မေတြ႕.... ေသခ်ာျပန္စဥ္းစားမွ သူအေမ့ကိုထည့္ေပးလိုက္ သူ႔အဝတ္အိတ္ထဲပါသြားေလၿပီ... ေတာ္ေသးတယ္ ပိုက္ဆံအိတ္ေလးေတာ့ သူနဲ႔အတူပါလာေပလို႔သာေပါ့.. မဟုတ္ရင္သူေတာ့ Bus စီးဖို႔ေတာင္ ပိုက္ဆံမရွိျဖစ္ေနမယ္....
ေက်ာင္းေနာက္ဖက္လမ္းသြယ္ၾကားကေန လမ္းေလွ်ာက္ရင္း ေက်ာင္းသားဘဝကသူရဲ႕ ရယ္စရာအျဖစ္အပ်က္တခ်ိဳ႕ကိုအလြမ္းေျပေတြးေမာမိသည္... ငယ္႐ြယ္ခ်ိန္ေတြက ဘဝရဲ႕ေပ်ာ္စရာဆိုလွ်င္ ငယ္႐ြယ္စဥ္မွာျဖစ္ခဲ့တဲ့ တခ်ိဳ႕ေသာ ရွက္စရာေတြ လူၾကားထဲမွာ အလိုမတူအနမ္းခံခဲ့ရတာကို ႐ုပ္ရွင္ျပကြက္တစ္ခုလိုမ်က္လုံးထဲ ကြင္းကြင္းကြက္ကြက္ေပၚလာသည္... သူထိုအေၾကာင္းကိုေတြးမိျပန္ေတာ့ ေခါင္းကိုဆက္ဆက္ခါလိုက္သည္
...
ဒုန္း....
႐ုတ္တရက္ဆိုသလို သူ႔ကိုယ္ေလးေလေပၚေျမႇာက္တတ္သြားၿပီးမ်က္လုံးတို႔ပင္မွိတ္ၾကသြားေလသည္..... သူ႔ကမာၻေလးအေမွာင္ၾကသြားခဲ့သည္....
~~~~~~~~~~
ျပန္လာပါၿပီ... စာမေရးရတာၾကာေတာ့မေရးတတ္ေတာ့သလိုပဲ 😭 လိုအပ္တာရွိရင္နားလည္ေပးၾကပါရွင္...