Falling In Love with Someone
By SSLY_MY
56.5K 2.5K 280
Author ရဲ့ Yuri Fic လေးပါ အချစ်မှာ ရင်ထဲထိ စူးနင့်နေအောင် ချစ်မိသွားဖို့က အချိန်မလိုအပ်ပါဘူး။ အချစ်မှာ အသက်... More
🦋 Falling In Love with 🦋
Part-1 "Falling In Love with.."
Part- 2 🦋 Falling In Love with
Part - 3 "Falling In Love with.."
Part 4 - "Falling In Love with.."
Part-5"Falling In Love with.."
Part - 6 "Falling In Love with"
Part-7"Falling In Love with.."
Part-8"Falling In Love with .. "
Part-9 " Falling In Love with ... "
Part-10 " Falling In Love with .. "
Part-11"Falling in love with Someone"
Part - 12 "Falling in love with Some1 "
Part_13 "Falling in love with Some1"
Part_14 "Falling In Love with Someone"
Part_15 " Falling in love with Some1 "
1.3K 95 23
By SSLY_MY
Part _15 “Falling In Love with Someone!”
စနေနေ့ကျ ခွန်းဆက်‌နွေကို သူမအဖေက
သူမကျောင်းရှိတဲ့ Pearl Condo သို့
လိုက်ပို့သည်
“ ဘယ်အချိန်လာကြိုရမှာလဲ သမီး ၄နာရီပဲလား”
ဦးမင်းထက်လျှံက ကားပေါ်ကဆင်းခါနီး
ခွန်းကို မေးလိုက်သည်
“ဟုတ် daddy သမီး အတန်းပြီးတာနဲ့
ဖုန်းဆက်လိုက်မယ်  အဲ့ကျမှ ထွက်လာခဲ့လေ”
“ ဟုတ်ပြီ .. မုန့်ဖိုးယူဦးမလား ”
“ရှိ‌သေးတယ် dady ညကျမှ ယူတော့မယ်”
“အင်း နောက်ကကားတွေ သေချာကြည့်ဆင်းဦး”
“ ဟုတ် ”
ခွန်းဆက်နွေ ကားပေါ်ကဆင်းပြီး Lotteria ထဲ ဝင်တာနဲ့ သူမ Ma Ma စီ စာပို့လိုက်သည်
[“Ma .. ခွန်းရောက်နေပြီ‌ Lotteria အပေါ်
ထပ်မှာစောင့်နေတယ်နော် Ma ဘာစားပြီးပြီလဲ ဘာမှာထားပေးရမလဲ”]
ခက်မွန် တို့ duty ပြီးလို့ locker room မှာ
အဝတ်လဲနေတုန်း ခွန်းစီက Mess ဝင်လာတော့
ပြုံးလိုက်သည် ..
[“Ma အတွက် burger မှာထား‌ပေးနော်
Ma .. ChaThai က Smoothie ဝင်
ဝယ်ပြီး အပေါ်တက်ခဲ့မယ်”]
“ ဟဲ့ အဝတ်လဲလို့ ပြီးပြီလား မျက်နှာက မှိုရတဲ့ မျက်နှာထားနဲ့ typing ရိုက်နေတာ ”
“ မပြောပါနဲ့ သဲရဲ့ .. အဲ့ Feeling ကို
Babe နားလည်တယ် ကိုယ်ချစ်တဲ့သူကို
လွမ်းနေချိန်မှာ သူ့စီက စာလေးတစောင်
ဝင်လာတာက အရမ်းကို ကြည်နူးရတာ ”
ပိုးအိ က ခက်မွန်ကို ပြောတော့ ဆုမြတ်က
ပိုးအိ ပခုံးကိုဖက်လိုက်ရင်း ပြောလိုက်သည်
ထိုအခါ ခက်မွန် က 'သိလား'ဆိုတဲ့ အထာနဲ့
မျက်နှာကိုပြုံးရင်း မျက်ခုံးပင့်၍ ပိုးအိ ကို
အမူရာလုပ်ပြသည်။
“ နေပါဦး ဒေါ်ဆုမြတ် ရှင်က အဲ့လိုပြောရအောင် ရှင်နဲ့ကျမ က တချိန်လုံး အတူရှိနေပြီး အတူနေတဲ့ ချစ်သူနော် ”
“ အာာ .. သဲကလည်း Babe .. Mdy
သွားရတုန်းက သဲ စီက ph လာတဲ့အချိန် Message ရတဲ့ အချိန်တွေလေ ”
“ Ummm .. ပြီးရော ”
ပိုးအိက ဆုမြတ်ကို မျက်စောင်းထိုးတော့
ဆုမြတ်က ပိုးအိပါးလေးကို နမ်းလိုက်သည်
“ ahh .. ငါ့မျက်စိရှေ့ လာမRoနဲ့ ”
“ သွားမယ်လေ နင့်ကို လိုက်ပို့မို့ စောင့်နေတာ
အပြန်ကျ ပြန်ခါနီး ကြိုဖုန်းဆက်လိုက် လာ
ကြိုမယ် ”
“ ရပါတယ် အပြန် ငါ grab နဲ့ ပြန်လာခဲ့မယ် ”
“ ဘာလဲ အားနာလို့လား ”
“ မဟုတ်ပါဘူး ”
“ အဲ့တာဆို ဖုန်းဆက်လိုက် ”
တနေ့က ဆုမြတ်အိမ်က သွားရလာရ လွယ်ကူအောင်ဆိုပြီး ဆုမြတ်စီးဖို့ ကားပို့ပေးထားသည် ..
ဆုမြတ်တို့ ခက်မွန်ကို Pearl Condo သို့
လိုက်ပို့သည်
“ ငါ့ကို အနောက်ဘက် ChaThai နားမှာ
ရပ်ပေး‌နော် အအေးဝယ်မို့ နင်တို့ရော ဘာ
သောက်မလဲ ”
“ တော်ပါပြီ မသောက်ချင်ဘူး ငါ ပီကေဝါး
နေလို့ ”
“ ပိုး ရော ”
“ မသောက်တော့ဘူး ခက် ”
ဆုမြတ် ChaTai နား ကားရပ်လိုက်သည် ..
“ ဟိုဘက်မှာ ကားလာနေတယ် သေချာ
ကြည့်ဆင်း ”
“ ဟုတ်ကဲ့ .. တာ့တာ ပြန်လာမှ တွေ့မယ်နော် ”
“ အွန်း .. ကောင်းကောင်း ပျော်ခဲ့ပါရှင် ”
ခက်မွန် ChaiThai မှာ Strawberry Smoothie ဝင်ဝယ်ပြီး Lotteria စီသို့ ..
အပေါ်ထပ်ရောက်တော့  အနောက်ဘက်
တခါးဝနားက ခုံမှာသူမ ချစ်သူလေးကို
တွေ့လိုက်ရသည် ..
ခက် .. ခွန်း ဘေးနားဝင်ထိုင်ရင်း ..
“ စောင့်ရတာ ကြာသွားလား ”
“ မကြာပါဘူး Ma ရဲ့ .. burger ဝယ်
ထားတယ် စားလိုက်ဦး ”
“ ခွန်းနွေရော ဘာစားပြီးပြီလဲ ”
“ မားနဲ့ နေ့လည်စာ စားခဲ့တယ် ”
“ အွန်း .. Cappuccino လား ”
“ အွန်း .. ”
“ နည်းနည်းတိုက် .. ”
“ Coffee ကြိုက်တာလည်း မဟုတ်ဘဲနဲ့ ”
“ ခွန်းနွေ ကြိုက်လို့ သောက်ကြည့်ချင်လို့လေ
ခွန်းနွေက အမြဲစွဲ‌သောက်ရလောက်တဲ့အထိ
ဘယ်လို အရသာမျိုးလဲ ခံစားကြည့်ချင်လို့ ”
“ အွန့် .. သောက်ကြည့် ”
ခက်မွန် .. ခွန်းနွေရဲ့ coffee ဗူးလေးယူ၍
သောက်ကြည့်လိုက်သည်
ခက်မွန် မျက်ခုံးလေးကျုံ့သွားတာကို ခွန်းနွေ
သဘောတကျ ပြုံးရင်း ..
“ ဘယ်လိုနေလဲ ”
“ sugar မထည့်ဘူးလား ”
“ omm .. ခွန်းနွေက sugar မကြိုက်ဘူး
ကဲပါ ကိုယ့် smoothie ပဲ ကိုယ်သောက် ”
“ သွားရအောင် ရုပ်ရှင်က ၁၂ခွဲ စမှာမလား
အဲ့ထက်နောက်ကျတဲ့ ပွဲကြည့်ရင် အပြီးထိ
မကြည့်ရဘဲ အပြန်မမှီမှာစိုးလို့ ထပြန်နေရ
မယ် ”
“ ဘာဖြစ်လဲ ရုပ်ရှင်က အဓိက ကြည့်ချင်တာမှ မဟုတ်တာ ”
ခက်မွန် .. ခွန်းနွေ စကားကြောင့် burger ကိုက်နေရင်းက
“ ခွန်းနွေ .. ”
“ Ma မျက်နှာလေး ထိုင်ကြည့်ပြီး‌‌၊ ပြီးတော့
Ma ကို ခွန်း ရင်ခွင်ထဲ ထည့်ထားချင်တာလေ
အဲ့တာပြောတာ .. ”
“ သွားမယ် .. Ma Ma grab ငှားလိုက်ပြီ
ထ .. ”
Junction square ရောက် ၁၂ခွဲပြတဲ့
လိပ်ပြာစံအိမ် ဇာတ်ကား ကို couple ခုံ
ဖြတ်လိုက်သည် ..
ခက်မွန်က ပိုက်ဆံရှင်းလိုက်တာမို့ ..
“ Ma ကကွာ ခွန်းနွေ ပေးနေတာကို ဘာလို့
အတင်း လုပေးတာလဲ ”
“ ခွန်းနွေ .. Ma ကို burger ဝယ်ကျွေး
ထားတယ်လေ ပြီး‌တော့ Taxi ခလည်း
ခွန်းနွေ လုရှင်းပြီးတော့ ”
“ Ma .. Popcorn စားမလား အအေးရော ”
“ Omm စားမယ် .. အအေးက Cola
သောက်မယ် ”
🍿🥤 ခွန်းနွေ Popcorn နဲ့ Cola ဝယ်လိုက်ပြီး ခက်မွန်ရဲ့ လက်ကလေးဆွဲ၍ ရုပ်ရှင်
ရုံထဲ ဝင်လိုက်သည်
ဇာတ်ကားစပြတော့ ခွန်းနွေက ခက်မွန် ပခုံး
လေးကို ဖက်လိုက်ရင်း သူမရင်ခွင်ထဲထည့်
လိုက်သည်
“ Ma .. Popcorn စားလေ ”
ခွန်းနွေက Popcorn ခွံ့ကျွေးတော့ ခက်မွန်က
Popcorn ကို သူမ နှုတ်ခမ်း‌လေးဖြင့်ယူလိုက်ရင်း ခွန်းနွေ လက်ထိပ်လေးကို မထိတထိ ကိုက်
လိုက်တော့ ..
“ Ma .. ”
“ Omm ”
“ Ma ကွာ .. လာစွနေတာလား ခွန်းကို ”
“ Ma ဘာလုပ်လို့လဲရော ”
ခက်မွန် .. ခွန်းဘက် ကိုယ်လေးစောင်း၍ ပြော
ပြီး သုမ လက်တန်းဘက်မှာတင်ထားတဲ့ Cola ဗူးလေးကို ဆွဲယူ၍ သောက်လိုက်သည်
“ သောက်မလား ”
“ ခွန်းမှ gas ပါတဲ့ အအေးတွေ မကြိုက်တာ
ရယ် ”
“ အွန်း .. ”
“ ဒါပေမယ့် Ma တိုက်ရင် သောက်ကြည့်ချင်
တယ် ”
“ Omm .. အခုလည်း သောက်မလား တိုက်နေတာကို ”
“ အဲ့ဗူးထဲက ဟာကို ပြောတာမဟုတ်ဘူး ”
“ ဟွန် ..”
“ Ma .. lip ကနေ တိုက်တာလေး ”
ခွန်းနွေ က ခက်မွန် ရဲ့ နှုတ်ခမ်းလေးကို သူမရဲ့
လက်မလေးနဲ့ တို့ထိရင်း ဆိုတော့ ..
“ လူဆိုးကောင် ”
“ အွန် .. တိုက်မှာလား ”
ခက်မွန် က သူမလက်ထဲမှ အအေးဗူးထဲက Cola ကို စုပ်ယူလိုက်ပြီး ခွန်းရဲ့ ခေါင်းလေး
ကို သူမ မျက်နှာနားစီ ဆွဲယူ၍ကပ်လိုက်ပြီး
ခွန်းရဲ့ နှုတ်ခမ်းလေးစီသို့ ..
ခွန်း အအေးလေးကို မြိုချရင်း .. ခက်မွန်ကို
ပြုံး၍ ကြည့်နေသည်
ပြီးတော့ ပါးလေးကို နမ်းလိုက်ပြီး ရင်ခွင်ထဲ
ဆွဲသွင်း၍ ..
“ ခွန်း .. Ma ကို ချစ်တယ် ”
ရုပ်ရှင်က ၂ခွဲကျော်ပြီးတော့ သူမတို့ Pearl
Condo စီသို့ ပြန်လာပြီး Lotteria မှာပဲ
ပြန်ထိုင်နေကြသည်
ခွန်းနွေက ငါးအသားချောင်းကြော်လေးတွေကို
Tissue နဲ့ ဆီတွေကို သုတ်၍ပေးသည်။
ခက်မွန်က ခွန်းရဲ့ Ph  lock screen က wallpaper လေးကို ယူကြည့်တုန်း WiFi ရနေတော့ messenger က စာဝင်တဲ့ noti
က တက်လိုက်သည်။
ခက်မွန်က ခွန်းနွေ ဘက် ကြည့်လိုက်တော့
ခွန်းနွေက မေးငေါ့ပြသည် .. PW သိနေတာ
ပဲ ကြည့်ချင် ကြည့်လေဆိုတဲ့ အထာနှင့် ..
ခက်မွန် ဝင်ကြည့်တော့ .. Acc က  Kira Nway ဆိုပြီး ရွှေရည်လင်း နဲ့ ပြောထားတဲ့
Chat List ဖြစ်နေသည် ..
ခွန်း .. သူမဘေးက ချစ်ရသူလေးရဲ့ ပျက်ယွင်း နေတဲ့မျက်နှာကြောင့် .. ခက်မွန် လက်ထဲက
သူမ Ph လေးကို ဆွဲယူလိုက်တော့ .. ညက
သူမ acc ပြန်မချိန်းဘဲ ဝင်ထားမိတဲ့ Kira
Nway acc ဖြစ်နေတာ သိလိုက်ရသည်
“ Ma .. ”
လုံးဝ စကားသံမထွက်ဘဲ ရုတ်တရက် ငြိမ်ကျ
သွားတဲ့ ခက်မွန်ကြောင့် ..
“ Ma ”
“ Ma .. လို့ ”
“ Ma .. ”
ခွန်း‌နွေ .. စားပွဲပေါ်တင်ထားတဲ့ ခက်မွန်ရဲ့ ပခုံးလေးကို ဆုပ်ကိုင်လိုက်ရင်း ခေါ်တော့
“ခဏလေး .. ခဏလေး Maကို ငြိမ်ငြိမ်လေးပေးနေပါလား ခွန်း ..”
ခက်မွန် သူမရဲ့ ကစဉ်းကလျားဖြစ်နေတဲ့
စိတ်ကိုထိန်းရင်း ခွန်းကို တောင်းဆိုစကား ဆိုလိုက်ပေမယ့် စကားသံတို့ အဆုံးမှာ တိုးဝင်
သွားတာမို့ ..
“ ဟင့်အင်း Ma အဲ့လိုငြိမ်နေရင် ခွန်း ကြောက်
တယ် .. Ma ခွန်းကို တခုခု လုပ်ရင် လုပ်လိုက်
ပါ ဒါပေမယ့် ခွန်းကို အဲ့လိုကြီး ဘာမှမတုံ့ပြန်
ဘဲ ငြိမ်မနေပါနဲ့ ”
ခွန်းနွေ က တစုံတခုကို စိုးရိမ်ပြီးစိတ်လှုပ်ရှား ပူပင်တဲ့ အသံတို့နှင့် ပြောတော့ ..
“ Kira Nway ဆိုတဲ့ acc ရှိတာ Ma Ma
မသိရပါလား ”
“ အဲ့ Acc တာက ကြာပါပြီ ခွန်း ဒီ acc မှာ  Family တွေ သူငယ်ချင်းအရင်းတွေရှိတာမို့
လွတ်လွတ်လပ်လပ် သုံးရအောင်ဆို ဖွင့်ထား
တာပါ အဲ့accက သူတွေက ခွန်း Acc အစစ်ကို သူတို့မသိကြပါဘူး Wattpad က အသိနဲ့ ML ဆော့တဲ့ သူငယ်ချင်းတွေ K popper တွေပဲ
ရှိတာပါ ”
ခက်မွန်က ခွန်းနွေ ပြောတာကို ခေါင်းငြိမ့်ပြီး
အမူအရာနှင့်သာ တုံ့ပြန်သည်
ခွန်းနွေက ‌သူမပြောတာကို ခေါင်းငြိမ့်ပြီးပဲတုံ့ပြန်
တာမို့ တခုခုထပ်ပြောဖို့ အားယူတုန်းမှာ  ခွန်းနွေ Ph က Noti အသံထပ်ဝင်လာတော့ ..
“ Messenger က ရွှေရည်လင်း ဆိုတဲ့
တယောက်ကို အရင် reply ပြန်လိုက်ဦး ”
ခက်မွန်က ထိုသို့ပြောလိုက်တော့ ခွန်း ..
ခက်မွန်ရဲ့မျက်ဝန်းတွေကို ကြည့်တဲ့အခါ
ခက်မွန်က စားပွဲပေါ်က ခွန်းရဲ့ Ph.ကို
မေးငေါ့ပြသည်
ခွန်းနွေ သူမ Ph ကို ယူပြီး Messenger
သို့ ဝင်ကြည့်လိုက်တော့
[ “ hello မမ .. acc active now ဖြစ်နေတာ ဒီ accကို သုံးနေပြီး ရွှေရည်ကိုကျ စကား
တောင် မပြောဘူး ရွှေရည်က ကလေးမ လို့ခေါ်တဲ့ မမ အသံလေး လွမ်းနေတာ ” ]
[ “ မမ ရေ .. ” ]
[ “ မမ ရေ လို့ .. ကလေးမ ကို မချစ်တော့ဘူး
လား ခေါ်နေတာကို အဖက်ပြန်မလုပ်တာက ” ]
-
-
[ “ မမ က အရမ်းဆိုးတာပဲ မ‌ခေါ်ဘဲ ပစ်ထား
ပြန်ပြီ  မမ ကို တခုတောင်းဆိုချင်လို့ ” ]
[ “ ရွှေရည်တို့ ကျောင်းမှာ Mondayကျ
Basketball ပြိုင်ပွဲရှိတယ် မမ လာရင်
သိပ်ကောင်းမှာပဲ လာခဲ့ပေးပါလားဟင် ” ]
[ “ တောင်းပန်ပါတယ် ရွှေရည် မမ လာလို့
မရဘူးလေ ဒီ acc က MLနဲ့ချိတ်ထားလို့
ပါ ML အတူဆော့တဲ့သူတွေက ဒီ acc ထဲ
ရှိတာမို့ ” ]
[ “ အွန်း .. သိတယ်လေ ” ]
[ “ ပြီးတော့ ဒီ acc ကို မမ နောက်ပိုင်း
သုံးတော့မှာ မဟုတ်ဘူး ” ]
[ “ဘာလို့လဲ ” ]
[ “ မမ ချစ်သူက စာမလုပ်ဘဲ ဂိမ်းဆော့တာကို
မကြိုက်လို့လေ ” ]
[ “ hah.. မမ က အဲ့တာနဲ့ပဲ ရက်စက်တော့မှာပေါ့ ရပါတယ် ” ]
[ “ ဒါပဲနော်” ]
ခွန်းနွေ Typing ရိုက်ပြီး ph ကို စားပွဲပေါ်
တင်လိုက်ပြီး ခက်မွန်ကို ကြည့်လိုက်သည်။
“ ကြည့်လို့ရမလား ”
ခွန်းနွေ ခေါင်းညိမ့်၍ ဖုန်းလေးယူပြီး သူမ
လက်ထဲ ပေးလိုက်သည်
ခက်မွန်က ခွန်းနွေ ရဲ့ conservation ကို
ကြည့်ပြီး
“ ဘာလို့ အဲ့လိုကြီး ပြောချလိုက်တာလဲရော ..
တဖက်က ခွန်းနွေကို ခံစားနေတဲ့သူဆိုရင်
ဘယ်လောက်တောင် ဖြစ်သွားမလဲ ”
“ ခွန်း တကယ် ဘာစိတ်မှ သူ့အပေါ်မရှိဘူး
ဒီအတိုင်း သူက ခွန်း ဂရုစိုက်တာ ကြိုက်လို့
ဂရုစိုက်ပေးတာ အလိုလိုက်ပေးတာရယ်ပါ ”
“ ဒါပေမယ့် ခွန်းတို့ စကားပြောတာ‌တွေ သူက
ခွန်းကို ချွဲသလိုပြောတာတွေက သာမာန် ခင်တဲ့သူငယ်ချင်းလိုမှ မဟုတ်တာ ”
“ ခွန်း မှားပါတယ် .. သူ ခွန်းအပေါ် ခံစားချက်
ရှိတာ ရိပ်မိပါတယ် ”
“ အဲ့တာကို ခွန်းက သူ့ကို ကလေးမ လို့ ခေါ်ပြီးပြောဆို ဆက်ဆံတာ သူချွဲတာတွေ အလိုလိုက်တာက သူ့ ခံစားချက်တွေမျှော်လင့်ချက်ပေးသလိုဖြစ်ပြီး သူ့စိတ်သာယာမှုဖြစ်မယ်လို့ မတွေးမိဘူး
တခါမှ ”
ခက်မွန် .. အမေးကို ခွန်းနွေက ခေါင်းလေးရမ်းခါ
တော့
“ ခွန်း ကရော သူနဲ့ အဲ့လိုစကားပြောရတာ
သဘောကျတာလား ”
“ ခွန်း သာယာမိတဲ့စိတ် မရှိပေမယ့် ခွန်း အိမ်က
အရမ်းကြပ်လို့ အဲ့ acc က သူငယ်ချင်းတွေနဲ့
ဂိမ်းဆော့ရတာ ကိုယ်ချစ်တဲ့ k pop idol
အကြောင်းတွေ ပြောရတာ ခွန်းစိတ်ကို ပျော်ရွှင်မှု
ရ‌စေခဲ့တယ် ”
“ ပြီးတော့ သူနဲ့က MaMa နဲ့ မသိခင် ရည်းစား
မဖြစ်ခင် ဘယ်လိုပြောပြော MaMa စိတ်မဝင်
စားဘူး ခွန်း .. ဘာမှလည်း မဖြစ်ဘူး အခုက
MaMa နဲ့ အပြင်မှာလည်းတွေ့ပြီး ချစ်သူ‌တွေဖြစ်ပြီးတာတောင် မနေ့ညအထိ အဲ့လိုမျိုး ပြောတာ တွေကကျ .. ”
ခက်မွန်က ပြောရင်း မျက်ရည်တို့ဝဲလာတာမို့ ..
မျက်တောင်တွေကို ပုတ်ခက်၍ မျက်ရည် မကျ
မိအောင် ထိန်းလိုက်သည်
“ ခွန်း တောင်းပန်ပါတယ် Ma .. အဲ့အတွက်
Ma .. ခွန်းကို ကြိုက်သလိုလုပ်ပါ အပြစ်ပေးပါ
ခွန်းကို ထားခဲ့ဖို့ကလွဲရင်ပေါ့ ”
“ Ma .. ဘယ်လိုလုပ်ရမလဲ .. အွန် .. ”
“ ခွန်း မှားပါတယ် ခွန်း ကတိပေးပါတယ် အဲ့ acc ကိုလည်း ခွန်း ထပ်သုံးတော့မှာ မဟုတ်
လို့ ခွန်းကို တကြိမ်လောက် ခွင့်လွှတ်ပေးလို့
ရမလား ဒါနောက်ဆုံးပါ ထပ်မဖြစ်စေရဘူး ”
“ အဲ့တာဆို MaMa ကရော တခုတောင်းဆိုလို့
ရမလား ခွန်းနွေ ”
“ ဟုတ် ”
“ MaMa ကို ခွန်းနွေ ချစ်တယ်ဆိုရင် MaMa
နောက်ကွယ်မှာ MaMa ခံစားရအောင် Ma Ma ကို အရူးဖြစ်အောင်တော့ မလုပ်ပါနဲ့ ”
“ ခွန်း .. နှုတ်က ကတိထက် အမူရာနဲ့ပဲ
သက်သေပြသွားပါ့မယ် ”
“ Omm .. နောက်တခါ ဒီလိုမျိုး Conservation တွေ ထပ်တွေ့
ရရင် MaMa ခွင့်လွှတ်နိုင်မယ်
မထင်ဘူး ”
“  ဟုတ် .. ”
ခွန်းနွေက မျက်နှာငုံ့၍ ဟုတ် လို့ ဖြေပြီး သူမလက်၂ဖက်ကို တဖက်နဲ့တဖက်တင်းကြပ်စွာ
ဆုပ်ကိုင်းထားတာကို ခက်မွန် တွေ့လိုက်တော့
“ လက်ကို ဖြည် .. ”
ခက်မွန် ပြောလည်းပြော ခွန်းရဲ့ လက်၂ဖက်ကို
ဆွဲ၍ ခွာသည် ..
ခွန်းနွေက အလျော့မပေးဘဲ တင်းထားတော့
ဘယ်လိုမှ ခွာမရပေ ..
“ Ma ထပ်ပြီး စိတ်မဆိုးချင်ဘူးနော် ခွန်း ”
ခက်မွန် ပြောလိုက်တော့ ခွန်းက လက်တွေ
ဖြည်လျှာ့ပေးသည်
“ တွေ့လား ထင်တဲ့အတိုင်းပဲ ဘာလို့ အဲ့လိုလုပ်တာလဲ ကိုယ့်အသားကိုယ် .. ”
ခွန်းနွေက သူမ တခုခု စိတ်ခံစားရရင် ငိုချင်လာရင် ၊ depression ဝင်လာရင် ကြောက်လန့်စိတ်ဝင်လာရင် သူမ လက်မလေးကို အမြဲ ကိုက်ရင်ကိုက် ၊ မကိုက်ရင် ကျန်လက်တဖက်နဲ့အုပ်ပြီး နာကျင်တဲ့အထိ ဆိတ်တဲ့ အကျင့်ရှိပါတယ် .. ..
ခက်မွန်က စားပွဲပေါ်က Pesi ဗူးထဲက ရေခဲ
လေးကို ယူလိုက် ခွန်းရဲ့ လက်မလေးကို ဖိကပ်
ပေး၍ ..
“ ဒီ အကျင့်ကြီးလည်း မကြိုက်ပါဘူး ဆိုတာကို
နားမထောင်ဘူး ”
“ ခွန်း က မကောင်းဘူး‌လေ Ma ကို မျက်ရည်
ကျအောင် ဝမ်းနည်းအောင် လုပ်မိတာကို ”
“ ဒါပေမယ့် MaMaက MaMa မြတ်နိုးရတဲ့ MaMaပိုင်တဲ့ ခွန်းနွေ လက်ကလေးကို သေး
သေးလေးတောင် အနာတရဖြစ်တာ မကြိုက်
တာမို့ အဲ့လိုတွေလုပ်ရင် စိတ်ဆိုးရလိမ့်မယ် ”
ခက်မွန် စကားဆုံးတော့ ခွန်းက ခက်မွန်ရဲ့
ရင်ခွင်ထဲ တိုးဝင်ရင်း ခါးလေးကို ဖက်လိုက်
သည်
“ ချစ်တယ် ”
“ ယုံရမှာလား ”
ခက်မွန်က စသလိုပြောလိုက်ပေမယ့် ထိုစကား
ကြောင့် ခွန်း က ရင်ခွင်ထဲက ချက်ချင်းထွက်လာပြီး ..
“ မယုံဘူးမလား .. သိပါတယ် ”
“ စတာကို စကားနာက ထိုးပြီ ကြည့် ၊ ကဲ ၄နာရီ ထိုးတော့မယ် အိမ်ကို လာကြိုဖို့ဖုန်းဆက်တော့ ”
ခွန်းနွေ သူမ အဖေကို လာကြို‌ဖို့ ဖုန်းဆက်လိုက်
သည်။
ခွန်းနွေ စကားမပြောဘဲ ငြိမ်သွားတော့ ..
“ ဒီမှာ အခုက ကျမက ဝမ်းနည်းပြီး စိတ်ဆိုး
ရတဲ့သူပါနော် ကျမကချည်း ပြန်ချော့ရမှာဆို
ရင်တော့ မဟုတ်သေးဘူးနော် ”
“ ဘယ်သူက ဘာဖြစ်နေလို့လဲ ”
“ ရှင်လေး လေ ”
“ ဘာမှ မဖြစ်ပါဘူး ”
“ အဲ့တာကိုက ဖြစ်နေတာ ”
“ Ma က ခွန်းနွေ အချစ်ကို မယုံဘူး
မလား ဒီအတိုင်း ကလေးသာသာလို့ပဲ
ထင်နေတာမလား ”
“ ဩော့ဩော် .. Ma .. ခွန်းနွေရဲ့ အချစ်
တွေကို Ma ရင်ဘတ်က ခံစားမိလို့ မလွန်
ဆန်နိုင်လောက်အောင် နင့်နင့်သည်းသည်း
ခံစားမိလို့ ပြန်ချစ်ခဲ့တာလေ၊ Ma .. ခွန်းနွေ
ကိုရော ခွန်းနွေအချစ်ကိုရော စတွေ့ကတည်းက  ယုံကြည်ခဲ့တာမို့ ဒီနေ့ကိစ္စကိုတောင် Ma အခု
လို ခွင့်လွှတ်ပေးနိုင်တာပေါ့လို့ ”
ခွန်းနွေက ဘာမှပြန်မပြောဘဲ နှုတ်ခမ်းလေးဆူ၍ ငြိမ်နေသည် .. ခက်မွန်က ခွန်းနွေ  ပုံစံလေးကို
အသည်းယား၍ ခွန်း‌နွေရဲ့ ပါးလေးကို ဆွဲညှစ်
လိုက်သည် ..
ထိုစဉ် ခက်မွန်ရဲ့ Ph call လေး ဝင်လာသည်
“ Hello! ဆုမြတ် ”
“ ပြန်တော့မှာလား .. အခု အဲ့ဘက်လာနေတာ
မို့ တခါတည်းဝင်ခေါ်မို့ ”
“ အွန်း .. အဲ့တာဆို ဝင်ခေါ်လေ Lotteria ရှေ့က စောင့်နေမယ် ”
“ ဟုတ်ကဲ့ပါရှင် ”
ခက်မွန် ဖုန်းချလိုက်တော့ ..
“ မမဆုမြတ် တို့ လာခေါ်မှာလား ”
“ အွန်း .. တနေ့က သူ့အိမ်က သူ့ကို ကားပို့
ပေးတယ်လေ ကားရကတည်းက ဒင်းတို့ ၂ယောက်က အငြိမ်မနေဘဲ လျှောက်လှိမ့်
နေတာ ”
“ ခဏလေး Ma .. Mommy ဆက်တာ
ရောက်ပြီနဲ့တူတယ်  ”
ခွန်းက ခက်ကို ပြောပြီး သူမ အမေ ph ကို
ဖြေလိုက်သည်။
“ Hello .. Mum ”
“ အောက်မှာ ရောက်နေပြီ  သမီး Daddy
ကိုဇွဲဖို့ burger Lotteria မှာ ဝင်ဝယ်နေလို့ သမီး ဘစားဦးမလဲ ”
“ မစားတော့ဘူး Mum အဲ့တာဆို သမီး ဆင်းလာပြီ ”
ခွန်း Ph ချပြီးတော့ ..
“ Ma .. ဒီအနောက်ဘက် အပေါက်ကနေ
ထွက်မယ် အောက်မှာ daddy burger
ဝယ်နေတယ်တဲ့ ”
“ Omm .. အတူတူဆင်းမယ်လေ .. Ma
လည်း ဆုမြတ်တို့ကို စောင့်ရမှာ ”
“ Omm .. အတူတူ ထွက်လို့တော့ မရလောက်ဘူး မြင်သွားမှာစိုးလို့ ”
“ Ma သိပါတယ် .. ခွန်း အနာက်က‌နေပဲ ခွာလိုက်မှာပါ ”
“ သွားမယ် .. ထ ”
နှစ်ယောက်သား အနောက်ဘက် တခါးကထွက်
ပြီး လှေကားအဆင်းကျ ..
“ ချစ်တယ်နော် Ma .. ဒီနေ့ကိစ္စအတွက်
ကျေးဇူးပါ .. ခွန်း ကို ဆက်ချစ်ပေးပါနော် ”
“ အဲ့တာက ခွန်းနွေ ပြောစရာတောင် မလိုဘဲ Ma နှလုံးခုန်နေသရွေ့ အဲ့နှလုံးသားက လိုက်
နာနေမယ့် အရာပါ ”
“ ချစ်လိုက်တာ .. Mwah! တာ့တာနော် ”
ခက်မွန် ပါးလေးကို နမ်းလိုက်သည်။
“ အိမ်ကျ ဘာမှလျှောက်စဉ်းစားပြီး ပြန်တွေး
မနေနဲ့နော် ”
“ ဟုတ် ”
နှစ်ယောက်သား နှုတ်ဆက်စကားဆိုပြီး ခွန်းနွေက သူမအရှေ့ကနေ ပြေးထွက်သွားသည်။
ခွန်းနွေ သူမကားပေါ် တက်သွားတာကြည့်နေတုန်း
ဆုမြတ်ကား ရောက်လာသည်မို့ သူမလည်းအနောက်ဘက် တခါးကို ဖွင့်၍ ကားထဲဝင်မယ်လုပ်‌တော့ ...
“ ခက် .. အရှေ့ကိုလာလေ ”
ဆုမြတ်က ကားမှန်ချ၍ပြောမှ သူမ ဆုမြတ်
ဘေး ကြည့်တော့ ပိုးအိ မပါတာမို့ ..
“ ပိုး ရော ”
“ အိမ်မှာ ဟင်းချက်ပြီး ကျန်ခဲ့တယ် ”
အနောက်မှာ ကားတွေ တန်းစီနေတာကြောင့်
ခက်မွန် .. ကားထဲ အမြန်ဝင်ထိုင်လိုက်သည်
“ ဘာလို့ ပိုး ကို မကူဘဲ ထွက်လာတာလဲ ”
“ ကျမ အကုန်ကူပြီးမှ ထွက်လာတာပါရှင် ”
ဆုမြတ် အပြောကို ခက်က သဘောကျစွာပြုံး
သည်။
“ ပျော်ခဲ့ရလား ”
“ Omm ”
ဆုမြတ်မေးတော့ ခွန်း ရဲ့ Kira Nway Acc ကိစ္စကို သတိရသွားပြန်သည်။ ဒါပေမယ့် ခက်မွန်
ဆုမြတ်တို့ကို မပြောပြပါ သူမရဲ့ကလေးအပေါ်
သူငယ်ချင်းတွေ စိတ်ကွက်မှာ အချစ်ပြယ်မှာကို
မလိုလားပေ ..
ဆုမြတ်က ခက်မွန် ငြိမ်သွားတော့ ..
“ ခက် .. ဘာတွေများ ‌ပြန်တွေးနေလို့
ငြိမ်သွားတာလဲ ”
“ သတိရသွားလို့ ယာယာ့ကို ”
ခက်မွန်က ပြုံးရင်းပြောလိုက်တော့ ..
( ယာယာ ဆိုတာ ခွန်းနွေက Engineer မို့
ယာယာ လို့ သူငယ်ချင်းတွေက စနောက်ရင်း
‌သုံးနှုန်းတဲ့ အခေါ်ဝေါ်လေးပါ )
“ ပိုလိုက်တာ အခုပဲတွေ့ပြီးတာကို ”
အိမ်ပြန်ရောက်တော့ ခွန်းနဲ့ ခက်မွန်တို့ ထုံးစံအတိုင်း အပြန်လှန် Message ပို့ကြသည် ..
ခက်မွန်တို့ သူငယ်ချင်း၃ယောက် ညစာ
စားပြီး living room က Sofa မှာ
ထိုင်၍ ဇာတ်လမ်းကြည့်နေကြသည် ။
“ ခက် ဒီနေ့ ရုပ်ရှင်သွားကြည့်တာလား ”
“ အွန်းလေ ”
“ ကောင်းလား ”
“ ဟင် ”
“ ဘာ ဟင် လဲ .. ဇာတ်ကား ကောင်းလားလို့ ”
“ ‌Aww .. Omm မဆိုးပါဘူး ”
“ သဲ .. သူ ဘာမဟုတ်တာတွေ လုပ်လာလည်း
မသိဘူးနော် မူမမှန်ဘူး ”
“ Yah .. ”
“ အွန်းလေ .. ”
ခက်မွန် က ပိုးနဲ့ဆုမြတ်ကို ‌မျက်စောင်းထိုးလိုက်
သည်။ ထိုစဉ် ခွန်းနွေရဲ့ Message လေးဝင်
လာသည်။
[ “ Ma .. နောက် ၁၀မိနစ်လောက်နေ လိုင်း
လာခဲ့နော် ” ]
“ အခန်းထဲ ဝင်တော့မယ် .. Good night! ”
“ ဟုတ်ကဲ့ပါ Good night! ”
ခက်မွန် .. ခွန်းနဲ့  Messenger ကနေစကားပြောကြသည် ။
“ Ma .. ဒီနေ့ ခွန်းနွေ ဆိုးမိလို့ တောင်းပန်ပါတယ်နော် ခွန်းနွေကို ဆက်ချစ်ပေးလို့လည်း
ကျေးဇူးတင်ပါတယ် စိတ်မပျက်လို့လည်း ပို
ချစ်ရပါတယ် ”
“ ကဲ ပြန်မတွေးပါနဲ့ဆိုတာကို Ma ရဲ့ လူဆိုး
‌ကောင် ကတော့လေ ၊ Ma .. ခွန်းနွေကို ချစ်
တယ် သိတယ်မလား ”
“ ဟုတ် ”
“ အဲ့တာမို့ အဲ့လိုမျိုး ထပ်မလုပ်ရင်ပဲ ရပြီ ”
“ ဟုတ် ”
“ လိမ္မာလိုက်တာ ၊ အိပ်ရအောင် ..  စောစောအိပ်
ရမယ်နော် အိပ်ရေးမဝရင် ခေါင်းမကြည်ဘဲ
နေလိမ့်မယ် အဲ့ကျ ခွန်းနွေ စာတွေလုပ်ရတာ အဆင်ပြေမှာ မဟုတ်ဘူး ”
“ ဟုတ် .. Ma နဲ့စကားပြောပြီး သွားတိုက်ပြီးရင် တန်းအိပ်မယ် ”
“ Omm .. အိပ်မပျော်ရင် သီချင်းနားထောင်
နော် တကယ်လို့ ညည့်နက်တဲ့အထိ အိပ်မရရင်
တော့ Ma ကို Ph ခေါ်လိုက်နော် ”
“ ဟုတ် .. ချစ်တယ် Ma .. Good Night! ”
“ Good Night! ”
- To be continue >>
Written by,
May Yan
အမှားပါရင် ခွင့်လွှတ်ပေးပါ ၊ အခုချိန်ထိ
ဒီ Falling in love with Someone
လေးကို စောင့်ဖတ်ပေးကြလို့ ကျေးဇူးတင်ပါ
တယ် တကယ်ကို အချိန်အကြာကြီးထိ ရှိနေ
ပေးလို့ update ကြာလည်း ဖတ်ပေးကြလို့
အရမ်းကို မြတ်နိုးရပါတယ် မေယမ် အလုပ်ရယ်
စာရယ် ၂ဖက်နဲ့ အချိန်လုနေရလို့ပါ
May Yan ရဲ့ FB acc name
မေးကြလို့ပါ မေယမ့် Acc က May Yan ပါ နောက်မှာ nickname က တရုတ် နာမည်နဲ့ပါ
Continue Reading
You'll Also Like
157K 4.4K 13
17.April.2020 LOVE STORY OF YANGON UNIVERSITY (2019 version) (Zawgyi) လူတွေကပြောကြတယ် အချစ်ဦး ကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးတဲ့ အမှန်ပဲလား (Unicod...
6K 315 9
I lived in England with my father who is an Earl but he could never accept me because he said 'I had problems' so he sent me to London where I Met mr...
224K 14.4K 49
1.4M 33.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...